နယူးဒေလီ (မဇ္ဈိမ) ။ ။ ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဖိတ်ဘဲ ရန်ကုန်ရှိ နိုင်ငံရေးပါတီများကိုမူ တပါတီလျှင် ၇ ဦး နှုန်း စစ်အစိုးရက ဖိတ်ကြားထားသည်။
ရွေးကောက်ပွဲကော်မရှင်က ရန်ကုန်တိုင်းရှိ မှတ်ပုံတင်ခွင့် ကျပြီးသော နိုင်ငံရေးပါတီများကို ယမန်နေ့ နေ့လည်ပိုင်းက အစည်းအဝေးခေါ်ယူကာ တပါတီလျှင် ၇ ဦးကျ ဖိတ်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းနှင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအုန်းကြိုင်တို့က သူမကိုမူ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိကြောင်း မဇ္ဈိမကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့ အခမ်းအနားတက်ဖို့ ဖိတ်တယ်လို့ ကျနော်တို့ မကြားမိဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်တွင် တကြိမ်၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ၆ ကြိမ်နှင့် ၂၀၀၂ ခုနှစ်တွင် တကြိမ်ဖြင့် စုစုပေါင်း ၈ ကြိမ်သာ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ကာ ဂါရ၀ပြုခဲ့ဖူးသည်။ နေအိမ်အကျယ်ချုပ် ချထားမှုကြောင့် ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် ထိုအခွင့်အရေး မရတော့သည်မှာ ၅၆ နှစ်မြောက်မှ ယခုနှစ် ၆၃ နှစ်မြောက်အထိ စုစုပေါင်း ၈ ကြိမ်ရှိသွားပြီ ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ညွန်ကြားစာမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက် ပြစ်ဒဏ်တ၀က် လျှော့ချပေးတယ်လို့ ပါပါတယ်။ အခုလည်း သူ့ဖခင် ကျဆုံးတဲ့နေ့မှာ သမီးတယောက်အနေနဲ့ ဖခင်ကို ဂါရ၀ပြုခွင့် ပေးသင့်ပါတယ်။ ပြစ်ဒဏ်ကျခံနေလို့ ကိုယ့်အဖေကို ဂါရ၀ ပြုခွင့် မရဘူးဆိုတာက တရားမျှတမှု မရှိပါဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။
“ရန်ကုန်မှာရှိသမျှ ပါတီတွေအကုန်လုံးကို တိုင်းကော်မရှင်က ရုံးကိုခေါ်ပြီးတော့ အစည်းအဝေး လုပ်ပါတယ်။ ပါတီတခုကို ၇ ယောက် အခမ်းအနား တက်လို့ရတယ် ပြောပါတယ်။ ကျနော်တို့ပါတီက အခမ်းအနား တက်မှာပါ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ကိုနေမျိုးဝေက မဇ္ဈိမကို ပြောသည်။
ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ခွင့် ရရှိပြီးဖြစ်သည့် ပါတီပေါင်း ၂၀ ထက်မနည်း ရှိနေပြီး ယင်းပါတီများသည် အခမ်းအနား တက်ရောက်မည့် လူစာရင်းကို မှတ်ပုံတင်များဖြင့် ယခုလ ၁၆ ရက်နေ့ နောက်ဆုံးထား၍ တိုင်းကော်မရှင်သို့ တင်ပြရမည်။
ထို့ပြင် ကော်မရှင်က ပါတီများအနေဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေ ချခွင့်ပြုသော်လည်း ပန်းခြင်း၊ ပန်းခွေများကို အာဇာနည်နေ့မရောက်မီ တရက်အလိုတွင် သက်ဆိုင်ရာ အာဏာပိုင်များထံတွင် စစ်ဆေးခံရန် ပေးပို့ရမည်ဖြစ်ပြီး စစ်ဆေးပြီးမှသာ ခွင့်ပြုပေးသွားမည်ဖြစ်သည်။
ပါတီများတွင် ကိုယ်ပိုင်ဝတ်စုံများ သတ်မှတ်ပြီးဖြစ်ပါက အခမ်းအနားတွင် ၀တ်ဆင်ရန် ကော်မရှင်က ခွင့်ပြုထားသည်။
ရန်ကုန်တိုင်းရှိ နိုင်ငံရေးပါတီအများစုမှာ ယခုလ ၁၉ ရက်နေ့တွင် အာဇာနည်ဗိမာန်၌ ပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ကြမည်ဟု သိရသည်။
ယခင်က အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော် ကောင်စီဝင် စစ်ဗိုလ်ချုပ်ကြီးများ တက်ရောက်၍ ဂါရ၀ပြုလေ့ ရှိသော်လည်း ပြီးခဲ့သည့်နှစ်တွင် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသာ တက်ရောက်ခဲ့သည်။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ရုံးချုပ်တည်ရှိသည် ချင်းအမျိုးသားပါတီကမူ ချင်းပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်သွားမည်ဖြစ်သဖြင့် အခမ်းအနား မတက်ရောက်နိုင်ကြောင်း သိရသည်။
“ချင်းပြည်နယ် စည်းရုံးရေးခရီးစဉ်က မနက်ဖြန် စပါမယ်။ ဒါကြောင့် ကျနော်တို့ပါတီက အခမ်းအနား တက်ဖြစ်မှာ မဟုတ်ပါဘူး” ဟု ပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သည့် န၀တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက် ၁၉၉၀ ခုနှစ်တွင် နိုင်ငံရေးပါတီများကို အာဇာနည်နေ့အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခဲ့သည့်နောက်ပိုင်း နှစ်ပေါင်း ၂၀ အကြာတွင် နအဖ စစ်အစိုးရက ပါတီများကို ပြန်လည်ဖိတ်ကြားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကမူ ယခုနှစ် အာဇာနည်နေ့ အခမ်းအနားကို ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇာတ်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ရဲဘော် ကိုထွေးစသည့် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးတို့သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် ဂဠုန်ဦးစော၏ တပည့်များက လုပ်ကြံသဖြင့် ကျဆုံးခဲ့ရသည်။
မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။
Thursday, 15 July 2010
ပေါ်တာအဖမ်းဆီးခံထားရသူသုံးဦးအနက် တစ်ဦးထွက်ပြေးလွတ်မြောက်လာ
ဂျူရီချိုင်း။ ။ ကရင်ပြည်နယ်၊ အနန်းကွင်း-ဘုးရားသုံးဆူဒေသအကြား လှုပ်ရှားနေသည့် ခမရ ၄၀၉ တပ်ရင်း စစ်ကြောင်းမှ ပေါ်တာအဖြစ် ဖမ်းဆီးထားသည့် မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ဝင်သုံးဦးအနက် ယမန်နေ့က တစ်ဦးထွက်ပြေး လွတ်မြောက်လာသည်။
အဆိုပါ မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ဝင်သုံးဦးကို ပြီးခဲ့သောဇူလိုင်လ (၁၂) ရက်နေ့၌ စောသဗျုရွာအနီးမှ ပေါ်တာအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး အလွန်လေးလံသည့်ပစ္စည်းများဖြင့် အပလုံရွာအထိ ထမ်းခိုင်းကြောင်း လွတ်မြောက်လာသူ နိုင်ချမ်းလွန်က ပြောသည်။
“ကျွန်တော်တို့ကို ရိုက်နှက်တာတွေ မလုပ်ပေမယ့် အသက်အန္တရာယ်နဲ့ အင်မတန်နီးတာမို့ သိပ်ကြောက်တယ်၊ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တယ်၊ ဒါကြောင့် နေ့လည် ၁၂ နာရီလောက်မှာ ထွက်ပြေးလာတာ ညနေမိုးချူပ်မှ အိမ်ပြန်ရောက်တယ်” ဟု ၄င်းက ပြောသည်။
ထို့အတူ ပေါ်တာအဖြစ်ထပ်မံဖမ်းဆီးခံရထားသော တဒိင်ရွာသားနှစ်ဦးအနက် သူနှင့်အတူ တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု နိုင်ချမ်းလွန်က ပြောပြသည်။
အဆိုပါပြန်လွတ်လာသူများကို ဘုရားသုံးဆူမြို့ရှိ သက်ဆိုင်ရာမွန်ပြည်သစ်ပါတီအရာရှိတို့က တွေ့ဆုံမေးမြန်းခဲ့ပြီး ဖြစ်စဉ်ကို ခလရ ၃၂ တပ်ရင်းမှူးထံ ဆက်လက်တင်ပြခဲ့ရာ ကျန်သူအားလုံးကိုလည်း ပြန်လွှတ်ပေးပြီးဟု ပြောကြားခဲ့ကြောင်း မွန်ပြည်သစ်အရန်တပ်ဖွဲ့ဝင် ဥက္ကဌက ပြောသည်။
“သူတို့တပ်ရင်းမှူးပြောတော့ ပြန်လွှတ်ပေးလိုက်ပြီး လိမ်ပြောတာလား ဘာလားတော့ မသိဘူးလေ ပြန်ရောက် မရောက်ကိုတော့ ဆက်စုံစမ်းကြည့်ဦးမယ်” ဟု ၄င်းက ပြောသည်။
အဆိုပါ ခမရ ၄၀၉ စစ်ကြောင်းသည် ယခုအခါ ကရင်ပြည်နယ်၊ တောင်စွန်းအနီးရှိ မယ်ဇလီရွာတွင်ရောက်ရှိနေသည်ဟု သိရသည်။
ဒု-ဗိုလ်မှူးကြီး ကျော်စိုးလွင်ဦးစီးသော ခမရ ၄၀၉ တပ်ရင်းသည် စစ်ကြောင်းအင်အား အရေအတွက် ၄၀ နီးပါးရှိကြောင်း လွတ်မြောက်လာသူက ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအပစ်ခတ်ရပ်စဲသဘောတူညီချက်တစ်ရပ်တွင် မည်သည့်တပ်ဖွဲ့မှပေါ်တာဖမ်းဆီးခြင်း မပြုရဟု သဘောတူညီမှု ရှိခဲ့သည်။

