Showing posts with label အရှင်မေတ္တာစာရ. Show all posts

Tuesday, 1 January 2008
မူမပြောင်းလို့ လူကောင်းမဖြစ်တာပါ
နအဖ(နွားအဖွဲ့)တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကတည်း တိုင်ပြည်းဟာ နေ့စဉ်အမျှ ဆင်းရဲမွဲတေမှုနှုံး တိုးတက်လာခဲ့ပါတယ်။ အခုတော့ တိုင်းပြည်ဟာဖွတ်တက်ခံရသလို တက်တက်ပြောင်နေပါပြီ။ ပြည်သူတွေဆင်းတာဟာ ကံကံ၏အကျိုးကြောင့်မဟုတ်ပါဘူး။ နအဖကြောင့်ပါ။ ကံကိုယုံလွန်းအားကြီးလို့ မွဲနေကြတာပါ။ မေတ္တာတရားတွေအားကြီးလွန်းလို့၊ ကရုဏာတရားတွေအားကြီးလွန်းလို့ အစော်ကားခံနေကြရတာ၊ အနိုင်ကျင့်ခံနေကြရတာပါ။
မြန်မာပြည်မှာ မူမပြောင်းသ၍ကာလပတ်လုံး ဘယ်အစိုးရပဲအုပ်ချုပ်ချုပ် ဖာနိုင်ငံဖြစ်နေရုံကလွဲပြီး ဘာမှတိုးတက်တဲ့ နိုင်ငံဆိုတာ ဖြစ်မလာနိုင်ဘူး။ ဘာမူတွေကို ကျင့်သုံးနေကြပါသလဲ။ အတ္တဟိတ “ငါကောင်းစားရေး”မူကိုကျင့်သုံးနေကြလို့ပါပဲ။ ငါကောင်းစားရေးဆိုတာ ငါ့အမျိုး၊ ငါ့မိတ်ဆွေကောင်းစားရေးအတွက် လုပ်တဲ့မူကိုပြောတာပါ။ အဲ့ဒီလိုလူတွေ အုပ်ချုပ်နေသမျှ တိုင်းပြည်မှာ မကောင်းတဲ့အကျင့်ဖြစ်တဲ့ အဂတိတရားလေးပါးကို ဆက်လက်ကျူးလွန်နေကြအုံးမှာပါ။ ဘယ်သူမှ မလွတ်ကင်းနိုင်ကြပါဘူး။
အဂတိ၎ပါးဆိုတာ ဆန္ဓာဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိတို့ဖြစ်ပါတယ်။
၁။ဆန္ဓာဂတိဆိုတာဘာလဲ၊ ကိုယ့်ဟာကိုချစ်လို့၊ ကိုယ့်မိသားစုကိုချစ်လို့၊ ကိုယ့်အမျိုးကိုချစ်လို့၊ ကိုမိတ်ဆွေကိုချစ်လို့ အမှားတွေကို ကျူးလွန်နေကြတာပါ။
၂။ဒေါသဂတိဆိုတာဘာလဲ၊ ကိုယ့်ဘက်ကမဟုတ်တဲ့သူတွေ၊ ကိုယ့်နောက်မလိုက်တဲ့သူတွေကို ရန်ငြိုးဖွဲ့ပြီး မကောင်းကြံတာပါ၊ အမှားတွေကို ကျူးလွန်နေကြတာပါ။
၃။မောဟဂတိ၊ ဥာဏ်ပညာနည်းပါးလို့ အမှားတွေကို ကျူးလွန်နေကြတာပါ။
၎။ဘယာဂတိ၊ အစိုးရဖြစ်နေလို့၊ အစိုးရနဲ့နီးစပ်နေလို့၊ အစိုးရကိုကြောက်လို့ အမှားတွေကို ကျူးလွန်နေကြတာပါ။
ဒီလေးပါးမှာ ဆန္ဓာဂတိနဲ့ဒေါသဂတိတို့ဟာ ဆက်စပ်မှုသဘောကိုဆောင်နေပါတယ်။ ကိုယ့်မိသားစု၊ကိုယ့်အမျိုး၊ ကိုယ့်မိတ်ဆွေတို့ကို ချစ်လို့ လာဘ်စားမှု့တို့၊ လူသတ်မှုတို့ ကျူးလွန်ကြတာပါ၊ အဲ့ဒါကို ဆန္ဓာဂတိလို့ခေါ်ပါတယ်။ လာဘ်စားမှုတွေ၊ လူသတ်မှုတွေရှိလာရင် မနာလိုသူတွေပေါလာမယ်၊ ကိုယ့်ကိုဆန့်ကျင်မယ့်သူတွေ၊ ကိုယ့်ကိုလုပ်ကြံမယ့်သူတွေ များလာပါပြီ။ အဲ့ဒီတော့ကိုယ့်ကိုဆန့်ကျင်တဲ့သူတွေ၊ ကိုယ့်ကိုလုပ်ကြံမယ့်သူတွေကို ရန်ငြိုးဖွဲ့တတ်တာဟာ ဒေါသဂတိဖြစ်ပါတယ်။
ဥာဏ်ပညာနည်းတဲ့အတွက်၊ အသိပညာနည်းတဲ့အတွက်ကြောင့်လည်း မောဟဂတိကို ကျူးလွန်နေကြတာပါ။ ဥပမာအနေနဲ့ပြောရရင် နအဖလက်ကိုတုတ်တွေဖြစ်ကြတဲ့ ကြံ့ဖွတ်နဲ့စွမ်အားရှင်၊စစ်တပ်နဲ့လုံထိန်းတို့ဖြစ်ကြပါတယ်။ အသိပညာနည်းပါးတဲ့အတွက် သံဃာကို သံဃာမှန်းမသိ၊ ကိုယ့်ကိုကြွေးတဲ့ထမင်းရှင်ပြည်သူတွေကို ကျေးဇူးရှင်မှန်းမသိလို့ အမှားတွေကို ကျူးလွန်နေကြတာပါ။
အစိုးရမင်းများကိုလည်းကြောက်ရ၊ အစိုးရနဲ့နီးစပ်တဲ့သူတွေကိုလည်းကြောက်ရ၊ အစိုးရအောက်က အစိုးရပေါက်စ အစုတ်ပလုပ်တုတ်တွေကိုလည်းကြောက်ရ စတဲ့အကြောက်တရားများကြောင့် ဘယာဂတိကို ပြည်သူတွေကျူးလွန်နေကြပါတာပါ။
အဂတိလေးပါးဆိုတာ အကုသိုလ်အလုပ်ဖြစ်ပါတယ်။ ဒီအကုသိုလ်ဖြစ်တဲ့ အဂတိလေးပါးရောဂါဟာ ပြည်တွင်းမှာနေထိုင်ကြတဲ့ ရဟန်း၊ရှင်လူအကုန်လုံးကို ကူးစက်နေပါပြီ။ ဒီရောဂါဆိုးကြီးက ပျောက်ကင်းဖို့ဆေးကတော့ အုပ်ချုပ်နေတဲ့မူကိုပြောင်းခြင်းဖြစ်ပါတယ်။
မူပြောင်းကြပါ။ မူပြောင်းမှ ခင်ဗျားတို့ လူကောင်းပြန်ဖြစ်မယ်။ မူမပြောင်းသ၍ ခင်ဗျားတို့ လူကောင်းမဖြစ်နိုင်ဘူး။

