Pages

Monday, 12 April 2010

နိုင်ငံရေးပါတီ ၁၉ ခုအနက် တအာန်း (ပလောင်) ပါတီလည်း မှတ်ပုံတင်

နိုင်ငံရေးပါတီ ၁၉ ခုအနက် တအာန်း (ပလောင်) ပါတီလည်း မှတ်ပုံတင်

၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်သည့် နိုင်ငံရေးပါတီ ၁၉ ခု အနက် တအာန်း (ပလောင်) ပါတီလည်း မှတ်ပုံတင် သည့် နိုင်ငံရေးပါတီအသစ်ထဲတွင် တခုပါဝင်ကြောင်း စုံစမ်း သိရှိရပါသည်။

ပင်လုံဒေသခံစာရင်း အာဏာပိုင်များလိုက်ကောက်နေ

ပင်လုံဒေသခံစာရင်း အာဏာပိုင်များလိုက်ကောက်နေ

သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင်း နေထိုင်သူ အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းကိုရပ်ကွက် အာဏာပိုင်အချို့က ကောက်ခံနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဝ တောင်းဆိုချက်အသစ် နအဖ ကိုယ်စားလှယ်ပယ်ချ

ဝ တောင်းဆိုချက်အသစ် နအဖ ကိုယ်စားလှယ်ပယ်ချယမန်နေ့က နအဖ ကိုယ်စားလှယ်ဖြစ်သည့် ဂျီဝမ်းများ နှင့် ၀ ခေါင်းဆောင်တို့ ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံခဲ့ ရာ ‘ BGF ရာနှုန်းပြည့်လက်ခံရမယ်လို့ တဘက်သတ်ပြောတယ်ဆိုတော့ ကျနော်တို့ တောင်းဆိုချက်ကို လုံးဝ ပယ်ချတဲ့သဘော’- ဟု အမည်မဖေါ်လိုသည့် ၀ တပ်မှူးတဦးကပြောပါသည်။
မော်လမြိုင်နှင့် ဒလမြို့တို့တွင် ရေအခက်အခဲ ကြီးမား

NEJ/ ၉ ဧပြီ ၂၀၁၀
“အဝီစိတွင်းကနေ လှည်းနဲ့တွန်းပြီး ရောင်းတာကို ဝယ်သုံးရတယ်။ ရေတစည်ကို ...” အပြည့်အစုံသို့
မဲဆောက်တွင် သင်္ကြန်သံချပ် ပြိုင်ပွဲပြုလုပ်မည်

ရဲရင့်/ ၉ ဧပြီ ၂၀၁၀
“ကျနော်တို့က ဒီလူ၊ ဒီခေတ်၊ ဒီစနစ်နဲ့ စနစ်ရဲ့ သားကောင်တွေဖြစ်တဲ့ လူထုတွေရဲ့ဘ၀အမောတွေကို ဖော်ထုတ် ပြသချင်တာကြောင့် ...” အပြည့်အစုံသို့

အင်းလုပ်ငန်း လုပ်ခွင့်လိုင်စင် ဗိုလ်ချုပ်ကြီးများရ


အောင်ထက်/ ၉ ဧပြီ ၂ဝ၁ဝ
“တိုင်းပြည်ရဲ့ ရေမြေအရင်းအမြစ်တွေကို ခုလို ဝေစားမျှစားယူနေတာ နအဖ သက်တမ်းတလျှောက်ပဲ။ ဟိုတုန်းက ခုလို တိုက်ရိုက်လုပ်ကိုင်ခွင့် ...” အပြည့်အစုံသို့
သံဃာတော်များအား ကန့်သတ်တားမြစ်ရန်
စစ်အစိုးရ ပြင်ဆင်


တက်လူ/ ၉ ဧပြီ ၂၀၁၀
“၂၀၀၇ ခုနှစ်ကတည်းကပဲ ဘုန်းကြီးတွေကို အစိုးရက ကြည့်မရဖြစ်နေတာလေ။ ဒါကတော့ တမင်သက်သက် လုပ်တာနဲ့ တူနေပါတယ်။ အဲဒီအမိန့် ...” အပြည့်အစုံသို့

အဖြူက တမျိုး … အနီက တမျိုး
စိန်အိုးစည်/ ၉ ဧပြီ ၂၀၁၀ (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း)

