Pages

Subscribe
Showing posts with label အာဇာနည်ဘလော့. Show all posts
Showing posts with label အာဇာနည်ဘလော့. Show all posts

Tuesday, 6 July 2010

“ပညာမတတ်ရင်စစ်ထဲဝင်မှာပေါ့” မောင်ချင့်ချိန်

၁၉၉၀ ခုနှစ် စက်တင်ဘာလက မန္တလေးမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုပါ ။ နှစ်၂၀ ဆိုတဲ့ ကာလကြောင့် ဘယ်မြို့နယ်ဘယ်ကျောင်းဘယ်ရက်လို့တော့ အတိအကျမမှတ်မိတော့ပါဘူး ၊ ဖြစ်ပုံကဒီလိုပါ ။
ကျွန်တော် မန္တလေးထောင်(နန်းတွင်း)ရဲ့ ၂တိုက်ထဲမှာရှိနေချိန်တစ်ညနေမှာ တိုက်ထဲကိုလူသွင်းတဲ့အသံ ဆူညံဆူညံတွေကြားတာကြောင့် ထုံးစံအတိုင်းတိုက်ရှေ့ ရေမြောင်းပေါက်သေးသေးလေးကနေ စပ်စုလိုက်ပါတယ် ။

(မန္တလေးထောင်ကတိုက်တွေက ၂၄ပေအရှည် ၁၀ ပေအကျယ်ကို တံခါးနှစ်ထပ်နဲ့ဖြစ်ပါတယ် ၊ အတွင်း၁၂ ပေ၁၀ပေကို ကွန်ကရိအမိုးနဲ့ သံတိုင်တံခါးနဲ့ဖြစ်ပြီး ထောင်ပိုင်လှည့်တဲ့နေ့မျိုး ၊ ပြစ်ဒါဏ်ပေးထားတဲ့နေ့မျိုးတွေနဲ့ ညတိုင်းမှာ အဲဒီအထဲမှာပဲနေရပါတယ် ၊ ပုံမှန်တော့မနက်ခြောက်နာရီထောင်ဖွင့်လူစစ်ပြီးတာနဲ့ အတွင်းသံတံခါးလာဖွင့်ပေးပြီး အပြင်သစ်သားတံခါးပိတ်သွားတာကြောင့် ရှေ့ကောင်းကင်မြင်ရတဲ့ အမိုးမဲ့အခန်းလေးထိနေရပါတယ် ၊ တခန်းနဲ့တခန်းကို ၈ပေအမြင့် အုတ်ရိုးတွေကာထားပြီး ရှေ့ဘယ်ညာမှာ၆လက္မလောက်ကျယ်တဲ့အပေါက်နဲ့ အခန်းချင်းဆက်လျက်ရေမြောင်းရှိပါတယ် ၊ ပစ္စည်းပေးပစ္စည်းယူ စကားပြော အဲဒီအပေါက်ကလေးကနေပဲလုပ်ကြပြီး လူသစ်ရောက်လို့မျက်နှာမြင်ဘူးချင်ကြရင်တော့ ထောင်ဝါဒါနဲ့တန်းစီးလစ်တဲ့အချိန် ၈ပေအုတ်ရိုးပေါ်ခုန်တက် အုတ်ရိုးပေါ်ဗိုက်မှောက်စကားပြော ၊ တခါတခါတော့ လဲအခန်းပါရဲရဲကူးလုပ်ကြတာပါပဲ ။ )

ချက်ချင်းကို ၀ုန်းကနဲဒေါသထွက် တောက်ခေါက်ရတဲ့ခံစားမှုဖြစ်သွားလောက်အောင်သိလိုက်ရတာက ၊ ရောက်လာတာ အသက်ဆယ့်သုံးနှစ်ကနေ ဆယ့်ငါးနှစ် အတွင်း ခုနှစ်တန်းနဲ့ရှစ်တန်းကျောင်းသားလေးတွေပါ ၊ ကိုယ်မှ၁၇နှစ်ဆိုတဲ့အချိန် ငယ်လှပြီထင်နေတာ ကိုယ့်ထက်ငယ်တဲ့လူမမယ်လေးတွေကို ထောင်ထဲ (တိုက်ထဲ)မှာတွေ့လိုက်ရတော့ စိတ်မကောင်း ဖြစ်တာနဲ့ဒေါသဖြစ်တာ တပြိုင်ထဲခံစားမိတာပါ ။

ဘယ်လိုဖြစ်လာကြတာလဲ သေချာမေးကြည့်တော့ ကျောင်းမှာအဆောင်သစ်ဖွင့်ပွဲလုပ်တာ ၊ ဗိုလ်ချုပ်ခင်ညွန့်လာဖွင့်ပေးပြီး မိန့်ခွန်းပြော တော့ မိန့်ခွန်းမှာ “သားတို့ပညာတတ်တွေဖြစ်ဘို့လိုတယ်၊ပညာမတတ်ရင်ဘာလုပ်မလဲ”လို့ ပြောတဲ့အချိန် ကျောင်းသားအုပ်ထဲက နေ “ပညာမတတ်ရင်စစ်ထဲဝင်မှာပေါ့” လို့ တစ်ယောက်ကအော်လိုက်တော့ “ဟေး” ဆိုပြီး လက်ခုတ်တွေဝိုင်းတီးကြတာကြောင့် ဗိုလ်ချုပ်ခင်ညွန့်ရှက်ပြီး အသံကြားရာတ၀ိုက်ကကျောင်းသားမှန်သမျှ ဖမ်းစစ်ခိုင်း လို့ ပါလာကြတာပါတဲ့ ။

စစ်တပ်ကအာဏာသိမ်းပြီးတာ၂နှစ်ပြည့်ပြီဖြစ်တဲ့အဲဒီအချိန်ထိ မန္တလေးကိုနိုင်နင်းအောင်မအုပ်ချုပ်နိုင်သေးပါဘူး၊ သံဃာတော်တွေရဲ့ဦး ဆောင်မှုနဲ့ မစိုးရိမ်တိုက် ဟောင်းတိုက်သစ် ၊ ဘုရားကြီးတိုက်စတဲ့ဘုန်းကြီးကျောင်းတွေမှာ ကျောင်းသား တွေစုရုံး ၊ သမဂ္ဂရုံးတွေဖွင့်နဲ့ သပိတ်စခန်းလိုနေနိုင်နေကြပြီး ရှစ်လေးလုံး အရေးတော်ပုံ၂နှစ်ပြည့်နေ့မှာတောင် မန္တလေး တစ်မြို့လုံးကို သံဃာနဲ့ကျောင်းသားတွေ စီတန်းလမ်းလျောက်လှည့်နိုင်ခဲ့တာပါ ၊ မန္တလေးကျောင်းသားထုရဲ့ အဲဒီအချိန် နိုင်ငံရေးနိုးကြားမှုက အခြေခံပညာကျောင်းသားလေးတွေတောင် ဗိုလ်ချုပ်ခင်ညွန့်လိုအဆင့်ကို ထပြောင်ရဲလောက် အောင် အံ့မခန်းရှိခဲ့တာပါပဲ ။

တက်ကြွစိတ်ကြောင့်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တဘက်စောင်းနင်းပြောနေမှုတွေကိုမခံချင်လို့ ဦးဆောင်ထအော်သူနောက်က ညာသံပေးလိုက်သာအော်ခဲ့ကြတာ တကယ်တမ်းက ခလေးတွေသာဖြစ်ကြတဲ့အလျောက် ထောင်ရဲ့ဒုက္ခဆိုတာတွေနဲ့ နဘူးတွေ့ဒူးတွေ့လဲတွေ့လာရရော ငိုတဲ့သူငို ၊ ညည်းတဲ့သူညည်းပေါ့ ၊ အဲဒီတော့ ရှစ်လေးလုံးအရေးတော်ပုံ ၂နှစ်ပြည့်နေ့ စီတန်းလှည့်လည်မှုကနေ အဖမ်းခံရပြီးရောက်လာတဲ့ မန္တလေးခရိုင်အခြေခံပညာကျောင်းသားသမဂ္ဂရဲ့ အတွင်းရေးမှုး မိုးကျော်လေး(သူလဲအသက်၁၇နှစ်)နဲ့တိုင်ပင်ပြီး ခလေးတွေ(ပြောသာပြောရတယ် ကိုယ်တွေကလဲခလေးကြီးတွေသာပါ)စိတ်ဓါတ်မြှင့်တင်ရေးလုပ်ကြတာပေါ့ ၊ နိုင်ငံရေးသီိချင်းတွေဆိုပြတာ ၊မိန့်ခွန်းပြောတာတွေ လုပ်ကြတာပေါ့ ၊ကျောင်းသားသမဂ္ဂကိုအသိမှတ်ပြုစိတ် ၊ သူတို့ခေါင်းဆောင်ကိုအသိမှတ်ပြုစိတ် ကလေးတွေ ဆီိမှာရှိတယ်ဆိုတာ မိုးကျော်လေးလဲ မိန့်ခွန်းပြောပြီးရော အားလုံးလက်ခုတ်ဝိုင်းတီးပြီးကျောင်းသားသမဂ္ဂသီချင်းဝိုင်းဆိုကြတာ ၊ နောက်နေ့တိုက်ပိတ်ခံကြရတဲ့ အထိပါပဲ ။