Posted by
ngffbm
at
18:46
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
အရှင်မေတ္တာစာရ
Thursday, 13 December 2007
ဘွဲ့နှင်းသဘင် နဲ့ လက်ကမ်းစာစောင်
ယနေ့ BMICH ခန်းမဆောင်မှာ Univesity of Kelaniya ကကျင်းပတဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကို အရှင်မေတ္တာစာရလည်း တက်ရောက်ခဲ့ပါတယ်။ ၄င်းအခမ်းအနားမကျင်းပမီ နအဖရဲ့ သံဃာတော်တွေအပေါ် ရက်စက်ယုတ်မှာမှုတွှေကို သီရိလင်္ကာဗုဒ္ဓဘာသာတွေပိုပြီးသိအောင် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါတယ်။ ရွက်ရေ သုံးရာလေးရာနီးပါးလောက် ဖြန့်ဝေခဲ့ပါတယ်။

Posted by
ngffbm
at
16:25
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
အရှင်မေတ္တာစာရ
Thursday, 29 November 2007
ပိုကြမ်းပြမယ်
“တောထဲမှာ တရားအားထုတ်နေတဲ့ သူတော်စဉ်ကို ဒေါသထွက်အောင်လုပ်တာ ဘယ်သူလဲ”
“Hacker ကို Craker ဖြစ်အောင်လုပ်တာ ဘယ်သူတွေလဲ။”
အပိတ်ခံရသော မဂ္ဂင်ကျောင်းတိုက်

