Pages
▼
Sunday, 25 April 2010
နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ လှည်းတန်း ဘူတာအနီးရှိ တိုက်ခန်းတခုထဲနေ လူငယ် ၇ ဦးကို နိုင်ငံရေး လှုပ်ရှားသည်ဟု သံသယဖြင့် ရဲက ဖမ်းဆီးသွားသလို နောက်ထပ် ဖမ်းဆီးမှုများလုပ်ရန် ရှာဖွေနေသေးသည်ဟု အိမ်နီးချင်းများ အပြောအရ သိရသည်။
အမှတ် ၂၉ ၊ မြေညီထပ်၊ ၁ လမ်း၊ ကွမ်းခြံမြောက်ပိုင်း ၄ ရပ်ကွက်ကို သောကြာနေ့အလွန် စနေနေ့ နေ့ကူးပြီခါစ အချိန်တွင် ရဲများက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
လက်နက် တပ်ဆင်ထားသော ရဲ ၆၀ ခန့် ဖမ်းဆီးမှုတွင် ပါဝင်ပြီး မိုဘိုင်းတယ်လီဖုန်း ၃ လုံးကို သိမ်းယူသွားကာ အခန်းကိုလည်း ချိတ်ပိတ်လိုက်ကြသည်။
ရန်ကုန်တိုင်း ရဲနှင့် ကမာရွတ် မြို့နယ် ရဲစခန်းတို့က နိုင်ငံရေးမှုကြောင့် ဖမ်းဆီးရပါသည်ဟု အတည်ပြု ပြောကြားသော်လည်း အထက်လူကြီးများ အမှုကို ကိုင်တွယ်နေမှုနှင့် သတင်းထုတ်ပြန်ခွင့်မရှိ ဟုဆိုကာ အသေးစိတ် ဖြေကြားရန် ငြင်းဆန်သည်။
”အိပ်နေတဲ့ အချိန်ဆိုတော့ တချို့ကလည်း စွတ်ကျယ်နဲ့၊ တချို့ကလည်း ဘောင်းဘီတိုတွေနဲ့ ပါသွားတယ်” ဟု အိမ်နီးချင်း တဦးက မဇ္ဈိမသို့ ပြောသည်။
အဖမ်းခံရသူများမှာ ကိုဗိုလ်ဗိုလ်သိန်း၊ ကိုသောင်းထိုက်ဦး၊ ကိုတင်ထွန်း၊ ကိုစိုးမိုးကျော်၊ ကိုစောယဉ်ရှင်၊ ကိုသော်ဇင်နှင့် ကိုအောင်အောင်တို့ ဖြစ်ကြသည်။
ရဲက နောက်ထပ် လူဖမ်းပွဲအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုနေရာ အနည်းဆုံး တဦးကို သဲကြီးမဲကြီး ရှာနေသည်ဟု သိရသည်။ ရဲက ရှာဖွေနေသူတွင် ကိုကျော်မောင်ဦးဆိုသူ ပါဝင်သည်ဟု သိရသည်။
ရပ်ကွက် အာဏာပိုင်များနှင့် နီးစပ်သော အိမ်နီးချင်းများ ပြန်ပြောပြချက်အရ အဖမ်းခံရသူများမှာ အသက် ၂၀ ကျော်များနှင့် အသက် ၃၀ ပတ်ဝန်းကျင်များဖြစ်ကြပြီး ယခင် သီတင်းပတ်ကတည်းက ရဲက စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
”သူတို့ ဒီရပ်ကွက်ထဲ နေတာကြာပြီး၊ ရပ်ကွကထဲ ခိုက်ရန် ဖြစ်ပွားတာတော့ မကြားဖူးဘူး”ဟု အိမ်နီးချင်းတဦးက ပြောသည်။
သင်္ကြန်တွင်း ရန်ကုန်မြို့ ကန်တော်ကြီး X2O ရေကစားမဏ္ဍပ်ရှေ့ ပေါက်ကွဲမှုသုံးခု ဆက်တိုက် ဖြစ်ပွားပြီးနောက် ရဲ၏ ခေါ်ယူစစ်ဆေးမှုများနှင့် ဖမ်းဆီးမှုသတင်းများ ထွက်ပေါ်လာနေသည်။
သတင်းထောက် ဦးဇေယျနှင့် သူ၏သားဖြစ်သူ ကိုစည်သူဇေယျတို့ကို ပေါက်ကွဲမှု ဖြစ်ပွားသော နေရာများကို ဓာတ်ပုံရိုက်မှုဖြင့် ဧပြီ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့သည်။
စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပါဝင်ခဲ့သော စစ်အင်ဂျင်နီယာ တဦး အပြောအရ လူအုပ်ထဲ လက်ပစ်ဗုံး သုံးလုံး ပစ်သွင်းခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသော ပေါက်ကွဲမှုများကြောင့် စစ်ဘက် အရာရှိများနှင့် ပြည်ထဲရေးအောက်ရှိ ရဲနှင့် လုံခြုံရေးဝန်ထမ်းများ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များ အပါအဝင် လူ ၁၀ ဦးသေဆုံးကာ ၁၇၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။

တောင်ပိုင်း ၀ ပြည်သူများ တိုက်ပွဲသတင်းနှင့်ပါတ်သက်၍ စိုးရိမ်ထိပ်လန့်ရှောင်တိမ်းနေချိန် ၀ တပ်ဖွဲ့အား သျှမ်းပြည် တပ်မတော်တပ်ဖွဲ့ဟုဆိုကာ နအဖဘက်မှ တိုက်ပွဲနှစ်ကြိမ် စတင်တိုက်ခိုက်သည်ဟု စုံစမ်းသိရှိရ ပါသည်။
“နအဖ က အရင် စပစ်လို့ ကျနော်တို့ပြန်တိုက်ရတယ်။ နှစ်ကြိမ်စလုံး နအဖ က စပစ်တာ၊ ကျနော်တို့ဘက် သေကြေ ဒဏ်ရာရတာမရှိဘူး” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိငယ်တဦး က ပြောပါသည်။
ဧပြီ ၂၃ ရက် ညနေပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မိုင်းတုန်း (တွမ်း) တောင်ကြောတွင်လည်းကောင်း၊ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ထိုင်းနိုင်ငံ ဖှန်မြို့မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့တောင်ဘက် လွယ်ဖါဟုံဘုတ် တောင်ကြောတွင် လည်းကောင်း ၀ တပ်ဖွဲ့အား နအဖ က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့က ညနေပိုင်း ၁၅ မိနစ်လောက်တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်တော့ ၁၀ မိနစ်လောက်ဘဲ၊ ကျနော်တို့က ၀စကားနဲ့ အော်ပြောပြီး ပြန်တိုက်တော့ သူတို့က ရပ်သွားတယ်” -အမည်မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။
တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်တပ်က ဒုဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည် တပ်မတော်လှုပ်ရှား စစ်ကြောင်း ဟု ထင်မှတ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်နှာပြောင်တိုက် ဟန်ပြတောင်းပန်ခဲ့သည်ဟု အဆိုပါ ၀ တပ်မှူးကပြော၏။
ဝ တပ်ဖွဲ့အရာရှိများကတော့ နှစ်ကြိမ်စလုံး မှားပစ်တိုက်ခိုက်ခြင်း မဖြစ်နိုင်ကြောင်း၊ အရင်ကတည်းက ထိုဒေသ အတွင်း ၀ တပ်ဖွဲ့သာ သွားလာလှုပ်ရှားလေ့ရှိကြောင်း ရှင်းပြ၏။
ယခုကိစ္စသည် နအဖ မှ တမင်ရန်စ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ၎င်းင်းတို့လုပ်ရပ်အား သုံးသပ်ကြည့်ပါက တိုက်ပွဲကြီး အတွက် ရှောင်လွဲရန် မဖြစ်နိုင်တော့ကြောင်း ၀ တပ်ဖွဲ့အရာရှိများက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၂ ရက်နေ့နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍လည်း မိမိတို့တောင်းဆိုချက် အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု မြောက်ပိုင်း ၀ တပ်မှူးတို့ဆုံးဖြတ်ချက်ချချိန် တောင်ပိုင်း ၀တပ်ဖွဲ့ခေါင်းဆောင် များနှင့် ဆွေးနွေးရန် မိုင်းဆတ်အခြေစိုက် စကခ ၁၈ စစ်ဒေသမှူးကြီးက အစည်းဝေးဆင့် ခေါ်ခဲ့သေးသည်ဟုဆို၏။