မိုးကျော်လေးရဲ့မိန့်ခွန်းကိုမှတ်မိသလောက်ပြန်ပြောရရင် “ရဲဘော်တို့…..။ ဒီနေ့စစ်တပ်က ပြည်သူကိုမတရားအနိုင်ကျင့် ဖိနှိပ်နေမှုတွေ ကြောင့် လူတွေက ရွံမုန်းပြီး စစ်ထဲဝင်မဲ့သူမရှိဖြစ်နေတာ ၊ အိမ်ပြေးတွေ ၊ အခြေအနေမဲ့တွေ ၊ အမှုအခင်း ကျူးလွန်မိသူတွေ ၊ရီးစားနဲ့အဆင်မပြေဖြစ်အသဲကွဲသူတွေ၊ စာမေးပွဲကျလို့ဘာကြောင့်ညာကြောင့်စိတ်ညစ်နေသူတွေသာ စစ်တပ်ထဲရောက်နေကြတာ ၊ ခင်ညွန့်ကို ပညာမတတ်ရင်စစ်ထဲဝင်မှာပေါ့လို့ လှောင်ပြောင်ခဲ့တာ မင်းတို့အမှန်ပဲ ၊ ကိုယ်မှန်တယ်ထင်ရာကိုလုပ်ပြီး ဒီိထောင်ဆိုတဲ့အခြေနေဆိုးကြီးတွေ့ရတာ ငါတို့ဘာမှဝမ်းနည်းနေစရာမလိုဘူး ၊ မင်းတို့ ငါတို့လို လူမမယ်ခလေး တွေကို ၊ လက်နက်မဲ့ကျောင်းသားတွေကို ခင်ညွန့်လိုစစ်ဗိုလ်ချုပ်တွေက ရန်သူကြီးတွေလို ကြောက်ပြီး ထောင်ထဲပို့လိုက်တာ ငါတို့မင်းတို့အတွက် ဂုဏ်ယူစရာ တောင်ကောင်းသေးတယ် ၊ ငါတို့ အခြေခံပညာကျောင်းသားတွေရဲ့သမိုင်းသစ်ကို ဖွင့်လိုက်ပြီ ၊ စိတ်ဓါတ်မကျကြနဲ့ မင်းတို့ငါတို့နောက်မှာ ငါတို့ပြည်သူတွေ ရှိတယ်”တဲ့။

အဲဒီကလေးတွေရဲ့ အင်မတန်ချီးကျူးစရာအကောင်းဆုံးကိစ္စကတော့ သူတို့ကို MI1 စစ်ထောက်လှမ်းရေးတစ်ကနေ ဘယ်သူစအော်တာလဲ ၊ ဘယ်သူတွေက မြှောက်ပေးနေတာမျိုးရှိလဲဆိုတာ နေ့တိုင်းလို ခြောက်လိုက်ချော့လိုက်နဲ့ လာလာစစ်နေတာ ၊ တစ်လကျော်လောက်နေတော့ မိဘတွေပါခန်ဝံလုပ်ပြီး လွတ်သာ သွားကြတယ် ၊ လုံးဝမဖေါ် သွားပါဘူး ။

ကြာခဲ့ပြီ ၊ နှစ်၂၀ ပင်ပြည့်တော့မည် ။ “ပညာမတတ်ရင်စစ်ထဲဝင်မှာပေါ့” ဆိုတဲ့ကလေးတွေ ပညာတတ်ကြီးတွေဖြစ်ပြီး စစ်တပ်နဲ့ကင်းကင်းနေရင်း လုပ်ငန်းခွင် တွေမှာဝင်နေလောက်ပြီ ၊ အဲဒီခလေးတွေရဲ့ အဲဒီကာလကစိတ်ဓါတ်မျိုး ၊ အမြင်မျိုး ခုအခြေခံပညာကျောင်းသားတွေရော တက္ကသိုလ်ကျောင်းသားတွေမှာပါ ဘယ်လောက်ရှိနိုင်မလဲ တွေးရင်း…,

မျှော်လင့်ရင်း…… ။
ကြီးကြီးငယ်ငယ်သော ကျောင်းသားထုအားဦးညွတ်အလေးပြုလျက်

၄၈ နှစ်မြောက် 7JULY နေ့အမှတ်တရ ။

မောင်ချင့်ချိန်

Sunday, 4 July 2010

ကျောင်းသား ကျောင်းသူများသို့...........

၄၈ ကြိမ် မြောက် 7 July နေ့ အမှတ်တရ

ကျောင်းသား ဆိုတာ အနာဂတ်ကို ဖန်တီးသူ ဖြစ်တယ်။ ကျောင်းသားဆိုတာ နိုင်ငံ့ ခေါင်းဆောင် ဖြစ်လာနိုင်သလို ၊ စစ်ဗိုလ်ချုပ်ကြီးလည်း ဖြစ်နိုင်တယ် ၊ အထူးကု ဆရာဝန်ကြီး ၊ အင်ဂျင်နီယာကြီး ၊ ကုမ္ပဏီ ပိုင်ရှင်ကြီးတွေ ဖြစ်နိုင်သလို ဆိုက္ကားသမား ၊ ဆေးသမား ဆိုတာမျိုးလည်း ဖြစ်သွား တတ်တယ် ၊ ကျောင်းသားကနေ ဘာမဆို ဖြစ်သွားနိုင်တယ် ။

မြန်မာနိုင်ငံ သမိုင်းမှာတော့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အပြောင်းအလဲတိုင်းကို ဦးဆောင် ခဲ့သူဟာ ကျောင်းသား တွေပဲ ဖြစ်တယ်။ ကိုလိုနီ ပညာရေးနဲ့ နယ်ချဲ့တွေကို သပိတ်မှောက် ခဲ့တဲ့ ပထမ ကျောင်းသား သပိတ်( ၁၉၂၀ ) ဟာ မြန်မာ တမျိုးသားလုံးရဲ့ အမျိုးသားရေး နိုးကြားမှု ဖြစ်စေခဲ့တယ်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားတွေရဲ့ ၁၉၃၆ ခု ဒုတိယ ကျောင်းသား သပိတ်ဟာ ၁၉၃၈မှာ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးကို မီးမွှေး ပေးခဲ့တာ ဖြစ်တယ်။

ဗိုလ်ချုပ် အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ် ဦးဆောင်ဖွဲ့စည်းတဲ့ ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) က ပြည်သူ လူထုနဲ့ ထပ်တူ လက်နက်ကိုင် တိုက်ပွဲ ၀င်ခဲ့လို့ မြန်မာ နိုင်ငံ လွတ်လပ်ရေး ရခဲ့တာ ဖြစ်တယ်၊ ဗိုလ်ချုပ် အောင်ဆန်းဟာ ကျောင်းသား ဘ၀ကနေ နိုင်ငံရေး ဇောက်ချ လုပ်မယ်လို့ ကျောင်းထွက်ပြီး ရဲရဲ တင်းတင်း ဆုံးဖြတ် လုပ်ဆောင်ခဲ့သူ ဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ ကျောင်းသား သမဂ္ဂရဲ့ ဥက္ကဌလည်း ဖြစ်တယ် ၊ ဒီတော့ ဗမာ့ တပ်မတော် ဆိုတာကိုက ကျောင်းသားကနေ ဖြစ်လာတာလို့ ပြောလို့ ရပါတယ်။

