စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း ဇုံစီ ရပ်ကွက်(၂)ရှိ ကရင်လူငယ်အစည်းအရုံး (ကေ၀ိုင်အို)ရုံး ယနေ့မနက်တွင် မီး လောင်မှုတခုဖြစ်ပွားခဲ့ပြီး ကွန်ပျူတာ (၇)လုံး လောင်ကျွမ်းပျက်စီးသွားခဲ့သည်ဟု သိရသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မယ်လစခန်း ကေ၀ိုင်အို ဥက္ကဌ စောအယ်ထီးကော်က “မနက်က ရုံးလုပ်သားတယောက် ရေ နွေးတည်တယ်။ မီးဖိုကို ကြမ်းခင်းပေါ်မှာပဲ ထားတဲ့အတွက် ပူပူလာတော့ အောက်ကကြမ်းခင်းကို မီးလောင်သွားတယ်လို့ပဲ ထင်တယ်။ မီးလောင်တာတော့ ဆယ့်ငါးမိနစ်လောက် ကြာမယ်။ မီးငြိမ်းသတ်တဲ့သူများတော့ ခဏလေးနဲ့ မီးငြိမ်းသွားတယ်။ အ ခြားအိမ်တွေလည်း မီးမကူးဘူး”ဟု ရှင်းပြခဲ့သည်။
၎င်းကေ၀ိုင်အိုရုံးတွင် လက်ရှိအချိန်၌ လူငယ်များကို ကွန်ပြူတာသင်တန်း ပို့ချပေးနေသည့်အတွက် ယင်းသို့မီးလောင်ရာတွင် (laptop)ကွန်ပြူတာ ၃လုံး၊ CPU ၄လုံး၊ မော်နီတာ ၃လုံး၊ Printer ၂လုံး၊ အခြားကွန်ပြူတာပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများ မီးထဲသို့ ပါသွားခဲ့ပြီး တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၁၃၀,၀၀၀ကျော် ရှိကြောင်း သူက ဆက်ပြောသည်။
ကွန်ပျူတာသင်တန်းဆရာက “ဒီလိုဖြစ်သွားတဲ့အပေါ် စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးသင်တန်းဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ အခုလိုဖြစ်တော့ ကလေးတွေအတွက် နစ်နာတယ်။ နောက် သင်စရာပစ္စည်းတွေ ဆုံးရှုံးတဲ့အတွက် ဘယ်လိုပဲဖြစ် ဖြစ် နည်းလမ်းရှာပြီး ပစ္စည်းအသစ်တွေ ပြန်ရတော့မှ ဒီကွန်ပျူတာသင်တန်းကို ကျနော်တို့ တခါ ပြန်စရမှာပေါ့”ဟု ဆိုသည်။
အဆိုပါကေ၀ိုင်အိုအဖွဲ့သည် စခန်းအတွင်းရှိ ကလေး၊ လူငယ်များ ကွန်ပျူတာအတတ်ပညာ မြင့်မားလာရေးအတွက် သင်တန်း သူသင်တန်းသား ၁၅ဦးစီကို သုံးလတစ်ကြိမ် သင်တန်းဖွင့်လှစ်ပေးလျှက်ရှိရာ ယခု တတိယအကြိမ် သင်တန်းပြီးဆုံးရန် တပတ် ခန့်အလို၌ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်။
မဲဆောက်မြို့နှင့် ကီလိုမီတာ ၄၀ကျော် ကွာဝေးသည့် မယ်လဒုက္ခသည်စခန်းတွင် ယခင်ကလည်း လူနေအိမ် မီးလောင်ကျွမ်းမှု မကြာခဏ ဖြစ်ပွားခဲ့ဖူးသည်။
Pages
▼
Saturday, 8 May 2010
ပြည်ထောင်စု ဒီမိုကရေစီ ပါတီမှ ကြံ့ဖွံ့ပါတီခေါင်းဆောင်များ အစိုးရအဖွဲ့အားခေါင်းဆောင်နေခြင်းကို သဘာဝမကျဟု ကော်မရှင်အား စာရေးသား တင်ပြ မိုးမခ အထောက်တော်၊ ရန်ကုန် မေ ၉၊ ၂၀၁၀ လွန်ခဲ့သည့် သီတင်းပတ်က ရွေးကောက်ပွဲ ကော်မရျင်ထံ ပါတီတည်ထောင်ခွင့် ပြုရေန် လျှောက်ထားခဲ့သည့် ကြံ့ဖွံ့ပါတီခေါင်းဆောင်များ နအဖ အစိုးရအဖွဲ့တွင်ရာထူး ဆက်လက်ရယူ ထားခြင်းနှင့် ကြံ့ဖွံ့ပါတီနှင့် အသင်းကွဲကွဲပြားပြား မရှိခြင်းအပေါ် ပြည်ထောင်စု ဒီမိုကရေစီပါတီမှ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။ | |
