မြန်မာ နိုင်ငံ အပါ အဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် ပြဿနာ တစ်ရပ် ဖြစ်နေသည့် လူကုန်ကူး သူများကို တရား ဥပဒေ အရ ဖော်ထုတ် ဖမ်းဆီး အရေးယူ နိုင်ရေး အတွက် လူကုန်ကူး ခံရသူများ ဘက်မှ အခမဲ့ လိုက်ပါ ဆောင်ရွက် ပေးမည့် ဥပဒေ ရေးရာ အတိုင်ပင်ခံ အဖွဲ့ကို တည်ထောင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်း အစိုးရ မဟုတ်သော လူကုန်ကူးမှု ကာကွယ် တားဆီး တိုက်ဖျက်ရေး အဖွဲ့ အသိုင်း အဝိုင်း အတွင်းမှ စုံစမ်း သိရှိ ရသည်။လူကုန်ကူး ခံရသူ များသည် ၎င်းတို့ ရင်ဆိုင် နေရသော ဒုက္ခ အခက်အခဲ များမှ ပြန်လည် လွတ်မြောက်ပြီး နောက်၎င်း တို့ကို လူကုန်ကူး ရောင်းစားသူ များကို ဖော်ထုတ် ဖမ်းဆီးရန် အားနည်း တတ်ကြကြောင်း၊ ရင်ဆိုင်ခဲ့ ရသော အခြေ အနေဆိုးများကြောင့် ပုံမှန်စိတ် အခြေ အနေ ပြန်လည် ရောက်ရှိအောင် ကြိုးစား နေရသည့် လူကုန်ကူး ခံရသူ များသည် လူကုန်ကူး သူများကို ဖော်ထုတ် ဖမ်းဆီး တိုင်ကြား နိုင်ရန် အခက် အခဲ များစွာ ကြုံတွေ့ ရပြီး အထူး သဖြင့် ဥပဒေကြောင်း အရ တရားစွဲ တိုင်ကြား နိုင်ရန် အခက် အခဲများစွာ ရှိသဖြင့် လူကုန်ကူး ခံရသူများ ဘက်မှ လိုက်ပါ ဆောင်ရွက်နိုင်မည့် ဥပဒေ ရေးရာ အတိုင်ပင်ခံ အဖွဲ့ကို ဖွဲ့စည်း နိုင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ လူကုန်ကူး ခံရပြီး ပြန်လွတ် လာတဲ့ သူတွေဘက် ဥပဒေကြောင်း အရ လိုက်ပါ ဆောင်ပေး နိုင်တဲ့ အဖွဲ့ တကယ်ကို လိုအပ်နေပါတယ်။
အချို့ လူကုန်ကူး ခံရသူတွေက ပြဿနာ မတက်ချင်လို့၊ အချို့လူကုန်ကူး ခံရသူတွေက မတိုင်ရဲလို့ မတိုင်ကြ တာတွေ ရှိတယ်။ အမျိုးမျိုးပဲ။ အရေးကြီးတာက လူ့အဖွဲ့ အစည်း ထဲမှာ လူကုန်ကူးတဲ့ သူတွေကို ဖော်ထုတ်ပြီး အရေးယူ အပြစ်ပေးနိုင်ဖို့ အရမ်း အရေးကြီးတယ်” ဟု လူကုန်ကူးမှု ကာကွယ် တားဆီး တိုက်ဖျက်ရေး နှင့် အသိပညာပေးရေး အဖွဲ့ တည်ထောင်ထားသူ တစ်ဦးက ဆိုသည်။ နိုင်ငံခြား သဘောင်္လိုင်း တစ်ခုတွင် အလုပ် ရရှိမည်ဟုဆိုကာ ငါးဖမ်း သဘောင်္ များတွင် လိမ်လည် ခိုင်းစေ ခံရပြီး လုပ်ခလစာ မရရှိဘဲ ရောင်းစား လူကုန်ကူး ခံရမှုမှ လွတ်မြောက်ပြီး မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာ သူအသက် ၃၀ ကျော်အရွယ် မြန်မာအမျိုးသား တစ်ဦး၏ မိဘ အုပ်ထိန်းသူတစ်ဦးက “သူက စိတ်က ပုံမှန်မဟုတ်ဘူး။ ကြောက်နေသလို ဖြစ်နေတယ်။ သဘောင်္လိုင်းမှာ အလုပ်ရမယ် ဆိုပြီး ငွေလိမ် ရောင်းစားသွားတဲ့ သူက ရန်ကုန်ကပဲ။ သူ့ရဲ့ ကျန်းမာရေး အခြေ အနေကြောင့် အဲဒီလူကုန်ကူး ရောင်းစားတဲ့ သူကိုတိုင်ဖို့ ဖိဖိစီးစီး မလုပ်နိုင်ဘူး”ဟု ပြောကြားသည်။
လူကုန်ကူး ခံရသူများ ဘက်မှ လိုက်ပါေ ဆာင်ရွက်မည့် ဥပဒေ အတိုင်ပင်ခံ အဖွဲ့တွင် တရားသူကြီးဟောင်းများ၊ ရှေ့နေများ နှင့် အစိုးရ ဝန်ကြီး ဌာနများတွင် တာဝန်ထမ်းဆောင်ဆဲ အရာရှိ အချို့ ပါဝင်မည်ဟု အဖွဲ့တည်ထောင်ရန် ပြင်ဆင် နေသူများ ထံမှ သိရှိရသည်။ “ဒီလို အဖွဲ့မျိုးက တကယ်ကို လိုအပ်ပါတယ်။ ဘာပဲပြောပြော စိတ်ပိုင်း ဆိုင်ရာ ၊ ငွေကြေးပိုင်း ဆိုင်ရာ အပါအဝင် အခြေအနေ အရပ်ရပ်မှာ အားနည်း ချက်တွေ ရှိလို့ လူကုန်ကူး ခံရတဲ့ သားကောင်တွေ ဖြစ်ခဲ့ ရတယ်။ ဒီလို လူမျိုးတွေ ဘက်က ကာကွယ် ပေးမယ့် ဥပဒေ အဖွဲ့ အစည်း မျိုးကို လုံးဝ ကြိုဆို ပါတယ်” ဟု ရန်ကုန် သတင်းထောက် တစ်ဦးက သုံးသပ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်၊ လူမှောင်ခိုမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ် အဖွဲဝင် နိုင်ငံ အဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင် ပါဝင်ထားပြီး ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထား သည်။
Showing posts with label ဟံသာဝတီသတင်း. Show all posts
Showing posts with label ဟံသာဝတီသတင်း. Show all posts
Saturday, 17 July 2010
ဘဏ် အသစ်များ နေပြည်တော်၌ ဩဂုတ်လဆန်း တွင် စတင် ဖွင့်ရမည်
ထူး ထရေးဒင်း ကုမ္ပဏီ၊ မက်စ် မြန်မာ ကုမ္ပဏီ၊ ဧဒင် အုပ်စု ကုမ္ပဏီ နှင့် IGE ကုမ္ပဏီ တို့အား ဘဏ်လုပ်ငန်း လုပ်ကိုင် ခွင့်ကို သက်ဆိုင် ရာမှ ဇူလိုင် ၂ ရက်တွင် ခွင့်ပြုခဲ့ ပြီးနောက်၊ ဘဏ်လေး ခုလုံး၏ ရုံးချုပ် များကို နေပြည်တော်၌ ဩဂုတ် လဆန်း ပိုင်းတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇူလိုင် ၂ ရက်နေ့က လုပ်ကိုင်ခွင့် တရားဝင် ချပေးလာ ပါတယ်။ဘဏ် အသစ် လုပ်ကိုင် ခွင်နဲ့ ပတ်သက်လို့ အရင် ချမှတ်ထားတဲ့ ဥပဒေ အချို့ကို အမိန့် ကြေညာစာ အမှတ် နဲ့ ပြင်ဆင်ပြီး လက်ရှိ အခြေ အနေနဲ့ ကိုက်ညီအောင် ပြဋ္ဌာန်းပေး ပါတယ်။ ဥပမာ - အရင်က ဘဏ် လုပ်ငန်း တစ်ခု စတင် လုပ်ရင် ရှိရမယ် ရင်းနှီး မြှုပ်နှံငွေကို အခုခေတ်နဲ့ အညီ ငွေကျပ် ၁၀ ဘီလီယံ ရင်းနှီး မြှုပ်နှံ ရမယ် ဆိုတာမျိုး ပါဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြ ပြောဆိုသည်။
ဗဟိုဘဏ်က ချမှတ် ပေးထားသည့် အတိုင်း လက်ရှိ ဘဏ်များ အားလုံး လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည့် ရင်းနှီးငွေ၏ ၁၀ ဆကိုသာ ဘဏ်အပ်ငွေ အဖြစ် လက်ခံ ရရှိပြီး၊ ဘဏ်အပ် ငွေ၏ ၇၀ ရာခိုင်နှုန်း ကိုသာ ချေးငွေ အဖြစ် ပြန်လည် ချေးခွင့် ပြုထားကြောင်း ၄င်းက ထည့်သွင်း ပြောဆိုသည်။ ဘဏ်များ အားလုံး စစဖွင့်ချင်း နေပြည်တော်မှာ ဖွင့်ရမှာပါ။ အခြား ပြည်နယ်နဲ့ တိုင်းများ မှာတော့ လုပ်ကိုင်ခွင့် ပြုသလောက် ဆက်ဖွင့် သွားမှာပါ။ ကိုယ့် ကုမ္ပဏီကို ဖွင့်ခွင့် ပေးနိုင်မယ့် နေရာများမှာ ဘဏ်ဖွင့်ဖို့ ကိုက်ညီတဲ့ အဆောက် အဦ များကို ရှာဖွေ ထားပါတယ်လို့ အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ် အထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်လုပ်ငန်း လိုင်စင် ၂၀ ကို ချထားပေးပြီး ဖြစ်ကြောင်း၊ ယခုနှစ် ၂၀၁၀ မှသာ ဘဏ်သစ် လေးခုကို ထပ်မံ လုပ်ကိုင်ခွင့် ပေးခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဖြည့်စွက် ပြောဆိုသည်။

Posted by
ngffbm
at
06:36
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
Thursday, 15 July 2010
သခင်တင်မြ ပြောပြတဲ့ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစု ရာတွင် အဆင့်ဆင့် ပြောင်းလဲ လာပုံ
၁။ (၂ဝဝ၄) ခုနှစ်၊ မေလ (၁) ရက် နေ့တွင် ဗိုလ်မှူး ရဲထွဋ် (ရဲဘော် သုံးကျိပ်) ၊ သခင် တင်မြ ၊ ဦးအေးမောင် (သမ ဝါယမ) ၊ ဒေါက်တာ ခင်မောင်ကလေး ( စိတ် အထူးကု ) တို့ကို ရဲဘော် ဘခက်က နံနက်စာ ဖိတ်ခေါ် ကျွေးမွေး ပါသည်။ ဗိုလ်မှူး ရဲထွဋ် က မောင်မြဦး မြန်မာ ပြန်သည့် ဗိုလ်ချုပ် အောင်ဆန်း ၏ 'စိန်ခေါ်သံ' စာအုပ်ပါ အချက်များ အကြောင်း ပြောကြရင်း ဗိုလ်မှူး ရဲထွဋ်က လွတ်လပ်ရေး၏ ထိပ်ဆုံး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ကို ပြည့်ပြည့် စုံစုံ ဖော်ပြ ထားသည့် စာအုပ် မရှိသေး ကြောင်း ပြောပါသည်။မြန်မာ့ လွတ်လပ်ရေး အတွက် ဗိုလ်ချုပ် အောင်ဆန်း ၏ နိုင်ငံရေး ဆောင်ရွက်မှု၊ စီးပွားရေး နှင့် ပတ်သက်၍ လမ်းညွှန်မှု၊ စစ်ရေး နှင့် ပတ်သက်၍ စွမ်းဆောင် နိုင်မှု၊ လူမှုရေး နှင့် ပတ်သက်၍ လမ်းပြမှု၊ အကျင့် သိက္ခာ နှင့် စပ်လျှဉ်း၍ သန့်ရှင်း စင်ကြယ်မှု၊ တိုင်းရင်းသား များ၏ လေးစား ယုံကြည်မှု၊ နိုင်ငံသူ၊ နိုင်ငံသား အများစုကြီး ၏ ချစ်ခင် လေးစား တန်ဖိုးထား ဂုဏ်ပြုခြင်း ခံရမှု တို့ကြောင့် မြန်မာ့ လွတ်လပ်ရေး ရရှိအောင် စွမ်းဆောင် ရာတွင် ဗိုလ်ချုပ် အောင်ဆန်းသည် 'တုလွတ်ကင်း' သည့် ခေါင်းဆောင်ဟု ယုံကြည် ပါသည်။ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစု ရာတွင် ပြည့်စုံနိုင် သမျှ ပြည့်စုံရန် မိမိတို့ ဆန္ဒ ရှိကြ ပါသည်။ ဗိုလ်ချုပ် အောင်ဆန်း ၏ ထူးချွန်သည့် ဆောင်ရွက် မှုများ၊ ဗိုလ်ချုပ် အောင်ဆန်း ၏ စရိုက် နှင့် ထူခြားသည့် အပြု အမူ ဖြစ်ရပ် များကို အများ ပြည်သူတို့ သိရှိ စေလိုရင်း ဖြစ်ပါသည်။