မြန်မာ ပြည်သူတွေက နယ်ချဲ့ လက်အောက်က လွတ်မြောက် ခဲ့ပေမဲ့လဲ အမျိုးသားခြင်း ကျွန်လို ပြန်အုပ်ချုပ် ခံခဲ့ရတယ်၊ မြန်မာ့ ဆိုရှယ်လစ် အမည်ခံ စစ်အာဏာရှင် စနစ်(နေရာ ဌာနတိုင်း စစ်ဘက် အရာရှိ များသာ အုပ်စိုး ချယ်လှယ်သည့် စနစ်) အောက်မှာ ဖွံ့ဖြိုး တိုးတက်မှု မရှိ ဆင်းရဲ မွဲတေ နေတဲ့ နိုင်ငံ ဖြစ်လာခဲ့တယ်၊ မတရားမှု မှန်သမျှကို ဆန့်ကျင် တတ်တဲ့ ကျောင်းသား တွေရဲ့ ဗီဇ သဘော အရ ၁၉၆၂ မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ စစ်တပ်က အာဏာ သိမ်းလိုက် ကတည်းက ပြတ်ပြတ် သားသား ဖွင့်ဟ ပြောဆို တိုက်ပွဲ ၀င်ခဲ့ ကြတယ်။ အညိုးကြီးတဲ့ နေ၀င်းနဲ့ စစ်ဝါဒီတွေက ရန်ကုန် တက္ကသိုလ် နယ်မြေကို စစ်မြေပြင်လို သဘောထားပြီး လက်နက်မဲ့ အပြစ်မဲ့ ကျောင်းသားတွေကို (၁၉၆၂ ခု ဇူလိုင်လ ၇ ရက်နေ့မှာ) ရက်ရက် စက်စက် ပစ်ခတ် သတ်ဖြတ်ပြီး ကျောင်းသား သမဂ္ဂ အဆောက်အဦကြီးကို မိုင်းခွဲ ဖျက်ဆီး ပစ်ခဲ့တယ်၊ ကျောင်းသား သမိုင်းမှာ မမေ့နိုင်တဲ့ 7JULYနေ့ ရယ်လို့ ဖြစ်လာပြီး နှစ်စဉ် နှစ်တိုင်း အောက်မေ့ဘွယ် အခမ်းအနားတွေ (ခုထိ) ကျင်းပ ကြတယ်။ ၁၉၈၈ မတ်လ၁၃ မှာ R.I.T ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင် တို့ကို ကျောင်းဝန်းထဲတင် ပစ်သတ်မှု ဖြစ်ပြီးချိန်မှာတော့ ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ ရှစ်လေးလုံးခေါ် ၁၃၅၀ ပြည့် လူထု အုံကြွမှုကြီး ဖြစ်ပေါ် ခဲ့တယ်။ ရဟန်း သံဃာတွေ၊ အဘိုးအဘွားတွေ၊ အိမ်ရှင်မတွေ၊ အလုပ်သမား လယ်သမားတွေ၊ ၀န်ထမ်းတွေ၊ တချို့ ရဲနဲ့ စစ်သားတွေ၊ နောက်ဆုံး မိန်းမလျှာ တွေတောင် ပါဝင်တဲ့ လူထု အုံကြွမှုကြီးက နေ၀င်း / စိန်လွင် အစိုးရကို ဖြုတ်ချ နိုင်ခဲ့ပေမဲ့ အာဏာကိုငန်းငန်းတက်ဆုတ်ကိုင် ထားလိုတဲ့ စစ်ဗိုလ်ချုပ် တွေက နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န၀တ) အမည်ခံ အာဏာ သိမ်းခဲ့ ပြန်တာကြောင့် ရရာ လက်နက် တွဲကိုင် ပြန်ချမယ် ဆိုပြီး ကျောင်းသားတွေ တောခိုကြရာက တစ်ကမ္ဘာလုံးက အံ့သြရတဲ့ ၊ ကမ္ဘာ့ တော်လှန်ရေး သမိုင်း တွေမှာတောင် မရှိတဲ့ ABSDF ခေါ် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသား တပ်မတော်) ဆိုတာ ပေါ်ပေါက် ခဲ့တယ် ။ VBSW ခေါ်တဲ့ စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့နဲ့ ABSDF ဟာ စစ်အာဏာရှင်နဲ့ မစေ့စပ် မဆွေးနွေး စတမ်း ပြတ်ပြတ် သားသား ရင်ဆိုင် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ကျောင်းသား တော်လှန်ရေး တပ်တွေ ဖြစ်တယ်။

ကျောင်းသား ဆိုတာ အလွှာ ပေါင်းစုံက ဖြစ်နိုင်ပြီး လူထု လူတန်းစား ပေါင်းစုံ မိဘတွေ နောက်မှာ ရှိနေတဲ့ အတွက် ကျောင်းသားက တစ်ခုခု စလိုက်တိုင်း ပြည်သူကြားမှာ ရိုက်ခတ်မှု ရှိတဲ့ အတွက် အာဏာပိုင် တွေက ကျောင်းသားတွေနိုင်ငံရေးလုပ်မှာ အရမ်းစိုးရိမ်ပါတယ် ၊ ဒါကြောင့် နည်းပေါင်းစုံနဲ့ ကျောင်းသားတွေ နိုင်ငံရေး မလုပ်နိုင်အောင် လုပ်ထားပါတယ် ။ကျောင်းတွေကို မြို့ပြင်တွေ ထုတ်ပြီး ပြည်သူတွေနဲ့ ဝေးရာမှာ ထားတယ်၊ မူးယစ် ဆေးဝါး ၊ အပျော်အပါးနဲ့ လောင်းကစားတွေကို မသိမသာ ခွင့်ပြု ပေးထားတယ် ၊ ကျောင်း စည်းကမ်းတွေ တင်းကြပ် ထားတယ် ၊ နိုင်ငံရေးဆိုတာ မဟ ရဲအောင် ခြိမ်းခြောက် ထားတယ် ၊ပညာရေး စနစ် အလွဲတွေနဲ့ ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ အချိန်ဖြုန်းခိုင်း ထားတယ် ။ နိုင်ငံရေး ဆိုတာ ကျောင်းသားနဲ့ မဆိုင်ဘူး ဆိုတာမျိုး အတွေးအခေါ် မှားတွေ ရိုက်သွင်းနေပြီး နယ်ချဲ့ ဆန့်ကျင်ရေး ခေတ်ကနေ ခုထိ ရဲရဲတောက် ကျောင်းသား သမိုင်းတွေကို ဖျောက်ဖျက် ဖုံးကွယ်ထားတယ် ။

ကျောင်းသားတွေမှာ အယူဝါဒ အစွဲ ၊ ဘာသာ အစွဲ ၊ လူမျိုး အစွဲ မရှိဘူး ၊ ကျောင်းသား ကြားမှာ အားလုံး ရှိတယ် ၊ ဒါပေမဲ့ ညီညွတ်လို့ ရကြတယ်၊ ကျောင်းသားက လူငယ်ပိုင်းတွေ ပီပီ ဖျတ်လတ်တယ် ၊ ပွင့်လင်း ရိုးသားတယ် ၊ မတရားမှု တွေ့လာလို့ ရင်ဆိုင် ဖြေရှင်းရတဲ့ အခါ ဒေါင်းခွပ် သလို (ဒေါင်းက ခွပ်ရင် နောက်ပြန် ပြေးရိုး ထုံးစံမရှိ၊ မနိုင်သည့် တိုင်အောင်တောင် အသေခံခွပ်) စိတ်ဓါတ်မျိုး ဖြစ်တာကြောင့် ကျောင်းသားတွေရဲ့ သင်္ကေတဟာ ခွပ်ဒေါင်းလို့ နယ်ချဲ့ ဆန့်ကျင်ရေး ခေတ်ကထဲက သတ်မှတ် ခဲ့ကြတာ ဖြစ်တယ်။ ခွပ်ဒေါင်းဟာ ကျောင်းသားထု ကိုယ်စားပြု သင်္ကေတ ဖြစ်တယ် ဆိုတာ စစ်အာဏာရှင်တွေ ကိုယ်တိုင် လက်ခံ အတည်ပြု ပေးလိုက်ရပြီ ဖြစ်တယ်၊ စစ်အာဏာရှင် တွေရဲ့ အယောင်ဆောင် ရွေးကောက်ပွဲမှာ ကျောင်း ယောင်ဆောင် ပါတီ ထောင်သူတွေရဲ့ နိုင်ငံရေး ပါတီ သင်္ကေတ အလံတွေကို ကျောင်းသား သမဂ္ဂအလံနဲ့ ချွတ်စွတ်တူ အသုံးပြုထားလို့ ပယ်ဖျက် ပေးဘို့ (ကျောင်းသား သမဂ္ဂရဲ့ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ဟောင်း) စာရေး ဆရာကြီး ဒဂုန်တာယာ နဲ့ စာပေ အနုပညာ အသိုင်းအ၀ိုင်း တွေက ၀ိုင်း ကန့်ကွက် ကြတာကို စစ်အာဏာရှင် တွေရဲ့ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က လက်ခံပြီး ပါတီ အလံ ပုံစံ ပြန်ပြင်ခိုင်း ပေးလိုက် ရပါတယ် ။ အဲဒါ ကျောင်းသားတွေနဲ့ ခွပ်ဒေါင်း အလံရဲ့ ဂုဏ်သိက္ခာ ပါပဲ ။

ကျောင်းသား နိုင်ငံရေး လုပ်သင့် မလုပ်သင့် ဆိုင်မဆိုင် ဆိုတာ အထက်မှာ ပြောပြီး သလို၊ ဗမာ့ တပ်မတော် ဆိုတာတောင် ကျောင်းသားတွေ နိုင်ငံရေး လုပ်ရာက ဖြစ်လာတာပါ ။ သမိုင်းမှာတော့ ကျောင်းသား နိုင်ငံရေး လုပ်လို့ ဗမာပြည် ကောင်းခဲ့တာပဲ ရှိတာပါ ။ တိုင်းပြည် နိုင်ငံရေး တည်ငြိမ်မှ ကျောင်းသားလည်း ပညာ ကောင်းကောင်း သင်ရမှာပါ ၊နိုင်ငံရေး မကောင်းရင် တိုင်းပြည်ရဲ့ ကဏ္ဍစုံ ပျက်ဆီးမှာပါ ၊မှန်ကန်တဲ့ ဥပဒေ မရှိတာကို မတရားတာလို့ သတ်မှတ်ရင် ကျောင်းသား မူအရ ဆန့်ကျင် ရမှာပါ ။ ကျောင်းသား ဆိုတာ အကြောက်တရား မရှိဘူး၊ မှန်ကန် ရဲရင့်တယ် ဆိုတဲ့ ဂုဏ်သိက္ခာပဲ ရှိပါတယ် ၊ အဲဒီအတွက် ကျောင်းသားတိုင်း နိုင်ငံရေး လုပ်ကြ ရမှာပါ ။

ခုဆိုရင် စစ်အာဏာရှင် တွေက ချမ်းသာချင်တိုင်း ချမ်းသာနေကြပြီး ပြည်သူတွေက တနေ့စာ နပ်မှန်အောင်တောင် အနိုင်နိုင် ဖြစ်နေတဲ့ မတရား မမျှတတဲ့ နိုင့်ထက် စီးနင်း ခေတ်ကြီး ဖြစ်နေတာ၊ နေရာတိုင်း လာဘ်ပေး လာဘ်ယူ ခေတ် ဖြစ်နေပြီး ယုတ်စွ အဆုံး သေရေးတောင် မလွယ်တဲ့ ခေတ်ကြီး ဖြစ်နေတာကို ကျောင်းသားတွေမှ ဦးဆောင် ပြောင်းလဲ နိုင်စွမ်း မရှိဘူး ဆိုရင်တော့……..။

ကျောင်းသားထု၏ သမိုင်း, သွေး, သတ္တိ အား အသိမှတ်ပြု လေးစား မျှော်လင့်လျှက်...

