Pages

Saturday, 26 June 2010

လဆန်အောင်ဝါ ကချင်ပါတီအသစ် ထူထောင်ရန် စစ်အစိုးရပြန်ရုပ်သိမ်း

မြန်မာစစ်အစိုးရ ဗိုလ်မှုးကြီး လဆန်အောင်ဝါ အား ကချင်ပါတီအသစ်တခုတည်ထောင်ရန် အတင်း တိုက်တွန်းနေသည် ကို ယနေ့ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
စစ်အစိုးရ သစ္စာခံ ယခင် အမိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှုးကြီး လဆန်အောင်ဝါ အား ယခုလ ၁၉ ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကြံဖွံ့အတွင်းရေးမှုး ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ လာရောက်ချိန်တွင် ကချင်ပါတီတည်ထောင် ရန်တိုက်တွန်းခဲ့သည်ဟု သိရသည်။
lasang-awng-wa

KIO မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရ သစ္စာခံ ဖြစ်လာတဲ့ ဗိုလ်မှူးကြီး လဆန်အောင်ဝါ။ ဓါတ်ပုံ - ကချင်သတင်းဌာန


ယင်းတိုက်တွန်းချက် ကို တပတ်အတွင်း ပြန်လည်းရုပ်သိမ်းလိုက်ကြောင်း KSPP ပါတီအရာရှိတစ်ဦးပြောသည်။

“သူတို့ကိုသူတို့  တိုက်တွန်းတာမမှန်ဘူးထင်လို့လား မဟုတ်ရင် ဒီသတင်းထွက်သွားလို့လားမသိဘူး လဆန်အောင်ဝါကို မင်းပါတီမထောင်နဲ့တော့လို့ ပြန်ပြောတယ်” ဟု ကချင်ပါတီ ဗဟိုအလုပ်အမှုတော်ဆောင်တစ်ဦးပြောသည်။

ယနေ့ ညနေ့ပိုင်းတွင် ၎င်း ကိစ္စ နှင့်ပတ်သက် ပြီး ကချင်တိုးတက်ရေးပါတီ မြစ်ကြီးနားအခြေစိုက် ဗဟိုရုံးတွင် အစည်းဝေးပြုကြောင်းသိရသည်။

“လဆန်အောင်ဝါကို ပါတီမှတ်ပုံမတင်ခိုင်းတော့ဘူးဆိုရင် KSPP အနေနဲ့မျော်လင့်ချက်ရှိသေးပါတယ်” ဟု ကချင်ပါတီအဖွဲ့ဝင်တစ်ဦးပြောသည်။

KSPP သည် ဗဟိုကော်မတီဝင် အယောက် ၆၀ နှင့် အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ယောက် နှင့် ပြည်သူလူထု ပါတီဝင် ၂၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ကချင်ပါတီတစ်ခုဖြစ်သည်။

ယခုလမည့် အပတ်တွင် KSPP ဗဟို ရုံးချူပ်တွင် ကချင်ပြည်သူလူထုအား ပါတီမှတ်ပုံတင်မကျပေသည့် ကိစ္စနှင့် ပတ်သက်ပြီး အစည်းဝေးကြီး ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ပြည်သူလူထုတွေဘယ်လိုပြောလာမယ်ဆိုတာကို ကျွန်တော်တို့ ကချင်ပြည်သူ့ အသံနာထောင် ရဦးမယ်” ဟု ကချင်ပါတီအရာရှိတစ်ဦးထပ်မံပြောသည်။

လဆန်အောင်ဝါအဖွဲ့သည် KIO မှ ၂၀၀၄ ခုနှစ်တွင် ခွဲထွက်ကာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖြင့်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

KSPP ဥက္ကဌ ဒေါက်တာတူးဂျာသည် ပါတီ မှတ်ပုံတင်မချပေးသေးသည်ကို တရားဝင်ကြေငြာခြင်းမရှိသေး သောကြောင့် စိတ်ရှည်စွာဖြင့်စောင့်ဆိုင်းနေသည်။

စစ်အစိုးရသည် တခြားတိုင်းရင်သားတချို့ကို ပါတီတည်ထောင်ခွင့်ပြုသော်လည်း ထူးထူးခြားခြား ကချင်ပါတီ တစ်ပါတီ မှ ပါတီတည်ထောင်ခွင့် မချပေးသေးပေ။

ပြီးခဲ့သည့် ဧပြီလ မှစ၍ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်း ကသာ ကချင်ပြည်နယ်အတွင်း ပြိုင်ဘက်မရှိ ငွေကြေးများနှင့် CDMA ကြိုးဖုန်း နှင့်လက်ကိုင်ဖုန်းများ မက်လုံးပေး ပြီး လူထုစည်းရုံးရေးပြုလုပ်နေပါသည်။

No comments:

Post a Comment