Pages

Subscribe
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Friday, 21 May 2010

တာဝန်ရှိသူများရဲ့ လစ်လျှူုရူမူ

နို့ဆာလောင်လို့ ငိုနေတဲ့ကလေးတယောက်ရဲ့ငိုသံ
အဟာရမပြည့်ဝလို့ ပိန်ချုံးနေတဲ့လူအိုတယောက်ရဲ့နိဂုံး
အစအဆုံးနဲ့ အချိန်တွေသာကုန်ဆုံးရတယ်
ဘယ်သောအခါမှ ဝလင်စွာစားသုံးရမှာလဲ
GOLDEN LAND ရယ်။

ပြည်တွင်းပြည်ပမှ လူအများရဲ့တောင်းဆိုသံ
သံမဏိစိတ်ဓာတ်နဲ့ လူထုအတွက်ကြံ့ကြံ့ခံရင်ဆိုင်နေသူတစ်ယောက်ရဲ့အပြုံး
ဘမျိုးဘိုးတူဇာနည်ဘွား တမိပေါက်တစ်ယောက်ထွန်းကို
ဘယ်သောအခါမှ ပြန်လည်လွှတ်မြောက်ပေးမှာလဲ
စစ်အစိုးရ ရယ်။

ကဗျာရေးသားပေးပို့သူ -လူသစ်

Thursday, 10 September 2009

ကျောင်းအဆက် ဒေါင်းအသက်

ကျောင်းအဆက် ဒေါင်းအသက်

ကျောင်းသားများစွာ
ခေတ်အဆက်ဆက်
လက်ဆင့်ကမ်းကာ
ကိုင်ဆောင်ခဲ့တဲ့
ဒေါင်းအလံကို
ငါ့ခေတ်ကျမှ
အောက်ကျမခံ
မားမားရပ်ကာ
ကိုင်ဆောင်ထားပြီး
ငါသေသွားလဲ
ငါ့နောက်မျိုးဆက်
သတ္တိခဲကို
ထပ်ဆင့်ကမ်းကာ
ကိုင်ဆောင်ခြင်းကို
စစ်အစိုးရ
မြင်ရုံမျှဖြင့်
ဖိန့်ဖိန့်တုန်အောင်
ကြောက်နေရမည်။

ကဗျာရေးသားပေးပို့သူ - လူသစ်

Thursday, 21 February 2008