တေဇ ၀န်ထမ်း တဦး ဆီမှ ပေါက်ကြား သော သတင်းတခုအရ...ယခု အခါ..စင်ကာပူ ရှိ တေဇ ဘဏ်စာရင်းများ အား ချွင်းချက်အနေဖြင့် ကြွေး ရှင် မြီရှင် များအား ငွေသား အဖြစ် ထုတ်ယူ ခွင့် ပေး လိုက်ခြင်းကို အသုံးချ၍ ... သူ့လူများမှ အလီလီအလာလာ ထုတ်ယူ ကြ ကာ..ပြည်တွင်းသို့ လေယဉ်ဖြင့် သယ်ယူ လျက် ရှိပါ သည်။ ထို့ကြောင့် ယခု ရက်ပိုင်း အတွင်း ဒေါ်လာ ဈေး များ ကျဆင်းလျက်ရှိပါသည်။ ၀န်ထမ်း ၏ စကားအရ.. နိုဝင်ဘာ ၉ ရက်နေ့အထိ ဈေး ကျမည်ဟုပင်..အတိ အကျ ဆိုပါသည်။ ( သို့သော် ယနေ့..နိုဝင်ဘာ ၃ ရက်တွင် ဂန်ဘာရီ ခရီး စဉ် ကြောင့် ဒိုင်များမှ ဆွဲတင်လျက်ရှိရာ ၁၃၀၀ ကျော်သွားပါသည်) ဈေးကွက် အတွင်း Bulk အစုလိုက် ရောင်းချမူများ ကိုတွေ့နေရပါသည်။ ထို့အပြင် မကြာခင်ကမှ တေဇ အောင်ထားသော.. ဒေါ်လာ ၇ သောင်း တန် ကျောက်စိမ်း တုံးကြီး အား လာမည် ကျောက်မျက်ပွဲတွင် ရောင်းချရန် ရှိပါသည်။ ယခု အမေရိကန် အစိုးရမှ ဆောင်ရွက်လျက် ရှိသော..jade sanction တွင် အကျုံးဝင်အောင် ဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုက်ရပါသည်။
သတင်း (ကိုကို)
No comments:
Post a Comment