၂။ ထို့ကြောင့် ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း စာမူများ ရရှိရန် ယခု အချိန်တွင် သက်ရှိ ထင်ရှား ရှိနေ သေးသည့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင် ဆင်နွှဲ ခဲ့ကြသည့် လုပ်ဖော် ကိုင်ဖက်များ ထံမှ ပြောပြ ချက်များ၊ အဖြစ် အပျက်များ၊ စာများ၊ အမှတ်တရ ဓာတ်ပုံများ၊ ရုပ်ပုံများ၊ စသည် တို့ကို စုဆောင်းရန် နှင့် အကြံပေးချက် များကို ရယူရန် ဖြစ်ပါသည်။
၃။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ ပြုစုရေး အဖွဲ့တွင် ပါဝင် သူတို့မှာ
ကမကထပြုသူများ
၁။ ဗိုလ်မှူးရဲထွဋ်
၂။ သခင်တင်မြ
၃။ ရဲဘော်ဘခက်
၎။ ကိုတင်ဝင်းမြင့်(ဗိသုကာ)
၅။ ကိုကျော်အောင်(ရွှေပြည်တန်စာပေ)
ကူညီပံ့ပိုးသူများနှင့် စာမူစိစစ်မည့်သူများ
၁။ သခင်အုန်းမြင့်
၂။ သခင်သိန်းမောင်(ဝါးခယ်မ)
၃။ ဒေါ်ခင်ကြည်ကြည်
၎။ သခင်လှကွန်း
၅။ ဦးချစ်လှိုင်(ယခု ကိုကိုမောင်ကြီး)
၆။ မြန်မာ့အလင်း ဦးသန်းညွန့်
၇။ ဗိုလ်ထိန်လင်း (ဗိုလ်တထောင် သတင်းစာ၊ အယ်ဒီတာချုပ်ဟောင်း)
၈။ တက္ကသိုလ်စိန်တင်
၉။ မောင်ဝံသ
၁ဝ။ ကိုသိန်းလွင်(ဦးစာပေ)
၁၁။ ကိုမော်လင်း(စာအုပ်ဈေး)
၎။ မေးမြန်းခြင်း၊ စုဆောင်းခြင်း တို့ကို (၂ဝဝ၄) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ မှ စတင်၍ ပြုကြရန် သဘောတူကြ ပါသည်။
၅။ ပြောပြချက်များ၊ စာမူများ၊ ဓာတ်ပုံများ၊ ရုပ်ပုံများကို စုစည်း ထုတ်ဝေရန် ပြုစုပြီး ပါက အကူ အညီ ပေးသူ ကာယကံရှင် များ၏
သဘောတူ ခွင့်ပြုချက် ရယူပြီး မှသာ ပုံနှိပ် ထုတ်ဝေရန် ဖြစ်ပါသည်။ ယင်း ပြုစု ပြီးသည့် 'ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း' စာမူကို သက်ဆိုင်ရာ အစိုးရ၏ ခွင့်ပြုချက် ရရှိပြီး ပါက ပုံနှိပ် ထုတ်ဝေ ဖြန့်ချိရန် ဖြစ်ကြောင်း အားလုံး သဘောတူခဲ့ ကြပါသည်။ နောက် (၉) ရက်အကြာ (၂ဝဝ၄) ခုနှစ်၊ မေလ (၉) ရက် နေ့တွင် ရဲဘော် ဘခက် နေအိမ် ၌ပင် ဗိုလ်မှူး ရဲထွဋ်၊ သခင် တင်မြ၊ သခင်လှကွန်း နှင့် ရဲဘော်ဘခက်တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။ 'ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း' နှင့် ပတ်သက်၍ လေ့လာ တွေ့ရှိချက် များကို သခင်တင်မြက ပြောပြ ဆွေးနွေး ခဲ့သည်။(၁၉၅၁) ခုနှစ်၊ နိုဝင်ဘာလက ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည် ၏ တိုက်တွန်း မှုဖြင့် နတ်မောက် ဘုန်းကျော်၊ ဗိုလ်မှူး မောင်ဘို၊ အလင်းဝင် ဦးမေအောင် (ဗိုလ်ချုပ် နှင့် ဆွေမျိုးတော်တူ) သုံးဦး စုဆောင်း ပြုစု ထားသည့် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ကို ဗိုလ်သိန်းဆွေ (ကွယ်လွန်) ကမကထ လုပ်၍ ထုတ်ဝေခဲ့ ပါသည်။
(၁၉၈၈) ခုနှစ ခန့်တွင် ဗိုလ်ချုပ်ကြီး စန်းယု နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး လက်ထက်တွင် သမိုင်း ကော်မရှင် နှင့် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနမှ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိကို တာဝန်ခံ ပြုစုခဲ့ရာ စာမူ အဖြစ် ပြီးစီး နေပြီ ဖြစ်သော်လည်း ဘာကြောင့်မှန်း မသိ၊ စာအုပ် အဖြစ် ရိုက်နှိပ် ထုတ်ဝေခြင်း မပြုဘဲ၊ လက်နှိပ်စက် စာမူ အဖြစ်သာ ရှိနေသည်ကို တွေ့ရ ပါသည်။ ဤ စာအုပ်ကို ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနမှ ပညာရှင် (၆) ဦး စုပေါင်း၍ အပိုင်းလိုက် တာဝန်ယူ ပြုစု ခဲ့ခြင်း ဖြစ်ပါသည်။ ဤစာမူကို (၂ဝဝ၅) ခုနှစ်တွင် ဒေါက်တာ ခင်လှဟန်ထံ မှ သခင်တင်မြ တွေ့ခဲ့ သဖြင့် ခေတ္တငှားပြီး လက်နှိပ်စက် စာမူကို အဖွဲ့ အတွက် မိတ္တူကူးယူခဲ့ ပါသည်။
အထက်ပါ သမိုင်း ကော်မရှင် နှင့် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာန တို့က ပြုစု ခဲ့သော ''ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ'' သည် အဘယ်မျှ ပြီးပြည့်စုံ သည်ကို မိမိ အနေဖြင့် မဖတ်ရ သေးသဖြင့် မသိရှိ သေးကြောင်း သခင် တင်မြ က ရှင်းပြသည်။ မည်သူ့ပင် ဖြစ်စေ လက်နှိပ်စက် စာမူ အဖြစ်သို့ ရောက်နေပြီး ဖြစ်သဖြင့် အခွင့်သာ ပါက ယင်း စာမူကို ကျွမ်းကျင်သည့် သမိုင်း ပညာရှင်များ၊ လေ့လာ ဖတ်ရှု ပြီးပြည့်စုံသည် ထက် ပြည့်စုံသည့် အထိ ထပ်မံ ကြိုးပမ်း ကြမည် ဆိုပါက ခိုင်လုံ ပြည့်စုံသည့် '' ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ'' ပုံနှိပ်ပြီး စာအုပ် အဖြစ် ထွက်ပေါ် လာမည်ဟု မျှော်လင့်ရ ပါသည်။
(၂ဝဝ၄) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် ကမကထ လုပ်သူများ တွေ့ဆုံ ပွဲတွင် ဗိုလ်မှူး ရဲထွဋ်၏ ပြောကြား ချက်
(၁) ''ဒီနေ့ ဗိုလ်ချုပ် အောင်ဆန်း နှင့် ပတ်သက်လို့ ကျွန်တော့် ယုံကြည်မှုကို ပြောလို ပါတယ်။ (၁၈၈၅) ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့က သီပေါ ဘုရင်ကို နန်းချပြီး မြန်မာနိုင်ငံ ကို နယ်ချဲ့အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ နယ်ချဲ့အင်္ဂလိပ် တို့ရဲ့ ကျွန်နိုင်ငံ ဖြစ်သွား ပါတယ်။ (၁၉၄၈) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ကျမှ လွတ်လပ် တဲ့ မြန်မာ နိုင်ငံ လွတ်လပ်တဲ့ မြန်မာ လူမျိုး ဘဝ ပြန်ရောက် ခဲ့ရတယ်။
(၂) လွတ်လပ်တဲ့ မြန်မာ နိုင်ငံ ပေါ်ထွန်း လာအောင် ရဲရဲ ဝံ့ဝံ့ တိုက်ပွဲဝင် ခဲ့ကြတဲ့ သူရဲကောင်းတွေ၊ အသက် စွန့်လွှတ်ဖို့ ဝန်မလေးတဲ့ အာဇာနည် တွေ အဲဒီ သူရဲကောင်း အာဇာနည် တွေဟာ မြန်မာ့ သမိုင်းမှာ အမြောက် အမြား ရှိခဲ့ ပါတယ်။
(၃) လွတ်လပ်ရေး တိုက်ပွဲ အတွင်း မှာ ကျွန်တော် လေးလေး စားစား ရှိခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင် (၁၄) ဦးခန့် ရှိခဲ့ ပါတယ်။ ကျွန်တော် နှင့် တွေ့ဆုံ ဆံဆက်ခြင်း မရှိဘူးတဲ့ ခေါင်းဆောင် တွေလည်း ရှိပါတယ်။
အဲဒီ ခေါင်းဆောင်တွေ ထဲမှ ဗိုလ်ချုပ် အောင်ဆန်း ကတော့
(က) လွတ်လပ်ရေး ရရှိအောင် မှန်ကန်တဲ့ နိုင်ငံရေး လမ်းစဉ် နှင့် စည်းရုံး နိုင်မှု။
(ခ) လွတ်လပ်ရေး အတွက် စစ်ရေး နှင့် ပတ်သက်လို့ တပ်မတော်ကို ခေါင်းဆောင် ဖွဲ့စည်းနိုင်ရုံသာ မက ကမ္ဘာ့ပတ် ဝန်းကျင် အခြေ အနေနှင့် ဆက်စပ်ကာ မှန်ကန်တဲ့ တိုက်ပွဲ ပုံစံ နည်းဗျူဟာ ချမှတ်ပြီး စစ်ပွဲ ဆင်နွှဲနိုင်မှု။
(ဂ) လွတ်လပ်ရေး ရရှိအောင် တိုင်းရင်းသား လူမျိုးများ ကို စည်းလုံး ညီညွတ်မှု ရရှိအောင် စည်းရုံး နိုင်မှု နှင့် တိုင်းရင်းသား လူမျိုး များ၏ လေးစား ချစ်ကြည် ခံရမှု။
(ဃ) ခေါင်းဆောင်တွေ အတွက် အထူး လိုအပ်တဲ့ ကိုယ်ကျင့် သိက္ခာ အပြည့် အဝရှိမှု၊ အထူး သဖြင့် ပြည်သူ လူထုကြီး ၏ ချစ်ကြည် လေးစားမှု ရရှိရုံသာ မက ရန်သူများ ကပင် လေးစား ခံရမှု စသည့် စွမ်းဆောင်မှု အရည် အချင်းတွေ ရှိသည်ဟု ကျွန်တော် ယုံကြည် ပါတယ်။
