ကရင်နီပြည် ဘောလခဲမြို့တွင် အချိန်ပြည့် လျပ်စစ်မီး ရရှိမည်ဟု ဆိုသော်လည်း မကြာခဏ မီးပျက်ခြင်းကြောင့် စီးပွားရေးကုန်သည်များ ယခုအချိန်တွင် မီးအခက်တွေ့နေကြပါသည်။
“၂၄ နာရီ မီးရပြီဆိုတော့ အရင်ကသုံးတဲ့ မီးစက်တွေကို တခြားမြို့ကို ဈေးပေါပေါနဲ့ ရောင်းလိုက်တယ်၊ ခုတော့ မီးကပုံမှန် မလာဖြစ်တော့ ဈေးရောင်းဖို့က မီးကလိုတယ်လေး” ဟု ဘောလခဲမြို့နေ ဒေသခံ စီးပွားရေးသမား တဦးကပြောသည်။
၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်၍ ဘောလခဲမြို့သည် လျပ်စစ်မီး ရရှိပြီး မီးမရခင်တွင် မီးစက်ကြီးဖြင့် တစ်မြို့လုံး အချိန်ပိုင်း သုံးစွဲခဲ့ကြ၍ စီးပွားရေးသမားများမှာ ကိုယ်ပိုင် မီးစက်ငယ်များဖြင့် အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။
ကယားပြည်နယ်၏ ဒုတိယခရိုင် ဘောလခဲမြို့သည် လောပီတ ရေအားလျှပ်စစ်မှ ထုတ်လုပ်သော လျှပ်စစ်မီးကို စတင်ရရှိခဲ့ကြသော်လည်း ပုံမှန်လျပ်စစ်မီး မသုံးစွဲနိုင်သေးကြောင်း ဒေသခံတဦးက ပြောသည်။
ဒေသခံပြည်သူများသည် မြို့နှင့်အညီ ခေတ်မီလျှပ်စစ် အသုံးအဆောင်ပစ္စည်များ ၀ယ်ယူသုံးစွဲမှုများ တိုးတက်လာသည်ဟုလည်း သိရသည်။
No comments:
Post a Comment