ဆောင်းပါး ဒီရေ

Monday, 24 May 2010

မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

Sunday, 16 May 2010

လကိုကြယ်ဖေါက် ထီးနန်းပျောက်




ဒီနေ့ညရဲ့ ကောင်းကင်ယံမှာ ထူးထူးခြားခြားဖြစ်နေတာက လနဲ့ကြယ် နီးကပ်စွာ ပေါ်နေတာပါ။ ကျွန်တော် တို့ရဲ့ ပြည်တွင်း သတင်းထောက် က ပြည်တွင်းမှာ ဒီညမှာသူမြင်ရတဲ့ ပုံလေးကို ရိုက်ကူးပြီး ပို့ပေးလိုက်တာပါ။ သူက ရှေးလူကြီး တွေကို မေးကြည့်တော့ ရှေးလူကြီးတွေက ဘုရင်တွေ ထီးနန်းကျတော့မယ့်အချိန်မှာ အဲဒီ လို အမှတ်အသားမျိုး ပေါ်တတ်တယ် လို့ဆိုပါတယ်။ အထူးသဖြင့် မင်းဆိုးမင်းညစ်တွေ ၊ ကံနိမ့်သွားတဲ့ မင်းတွေအတွက် သွေးထွက်သံယိုနဲ့ နိဂုံးချုပ်မယ့် နမိတ်လို့လဲ ဆိုပါတယ်
 
ပုံလေးကိုကြည့် ရင်း နားလည်တတ်ကျွမ်းတဲ့ သူများကလဲ ပြောပြ ရှင်းပြပေးကြပါဦးနော့။
ကျွန်တော်တို့မေးတဲ့ လူကြီးတွေကတော့ ကောင်းကင် နက္ခတာရာတွေက ပြတဲ့နမိတ်ကို ယတြာချေလို့လဲ မရဘူး လို့ဆိုပါတယ်။ ဟိုတုန်းကမင်းတွေနဲ့ မတူပဲ ဘုန်းမရှိလို့ ဆင်ဖြူတော်မပိုင်တဲ့အခါ လေယာဉ်ကို ဆင်ဖြူတော် နာမည်တပ်စီးတဲ့ ဘုရင်ရှုးကြီးရဲ့ ပရောဟိတ်ကြီးများကကော ဘယ်လိုဖြေရှင်းကြဦးမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
http://www.demowaiyan

`` သောကြာကြယ်နဲ့ လနဲ့နီး ပြည်ကြီးပျက်လတ္တံ့ ´´

16-5-2010 ညနေ ၇း၀၀ ခန့်က ဖြစ်ခဲ့တဲ့ ဓာတ်ပုံပါ။လနဲ့ ကြယ် ခုလိုပုံကိုတွေ့တဲ့လူတွေက ဗမာပြည်တွင်းမှာ
တော်တော် အထိတ်တလန့်ဖြစ်နေကြတယ်။တဘောင်က `` သောကြာကြယ်နဲ့ လနဲ့နီး ပြည်ကြီးပျက်လတ္တံ့ ´´ဆိုပဲ- - -

http://allburmamonksalliance.com/
http://allburmamonksalliance.org/

စာရေးဆရာ၊ အဆိုတော်၊ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးသုမောင် ကွယ်လွန်...


သွားပြန်ပြီ........။

ဘက်စုံထူးချွန်တဲ့ အစ်ကို( သုမောင် ) ကြွေလွင့်သွားပြီ ။ ည ၉း၀၀နာရီ သုခကမ္ဘာဆေးရုံမှ တစ်ဆင့် ကမ္ဘာမြေပြင်မှ ထွက်ခွါသွားခဲ့ပြီ ။
ဦးကျော်သူ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ

အကိုတို့ရေ

အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် ၊ စာရေးဆရာ ဦးသုမောင် တစ်ယောက် ဒီနေ့ည..၉း၀၀ မှာ သုခကမ္ဘာ အထူးကုဆေးခန်းမှာ ကွယ်လွန်သွားပါသည်။ ဈာပနကျင်းပမဲ့နေ့ကို ကျွန်တော် ထပ်သတင်းပေးပို့ပါ့မယ်။
လေးစားဦးညွှတ်လျှက် Burma Paparazi

ပေးပို့လာသူ ဦးကျော်သူနှင့် ရဲရဲတောက် ဘားမားပါပါရာဇီအား ကျေးဇူးတင်ပါသည်။
မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲပါကြောင်း ...
 

ဦးသုမောင် (၁၉၅၁-၂၀၁၀)ကိုယ်ရေးအကျဉ်း

၁၉၅၁ - ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ-ဒေါ်ခင်ညိုတို့ က မွေးဖွားသည်။ မွေးချင်း(၄)ယောက်တွင် တတိယမြောက်ဖြစ်သည်။ အမည်ရင်းမှာ မောင်ဗလဖြစ်သည်။ ငယ်စဉ် က စိန်ပေါလ်(ယခု အ့ထ့က(၆) ဗိုလ်တစ်ထောင်)တွင် ပညာသင်ကြားခဲ့သည်။

၁၉၆၆ - စိန်ပေါလ်ကျောင်းမှ စက်မှုလက်မှု အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့။

၁၉၆၉ - စက်မှုလက်မှုအထက်တန်းကျောင်းမှ ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့။ ထိုအချိန်မှစ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီဂျာနယ်တွင် စာပြင်အဖြစ်လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများရေးသားခဲ့။

၁၉၇၀ - ၀တ်မှုံဂျာနယ်ပါ''သနပ်ခါးရေကျဲကျဲ'' ၀တ္ထုတိုကို ''အုပ်စိုး'' အမည်ဖြင့် ရေးခဲ့(ပထမဆုံးဝတ္ထတိုဖြစ် သည်။)

၁၉၇၄ - ''အချစ်'' အမည်ရှိ လုံးချင်းဝတ္ထုကို စတင်ရေးသား။ သုမောင်သည် စာပေဆိုင်ရာလုပ်ငန်းများသာမက ရုပ်ရှင်သရုပ်ဆောင်မှု အပိုင်းတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်။ ထိုနှစ်တွင်ပင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား-စသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ''သုမောင်''အမည် ထင်ရှား ခဲ့။

၁၉၇၄ - ခုနှစ်တွင်ပင် ''နှောင်းတမြေ့မြေ့'' ရုပ်ရှင်ကား၌ ဇာတ်ဝင်နောက်ခံ တေးတစ်ပုဒ်ဖြစ်သော ''ပန်းဦးပန်မယ့် သူ'' သီချင်းကို စတင်သီဆိုခဲ့ရာမှစ၍ တေးဂီတလောကသို့ ရောက်ရှိခဲ့။

၁၉၇၆ - ''ရှင်နေမင်းမှပေးသောစာ'' (ဘာသာပြန်)ထွက်ခဲ့။ ''သိပ်ချစ်တယ်မဟုတ်လား'' လုံးချင်းဝတ္ထုထွက်ခဲ့။

၁၉၇၇ - ''ပင်တိုင်စံမကောင်းပါဘူးကွယ်'' လုံးချင်းဝတ္ထုထွက်ခဲ့။ ရှုမ၀မဂ္ဂဇင်းတွင် ''ငယ်အိပ်မက်'' ၀တ္ထုတို ရေးခဲ့။

၁၉၇၈ - ''သူ့မောင်မှာ သူ့မောင်မှာ'' ၀တ္ထုရှည်ထွက်ခဲ့။ ''အချစ်ငါမသိ''၊ ''အချစ်ပွင့်ကလေးများ''၊ ''အချစ် သစ်ပင်''၊ ''သာဓုအင်ဆန်း(စုပေါင်း)'' စာအုပ်များထွက်ခဲ့။

၁၉၇၉ - ''အချစ်(၂)''၊ ''အချစ်နှင့်သူ၏ကိုကို''၊ ''အချစ်၏နောက်ဆုံးနေ့များ'' စသော လုံးချင်းဝတ္ထုများထွက်ခဲ့။

၁၉၈၀ - ''အကယ်ဒမီ''၊ ''အချစ်စက်''၊ ''ငါကွ-ခုဆယ်ရာထောင်သောင်းသိန်းသန်းကုဋေ'' စသော လုံးချင်း စာအုပ်များထွက်ခဲ့။

၁၉၈၁ - ''လ''၊ ''စပယ်သုံးကုံး''(စုပေါင်း)၊ ''ထို့ကြောင့် အချစ်ဟုခေါ်ပါသည်''(စုပေါင်း) စာအုပ်များထွက်ခဲ့။