ကျွန်တော့် အမြင် သဘောထား ကတော့ မြန်မာ နိုင်ငံကို ကျွန်နိုင်ငံ၊ ကျွန် ဘဝကနေ လွတ်လပ်တဲ့ လူမျိုး ဘဝ ရောက်လာအောင် ဗိုလ်ချုပ် အောင်ဆန်း ကြိုးပမ်း ဆောင်ရွက် နိုင်ခဲ့တယ်။ ကုန်ကုန် ပြောရမယ် ဆိုရင် ဗိုလ်ချုပ် အောင်ဆန်း ဟာ သူ့ အသက် သွေးနဲ့ လဲပြီး မြန်မာ တစ်မျိုးသားလုံး လွတ်လပ်တဲ့ လူမျိုး ဘဝ ရောက်အောင် သွေးလမ်း ခင်းပေး ခဲ့တယ်။ ဒါ ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဟာ '' တုလွတ် ကင်းတဲ့ ခေါင်းဆောင်'' ဖြစ်တယ်လို့ ကျွန်တော် စွဲစွဲ မြဲမြဲ ခံယူထား ပါတယ်။ ယနေ့ထက် ထိလဲ အဲဒီ ယုံကြည်ချက် အတိုင်းပါဘဲ။ ဒါကြောင့် ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ်အောင်ဆန်း'' အတ္ထုပ္ပတ္တိ စာမူများကို စုဆောင်း ဖြန့်ဝေဖို့ ဆန္ဒ ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ကျွန်တော် သိရ သလောက်၊ ကျွန်တော့် အမြင်၊ သဘောထားကို ပြောပါ ရစေ။ ကျွန်တော် သိရ သလောက်၊ အတ္ထုပ္ပတ္တိ၊ ဝတ္ထု၊ ဆောင်းပါး၊ မှတ်တမ်း ဝေဖန်ရေး စာတမ်း စသည်ဖြင့် ရေးသား ပုံနှိပ် ဖြန်ချိ နေကြ တာတွေဟာ သမိုင်း မှတ်တမ်းတင် ကျန် ရှိလို တာကြောင့် လူတွေ အသိတရား ရစေ လိုတာကြောင့် လွဲမှားစွာ ဖော်ပြထား တာကို အမှန် ဖြစ်စေ လိုတာကြောင့် တာဝန် အရ ရေးရ တာကြောင့် အချို့ကျတော့ မိမိကိုယ်ကို ထင်ပေါ် စေလို တာကြောင့် အခ ငွေကြေး ရလို တာကြောင့် စတဲ့ အမျိုးမျိုးသော အကြောင်း တွေ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခု ပြုစုမဲ့ စာမူ ကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကာယကံမြောက် အလုပ် အကျွေးပြု ကျေးဇူးဆပ်မယ့် အလုပ်ပါ။ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကြိုးစား ရအောင်ပါ။
စုန်ရေ နှင့် ဆန်ရေ
ဗိုလ်ချုပ် အောင်ဆန်းက ကျွန်တော် အပါ အဝင် မြန်မာ တစ်မျိုးသားလုံး ကို ကျွန် ဘဝက လွတ်လပ်တဲ့ ဘဝ ရောက်အောင် လုပ်ပေးခဲ့ တာဟာ ဘယ်သူမှ ယှဉ် မရနိုင်တဲ့ မိဘရဲ့ စုန်ရေ တာဝန်ကို ဆောင်ရွက်ခဲ့ တာပါ။ သား သမီး တွေရဲ့စားဝတ် နေရေး အတွက် ပင်ပင် ပန်းပန်း လုပ်လုပ် ကြရတာက ရေဆန်ပါ။ အခု ကျွန်တော် တို့က ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း'' စာမူများ ရရှိ လာအောင် ကြိုးစား ရတာ ကလဲ ဗိုလ်ချုပ် အောင်ဆန်း အတွက် သားသမီး တွေ ဖြစ်တဲ့ ကျွန်တော်တို့ တစ်တွေက အလုပ် အကြွေး ပြုတာဟာ ဆန်ရေ ပါ။ စုန်ရေ မဟုတ်ပါ။ ကြိုးစား ရအောင်ပါ။ ကျွန်တော် တို့တစ်တွေ သားသမီးတွေ အတွက် စုန်ရေရော ဆန်ရေပါ လုပ်ခဲ့ ကြသူတွေ ပါ။ အခု ကတော့ သခင် ဗိုလ်ချုပ် အတွက် ဆန်ရေ တာဝန်ကို ထမ်းဆောင် ကြပါစို့'' ဟု ဗိုလ်မှူး ရဲထွဋ် ပြောကြား ခဲ့ပါသည်။
(၂ဝဝ၄) ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ တွေ့ဆုံ ပွဲတွင် သခင် တင်မြက အောက်ပါ စာတမ်းငယ် နှစ်စောင်ကို တင်ပြခဲ့ ပါသည်။
(၁) စာမူစိစစ်ရာတွင် အထောက် အကူ ဖြစ်စေရန်
ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိကို ပုံနှိပ် ထုတ်ဝေ ထားသည့် စာအုပ်များ ရှိပါသည်။ ထုတ်ဝေ ပြီးသော စာအုပ် များထက် တတ်နိုင် သမျှ ပိုမို ပြည့်စုံသည့် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ဖြစ်စေရန် ကျွန်တော်တို့ အားလုံး ဆန္ဒ ရှိကြ ပါသည်။ ယင်းဆန္ဒကို ဖြည့်ဆည်း ပေးနိုင် သူများမှာ ဗိုလ်ချုပ် အောင်ဆန်း နှင့် တစ်ချိန်က ကိုယ်တိုင် ကိုယ်ကျ ထိတွေ့ဆက်ဆံဖူး ကြသည့် သက်ရှင် ထင်ရှား ရှိနေသေးသည့် ပုဂ္ဂိုလ် များသာ ဖြစ်ပါသည်။
ထို့ကြောင့် ယင်း ပုဂ္ဂိုလ်များ ထံမှ - လွတ်လပ်သည့် နိုင်ငံ၊ လွတ်လပ်သည့် လူမျိုး ဖြစ်လာ စေရန် ဗိုလ်ချုပ် နှင့် အတူ ဆောင်ရွက်ခဲ့သူ များသည်-
ဗိုလ်ချုပ် အောင်ဆန်း ၏ နိုင်ငံရေး အရ ခေါင်းဆောင်မှု၊
စီးပွားရေး နှင့် ပတ်သက်၍ လမ်းညွှန်မှု။
စစ်ရေး အရ စွမ်းဆောင် နိုင်မှု။
လူမှုရေး နှင့် ပတ်သက်၍ မှန်ကန်စွာ ကျင့်သုံးမှု
အကျင့် သိက္ခာ နှင့်ပတ်သက်၍ သန့်ရှင်း စင်ကြယ်မှု
တိုင်းရင်းသား လူမျိုး များ၏ ယုံကြည် လေးစား ခံရမှု
နိုင်ငံသူ နိုင်ငံသား အများစု ကြီး၏ ချစ်ခင် လေးစား ယုံကြည် အားထား ဂုဏ်ပြု ခံရမှု
စသည် တို့နှင့် ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်း ၏ ထူးခြားသော ဆောင်ရွက် မှုများ၊ မိန့်ခွန်းများ၊ မှတ်စု မှတ်တမ်း များကို စုဆောင်းရန်။ ယင်း စာမူများ ရရှိရန် အတွက် ဗိုလ်ချုပ် အောင်ဆန်း နှင့် လွတ်လပ်ရေး နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲ များတွင် အတူ တကွ ပါဝင်ခဲ့ သူများ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ထိတွေ့ ဆက်ဆံ ခဲ့ပြီး ယနေ့တိုင် သက်ရှင် ထင်ရှား ရှိနေကြသည့် ပုဂ္ဂိုလ် များထံ သွားရောက် မေးမြန်း စုဆောင်း ပါမည်။
စာမူ စိစစ်ရေး ပုဂ္ဂိုလ်များ မေးမြန်း စုဆောင်း ရရှိသည့် မှတ်တမ်းနှင့် စာမူ များကို
(က) ဗိုလ်ချုပ် အောင်ဆန်း အား တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ ဂုဏ်သိက္ခာ ထိခိုက် စေမည့် အချက် အလက် များကို ပယ်ဖျက် ပစ်ရန်။
(ခ) မိမိ သိရှိ ထားသည့် အချက် အလက် များသည် အဖြစ်မှန် နှင့် ကွဲလွဲ နေပါက မှားသည့် အရာ များကို ပယ်ဖျက်ပြီ အမှန် ကိုသာ ဖော်ပြရန်။
(ဂ) အကြောင်း အရာ မှန်သော်လည်း မပြည့်စုံ ပါက ဖြည့်စွက် ပေးရန်။ စိစစ်ပြီး စာမူ များကို ပုံနှိပ် ထုတ်ဝေ နိုင်ရန် အတွက် စာမူရှင်၏ သဘောတူညီမှုကို ရယူပါမည်။ စာမူရှင်၏ သဘော တူညီမှု ရရှိပြီး ပါက စာအုပ် အဖြစ် စုစည်း၍ သက်ဆိုင်ရာ အစိုးရ ဌာန၏ ခွင့်ပြု မှုကို ရယူ ပါမည်။
ခွင့်ပြုမှု ရရှိ ပါက စာအုပ် အဖြစ် ပုံနှိပ် ပါမည်။ ပုံနှိပ်ပြီး ပါက ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ်အောင်ဆန်း'' စာအုပ်ကို
(၁) ပြည့်စုံနိုင် သမျှ ပြည့်စုံသော ဗိုလ်ချုပ် အောင်ဆန်း စာအုပ် ဖြစ်ပေါ် လာရေး အတွက် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနသို့ ပေးပို့ရန်။
(၂) စာမူ များကို စာအုပ် အဖြစ် ပုံနှိပ်နိုင်ရေး အတွက် လိုအပ်သည့် ငွေကြေး ကို ခေတ္တ စိုက်ထုတ် ပေးသည့် ပုဂ္ဂိုလ် များအား ပြန်လည် ပေးဆပ်ရန်။ ယနေ့ အထိ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ အတွက် ခေတ္တ ငွေချေးငှားခြင်း မပြုခဲ့ ရပါ။ ကုန်ကျ စရိတ် များကို ကမကထ ပြုသူများ တစ်ခါ ထည့်ဝင်လျှင် ကျပ် ၁ဝဝဝဝိ/- ၊ ၂ဝဝဝဝိ/ - လစဉ် ထည့်ဝင် ခဲ့ခြင်း စေတနာ ရှိသူ များက လည်း ကျပ်ငွေ ၁ဝဝဝဝဝိ/-စီ ထည့်ဝင် ကြခြင်းများ ရှိခဲ့ ပါသည်။
(၃) ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်ကို ဈေးအသက်သာဆုံး နှုန်းဖြင့် ရောင်းချရန်။
''ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း'' စာအုပ် ပြည့်စုံ ပြီးမြောက်စေရန် အတွက် စာမူ စိစစ်သူ ပုဂ္ဂိုလ်များ အနေဖြင့် အကြံပေး ပါရန် နှင့် တတ်နိုင် ပါက ငွေအား ပစ္စည်းအား တို့ဖြင့် ကူညီကြပါရန် အသိပေး တိုက်တွန်း ပါသည်ဟု ဗိုလ်မှူးရဲထွဋ်က ပြောခဲ့ ပါသည်။
သခင်တင်မြ ၁၉/၆/၂ဝ၁ဝ ( လျှပ်တပြက် )
Posted by
ngffbm
at
08:48
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
ယာဉ်စီးခ လက်မှတ် ဖြတ်ပိုင်း နောက်တွင် ကြော်ငြာရန် ဖိတ်ခေါ်