Posted by
ngffbm
at
10:02
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ခြုံခိုတိုက်ခိုက်မှုကြောင့် ပြည်တွင်းမှ နယ်စပ်ဒေသသို့ ကုန်သွယ်မှုနှင့် လုံခြုံရေးများ အခက်ကြုံနိုင်
ကျလွန်းထော။ ။ မြန်မာစစ်အစိုးရတပ်ရင်းနှင့် ကေအန်ယူတပ်တို့၏ မငြိမ်သက်သည့် ခြုံခိုတိုက်ခိုက်မှုကြောင့် ပြည်တွင်းမှ နယ်စပ်ဒေသသို့ ကုန်သွယ်မှုနှင့် လုံခြုံရေးများ အခက်ကြုံနိုင်သည်ဟု ကုန်သည် အသိုင်းအဝန်းမှ သိရသည်။
ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်မြို့သို့ သွားသည့်မော်တော်ကားလမ်းတွင် ကမ်းရိုးတန်းစစ်ဌာနချုပ်မှ တပ်ရင်း ခမရ -၄၀၉ နှင့် ကေအန်ယူ (KNU) တပ်မဟာ (၆) မှ တပ်ရင်း ၁၆ နှင့် တပ်ရင်း ၁၇ တို့ ခြုံခိုတိုက်ခိုက်မှုများ ဖြစ်နေသောကြောင့် ဘုရားသုံးဆူမြို့အတွင်းရှိ ကုန်သည်များ ကူးသန်းရောင်းဝယ်ရေးများ ရပ်ဆိုင်းထားရသည်ဟု ကုန်သည်ပွဲစားများထံမှ သိရသည်။
ဇွန်လ တတိယအပတ်မှ စတင်၍ ပွဲရုံများမှ နယ်စပ်ဒေသသို့ တင်ပို့သည့်ကုန်ပစ္စည်းများကို ၄င်းခြုံခိုတိုက်ခိုက်မှုကြောင့် ကုန်သည်များက ရပ်နားခဲ့သည်။ တချို့ကုန်သည်များက ရေလမ်း ကုန်းလမ်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ရပ်နားသူများလည်းရှိသည်။
လွန်ခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် ၄င်းလမ်းကြား၌ တိုက်ခိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၃ နာရီတွင်လည်း နောက်ထပ်တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုစစ်အစိုးရတပ်နှင့် KNU တပ်တို့၏ ခြုံခိုတိုက်ခိုက်မှုတစ်လျှောက်တွင် မြန်မာစစ်တပ်များ ၃၀ ဦးခန့် ကျဆုံးသွားသည်ဟု KNU စစ်တပ်အသိုင်းအဝန်းမှ သိရသည်။
“ကေအန်ယူနဲ့ ဗမာစစ်တပ်တွေ ခဏခဏ တိုက်ခိုက်နေမယ်ဆိုရင် အဲဒီလမ်းဖြတ်ဖို့ ကျနော်တို့အတွက် လုံခြုံရေးမရှိတော့ဘူး၊ ကျနော်တို့ဖြတ်သွားတဲ့အချိန်နဲ့ သူတို့ တိုက်တဲ့အချိန် ကိုက်သွားရင် ကျနော်တို့အတွက် အန္တရယ်တွေဖြစ်စေမယ်၊ ပြီးတော့ သူတို့ဘက်က မပေးသွားဘဲ ရပ်ထားခိုင်းရင် ကျတော်တို့ ပစ္စည်းတွေလည်း နယ်စပ်ရောက်ဖို့ နှောင့်နှေးစေလိမ့်မယ်” ဟု သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူမြို့အတွင်းသို့ ကုန်ခြောက်များ ကူးသန်းရောင်းဝယ်နေသည့် ကုန်သည်တစ်ဦးက ပြောသည်။
၎င်းကုန်သည်၏အဆိုရ ထိုင်းငွေ ၁၀ သိန်းကျော် ရင်းနှီးမြှပ်နှံထားသည့် ၄င်းတို့စက်ရုံတွင် တစ်နေ့ အမြတ် ဘတ်ငွေ ၃ ထောင်နှင့် ၄ ထောင် နီးပါးရှိနေသည်။ ယခုအခြေအနေကြောင့် ပွဲရုံသို့ ပစ္စည်းမမှာယူရဲကြပေ။
“ကုန်မကူးရတော့ ဝင်ငွေလည်းမရှိ၊ ပုံမှန်လည်ပတ်နေတဲ့ အလုပ်ကလည်း နားထားရတယ်၊ အခုချိန်မှာ အမြတ်ရဖို့နေနေသာသာ အရင်းကိုပဲထိုင်စားနေရတယ်၊ ပိုက်ဆံမဝင်တော့ အိမ်ကမိန်းမလည်း မကြည်တော့ဘူးဗျ”ဟု ဘုရားသုံဆူမြို့ရှိ ကုန်သည်ကြီးတစ်ဦးက ပြောသည်။
ကုန်သည်များ၏ လုပ်ငန်းလည်ပတ်ခြင်းများထက် ၄င်းတို့၏ ကုန်စည်များအပေါ် မှီခိုနေသည့် ဘုရားသုံးဆူမြို့ပေါ်ရှိ ပြည်သူများအတွက် စားဝတ်နေရေး ပိုမို ကယက်ရိုက်ခတ်နိုင်သည်ဟု ၄င်းက ပြောသည်။
“မြို့ပေါ်က ကုန်ပစ္စည်းတွေ သွင်းလို့မရတော့ဘူးဆိုရင် နေ့စဉ် အဲဒီကုန်ပစ္စည်းတွေကို မှီခိုနေတဲ့သူတွေအတွက် စားဝတ်နေရေး အခက်အခဲတွေဖြစ်မယ်၊ ပြီးတော့ ပစ္စည်းမဝင်ရင် ကုန်ဈေးနှုန်းတွေလည်း တက်လာလိမ့်မယ်၊ ကျတော်တို့အနေနဲ့ကတော့ ဒီလမ်းမရရင် အဆင်ပြေမယ့်လမ်းကိုရှာပြီး ကုန်ကူးဖို့တော့ အစီစဉ်ရှိတယ်၊ အခြေအနေ ကြည့်ရဦးမယ်” ဟု ၄င်းက ဆက်ပြောသည်။
နေ့စဉ် ပြည်တွင်းမှ တင်သွင်းနေသည့် ကုန်ပစ္စည်များမှာ များသောအားဖြင့် စားသုံးကုန်များဖြစ်ပြီး အိမ်သုံးပစ္စည်းများနှင့် အလှကုန်များမှာ ထိုင်းနိုင်ငံမှ တင်သွင်းနေသည်ဟု ကုန်သည်ကြီးက ဆက်ပြောသည်။
“မြို့နယ်ဘက်မှာ လူဦးရေ ၁ သိန်းနီးပါးနဲ့ ဒီမြို့ပေါ်မှာက ခန့်မှန်းခြေအားဖြင့် ၅ သောင်းလောက်က နေ့စဉ်သုံးဆွဲနေတဲ့ ကုန်ပစ္စည်းတွေကို မှီခိုနေရတယ်” ဟု ၄င်းကပြောသည်။
ယခု ၂၀၁၀ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် KNU တပ်တို့ နောက်ထပ်တိုက်ခိုက်မှုများ ဖြစ်ပွားဖွယ်အလားလာ ရှိသေးသည်ဟု အမည်မဖော်လိုသည့် ဘုရားသုံးဆူမှ စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။
“ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် စစ်အစိုးရကတော့ သူ့ရဲ့ရှေ့မှာ ရှုပ်နေတဲ့ပြဿနာမှန်သမျှ ရှင်းနေဦးမှာပဲ၊ ဒီလို ခြုံခိုတိုက်ခိုက်မှုကတော့ ထပ်ဖြစ်ဖို့ အလားလာရှိသေးတယ်၊ အဲဒီလိုဖြစ်လာလိုရင် စီးပွားရေးလုပ်တဲ့သူတွေ အခက်အခဲအကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရဦးမှာဖြစ်တယ်” ဟု ၄င်းက ပြောသည်။
KNU တပ်မှာ စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲကို ဖျက်သိမ်းလိုခြင်း နှင့် ၄င်းတို့၏ ဧရိယာနယ်နိမိတ်ကို ကိုယ်တိုင်အုပ်ချုပ်နိုင်ကြောင်း ပြသခြင်းသောကြောင့် ယခုကဲ့သို့ တိုက်ခိုက်နေခြင်းဖြစ်နိုင်သည်ဟု မွန်ပြည်သစ်ပါတီမှ ဗိုလ်မှုးဟောင်း နိုင်ကောတလရော့ က သုံးသပ်ထားသည်။

09:59
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ဆွိုင်း အနှိပ်ခန်းနှင့် စားသောက်ဆိုင်ပိုင်ရှင်အမှုဖွင့်
လွတ်လပ်သောမွန်သတင်းအေဂျင်စီ။ ။ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ဆွိုင်း အနှိပ်ခန်းနှင့် စားသောက်ဆိုင်ပိုင်ရှင် စောသန်းအောင်၏ သေဆုံးသည့်အမှုကို အတူနေ၄င်း၏ချစ်သူက တရားရုံးတွင် အမှုဖွင့်လိုက်သည်။
စောသန်းအောင်၏ချစ်သူက စောသန်းအောင်သေဆုံးပြီးနောက်တနေ့တွင် ၄င်း၏အသုဘအခမ်းအနားနှင့် ၄င်း၏အမှုကို တရားရုံးတွင် ဖွင့်လိုက်ကြောင်း စောသန်းအောင်၏အသုဘအခမ်းအနားကို တက်ရောက်သူတစ်ဦးက ပြောသည်။
၎င်းအခမ်းအနားတက်ရောက်သူတစ်ဦးက “သူရဲ့အမှုကို ဖွင့်ဖို့က တရားလိုမရှိ ဖြစ်နေတယ်၊ ဒါပေမဲ့ သူနဲ့အတူနေတဲ့ ဆွိုင်းမှာရှိနေတဲ့ သူ့ချစ်သူက အမှုဖွင့်လိုက်တာ” ဟု ဆိုသည်။ စောသန်းအောင်၏ အသုဘအခမ်းအနားကို ဆွိုင်းမှ ဝန်ထမ်းများက ဦးစီးကျင်းပသည်။
စောသန်းအောင်ကို ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၉ နာရီခန့်တွင် သုံးဆူမြို့ ရပ်ကွက် (၄) ရှိ ဘိုးဘွားရိပ်သာအနီးတွင် ၄င်း၏လည်းပင်းနှင့်ပါးစပ်ကို ဝါယားကြိုးဖြင့် ချည်းနှောင်ထားပြီး၊ မျက်နှာနှင့် ဦးခေါင်းကို ဓားဖြင့် ခုတ်ထစ်ထားသည်ဟု ၄င်း၏အလောင်းကို မြင်တွေ့ခဲ့ရသူတို့က ပြောသည်။
မြန်မာဒေသခံအာဏာပိုင်တို့က စောသန်းအောင်၏အမှုမှာ လူသတ်မှုဟု ယူဆသော်လည်း ၄င်း၏သေဆုံးရသည့်အကြောင်းအရင်းကို မသိသေးပေ။
စောသန်းအောင်မှာ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ့ ၉ နာရီခန့်တွင် ၄င်းငှားရမ်းနေထိုင်သည့်တန်းလျားမှ ထွက်သွားပြီးနောက် ဘိုးဘွားရိပ်သာအနီးတွင် သေဆုံးသွားခဲ့သည်ဟု စောသန်းအောင်နှင့် နီးစပ်သူတို့က ပြောသည်။ စောသန်းအောင်သည် ဆွိုင်းအနှိပ်ခန်းနှင့် စားသောက်ဆိုင် ဖွင့်လှစ်ခဲ့သည်မှာ ၃ နှစ်ခန့်သာရှိသေးသည်။
စောသန်းအောင်မှာ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေပီစီ- KPC) မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကေပီစီသို့ ရောက်ရှိလာသည်မှာ မကြာသေးဟု ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဒုခွဲမှူးတစ်ဦးက ပြောသည်။
စာသန်းအောင် ကေပီစီသို့ ဝင်ရောက်လာခြင်းမှ ၄င်း၏စီးပွားရေးနှင့် လုံခြုံရေးအတွက်ဖြစ်ပြီး ကေပီစီမှလည်း စောသန်းအောင်ထံမှ အခွန်အကောက်ရရှိရန်အတွက် ၄င်းအဖွဲ့အတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။

09:03
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မန္တလေး၊စစ်ကိုင်း ၊စဥ့်ကူ ၊ပုသိမ်ကြီး နှင့် မြင်းမူတို့ တွင် မြစ်ရေ တိုးသဖြင့် ကမ်းပြိုမှုများဖြစ်ပွား
မန္တလေး တိုင်း အတွင်း ရှိ ဧရာဝတီ မြစ်ကမ်းပါး တစ်လျှောက် မှ မြို့ နယ်များ မှာ ဧရာဝတီမြစ်ရေ
ရုတ်တရက် တိုးမြင့် လာမှု ကြောင့် ကမ်းပါးတွင် နေ သူများ ကို အချိန် မှီ ဘေးလွတ် ရာ သို့  ပို့ 
ဆောင် ပေး နိုင်ခဲ့သော် လည်း နေအိမ် ၊ အဆောက် အဦ နှင့် ရေလုပ်ငန်း သုံးပစ္စည်း များ
အများအပြား ဆုံးရှုံး မှု ဖြစ်ပေါ် ခဲ့သည် ဟု သတင်းရရှိသည်။
မန္တလေး တိုင်း ပုသိမ်ကြီး မြို့ နယ် နှင့် စဥ့် ကူ ၊ စစ်ကိုင်း တိုင်း အတွင်း ရှိ ၀က် လက် မြို့ နယ် မှ
မြစ်ကမ်းဘေး ကျေးရွာ အချို့ မှာ မြစ်ရေ ချက်ချင်းမြင့် တက်လာပြီး ကမ်းပါးများ ပြိုကျလာသော
ကြောင့် နေ အိမ် နှင့် အဆောက်အဦ အချို့ ရေ အောက်နစ်မြုပ်သွား သည် ဟု သိရသည်။ပုသိမ်
ကြီး မြို့ နယ်တွင် မူ ထင်ရှားသော ဘုရားစေတီ အချို့  ပါ ကမ်းပါးပြိုကျမှု တွင် ပါဝင်ခဲ့သည်။
ထိုကဲ့ သို့ မြစ်ရေ တိုးမြှင့် မှု ဖြစ်ပေါ်လာ ရခြင်းမှာ မိုးတွင်းကာလ ပင်လယ်ဒီရေ တိုးခြင်း
နှင့် ကမ္ဘာကြီး ပူနွေး လာမှု အကျိုးဆက်ကြောင့် မြစ်အထက်ပိုင်းမှာ ရေခဲတောင်များ
ပိုမိုမြန်ဆန်စွာ အရေ ပျော်လာခြင်း ကြောင့် ရေစီးကြောင်း နှစ်ခု ဆုံသော နေရာတွင်
ရေစစ်သွား ပြီး မြစ်ရေ ရုတ်တစ်ရက် မြင့် တက်လာ ရခြင်း ဖြစ်သည်။
ရန်ကုန် မြို့ တွင် မူ ကျောက်တန်း မြစ် နှင့် ပဲခူးမြစ် တွင် လည်း ထူးကဲ ဒီရေ တက်ခြင်းများ
ကြုံတွေ့ နေရသည်။ ရန်ကုန် မြစ်ဝတွင် မူ ဒီရေ မြင့် တက်လာမှု များကြောင့် သီလ၀ါ
ဆိပ်ကမ်း ရှိ ဘောတံတား အချို့ တွင် သင်္ဘော ကုန်တင် ကုန်ချ လုပ်ငန်းများ ပါရပ်နား
ထားရသည် ဟု တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောသည်။
ကမ်းပါးပြိုမှု တွင် သေဆုံးသူ မှု သတင်း ကို မသိရသေးသော် လည်း ပုသိမ်ကြီး ၊မတ္တရာ
နှင့် မင်းကွန်း တွင် ကမ်းဘေး အိမ်ထောင်စုများ ကို ပြန်လည် နေရာ ချထား ပေးခြင်းမရှိ
သေးဘဲ နီးရာ ကြံ့ ဖွတ် ရုံးများ တွင် သာ ခိုလှုံ စေသည် ဟု မန္တလေး ဆေးရုံကြီးမှ ဆရာဝန်
တစ်ဦးက ပြောသည်။
ပုသိမ်ကြီး တွင် မူ ကမ်းပါး ပြိုသည့် နေရာ များ ကို သံဃာတော်များ က သွားရောက် လုပ်အား
ပေးကြသည်။