၁၉၈၂ - ''ပန်းစွယ်တော်ရွက်ကလေး''(စုပေါင်း) စာအုပ်ထွက်ခဲ့။

၁၉၈၃ - ''ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ'' ထွက်။

၁၉၈၄ - ''၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း'' (၀တ္ထုတိုပေါင်းချုပ်)။ ''သာဓုနှင့်ကျွန်တော်၏ဖခင်များအကြောင်း'' (၀တ္ထု တိုပေါင်းချုပ်)စာအုပ်များထွက်ခဲ့။

၁၉၈၆ - ''အချစ်လား သူဖျားနေတယ်'' စာအုပ်ထွက်။

၁၉၈၇ - ''ကမ္ဘာကြီးတုန်သွားတယ်'' စာအုပ်ထွက်။

၁၉၈၈ - ''ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင့်ခေါင်းပေါ်မှာ'' စာအုပ်ထွက်။ စာဖတ်သူအကြိုက်-မန္တလေး စာပေဆုကို''အဖေ၏အမေ'' ကိုယ်တွေ့စာတမ်းငယ်ဖြင့် ရရှိခဲ့။

၁၉၈၉ - ''မချစ်တတ်တာမဟုတ်၊ မချစ်ချင်တာပါ'' ၀တ္ထုထွက်။

၁၉၉၀ - ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုရ။

၁၉၉၅ - နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအိုနိုင်ငံများရှိ ဆရာဝန်များ ငွေရတုသဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့တေးသီချင်းများ သွားရောက်ဖျော်ဖြေခွင့်ရခဲ့။

၁၉၉၆ - ''သောတာဆွေ လွမ်းတသ-အမှတ်တရ'' (စုပေါင်း)စာအုပ်ထွက်။

၁၉၉၇ - ''စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ(စုပေါင်း)'' စာအုပ်ထွက်။

၁၉၉၉ - ''ကွမ်းစကား'' (၀တ္ထုတိုပေါင်းချုပ်)၊ ''ကြွေ-မိန်းခလေးပုံပြင်နှင့် ဘ၀ရသစာစုများ''၊ ''ပန်းယွန်း အိမ်''(စုပေါင်း)၊ ''မှတ်မှတ်ရရ-ရှုမ၀၀တ္ထုတိုများ'' စာအုပ်များထွက်။

၂၀၀၁ - ''မင်းနဲ့မှချစ်တတ်ပြီ'' ရုပ်ရှင်ကားတွင်သရုပ်ဆောင်။ ''နံနက်စာ ဆောင်းပါးပေါင်းချုပ်'' စာအုပ်ထွက်။ သြဂုတ်လတွင် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါးတက္ကသိုလ်၌ ကျင်းပခဲ့သော''နိုင်ငံတကာစာရေးဆရာများ စာပေရေးရာ လုပ်ငန်းအစီအစဉ်''သို့ တက်ရောက်စာတမ်းတင်ခဲ့။

စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်-သုမောင်သည် ရုပ်ရှင်ဇာတ်ကားကြီးပေါင်း (၄၀)ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ရုပ်ရှင်နောက်ခံတေး၊ ရေဒီယိုတေး၊ တိပ်ခွေဆီးရီးစသည်ဖြင့် တေးသီချင်းပုဒ်ရေ ပေါင်း(၂၀၀၀)ကျော် သီဆိုခဲ့သည်။ ဂီတထက် စာပေကို အလေးထားဆောင်ရွက်ခဲ့သည်။ ၂၀၁၀ခုနှစ်မေလ ၁၆ရက်နေ့ ည ၉း၀၀နာရီ သုခကမ္ဘာဆေးရုံ၌ သူချစ်သောဂီတ၊ အနုပညာနှင့် ချစ်သောပရိသတ်အား ခွဲခွါထားရစ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ(အေးဘုံ)၊ သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထား- သားသမီး(၄)ယောက် ကျန်ရစ်ခဲ့သည်။

နိုင်ငံရေး ထောင်အကျဉ်းစံ ၏မိခင် သားထောင်ဝင်စာ တွေ့ ဖို့ ကျိုးစားရင်းသေဆုံးသွား A Political Prisoner’s Mother Died after Her Visit to Her Son

We, the members of the Assistance Association for Political Prisoners-Burma (AAPPB), were informed that a political prisoner’s mother died after her visit to her son. Daw Hla Hla Myint, mother of Mya Than Htike (aka) Tayzar, passed away at the age of 66 on 15 May, 2010 after her visit to her son in Taungoo prison due to the extremely hot weather. AAPP also expresses it deepest condolences for Mya Than Htike and family members for their loss.

Mya Than Htike, a youth member of the National League for Democracy, was imprisoned for 9 years on 27 September 2007 for his involvement in the Saffron Revolution. While he was at the demonstrations, the security forces gunned down the peaceful demonstrators. A Japanese journalist was killed and many other demonstrators were injured. Mya Than Htike got injured and taken to Rangoon General Hospital. Later, after he was sentenced to 9-year imprisonment, he was transferred to Taungoo prison in Bago Division, 175 miles north of Rangoon where his family resides.

Bo Kyi, the joint secretary of AAPP, said, “This is the tragic example of the military regime’s brutal intention to torture both political prisoners and their families. Political prisoners are transferred to remote prisons thus family members have to face hardships to visit their loved ones in prisons.”



Assistance Association for Political Prisoners (Burma)

Wednesday, 28 April 2010

ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေးကြပါရန်....


အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။



ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားသွားပါတယ်။



ပြည်တွင်းက အင်တာနက် အသုံးပြုတဲ့ ညီအကို မောင်နှမများ ဆောင်ရန် ရှောင်ရန်...

အောက်မှာ ဆက်လက်ဖတ်ရှုပါရန်

ရေးသားသူ ရွှေသွေး..

မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး (သို့) အင်တာနက်ဆိုင်များရှိ ကွန်ပျူတာတွေထဲမှာ Keylogger ခေါ်တဲ့ ဆော့ဖ်ဝဲများထည့်သွင်းထားပြီး လာရောက်သုံးစွဲသူတွေထဲကနေ နိုင်ငံရေးနဲ့ ပတ် သက်ပြီး ပြည်တွင်းပြည်ပဆက်သွယ်သူများကို ခြေရာခံကာ ပြန်ပေးဆွဲ ဖမ်းဆီးနှိပ်စက် ထောင်ချ သတ်ဖြတ်မှုများရှိနေကြောင်း သိရလို့ အင်တာနက် သုံးစွဲသူများ အန္တရာယ်ကင်းစေရန် တေဇာတေ-ရဲ့ “သူတပါးကွန်ပျူတာ (သို့) ဆိုင်ဘာမှာသုံးရင် သိထားသင့်တဲ့ အချက်တစ်ချို့” ဆိုတဲ့ ဆောင်းပါးကို အနည်းငယ် ပြင်ဆင်ဖော်ပြခြင်း ဖြစ်ပါတယ်။



အနည်းငယ် ရှင်းပြပါမယ်။ Keylogger ဆိုသည်မှာ Windows စတက်ကထဲက အလုပ်လုပ်တဲ့ Software တမျိုးပါ။ ကွန်ပျူတာပိတ်ထားပေမဲ့လဲ အဲဒီ Software က အလုပ်လုပ်နေဆဲပါ။ အဲဒီ Software ရဲ့ထူးခြားချက်က Tray icon မပေါ်ပါ။ ဒါ့ကြောင့် ၄င်းအလုပ်လုပ်နေမှန်း မသိနိုင်ပါ။ သို့သော် ၄င်း Keylogger ကနေ မိမိ Keyboard နဲ့ရိုက်သမျှ၊ Mouse နဲ့နှိပ်လိုက်သမျှအားလုံးကို အချိန်နဲ့တကွ မှတ်ထားပေးပါတယ်။ ထိုအခါ မိမိရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်သမျှ အားလုံးကို ၄င်း Keylogger က မှတ်တမ်းတင်ထားပြီးဖြစ်လို့ လုံခြုံမှု လုံးဝမရှိတော့ပါ။ All in 1 key-logger ဆိုရင် ဓါတ်ပုံများ၊ အသံနဲ့ ဗီဒီယိုစသည်များကိုပါ အတိအကျ မှတ်သားထားပေးနိုင်တဲ့ အဆင့်မြင့်ဆော့ဖ်ဝဲဖြစ်လို့ ပိုမို အန္တရာယ်ကြီးပါတယ်။



ကွန်ပျူတာမှာ အဲဒီ Software သွင်းထားပြီး သုံးစွဲသူရဲ့ လုပ်ဆောင်ချက်များကို အတိအကျ မှတ်တမ်း တင်နိုင်တဲ့အတွက် မိမိတို့အနေဖြင့် ဆိုင်ဘာကဖီး (သို့မဟုတ်) သူများရဲ့ ကွန်ပျူတာကို သုံးစွဲမယ် ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာမှာ ၄င်းဆော့ဖ်ဝဲ ရှိမရှိ အရင်ဆုံး စစ်ဆေးကြည့်တဲ့ အလေ့အကျင့် လုပ်ထားပါက အကောင်းဆုံးဖြစ်သလို ပိုမို လုံခြုံမှုရှိပါလိမ့်မယ်။ မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကွန်ပျူတာက မှတ်မထားနိုင်အောင်လုပ်ရမဲ့ နည်းလမ်း ကတော့