အဓိပတိ (ပါရမီ) ကား များ၏ ယာဉ်စီးခ လက်မှတ် ဖြတ်ပိုင်း နောက်တွင် ယခုအပတ် မှစ၍ ကြော်ငြာများ ထည့်သွင်းနိုင် ကြောင်း ဖိတ်ခေါ် ကြော်ငြာလာသည်။ အရင်ကဆို အဓိပတိ (ပါရမီ) တွေ စီးရင် ယာဉ်စီးခ လက်မှတ်တွေ ပေးလေ့ မရှိဘူး။ အခုမှ ပြန် ပေးတော့ နဲနဲ ထူးဆန်း နေတယ်။ ပြီးတော့မှ နောက်မှာ ဤ နေရာတွင် ကြော်ငြာ နိုင်သည် ဆိုပြီး ရေးထားတာ တွေ့ ရတယ် ဟု အဓိပတိ ကို နေ့တိုင်း စီးနင်းသူ တစ်ဦးမှ ပြောပြသည်။ ယခုဆို ကုမ္ပဏီ ပိုင်ရှင် များသည် ၄င်းတို့၏ ကုန်ပစ္စည်းများ ကို လမ်းဘေးရှိ ဆိုင်များ ကွမ်းယာ ဆိုင်များ၊ အင်တာနက် ဆိုင်များ တွင် ဈေးသက်သက် သာသာ နှင့် ကြော်ငြာ လာကြပြီး ၄င်းတို့ ပစ္စည်း များကိုလည်း လူပိုသိ လာသည့် အတွက် ကုန်ကျ စရိတ် သက်သာသည့် ကြော်ငြာ များကို ပိုစိတ်ဝင်စားလာ ကြသည်။ အဆိုပါ ဖြတ်ပိုင်း နောက်မှ ကြော်ငြာများကို အမရာ မီဒီယာမှ စီစဉ် ဆောင်ရွက် နေပြီး ယခုချိန်တွင် ကြော်ငြာများ ကို စတင် လက်ခံနေပြီ ဖြစ်ပြီး ဩဂုတ်လ တတိယ အပတ်လောက် မှ စတင်ပြီး ယင်း ဖြတ်ပိုင်း များ၏ နောက်တွင် ကြော်ငြာ များ စတင် ထည့်သွင်း ကြော်ငြာမည် ဖြစ်ကြောင်း သိရသည်။
Posted by
ngffbm
at
08:46
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
Tuesday, 13 July 2010
ပြည်ပရောက် မြန်မာများ အွန်လိုင်းမှ တစ်ဆင့် မြန်မာထီ ထိုးနိုင်ပြီ
ရွှေမြန်မာ ပင်ရင်း ထီဆိုင် အုပ်စုမှ လွှင့်တင် ထားသော ရွှေမြန်မာ ထီဝက်ဘ်ဆိုက် (www. shwemyanmarlottery .com) မှ တစ်ဆင့် ပြည်ပရောက် မြန်မာများ အနေဖြင့် ထီထိုး နိုင်ပြီ ဖြစ်ကြောင်း မြန်မာ ထီဆိုင် ပိုင်ရှင် (ရတနာမိုး) မှ ဦးလှအောင်က ပြောသည်။ ယင်းကဲ့သို့ ထီ ထိုးရာတွင် မိမိ၏ မြန်မာပြည် နေရပ် လိပ်စာကို အွန်လိုင်းမှ တစ်ဆင့် အသိပေးကာ မိမိ၏ မိသားစု အသိုင်း အဝိုင်း ထံသို့ အသိပေး ရမည် ဖြစ်ပြီး ထိုးထားသော ထီလက်မှတ်ကို အဆိုပါ အိမ်လိပ် စာသို့ အရောက် ပို့ပေးမည် ဖြစ်ကြောင်း သိရသည်။ “ကိုယ်ရောက် နေတဲ့ နိုင်ငံ ကနေ ဝက်ဘ်ဆိုက် ဖွင့်ပြီးရင် ကိုယ်ကြိုက်တဲ့ ထီလက်မှတ်ကို ရွေးလိုက်ရင် ရပြီ။ အဲဒါကို ကျွန်တော်တို့က အိမ်တိုင် ရာရောက် ပို့ပေးသွားမယ်။ ဒါအဓိက ကတော့ ကိုယ့် မြန်မာတွေ အမိမြေ နဲ့ ခွဲနေကြတဲ့ အခါ မြန်မာထီ ကိုလည်း ကံစမ်းနိုင် အောင်ပါ ” ဟု ၄င်းက ရှင်းပြသည်။ ထိုကဲ့သို့ ထီထိုး ရာတွင် ထီလက်မှတ် တန်ဖိုးမှာ အပြောင်း အလဲ မရှိဘဲ နဂို အတိုင်း ထီတစ်ကတ် ၂၃ စောင်ကို တစ်စောင်လျှင် ကျပ် ၂၀၀ နှုန်းဖြင့်၊ ဝန်ဆောင်ခ တစ်ဆောင်လျှင် ကျပ် ၂၀ နှုန်းယူပြီး စုစုပေါင်း ကျပ် ၅၀၆၀ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုအခါ အွန်လိုင်း မှ တစ်ဆင့် ထိုးနိုင်သော နေရာ များမှာ ရန်ကုန် နှင့် နေပြည်တော် မြို့များ တွင်သာ ဖြစ်ပြီး နောက်ပိုင်းတွင် မြို့များ တိုးချဲ့ရန် အစီ အစဉ် ရှိကြောင်း ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထား သည်။
Posted by
ngffbm
at
06:19
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
ဆင်ဆာမဲ့ မြန်မာ သီချင်း ခွေများ အစား နိုင်ငံခြား ဇာတ်လမ်းတွဲ ခွေများကို အဓိက ထား ရောင်းချ
မြန်မာနိုင်ငံ ဗီဒီယို ဆင်ဆာ အဖွဲ့မှ ဆင်ဆာမဲ့ မြန်မာ သီချင်းခွေ များနှင့် ဇာတ်လမ်းခွေ များကို တင်းကျပ်စွာ လိုက်လံ စစ်ဆေး ဖမ်းဆီးလျက် ရှိသောကြောင့် နိုင်ငံခြား ဇာတ်လမ်းတွဲ အခွေ များကို အဓိကထား ရောင်းချ လာကြကြောင်း လေ့လာ တွေ့ရှိ ရသည်။ ဗိုလ်ချုပ် အောင်ဆန်း လမ်း နှင့် (၃၅) လမ်း ထောင့်ရှိ နိုင်ငံခြား ဇာတ်လမ်းတွဲ များကို ရောင်းချ နေသော ဆိုင်တွင် နိုင်ငံခြား ဇာတ်လမ်းခွေ များကို ဝယ်ယူသူ တစ်ဦးက '' ရပ်ကွက် ထဲက ဗီဒီယိုခွေ အငှားဆိုင်မှာ ကျတော့ နိုင်ငံခြားကားတွေ ငှားလို့ မရဘူးလေ။ကိုယ်ကြည့် ချင်တဲ့ အင်္ဂလိပ် ခွေတွေကို မြို့ထဲမှာပဲ လာဝယ်ပြီး အပိုင် သိမ်းထား လိုက်တော့ တယ်ဗျာ။ မြန်မာကား ကြည့်ချင် ရင်တော့ အဆင်ပြေ ပါတယ်။ ရပ်ကွက်ထဲက လမ်းထိပ်မှာ သွားငှား လိုက်ရုံပဲ။ မြန်မာ ဗီဒီယို ခိုးကူးခွေ တွေကို တင်းတင်း ကျပ်ကျပ် စစ်ဆေး ဖမ်းဆီးတာ ကတော့ ကောင်းပါတယ်'' ဟု ပြောပြသည်။ နိုင်ငံခြား ဇာတ်လမ်းတွဲ ခွေများကို ရောင်းချ ရာတွင် တစ်ခွေလျှင် (၅ဝဝ) ကျပ်ဖြင့် အတင့်ရဲစွာ ရောင်းချလျက် ရှိကြောင်း စုံစမ်း သိရသည်။ လမ်းပေါ်၌ ခရီးသွား ပြည်သူ မြန်မာ အမျိုးသမီးများ အနေ နှင့် မတွေ့သင့်၊ အမြင်မသင့်ကြောင်း နိုင်ငံခြား ဇာတ်လမ်းတွဲ အခွေများအား ရောင်းချ နေသူများသည် ဆင်ခြင် သင့်ကြောင်း ခရီးသွား ပြည်သူ တစ်ဦးက သုံးသပ် ပြောဆို ခဲ့ကြောင်း လျှပ်တပြက်ဂျာနယ်တွင် ဖော်ပြထားသည်။
Posted by
ngffbm
at
06:17
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
နေပြည်တော် မှ ပင်လောင်းသို့ ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ထား
နေပြည်တော် မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း မြို့သို့ မော်တော် ကားလမ်း နှင့် ရထားလမ်း ကို တစ်ပြိုင်တည်း ဖောက်လုပ် ခဲ့ရာ ယခုအခါ မော်တော် ကားလမ်းမှာ ပင်လောင်း မြို့နယ် ကိုးကွေ့ အထိ လုံးဝ ဖောက်လုပ် ပြီးစီး သွားပြီး ခရီးသည် ယာဉ် များ၊ ဘတ်စ် ကားကြီးများ ပြေးဆွဲနိုင် ရန် မကြာမီ ဖွင့်လှစ် ပေးတော့ မည်ဟု သိရသည်။ ယင်း မော်တော် ကားလမ်းသည် မူလ နေပြည်တော် ပျဉ်းမနား - ပင်လောင်း လမ်းကို ဆက်စပ် ဖောက်လုပ် ပေးခဲ့ခြင်း ဖြစ်ပြီး ရန်ကုန် - မန္တလေး လမ်းမကြီး မိုင်တိုင် အမှတ် (၂၇၁/၄) မှ အရှေ့ဘက်ရှိ ရှမ်းကုန် မြေမြင့်သို့ ဖြာထွက် ဖောက်လုပ်ခဲ့သည့် လမ်းခွဲသည် နေပြည်တော် တပ်ကုန်းမြို့ ကင်းသာ လမ်းခွဲမှ စတင်ပြီး ပင်လောင်း မြို့နယ် ကိုးကွေ့ အထိ (၂၀/၃) မိုင် ရှိသည်၊ ပင်လောင်းမြို့ အထိ ၆၉ မိုင် ရှိမည် ဖြစ်သည်။ လမ်းတစ်လျှောက် တံတားငယ် များ၊ ရေပြွန် များဖြင့် ဖောက်လုပ်ခဲ့ပြီး အကြီးဆုံး တံတားမှာ လိန်းလီကြိုး တံတားကြီး ဖြစ်သည်။
ယင်း ကားလမ်းကြီး သည် ပင်လောင်းမြို့မှ နှစ်မိုင် အကွာ ပင်လောင်း-လွိုင်ကော် ကားလမ်း ပေါ်ရှိ ရင်းမီး ကျေးရွာသို့ ရောက်ရှိပြီး အရှေ့ဘက် လွိုင်ကော်မြို့ အထိ သွားနိုင် သည်။ တစ်ချိန် တည်းမှာပင် နေပြည်တော် - ဆင်သေ (တပ်ကုန်း) - ပင်လောင်း သို့ ရထားလမ်း ကိုလည်း ဖောက်လုပ်လျက် ရှိရာ ယင်း ရထားလမ်းသည် အောင်ပန်း - လွိုင်ကော် ရထားလမ်း ပေါ်ရှိ သစ်ပင်ကြီးရွာ ရထားရပ် စခန်းနှင့် ဆက်စပ်ပြီး သစ်ပင်ကြီး ရထားရပ် စခန်းအား နေပြည်တော်-ပင်လောင်း ရထား လမ်းပေါ်ရှိ ဘူတာ အဖြစ် တိုးမြှင့် ဆောင်ရွက် သွားမည်ဟု သိရသည်။ ယင်း သစ်ပင်ကြီး ဘူတာမှာ ရွှေညောင် - တောင်ကြီး သို့ လည်းကောင်း၊ လွိုင်ကော်သို့ လည်းကောင်း ရထားဖြင့် ဆက် လက် သွားရောက် နိုင်မည်ဟု သိရသည်။

06:14
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
Sunday, 11 July 2010
ဒေါက်တာနိုင်ပန်းလှ စာအုပ် နှစ်အုပ် အား အင်္ဂလိပ် ဘာသာ နှင့် ထုတ်ဝေမည်
ဆရာကြီး ဒေါက်တာ နိုင်ပန်းလှ မကွယ် လွန်ခင် အင်္ဂလိပ် ဘာသာနဲ့ ရေးသားခဲ့ တဲ့ စာအုပ်နှစ် အုပ်ကို လောကအလင်း စာပေတိုက် ကနေ ဒီနှစ် စက်တင်ဘာ နဲ့ အောက်တိုဘာလ တို့မှာ ထုတ်ဝေသွား မယ်လို့ သိရပါတယ်။ ထုတ်ဝေ သွားမယ့် စာအုပ် နှစ်အုပ် မှာ “A Short Mon History ” နဲ့ “ Archaeological Aspects on Old Pyu Mon Myanmar” တို့ဖြစ် ပြီး ပထမ တစ်အုပ်ကို စက်တင်ဘာလ ထဲမှာ ထုတ်ဝေ သွားမှာ ဖြစ်ပြီး ဒုတိယ တစ်အုပ် ကိုတော့ နိုဝင်ဘာလ အတွင်း ထွက်ရှိ နိုင်ရန် ခန့်မှန်း ထားကြောင်း လောက အလင်း စာအုပ်တိုက် မှ စီစဉ်သူ မောင်ဇေယျက ပြောကြား ပါသည်။ "ကျွန်တော်တို့ လောက အလင်း စာအုပ် တိုက်က ဆရာကြီး ဒေါက်တာ နိုင်ပန်းလှ ရှိစဉ် တုန်းက စာအုပ် နှစ်အုပ် ထုတ်ဝေဖို့ တောင်း ထားတယ်။ စာအုပ် နှစ်အုပ် စလုံး စိစစ်ရေးက ကျပြီးပြီ။ ထုတ်ဝေဖို့ ပြင်ဆင် နေတယ်" လို့ သူက ဆိုပါတယ်။