| အပြည့်အစုံသို့ ... |
| Rangoon - Mawlamyine Buses robbed by unidentified armed militias group |
| မျက်မှောက်ရေးရာ - သတင်းဖတ်စာ | |
| မိုးမခ အထောက်တော်၊ ရန်ကုန် မေ ၉၊ ၂၀၁၀ မော်လမြိုင်မှ ရန်ကုန် ညအဝေးပြေး ကားများအား သထုံအလွန် ဘီးလင်းမရောက်မီစပ်ကြား ဒုံးဝန်းအနီးတွင် လက်နက်ကိုင် လူစုက ကားကိုတားဆီးပြီး ကားပိုင်ရှင်ထံမှ တစီးလျင် ကျပ်ငွေ ၄သိန်း၊ ၅သိန်း တောင်းယူသည့် ဖြစ်ရပ် မေလ ၁ရက်နေ့ည ဖြစ်ပွားခဲ့သည်။ | |
နိုင်ငံရေးသမားကြီး ဦးရဲထွန်း ကွယ်လွန်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လူသိများသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဒုဥက္ကဋ္ဌဟောင်း ဦးရဲထွန်း (၇၄ နှစ်) သည် သွေးဖြူ၊ သွေးနီဥနှင့် အရိုးကင်ဆာ ရောဂါများဖြင့် ယမန်နေ့ နေ့လည်ပိုင်းတွင် ကွယ်လွန်သွားသည်။
ထိုင်းနိုင်ငံ ဘန်ကောက်နှင့် စင်္ကာပူနိုင်ငံရှိ ဆေးရုံများသို့ သွေးဖြူဥ၊ သွေးနီဥကျဆင်းသည့် ရောဂါကို သွားလာကုသနေရင်း အရိုးကင်ဆာပါ ထပ်မံတွေ့ရှိလာပြီး ယင်းရောဂါများဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။
“သူ့မှာ ပထမဖြစ်တဲ့ရောဂါက သွေးဖြူဥ၊ သွေးနီဥ လျော့နည်းကျဆင်းတဲ့ ရောဂါ။ အဲဒါကို ဘန်ကောက်မှာကုရင်း နောက်တော့ အရိုးကင်ဆာ တွေ့လာတယ်။ အဲဒါ စင်္ကာပူမှာ ခြင်ဆီကို ဆေးထိုးကုရင်းကနေ နောက်တော့ ရောဂါက ဆိုးလာတော့ ဆရာဝန်က ၅ လလောက်ခံမယ် ပြောပေမယ့် အခု တလပဲ ခံလိုက်တယ်” ဟု နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်ဟောင်းနှင့် လက်ရှိ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။
ဦးရဲထွန်းသည် ဖဆပလ ခေတ် တရားရေးဝန်ကြီးဟောင်း ဦးချန်ထွန်း၏ အကြီးဆုံးသားဖြစ်ပြီး ထင်ရှားသည့် ရှေ့နေတဦးဖြစ်ကာ အောင်မြင်သည့် စီးပွားရေးသမားလည်း ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ ကုမ္ပဏီများတွင် သူ၏ စီပွားရေးရင်းနှီးမြှုပ်နှံမှုများ ရှိနေပြီး ပြည်တွင်း စီးပွားရေးကုမ္ပဏီ ၃ ခုတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
မူလက စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဦးသုဝေနှင့် ပူးပေါင်းကာ ပါတီတည်ထောင်ပြီး ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော်လည်း ပါတီတွင်း သဘောထားကွဲလွဲမှုကြောင့် ယခုနှစ် အစောပိုင်းတွင် နုတ်ထွက်ခဲ့သည်။
“သူက အခုလက်ရှိ ဘယ်ပါတီမှ ၀င်မထားဘူး။ ဒါပေမဲ့ ပါတီတိုင်းနဲ့ အဆက်အသွယ်ရှိတယ်။ နိုင်ငံရေးကို တအားဝါသနာပါတယ်။ သူနေကောင်းတုန်းက ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေအတွက် အလှူငွေတွေ ကူပြီး ကောက်ခံပေးခဲ့တဲ့ သူပါ” ဟု ဦးသုဝေက ပြောသည်။