နအဖတွေခေါင်းဆောင်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆို ဘယ်သူ့ကိုမှ အလွတ်ပေးမှာ မဟုတ်။ ဘုရားလဲမချန် ၊ တရားလဲ မလိုက်နာ ၊ သံဃာကို သတ်ပြီး တရုတ်လမ်းစဉ် တွေကို ဆက်လက်ကျင့်သုံးသွားဖွယ်ရှိနေ။
ကျုပ်တို့တွေဟာ နအဖရဲ့ ရက်စက်ယုတ်မာ၊ ရမ်းကား၊ ကြမ်းတမ်းမှုတွေကို ခံစားနေကြရတာ နှစ်ပေါင်း ရာစုနှစ်ရောက်ခါနီးနေပါပြီ။
အကြမ်းဖက်တဲ့သူတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ကျင့်သုံးနေခဲ့ကြတာလဲ နှစ်ပေါင်း ရာစုနှစ်ရောခါနီးနေပါပြီ။
ဒီလိုအကြမ်းမဖက်တဲ့နည်းနဲ့ ဆက်သွားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လဲ နာမည်ကြီးသထက်ကြီးလာမယ်၊ နအဖလဲ အာဏာမြဲသထက်မြဲလာမယ်။
တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာ ကြားရတာ နားခါးလှပါပြီ။ တော်ကြပါတော့။ ဘာတစ်ခုမှ ဖြစ်မလာဘူး။
အဲ့ဒီတော့ ဒီစနစ်ဆိုးကအောက်ကလွတ်ချင်ရင် ၊ နောင်မျိုးဆက်အတွက် စိတ်ချမ်းသားစေချင်တယ်ဆိုရင် ၊ နအဖအပေါ် လက်ရှိကျင့်သုံးနေတဲ့ နည်းဗျူးဟာတွေကို ပြောင်းလဲပစ်ရမယ်။
ဘာနည်းလဲ အကြမ်းဖက်သူကို ပိုပြီးအကြမ်းဖက်တဲ့နည်း။ ဒီနည်းဟာ ဒီမိုကရေစီလမ်းစဉ်ဟောင်း တစ်ခုဖြစ်တယ်။ ကိုယ့်မျက်လုံးတစ်လုံးကို ကန်းအောင်လုပ်ရင် သူ့မျက်လုံးနှစ်စလုံးကို ကန်းအောင်လုပ်မယ်။ ကိုယ့်လူတစ်ယောက်သေရင် သူ့လူနှစ်ယောက်ကို သေအောင်လုပ်မယ်။ ကိုယ့်ဘုန်းကြီးကျောင်းတစ်ကျောင်းပိတ်ခံရရင် သူတို့တပ်ရင်းနှစ်ရင်း ပိတ်နိုင်အောင်လုပ်ရမယ်။
ကိုယ့်ရပ်ကွက်ထဲက သစ္စာဖောက်ကြ့ဖွတ်တွေကိုလဲ သုတ်သင်၊ အပြတ်ရှင်း။ သူတို့နဲ့လဲ ဆက်ဆံပေါင်းသင်းသူတွေကိုပါ သစ္စာဖောက်အဖြစ်သတ်မှတ်။ သူတို့နဲ့ပတ်သက်တဲ့ ဘုန်းကြီးတွေကိုလဲ ရှုပ်ချ။
လူတွေရဲ့နှလုံးသားထဲမှာ စစ်သားတစ်ယောက်ကို မြင်ရင်သတ်ချင်လောက်အောင် မုန်းနိုင်အောင်အားထုတ်။ မွေးကင်းစကတည်းက ကလေးတွေကိုကြိုပြောထား မြင်အောင်ပြထား စစ်သားဆိုတာ မိစ္ဆာ၊ မကောင်းဆိုးဝါး။ ဘုန်းကြီးတွေကို သတ်တဲ့သူ။ စစ်ဝတ်အစားနဲ့လာရင် ခဲနဲ့ပေါက်ရင်လဲ ပေါက် ၊ တုတ်နဲ့ရိုက်ရင်လဲ ရိုက် ၊ သတ်ရင်လဲ သတ်။
ဒီအထက်ပါနည်းလမ်းများဟာ သမိုင်းမှာ ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ လမ်းစဉ်ဖြစ်ပါတယ်။ ဒီနည်းလမ်းကို ကျင့်သုံးသွားမယ်ဆိုရင် အံ့မောင်(ယခင် သာသနာတော်ထွန်းကားပြန့်ပွားရေး ညွှန်ကြားရေးမှုးချုပ် ၊ လက်ရှိနိုင်ငံတော် အကြံပေးအရာရှိ ၊ ဘုန်းကြီးလူထွက်) နဲ့ ပဲခူးကြခတ်ဝိုင်း လူသတ်ကောင်ဆရာတော် ဦးဇောတိပါလတို့ရဲ့ လမ်းစဉ်တွေထက် ပိုကောင်းပြီး ပိုအောင်မြင်မယ်လို့ ယုံကြည်မိပါကြောင်း။
ဘလော့သမားများအနေနဲ့လဲ ကိုယ်တတ်ထားတဲ့ Programming Language တွေကို အသုံးချပြီး၊ တစ်ဖက်ဘလော့သမားကို ရှင်းလင်းကြဖို့နဲ့ ကိုယ်တတ်ထားတဲ့နည်းပညာတွေကို အချင်းချင်းဖြန့်ဝေသွားကြဖို့ ၊ ပွင့်ပွင့်လင်းလင်းရေးသားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

သာသာနာနယ်မြေကို စစ်ခွေးများဝိုင်း

10:14
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
အရှင်မေတ္တာစာရ
Subscribe to:
Posts (Atom)