' A Short Mon History က မွန် သမိုင်း အကျဉ်းချုပ်ပါ။ ရှေးဟောင်း သုတေသန အထောက် အထား၊ ဘာသာ ဗေဒ အထောက် အထား တွေနဲ့ ရေးထား တဲ့ သုတေသန စာတမ်းပါ။ တစ်ခါမှ တော့ ပုံနှိပ်ပြီးသား မရှိသေးဘူး။ ဆရာကြီး ဖတ်ထားတဲ့ စာတမ်းတွေပေါ့။ အဲဒီ စာတမ်းမှာ မွန်လူမျိုးတွေ ဘယ်နေရာ ကနေ စပြီး ပြောင်းရွှေ့ လာတယ် ဆိုတဲ့ အကြောင်း၊ အောက်မြန်မာပြည် ရာမည ဒေသမှာ သုဝဏ္ဏဘူမိ တည်ထောင်တဲ့ အကြောင်း၊ မွန် လူမျိုးတွေရဲ့ သမိုင်းကြောင်းကို အထောက် အထား တွေနဲ့ ရေးထား တာကို ထုတ်ဝေ မှာပါ" လို့ မောင်ဇေယျက ရှင်းပြပါတယ်။
“Archaeological Aspects on Old Pyu Mon Myanmar” စာအုပ် က တော့ ဆရာ နိုင်ပန်းလှ ၁၉၈၀ ၀န်း ကျင် ကThe Working People's Daily နဲ့ Guardian အင်္ဂလိပ် သတင်းစာ တွေမှာ ရေးခဲ့တဲ့ ရှေးဟောင်း သုတေသနနဲ့ ဆိုင်တဲ့ ဆောင်းပါး တွေကို ပြန်စုစည်းပြီး လုံးချင်း စာအုပ် အနေနဲ့ ထုတ်ဝေမှာ ဖြစ်တယ်လို့ သိရ ပါတယ်။
"ကျွန်တော် တို့ ဒီစာအုပ် တွေ ထုတ် တဲ့ ရည်ရွယ် ချက်က ဆရာကြီးက မြန်မာ လိုရော၊ အင်္ဂလိပ် လိုရော စာအုပ် တွေ ရေးခဲ့တယ်။ မြန်မာလို ရေးတာ ကတော့ ပြည်တွင်း မှာ လူသိများ ပေမယ့် အင်္ဂလိပ်လို ရေးတာ ကတော့ စာအုပ် မဖြစ်သေးဘူး။ ဒါကြောင့် ကိုယ့်ပြည်တွင်းမှာပဲ ဒေါက်တာ နိုင်ပန်းလှ အင်္ဂလိပ်လို ရေးတယ် ဆိုတာ သိစေချင်တဲ့ အတွက် အခုလို ထုတ်ဖြစ်တာပါ"လို့ မောင်ဇေယျက ပြောပြကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။

08:38
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
အမေရိကားမှ ပစ္စည်းများ မြန်မာပြည်မှ မှာယူ နိုင်မည့် အွန်လိုင်း စတိုး
ကွန်ပျူတာ ပစ္စည်းများ အပါအ၀င် အမေရိကန် နိုင်ငံတွင် ရောင်းချလျက် ရှိသော ကုန်ပစ္စည်း မျိုးစုံကို အွန်လိုင်းမှ တစ်ဆင့် အလွယ် တကူ မှာယူ နိုင်မည့် အွန်လိုင်း စတိုး ၀က်ဘ်ဆိုက် တစ်ခုကို ပြီးခဲ့သည့် လအတွင်း စတင် လွှင့်တင် ခဲ့ကြောင်း ထို အွန်လိုင်း စတိုးကို ဖွင့်လှစ်သည့် ကိုအောင်ဇော်ထွေးက ပြောကြားသည်။ www.yangononlinestore.com လိပ်စာဖြင့် ဖွင့်လှစ် ထားသည့် အဆိုပါ အွန်လိုင်း စတိုးတွင် ဈေးဝယ်သူများ အနေဖြင့် အမေရိကန် နိုင်ငံတွင် ရောင်းချလျက် ရှိသော သယ်ဆောင်ရ လွယ်ကူသည့် မည်သည့် ပစ္စည်းကို မဆို ရွေးချယ် ၀ယ်ယူ နိုင်ပြီး ဈေးဝယ်ခြင်း ကိစ္စရပ်များ ဆက်သွယ် ဆောင်ရွက်ရန် အတွက် ရန်ကုန်မြို့ တွင်လည်း ဆိုင် ဖွင့်လှစ် ထားရှိကြောင်း ဆိုသည်။ “လက်ရှိ မှာတော့ နိုင်ငံတကာ ပစ္စည်း တွေကို ၀ယ်ယူလို့ မရနိုင်သေး ပါဘူး။ အမေရိကန်က ပစ္စည်းတွေ ကိုပဲ ၀ယ်ယူ ရရှိနိုင်ဦး မှာပါ။ပစ္စည်းတွေ အနေနဲ့ ကတော့ Golf ပစ္စည်းတို့၊ ကွန်ပျူတာ ပစ္စည်းတို့ စတဲ့ Compact ဖြစ်တဲ့ ဘယ် ပစ္စည်း မဆို ၀ယ်ယူ နိုင်အောင် ၀န်ဆောင်မှု ပေးထား ပါတယ်။ ၀န်ဆောင်ခ အနေနဲ့ ကတော့ အတိ အကျ သတ်မှတ် ထားတာမျိုး မရှိပါဘူး။ ပစ္စည်း အမျိုးအစားပေါ် မူတည်ပြီး ကောက်ခံသွား မှာပါ ” ဟု ၎င်းက ပြောသည်။ ထို အွန်လိုင်း စတိုးတွင် မိမိ ၀ယ်ယူမည့် ပစ္စည်း တန်ဖိုးကို ကန့်သတ် ထားခြင်း မရှိသည့် အပြင် ကျသင့် တန်ဖိုး ကိုလည်း မြန်မာ ကျပ်ငွေဖြင့် လွယ်ကူစွာ ပေးချေ နိုင်ရန် စီစဉ်ထားကြောင်း၊ လက်ရှိတွင် အမေရိကန် နိုင်ငံတွင် ရောင်းချလျက် ရှိသည့် ကုန်ပစ္စည်းများ ကိုသာ ၀ယ်ယူနိုင် သော်လည်း နောက်ပိုင်းတွင် အခြား နိုင်ငံများမှ ပစ္စည်းများ ကိုလည်း ၀ယ်ယူ နိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း ဆိုသည်။ ထိုကဲ့သို့ အွန်လိုင်းမှ ဈေးဝယ် နိုင်သည့် ၀န်ဆောင်မှုကို အခြား နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်သည့် Myanmar's net ကလည်း ယခုနှစ်မှ စတင်ခါ ၀န်ဆောင်မှုပေး လုပ်ကိုင်လျက် ရှိသည်ကို သိရကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည်။
Posted by
ngffbm
at
08:36
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
Friday, 9 July 2010
ရခိုင် ရေဘေး ဒေသတွင် မျိုးစေ့ နှင့် မြေသြဇာများ အရေး တကြီး လိုအပ်နေ
ရေဘေး ဒုက္ခနှင့် ကြုံတွေ့နေ ရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင် နှင့် မောင်တော မြို့တို့ တွင် မျိုးစေ့ နှင့် မြေသြဇာများ အရေးတကြီး လိုအပ်နေ ကြောင်း FAO က ဆိုသည်။ ၄င်း ဒေသတွင် ရေဘေး ဒုက္ခ ကြုံရ ပြီးနောက် မျိုးစေ့ ဝေခြင်း ၁၅ဝဝ၊ မြေသြဇာအိတ် ၅ဝဝ အသီး မျိုးစေ့ ၂ဝဝ ကီလိုဂရမ် နှင့် ပဲစေ့ ၆ဝဝ ကီလိုဂရမ် ထုတ်ပေးရန် လိုအပ် ကြောင်း FAOက ခန့်မှန်း ထားသည်။ FAOသည် ဒေသ အာဏာပိုင်များ နှင့် ပူးပေါင်း၍ စိုက်ပျိုးရေး အတွက် စပါးမျိုးစေ့ တင်း ၄ဝဝဝ ကို ထုတ်ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။ ထို့အပြင် ဈေးကွက်ထုတ် လုပ်မှု အတွက် မြေသြဇာအိတ် ၅ဝဝ ၊Taro Corn ၇ တန်၊ အသီး အရွက် နှင့် ပဲစေ့ ၃ဝဝ ကီလိုဂရမ် ၊ Drum Stick မျိုးစေ့ ၁၈ ကီလိုဂရမ် နှင့် မွေးမြူရေး အတွက် ဆိတ် ၁၄ဝ ကောင် တို့ကိုလည်း ပေးအပ် ခဲ့ကြောင်း သိရသည်။ ဘူးသီးတောင် နှင့် မောင်တော ဒေသတွင် အနာဂတ်၌ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက် လာစေရန် အတွက် လယ်ဧက ၅ဝဝ ခန့် ခုတ်ထွင် ရှင်းလင်းရန် လိုအပ် ကြောင်း FAO က ဆိုသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးသည်း ထန်စွာ ရွာသွန်း ပြီးနောက် ရေကြီးခြင်း နှင့် မြေပြိုခြင်း များ ဖြစ်ပွား ခဲ့ရာ လူ ၆၈ ဦး သေဆုံးပြီး အိမ်ခြေ ၂၈ဝဝဝ ခန့် ရေလွှမ်းမိုး ခံခဲ့ရ သည်ကို UNHCR က ထုတ်ပြန်ခဲ့ ကြောင်း ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြထားသည်။
Posted by
ngffbm
at
10:09
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
တစ်ခါသုံး ဖုန်းကတ် ဝယ်ရင် ဆိုင် အချို့က မှတ်ပုံတင် မိတ္တူ မတောင်းတော့
အခု နောက်ပိုင်းမှာ ဖုန်း အရောင်းဆိုင် အတော် များများ မှာ အက်ဖ်အီးစီ ၂၀၊ ၅၀ တန် တစ်ခါသုံး ငွေကြိုပေး ဖုန်းကတ် ဝယ်ရင် မှတ်ပုံတင် မိတ္တူ မတောင်းတော့တာ တွေ့ရတယ်။ ၂၀ တန် ကတ်ဖုန်း အမြဲ အသုံးပြု နေတဲ့ မမေသူက “ အရင်က ဖုန်းကတ် ဝယ်ရင် မှတ်ပုံတင် မိတ္တူ ပေးခဲ့ရ တယ်၊ အခုနောက်ဆုံး တစ်ခေါက် ဝယ်တော့ မိတ္တူ မတောင်း တော့ဘူး၊ အိတ်ထဲမှာ မှတ်ပုံတင် ဆောင်စရာ မလိုတော့ဘူး ဆိုတော့ အလုပ် မရှုပ် တော့ဘူးပေါ့ ”လို့ ပြောပါတယ်။သည်နှစ် မေလဆန်း ပိုင်းမှာ ဖုန်းကတ် ဝယ်သူတွေ ဆီက မှတ်ပုံတင် မိတ္တူရမှ ဖုန်းကတ် ရောင်းချ ရမယ်လို့ စင်ထရယ် မာကတ်တင်း က သတ်မှတ် ထားပါတယ်။ အဲသည် နောက်ပိုင်း ဖုန်း အရောင်း ဆိုင်တွေ ဖုန်းကတ် ရောင်းအား ထက်ဝက် မက ကျဆင်း သွားတယ်လို့ သိရတယ်။ ကျွန်တော်တို့ အက်ဖ်အီးစီ ၂၀ တန်၊ ၅၀ တန် ဖုန်းကတ် တွေကို မှတ်ပုံတင် မတောင်းဘဲ ရောင်းပေး နေပါတယ်။ အနီး အနားမှာ ရှိတဲ့ ဖုန်းဆိုင် အချို့ကလည်း မတောင်းတော့ ကိုယ့်ဆိုင် က ကွက်ပြီး တောင်းရင် ရောင်းရမှာ မဟုတ်ဘူးလို့ မဟာဗန္ဓုလ ပန်းခြံလမ်း အနီးမှ ဖုန်းဆိုင် တစ်ဆိုင်က ပြောပါတယ်။
ယခင်ကထက် စာရင် စင်ထရယ် မာကတ်တင်း ဘက်က စည်းကမ်း အရမ်း တင်းကျပ် တာတွေ မလုပ်တော့ ပေမယ့် ဖုန်းဆိုင်ကြီး တချို့ ကတော့ မှတ်ပုံတင် မိတ္တူတောင်းပြီး ရောင်းချ ဆဲပဲလို့ သိရတယ်။ ရွှေဂုံတိုင် မစ္စတာဖုန်း တယ်လီကွန်မှ မန်နေဂျာ ဒေါ်မြတ်သီရိခိုင်က “ ဖုန်းကတ်ကို မြန်မာ့ ဆက်သွယ်ရေး နဲ့ စင်ထရယ် မာကတ်တင်း က ညွှန်ကြား ထားတဲ့ အခြေ အနေပေါ် မူတည်ပြီး ရောင်းပေးနေ ပါတယ်၊ မိတ္တူ တောင်းရမယ် ဆိုပြီး စလုပ်ချိန် တုန်းက ရောင်းအား သိသိ သာသာ ထိခိုက်ခဲ့ ပေမယ့် အခုတော့ ပုံမှန် ဖြစ်နေ ပါပြီ ” လို့ ပြောပါတယ်။ ဆိုင်တွေမှာ ရောင်းချတဲ့ ဖုန်းကတ် ဈေးနှုန်းတွေက တော့ မကွာခြား ဘူးလို့ သိရတယ်။ အခုလက်ရှိ ရောင်းချနေတဲ့ ဖုန်းကတ် ဈေးနှုန်း တွေက ကျပ် ၂၂၀၀၀၊ ၂၃၀၀၀ ဝန်းကျင်ပါဟု ပြောကြား ခဲ့ကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြ ထားသည်။