08:57
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
Freedom News Group
မူစယ်တွင် လျှပ်စစ်မီတာကြေး မြန်မာငွေ ပြောင်းလဲမည်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် တရုတ်ယွမ်ငွေဖြင့် ပေးဆောင်နေရသော လျှပ်စစ်မီတာခများကို ဇူလိုင်လကုန်ပိုင်း မှ စ၍ မြန်မာငွေဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ပြီး တစ်ယူနစ်အတွက် ကျပ် ၁၂၀ သတ်မှတ်ထားကြောင်း သိရသည်။
ဂျူလိုင်လကုန်ပိုင်းတွင် ပေးသွင်းရမည့် မီတာခကို မြန်မာငွေနှင့် ပေးဆောင်ရန် မူစယ်လျှပ်စစ်ဋ္ဌာနက ဒေသခံများထံ ယခုရက်ပိုင်းအတွင်း အကြောင်းကြားထားကြောင်း မူစယ်ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ယခင်က လျှပ်စစ်တစ်ယူနစ်အတွက် မြန်မာကျပ်ငွေ ၃၀၀ နီးပါးခန့်နှင့် ညီမျှသော တရုတ်ငွေ ၁.၄ ယွမ်မှ ၁.၆ ယွမ် အထိ ပေးဆောင်ရပြီး ယခု ကျပ် ၁၂၀ ခန့်သာ ဖြစ်သဖြင့် ဒေသခံများ သက်သာချောင်ချိလာပြီဟု ဆိုနိုင်သော်လည်းတစ်နိုင်ငံ လုံး မီတာခထက် ပိုများနေသေးကြောင်း သိရသည်။
“အရင်က တရုတ်ငွေ ၁ . ၄ ဆိုတော့ မြန်မာငွေ ၂၀၀ ကျော်တာပေါ့ အခု ၁၂၀ ဆိုတော့ မူစယ်မြို့ပြည်သူတွေ အနေနဲ့ သက်သာလာတယ်ပဲ ဆိုရမှာပေါ့ ဒါပေမဲ့ တခြားမြို့တွေမှာ မီတာခ တစ်ယူနစ်ကို ကျပ် ၅၀ပဲကောက်တာ တစ်ပြည်လုံး အတိုင်းအတာနဲ့ဆိုရင်တော့ သူများထက်ခေါင်းတစ်လုံးပိုနေတာပေါ့ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် တစ်လအတွက် မီတာဘောက်စ် ထိန်းသိန်းကြေး ကျပ် ၁၀၀၀ ထပ်မံကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ “နောက်ထပ် မီတာထိန်းသိန်းခ ၁၀၀၀ ထပ်ကောက်သေးတယ် မူဆယ်မှာ မီတာပုံးအလုံး သောင်းချီရှိတာပဲ ဒီကရတဲ့ အ ခွန် ငွေတွေ ဘယ်ရောက်သွားမှန်းမသိဘူး သူတို့စနစ်က ဘယ်လို မှန်းမသိတော့ဘူးဗျာ ” ဟု သူက ဆိုသည်။
၁၉ဂ၉ခုနှစ်မှစတင် ၀ယ်ယူသုံးစွဲခဲ့သည့် တရုတ် လျှပ်စစ်မီးအစား ရွေလီရေအား လျှပ်စစ်စက်ရုံမှ ဓါတ်အားဖြင့် ယခုနှစ်ဧပြီ လကုန်ပိုင်းတွင် အစားထိုးခဲ့ရာ မူစယ်မြို့တွင် လွန်ခဲ့သည့် ဂျွန်လအထိ မီတာခကို တရုတ်ယွမ်ငွေဖြင့် ပေးဆောင်ခဲ့ရ သည်။

08:52
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
သျှမ်းသံတော်ဆင့်
သခင်တင်မြ ပြောပြတဲ့ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစု ရာတွင် အဆင့်ဆင့် ပြောင်းလဲ လာပုံ

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစု ရာတွင် ပြည့်စုံနိုင် သမျှ ပြည့်စုံရန် မိမိတို့ ဆန္ဒ ရှိကြ ပါသည်။ ဗိုလ်ချုပ် အောင်ဆန်း ၏ ထူးချွန်သည့် ဆောင်ရွက် မှုများ၊ ဗိုလ်ချုပ် အောင်ဆန်း ၏ စရိုက် နှင့် ထူခြားသည့် အပြု အမူ ဖြစ်ရပ် များကို အများ ပြည်သူတို့ သိရှိ စေလိုရင်း ဖြစ်ပါသည်။
၂။ ထို့ကြောင့် ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း စာမူများ ရရှိရန် ယခု အချိန်တွင် သက်ရှိ ထင်ရှား ရှိနေ သေးသည့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင် ဆင်နွှဲ ခဲ့ကြသည့် လုပ်ဖော် ကိုင်ဖက်များ ထံမှ ပြောပြ ချက်များ၊ အဖြစ် အပျက်များ၊ စာများ၊ အမှတ်တရ ဓာတ်ပုံများ၊ ရုပ်ပုံများ၊ စသည် တို့ကို စုဆောင်းရန် နှင့် အကြံပေးချက် များကို ရယူရန် ဖြစ်ပါသည်။
၃။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ ပြုစုရေး အဖွဲ့တွင် ပါဝင် သူတို့မှာ
ကမကထပြုသူများ
၁။ ဗိုလ်မှူးရဲထွဋ်
၂။ သခင်တင်မြ
၃။ ရဲဘော်ဘခက်
၎။ ကိုတင်ဝင်းမြင့်(ဗိသုကာ)
၅။ ကိုကျော်အောင်(ရွှေပြည်တန်စာပေ)
ကူညီပံ့ပိုးသူများနှင့် စာမူစိစစ်မည့်သူများ
၁။ သခင်အုန်းမြင့်
၂။ သခင်သိန်းမောင်(ဝါးခယ်မ)
၃။ ဒေါ်ခင်ကြည်ကြည်
၎။ သခင်လှကွန်း
၅။ ဦးချစ်လှိုင်(ယခု ကိုကိုမောင်ကြီး)
၆။ မြန်မာ့အလင်း ဦးသန်းညွန့်
၇။ ဗိုလ်ထိန်လင်း (ဗိုလ်တထောင် သတင်းစာ၊ အယ်ဒီတာချုပ်ဟောင်း)
၈။ တက္ကသိုလ်စိန်တင်
၉။ မောင်ဝံသ
၁ဝ။ ကိုသိန်းလွင်(ဦးစာပေ)
၁၁။ ကိုမော်လင်း(စာအုပ်ဈေး)
၎။ မေးမြန်းခြင်း၊ စုဆောင်းခြင်း တို့ကို (၂ဝဝ၄) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ မှ စတင်၍ ပြုကြရန် သဘောတူကြ ပါသည်။
၅။ ပြောပြချက်များ၊ စာမူများ၊ ဓာတ်ပုံများ၊ ရုပ်ပုံများကို စုစည်း ထုတ်ဝေရန် ပြုစုပြီး ပါက အကူ အညီ ပေးသူ ကာယကံရှင် များ၏