၁) Ctrl+Shift+Esc(or)Ctrl+Alt+Del နှိပ်ပါ။

၂) Task manager ပေါ်လာပါမယ်။

၃) Task manager မှ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို ရှာပါ။

၎) msdts.exe တွေ့လျှင် အဲဒီကွန်ပျူတာမှာ keylogger ထည့်ထားပါတယ်။

၅) အဲဒီလိုတွေ့ရင် ၄င်း msdts.exe ကိုရွေးကာ End process လုပ်ပါ။ ထိုသို့ end process လုပ် ခြင်းဖြင့် ၄င်းလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးရပ်သွားပြီး မိမိလုပ်ဆောင်ချက်များကို မှတ်မထား နိုင်တော့ပါ။ (ကွန်ပျူတာကို စိတ်ချစွာ အသုံးချနိုင်ပါပြီ။)



Task Manager ကို အထက်ပါအတိုင်း ကီးသုံးခု (Ctrl+Alt+Delete) နှိပ်ပြီးခေါ်တာအပြင် နောက် တနည်းကတော့ window logo+R နှိပ်ပြီးတက်လာတဲ့ Run box မှာ taskmgr လို့ စာရိုက်ပြီး task managerကို ဖော်ပါ။ ဒါမှမဟုတ် Start ကနေသွားပြီး Run ကိုသွားပါ။ ဆက်လုပ်ရမှာကတော့ အထက်ပါ အတိုင်းပါပဲ။

အကောင်းဆုံးနည်းလမ်းမှာ task manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ ပရိုဂရမ်တွေ ထဲက မိမိသုံးမဲ့ ပရိုဂရမ်လောက်ပဲ Ok ထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းပါပဲ။ အကြောင်းမှာ သာမန်ကွန်ပျူတာအသုံးပြုသူအနေဖြင့် ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကို မှတ်ထားတယ်ဆိုတာကို မသိနိုင်တဲ့အတွက် အန္တရာယ်ကြီးပါတယ်။ မိမိသုံးမဲ့ ပရိုဂရမ်ကိုသာ သီးသန့်ထားပြီး ၄င်း process tab ထဲမှာရှိသမျှ ဖိုင်အားလုံးကို end process လုပ်ပြီး သုံးတာက အလုံခြုံဆုံးဖြစ်တဲ့အတွက်ကြောင့်ပါပဲ။



အထူးသတိပြုရမှာကတော့ တကယ်လို့ task manager ကိုခေါ်မရပဲ admin နဲ့ဆက်ရမယ် ဆိုရင် တော့ အဲဒီလို အင်တာနက်ကဖီးမျိုးကို ရှောင်သင့်သလို လက်လှမ်းမီရာ သူငယ်ချင်းများကိုပါ အသိ ပေးထားသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် မိမိအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် keylogger တွေထဲမှာပင် Online webpage မှာတင်လို့ရတဲ့ keylogger နဲ့ hardware keylogger ဆိုပြီး အဆင့်မြင့် နည်းပညာများလဲ ရှိပါသေးတယ်။ ၄င်း နည်းပညာများထည့်သွင်း တပ်ဆင်ထားတဲ့ ကွန်ပျုတာဆိုရင် Taskmanager ခေါ်ပြီး End process လုပ်ကာ သုံးစွဲပေမဲ့ မလုံခြုံနိုင်ပါ။ ဒါ့ကြောင့် သတိကြီးကြီးထားနိုင်မှ တော်ကာကျပါမယ်။



ဒီစာလေးကိုရေးပြီး အသိပေးရတဲ့အကြောင်းရင်းကတော့ တာမွေ-ကျောက်မြောင်းရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှာ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနဲ့အဆက်အသွယ်လုပ်တယ်-ဆိုကာ ကွန်ပျူတာ အချက်အလက် အထောက်အထားနှင့်တကွ အဖမ်းခံရကြောင်းကြားသိရလို့ အခြားသော ပြည်တွင်းမှ အင်တာနက်သုံသူတွေအနေနဲ့ နည်းပညာပိုင်းအရ ရှောင်လွှဲလို့ရနိုင်တဲ့ နည်းလမ်းကောင်းလေးတခုကို တဖက်တလမ်းကနေ ဆင့်ပွားမျှဝေပေးခြင်း ဖြစ်ပါတယ်။ ဒါလေးကိုဖတ်ပြီး ပြည်တွင်းက အင်တာနက်သုံးသူ မိတ်ဆွေများဆီကို လက်လှမ်းမီသမျှ မျှဝေပေး ခြင်းဖြင့် “နှမ်းတစေ့ဖြင့် ဆီမဖြစ်နိုင်..” ဆိုသော်လဲ “အုဌ်တချပ် သဲတပွင့်..” အနေဖြင့် မြန်မာ့အရေးကို တဖက်တလမ်းမှ ကူညီပေးနိုင်မယ်-လို့ ယုံကြည်ပါကြောင်း…



နောက်တစ်ခုကတော့

ဂူးဂဲလ်တော့ခ် (google talk) ခေါ် ဂျီတော့ခ် (gtalk) သုံးစွဲသူတွေ မြန်မာပြည်မှာ အဖမ်းခံရတယ် ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့အပတ်က မိုးမခ နဲ့တခြားဘလော့တွေမှာ ဖတ်ရတော့ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ အင်တာနက် စောင့်ကြည့်ရေး အောက်မှာ အရဲစွန့် သုံးစွဲနေသူများကို အထူးစိုးရိမ်နေခဲ့တာ အမှန်ပါ။ ညီငယ်တဦး ဖြစ်သူလည်း မကြာသေးခင်ကတက်ကြွလူငယ်တစုနဲ့ အတူ နိုင်ငံတော်အကြီးအကဲများကို အကြည်ညိုပျက် အသရေဖျက်မှုနဲ့ ထောင်ဒဏ် ကျခံနေရကာ နောက်ဆက်အမှုတွဲအဖြစ် သူရဲ့ အင်တာနက်ဆိုင် ဝင်ထွက် သွားခဲ့တဲ့ မှတ်တမ်း အချက် အလက်ကြောင့် အင်တာနက်က တဆင့် သတင်းဖြန့်ဝေမှု ဘာ ညာ လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်များနဲ့ အင်တာနက် ဆက်သွယ်ရေး နည်းဥပဒေ ၃၄ (ဃ) ဖြင့် ပြစ်ဒဏ် ပိုမိုချနိုင်ဖို့ တရားစွဲဆိုမှု ခံနေကြောင်း မိဘများက ပြောပြတယ်။



အများသိတဲ့အတိုင်း ယနေ့ မြန်မာပြည်မှာ အကြောင်း အမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး တက်ကြွသူတွေကိုလည်း စစ်အစိုးရက အင်တာနက်ဆိုင်သွား၊ အင်တာနက်သုံးတာ ရှိရင် ဒီ အင်တာနက်ဆိုင်ရာ မတရားဥပဒေနဲ့ ထောင်ချဖို့ ပြင်ဆင်ထားပါတယ်။ ဒီတော့ အခုရက်အတွင်း

ဂျီတော့ခ် သုံးစွဲတာကို အစိုးရက ကြားဖြတ် ဝင်ရောက်ပြီး အချက်အလက်တွေ ရယူနိုင်တာကြောင့်လို့ သတင်းတွေမှာ မတင်မကျ ရေးထားတာကြောင့် အင်တာနက်သုံးစွဲသူတွေမှာ ဂျီမေးလ် (gmail) ဂျီတော့ခ် သုံးစွဲတာ လုံခြုံမှုမရှိ သူတို့ ပြောဆိုရေးတာတွေကို အစိုးရက အချိန်မရွေး ကြားဖြတ် ဝင်ရောက်နိုင်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်ကြကုန်ပါတယ်။ ဒီလိုအစိုးရသတင်း အချက်အလက် ရယူနိုင်တာ ဂျီမေးလ် လုံခြုံမှု မရှိလို့ မဟုတ်ဘဲသုံးစွဲသူများ အခြေခံ ရှောင်သင့် ဆောင်သင့်တာ မလုပ်နိုင်တာက တကြောင်း နဲ့စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ထိန်းချုပ်မှုများကြောင့် ဖြစ်ပါတယ်။ ဒီအတွက် အနည်းဆုံး အင်တာနက် သုံးစွဲနေသူများ အနေနဲ့ သိသင့် ရှောင်သင့် ဆောင်ရန် အချက်များကို မျှဝေလိုက်ပါတယ်။



အင်တာနက်လောကကို ဦးဆောင်နေတဲ့ ဂူးဂဲလ် (google) အုပ်စုထုတ် ဂျီတော့ခ်၊ ဂျီမေးလ် တို့ကို အလွယ် ဝင်ရောက်ကာ သုံးစွဲသူရဲ့ သတင်း အချက် အလက် ယူလို့မရနိုင်ပါ။ အများအားဖြင့် ဒီလို မိမိတို့ သတင်း အချက်အလက်တွေကို တပါးသူ ရယူနိုင်တာ၊ ဖျက်ဆီး နှောက်ယှက်ခံရတာ အင်တာနက် သုံးစွဲသူများ ကိုယ်တိုင် အင်တာနက် သုံးစွဲရာမှာ သိသင့်တဲ့ အခြေခံ ရှောင်ရန် ဆောင်ရန်များကို အလေးမထား မလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ယနေ့ မြန်မာပြည် အင်တာနက် သုံးစွဲနေမှုကို အကြမ်း လေ့လာကြည့်ရင်