10:08
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
ယုဇနပလာဇာ ကားပါကင်တွင် ဆောက်လျက်ရှိ ဆိုင်ခန်း များ လွှဲပြောင်းမှု ကန့်သတ်
ယုဇန ပလာဇာရှိ ကား ပါကင်တွင် ဆိုင်ခန်း သစ်များ ဆောက်လုပ်လျက် ရှိပြီး ဈေး အတွင်း မူလ ရောင်းချလျက် ရှိသည့် ဆိုင်ခန်းများ လွှဲပြောင်း မှုကို ကန့်သတ်လျက် ရှိသည်။ ယုဇန ပလာဇာရှိ ကားပါကင် နေရာတွင် တိုးချဲ့ ဖွင့်လှစ်မည့် ဆိုင်ခန်းများ အားလုံး နီးပါးကို ယခင်က မင်္ဂလာ ဈေးတွင် ရောင်းချလျက် ရှိသည့် ဆိုင်ခန်းများမှ လာရောက် ငှားရမ်းကြရာ ဆိုင်ခန်းများ ဆောက်လုပ်၍ မပြီးစီးမီ ဆိုင်ခန်း အားလုံး နီးပါး ငှားရမ်းပြီး ဖြစ် ကြောင်း ယုဇနပလာဇာ အုပ်ချုပ်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ဆိုင်ခန်းတွေ ကတော့ ဆောက်လို့ မပြီးသေး ပါဘူး။ အခု ငှား ချင်တဲ့ သူတွေကိုက ပုံစံ အကြမ်း ပြပြီး လိုချင်တဲ့ နေရာကို ငှားတာပါ။ အထည် ရောင်းဖို့ အတွက် ဆိုင်ခန်းတွေ အားလုံး ကတော့ ငှားလို့ ကုန်သွား ပါပြီ။ ဆေး အရောင်းဆိုင် အတွက်က ဒီနေ့မှ စပြီး ငှားပေးတာ အခုဆိုရင် ဆိုင်ခန်းက ၁၀ ခန်း လောက်ပဲ ကျန်တော့ တယ်ဟု ယုဇန ပလာဇာ အုပ်ချုပ်ရေး ကော်မတီက ပြောသည်။
အဆိုပါ တိုးချဲ့ ဆိုင်ခန်း များတွင် လာရောက် ငှားရမ်း သူများမှာ မင်္ဂလာ ဈေးတွင် လက်ကား ရောင်းဝယ် လျက် ရှိသည့် ဆိုင်များမှ အများဆုံး လာရောက် ငှားရမ်းလျက် ရှိပြီး ဆေးအရောင်း ဆိုင်ခန်းများ တွင်လည်း ဆေးကုမ္ပဏီ ၁၀ ခုခန့် လာရောက် ငှားရမ်းပြီး ဖြစ်သည်။ ယုဇန ပလာဇာရှိ ကားပါကင် တိုးချဲ့ ဆိုင်ခန်း များကို ဇွန် ၁၁ ရက်မှ စပြီး စတင် ပြင်ဆင်ကာ ဇူလိုင်လ နောက်ဆုံး ပတ် အတွင်း အပြီးသတ် ဆောက်လုပ် သွားရန် ရည်ရွယ် ထားကာ ဆိုင်ခန်းများကို ယုဇန ပလာဇာရှိ ပထမထပ်၊ တတိယထပ် နှင့် စတုတ္ထထပ် တို့ရှိ ကား ပါကင် များတွင် ဆောက်လုပ်ထား ရှိသည်။
ထို့ပြင် ယုဇန ပလာဇာ တတိယ ထပ်တွင် ဖွင့်လှစ် ထားရှိသည့် စားသောက် ဆိုင်တန်းကို စတုတ္ထ ထပ်သို့ ပြောင်းရွှေ့ ဖွင့်လှစ် ရမည် ဖြစ်ပြီး မူလ နေရာတွင် ဆိုင်ခန်းများ တိုးချဲ့ ဆောက် လုပ်ကာ ငှားရမ်း သွားရန် စီစဉ် နေကြောင်း အဆိုပါ စားသောက် ဆိုင်တန်းမှ တာဝန်ရှိသူ တစ်ဦးကဆို သည်။ စားသောက် ဆိုင်တန်း တစ်ခုလုံး စတုတ္ထထပ် ကို ပြောင်းရွှေ့တော့ မှာပါ။ ဇူလိုင်လ ကုန်လောက် ရွှေ့ ဖြစ်ပါမယ်။ ပြောင်းရွှေ့လိုက်ရင်တော့ အခုလို ပုံစံမျိုး မဟုတ်ဘဲ ဒီဇိုင်း ဆန်းဆန်းနဲ့ အဆင့်မီ စားသောက် ဆိုင်တန်း ဖြစ်အောင် ပြုလုပ်သွားမှာပါ။ ပြောင်းရွှေ့ရမယ့် စရိတ် အပြင် ဆိုင်ရဲ့ ဒီဇိုင်း တွေလည်း ပြောင်းမယ် ဆိုပေမယ့် အစားအသောက်ရဲ့ ဈေးနှုန်းတွေကို ပြောင်း မပြောင်း ကတော့ အခုထိ မသတ်မှတ် ရသေးပါဘူးဟု ၄င်းက ဆိုသည်။
ယုဇန ပလာဇာရှိ တိုးချဲ့ ဆိုင်ခန်းများ၏ ဈေးနှုန်းမှာ ဆိုင်ခန်း အကျယ်နှင့် ဆိုင်ခန်း နေရာတို့ အပေါ်တွင် မူတည်ပြီး အနည်းဆုံး ၆ လခန့် ငှားရမ်း စာချုပ် ချုပ်ရမည် ဖြစ်ပြီး ယုဇနပလာဇာ အုပ်ချုပ်ရေး ကော်မတီတွင် သွားရောက် စုံစမ်း ငှားရမ်း နိုင်သည်။ မင်္ဂလာ ဈေး မီးလောင်ပြီး နောက်ပိုင်းတွင် ဈေးအတွင်း ရောင်းချလျက် ရှိသည့် ဆိုင်ခန်းများ အား မင်္ဂလာ ဈေးသစ်၊ မင်္ဂလာမွန်ဈေး နှင့် မင်္ဂလာဈေးသစ် အနီးရှိ ဘောလုံးကွင်း တွင် ယာယီ မင်္ဂလာ ဈေး တစ်ခု ဆောက်လုပ်ကာ ဆိုင်ခန်းများ နေရာချထား ပေးလျက် ရှိသည်။ ယာယီ မင်္ဂလာဈေးတွင် ရောင်းချလျက် ရှိသည့် ဆိုင်ခန်း များမှာလည်း ပစ္စည်းများ ထားရှိရန် မလွယ်ကူခြင်း ဆိုင်ခန်း ဖွင့်လှစ် ရောင်းချ ရာတွင် အဆင်မပြေမှု အချို့ကြောင့် ယုဇန ပလာဇာရှိ တိုးချဲ့ ဆိုင်ခန်းများကို ငှားရမ်း ကြခြင်း ဖြစ်သည်။
အခု လက်ရှိ ကျွန်တော်က ယာယီ မင်္ဂလာဈေးမှာ ဆိုင်ခန်း ဖွင့်ထားတယ်။ အဆင်သိပ် မပြေဘူး။ မင်္ဂလာဈေး ကလည်း ဘယ်တော့ေ လာက်မှ ပြန်ဖွင့်မယ် မသိတော့ ယုဇန ပလာဇာမှာပဲ ငှားလိုက် ပါတယ်။ အခု ကျွန်တော် ငှားထားတဲ့ နေရာ က အလယ်လောက် ကျတယ်။ ဆိုင်ခန်းက လကုန် အပြီး ဆောက်မယ် ပြောတယ်၊ ဘယ်တော့ ဆိုင်စဖွင့် ဖြစ်မလဲတော့ မသိသေးဘူးဟု အထည်ဆိုင် ဖွင့်ရန် ဆိုင်ခန်း ငှားရမ်းသူ တစ်ဦးက ပြောသည်။ ယုဇန ပလာဇာတွင် ဆိုင်ခန်း ငှားရမ်း လိုသူ များပြား လာသောကြောင့် ယုဇန ပလာဇာ အုပ်ချုပ်ရေး ကော်မတီမှ ၄င်းတို့ထံမှ ငှားရမ်း ထားရှိသည့် ဆိုင်ခန်း များကို ၄င်းတို့ မသိဘဲ တစ်ဆင့် ပြန်လည် ငှားရမ်း ခြင်းကို တွေ့ရှိပါက ဇူလိုင် ၁ ရက်မှ စပြီး ဆိုင်ခန်း ငှားရမ်းခ ငွေအား ပြန်မပေးဘဲ ဆိုင်ခန်း ပိတ်သိမ်းပြီး အရေးယူ သွားမည် ဖြစ်ကြောင်း ထပ်မံ၍ ကြေညာချက် ထုတ်ပြန် ထားသည်။ မင်္ဂလာဈေး မီးလောင်ပြီး နောက်ပိုင်းတွင် ယုဇန ပလာဇာ နှင့် ယင်းအနီးရှိ နေရာများ၊ တော်ဝင် ပလာဇာ တို့တွင် ဆိုင်ခန်းများ အများဆုံး ငှားရမ်း ရောင်းချလျက် ရှိသောကြောင့် ယုဇန ပလာဇာရှိ ပုဂ္ဂလိကပိုင် ဆိုင်ခန်း များမှာ ငှားရမ်း ခနှုန်း မြင့်တက် သွားပြီး ယုဇန ပလာဇာမှ တိုက်ရိုက် ငှားရမ်းသည့် ဆိုင်ခန်း ငှားရမ်းခ နှုန်းမှာ ပြောင်းလဲမှု မရှိကြောင်း တွေ့ရသည်။

10:06
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
Thursday, 8 July 2010
မကွေးတိုင်း တွင် အရပ် (၇၇ ဒသမ ၄၇ စင်တီမီတာ) သာ ရှိသည့် ကိုရင်ကြီး တစ်ပါး တွေ့ရှိ
သာမန်ထက် ထူးကဲပြီး အရပ် ပုသော၊ ရှည်သော သူများကို ဂင်းနစ် စံချိန် တင်ရန် နိုင်ငံ အများ အပြား၌ ကြိုးစား နေကြ ချိန်တွင် မြန်မာနိုင်ငံ ၌လည်း သတင်းထောက် များက ရှာဖွေ ဖော်ထုတ်လျက် ရှိရာ အသက် ၁၆ နှစ် အရွယ်ရှိ သော်လည်း နှစ်ပေခွဲ ကျော် (၇၇ ဒသမ ၄၇ စင်တီမီတာ) အမြင့်သာ ရှိသည့် ရှင်ကုဏ္ဍလ (လူအမည် ကျော်ဆန်းဦး) အား မကွေးတိုင်း၊ ပေါက်မြို့တွင် ဇွန်လ ၂၆ ရက် နေ့က မြန်မာတိုင်း(မ်) မှ သွားရောက် တွ့ဆုံ ခဲ့ကြောင်း သတင်း ရရှိသည်။ အဖ ဦးကျော်မြင့်နိုင်၊ အမိ ဒေါ်ကြည်ဝင်း တို့က ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် မွေးဖွားပြီး မွေးချင်း ညီအစ်ကို သုံးယောက် အနက် အကြီးဆုံး ဖြစ်သည်။ဒုတိယတန်း အထိ စာသင်ကြားခဲ့ ဖူးပြီး ပေါက်မြို့၊ ရန်အောင်မြင် ကျောင်းတိုက် တွင် ပြီးခဲ့သည့် နှစ်မှ စတင်၍ ကိုရင် ၀တ်ဖြင့်ပင် သီတင်း သုံးလျက် ရှိသည်။ မိခင်ဖြစ်သူ ဒေါ်ကြည်ဝင်း က " အရပ်များ ရှည်လာ မလားလို့ ကိုရင် ၀တ်ပေး ကြည့်တာ မထူး ပါဘူး။ ဒီ အရပ်က ငါးနှစ် သားလောက် ကတည်းက မတက်ေ တာ့တာ" ဟု ပြောသည်။ ဂင်းနစ် စံချိန်တင် နိုင်ရန် လျှောက်ထား သူသည် အသက် ၁၈ နှစ် ပြည့်ပြီး ရန်လို အပ်ပြီး လက်ရှိ အနေ အထား အရ ကမ္ဘာ့ အရပ် အပုဆုံး လူသား အဖြစ် စံချိန် တင်နိုင်ရန် ကြိုးစား နေသည့် နီပေါ နိုင်ငံ မှ ခါဂန် ဒရာသပ္ပ မန်တရာသည် လာမည့် ၂၀၁၀ အောက်တိုဘာ လတွင် ၁၈ နှစ် ပြည့်မည် ဖြစ်ပြီး ၎င်း၏ အရပ်သည် ၆၃ စင်တီမီတာ ခန့် မြင့်သည်။
Posted by
ngffbm
at
12:38
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
ရန်ကုန်တိုင်း အတွင်းရှိ လယ်သမားများ အတိုးနည်း ချေးငွေ လိုအပ်လျက်ရှိ
