ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာအုပ်စုရှိ ထီးစဲအော်ဆည် ရေတံတာမံကို တိုးချဲ့တည်ဆောက်ရန် INGO အဖွဲ့အစည်းတခု ဖြစ်သော Care ပံ့ပို့ကူညီမှုဖြင့် လယ်ယာဆည်မြောင်းဌာနနှင့် ကျေးရွာလူထုများက ပူးပေါင်းဆောင်ရွက်နေသည်။
၎င်းဆည်အား တို့ချဲ့တည်ဆောက်ရခြင်းမှာ လာမည့် နှစ်တွင် မိုးရေကို စနစ်တကျ စုဆောင်းသိုလှောင်ထားနိုင်ရန်နှင့် ဆည်ရေသည်လည်း တောင်သူလယ်သမားများအတွက် အကျိုးရှိစေမည် ဖြစ်ပြီး ယခုနှစ်အတွင်းတွင် စီမံကိန်းအပြီး ဆောင်ရွက်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု ၀န်ထမ်းများနှင့် နီးစပ်သူ ဒေသခံရွာသားတဦးက ပြောသည်။
၎င်းက “ဆည်ရေရဲ့ အကျိုးသက်ရောက်မှုက ရွာခုနှစ်ရွာအပေါ် အကျိုးခံစားခွင့် ရှိပြီး လယ်ဧကပေါင်း နှစ်ထောင်ကျော်ကိုလည်း အကျိုးခံစားခွင့် ရနိုင်ပါတယ်” ဟု ပြောသည်။
ထီးစဲအော်ဆည်သည် ယခင်က လူအင်အားဖြင့်သာ တူးဖော်ခဲ့သည့်အတွက် ဆည်ဘောင်တွင် ကျဉ်း၍ နိမ့်သဖြင့် မိုးရေများ စနစ်တကျ စုဆောင်းထားမှုက အားနည်းခြင်းကြောင့် လယ်ယာမြေကို စိုက်ပျိုးရာမှာ ရေလုံလောက်စွာ မရရှိနိုင်ကြောင်း ဒေသခံတောင်သူလယ်သမားတဦးက ပြောသည်။
“ဆည်ကန်မှာ နကိုယ်ကတည်းက ဘောင်ကလည်း ကျဉ်းတယ်။ မြင့်ဖို့ လိုတယ်။ ကျယ်ဖိုလည်း လိုတယ်။ နွားလှည်းနှစ်စီး ဆုံရင်တောင် သွားလို့ မရဘူး။ ရေလည်း မလုံလောက်ဘူး” ဟု သူက ပြောသည်။
ထို့ကြောင့် ၄င်းထီးစဲအော်ဆည်သည် တောင်သူလယ်သမားများအတွက် အဆင်ပြေစေရန်နှင့် မိုးရေများကို အချိန်မှီ စုဆောင်းထားနိုင်ရန် INGO အဖွဲ့အစည်း Care မှ မြေကော်စက်ဖြင့် ဆည်ကို မြင့်တင်ရာတွင် စက်ယန္တရားကို အသုံးပြုလျက်ရှိကြောင်း၊ ဤနည်းလမ်းဖြင့် ရေကို လုံလောက်စွာ စုဆောင်းနိုင်မည် ဆိုပါက လာမည့် နှစ်များတွင် ဆည်ရေသုံး လယ်မြေများအတွက် ရေအလုံအလောက် ရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment