မစိုးရိမ်ဆရာတော် ဆုံးမသြ၀ါဒ
“သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ”
“သံဃဿ” - သံဃာအဖွဲ့အစည်း၏ “သာမဂ္ဂီ” - ညီညွတ်ခြင်းသည် “သုခါ” - ချမ်းသာ၏။ “သမဂ္ဂါနံ” - ညီညွတ်ကြကုန်သော သူတို့၏ “တပေါ” - တိုင်တိုင်ပင်ပင်နဲ့ကျင့်ကြံကြိုးကုတ် အားထုတ်ကြခြင်းသည် “သုခေါ” ချမ်းသာ၏။ ညီညွတ်လျှင် ချမ်းသာ၏။ ညီညွတ်တဲ့လူတွေ လုပ်တဲ့အလုပ်က ပို၍ချမ်းသာ၏။
မြတ်စွာဘုရား ဟော်ကြားတော်မူသည့်အတိုင်း သံဃာအဖွဲ့အစည်းပဲဖြစ်ဖြစ်, လူအဖွဲ့အစည်းပဲဖြစ်ဖြစ် ညီညွတ်လျှင်ချမ်းသာ၏။ ဒါကြောင့်မို့လို့ အဖွဲ့အစည်းလုပ်တဲ့ ပုဂ္ဂိုလ်အားလုံးဟာ ညီညွတ်ဖို့လိုတယ်။ ညီညွတ်အောင်ကြိုးစားကြ။
ဦကောဝိဒါဘိဝံသ (မစိုးရိမ်ဆရာတော်ဘုရားကြီး)
သံဃာတော်များ၏ဦးဆောင်မှုဖြင့်ပေါ်ပေါက်ခဲ့ရသော စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်သည့်
ဓါတ်ပုံများ၊ ရုပ်သံဗီဒီယိုများ၊ ဆရာတော်ကြီးများဟောကြားတော်မူသည့် နအဖအစိုးရအား သတိသံဝေဂရစေရန်ရည်ရွယ်ဟောကြားခဲ့ကြသည့် တရားတော်များ စသည်စသည်တို့ကို မမြင်ရ၊ မကြည့်ရ၊ မနာကြားကြရသည့် ပြည်တွင်းမှ မြန်မာများ အများအပြားရှိနေဆဲဖြစ်ပါသည်။
BBC, VOA, RFA, DVB အစရှိသည့် နိုင်ငံခြားအသံလွှင့်ဌာနများမှ နေ့စဉ်လွှင့်ပေးလျှက်ရှိသော သတင်းများ၊ နိုင်ငံတော်၏ လတ်တလောဖြစ်ပျက်နေသော ဖြစ်ရပ်မှန်များ၊ ဂြိုလ်တုစလောင်းမှနေ့စဉ်လွှင့်ပေးလျှက်ရှိသောသတင်းများ ကိုလည်း နအဖက အမျိုးမျိုးနှောင့်ယှက်၍ ပြည်သူလူထုနားမ၀င်စေရန် ၄င်းတို့၏သတင်းစာများ၊ ရေဒီယို နှင့်ရုပ်မြင်သံကြားလိုင်းများမှ တန်ပြန်ဝါဒဖြန့်ချိရေးစစ်ပွဲကို ဆင်နွှဲလျှက်ရှိနေကြပါသည်။
နေပြည်တော်နှင့် စစ်တပ်များအတွင်းတွင် ဒုတိယ၀န်ကြီးအဆင့်ရှိသူများကိုပင် နေအိမ်များ၌တပ်ဆင်ထားသော စလောင်းများကိုလိုက်လံဖြုတ်သိမ်းခြင်း၊ ရေဒီယိုနားထောင်သည့်ဝန်ထမ်းများအားသတိပေးခြင်း၊ အရေးယူခြင်း စသည့် စစ်သားများ၊ မိသားစုများနှင့်၎င်းတို့၏၀န်ထမ်းများအပေါ် သတင်းမှောင်ချခြင်း၊ နိုင်ငံတော်အားကာကွယ်ရန်ဟုဆိုကာ ၀ါးရင်းဒုတ်သင်တန်းများ စစ်သင်တန်းများပေးခြင်းစသည်တို့ကိုလည်း စက်တင်ဘာလအရေးအခင်းကာလနောက်ပိုင်းတွင် အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်လျှက်ရှိနေပါသည်။
ပြည်တွင်းမှ ပြည်သူလူထုနှင့် စစ်သားများ စစ်သားမိသာစုဝင်များ နားမဆင်ရသော၊ မကြည့်မမြင်လိုက်ရသော အထက်ပါ သတင်းများ၊ ဗီဒီယိုခွေများ၊ ဓါတ်ပုံများနှင့် ဆရာတော်ကြီးများ၏ တရားတော်များအား ၄င်းတို့ သိမြင်နိုင်ရန်ဖြန့်ချိခြင်းများ မိမိအသိနှင့်မိမိ ဂရုတစိုက် ၀ိုင်းဝန်းဖြန့်ချိခြင်းဖြင့် ...
အမျိုးဘာသာ-သာသနာကိုဝိုင်းဝန်းစောင့်ရှောက်ရာရောက်သည်ကဲ့သို့ ....
နှစ်ပေါင်း ၄၅ နှစ်တိုင်တိုင် ပြည်သူလူထု၏ အကျိုးစီးပွားထက် ငါ့လင်ငါ့သားငါ့မယားငါ့ဆွေမျိုးငါ့ငဖါး တို့၏အကျိုးစီးပွားကိုသာ တည့်တည့်တမျိုး သွယ်ဝိုက်၍တစ်ဖုံ တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့သည့် စစ်အာဏာရှင်ရှင်စံနစ်ဆိုးကြီးအား တွန်းလှန်ဖယ်ရှားရန် မြန်မာအားလုံးဝိုင်းဝန်းကြိုးစားသည့် အရေးတော်ပုံတွင် အုပ်တစ်ချပ်-သဲတစ်ပွင့် ပါဝင်ဆောင်ရွက်ရာလည်းရောက်ကြောင်း .....
မိမိကိုယ်တိုင်ယုံကြည့်မှုအပြည့် အသိစိတ်ဓါတ်အပြည့်ဖြင့် ၀ိုင်းဝန်းလှုပ်ရှားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းကြေငြာအပ်ပါသည်။
ဗမာပြည်တွင်းလျှို့ဝှက်လှုပ်ရှားမှုအဖွဲ့ - Covert Operations in Burma
Showing posts with label ဗမာပြည်တွင်းလျှို့ဝှက်လှုပ်ရှားမှုအဖွဲ့. Show all posts
Showing posts with label ဗမာပြည်တွင်းလျှို့ဝှက်လှုပ်ရှားမှုအဖွဲ့. Show all posts
Sunday, 25 November 2007
Subscribe to:
Posts (Atom)