မိုးရာသီ ရောက်ရှိ လာပြီ ဖြစ်၍ ရန်ကုန်တိုင်း အတွင်းရှိ လယ်ယာ လုပ်ငန်းခွင် ဝင်လျက် ရှိကြသော လယ်သမား အချို့သည် အတိုးနှုန်း သက်သာ သော ချေးငွေများ လိုအပ်လျက် ရှိကြောင်း လှည်းကူး မြို့နယ်ရှိ လယ်သမား အသိုင်း အဝိုင်းက ဆိုသည်။ ယခု နှစ်တွင် လှည်းကူး မြို့နယ် အတွင်းရှိ လယ်ယာ လုပ်ကိုင် သူများဟာ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တစ်ရာလျှင် ငါးမတ် အတိုး နှုန်းဖြင့် ချေးငွေများ ထုတ်ချေး ခဲ့ကြောင်း၊ လယ်တစ် ဧကလျှင် နှစ်သောင်း နှုန်းဖြင့် လယ်သုံး ဧက နှင့် အထက် ပိုင်ဆိုင်သူ များက ထုတ်ချေး ပေးခြင်း ဖြစ်ကြောင်း သို့သော် လယ်လုပ်ငန်း လုပ်ကိုင်ရာ တွင် ကုန်ကျ စရိတ် ကြီးမား သဖြင့် အခြား မှ အတိုးနှုန်း ပိုမို များပြား စွာဖြင့် ငွေချေး နေရသည်။ အတိုးနှုန်း သက်သာသည့် ချေးငွေများ ပိုမို လိုအပ် ကြောင်း လှည်းကူးမြို့နယ် တံခွန်တိုင် ကျေးရွာရှိ လယ်သမား တစ်ဦးက ဆိုသည်။ အခြား လယ်သမား တစ်ဦးကလည်း ကျွန်တော်တို့ ရွာမှာ ဆင်းရဲ တဲ့ လယ် သမားတွေ ရှိတယ်။ တချို့ လယ်သုံးလေး ဧကနဲ့ လုပ်နေကြ ရတာ။ စပါး တစ်ဧက စိုက်ရင် အရင်း အနှီးက တစ်သိန်းကျော် လောက်ရှိ တယ်။ ချမ်းသာတဲ့ သူတွေ အတွက်က အကြောင်း မဟုတ် ပေမယ့် မရှိတဲ့ သူကျတော့ ချေးရ ငှားရတယ်။ အခုဆို ရွာထဲမှာ ကိုယ်နဲ့ နီးစပ်တဲ့ သူတွေ ဆီက ငွေ လှည့်ပြီး လယ်လုပ် နေကြရတဲ့ သူတွေ အများကြီးပဲ။ ဘဏ်က ချေးငွေလည်း ထုတ်ရတယ်။ အခြား သူတွေဆီ ကလည်း ချေးရတယ်။ အပြင်က ချေးရင်တော့ ငါးကျပ်တိုး ၊ တစ်ဆယ်တိုး ပေးရ တယ်ဟု ပြောကြားသည်။ အဆိုပါ လှည်းကူး မြို့နယ် တံခွန်တိုင် ကျေးရွာ နှင့် ဘားလားကြီး ကျေးရွာ တို့တွင် နေထိုင်သူ အများ စုသည် လယ်သမားများ ဖြစ်ပြီး အဆိုပါ ရွာများ၏ ဝန်းကျင်တွင် လယ်ဧက ၈၀ဝ ခန့် ရှိသည်ဟု လယ်သမား တစ်ဦးက ဆိုကြောင်း True News ဂျာနယ်တွင် ဖော်ပြထားသည်။
Posted by
ngffbm
at
12:30
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
Sunday, 4 July 2010
ရှားပါး ကျောက်မျက်တွေ လေလံတင် ရောင်းမည်
ရှေးဟောင်းကျောက်မျက် ထူးဆန်းမှုတွေပါတဲ့ ကျောက်မျက် တွေကို လေလံတင် ရောင်းချ မယ်လို့ သိရတယ်။ “ရှားပါး ကျောက်တွေပါ၊ ကျောက်တွေမှာ အံ့သြ စရာတွေ ပါနေတယ်၊ နှစ်ပေါင်း ၁၀၀ လောက်က ကျောက်မျက်လဲ ပါတယ်၊ ဘိုးဘိုး တို့လဲ အသက် ကြီးပြီ၊ လှူချင်လို့ ရောင်းမှာ ” လို့ ကျောက်မျက် တွေရဲ့ ပိုင်ရှင် ဦးပီတာ ညွန့်မောင် က ပြောပါတယ်။Blue Eyed Beautiful Sapphire လို့ အမည် ပေးထားတဲ့ နီလာဆိုရင် စော်ဘွားတွေ အစဉ် အဆက် လက်ဆင့်ကမ်း ခဲ့တဲ့ ပစ္စည်း ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ဝန်းကျင် ရှိပါတယ်။ နီလာကို ဘေးက ပန်း အရွက်ပုံတွေ ဖော်ထားပြီး အလယ်မှာ မျက်စိ ပုံစံ ဖော်ထားတာ ဖြစ်ပါတယ်။ အမြင့်က 0.7cm ဝန်းကျင်ရှိပြီး အလျားက 1.2cm ဝန်းကျင် ရှိပါတယ်။ ပတ္တမြား မှာတော့ စေတီပုံ ပေါ်နေ တာပါ။ ကျိုက်ထီးရိုး စေတီပုံပါ။ Moon stone ကျောက်မှာ ဆိုရင် ဘုရားဆင်းတုတော်ပုံ ပေါ်နေတာ အစိမ်းရောင် နဲ့ ပန်းချီကား တစ်ချပ်လို ဖြစ်နေတာပါ။ သလင်း ကျောက်တွေ မှာလည်း စေတီပုံ ပေါ်နေတာပါ။ ပတ္တမြား ခိုသွေးမှာဆို ရွှေတိဂုံ စေတီ ပုံစံပေါ်နေတာ ဖြစ်ပါတယ်။ သလင်းကျောက်မှာလည်း နဂါးရုံဘုရားပုံ ပေါ်နေတာလည်း ရှိပါတယ်။ အများစုက အရွယ် အစား အကြီးတွေ ဖြစ်ပါတယ်။ 1.5cm, 1.8cm, 1.7cm ၀န်းကျင်တွေ ရှိကြ ပါတယ်။ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်းက ၀ယ်ခဲ့တဲ့ ကျောက်မျက် တွေကို သွေးဖို့ ထုခွဲရာက ပေါ်လာတာတွေလို့ သိရပါတယ်။ နိုင်ငံတော်က ပြုလုပ်တဲ့ ကျောက်မျက်ပွဲ တွေမှာ လေလံတင် ရောင်းချမှာ ဖြစ်ပါကြောင်း မော်ဒန်ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
Posted by
ngffbm
at
07:17
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
ပြည်ပ သွားမည့်သူ များ လူကုန်ကူးမှု ကြိုတင် တားဆီးရေး သိထား ရမည့် ဖုန်းနံပါတ်များ
တရုတ် နိုင်ငံတွင် လူကုန်ကူး ခံရသူ မြန်မာ အမျိုးသမီး တစ်ဦးကို ရဲက ဖမ်းဆီးလိုက် ပါတယ် ။ အချုပ်ထဲ ရောက်တော့ အခြား အဖမ်းခံရတဲ့ သူတွေနဲ့ ရောနေတာ ၊ ဘာသာစကား နားမလည် တာတွေကြောင့် လူကုန်ကူး ခံရတယ် ဆိုတာကို ပြောခွင့် မရပါဘူး ။ ဒါပေမဲ့ အချုပ်ခန်းထဲမှာ ဖုန်းနံပါတ် တစ်ခု ရခဲ့ပါတယ် ။ အရင်က သူ့လိုပဲ အဖမ်းခံရသူတွေက နံရံပေါ်မှာ ရေးထားခဲ့တဲ့ ဖုန်းနံပါတ်ပါ ။ အဲဒီ နံပါတ်အတိုင်း ဆက်သွယ်ပြီး သူ့အဖြစ်အပျက်ကို ပြောပြနိုင်ခဲ့လို့ လွတ်မြောက်ခဲ့ တယ်လို့ ဆိုပါတယ် ။ မြန်မာ အမျိုးသမီး နောက်တစ်ဦးကတော့ စင်ကာပူမှာ သူနာပြု အကူ လုပ်ရမယ်ဆိုပြီး တကယ်ေ ရာက်သွားတော့ အိမ်အကူ လုပ်ရတယ် ။ လစာလည်း ပြောထားတဲ့ အတိုင်း မရသလို သူ့ရဲ့ အထောက် အထားတွေ အားလုံးကို အိမ်ရှင်က သိမ်းထားလိုက်တယ် ။ ဒါပေမဲ့ သူလာကတည်းက လိုလို မည်မည် ဖွက်ပြီး ယူလာတဲ့ ဖုန်းနံပါတ်ကြောင့် သူ လွတ်မြောက်ခဲ့ ပါတယ် ။
" ပြည်ပသွား လုပ်ရမဲ့ သူတွေ အနေနဲ့ မထင်မှတ်ဘဲ လူကုန်ကူး ခံလိုက် ရရင်ပဲ ဖြစ်ဖြစ် ၊ ကိုယ့်ရဲ့ လုံခြုံမှု အတွက် အကူအညီ ပေးနိုင်မည့် ဖုန်းနံပါတ်များကို တစ်နည်းနည်းနဲ့ ယူဆောင် သွားသင့်ပါတယ် ၊ သွားတဲ့ ခရီးလမ်း တစ်လျှောက်မှာလည်း သတိ လက်လွတ် မသွားဘဲ လမ်းညွှန် ဆိုင်းဘုတ်တွေ ၊ သတိပေးချက်တွေ ၊ လက်ကမ်း စာစောင်တွေကို သတိထား ကြည့်ပြီး သွားသင့်ပါတယ် " လို့ မဲခေါင်မြစ်ဝှမ်း ဒေသတွင်း လူကုန်ကူးခြင်း တိုက်ဖျက်သည့် ကုလသမဂ္ဂ စီမံချက် (UNIAP) ရဲ့ တာဝန်ရှိသူက အကြံပြု ပြောကြားပါတယ် ။ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အထူး အဖွဲ့ တွေကို နယ်စပ်မြို့တွေ ၊ မြို့ကြီးတွေမှာ ဖွင့်ထားပါတယ်။ ဒီဖုန်းနံပါတ်တွေဟာ ကိုယ့်ကိုယ်ကို ကာကွယ် နိုင်သလို အခြားသူတွေ လူကုန်ကူးတဲ့ ဖြစ်ရပ်နဲ့ ကြုံရင်လည်း အကူအညီ ပေးနိုင်တယ် ဆိုပါတယ် ။ လူကုန် ကူးမှု တားဆီး နှိမ်နင်းရေး ၊ အထူး အဖွဲ့ များ၏ တည်နေရာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

07:14
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
Apollo Cruise နှင့် Louis Cruise ဇိမ်ခံ သင်္ဘော ကြီးများ ပေါ်တွင် တာဝန်ထမ်း ဆောင်ရန် မြန်မာ သင်္ဘောသား ၄ဝဝ ကျော်ကို ခေါ်ယူမည်
ဟိုတယ် အဆင့်မီ အိပ်ခန်းပေါင်း ၁ဝဝဝ ကျော် ပါဝင်သော အမေရိကန် ပြည်ထောင်စု (မီယာမီ) အခြေစိုက် Apollo Cruise နှင့် Louis Cruise ဇိမ်ခံ သင်္ဘောကြီးများ ပေါ်တွင် တာဝန်ထမ်း ဆောင်ရန် မြန်မာ သင်္ဘောသား ၄ဝဝ ကျော်ကို ခေါ်ယူ သွားမည် ဖြစ်ကြောင်း CTI Group (Worldwide Service) မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် ဦးဘုန်းမြင့် လူက ပြောကြားသည်။အင်္ဂလိပ်စာ ကျွမ်းမှ အလုပ်ချိန် ပြင်ပမှာ သင်္ဘောပေါ်မှာ ဟိုတယ် ဆိုင်ရာ သင်တန်းတွေ တက်ပြီး ရာထူးတိုး မှာပါ'' ဟု ဦးဘုန်းမြင့်လူ က ပြောကြားသည်။တန် ၅ဝဝ နှင့် အထက် အပျော်စီး နှင့် ကုန်တင် ပင်လယ်ကူး သင်္ဘောကြီး များတွင် အခြေခံ သင်္ဘောသား အဖြစ် တာဝန် ထမ်းဆောင်ရန် မြန်မာ နိုင်ငံကုန် သွယ်ရေကြောင်း ကောလိပ် က စစ်ဆေးသော အခြေခံ အင်္ဂလိပ်စာ ကျွမ်းကျင်မှု စာမေးပွဲကို အောင်မြင်ပြီးမှသာ ကျန်းမာရေး စစ်ဆေး မှုများ ပြုလုပ်ခြင်း၊ CDC နှင့် နိုင်ငံကူး လက်မှတ်များ လျှောက်ထားခြင်း တို့ကို ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား များအသင်း တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။