(၁၉၅၁) ခုနှစ်၊ နိုဝင်ဘာလက ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည် ၏ တိုက်တွန်း မှုဖြင့် နတ်မောက် ဘုန်းကျော်၊ ဗိုလ်မှူး မောင်ဘို၊ အလင်းဝင် ဦးမေအောင် (ဗိုလ်ချုပ် နှင့် ဆွေမျိုးတော်တူ) သုံးဦး စုဆောင်း ပြုစု ထားသည့် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ကို ဗိုလ်သိန်းဆွေ (ကွယ်လွန်) ကမကထ လုပ်၍ ထုတ်ဝေခဲ့ ပါသည်။
(၁၉၈၈) ခုနှစ ခန့်တွင် ဗိုလ်ချုပ်ကြီး စန်းယု နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး လက်ထက်တွင် သမိုင်း ကော်မရှင် နှင့် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနမှ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိကို တာဝန်ခံ ပြုစုခဲ့ရာ စာမူ အဖြစ် ပြီးစီး နေပြီ ဖြစ်သော်လည်း ဘာကြောင့်မှန်း မသိ၊ စာအုပ် အဖြစ် ရိုက်နှိပ် ထုတ်ဝေခြင်း မပြုဘဲ၊ လက်နှိပ်စက် စာမူ အဖြစ်သာ ရှိနေသည်ကို တွေ့ရ ပါသည်။ ဤ စာအုပ်ကို ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနမှ ပညာရှင် (၆) ဦး စုပေါင်း၍ အပိုင်းလိုက် တာဝန်ယူ ပြုစု ခဲ့ခြင်း ဖြစ်ပါသည်။ ဤစာမူကို (၂ဝဝ၅) ခုနှစ်တွင် ဒေါက်တာ ခင်လှဟန်ထံ မှ သခင်တင်မြ တွေ့ခဲ့ သဖြင့် ခေတ္တငှားပြီး လက်နှိပ်စက် စာမူကို အဖွဲ့ အတွက် မိတ္တူကူးယူခဲ့ ပါသည်။
အထက်ပါ သမိုင်း ကော်မရှင် နှင့် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာန တို့က ပြုစု ခဲ့သော ''ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ'' သည် အဘယ်မျှ ပြီးပြည့်စုံ သည်ကို မိမိ အနေဖြင့် မဖတ်ရ သေးသဖြင့် မသိရှိ သေးကြောင်း သခင် တင်မြ က ရှင်းပြသည်။ မည်သူ့ပင် ဖြစ်စေ လက်နှိပ်စက် စာမူ အဖြစ်သို့ ရောက်နေပြီး ဖြစ်သဖြင့် အခွင့်သာ ပါက ယင်း စာမူကို ကျွမ်းကျင်သည့် သမိုင်း ပညာရှင်များ၊ လေ့လာ ဖတ်ရှု ပြီးပြည့်စုံသည် ထက် ပြည့်စုံသည့် အထိ ထပ်မံ ကြိုးပမ်း ကြမည် ဆိုပါက ခိုင်လုံ ပြည့်စုံသည့် '' ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ'' ပုံနှိပ်ပြီး စာအုပ် အဖြစ် ထွက်ပေါ် လာမည်ဟု မျှော်လင့်ရ ပါသည်။
(၂ဝဝ၄) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် ကမကထ လုပ်သူများ တွေ့ဆုံ ပွဲတွင် ဗိုလ်မှူး ရဲထွဋ်၏ ပြောကြား ချက်
(၁) ''ဒီနေ့ ဗိုလ်ချုပ် အောင်ဆန်း နှင့် ပတ်သက်လို့ ကျွန်တော့် ယုံကြည်မှုကို ပြောလို ပါတယ်။ (၁၈၈၅) ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့က သီပေါ ဘုရင်ကို နန်းချပြီး မြန်မာနိုင်ငံ ကို နယ်ချဲ့အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ နယ်ချဲ့အင်္ဂလိပ် တို့ရဲ့ ကျွန်နိုင်ငံ ဖြစ်သွား ပါတယ်။ (၁၉၄၈) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ကျမှ လွတ်လပ် တဲ့ မြန်မာ နိုင်ငံ လွတ်လပ်တဲ့ မြန်မာ လူမျိုး ဘဝ ပြန်ရောက် ခဲ့ရတယ်။
(၂) လွတ်လပ်တဲ့ မြန်မာ နိုင်ငံ ပေါ်ထွန်း လာအောင် ရဲရဲ ဝံ့ဝံ့ တိုက်ပွဲဝင် ခဲ့ကြတဲ့ သူရဲကောင်းတွေ၊ အသက် စွန့်လွှတ်ဖို့ ဝန်မလေးတဲ့ အာဇာနည် တွေ အဲဒီ သူရဲကောင်း အာဇာနည် တွေဟာ မြန်မာ့ သမိုင်းမှာ အမြောက် အမြား ရှိခဲ့ ပါတယ်။
(၃) လွတ်လပ်ရေး တိုက်ပွဲ အတွင်း မှာ ကျွန်တော် လေးလေး စားစား ရှိခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင် (၁၄) ဦးခန့် ရှိခဲ့ ပါတယ်။ ကျွန်တော် နှင့် တွေ့ဆုံ ဆံဆက်ခြင်း မရှိဘူးတဲ့ ခေါင်းဆောင် တွေလည်း ရှိပါတယ်။
အဲဒီ ခေါင်းဆောင်တွေ ထဲမှ ဗိုလ်ချုပ် အောင်ဆန်း ကတော့
(က) လွတ်လပ်ရေး ရရှိအောင် မှန်ကန်တဲ့ နိုင်ငံရေး လမ်းစဉ် နှင့် စည်းရုံး နိုင်မှု။
(ခ) လွတ်လပ်ရေး အတွက် စစ်ရေး နှင့် ပတ်သက်လို့ တပ်မတော်ကို ခေါင်းဆောင် ဖွဲ့စည်းနိုင်ရုံသာ မက ကမ္ဘာ့ပတ် ဝန်းကျင် အခြေ အနေနှင့် ဆက်စပ်ကာ မှန်ကန်တဲ့ တိုက်ပွဲ ပုံစံ နည်းဗျူဟာ ချမှတ်ပြီး စစ်ပွဲ ဆင်နွှဲနိုင်မှု။
(ဂ) လွတ်လပ်ရေး ရရှိအောင် တိုင်းရင်းသား လူမျိုးများ ကို စည်းလုံး ညီညွတ်မှု ရရှိအောင် စည်းရုံး နိုင်မှု နှင့် တိုင်းရင်းသား လူမျိုး များ၏ လေးစား ချစ်ကြည် ခံရမှု။
(ဃ) ခေါင်းဆောင်တွေ အတွက် အထူး လိုအပ်တဲ့ ကိုယ်ကျင့် သိက္ခာ အပြည့် အဝရှိမှု၊ အထူး သဖြင့် ပြည်သူ လူထုကြီး ၏ ချစ်ကြည် လေးစားမှု ရရှိရုံသာ မက ရန်သူများ ကပင် လေးစား ခံရမှု စသည့် စွမ်းဆောင်မှု အရည် အချင်းတွေ ရှိသည်ဟု ကျွန်တော် ယုံကြည် ပါတယ်။
ကျွန်တော့် အမြင် သဘောထား ကတော့ မြန်မာ နိုင်ငံကို ကျွန်နိုင်ငံ၊ ကျွန် ဘဝကနေ လွတ်လပ်တဲ့ လူမျိုး ဘဝ ရောက်လာအောင် ဗိုလ်ချုပ် အောင်ဆန်း ကြိုးပမ်း ဆောင်ရွက် နိုင်ခဲ့တယ်။ ကုန်ကုန် ပြောရမယ် ဆိုရင် ဗိုလ်ချုပ် အောင်ဆန်း ဟာ သူ့ အသက် သွေးနဲ့ လဲပြီး မြန်မာ တစ်မျိုးသားလုံး လွတ်လပ်တဲ့ လူမျိုး ဘဝ ရောက်အောင် သွေးလမ်း ခင်းပေး ခဲ့တယ်။ ဒါ ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဟာ '' တုလွတ် ကင်းတဲ့ ခေါင်းဆောင်'' ဖြစ်တယ်လို့ ကျွန်တော် စွဲစွဲ မြဲမြဲ ခံယူထား ပါတယ်။ ယနေ့ထက် ထိလဲ အဲဒီ ယုံကြည်ချက် အတိုင်းပါဘဲ။ ဒါကြောင့် ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ်အောင်ဆန်း'' အတ္ထုပ္ပတ္တိ စာမူများကို စုဆောင်း ဖြန့်ဝေဖို့ ဆန္ဒ ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ကျွန်တော် သိရ သလောက်၊ ကျွန်တော့် အမြင်၊ သဘောထားကို ပြောပါ ရစေ။ ကျွန်တော် သိရ သလောက်၊ အတ္ထုပ္ပတ္တိ၊ ဝတ္ထု၊ ဆောင်းပါး၊ မှတ်တမ်း ဝေဖန်ရေး စာတမ်း စသည်ဖြင့် ရေးသား ပုံနှိပ် ဖြန်ချိ နေကြ တာတွေဟာ သမိုင်း မှတ်တမ်းတင် ကျန် ရှိလို တာကြောင့် လူတွေ အသိတရား ရစေ လိုတာကြောင့် လွဲမှားစွာ ဖော်ပြထား တာကို အမှန် ဖြစ်စေ လိုတာကြောင့် တာဝန် အရ ရေးရ တာကြောင့် အချို့ကျတော့ မိမိကိုယ်ကို ထင်ပေါ် စေလို တာကြောင့် အခ ငွေကြေး ရလို တာကြောင့် စတဲ့ အမျိုးမျိုးသော အကြောင်း တွေ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခု ပြုစုမဲ့ စာမူ ကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကာယကံမြောက် အလုပ် အကျွေးပြု ကျေးဇူးဆပ်မယ့် အလုပ်ပါ။ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကြိုးစား ရအောင်ပါ။
စုန်ရေ နှင့် ဆန်ရေ
ဗိုလ်ချုပ် အောင်ဆန်းက ကျွန်တော် အပါ အဝင် မြန်မာ တစ်မျိုးသားလုံး ကို ကျွန် ဘဝက လွတ်လပ်တဲ့ ဘဝ ရောက်အောင် လုပ်ပေးခဲ့ တာဟာ ဘယ်သူမှ ယှဉ် မရနိုင်တဲ့ မိဘရဲ့ စုန်ရေ တာဝန်ကို ဆောင်ရွက်ခဲ့ တာပါ။ သား သမီး တွေရဲ့စားဝတ် နေရေး အတွက် ပင်ပင် ပန်းပန်း လုပ်လုပ် ကြရတာက ရေဆန်ပါ။ အခု ကျွန်တော် တို့က ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း'' စာမူများ ရရှိ လာအောင် ကြိုးစား ရတာ ကလဲ ဗိုလ်ချုပ် အောင်ဆန်း အတွက် သားသမီး တွေ ဖြစ်တဲ့ ကျွန်တော်တို့ တစ်တွေက အလုပ် အကြွေး ပြုတာဟာ ဆန်ရေ ပါ။ စုန်ရေ မဟုတ်ပါ။ ကြိုးစား ရအောင်ပါ။ ကျွန်တော် တို့တစ်တွေ သားသမီးတွေ အတွက် စုန်ရေရော ဆန်ရေပါ လုပ်ခဲ့ ကြသူတွေ ပါ။ အခု ကတော့ သခင် ဗိုလ်ချုပ် အတွက် ဆန်ရေ တာဝန်ကို ထမ်းဆောင် ကြပါစို့'' ဟု ဗိုလ်မှူး ရဲထွဋ် ပြောကြား ခဲ့ပါသည်။
(၂ဝဝ၄) ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ တွေ့ဆုံ ပွဲတွင် သခင် တင်မြက အောက်ပါ စာတမ်းငယ် နှစ်စောင်ကို တင်ပြခဲ့ ပါသည်။
(၁) စာမူစိစစ်ရာတွင် အထောက် အကူ ဖြစ်စေရန်
ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိကို ပုံနှိပ် ထုတ်ဝေ ထားသည့် စာအုပ်များ ရှိပါသည်။ ထုတ်ဝေ ပြီးသော စာအုပ် များထက် တတ်နိုင် သမျှ ပိုမို ပြည့်စုံသည့် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ဖြစ်စေရန် ကျွန်တော်တို့ အားလုံး ဆန္ဒ ရှိကြ ပါသည်။ ယင်းဆန္ဒကို ဖြည့်ဆည်း ပေးနိုင် သူများမှာ ဗိုလ်ချုပ် အောင်ဆန်း နှင့် တစ်ချိန်က ကိုယ်တိုင် ကိုယ်ကျ ထိတွေ့ဆက်ဆံဖူး ကြသည့် သက်ရှင် ထင်ရှား ရှိနေသေးသည့် ပုဂ္ဂိုလ် များသာ ဖြစ်ပါသည်။
ထို့ကြောင့် ယင်း ပုဂ္ဂိုလ်များ ထံမှ - လွတ်လပ်သည့် နိုင်ငံ၊ လွတ်လပ်သည့် လူမျိုး ဖြစ်လာ စေရန် ဗိုလ်ချုပ် နှင့် အတူ ဆောင်ရွက်ခဲ့သူ များသည်-
ဗိုလ်ချုပ် အောင်ဆန်း ၏ နိုင်ငံရေး အရ ခေါင်းဆောင်မှု၊
စီးပွားရေး နှင့် ပတ်သက်၍ လမ်းညွှန်မှု။
စစ်ရေး အရ စွမ်းဆောင် နိုင်မှု။
လူမှုရေး နှင့် ပတ်သက်၍ မှန်ကန်စွာ ကျင့်သုံးမှု
အကျင့် သိက္ခာ နှင့်ပတ်သက်၍ သန့်ရှင်း စင်ကြယ်မှု
တိုင်းရင်းသား လူမျိုး များ၏ ယုံကြည် လေးစား ခံရမှု
နိုင်ငံသူ နိုင်ငံသား အများစု ကြီး၏ ချစ်ခင် လေးစား ယုံကြည် အားထား ဂုဏ်ပြု ခံရမှု
စသည် တို့နှင့် ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်း ၏ ထူးခြားသော ဆောင်ရွက် မှုများ၊ မိန့်ခွန်းများ၊ မှတ်စု မှတ်တမ်း များကို စုဆောင်းရန်။ ယင်း စာမူများ ရရှိရန် အတွက် ဗိုလ်ချုပ် အောင်ဆန်း နှင့် လွတ်လပ်ရေး နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲ များတွင် အတူ တကွ ပါဝင်ခဲ့ သူများ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ထိတွေ့ ဆက်ဆံ ခဲ့ပြီး ယနေ့တိုင် သက်ရှင် ထင်ရှား ရှိနေကြသည့် ပုဂ္ဂိုလ် များထံ သွားရောက် မေးမြန်း စုဆောင်း ပါမည်။
စာမူ စိစစ်ရေး ပုဂ္ဂိုလ်များ မေးမြန်း စုဆောင်း ရရှိသည့် မှတ်တမ်းနှင့် စာမူ များကို
(က) ဗိုလ်ချုပ် အောင်ဆန်း အား တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ ဂုဏ်သိက္ခာ ထိခိုက် စေမည့် အချက် အလက် များကို ပယ်ဖျက် ပစ်ရန်။
(ခ) မိမိ သိရှိ ထားသည့် အချက် အလက် များသည် အဖြစ်မှန် နှင့် ကွဲလွဲ နေပါက မှားသည့် အရာ များကို ပယ်ဖျက်ပြီ အမှန် ကိုသာ ဖော်ပြရန်။
(ဂ) အကြောင်း အရာ မှန်သော်လည်း မပြည့်စုံ ပါက ဖြည့်စွက် ပေးရန်။ စိစစ်ပြီး စာမူ များကို ပုံနှိပ် ထုတ်ဝေ နိုင်ရန် အတွက် စာမူရှင်၏ သဘောတူညီမှုကို ရယူပါမည်။ စာမူရှင်၏ သဘော တူညီမှု ရရှိပြီး ပါက စာအုပ် အဖြစ် စုစည်း၍ သက်ဆိုင်ရာ အစိုးရ ဌာန၏ ခွင့်ပြု မှုကို ရယူ ပါမည်။
ခွင့်ပြုမှု ရရှိ ပါက စာအုပ် အဖြစ် ပုံနှိပ် ပါမည်။ ပုံနှိပ်ပြီး ပါက ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ်အောင်ဆန်း'' စာအုပ်ကို
(၁) ပြည့်စုံနိုင် သမျှ ပြည့်စုံသော ဗိုလ်ချုပ် အောင်ဆန်း စာအုပ် ဖြစ်ပေါ် လာရေး အတွက် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနသို့ ပေးပို့ရန်။
(၂) စာမူ များကို စာအုပ် အဖြစ် ပုံနှိပ်နိုင်ရေး အတွက် လိုအပ်သည့် ငွေကြေး ကို ခေတ္တ စိုက်ထုတ် ပေးသည့် ပုဂ္ဂိုလ် များအား ပြန်လည် ပေးဆပ်ရန်။ ယနေ့ အထိ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ အတွက် ခေတ္တ ငွေချေးငှားခြင်း မပြုခဲ့ ရပါ။ ကုန်ကျ စရိတ် များကို ကမကထ ပြုသူများ တစ်ခါ ထည့်ဝင်လျှင် ကျပ် ၁ဝဝဝဝိ/- ၊ ၂ဝဝဝဝိ/ - လစဉ် ထည့်ဝင် ခဲ့ခြင်း စေတနာ ရှိသူ များက လည်း ကျပ်ငွေ ၁ဝဝဝဝဝိ/-စီ ထည့်ဝင် ကြခြင်းများ ရှိခဲ့ ပါသည်။
(၃) ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်ကို ဈေးအသက်သာဆုံး နှုန်းဖြင့် ရောင်းချရန်။
''ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း'' စာအုပ် ပြည့်စုံ ပြီးမြောက်စေရန် အတွက် စာမူ စိစစ်သူ ပုဂ္ဂိုလ်များ အနေဖြင့် အကြံပေး ပါရန် နှင့် တတ်နိုင် ပါက ငွေအား ပစ္စည်းအား တို့ဖြင့် ကူညီကြပါရန် အသိပေး တိုက်တွန်း ပါသည်ဟု ဗိုလ်မှူးရဲထွဋ်က ပြောခဲ့ ပါသည်။
သခင်တင်မြ ၁၉/၆/၂ဝ၁ဝ ( လျှပ်တပြက် )
Posted by
ngffbm
at
08:48
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
ဟံသာဝတီသတင်း
ယာဉ်စီးခ လက်မှတ် ဖြတ်ပိုင်း နောက်တွင် ကြော်ငြာရန် ဖိတ်ခေါ်