“ကိုယ်တိုင် ဘာစည်းကမ်း ဥပဒေမှ မလိုက်နာဘဲ လူတွေကို ဖမ်းချင်သလိုဖမ်း၊ နှိပ်စက်ချင်သလို နှိပ်စက်၊ သတ်ချင်သလို သတ်၊ လုပ်ချင်တိုင်း လုပ်နေတဲ့ ကောင်တွေက စည်းကမ်း ထုတ်ပြန်တယ်ဆိုတော့ ရယ်စရာတယ်ကောင်းပေါ့ဗျာ။ တော်သေးတာပေါ့ မဏ္ဍပ်တိုင်းမှာ ငါတို့ စစ်ဗိုလ် အမျိုးအဆွေ (၂၅) ရာခိုင်နှုန်း ရေကစားခွင့်ပြုရမည်လို့ ...” အပြည့်အစုံသို့

အခြားသတင်းများ
image

စစ်တွေ ရခိုင်ရိုးရာ သင်္ကြန် နအဖ စစ်အစိုးမှ ဖျက်ဆီးလိုက်ပြီဟု မြို့ခံ လူကြီးများကပြော

၎၊၁၂၊၂၀၁၀

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် နှစ်စဉ် ကျင်းပနေသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပ ပြုလုပ်ခွင့်ကို အာဏာပိုင်များက မြို့ထဲရပ်ကွက်များတွင် ပြုလုပ်ခွင့်ကို ပိတ်ပင်လိုက်သဖြင့် ယခုနှစ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို စစ်တွေတွင် ကျင်းပပြုလုပ်နိုင်မည် မဟုတ်ကြောင်း မြို့ခံ လူကြီးများက ပြောသည်။ အပြည့်အစုံသို့

သင်္ကြန်တွင် လည်ပတ်မည့် Club အဖွဲ့များ ၀န်ခံ လက်မှတ် ရေးထိုးရ

၎၊၁၁၊၂၀၁၀

မင်းဆက်ခိုင်(နိရဉ္စရာ)
ရခိုင်ပြည်နယ် မောင်တောမြို့တွင် သင်္ကြန်ရက်များ အတွင်း လည်ပတ်မည့်
Club အဖွဲ့များကို ရဲတပ်ဖွဲ့ခေါ်ယူပြီး ခံဝန် လက်မှတ် ရေးထိုးခိုင်းသည်ဟု သိရသည်။ အပြည့်အစုံသို့

ပြည်တွင် မှာ ဆူပှုမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောဆိုသံများ နဲ့ပတ်သတ်ပြီး ပြည်တွင် လူငယ်တစ်ဦးရဲ့ပြောဆိုချက်များ ...........


နေမင်းသိန်းရာဇာ.။ အစ်ကို ပြောသလို့ ဆူပူမှု တခုဖြစ်လိမ့်မယ် ဆိုတာကို ဘာကြောင်း ပြောနိုင်တာလဲ ပြီးတော့ အစ်ကို သုံးသပ်ချက်ကို အကျဉ်းချုံးပြီးရှင်ပြပေးပါအစ်ကို

မောင်း ။ ဒီလိုပါ အဖွဲ့ချုပ် ကရွေးကောက်ပွဲ မ၀င်ဖို့ဆုံးဖြတ်ထားတယ် ၊ သတ်မှတ်တဲ့ အချိန်အတွင်းမှာ မှတ်ပုံမတင်ခဲ့ရင် ပါတီတခုက တရားမ၀င်တော့ဘူးလေ ၊ ဒီတော့ သူတို့က သတ်မှတ်ချိန်ထိ စောင့်ပေးမယ် ၊ ကျော်သွားရင် သူတို့ ရဲ့အလွန်မဟုတ်ဘူးဆိုပြီး ပါတီကို ဖျက်ခိုင်းမယ်မဖျက်ရင် သူတို့က မတရားအသင်းကြေငြာမယ်ပါတီဆိုင်းဘုတ်တွေကို အင်အားသုံးပြီး ဖြုတ်ချမယ်NLD တွေကို လမ်းမပေါ်ထွက်အောင် လုပ်မယ်ထွက်ြပီးဆိုတာနဲ့ ဆူပူအောင် လုပ်တော့မယ်လွယ်လွယ်လေးပါ သူတို့အကြံရှင်းပါသလား