ဦးရဲထွန်းသည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၄ ကြိမ်ထက်မနည်း ထောင်ကျခဲ့ဖူးသည်။ ၁၉၇၅ ခုနှစ် ဇန်န၀ါရီလတွင် ဖြစ်ပွားသည့် ဦးသန့်အရေးအခင်းတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၁၀ ကျခံခဲ့ရသည်။ ထို့အပြင် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် မြေအောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟုဆိုကာ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်သည့် စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့သည့် ၅၂ ဦးထဲတွင် ဦးရဲထွန်းလည်း ပါဝင်သည်။
“သူက ကျမတို့ရဲ့ မိသားစုလို ခင်မင်ရင်းနှီးတဲ့လူ၊ ပြီးတော့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် တယောက်ပါ။ သူကွယ်လွန်သွားတဲ့အတွက် အရမ်းပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလောက်ထိ မြန်မြန်ကြီး ဖြစ်သွားမယ် မထင်ဘူး” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။
ဦးရဲထွန်း၏ ကျန်ရှိသည့် ရုပ်ကလာပ်ကို မနက်ဖြန် နံနက် ၉ နာရီတွင် အမှတ် ၅၃၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်မှ ရေဝေးသုဿာန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်သည်။
ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ဥမ္မာမော်၊ သား ၁ ဦး၊ သမီး ၁ ဦးနှင့် မြေး ၂ ဦး ကျန်ရစ်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ဥမ္မာမော်သည် နန်းရင်းဝန်နှင့် အဓိပတိဟောင်း ဒေါက်တာဘမော်၏ သမီးဖြစ်သည်။

NLD ဗန်းမော်အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ် မဖြုတ်ချ
Saturday, 08 May 2010 10:52 သျှမ်းသံတော်ဆင့်
အပစ်ရပ် SSA တပ်ဖွဲ့အားလုံးအသွင်ပြောင်းရန် ဥက္ကဌဆက်ဖိအားပေးခံနေရ
Friday, 07 May 2010 19:41 သျှမ်းသံတော်ဆင့်
ဒေ၀ါလီခံရဖွယ် သတင်းကြောင့် လားရှိုး မြန်မာ့စီးပွားရေးဘဏ်တွင် အလုအယက်ငွေထုတ်
Friday, 07 May 2010 19:34 ယိင်းမွေခေါဝ်
မူဆယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့ရန် အမည်စာရင်းကောက်
Friday, 07 May 2010 19:32 သျှမ်းသံတော်ဆင့်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် အမေရိကန် တောင်းဆို
ကိုစိုး Saturday, May 08, 2010
Last Updated ( Saturday, May 08, 2010 )
ရေ ရှားပါးမှုကြောင့် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ
မင်းနိုင်သူ Saturday, May 08, 2010
Last Updated ( Saturday, May 08, 2010 )
နိုင်ငံအနှံ့ အပူချိန် လွန်ကဲ၊ သောက်သုံးရေ ခက်ခဲ
သဲသဲ Saturday, May 08, 2010
မြန်မာနိုင်ငံနေရာအနှံ့ အပူချိန်လွန်ကဲမှုဒဏ် ခံစားနေရကာ မြို့ပြများတွင် လျှပ်စစ်မီးလာချိန်မမှန်သည့်အတွက် သောက်သုံးရေ အခက်အခဲ တွေ့နေရကြောင်း သိရသည်။ Read more Add comment (0) Hits: 1593