Posted by
ngffbm
at
08:46
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
ဟံသာဝတီသတင်း
ရန်ကုန်တိုင်းတွင် ကြံ့ဖွံ့ပါတီရုံးများ ဖွင့်တော့မည်
ရန်ကုန်မြို့တွင် ယမန်နေ့က စတင်ကာ ကြံ့ဖွံ့အသင်းရုံးများအားလုံးကို ဆိုင်းဘုတ်ဖြုတ်နေပြီဖြစ်ကြောင်း ကြံဖွံ့ စည်းရုံးရေးမှူးတဦးက ပြောသည်။
သြဂုတ်လဆန်းပိုင်း၌ ရန်ကုန်တိုင်းတခုလုံးတွင် ကြံ့ဖွံ့ပါတီရုံးများကို ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ရုံးခန်းကို ဖွင့်ပွဲလုပ်မယ် မလုပ်ဘူးတော့ ပြောမရသေးဘူး။ ကျနော်တို့ကတော့ စည်းရုံးရေးတွေ ဆင်းနေတာ နေ့တိုင်းပဲ၊ ဒါပေမယ့် လောလောဆယ် ပါတီအမည်ကို မသုံးဘဲလုပ်နေတာပါ” ဟု ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလတွင် ပြုလုပ်မည်ဟု အစောပိုင်းကပင် သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့ထိ နအဖ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွေက ယခုနှစ်တွင် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မည်ဟု အကြိမ်ကြိမ်ပြောဆိုမှုများကို နိုင်ငံပိုင်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။
“ရွေးကောက်ပွဲကတော့ လုပ်ပါလိမ့်မယ်၊ ကျနော်တို့ သိရသလောက်တော့ အောက်တိုဘာမှာ မဟုတ်သေးဘူး၊ ဒီဇင်ဘာတောင် ဖြစ်သွားနိုင်တယ်လို့ကြားပါတယ်” ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးမှ အရာရှိသူတဦးက ပြောသည်။
၂၀၁၀ ပြည့်နှစ် ကျင်းပမည့်ရွေးကောက်ပွဲအတွက် ပါဝင်ကြမည့် ပါတီများကို စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် ဧပြီ (၂၈) ရက်မှ စတင်မှတ်ပုံတင်ခွင့်ပြုခဲ့သည်။
ခေတ်ပြိုင်သတင်းထောက် တက်လူ ရေးသားသည်။

08:42
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
ခေတ်ပြိုင်
ဗိုလ်ချုပ်မှူးကြီး၏ မြေး ယာဉ်မတော် တဆဖြစ် ဟုဆို
စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်သည် လွန်ခဲ့သည့် တပတ်က ၎င်း၏ နေအိမ် အနီးတွင် ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖိုးလပြည့်သည် သူငယ်ချင်းများနှင့် နိုက်ကလပ်က အပြန် ၎င်း၏ နေအိမ်ခြံရှေ့ မရောက်ခင် လမ်း အကွေ့ တနေရာ၌ ကားမတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း တစုံတရာ ထိခိုက်ခြင်း မရှိကြောင်း စစ်အစိုးရ ဗိုလ်ချုပ် သားသမီး များနှင့် နီး စပ်သူ တဦးက ပြောသည်။
ကား မတော်တဆ ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ် သားသမီးများနှင့် နီးစပ်သူက အတည်ပြု သော်လည်း အသေးစိတ် အချက် အလက်များ ကိုမူ မသိရှိရ သေးကြောင်း ဆိုသည်။
တချို့ သတင်း ရပ်ကွက် များကမူ ဖိုးလပြည့်သည် ၎င်း၏ သူငယ်ချင်းများနှင့် ကားပြိုင် မောင်းရင်း ကားမှောက် ခဲ့ကြောင်း၊ ဒဏ်ရာ အနည်းငယ် ရသောကြောင့် ကျောင်းမတက် နိုင်သည်မှာ ၁၀ ရက်ခန့် ရှိပြီ ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာပိုင် အသိုင်းအ၀န်းမှ သားသမီးများနှင့် ငွေကြေးတတ်နိုင်သော အသိုင်းအ၀န်းမှ သားသမီးအများစုမှာ ကား အကောင်းစားများကို စိတ်ဝင်စားကြပြီး အပြိုင် အဆိုင်စီးကြသော အလေ့အထရှိသည်ဟု သိရသည်။
ဖိုးလပြည့်သည် ပြိုင်ကားများကို အလှဆင်ရာတွင် ၀ါသနာပါသူ တဦးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။
ယခု လက်ရှိတွင် ဖိုးလပြည့်သည် ဥက္ကာဦးသာ (ဒီဂျေ) နှင့် သီချင်း တိုက်နေကြောင်းလည်း ဂီတအသိုင်းအ၀န်းနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။
ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။
ဖိုးလပြည့်သည် သူငယ်ချင်းများနှင့် နိုက်ကလပ်က အပြန် ၎င်း၏ နေအိမ်ခြံရှေ့ မရောက်ခင် လမ်း အကွေ့ တနေရာ၌ ကားမတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း တစုံတရာ ထိခိုက်ခြင်း မရှိကြောင်း စစ်အစိုးရ ဗိုလ်ချုပ် သားသမီး များနှင့် နီး စပ်သူ တဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ - မိုးမခ)
တချို့ သတင်း ရပ်ကွက် များကမူ ဖိုးလပြည့်သည် ၎င်း၏ သူငယ်ချင်းများနှင့် ကားပြိုင် မောင်းရင်း ကားမှောက် ခဲ့ကြောင်း၊ ဒဏ်ရာ အနည်းငယ် ရသောကြောင့် ကျောင်းမတက် နိုင်သည်မှာ ၁၀ ရက်ခန့် ရှိပြီ ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာပိုင် အသိုင်းအ၀န်းမှ သားသမီးများနှင့် ငွေကြေးတတ်နိုင်သော အသိုင်းအ၀န်းမှ သားသမီးအများစုမှာ ကား အကောင်းစားများကို စိတ်ဝင်စားကြပြီး အပြိုင် အဆိုင်စီးကြသော အလေ့အထရှိသည်ဟု သိရသည်။
ဖိုးလပြည့်သည် ပြိုင်ကားများကို အလှဆင်ရာတွင် ၀ါသနာပါသူ တဦးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။
ယခု လက်ရှိတွင် ဖိုးလပြည့်သည် ဥက္ကာဦးသာ (ဒီဂျေ) နှင့် သီချင်း တိုက်နေကြောင်းလည်း ဂီတအသိုင်းအ၀န်းနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။
ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။
Posted by
ngffbm
at
07:45
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
ဧရာဝတီသတင်း
စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှု တနှစ်တိုးရန် အတည်ပြု
စစ်အစိုးရအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို တနှစ်သက်တမ်း ထပ်မံ တိုးမြှင့်ရန် အမေရိကန် အောက်လွှတ်တော်မှ အတည်ပြု လိုက်ကြောင်း သတင်းရရှိသည်။
မြန်မာ နိုင်ငံအတွင်း နိုင်ငံရေး ပြောင်းလဲမှုများ တိုးတက်လာမှု မရှိသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ပိုမိုဆိုးရွားလာသဖြင့် ယခုကဲ့သို့ စီးပွားရေး ပိတ်ဆို့အရေးယူမှု သက်တမ်းကို ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အောက်လွှတ်တော် အမတ်များက ပြောသည်။
ယမန်နေ့က ပြုလုပ်ခဲ့သော အောက်လွှတ်တော် အမတ်များ၏ မဲခွဲဆုံးဖြတ်မှုကို အမေရိကန်သမ္မတ အိုဘားမားထံသို့ လက်မှတ်ထိုးရန် ပေးပို့မည်ဖြစ်သည်။ မစ္စတာ အိုဘားမား လက်မှတ်ထိုးပြီးမှသာ မြန်မာနိုင်ငံအပေါ် ထပ်မံတိုးမြှင့်မည့် စီးပွားရေး ပိတ်ဆို့အရေးယူမှု တရားဝင်ဖြစ်လာမည် ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ ဖြစ်သူ မစ္စတာ ပီ ဂျေ ခရော်လေ က “မြန်မာနိုင်ငံက အခြေအနေတွေဟာ အခုဆိုရင် ဆိုးသည်ထက် ဆိုးနေပါပြီ။ ဒါကြောင့် အခုအချိန်ဟာ မြန်မာနိုင်ငံအပေါ် ဖိအားတွေကို တိုးဖို့ အချိန်ကျရောက်လာပါပြီ” ဟု သတင်းထောက်များကို ပြောသည်။
ယခုကဲ့သို့ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှု သက်တမ်း တိုးမြှင့်လိုက်ခြင်းကို အမေရိကန်အခြေစိုက် US Campaign for Burma က ထောက်ခံ ကြိုဆိုလိုက်ကြောင်းလည်း သိရသည်။
US Campaign for Burma အဖွဲ့၏ ညွှန်ကြားရေးမှူးဖြစ်သူ ကိုအောင်ဒင်က “အမေရိကန် အောက်လွှတ်တော်ဟာ သူတို့ရဲ့ စစ်အစိုးရအပေါ်ထားရှိတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးသေးသရွေ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်သရွေ့တော့ အမေရိကန်နိုင်ငံဟာ သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် မစ္စတာ ဂျိုးဇက် ခရော်လေကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူမှာ စစ်အစိုးရဖြစ်ပြီး ၎င်းအနေဖြင့် စစ်အစိုးရကို တာဝန်ယူမှုများ လုပ်လာနိုင်ရန်အတွက် အားစိုက်ကြိုးစားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောဆိုသွားသည်။
အမေရိကန်လွှတ်တော်က ၂၀၀၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (၂၀၀၃)” ကို ပြဋ္ဌာန်းကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို စတင်လုပ်ဆောင်ခဲ့သည်။
ထိုဥပဒေအောက်တွင် စစ်အစိုးရကို ထောက်ပံ့မှုများမဖြစ်စေရန် မြန်မာနိုင်ငံမှ ကုန်စည်များ တင်သွင်းခွင့်ကို ပိတ်ဆို့ခြင်း၊ အမေရိကန်နိုင်ငံတွင် ရှိနေသော စစ်အစိုးရ အသိုင်းအဝန်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်း၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ပံ့ပိုးခြင်းစသည်ဖြင့် အခန်း ၉ ခန်း ပါဝင်သည်။
၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ တင်ပို့ခွင့်ကို ပိတ်ပင်သည့် ဥပဒေတရပ်ကိုလည်း အမေရိကန်က ပြဋ္ဌာန်းခဲ့သေးသည်။
ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။
မြန်မာ နိုင်ငံအတွင်း နိုင်ငံရေး ပြောင်းလဲမှုများ တိုးတက်လာမှု မရှိသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ပိုမိုဆိုးရွားလာသဖြင့် ယခုကဲ့သို့ စီးပွားရေး ပိတ်ဆို့အရေးယူမှု သက်တမ်းကို ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အောက်လွှတ်တော် အမတ်များက ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ ပီဂျေ ခရော်လေ
အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ ဖြစ်သူ မစ္စတာ ပီ ဂျေ ခရော်လေ က “မြန်မာနိုင်ငံက အခြေအနေတွေဟာ အခုဆိုရင် ဆိုးသည်ထက် ဆိုးနေပါပြီ။ ဒါကြောင့် အခုအချိန်ဟာ မြန်မာနိုင်ငံအပေါ် ဖိအားတွေကို တိုးဖို့ အချိန်ကျရောက်လာပါပြီ” ဟု သတင်းထောက်များကို ပြောသည်။
ယခုကဲ့သို့ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှု သက်တမ်း တိုးမြှင့်လိုက်ခြင်းကို အမေရိကန်အခြေစိုက် US Campaign for Burma က ထောက်ခံ ကြိုဆိုလိုက်ကြောင်းလည်း သိရသည်။
US Campaign for Burma အဖွဲ့၏ ညွှန်ကြားရေးမှူးဖြစ်သူ ကိုအောင်ဒင်က “အမေရိကန် အောက်လွှတ်တော်ဟာ သူတို့ရဲ့ စစ်အစိုးရအပေါ်ထားရှိတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးသေးသရွေ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်သရွေ့တော့ အမေရိကန်နိုင်ငံဟာ သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် မစ္စတာ ဂျိုးဇက် ခရော်လေကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူမှာ စစ်အစိုးရဖြစ်ပြီး ၎င်းအနေဖြင့် စစ်အစိုးရကို တာဝန်ယူမှုများ လုပ်လာနိုင်ရန်အတွက် အားစိုက်ကြိုးစားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောဆိုသွားသည်။
အမေရိကန်လွှတ်တော်က ၂၀၀၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (၂၀၀၃)” ကို ပြဋ္ဌာန်းကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို စတင်လုပ်ဆောင်ခဲ့သည်။
ထိုဥပဒေအောက်တွင် စစ်အစိုးရကို ထောက်ပံ့မှုများမဖြစ်စေရန် မြန်မာနိုင်ငံမှ ကုန်စည်များ တင်သွင်းခွင့်ကို ပိတ်ဆို့ခြင်း၊ အမေရိကန်နိုင်ငံတွင် ရှိနေသော စစ်အစိုးရ အသိုင်းအဝန်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်း၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ပံ့ပိုးခြင်းစသည်ဖြင့် အခန်း ၉ ခန်း ပါဝင်သည်။
၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ တင်ပို့ခွင့်ကို ပိတ်ပင်သည့် ဥပဒေတရပ်ကိုလည်း အမေရိကန်က ပြဋ္ဌာန်းခဲ့သေးသည်။
ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။
Posted by
ngffbm
at
07:43
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
ဧရာဝတီသတင်း
မုံရွာရဲစခန်းတွင် ဖမ်းဆီးထားသူတဦး စစ်ဆေးရင်း သေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ရဲက ရိုက်နှက် စစ်ဆေးရာမှ ဖောက်ထွင်းမှု သံသယဖြင့် ဖမ်းဆီးခံထား ရသူတဦး ယနေ့ နံနက်ပိုင်းက သေဆုံး သွားကြောင်း သတင်းရရှိသည်။
“မနက် (၁၀) နာရီ လောက်မှာ သူ့မိန်းမက သူ့ယောက်ျားကို သေအောင် ရိုက်တဲ့ရဲတွေကို မကျေနပ်ဘူး ၊ အထက်ကို တိုင်မယ် ၊ ဘုရားကယ်ပါ ၊ တရားကယ်ပါနဲ့ ရပ်ကွက်ထဲမှာ အော်ဟစ်နေတော့မှ သေသွားပြီဆိုတာ သိကြရတာ"ဟု မုံရွာ ဒေါနခြံ ရပ်ကွက် သားတဦးက ပြောသည်။
မုံရွာ ဒေါနခြံရပ်ကွက်အတွင်းရှိ ဒေါ်စန်းရီ၏ နေအိမ်ကို ယခုလ ၁၁ ရက်နေ့လယ်ပိုင်းက ဖောက်ထွင်းခိုးယူခံခဲ့ရရာ ငွေကျပ် သိန်း ၅၀ ဖိုးခန့် ပါသွားခဲ့ကြောင်း သိရသည်။
ဖောက်ထွင်းခံရသည့် နေ့မှာပင် တရပ်ကွက်တည်းနေ ကိုရှမ်းကြီး ဆိုသူကို ရဲက မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရိုက်နှက်ခံဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ သေဆုံးမှုနှင့်စပ်လျဉ်း၍ မုံရွာအမှတ် (၁) ရဲစခန်းသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။
မြန်မာနိုင်ငံအတွင်း ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် ကိုယ်အင်္ဂါချို့တဲ့ရသူများ ၊ အသက်ဆုံးရှုံးရသူများရှိနေသော်လည်း အာဏာပိုင်များက တရားဝင်ထုတ်ပြန်လေ့မရှိပေ။
ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။