အင်တာနက်သုံးစွဲသူ အရေအတွက် အလွန်နည်းပါးလျက်ရှိပြီး သုံးစွဲသူများ စာရင်း အရေအတွက်ကိုလည်း စစ်အစိုးရက အလွယ် ရရှိနိုင်ပါတယ်။ အများစုမှာ အင်တာနက်ဆိုင်များမှာ သုံးစွဲနေရပြီး အများစုမှာ အင်တာနက် နည်းပညာကို စလုံးရေးစ မသိသေးသူများသာ ဖြစ်ကြပါတယ်။ စိတ်ဝင်စားစရာ တချက်က အခမဲ့

ရယူနိုင်တဲ့ ဟော့မေးလ် (hotmail) နဲ့ ယာဟူး (yahoo) တို့ကို ယနေ့အထိ ပိတ်ပင်ထားပြီး ဂျီမေးလ် ကိုသာ ရယူနိုင်ပါတယ်။ ထူးခြား ထူးဆန်းတာက အီးမေးလ် အသစ် ဖွင့်လိုသူများမှာ အင်တာနက်ဆိုင်ကိုသွားပြီး ဂျီမေးလ် ဖွင့်ပေးဖို့ ငွေပေး လုပ်ကိုင်ရကြောင်း၊ ဖွင့်ပေးတဲ့ အီးမေးလ်ရဲ့ သုံးစွဲသူ အမည် (username) နဲ့ စကားဝှက် (password) တို့ကို အင်တာနက်ဆိုင်က မှတ်ယူ သိမ်းထားပြီး အီးမေးလ် လာသုံးတဲ့အခါ ဆိုင်က

ဖွင့်ပေးကြောင်း ညီငယ်တဦးက ပြောပြပါတယ်။



စစ်အစိုးရအနေနဲ့ တဖက်မှာလည်း ဘယ်သူတွေ ဘယ်အချိန်ကာလမှာ အင်တာနက် သုံးစွဲတယ် ဆိုတာကို အင်တာနက် ဆိုင်များရဲ့သုံးစွဲသူမှတ်တမ်း (အဝင်-အထွက်၊ သုံးစွဲတဲ့ အချိန်ကာလ) ကို ယူကြည့်ခြင်းဖြင့် အလွယ်ရယူနိုင်တယ်။ အခုနောက်ပိုင်း တချို့ အင်တာနက်ဆိုင်များမှာလည်း ကွန်ပြူတာ (အင်တာနက်) သုံး ဝါရင့်လာသူများ ရှောင်ရှားမှုကို ထောက်လှမ်းနိုင်ဖို့ အာဏာပိုင်များက keylogger ခေါ် ကွန်ပြူတာသုံးစွဲသူ အသုံးပြုပုံ စာရိုက်ချက်တွေကို မှတ်ယူနိုင်တဲ့ စနစ်ကို ကွန်ပြူတာများမှာ ထည့်သွင်းပြီး သုံးစွဲသူများရဲ့အကြောင်းအရာများကို ထောက်လှမ်း ရယူနေတယ်လို့ သိရှိရတယ်။



ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဒေသမှာ နေနေ အများသုံး ကွန်ပြူတာကို သုံးပြီးအင်တာနက် ကြည့်သူ သုံးသူများအတွက် လုံခြုံမှုမှာ ကိုယ်ပိုင် ကွန်ပြူတာနဲ့ ကိုယ့်အိမ်မှာ သုံးတာထက် အထူး နည်းပါးပြီး မိမိရဲ့သုံးစွဲမှု

အချက်အလက်များကို တခြားလူများက အလွယ်တကူ ဖော်ထုတ် ရယူနိုင်ပါတယ်။ (စကားချပ် - ဒီဖက် အမေရိကန်နိုင်ငံ နဲ့ တိုးတက်နေတဲ့ နိုင်ငံတွေမှာလည်းနိုင်ငံတော် လုံခြုံရေး အကြမ်းဖက် လှုပ်ရှားမှုများ နဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ်များရဲ့ ကာမဆိုင်ရာ ပုံများ ဖလှယ်မှု၊ အသက် မပြည့်သူများနဲ့ ကာမဆိုင်ရာ ဆက်သွယ် လုပ်ကိုင်မှုများကို စောင့်ကြည့် ကြားဖြတ် လုပ်ကိုင်နေပါတယ်)။



အင်တာနက်ပေါ်မှာ နိုင်ငံရေး ဆိုင်ရာ အကြောင်း အရာ အချက် အလက်များ ရေးသား ပြောဆိုတာတွေကို အထူး တင်းကြပ် စောင့်ကြည့်နေတဲ့ မြန်မာပြည်မှာ အင်တာနက် သုံးစွဲနေသူများ အနေနဲ့ တက်နိုင်သမျှ အင်တာနက်ဆိုင်များ လူမြင်ကွင်းမှာ လျှိုဝှက်သင့်တဲ့ အကြောင်းအရာ အချက်အလက်များကို ဂျီတော့ခ်၊ အီးမေးလ် တို့မှတဆင့် ရေးသားပို့ဆောင်၊ ဖလှယ်ခြင်းများကို အထူးဂရုစိုက် လုပ်ကိုင်ဖို့ လိုပါတယ်။ တဖက်မှာလည်း အင်တာနက်သုံးစွဲသူအနေနဲ့ အခြေခံမဖြစ်မနေ လုပ်သင့်တာများကို ပြင်ဆင်လုပ်ကိုင်ဖို့ လိုပါတယ်။



(၁) အင်တာနက်ဆိုင်က မိမိ အီးမေးလ် (ဂျီမေးလ်)၊ ဂျီတော့ခ် များကိုဖွင့်ပေးထားပါက စကားဝှက်အသစ်ကို မိမိကိုယ်တိုင် ရွေးချယ် ပြောင်းလဲပါ။ အတတ်နိုင်ဆုံး မိမိ စကားဝှက်ကို သူငယ်ချင်း မိတ်ဆွေ၊ မောင်နှမ ဆွေမျိုး သားချင်း မည်သူကိုမှ ပေးမသိဖို့၊ အလွယ် ရေးမှတ်ထားခြင်း မလုပ်ဖို့ နဲ့ အနည်းဆုံး သုံးလတကြိမ် စကားဝှက် အသစ် ပြောင်းလဲပါ။ ဂျီတော့ခ်၊ ဂျီမေးလ်ကို အများသုံး ကွန်ပြူတာမှာ သုံးစွဲတဲ့အတွက် အီးမေးလ်ကို

ဖွင့်တဲ့အခါ သုံးစွဲသူအမည်၊ စကားဝှက် တို့ကို ဖြည့်ပြီးတဲ့အခါ အောက်ဖက်ရှိ Remember me on this computer ချက်ဘောက် ကို check မလုပ်ပါနဲ့။ အင်တာနက် သုံးပြီးတဲ့ အခါလည်း အီးမေးလ်ကို logout လုပ်ပြီး အင်တာနက် ဘရော့စာ တခုလုံးကို exit လုပ် ပိတ်ပစ်ပါ။ ဂျီတော့ခ် ဝင်ဒိုးကိုလည်း exit လုပ် ပိတ်ပစ်ပါ။



(၂) ဂျီတော့ခ်၊ ဂူးဂဲလ်တော့ခ် သုံးသူများအနေနဲ့ မိမိ သိတဲ့သူ ရင်းနှီးသူများကိုပဲ မိမိတို့ စကားဝိုင်းထဲကို ဖိတ်ခေါ် ထည့်သွင်းဆက်သွယ် ပြောဆိုပါ။ မိမိ မသိသူ တဦး တယောက်က ချိတ်ဆက်လာ၊ ဖိတ်ခေါ်တဲ့အခါ ဘယ်သူဘယ်ဝါ ဆိုတာကို သိအောင် စီစစ်ပြီးမှ မိမိ စကားပြော အုပ်စု စာရင်းထဲ ထည့်သွင်းပါ။ မသိသူ ဖိတ်ခေါ်မှုကို အလွယ်လက်ခံခြင်း၊ မိမိ အုပ်စုထဲ ထည့်သွင်းခြင်း မလုပ်သင့်ပါ။ ထောက်လှမ်းသူများ အနေနဲ့ မိမိ သူငယ်ချင်း မိတ်ဆွေပုံစံမျိုးနဲ့ စကားပြောအုပ်စုထဲ ဝင်ရောက်ဖို့ ကြိုးစားနိုင်တာမို့ ဂျီတော့ခ်နဲ့ စကားပြောမယ်ဆိုရင် ကြိုတင် (ဖုန်း) အချိတ်အဆက် လုပ်ပြီး ဘယ်အချိန်မှာ ဘယ်သူဘယ်ဝါနဲ့ ဆက်သွယ် ပြောမယ် ဆိုတာမျိုး လုပ်ကိုင်သင့်ပါတယ်။



