Thursday, 22 April 2010 19:51 သျှမ်းသံတော်ဆင့်

ယခုလ ၂၂ ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့် တပ်အင်အား စာရင်းပေးပို့ရန် နအဖ သတိပေး ထားချက်ကြောင့် နောက်ဆုံးရက်နီးလာသည်နှင့်အမျှ ပြည်သူများစိုးရိမ်ခြောက်ခြားပြီး နေရပ်မှ တိမ်းရှောင်နေကြသည်ဟု စုံစမ်းသိရှိရပါသည်။
Thursday, 22 April 2010 19:46 သျှမ်းသံတော်ဆင့်

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်ကိုယ်စား အဖွဲ့တဖွဲ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားတပ်ဖွဲ့ အားထပ်မံသွား ရောက်ဖိအားပေးခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
Thursday, 22 April 2010 11:28 စိုင်းမျိုးကြီး

နယ်ခြားစောင့်တပ်အရေး နအဖစစ်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO ကိုယ်စားလှယ်များသည် ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် အခြေဆိုက်ရာ မြစ်ကြီးနားမြို့သို့ ဧပြီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက ထွက်ခွာသွားကြောင်း စုံစမ်းသိရသည်။
Wednesday, 21 April 2010 17:33 သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်နှင့် တရုတ်နယ်စပ်တစ်လျှောက်တွင် ဧပြီလ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့် သစ်ပင်များနှင့် လူနေအိမ်များ ပြိုလဲပျက်ဆီးခဲ့ကြောင်း သိရသည်။
Wednesday, 21 April 2010 16:18 သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သို့ ဆေးရုံအုပ်အဖြစ်ပြောင်းလာသူ နေပြည်တော်မှ ဆရာဝန်မကြီး ခွဲစိတ်ပေး သည့် မွေးလူနာမှာ မိခင် နှင့် ကလေး နှစ်ယောက်စလုံးသေဆုံးသွားသည် ဟု စုံစမ်းသိရှိရပါသည်။
No comments:
Post a Comment