Pages

Subscribe
Showing posts with label Niknayman. Show all posts
Showing posts with label Niknayman. Show all posts

Monday, 26 April 2010

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့၏ ထုတ်ပြန်ကြေညာချက်။


လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့။

ထုတ်ပြန်ကြေငြာချက်။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် ပြည်သူလူထုအား လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊လူမှုရေး၊စီးပွါးရေး များကို အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ချပြစည်းရုံးခြင်း၊မတရား ပြုလုပ်လျှက်ရှိသည့် နအဖ စစ်အာဏာရှင် တစု၏ ဆောင်ရွက်ချက်များကို ဒါမှားသည်၊ ဒါမှန်သည်ကို ပြည်သူ/သား တယောက်၏ အခွင့်အရေးအတိုင်း ချပြစည်းရုံးခြင်းများနှင့်မတရား အုပ်ချုပ်မင်းလုပ်နေပြီးပြည်သူတရပ်လုံးအား မတရား အနိုင်ကျင့် သတ်ဖြတ် ဖမ်းဆီး နေသော အစိုးရအား ဘားတိုက် ပြန်ရောက်သည်အထိ အကြောက်တရားများ ဘေးဖယ်ပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာဖို့အတွက် ကြိုးစား ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

ယခု အခါ စစ်အာဏာရှင် တစုနှင့်နောက်ပါများသည် မိမိ အဖွဲ့ဝင် လူငယ်များ ဖြစ်သော ဘိုဘိုသိန်း အပါအဝင် ( ၇ )ယောက်အား မတရား ဖမ်းဆီးခြင်း၊ကိုယ်ပိုင် ဟန်းဖုန်းများသိမ်းယူခြင်းများကို ပြုလုပ်ခဲ့ကြပြီး မကြာခင်က ဖြစ်ပွါးခဲ့သော ဗုံးကွဲမှုများကို မိမိ တို့ မလုပ်ကိုင်ရပါပဲ မတရား စစ်ဆေး မေးမြန်းခြင်းများကို ပြုလုပ်နေပါသည်။

၂၅-၄-၂၀၁၀(တနင်္ဂနွေနေ့)ညနေ ပိုင်း တွင်လည်း ရန်ကုန်တိုင်း ၊ မြို့တော် ခန်းမ အနီး လားရှိုး ခုနှစ်လွှာပေါက်ဆီဆိုင်တွင် ရန်ပိုင် ဆိုသူအား ထပ်မံ ဖမ်းဆီးသွားပြီး ဗုံးကွဲမှုများနှင့်ပတ်သတ်သရောင်ရောင် စစ်ဆေးမေးမြန်းခြင်းများကို ပြုလုပ်နေပါသည်။

ထို့ကြောင့် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့အနေဖြင့် မူဝါဒလမ်းစဉ်များ၊လှုပ်ရှားဆောင်ရွက်ခဲ့မှုများအားလုံးတွင် အကြမ်းဖက်မှုများ လုံးဝမပါရှိပဲ ငြိမ်းချမ်းသော နည်းနာများကို သာ လှုပ်ရှားဆောင်ရွက်ခဲ့သည့်အတွက် မတရား အမှုဆင်ဖမ်းဆီးစစ်ဆေးနေမှုများအား အမြန်ဆုံး ရပ်တန့်ပေးရန်နှင့်ဘယ်လိုပဲ မတရား ဖမ်းဆီးမှုများရှိနေပါစေ ခေါင်းငုံ့မခံနိုင်တော့တဲ့ မိမိ အဖွဲ့ဝင် များနှင့်အတူ ပြည်သူလူထုတရပ်လုံးမှ လှုပ်ရှားမှုများ ရပ်တန့်သွားမှာ မဟုတ်ပဲ အရှိန်မြှင့်လှုပ်ရှားဆောင်ရွက်ပြီး ပြည်သူလူထုတရပ်လုံး၏ ဒါဏ်ခတ်မှုကို မလွဲမသွေ ခံရတော့မှာ ဖြစ်ကြောင်း နအဖ စစ်အာဏာရှင် တစုအား အသိပေးလိုက်သည်။