မိမိအနေနဲ့ တဦး တယောက်ကို မိမိတို့ စကားပြော အုပ်စုစာရင်း ထည့်သွင်း လက်ခံပြီးရင် စာရင်းထဲရှိသူများက ဂျီမေးလ်၊ ဂျီတော့ခ်ကို ဆက်သွယ်ဖွင့်တိုင်း သူတို့အနေနဲ့ မိမိ အင်တာနက် ချိတ်ဆက် သုံးနေတာကို သိနိုင်ပါတယ်။ မိမိ မလိုလားတဲ့သူ မသိတဲ့လူ ဆက်သွယ်ရေး စာရင်းထဲမှာ ရှိနေရင် ဖယ်ရှားလိုတဲ့ အမည်ရဲ့ ရွေးပြီး မောက်စ် ညာဘက် ကိုနှိပ်ပြီး remove လုပ်နိုင်သလို၊ Block လုပ်ပြီး တားမြစ်နိုင်ပါတယ်။



(၃) ဂျီတော့ခ် သုံးစွဲမှုမှ ဗိုင်းရပ်စ် ရနိုင်သလားလို့ မေးတာကို ဖြေရရင် ဂျီတော့ခ် ဖွင့်သုံးခြင်းမှ မရနိုင်ပါ။ သို့ပေမယ့် မိမိနဲ့ ချိတ်ဆက် စကားပြောနေသူ (စကားပြောအုပ်စုထဲမှ တဦးတယောက်)က အီးမေးလ်မှ တဆင့်

ပို့လာတဲ့ ဗိုင်းရပ်စ် (virus) စပိုင်ဝဲယား (spyware)၊ စပမ် (spam) စတဲ့ ဒုက္ခပေးနိုင်တဲ့ အင်တာနက် စာမျက်နာလင့်ခ် များကို ဖွင့်ကြည့်ရာမှ ဗိုင်းရပ်စ်တို့၊ စပိုင်ဝဲယား တို့ကို ရနိုင်ပါတယ်။ ဒါကြောင့် မသိတဲ့ လင့်ခ်များ၊ ပူးတွဲစာ၊ ပုံ (attachment file) များကို အလွယ်ဖွင့်ကြည့်ခြင်း၊ ဒေါင်းလုတ် ရယူခြင်းများကို ရှောင်ရှားပါက

ဗိုင်းရပ်စ်ရန်မှ ကင်းနိုင်ပါတယ်။Do and Don_t Internet Users


Monday, 26 May 2008

သံဃာ့အစွမ်းကမ္ဘာလွှမ်းငြိမ်းအေးကြပါစေ


www.dhammadownload.info မှကူးယူတင်ပြသည်။

၂၅.၀၅.၀၈ နေ့ညချမ်းကာလ ၈း၀၀နာရီအချိန်မှစတင်၍စင်ကာပူနိုင်ငံဓမ္မဝိဟာရ(Eunos)ကျောင်းတွင် သီတဂူ ဆရာတော် ဦးညာဏိဿရ က နာဂစ်မုန်တိုင်း နှစ်ပတ်သတ်၍ကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည် တည် ဆောာက်ရေးလုပ်ငန်းများကို အကြောင်းပြု၍ တရား ရေအေး တိုက်ကျွေးခဲ့ပါသည်။ တရားနာ ပရိတ်ဿတ် ထောင်နဲ့ချီ၍တရားနာကြွရောက်လာခဲ့ကြပါသည်။

ဆရာတော်ဘုရားကြီးဟောကြားဆုံးမတော်မူခဲ့သည့်အကြောင်းအရာအချို့ကိုကောက်နုတ်တင်ပြလိုက်ပါသည်။

(၁)ရင်ဝမှာမျှားဒဏ်ရာနဲ့သူကိုအရင်ကယ်ပါ။
(၂)ခေါင်းမီးလောင်နေသည်ကိုအရင်ငြီမ်းသတ်ပါ။
(၃)လင်းတမျှော်နေသလိုဖြစ်နေ။


(၁) ရင်ဝမှာမျှားဒဏ်ရာနဲ့ သူကိုအရင်ကယ်ပါ အကြောင်းအရာနှင့်ပတ်သပ်၍ ရင်ဝမှာစူးနေသူကိုမျှားကို အရင် နှတ် ၍် ဆေးထည့်ပေးမှသာ အသက်ရှင်သန်နိုင်ပါမည်။ မျှားကိုမည်သူပစ်သည်၊ မည်သည့် အရပ်ကလာသည်၊ မျှားဤထိပ်ဖျားကို ပေရွက်ဖြင့် ပြူလုပ်သလား၊ ဝါးရွက်ဖြစ်ပြုလုပ်သလား၊ မျှားအမြီးကကော ငှက်တောင်ဖြစ်ပြုလုပ်သည်လားစူးစမ်းစစ်ဆေးနေရမည့် အချိန် မဟုတ် ကြောင်း အရင်လုပ်သင့်သည်ကို ဦးစွာလုပ်ရမည်ဖြစ်ကြောင်းဟောကြားဆုံးမခဲ့ပါသည်။

(၂) ခေါင်းမီးလောင်နေသည် ကို အရင်ငြီမ်းသတ်ပါ အကြောင်းအရာနှင့် ပတ်သင်၍လည်း အဖေကိုခေါ် အမေ ကိုခေါ် ဆွေမျိုးများခေါ် မီးသတ်ကိုခေါ်နေရမည့်အချိန် မဟုတ်ကြောင်းရေဖြင့်မီးကိုအရင်ငြိမ်းသတ်ရန် လိုအပ်ကြောင်း၊ သို့မှသာမီးလောင်ခံရသူ အသက်ချမ်းသာရာရမည် ဖြစ် ကြောင်း ကို လည်း ဟောကြားဆုံးမခဲ့ပါသည်။

(၃) လင်းတမျှော်နေသလိုဖြစ်နေ ဆိုသောအကြောင်းအရာနဲ့ပတ်သပ်၍လည်း ဆရာတော်မိန့် ကြားသည်မှာ လင်းတ များသည် အသိုက်တွင် အကောင်ပေါက်ပြီးလျှင်ကောင်းကင်သို့ပျံသွား၍လည်းကောင်း အသိုက် သို့မပြန်တော့၊ ရင်သွေးများ ကိုလည်း အစာမကျွေး၊ ရင်သွေးများမှာ လည်းမိခင်၊ ဖခင်အစာရှာပြန်အလာကို မျှော်ရင်းနဲ့ပဲ မိုးလင်းရပါတယ်။ထိုနည်းတူစွာပင်ဒုက္ခ သည်များနားခိုရာစခန်းများ အပေါ် မှပျံသန်းသွားသောရဟတ်ယာဉ်များပေါ်မှစားစရာ၊ဝတ်စ ရာာပစ္စည်းများ ချပေးလေမလားထင်မှားပြီး တ မျှော်နဲ့မိုးလင်းခဲ့ရတယ်လို.လင်းတနှင့်ရဟတ်ယာဉ်ကို ဥပမာပေးဟောကြားခဲ့ပါသည်၊

ထို့အပြင်ဆရာတော်ကြီးဦးဆောင်သောအဖွဲ့သည်ဘိုကလေးမြို့နယ်၊ကွမ်းသီးကုန်းကျေးရွာ၊ သီရဂူ ဆန်လှူအသင်းရုံးခန်းကို ယာယီစခန်း ဖွင့်၍ ကယ်ဆယ်ရေးလုပ်ငန်းများကိုလေးနေရာခွဲ ပြုလုပ်ကြောင်း၊ စစ်ကိုင်း သီရဂူဆေးရုံမှ ဆရာဝန်ကြီးများ၊ အာရှတော်ဝင်မှ ဆရာဝန်ကြီးများ၊ သူနာပြု များဖြင့် ထိုလေးနေရာတွင်ကုသကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေကြောင်းရှင်း လင်းဟောကြားခဲ့ပါသည်၊

ပြန်လည်နေရာချထရေးအတွက် သွတ်အချပ်ပေါင်းတစ်သိန်း၊အိုးခွက်ပန်းကန်အစုံ တစ်သိန်းကို စက်ရုံသို့ မှာထားကြောင်း ရှင်းလင်း ဟောကြားခဲ့ပါသည်၊

လပွတ္တာမြို့နယ်တွင် ဆရာတော်အရှင်ဆေကိန္န ဦးဆောင်သောအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင် နေကြောင်း ထည့်သွင်း မိန့်ကြားခဲ့ပါသည်၊

ဧရာဝတီတိုင်းနာဂစ်မုန်တိုင်းခံဒေသအတွင်းကယ်ဆယ်၊ကုသရေးလုပ်ငန်းများလုပ်ကိုင်နေ ကြသော သံဃာ တော်အရှင်သူမြတ်များနှင့် စေတနာရှင်များလုပ်ကိုင်နေသည်များကို ၀ိုင်းဝန်း ကူညီကြပါ လို့ တိုက်တွန်းနိုး ဆော် လိုက်ပါသည်၊

မြန်မာမျိုး
ကျေးဇူးပါ ပေးပို့ သူခင်ဗျာ။ ဗုဒ္ဓသရဏံ စီရံတိဌတုပါ။ ပြည်သူ့ လက်နဲ့ ပြည့်သူ့ အသက်ဆက်ရူံမှ လွဲတခြားမရှိတော့ပါ

အာဇာနည်ဘလော့မှကူးယူဖော်ပြသည်