''အနိမ့်ဆုံး လစာ ဒေါ်လာ ၅ဝဝ နဲ့ အထက်ပါ။ အင်္ဂလိပ်စာ ကျွမ်းကျင်မှုနဲ့ ကြိုးစားမှု အပေါ် မူတည်ပြီး ရာထူး တက်တာ မြန်တာပါ။ လက်ရှိ လုပ်ရမယ့် အလုပ်တွေကတော့ ထမင်းချက်၊ အိပ်ခန်းဆောင် သန့်ရှင်းရေး၊ မီးဖိုချောင် သန့်ရှင်းရေး တွေပါ'' ဟု CTI Groupမှ ကိုယ်စားလှယ် ဦးဘုန်းမြင့်လူက ရှင်းပြကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။

07:09
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
Saturday, 3 July 2010
ရှမ်းပြည်နယ် မြောက်ပိုင်း တွင် ကျိုက်ထီးရိုး ပုံစံ စေတီ တစ်ဆူ တွေ့ရှိ
မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် တည်ရှိသည့် ကမ္ဘာကျော် ကျိုက်ထီးရိုး စေတီ ကဲ့သို့ ကျောက်တုံး နှစ်တုံး ဆင့် တည်ရှိ နေသော စေတီ တစ်ဆူ ကို ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် တွေ့မြင်နိုင် ကြောင်း ထိုဒေသသို့ သွားရောက် လေ့လာမှုများ အရ မျက်မြင် တွေ့ရှိ ရသည်။ ယင်း စေတီမှာ ကျိုက်ထီးရိုး စေတီ နှင့် အလားသဏ္ဍန် တူပြီး ကွတ်ခိုင်မြို့နယ် မန်လည် ကျေးရွာတွင် တည်ရှိ နေကြောင်း ဒေသခံ များက ဆိုသည်။ ကွတ်ခိုင် မြို့နယ်မှ လားရှိုး၊ မူဆယ်လမ်း အတိုင်း မိုင် ၂၀ ခန့် သွားပြီးနောက် မန်လည် ကျေးရွာ အတွင်း တောလမ်း အတိုင်း မိနစ် ၂၀ ခန့် ဆိုင်ကယ်ဖြင့် ခရီးဆက်လျှင် ထိုစေတီသို့ ရောက်ရှိ ကြောင်း လေ့လာ ချက်များ နှင့် ဒေသခံများ၏ အဆိုအရ သိရသည်။ယင်းစေတီကို ဓာတ်တော်ရှင် ကျိုက်ထီးရိုး စေတီ ဟု ဒေသခံ များက အမည်ပေးထား ပြီး ယခု အချိန်တွင် ဘုရားဖူး လာရောက်သည့် သူများ မရှိ သလောက် နည်းပါးကြောင်း ဒေသခံများက ဆိုကြသည်။ မိုးတွင်း ကာလ တောလမ်းများ ပျက်စီး သဖြင့် ယင်းကဲ့သို့ ဘုရားဖူး နည်းပါးရခြင်း ဖြစ်ကြောင်း နှင့် ပွင့်လင်း ရာသီတွင် နယ်စပ် ဒေသ များမှ တိုင်းရင်းသား များ အများဆုံး လာရောက်ပြီး ဘုရား ဝန်းကျင် တိုးတက် ကောင်းမွန် ရေးကို ဆောင် ရွက်လေ့ ရှိကြောင်း ယင်းစေတီ အနီးရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။ သို့သော် ယင်းစေတီ၏ သမိုင်းကြောင်းကို လေ့လာ နေဆဲ ဖြစ်ပြီး သက်တမ်း အားဖြင့် နှစ်ပေါင်း ၅၀ဝ နီးပါး သမိုင်း ရှိနိုင်ကြောင်း ဆရာတော် ကပင် ထပ်မံ မိန်ကြားသည်။ ယင်း စေတီတွင် သဘာဝလွန် ထူးဆန်းသည့် ကိစ္စရပ် အများ အပြား နှစ်စဉ် ပေါ်ပေါက်လေ့ ရှိကြောင်း ယင်း ဒေသ များတွင် နေထိုင် ကြသည့် ရှမ်း၊ ပလောင်၊ တရုတ် စသည့် ဒေသခံများက ၄င်းတို့ မျက်မြင် ယုံကြည်မှု များကို ပြောပြကြသည်။
Posted by
ngffbm
at
09:12
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
Wednesday, 30 June 2010
UNIAP က လူကုန်ကူးမှုဆိုင်ရာသင်တန်းများ ပို့ချပေးရန်စီစဉ်
ဆရာ အတတ်သင် ကောလိပ် နှင့် လူ ကုန်ကူးမှု ဖြစ်ပွားမှု များသော ဒေသများ မှ ဆရာ၊ ဆရာမများအား လူကုန်ကူးမှု ဆိုင်ရာ အသိ ပညာပေး သင်တန်းများ ပြုလုပ် ပေးရန် အစီအစဉ် ရှိကြောင်း မဲခေါင်မြစ်ဝှမ်း ဒေသအတွင်း လူကုန် ကူးခြင်းကို တိုက်ဖျက်သည့် ကုလ သမဂ္ဂ အစီအစဉ် (UNIAP) ၏ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချော က ပြောသည်။ "ဆရာ၊ဆရာမ တွေကနေ တစ်ဆင့် ကျောင်းသူ ကျောင်းသား တွေကို လူကုန် ကူးမှု အကြောင်း ဖြန့်ဝေ ပေးနိုင်ဖို့ ရည်ရွယ် ပါတယ်။ ၂၀၀၈ ခုနှစ် က UNIAP နဲ့ လူကုန်းကူးမှု ကာကွယ် တားဆီးရေး ရဲတပ်ဖွဲ့ ပူးပေါင်းပြီး မန္တလေးတိုင်းမှာ ရှိတဲ့ လူကုန်ကူးမှု ဖြစ်ပွားမှု များရာ နေရာ တွေက ဆရာ၊ ဆရာမ တွေကို လူကုန်ကူးမှု ဆိုင်ရာ ဟောပြောပွဲ တွေ လုပ်ခဲ့ ပါတယ်။ ဆက်လက် လုပ်ဆောင် ဖို့လည်း စီစဉ် နေပါတယ်"ဟု ၎င်းက ပြောသည်။ထို့ပြင် ၎င်းက ကျောင်းပညာရပ် ဆိုင်ရာ သင်ရိုး ညွှန်းတမ်း များတွင် လူကုန်ကူးမှု ဆိုင်ရာ အသိ ပညာပေး သင်ရိုး ညွှန်းတမ်းများ ထည့်သွင်း လာခြင်းသည် လူကုန်ကူးသူ များ၏ အယုံ သွင်းမှုမှ လူငယ်များအား ကာကွယ် ပေးနိုင်ကြောင်း ဒေါ်ဥမ္မာအိအိချော က ပြောသည်။ "အဓိက သင်ရိုးညွှန်းတမ်း အနေနဲ့ မဟုတ်ဘဲ တစ်နာရီစာ သင်ကြား ပေးတဲ့ အပို သင်ခန်းစာပါ။
သူစိမ်း တွေကို အလွယ် တကူ မယုံကြည် တတ်ဖို့၊ တစ်ပါး သူက အယုံသွင်း လာတဲ့ အခါမှာ အလွယ် တကူ မယုံဘဲ ကိုယ်ပိုင် ဉာဏ်နဲ့ ဆုံးဖြတ် တတ်ဖို့ သင်ကြားပေးတဲ့ ရိုးရှင်း တဲ့ သင်ခန်းစာပါ။ ဒီလို သင်ခန်းစာ အဖြစ် ကျောင်းသား တွေကို ထည့်သွင်း သင်ကြား ပေးတာ လူကုန်ကူးမှု ကာကွယ်ရေး အတွက် ထိရောက်တဲ့ လုပ်ဆောင် ချက်ပါ" ဟု ၎င်းက ပြောသည်။ဆက်လက်၍ ဒေါ်ဥမ္မာအိအိချော က UNIAP နှင့် လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းကာ တိုင်း အဆင့် လူကုန်ကူးမှု ဆိုင်ရာ ဟောပြော ပွဲကို ပုသိမ်တွင် ပြီးခဲ့သည့် နှစ်က ပြုလုပ် ခဲ့သည်။ "ဒီလို ဟောပြောမှုတွေ လုပ်နေပေမယ့် ကျွန်မတို့ အဖွဲ့တွေ မရောက်ရှိ သေးတဲ့ ဝေးလံ ခေါင်သီတဲ့ အရပ်က ရွာတွေ အများကြီး ရှိနေပါ တယ်။ တခြား အရပ် ဒေသကို ပြောင်းရွှေ့ ချင်ပြီး လူကုန်ကူးမှု အန္တရာယ်နဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းပါး သူတွေ ဟာ လူကုန်ကူးသူ တရားခံ တွေရဲ့ ပစ်မှတ်တွေ ဖြစ်လျက် ရှိနေပါတယ်"ဟု ၎င်းက ပြောကြားကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။
Posted by
ngffbm
at
09:58
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
ပုဂ္ဂလိက စက်သုံး ဆီဆိုင်များ အာမခံ ထားရှိနိုင်
စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း လက်အောက်ရှိ နိုင်ငံပိုင် စက်သုံးဆီ ဆိုင်များအား ဇွန် ၁၀ ရက်မှ စတင်ကာ ပုဂ္ဂလိက လုပ်ငန်း ရှင်များ သို့ လွှဲပြောင်း လုပ်ကိုင် ခွင့်ပြု ခဲ့သော ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များသည် မီး အာမခံ နှင့် တခြား တွဲဖက် အန္တရာယ်များ အတွက် အာမခံ ထားရှိ နိုင်ကြောင်း မြန်မာ့ အာမခံ လုပ်ငန်း အထွေထွေ မန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။ အာမခံ ထားတယ် ဆိုတာ မဖြစ်ဘူး။ ဖြစ်ခဲ့သည် ရှိသော်ဆိုတဲ့ စကားလိုပါပဲ။ ဒါ့အပြင် ဓာတ်ဆီ ဆိုင်တွေ အာမခံ ထားမယ် ဆိုရင် အာမခံ ထားမယ့် ပစ္စည်း တွေကို အာမခံ လုပ်ငန်းက တာဝန် ရှိသူတွေ သွားရောက် စစ်ဆေးမယ်။ ဒီ စစ်ဆေး မှုကြောင့် ဆုံးရှုံး ပျက်စီး နိုင်မယ့် အရာတွေကို စီမံ ခန့်ခွဲဖို့ အထောက် အကူ ဖြစ်စေတယ်။ အာမခံ ထားတယ် ဆိုတာ ဆုံးရှုံး ပျက်စီးမှု ဖြစ်လာ ခဲ့ရင် ဘယ်လို ပြန် တည်ထောင် မလဲ ဆိုတာကို တစ်ဖက်က ကြိုတင် ဆောင်ရွက် ထားတာ ဖြစ်တယ်ဟု ၄င်းက ပြောကြားသည်။ ယင်းစက်သုံး ဆီဆိုင် အာမခံတွင် ဆိုင်ကို အာမခံ ထားခြင်း၊ ဆိုင် နှင့် ဆိုင်တွင်းရှိ ပစ္စည်းများ အာမခံထားခြင်း၊ ဆိုင်တွင် ရောင်းချမည့် လောင်စာဆီ များကို အာမခံထားခြင်း၊ စသည့် အာမခံ အမျိုးမျိုး ရှိရာ မိမိ ကြိုက်နှစ်သက် သည့် အာမခံကို ထားရှိ နိုင်သည်။ ဒါ့အပြင် ဆိုင်ရှိ ဝန်ထမ်းများ အတွက် အသက် အာမခံ ထားရှိနိုင်ပြီး စက်သုံးဆီဆိုင် အတွက် အာမခံ ပရီမီယံ ကြေးမှာ ဆိုင်တွင်းရှိ လောင်ကျွမ်းစေသော ပစ္စည်း ပမာဏပေါ် မူတည်၍ ထားရှိရသည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြကြောင်း သတင်း ရရှိပါသည်။
Posted by
ngffbm
at
09:56
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဟံသာဝတီသတင်း
Subscribe to:
Posts (Atom)