ထို့အပြင် ကျွန်ုပ်တို့ အဖွဲ့နှင့်ပြည်သူလူထုတရပ်လုံးမှ နအဖ စစ်အာဏာရှင် ပြုလုပ်သည့် ၂၀၀၈ အခြေခံ ဥပဒေ ကို အတည်မပြုသလို၊၂၀၁၀ ရွေးကောက်ပွဲကိုလည်း ငြိမ်းချမ်းသော နည်းနာများသုံးကာ ဖယ်ရှားတော်လှန်သွားမှာ ဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုက်သည်။

မည်သည့် စစ်အာဏာရှင် မှ လူထုကို မအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့။
ကိုနစ်ထံမှ ကူးယူဖော်ပြသည်

Friday, 16 April 2010

အကြမ်းဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြပါစို့။






















(၂၀၁၀) ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့။

မြန်မာသင်္ကြန် အကြတ်နေ့။

သင်္ကြန်အခါသမယ ဟူသည် မြန်မာ တမျိုးသားလုံး၏ နေ့ထူးရက်မြတ် အချိန်အခါ သမယ။ ကုသိုလ်ကောင်းမှုများ ပြုကြသည့် ကာလ။ ကုန်ဆုံးခဲ့သော တနှစ်တာကာလ၏ ကိုယ်စိတ်နှစ်လုံး ပင်ပန်းနွမ်းနယ်ရမှုများ၊ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောကြသည့်ကာလ။ ဒီလို အခါကြီး၊ ရက်ကြီးအချိန်တွင် ပြည်သူအများ သေကြေပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများကို ဖြစ်ပွားစေသော ဗုံးပေါက်ကွဲမှုများကို ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ ကြိုတင်ထင်မြင်ထားကြ လိမ့်မည် မဟုတ်။ အိပ်မက်ပင် မက်ဖူးကြလိမ့်မည် မဟုတ်။ သို့ပေမယ့် ဤအဖြစ်ဆိုးများက မြန်မာ့မြေပေါ်တွင် အမှန်တကယ်ပင် ဖြစ်ပွားသွားခဲ့ပါသည်။ ကြုံတွေ့ခံစားရသူများအတွက်ကား လောကငရဲတွင်းထဲ အရှင်လတ်လတ် ရောက်သွားခဲ့ကြရသည်။ သတင်းကြားသူအပေါင်းကလဲ နာကျင် ကြေကွဲ ခံစားကြရသည်။


“မြန်မာလူမျိုးဖြစ်လာရတာ ၀ဋ္ဋ်ကြွေး ပါလာလို့” ဟု အချို့က ဆိုကြဖူးသည်။ မျိုးဆက်တခုပြီး တခု ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ ပြည်တွင်းစစ်မီးနှင့် စစ်အာဏာရှင်စနစ် အစရှိသော စနစ်ဆိုး အဖုံဖုံတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ခံစားခဲ့ကြရသည်။ မွေးဖွားလာသည့် အချိန်မှစ၍ မွေးရာပါ လူ့အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေးများကို အပြည့်အ၀ မခံစားခဲ့ကြရ။ အကြောက်တရားနှင့် ဖိနှိပ်မှုများအကြားတွင် လူ့ဂုဏ်သိက္ခာများ ညှိုးနွမ်းခဲ့ကြရသည်။ ဘ၀အနာဂတ်များ ပျောက်ဆုံးခဲ့ကြရသည်။