နေမင်းသိန်းရာဇာ ။ ရှင်ပါတယ် အစ်ကို ကျွန်တော်သိချင်းတာက တစ်ကယ်လို့ အဖွဲ့ချုပ်ကို အဲဒီလို့လုပ်လာရင် ပြည်သူတွေက ငြိမ်းခံနေပမလားအစ်ကို ပြည်သူတွေကို အစ်ကို ဘယ်လို့မြင့်ပါလဲကျွန်တော် အမြင့်ကတော့ ပြည်သူတွေက ကြောက်နေကြပြီး အစ်ကို

မောင် ။ဟုတ်ပါတယ်သူတို့ကတော့ မဆူ..ဆူအောင်လုပ်ပါလိမ့်မယ်လူတွေကတော်တော် ကိုကြောက်နေကြပါတယ်အဓိက..က စားဝတ်နေရေးထိခိုက်မှာကို ကြောက်နေကြတာပါ.

နေမင်းသိန်းရာဇာ ။ အခု လက်ရှိအနေ့ထားကို အစ်ကို ဘယ်လို့မြင့်ပါလဲ စစ်တပ်အတွင်းကလည်း ပြောင်လွှဲတွေဖြစ်လာမယ် လို့ မြင့်ပါလား အစ်ကို

မောင်။စစ်တပ်အတွင်းပြောင်းဖို့လုံးဝမရှိပါဘူးလက်ရှိအနေအထားကတော့ပေါက်ကွဲတော့မယ့်မီးတောင်ကြီးတခုလိုပါပဲစစ်တပ်အတွင်းပြောင်းလဲအောင်ကြိုးစားနိုင်သူမရှိတဲ့အတွက်ပါကြိုးစားဖို့ကိုလဲအခွင့်အလမ်းပေးမှာမဟုတ်ဘူးသူတို့ဒီလိုပုန်ကန်မှုတွေဖြစ်ခဲ့ရင်နှိမ်နှင်းဖို့operationလုပ်ထားပြီးသားပါနအဖစစ်အစိုးရကိုလုံးဝလျှော့တွက်လို့မရပါ။မက်လောက်အောင်လဲစည်းစိမ်တွေပေးထားတယ်လေတခြားမ
ကြည့်ပါနဲ့  S 1 ကိုပဲကြည့်ပါလေ။


နေမင်းသိန်းရာဇာ။နောက်ဆုံးအနေနဲ့ပြည်တွင်းပြည်ပကရဟန်းသံဃာတွေကျောင်းသားပြည်သူတွေကို ဘာပြောချင်းပါလဲအစ်ကို

မောင်။စည်းလုံးညီညွတ်မှုကအရင်းခံပဲလေဒီတော့ရဟန်းရှင်လူပြည်သူအားလုံးတစည်းတလုံးထဲညီကြမယ်ဆိုရင်ဘယ်လောက်ဆိုးရွားတဲ့အာဏာရှင်ဖြစ်ပါစေအရှုံးပေးကြရမှာပါအောက်တိုဘာရုရှားတော်လှန်ရေးကိုနမူနာပြုသင့်ပါတယ်နောက်ဆုံးပြည်သူလူထုအားလုံးကိုပြောချင်တာကသတ္တိသွေးရဲရဲ မွေးပြီး ညီညွတ်စွာတိုက်ပွဲစင်သွားကြပါလို့ပြောချင်ပါတယ် အီမေလ်သို့ပေးပို့လာချင်းကို ဖော်ပြပါသည်........



စက်တင်ဘာထာဝရမှကူးယူဖော်ပြသည်

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေး
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့က ရန်ကုန် ပြည်သူဆေးရုံးကြီးသို့ သွားရောက်၍ ကျန်းမာရေး စစ်ဆေးမှု ခံခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိ ဆေးရုံကြီးတွင် အီးစီဂျီရိုက်ခြင်း အပါအဝင် ဆေးစစ်ပြီး နေအိမ်သို့ ၉ နာရီ ၄၅ မိနစ်တွင် ပြန်ရောက်ခဲ့သည်။

“ကျနော် တိတိကျကျတော့ မသိရသေးဘူး။ ကျနော် သိတာက ဆေးရုံးမှာ လာပြီးတော့ စမ်းသပ်တယ်၊ လုပ်ပြီးတော့ အိမ်ကို ပြန်သွားတယ်။” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။