“မိုင်းဆတ်သွားတာက ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ ဟွေ့အော့ က ကိုယ်စားလှယ်တွေပါတယ်၊ ဒါပေမယ့် မိုင်း ဆတ် စကခ ဌာနချုပ်မရောက်ဘဲ နောက်ပြန်လှည့်ကြတယ်၊ သွားသွားမသွားသွားမထူးဘူး ဆိုတဲ့သဘောပေါ့” - အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကလည်း အတည်ပြုပြောဆိုပါသည်။
ထိုအစည်းအဝေးသို့ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင်မသွားသည့်အပြင် ကိုယ်စားလှယ်အဖွဲ့လည်း မိုင်းဆတ်မြို့ အနီးရောက်ရှိပြီး ပြန်လှည့်လာခဲ့ကြောင်း၊ ၀မ့်ဟုန့်ရှိ ၀ တပ်ဖွဲ့များနှင့် အချင်းချင်း အစည်းအဝေးထိုင်ပြီးမိမိဌာနချုပ် အသီးသီး ပြန်သွားကြသည်ဟု ဆက်ပြောပြပါသည်။
“နအဖ က အရင် စပစ်လို့ ကျနော်တို့ပြန်တိုက်ရတယ်။ နှစ်ကြိမ်စလုံး နအဖ က စပစ်တာ၊ ကျနော်တို့ဘက် သေကြေ ဒဏ်ရာရတာမရှိဘူး” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိငယ်တဦး က ပြောပါသည်။
ဧပြီ ၂၃ ရက် ညနေပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မိုင်းတုန်း (တွမ်း) တောင်ကြောတွင်လည်းကောင်း၊ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ထိုင်းနိုင်ငံ ဖှန်မြို့မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့တောင်ဘက် လွယ်ဖါဟုံဘုတ် တောင်ကြောတွင် လည်းကောင်း ၀ တပ်ဖွဲ့အား နအဖ က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
တောင်ပိုင်းဝတပ်ဖွဲ့
တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်တပ်က ဒုဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည် တပ်မတော်လှုပ်ရှား စစ်ကြောင်း ဟု ထင်မှတ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်နှာပြောင်တိုက် ဟန်ပြတောင်းပန်ခဲ့သည်ဟု အဆိုပါ ၀ တပ်မှူးကပြော၏။
ဝ တပ်ဖွဲ့အရာရှိများကတော့ နှစ်ကြိမ်စလုံး မှားပစ်တိုက်ခိုက်ခြင်း မဖြစ်နိုင်ကြောင်း၊ အရင်ကတည်းက ထိုဒေသ အတွင်း ၀ တပ်ဖွဲ့သာ သွားလာလှုပ်ရှားလေ့ရှိကြောင်း ရှင်းပြ၏။
ယခုကိစ္စသည် နအဖ မှ တမင်ရန်စ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ၎င်းင်းတို့လုပ်ရပ်အား သုံးသပ်ကြည့်ပါက တိုက်ပွဲကြီး အတွက် ရှောင်လွဲရန် မဖြစ်နိုင်တော့ကြောင်း ၀ တပ်ဖွဲ့အရာရှိများက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၂ ရက်နေ့နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍လည်း မိမိတို့တောင်းဆိုချက် အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု မြောက်ပိုင်း ၀ တပ်မှူးတို့ဆုံးဖြတ်ချက်ချချိန် တောင်ပိုင်း ၀တပ်ဖွဲ့ခေါင်းဆောင် များနှင့် ဆွေးနွေးရန် မိုင်းဆတ်အခြေစိုက် စကခ ၁၈ စစ်ဒေသမှူးကြီးက အစည်းဝေးဆင့် ခေါ်ခဲ့သေးသည်ဟုဆို၏။