07:32
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
ဧရာဝတီသတင်း
ဇာဂနာ၏ ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ ဈာပန စည်ကား
ရန်ကုန်မြို့ ရေဝေး သုသာန်၌ ယနေ့ နေ့လယ်က ပြုလုပ်သော နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ၏ ဈာပန အခမ်းအနားကို နိုင်ငံရေး၊ စာပေနှင့် အနုပညာ နယ်ပယ်စုံမှ စည်ကားစွာ လိုက်လံပို့ဆောင် ကြကြောင်း သတင်းရရှိသည်။
“နိုင်ငံရေးနဲ့ စာပေ အနုပညာ နယ်ပယ်က များတယ်။ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေလည်း လာတယ်။ ဆရာကြီးကို ချစ်ခင်တဲ့ နယ်ပယ်စုံက လူတွေ လာတာ ထောင်ကျော်မယ်”ဟု ဈာပန လိုက်ပါ ပို့ဆောင်ခဲ့သူ စာနယ်ဇင်းသမား တဦးက ပြောသည်။
ယမန်နေ့ ညနေက ဆရာကြီးကွယ်လွန်ပြီး ယနေ့ နေ့လယ်တွင် သင်္ဂြိုဟ်သောကြောင့် ဆရာကြီး နန်းညွန့်ဆွေ၏ ကိုယ်ရေး အကျဉ်း လက်ကမ်းစာစောင်ပင် ရိုက်နှိပ်ချိန် မရလိုက်ကြောင်း၊ ဆရာကြီးကို ချစ်ခင်လေးစားကြသူ အားလုံးကို အကြောင်း ကြားချိန် မရလိုက်ကြောင်း အဆိုပါ စာနယ်ဇင်းသမားက ပြောဆိုသည်။
“မနေ့က ညနေ ၅ နာရီလောက်က ဆုံးသွားတယ်။ ဆုံးတဲ့ အချိန်ဘေးမှာ သားလတ် ကိုတေဇ ရှိနေတယ်။ အိပ်ရင်းနဲ့ပဲ ဆုံးသွားတာ။ မကွယ်လွန်ခင်က ကိုသူရ(ဇာဂနာ)ဆီတော့ စာတစောင်ရေးထားခဲ့တယ်။ ကျမလည်း ဖတ်တော့ဖတ်မကြည့် ရသေးဘူး”ဟု ဇာဂနာ၏ ခယ်မ မငြိမ်းက ပြောသည်။
အသက် ၈၇ နှစ်အရွယ်ရှိ ဆရာကြီး နန်းညွန့်ဆွေသည် မကွယ်လွန်မီက အနည်းငယ် ဖျားနေကြောင်း၊ နေ့လယ်တွင် အိုဗာတင်းနှင့် မုန့်အနည်းငယ်စားပြီး အိပ်သွားရာမှ ညနေ ၅ နာရီတွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။
နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် လူရွှင်တော် ဇာဂနာ (ကိုသူရ) ၏ ဖခင် ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ ကို ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲကျေးရွာစုရှိ ရပ်သာရွာတွင် ၁၉၂၃ ၌ ဖွားမြင်သည်။ ဆင်မြီးဆွဲ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း၊ ပုတီးကုန်းမြို့ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။
ဒုတိယ ကမ္ဘာစစ်အတွင်း ရန်ကုန်သို့ရောက်ရှိ၍ ဂျပန် ကျောင်းတက်ရင်း တရားရေးဝန်ကြီးဌာနတွင် စာရေးအဖြစ် ဝင်ရောက် အမှုထမ်းသည်။ ၁၉၄၄ တွင် ဂရိတ်တားအာရှ သတင်းစာ ကဗျာပြိုင်ပွဲတွင် ဆုရရှိသည်။
ဖက်ဆစ်တော်လှန်ရေး ကာလတွင် ဆင်မြီးဆွဲသို့ ပြန်၍ အာရှ လူငယ် အစည်းအရုံးတွင် ပါဝင်ခဲ့သည်။ ၁၉၄၇ တွင် မြန်မာ့ အလင်းသတင်းစာ၌ “ပြည်မောင်ညွန့်” ဟူသော ကလောင်အမည်ဖြင့် ကဗျာရေးသားပြီး စာပေလောကသို့ စတင်ဝင်ရောက် သည်။
၁၉၄၈ မှ ၁၉၅၃ ခုနှစ်အထိ ပြန်ကြားရေးဌာန၊ ရုပ်ရှင်နှင့် ပြဇာတ် ဌာနခွဲတို့တွင် ပြဇာတ်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိစသည့် တာဝန်များ ယူခဲ့သည်။ ထို့နောက် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဗိမာန်တွင် သုတေသနမှူး အဖြစ်လည်း ဆောင်ရွက်သည်။
၁၉၅၀ ပြည့်နှစ်တွင် “နန်းညွန့်ဆွေ” ကလောင်အမည်ကို ဟံသာဝတီ သတင်းစာတွင် စတင် အသုံးပြုသည်။ မြန်မာနိုင်ငံ စာရေး ဆရာအသင်း တွဲဖက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း အမှုဆောင်နှင့် ဒုဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်း အလုပ်အမှုဆောင်လည်း ဖြစ်သည်။
ကဗျာစာအုပ်၊ ကဗျာဖွဲ့နည်း စာအုပ်များကိုလည်း ပြုစုသည်။ ရွှေတိုင်ညွန့်၊ သဟာယ ဆရာတင်၊ မိုးဒေဝါ ဒေါ်လှရွှေ၊ အလင်္ကာကျော်စွာ ဦးဟန်ပ စသည့် အနုပညာရှင်များ၏ အတ္ထုပ္ပတ္တိများကိုလည်း ပြုစုခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း၊ ဦးကုလား မဟာရာဇဝင်၊ ဟံသာဝတီ ဆုံးမစာ ပေါင်းချုပ်၊ မုဒုလက္ခဏပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒိသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ်ခဲ့သည်။
နိုင်ငံရေး သီချင်းများ စာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်းတမ်း၊ မြန်မာ့ ယဉ်ကျေးမှု စာတမ်းများလည်း ရေးသား ဖတ်ကြားခဲ့သည်။
ဂီတအနုပညာနှင့် ပတ်သက်၍ မဟာဂီတ သီချင်းအဖွင့် (ပထမပိုင်းနှင့် ဒုတိယပိုင်း) နှင့် မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်း တို့ကိုလည်း ရေးသားပြုစုသည်။
ခေတ်ဟောင်း စာပေ ဂီတ ယဉ်ကျေးမှု ဆောင်းပါးများကို ရေးသားခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် စာပေ ဟောပြောသဖြင့် စစ်အစိုးရက စာပေရေးသားခွင့် ပိတ်ထားခဲ့သည်။ သို့သော် “သုခမိန်” အမည်ဖြင့် ကွယ်လွန်ခါနီးအထိ စာပေရေးသားခဲ့သည်ဟု သိရသည်။
ဆရာကြီး နန်းညွန့်ဆွေနှင့် ဆရာမကြီး ဒေါ်ကြည်ဦးတို့တွင် သား ၃ ဦး ရှိပြီး ကိုဝဏ္ဏ (ကွယ်လွန်)၊ ကိုတေဇနှင့် ကိုသူရ (ဇာဂနာ) တို့ ဖြစ်သည်။ ကိုဇာဂနာ တဦးသာ အိမ်ထောင်ကျပြီး သားသမီး ၂ ဦး ထွန်းကားသည်။
ဆရာကြီး နန်းညွန့်ဆွေ၏ ဇနီးဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦးသည် ၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ဒေါ်ကြည်ဦးသည် ကိုလိုနီခေတ်မှ ယနေ့ ဒီမိုကရေစီ ခေတ်အထိ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
“ဇာဂနာက သူ့အမေရဲ့ ပါရမီမျိုး ရခဲ့တယ်”ဟု ဆရာကြီး နန်းညွန့်ဆွေက ဒေါ်ကြည်ဦး ကွယ်လွန်စဉ်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။
ကိုဇာဂနာသည် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှု အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရက ၎င်းအား အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သည်။
၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက် အကူအညီပေးနေသော ကိုဇာဂနာအား အာဏာပိုင်များက ဖမ်းဆီးပြီး အင်းစိန်ထောင် တရားရုံးတွင် အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃ မှု အပါအ၀င် စုစုပေါင်း အနည်းဆုံး ပုဒ်မ ၅ ခု ဖြင့် တရားစွဲဆိုခြင်း ခံရကာ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရသည်။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အီလက်ထရွန်နစ် အမှု တခုကို ထောင်ဒဏ် ၈ နှစ်စီဖြင့် စုစုပေါင်း ၂၄ နှစ်လျှော့ပေါ့ပေးခဲ့ရာ ၎င်းမှာ ထောင်ဒဏ် ၃၅ နှစ် ကျခံရန်ရှိနေသေးသည်။
ကိုဇာဂနာကို အကျဉ်းချထားသော မြစ်ကြီးနားထောင်မှာ ဝေးလံသဖြင့် ဆရာကြီး နန်းညွန့်ဆွေသည် မကွယ်လွန်မီ အချိန် အထိ သွားရောက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။ ဖခင်ကွယ်လွန်သွားကြောင်း ကိုဇာဂနာကို အာဏာပိုင်များမှ တဆင့် အကြောင်းကြားသည်ဟု မငြိမ်းက ပြောသည်။
ဧရာဝတီသတင်းထောက် ခက်ထန် ရေးသားသည်။
ဆရာကြီး နန်းညွန့်ဆွေ၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ) |

ဆရာကြီး နန်းညွန့်ဆွေ (ဓာတ်ပုံ - ကျော်သူ/နာရေး ကူညီမှုအသင်း)
ကိုဇာဂနာသည် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှု အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရက ၎င်းအား အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သည်။
၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက် အကူအညီပေးနေသော ကိုဇာဂနာအား အာဏာပိုင်များက ဖမ်းဆီးပြီး အင်းစိန်ထောင် တရားရုံးတွင် အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃ မှု အပါအ၀င် စုစုပေါင်း အနည်းဆုံး ပုဒ်မ ၅ ခု ဖြင့် တရားစွဲဆိုခြင်း ခံရကာ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရသည်။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အီလက်ထရွန်နစ် အမှု တခုကို ထောင်ဒဏ် ၈ နှစ်စီဖြင့် စုစုပေါင်း ၂၄ နှစ်လျှော့ပေါ့ပေးခဲ့ရာ ၎င်းမှာ ထောင်ဒဏ် ၃၅ နှစ် ကျခံရန်ရှိနေသေးသည်။
ကိုဇာဂနာကို အကျဉ်းချထားသော မြစ်ကြီးနားထောင်မှာ ဝေးလံသဖြင့် ဆရာကြီး နန်းညွန့်ဆွေသည် မကွယ်လွန်မီ အချိန် အထိ သွားရောက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။ ဖခင်ကွယ်လွန်သွားကြောင်း ကိုဇာဂနာကို အာဏာပိုင်များမှ တဆင့် အကြောင်းကြားသည်ဟု မငြိမ်းက ပြောသည်။
ဧရာဝတီသတင်းထောက် ခက်ထန် ရေးသားသည်။
Posted by
ngffbm
at
07:26
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
ဧရာဝတီသတင်း
လေဆင်နှာမောင်းဒဏ် ခံရသည့်အိမ်များ ပြန်ဆောက်ရန် ခက်ခဲ
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းတပင် ကျေးရွာနှင့် သမင်ခြံ ကျေးရွာတို့တွင် တိုက်ခတ်ခဲ့သော လေဆင် နှာမောင်းကြောင့် ပျက်စီး ပြိုကျသွားသော အိမ်ရာများ ပြန်လည် တည်ဆောက်ရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင် ၈ ရက်နေ့ ညနေ ၆ နာရီခွဲက တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းဒဏ် ခံခဲ့ရသည့် သမင်ခြံကျေးရွာနှင့် ထန်းတပင်ကျေးရွာတို့မှာ ကော့မှူးမြို့နယ်မှ ၁၆ မိုင်အကွာတွင် တည်ရှိသည်။
“တအိမ်ကို သွပ် ၅ ချပ်ဆီပေးတယ်ဆိုလို့ သွပ်သွားယူတော့ ၃ ချပ်ပဲရတယ်။ စာကြည့်တိုက်အတွက်ဆိုပြီး တအိမ်ထောင် ကနေ နှစ်ချပ်ဆီ ပြန်ယူတယ်လေ။ အိမ်တလုံး ပြန်ဆောက်နိုင်တဲ့ လူက နည်းတယ်။ ပိုက်ဆံလိုက်ရှာပြီး အိမ်ပြန်ဆောက် နေရလို့ ရွာသားတွေ အခက်အခဲဖြစ်နေတာ” ဟု ထန်းတပင်ကျေးရွာရှိ အသက် ၃၀ အရွယ် ကိုဖိုးမောင်က ပြောသည်။
သမင်ခြံကျေးရွာတွင် နေထိုင်သော အသက် ၅၆ နှစ်အရွယ် ဒေါ်ကြည်မေကလည်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ၎င်း၏အိမ် ပြိုကျပျက်စီး ခဲ့ရပြီး အိမ်ပြန်လည် တည်ဆောက်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
“ကလေးတွေနဲ့ အဘွားနဲ့ပဲ နေတာလေ။ အိမ်ကပြိုကျသွားတာ အခုထိ ပြန်မဆောက်နိုင်သေးဘူး။ ကိုယ့် ဘာသာလည်း မဆောက်နိုင်ဘူး။ ပိုက်ဆံလဲ မရှိဘူး၊ ဒီလိုပဲ ဖြစ်သလိုနေနေတာ” ဟု ၎င်းကပြောသည်။
အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သမင်ခြံကျေးရွာရှိ အိမ်အလုံး ၃၀ ခန့်နှင့် ထန်းတပင်ကျေးရွာ လယ်ကွက်ထဲရှိ အိမ် ၅ လုံးခန့် ပြိုကျပျက်စီးခဲ့ပြီး ယိုင်နဲ့သွားသော အိမ်ခြေ ၄၀ နီးပါးရှိကြောင်း သိရသည်။
ယင်းလေဆင်နှာမောင်းသည် တောင်နှင့် မြောက်ပိုင်းသို့ ထိုးဝင်တိုက်ခိုက်ခဲ့မှုကြောင့် သမင်ခြံကျေးရွာအတွင်းရှိ နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး ထန်းတစ်ပင်ကျေးရွာ အ၀င်အ၀ရှိ လယ်သမားများ၏ အိမ်များသာ ပြိုကျ၍ ရွာထဲရှိနေအိမ်များ ပျက်စီး ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း ကိုဖိုးမောင်က ဆိုသည်။
“တဲထဲမှာ ရှိတဲ့ မြေသြဇာတွေရော၊ မျိုးစေ့တွေရော အကုန်လေထဲ ပါသွားတာ။ အိမ်ကတော့ လောလောဆယ်နေဖို့ အကြမ်းဆောက်ထားတယ်။ ဓနိတွေ၊ ပျဉ်တွေ အကုန်ပြန်ဝယ်ရမှာ” ဟု ထန်းတပင်ကျေးရွာရှိ လယ်ကွက်ထဲတွင် နေထိုင်သော လယ်သမားတဦးက ပြောသည်။
လွန်ခဲ့သော ၈ နှစ်တာကာလအတွင်းက သမင်ခြံကျေးရွာအနီးရှိ ညောင်ပင်သာရွာကို လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်ခဲ့ဖူးရာ ရွာလုံးကျွတ်နီးပါး ပါသွားကြောင်း ဒေသခံတဦးကဆိုသည်။
“မြို့နဲ့ နည်းနည်းဝေးတော့ အလှူရှင်တွေလည်း မလာကြဘူးလေ။ သွပ်တော့ပေးတယ်၊ ဒါပေမယ့် တချပ် အတွက်ကို ကျပ် ၅၀၀ ကောက်သွားတယ်” ဟု ၎င်းက ပြောသည်။
လေဆင်နှာမောင်းဒဏ် ခံခဲ့ရသော သမင်ခြံကျေးရွာနှင့် ထန်းတပင်ကျေးရွာတို့မှာ လယ်ယာလုပ်ငန်းနှင့် ကျပန်း လုပ်ငန်းများ လုပ်ကိုင်၍ အသက်မွေးသော ရွာများ ဖြစ်သည်။
ဧရာဝတီသတင်းထောက် ဟိန်းဇော် ရေးသားသည်။

07:23
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
ဧရာဝတီသတင်း
ကြွက်မှ ကူးစက်သည့် အသားဝါရောဂါ ပျဉ်းမနားတွင် တွေ့ရှိ
ပျဉ်းမနား မြို့နယ် ပန်းခင်း ကောသစ် ရပ်ကွက်နှင့် လူနေရပ်ကွက် တချို့၌် ကြွက်မှတဆင့် ကူးစက် တတ်သော အသားဝါ ရောဂါတမျိုး ဖြစ်ပွားသူများ ရှိနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိ ရသည်။
အဆိုပါ အသားဝါရောဂါကြောင့် ဆေးရုံတက်ကုသခံနေရသူ ၅ ဦးထက် မနည်းရှိနေကြောင်း ပန်းခင်းကောသစ်ရပ်ကွက်တွင် နေထိုင်သူ တဦးကပြောသည်။
“ဖျားတဲ့လူတွေ တော်တော်များတယ်၊ ပလိပ်ရောဂါမဟုတ်ဘူးလို့ ပြောတယ်။ ကြွက်ကြောင့်ဖြစ်တဲ့ အသားဝါ ရောဂါလို့ပဲ အကြမ်းဖျင်း ပြောတယ်” ဟု ပျဉ်းမနားဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတဦးက ဆိုသည်။
ကြွက်မှတဆင့် ကူးစက်တတ်သော အသားဝါရောဂါကို ဆေးပညာအရ Leptospirosis ဟု ခေါ်ဝေါ်ကြောင်း၊ ကြွက်၊ ၀က်၊
ခွေး၊ နွား စသည်တို့၏ ကျင်ငယ်ရည်နှင့် ပွန်းရှဒဏ်ရာရှိသော လူတို့၏ အရေပြားထိမိရာမှ ခန္ဓာကိုယ်အတွင်း ဝင်ရောက် တတ်ခြင်း ဖြစ်ကြောင်း၊ တုပ်ကွေးရောဂါနှင့် Leptospirosis မှာ လက္ခဏာချင်း ဆင်တူကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဆရာဝန်တဦးက ပြောသည်။
“ဒီရောဂါက ကူးစက်ခံရပြီး တပတ် နှစ်ပတ်အတွင်းမှာ စဖျားကြတာ။ စပြီး အဖျားပိုးဝင်တယ်၊ ခေါင်းကိုက်တယ်၊ ကိုယ်လက် မအီမသာ ဖြစ်တယ်၊ ကိုယ်လက်ကိုက်တယ်၊ သူက တုပ်ကွေးနဲ့ဆင်တယ်၊ ထူးခြားတာကတော့ မျက်လုံးနဲ့ အသားဝါတယ်” ဟု
သူက ဆိုသည်။
အဆိုပါရောဂါ၏ တခြားသော လက္ခဏာများအဖြစ် ချောင်းဆိုးသွေးပါခြင်း၊ မျက်လုံးအိမ်နာခြင်း၊ ခြေသလုံး ကြွက်သား
နာခြင်းများ ခံစားရပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည့် ရောဂါဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
နေပြည်တော်နှင့် ပျဉ်းမနားမြို့ပေါ်ရှိ လူနေရပ်ကွက်များတွင် မိမိပတ်ဝန်းကျင်၌ ကြွက်ခိုအောင်း ပေါက်ပွားမှု မရှိစေရေး အတွက် အမှိုက်နှင့် စားကြွင်းစားကျန်များအား စနစ်တကျ စွန့်ပစ်ရမည်ဖြစ်ကြောင်း၊ ကြွက်များ ရုတ်တရက် သေဆုံးသည်ကို တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဋ္ဌာနများသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက မှာကြား ထားသည်ဟု သိရသည်။
“ဆေးရုံက ဆရာဝန်တွေကလည်း ဘာကြောင့်ဖြစ်တယ်၊ တုပ်ကွေးလား၊ အသားဝါရောဂါလား ဆိုတာကို သေချာ မပြောဘူး။ လူနာတွေက ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဖြစ်မှန်း မသိကြဘူး။ သေသွားတဲ့သူတွေ ရှိတယ်လို့တော့ ဆေးရုံဝန်ထမ်း တွေက ပြောတယ်” ဟု ပျဉ်းမနားဒေသခံတဦးက ဆိုသည်။
ကြွက်မှတဆင့် ကူးစက်တတ်သော အသားဝါ ရောဂါဖြစ်ပွားသူများနှင့် တုပ်ကွေးရောဂါ ဖြစ်ပွားသူများအား ပျဉ်းမနား ဆေးရုံတွင်သာ ဆေးကုသမှု ပေးလျက်ရှိပြီး လူနာများနှင့် လူနာရှင်များအား မည်သည့် ရောဂါဖြစ်နေကြောင်းကို
ရှင်းလင်း ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
ယခုနှစ် ဇွန်လအတွင်း ပျဉ်းမနားနှင့် နေပြည်တော်ရှိ ကျေးရွာများသို့ ကြွက်များ ထောင်နှင့်ချီ၍ အုပ်စုလိုက်ပြောင်းရွှေ့ခြင်း၊ တောနေကြွက် ၅ ကောင်မှ အကောင် ၂၀ အထိ သေဆုံးခြင်းများရှိခဲ့ကြောင်း၊ ထို့အပြင် ဇွန်လအတွင်းက ပဲခူးတိုင်းရှိ ဖြူးမြို့ ကျောက်တံခါးနှင့် ကျေးရွာတချို့တွင် ကြွက်များ အုပ်စုလိုက်ပြောင်းရွှေ့ခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း ယနေ့အထိ လူသို့ ပလိပ်ရောဂါ ကူးစက်ခြင်း မတွေ့ရသေးကြောင်း သိရသည်။
ကြွက်နှင့် ကြွက်လှေးများအား ရန်ကုန် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲဌာနတွင် ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ယနေ့အထိ
ပလိပ်ရောဂါပိုး မတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်းက ဇူလှိုင်လ ၁၂ ရက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ကြွက်များသည် မိုင်နှင့်ချီကာ ရွှေ့ပြောင်းသွားလာနေခြင်းကြောင့် တကောင်နှင့်တကောင် အစာလုရာမှ ကိုက်ဖြတ်ကြခြင်း၊ ရေလျှံခြင်း၊ အဆိပ်မိခြင်းနှင့် ကြွက်နှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းများကြောင့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ၎င်း သတင်းစာတွင် ရေးသားထားသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဋ္ဌာန၏ ကြွက်ကာကွယ်နှိမ်နင်းရေး နှိုးဆော်ချက်များကိုလည်း အစိုးရပိုင် သတင်းစာများတွင် ရက်ဆက် ဖော်ပြထားကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံတွင် ပလိပ်ရောဂါသည် ကပ်ရောဂါအသွင်ဖြင့် ၅ ကြိမ်ကျရောက်ခဲ့ဖူးရာ ၁၉၃၅ ခုနှစ်တွင် သာယာဝတီ၌ လည်းကောင်း၊ ၁၉၃၇ ခုနှစ်တွင် သထုံ၌လည်းကောင်း၊ ၁၉၄၆ ခုနှစ်တွင် ညောင်လေးပင်နှင့် ရန်ကုန်တို့၌ လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌လည်း ကောင်း ဖြစ်ပွားခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
ကြွက်မှတဆင့် ကူးစက်တတ်သော အသားဝါ Leptospirosis ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍မူ မှတ်တမ်းတင်ထားသည်ကို မတွေ့ရှိရပေ။
ဧရာဝတီသတင်းထောက် ခိုင်သွယ် ရေးသားသည်။

