မလေးရှားနိုင်ငံက လူဝင်မှု ထိန်းသိမ်းရေးစခန်း တခုမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာနဲ့ ဗီယက်နမ်တို့က တရားမ၀င် ၀င်ရောက်လာသူ အယောက် ၂၀၀ လောက်က ထောင်ကိုဖောက်ပြီး ထွက်ပြေးဖို့ ကြိုးစားတာကို တားဆီးလိုက်နိုင်တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်း၊ တီရန်ဂါနု (Terengganu) မြို့က အာဂျီးလ် (Ajil) လူဝင်မှု ထိန်းသိမ်းရေး အကျဉ်းစခန်းမှာ စနေနေ့ညက အခင်းဖြစ်ခဲ့တဲ့အကြောင်း မလေးရှားနိုင်ငံပိုင် ဘနားမား (Bernama) သတင်းဌာနက ဖော်ပြပါတယ်။
အသစ်ရောက်လာတဲ့ ဗီယက်နမ်နိုင်ငံသား ၂ ဦး ရန်ဖြစ်ရာကနေ စခဲ့တာလို့ ထိန်းသိမ်းရေးစခန်းရဲ့ ညွှန်ကြားရေးမှူးက ဘနားမား သတင်းဌာနကို ပြောပါတယ်။ ဖြစ်ရပ်မှာ ဗီယက်နမ်နိုင်ငံသား ၈ ယောက် ဒဏ်ရာရသွားပါတယ်။
ထိန်းသိမ်းခံထားရသူတွေက တံခါးတွေကို ချိုးဖျက်ပြီး စခန်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်လို့ ဘနားမား သတင်းက ရေးပါတယ်။ ထိန်းသိမ်းခံထားရသူတွေက စခန်းကို မီးရှို့ဖို့ ကြိုးစားမယ်ဆိုရင် ငြှိမ်းသတ်နိုင်ဖို့အတွက် Kuala Berang မီးသတ်ဌာနက မီးသတ်ကားတစီးကို စေလွှတ်ခဲ့ပါတယ်။
No comments:
Post a Comment