“မိုင်းဆတ်သွားတာက ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ ဟွေ့အော့ က ကိုယ်စားလှယ်တွေပါတယ်၊ ဒါပေမယ့် မိုင်း ဆတ် စကခ ဌာနချုပ်မရောက်ဘဲ နောက်ပြန်လှည့်ကြတယ်၊ သွားသွားမသွားသွားမထူးဘူး ဆိုတဲ့သဘောပေါ့” - အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကလည်း အတည်ပြုပြောဆိုပါသည်။
ထိုအစည်းအဝေးသို့ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင်မသွားသည့်အပြင် ကိုယ်စားလှယ်အဖွဲ့လည်း မိုင်းဆတ်မြို့ အနီးရောက်ရှိပြီး ပြန်လှည့်လာခဲ့ကြောင်း၊ ၀မ့်ဟုန့်ရှိ ၀ တပ်ဖွဲ့များနှင့် အချင်းချင်း အစည်းအဝေးထိုင်ပြီးမိမိဌာနချုပ် အသီးသီး ပြန်သွားကြသည်ဟု ဆက်ပြောပြပါသည်။
အပစ်ရပ် SSA ဥက္ကဌ HGF လက်ခံ၊ တပ်ဖွဲ့နှစ်ခြမ်းကွဲဖွယ်ရှိ
ဧပြီလ ၂၂ ရက်နေ့ မြောက်ပိုင်း အပစ်ရပ်သျှမ်းပြည်မတပ်တော် ဥက္ကဌ နှင့် EC ဆယ်ယောက်ကျော်က HGF အဖြစ်အသွင်ပြောင်းဖို့ ရပခ စစ်တိုင်းရုံးသို့ သွား၍ ခေါင်းငြိမ့် လက်ခံသဘောတူခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“ဟုတ်တယ်၊ ဥက္ကဌ စ၀်လွယ်မောဝ်နဲ့ အဖွဲ့ ၁၂ ယောက်သွားတယ်၊ နယ်မြေစောင့်တပ်ပြောင်းဖို့ စိန်ကျော့ဌာနချုပ်က စတင်လက်ခံ လိုက်ပြီ၊ လက်မခံတဲ့ တပ်မဟာတွေက ၀ လမ်းစဉ်အတိုင်းဆက်လိုက်မယ်ဆိုတော့ အနည်းဆုံးနှစ်ဖွဲ့ကွဲ သွားမယ့်သဘော၊ နအဖရဲ့ သပ်လျှိုဖြိုခွဲ စည်းရုံးမှုအောင်မြင်တယ် လို့ပြောရမယ်” - ဟု လားရှိုးရပ်မိရပ်ဖတဦးကပြော ပါသည်။
ဧပြီ ၂၂ ရက်က ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်၊ တပ်မဟာ ၃ မှူး ဗိုလ်မှူးကြီးလှမြင့်၊ ဗဟိုအုပ်ချုပ်ရေးဌာန အကြီးအကဲ စ၀်ကောင်တိုင်း၊ ဒုတပ်မဟာ ၁ မှူး ဗိုလ်မှူးကြီးခေးတိုင်း၊ SSA - ဒုအတွင်းရေးမှူး ဗိုလ်မှူးစိုင်းအွမ်၊ ဗဟိုလုံခြုံရေးတပ်မှူး ဗိုလ်မှူးလိန်ဇင့်၊ ဗိုလ်မှူးအောင်မြင့်၊ ဗိုလ်မှူးသန်းဌေး နှင့် ဗိုလ်မှူးယွက်မောဝ်တို့ပါဝင်သော အဖွဲ့ ၁၂ ယောက်ကလားရှိုး အခြေစိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့်သွားရောက်တွေ့ဆုံကာနယ်မြေစောင့်တပ်အသွင်ပြောင်း မည့် အစီစဉ် သဘောတူ လက်ခံခဲ့၏။ HGF ၃ ရင်းစာအတွက်လည်း အင်အား တထောင်ကျော် စာရင်းပေးခဲ့ပြီးလက်နက် ငယ် ၁၅၀ ခန့်လည်းအပ်နှံခဲ့သည် ဟုဆို၏။
ဧပြီ ၂၃ ရက် အပစ်ရပ် SSA ဌာနချုပ် ဆိုင်ကျော့သို့ ဒု တိုင်းမှူးသွားပြီး HGF ပြည်သူ့စစ်အသွင်ပြောင်းပွဲအခန်းအား ပြုလုပ်ရန် လူသိ ရှင်ကြားထုတ်ဖေါ်ကြေငြာမည်ဟု အကြောင်းကြား ထားသော်လည်းဌာနချုပ်တွင်လုံခြုံရေးတာဝန်ယူ ထားသော တပ်မဟာ ၁ တပ်မှူး များက သွားခွင့်မြုပနိုင်သေးကြောင်း၊ အကယ်၍သွားခဲ့ပါကလက်နက်ကိုင်ပဋိပက္ခ ဖြစ်လာလျှင် မိမိတို့တာဝန်မဟုတ်ကြောင်းပြန်လည် အကြောင်းကြားသဖြင့် ဒုတိုင်းမှူးအစီအစဉ်ဖျက်သိမ်း လိုက်ရသည်ဟု သိရသည်။
BGF အသွင်ပြောင်းရေးအတွက် အပစ်ရပ် SSA သာမက လားရှိုးရှိ KIA နှင့် UWSA ဆက်ဆံရေးတာဝန်ခံများကလည်း သွားရောက် လက်ခံ သဘောတူခဲ့၏။ သို့သော် ၎င်း တို့ဗဟိုဌာချုပ်အသီးသီးထံ အစီရင်ခံတင်ပြသောအခါ (မိမိတို့ တင်ပြခဲ့ဖူးသော တောင်းဆိုချက် ၈-၉ ချက် များနှင့် မကိုက်ညီလျှင်) BGF ဖြစ်ရန် လက်မခံ/သဘောမတူနိုင် သေးဟု နအဖ ထံ အကြောင်းပြန်လိုက်ကြောင်း အခြား ဆို့စ်တခုက ဆိုပြန်သည်။
“၃၀/၄/၁၀ မဟုတ်ရင် ၁/၅/၁၀ ရက်မှာ ဗိုလ်ချုပ်အောင်သန်းထွဋ်၊ ဒုတိုင်းမှူးဖြစ်ဖြစ် SSA ဌာနချုပ် ဆိုင်ကျော့ (စိန်ဂျော့) ကို သွားမလား၊ HGF အသွင်ပြောင်းအခမ်းအနားနဲ့ ထုတ်ပြန်ကြေငြာပြီး နိုင်ငံရေးအမြတ်ထုတ်မယ်ထင်တယ်။တိုင်းမှူး မဟုတ်ရင် ဒုတိုင်းမှူးကို တိုင် ဦးဆောင်ပြီး တပ်မဟာ ၃၊ တပ်မဟာ ၇ ဘက် ဆက်သွားမလားမပြောတတ်ဖူး၊ သူတို့ ပါလက်ခံရင်ပေါ့၊ လုံး ၀ လက်မခံနိုင်တဲ့ တပ်မဟာ ၁ ကတော့ ပြတ် သားတယ်” - ဟု ခိုင်လုံသည့်သတင်းရပ်ကွက် ကပြောပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ ဒုဥက္ကဌ စ၀်ကိုင်ဖှာ့လည်း SSA ၏ ယခင်ဦးဆောင်ပါတီဖြစ်သည့် SSPP သျှမ်းပြည်တိုးတက်ရေးပါတီ အမည်နှင့် နအဖ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်မည် ဟုဆိုသည်။
မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည်တပ်မတော်အခြေအနေနှင့် ပတ်သက်၍ ဒေသခံမျိုးချစ်လူငယ် တဦးက ဆက်၍ -ယခု အခြေ အနေ အရ ဗိုလ်ချုပ်လွယ်မောဝ်နှင့်အဖွဲ့က နအဖ လက်အောက်ခံတပ်အဖြစ်ရောက်ရှိမည်၊ စ၀်ကိုင်ဖှ၏နိုင်ငံရေး ပါတီက ရွေးကောက် ပွဲဝင် မည်၊ လက်မခံသည့်တပ်မဟာများက ဥပဒေပြင်ပ မတရားအသင်း အဖွဲ့ဖြစ် သွားမည် - အနည်းဆုံး ၃ ဖွဲ့ ကွဲသွားနိုင်၏။ ဗိုလ်ချုပ် လွယ် မောဝ်ကြောင့် ၁၉၆၄ ညောင်ရွှေမဟာဒေ၀ီ စ၀်မယ့်နန်းဟိန်းခမ်းတည် ထောင် ခဲ့သည့် သျှမ်းပြည်တပ်မတော်သမိုင်းလည်း ရေစုန် မျှောရတော့မည်လောဟူ၍ သျှမ်းသံတော်ဆင့်သို့သုံးသပ်ပြ ပါသည်။
ပြည်ထောင်စုမှခွဲထွက်ရန်ကြံစည်သည့်အမှုအပါဝင် စွဲချက်ပေါင်းများစွာဖြင့် နအဖ စစ်အုပ်စုက ထောင်ဒဏ် ၁၀၆ ပစ်ဒဏ် ပေးထားသည့် ခန္တီးအကျဉ်းထောင်ရောက် သျှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ်ဆေထဲန့်ကမူ ပြင်ပလောကရှိ သျှမ်းပြည် တပ်မတော်ခေါင်းဆောင် များ အား ‘ကိုယ်ကျိုးစွန့်ပြီး သျှမ်းပြည်တပ်မတော်၏ သမိုင်းကို ထိန်းသိမ်းစောင့် ရှောက်ရန် မိမိရည်မှန်းချက်အတိုင်း တစိုက်မတ်မတ် ခရီးဆက်ရန်’ အကြိမ်ကြိမ်မှာကြား ခဲ့သေးသည်။