07:20
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
ဧရာဝတီသတင်း
ဝါသနာရှင် ဒီဇိုင်နာတို့၏ ဒီဇိုင်းပြိုင်ပွဲ ကြည့်ရမည်
ဒီဇိုင်နာတို့၏ ဒီဇိုင်း အစီအစဉ်ကို မြ၀တီရုပ်မြင် သံကြားမှ သြဂုတ် ၄ ရက်နေ့တွင် စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ည ၉ နာရီခွဲ တွင် ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။
အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ အလှအပ ၀တ်စုံများကို ဖန်တီးကြသော ဒီဇိုင်နာများ၏ စွမ်းရည်များကို ဖော်ပြနိုင်ရန် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်မည့် ၀ါသနာရှင်အဆင့် ဒီဇိုင်နာ ၆ ဦး၏ လက်ရာ များကို မော်ဒယ်လ် ၆ ဦးတို့အား ၀တ်ဆင်စေပြီး ပြိုင်ပွဲဝင်ရမည် ဖြစ်သည်။
ပြိုင်ပွဲကို ပထမ၊ ဒုတိယ၊ တတိယ အဆင့်သတ်မှတ်ပြီး ဆုများကို ထိုက်ထိုက် တန်တန်ချီးမြှင့်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ကြီးကြပ်ဒိုင်များအဖြစ် ဒေါ်သီတာဝင်း၊ ကိုပြည်စိုးအောင်၊ လတ်လတ်၊ သက်နှင်းအေး စသည့် နာမည်ကြီး ဒီဇိုင်နာများက တာဝန်ယူကြမည်ဖြစ်ကြောင်း၊ ရိုက်ကူးရေးကို ဒါရိုက်တာ ဖုန်းမြင့်အောင်(Majestic Myanmar Media ) ကတာဝန်ယူထားကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် သျှင်ဒီစံ ရေးသားသည်။
ဝါသနာရှင် ဒီဇိုင်နာတို့၏ ဒီဇိုင်းပြိုင်ပွဲမှ ဒိုင်လူကြီးများ
ပြိုင်ပွဲဝင်မည့် ၀ါသနာရှင်အဆင့် ဒီဇိုင်နာ ၆ ဦး၏ လက်ရာ များကို မော်ဒယ်လ် ၆ ဦးတို့အား ၀တ်ဆင်စေပြီး ပြိုင်ပွဲဝင်ရမည် ဖြစ်သည်။
ပြိုင်ပွဲကို ပထမ၊ ဒုတိယ၊ တတိယ အဆင့်သတ်မှတ်ပြီး ဆုများကို ထိုက်ထိုက် တန်တန်ချီးမြှင့်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ကြီးကြပ်ဒိုင်များအဖြစ် ဒေါ်သီတာဝင်း၊ ကိုပြည်စိုးအောင်၊ လတ်လတ်၊ သက်နှင်းအေး စသည့် နာမည်ကြီး ဒီဇိုင်နာများက တာဝန်ယူကြမည်ဖြစ်ကြောင်း၊ ရိုက်ကူးရေးကို ဒါရိုက်တာ ဖုန်းမြင့်အောင်(Majestic Myanmar Media ) ကတာဝန်ယူထားကြောင်း သိရသည်။
ဝါသနာရှင် ဒီဇိုင်နာတို့၏ ဒီဇိုင်းပြိုင်ပွဲတွင် မော်ဒယ်လ်တဦး လျှောက်ပြနေစဉ်
ဧရာဝတီသတင်းထောက် သျှင်ဒီစံ ရေးသားသည်။
Posted by
ngffbm
at
07:14
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
ဧရာဝတီသတင်း
မြန်မာတဦး မူးယစ်ဆေးရောင်းမှုဖြင့် အဖမ်းခံရ
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူဟု စွပ်စွဲကာ မြန်မာနိုင်ငံသား တဦးကို မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့နှင့် ရဲက ပြီးခဲ့သည့် ရက်အပိုင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယခုလ ၉ ရက်နေ့ ညပိုင်းတွင် အိုက်ဇောမြို့ Bawngkawn ရပ်ကွက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူအဖြစ် စွပ်စွဲခံရကာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် လက်ပံချောင်းရွာသား မောင်နုမ်းလျံထန်း Nunglianthang ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“သူ့ကိုတော့ ညပိုင်း လမ်းလျှောက်နေတုန်းမှာ ဖမ်းတယ်။ ဖမ်းမိတော့ သူ့ခန္ဓာကိုယ်မှာ ဘာမှမရှိဘူး။ ဆေးဝယ်မယ့်သူကို သူက ရှာနေတုန်းပါ။ ကျနော်တို့ထဲက ဝယ်မယ့်သူအဖြစ် အယောင်ဆောင်ပြီး ဖမ်းလိုက်တာပါ။ ကျနော်တို့မှာ စုံထောက်တွေ အများကြီးရှိတယ်” ဟု အိုက်ဇောမြို့ရှိ မူးယစ်ဆေးဝါး နှိမ်နင်းရေး Excise & Narcotic ဌာန (မီဇိုရမ်)မှ အရာရှိဖြစ်သူ Peter Zohmingthanga က မဇ္ဈိမကို ပြောသည်။
၎င်းကို ဖမ်းဆီးပြီးနောက် မြေကြီးထဲမြုပ်ထားသော ဘိန်းဖြူမှုန့်ထုတ်များ ကာလပေါက်ဈေး ရူပီး ၄ သိန်း ၈ သောင်းကျော် (ကျပ် ၉၆ သိန်းကျော်) တန်ဖိုးရှိ အလေးချိန် ၁၃၈ ဂရမ်ကို ရဲနှင့် မူးယစ်နှိမ်နင်းရေး အဖွဲ့ဝင်များက Edenthar ရပ်ကွက်ရှိ Chaltlang တောင်ကြား ချိုင့်ဝှမ်းတနေရာတွင် သတင်းအရ ရှာဖွေဖော်ထုတ်ခဲ့ကြသည်။
“မူးယစ်ဆေးဝါးကို ညနေ ၂ နာရီလောက်မှာ တွေ့တာ။ ရှာတဲ့သူက ၁၀ ယောက်လောက် ရှိတယ်။ မြေကြီးထဲမှာ ဖွတ်ထားတာ။ ပလပ်စတစ်နဲ့ သေသေချာချာ ထုပ်ထားတာ။ သတင်းအတိအကျ မရရင်တော့ ရှာလို့တွေ့မှာ မဟုတ်ဘူး” ဟု ရှာဖွေရေးတွင် ပါဝင်သူ မီဇိုးလူငယ်အသင်း YMA မှ အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
မောင်နုမ်းလျံထန်းကို အိုက်ဇောမြို့ ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်းနှင့် Mualpui ရပ်ကွက်ရှိ Forensic Science Laboratory တွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးကို စစ်ဆေးနေကြောင်း သိရသည်။
“သူ့ရဲ့ဆေးကို စစ်ဆေးရေး လုပ်နေတုန်းပါ။ မူးယစ်ဆေးကို ဖမ်းမိရင် အတုလား၊ အစစ်လား စစ်ဆေးရတယ်။ အဖြေထွက်လာမှ အမှုကို ကိုင်တွယ်လို့ရတယ်။ အခုလောလောဆယ် စစ်ဆေးရေးကများတော့ ကြာနိုင်တယ်။ သူလည်း စစ်ဆေးချက် မထွက်မချင်း အမှုမကိုင်သေးဘဲ ထောင်မှာပဲ နေရမှာပါ။ အဖြေကတော့ အစစ်ဖြစ်မှာ သေချာပါတယ်။ တာဝန်အရသာ စစ်ဆေးရတာ။ အများဆုံး ၁၀ နှစ်တော့ ထောင်ကျနိုင်တယ်။ ငွေသားတသိန်းနဲ့ ထောင်ဒဏ် ၂ - ၃ - ၄ နှစ်လည်း ဖြစ်နိုင်တယ်” ဟု Peter Zohmingthanga က မဇ္ဈိမကို ပြောသည်။
အသက် ၃၁ နှစ်အရွယ် မောင်နုမ်းလျံထန်းသည် ကလေးမြို့နယ် ချင်းစုကျေးရွာနေ အဘ ဦးဆွေးလျံထန်း Suilianthang ၏ သားသမီး ၇ ဦးအနက် အကြီးဆုံးဖြစ်ပြီး၊ အိမ်ထောင်ကျပြီးနောက် မိသားစု ၅ ဦးနှင့် လက်ပံချောင်း ကျေးရွာတွင် နေထိုင်သူ ဖြစ်သည်။
“သူက တောင်သူပါ။ ဘာစိတ်ကူးပေါက်လို့ ခရီးသွားလဲတော့ မသိဘူး။ အိုက်ဇောနဲ့ မြန်မာပြည် ကူးချီသန်းချီလုပ်ပြီး စီးပွားရေး စလုပ်တာ ၆ လလောက် ရှိပြီ။ နောက်ဆုံးအခေါက်က ၂ လလောက် ရှိပြီ။ ဖုန်းလည်း တခါမှ မဆက်ဘူး။ ရွှေအရောင်းအဝယ် လုပ်တယ်လို့ပဲ သိတယ်” ဟု နုမ်းလျံထန်း၏ အဒေါ်ဖြစ်သူ ဒေါ်စောဇမော်က မဇ္ဈိမကို ပြောသည်။
ယခုနှစ်အတွင်း အိုက်ဇောတွင် မြန်မာနိုင်ငံသားများနှင့် မူးယစ်ဆေးဝါး ပတ်သက်သည့် အမှုများမှာ အမှုပေါင်း ၆ဝ ခန့် ရှိရာ၊ ထိုအထဲတွင် ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ကြောင်း Peter Zohmingthanga က ပြောဆိုသည်။
(ဆလိုင်းထွန်း သတင်းပေးပို့သည်။)

07:12
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
မဇ္ဈိမသတင်း
ဒေါ်စု၏ ကိုယ်ရေးအရာရှိ လွတ်မြောက်လာ
ချင်းမိုင်(မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်သည် ၁၄ နှစ်ကျော် အကျဉ်းကျခံရပြီးနောက် စစ်ကိုင်းတိုင်း ကသာမြို့ အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသည်။
သူသည် နိုင်ငံခြား သတင်းဌာနများကို မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့သည်ဟု စွပ်စွဲခံရကာ ၁၉၉၆ ခုနှစ် မေလအတွင်း ဖမ်းဆီးခံရပြီးနောက် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ရသူ ဖြစ်သည်။
၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကျဉ်းသား ၉ဝဝ၂ ဦးကို စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးအပြီး ကသာမြို့ တည်းခိုခန်းတခုတွင် နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB သို့ အင်တာဗျူး ပေးသည်ဟုဆိုကာ ဖမ်းဆီးထောင်ချခံ ခဲ့ရပြီးနောက် ၂ နှစ်ခန့်အကြာတွင် ပြန်လွတ်လာခြင်း ဖြစ်သည်။

“လွတ်ပါပြီ၊ လွတ်ရက်စေ့ပြီး ကျော်တောင်ကျော်နေပြီလေ” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP - B) မှ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္ဈိမကို ပြောသည်။
ဦးဝင်းထိန်၏ ဇနီးဖြစ်သူက အခြေအနေ အသေးစိတ် မသိရသေးသဖြင့် လွတ်မြောက်သည့် အကြောင်းရင်းကို ပြောဆိုရန် ငြင်းဆိုသည်။
၆၉ နှစ်အရွယ် ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၁၉၈၉ ခုနှစ်ထဲတွင်လည်း ကာလတို ချုပ်နှောင်ခံရပြီး စစ်ကြောရေး၌ ထောက်လှမ်းရေးများ၏ ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရသေးသည်။
သူသည် ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ်မှ ကျောင်းဆင်းခဲ့ရာ ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင် ၅ နှစ်ခန့် စစ်မှုထမ်းခဲ့သည်။ တပ်တွင်းမှ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတရပ်တွင် ပတ်သက်သည်ဟုဆိုကာ စစ်တပ်မှ ထွက်ခဲ့ရခြင်း ဖြစ်သည်။
၂ဝဝ၈ ခု စက်တင်ဘာလတွင် အကျဉ်းသား ၉ ထောင်ကျော် လွှတ်ပေးခဲ့ရာတွင် သူနှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းနိုင်နှင့် ဦးအောင်စိုးမြင့်တို့လည်း လွတ်မြောက်လာခဲ့သည်။
မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

ဦးဝင်းထိန်

07:07
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Labels:
မဇ္ဈိမသတင်း
Subscribe to:
Posts (Atom)