New Generation For Free Burma Media 2
Pages
(Move to ...)
Home
▼
Tuesday, 27 April 2010
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၉ ပါးသီလ စောင့်ထိန်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ၉ ပါးသီလကိုခံယူ ဆောက်တည်ခြင်းသည် အဓိကအားဖြင့် ယတြာ ချေခြင်း ဖြစ်ကြောင်း သံဃာတော်များက ဆိုသည်။
ဝန်ကြီးချုပ် သိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ နိုင်ငံရေးပါတီ ထောင်ပြီ
စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့)ကို လာမည့်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့် သောကြာနေ့က နိုင်ငံရေးပါတီ အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
သဘာဝဓာတ်ငွေ့လုပ်ငန်း ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းရန် ERI တောင်းဆို
ရတနာ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေးတွင် မြန်မာစစ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နေသော နိုင်ငံခြား ကုမ္ပဏီ များ၏ ငွေပေးချေမှု ဘဏ္ဍာရေးဆိုင်ရာများကို လူသိရှင်ကြား ထုတ်ဖော်ကြေညာပေးရန် Earth Right International(ERI)အဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။
သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံးကွဲ
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ယနေ့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားရာ အနည်းဆုံး ၄ ဦးခန့် ဒဏ်ရာရကြောင်း သိရသည်။
ဥရောပက စစ်အစိုးရကို ပိတ်ဆို့မှု တနှစ်ထပ်တိုး
မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကို လာမည့်နှစ် ဧပြီလအထိ သက်တမ်းတနှစ် ထပ်မံတိုးလိုက်ကြောင်း ဥရောပသမဂ္ဂက တနင်္လာနေ့တွင် ကြေညာလိုက်သည်။
ရခိုင်ပြည်နယ်မှ ကျွဲနွားများ ဘင်္ဂလားဒေ့ရှ်သို့ ခိုးထုတ်နေ
ရခိုင်ပြည်နယ်အတွင်းမှ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ နွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တရားမ၀င် တင်ပို့ရောင်းချမှု မြင့်မား နေသောကြောင့် ထိုဒေသတွင် ကျွဲ၊ နွားရှားပါးနေကြောင်း သိရသည်။
ဗုံး ဒဏ်ရာရ စစ်ဒေသမှူး စင်္ကာပူတွင် ဆေးကု
ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2Oမဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သည့် အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုသည် စင်္ကာပူနိုင်ငံ သို့ သွားရောက်ဆေးကုသ နေရကြောင်းသိရသည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment