Pages

Subscribe
Showing posts with label ခွပ်ဒေါင်းသွေး. Show all posts
Showing posts with label ခွပ်ဒေါင်းသွေး. Show all posts

Sunday, 30 May 2010

ဝန်ထမ်းလောကတွင်းသို့ ထောက်လှမ်းရေးများဝင်ရောက်သတင်းယူ...

သတင်းတွေကတော့ ကြာလေပွင့်အန်ထွက်လာကြလေပဲဗျို့…..လာပြန်ပြီဗျာ ၀န်ထမ်းလောကထဲကနေ သတင်းတခုထွက်လာပြန်ပါပြီ..ဘာလဲဆိုတော့စစ်အစိုးရကနေ ဌာနဆိုင်ရာဝန်ထမ်းတွေကြားထဲမှာ ထောက်လှမ်း စုံစမ်းဖို့  အတွက် အယောင်ဆောင်ဝန်ထမ်းများ ထည့်သွင်းထားတယ်ဆိုတဲ့သတင်းပါပဲ ။
စစ်အစိုးရဟာယခုအစီစဉ်ကို ရွေးကောက်ပွဲကော်မရှင် ဥပဒေမထုတ်ပြန်ခင် အချိန်မတိုင်မီထဲက ကြိုတင်စနစ်တကျလုပ်ဆောင်ထားတာလို့ သိရပါတယ် ။
ရန်ကုန်မြို့ မှာရှိနေတဲ့ အစိုးရရုံးဝန်ထမ်းများအကြားမှာ ၀န်ထမ်းအသွင်ယူ၍သော်လည်းကောင်း ၊တရားရုံးများ နှင့် စည်ပင်ကဲ့သို့ဌာနများတွင် ပွဲစားများကဲ့ သို့  အသွင်ယူ၍ သော်လည်း ကောင်း ၊ ပညာရေးဌာနရှိကျောင်းများတွင်လည်း ကျောင်းသားမိဘများ ဆရာ/ဆရာမ(အသစ်)များကဲ့သို့ လည်းကောင်း ၊ ဆေးရုံဆေးခန်းများပါမကျန် ၀င်ရောက်သတင်း ရယူနေ ကြတယ်လို့ သိရပါတယ် ။
၎င်းတို့၏ အဓိက လုပ်ဆောင်ချက်များမှာ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပါက်သတ်၍၀န်ထမ်းများ၏ သဘောထားများစုံစမ်းရန် နှင့် ၀န်ထမ်းများအားစည်းရုံးရန်တို့ဖြစ်ပါတယ်။စုံစမ်းရေး နှင့် စည်းရုံးရေးကို သီးခြားလုပ်ဆောင်ကြပြီးဌာနတခုတွင်အနည်း၃ဦးမှ၅ဦးအထိရှိသည်ဟုသိရပါသည်။ရန်ကုန်မြို့ အတွင်း၌ ရရှိလာ သော သတင်းများအားစုစည်းသည့်နေရာများထားရှိပြီး အဓိကအားဖြင့် ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ စည်ပင်ရုံး ဌာနအတွင်းရုံးခန်းတခန်းသီးသန့်ဖွင့်လှစ်ထားသည်ဟုသိရပါသည်။အလားတူပဲအခြားဌာန
ဆိုင်ရာများတွင်လည်းလျှို့ဝှက်ရုံးခန်းများထားရှိထားသည်ဟု ၀န်ထမ်းလောက မှခိုင်မာသည့်သတင်းများရရှိထားပါသည် ။
ထို့အပြင် ဘာသာရေးပွဲများ ဥပမာ အစ္စလာမ်ဘာသာရေးဆိုင်ရာတရားပွဲများ ၊ ခရစ်ယာန် ဘာသာ ဘုရားရှိခိုးသည့်နေများ အစရှိသည့်နေများတွင် စစ်အစိုးရမှ အဆိုပါပွဲများတွင်ဘာသာရေး ခေါင်းဆောင်များ ၏ဟောပြောမှု့များ ကို အသွင်အမျိုးမျိုးဖြင့်သတင်းရယူလျှက်ရှိနေသည်မှာလည်း အချိန်ကာလ အတန်ကြာ ရှိနေပြီဟု သိရပါသည် ။
ထို့ကြောင့်ဝန်ထမ်းများအနေဖြင့်သတိကြီးစွာဖြင့်နေထိုင်ကြပါရန်နှင့်မိမိဌာနများသို့ဝန်ထမ်း အသစ်များ ရောက်ရှိလာပါက ဦးစွာလေ့လာပြီးမှတာဝန်ထမ်းဆောင်ကြပါရန်အသိပေးနိုးဆော်လိုက်ရပါသည်။