အခြေအနေအမျိုးမျိုးနှင့် ပြည်ပသို့ ရောက်လာပြန်တော့လဲ နှလုံးသားထဲတွင် မိမိကိုယ်ကို မြန်မာဟု ခံယူထားသည်ဆိုလျှင်၊ ပြည်တွင်းတွင် ကျန်ခဲ့သော မြန်မာပြည်သူလူထုအား သွေးသားရင်းချာ မောင်ရင်းနှမသဖွယ် စိတ်ထဲ ရှိသည်ဆိုလျှင် အိပ်မက်ဆိုးများ၊ စိတ်ဒဏ်ရာများက ပြီးဆုံးသွားမည် မဟုတ်သေး။ နေ့စဉ်နှင့်အမျှ ကြားနေရသော သတင်းဆိုးများက အိပ်စက် နားနေချိန်များကို ခိုးယူသွားတတ်ပြန်သည်။ ဘယ်နေရာမှာ လူတွေကို ဖမ်းသွားပြန်ပြီ၊ ဘယ်မှာတော့ လူကို ရိုက်သတ်လိုက်ပြန်ပြီ၊ ဘယ်မှာတော့ ကလေးငယ်လေးတွေ ဆာလောင်မွတ်သိပ်မှုဒဏ်ကြောင့် သေဆုံးရပြန်ပြီ၊ ဘယ်မှာတော့ တောင်းစားသူ ကလေးငယ်များ ပိုများလာပြီ၊ ဘယ်ရွာက အမျိုးသမီးတွေ မုဒိမ်းကျင့် သတ်ဖြတ်ခံရပြန်ပြီ၊ ရွာ ဘယ်နှစ်ရွာ ဖျက်ဆီးခံလိုက်ရပြန်ပြီ၊ နိုင်ငံရေး ဒုက္ခသည်တွေ ပိုများလာပြန်ပြီ အစရှိသည့် သတင်းဆိုးများမှသည် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက မည်မျှအထိ မြင့်တက်နေပြီ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးက မည်မျှအထိ နောက်ကျကျန်ရစ်နေသည်၊ သယံဇာတ အရင်းအမြစ်များက မည်မျှအထိ လက်ဝါးကြီးအုပ် အရင်းရှင်များ၏ လက်ထဲသို့ ရောက်နေသည်၊ ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းက မည်မျှအထိ မြင့်မားနေသည် အစရှိသော အစီရင်ခံစာများ အထိ သတင်းဆိုးများက စုံပဲ စုံလွန်းလှသည်။


နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် စီးပွားရေး၊ လူမှုရေး ပြဿနာမျိုးစုံ ရှိနေသည် ဆိုသော်လည်း အာဏာရှင်စနစ်ဆိုး၏ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းမှုများ၊ အားနည်းချက်များကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အအုံများ အလုံးစုံ ပျက်စီးနေသည့် မြန်မာပြည်လို နိုင်ငံမျိုးက ကမ္ဘာတ၀ှမ်းမှာ နိုင်ငံအနည်းငယ်သာ ကျန်ရစ်ပါတော့သည်။ လူသားတယောက်အဖြစ် တကမ္ဘာလုံးက လူအများ တွေ့ကြုံနေရသည့် ဒုက္ခဆိုးများကို ခံစားနားလည်မိသော်လည်း ကိုယ်ခန္ဓာထဲတွင် လည်ပတ်စီးဆင်းနေသော သွေးများက မြန်မာသွေးဖြစ်သည်မို့ မြန်မာဆိုလျှင်တော့ ပိုမို ခံစားနေရသည်လား မသိ။ သတင်းဆိုးများက “ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက် ငါဘာလုပ်ပေးရမလဲ” ဆိုသော စဉ်းစားတွေးခေါ်ချက်များကို စိတ်အစဉ်မှာ စွဲမြဲလာအောင် လှုံဆော်လျက်ရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။


မြန်မာတယောက်အတွက် ဒီလိုနေ့စဉ် သတင်းဆိုးများနှင့်ကလဲ မပြီးသေး။ မြန်မာ့သမိုင်းကို သွေးနှင့် ရေးခံထားရသော အဖြစ်ဆိုးကြီးများကလဲ ရှိသေးသည်။ စာရေးသူ ပြည်ပသို့ စတင်ရောက်ရှိချိန်က ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းကာလ။ ရောက်ပြီး သိပ်ပင်မကြာလိုက်ပါ။ တုန်လှုပ်ဖွယ် သတင်းဆိုးကြီးတခုက ထွက်ပေါ်လာတော့သည်။ ယဉ်ကျေးသော လူသားမျိုးနွယ်များဆီမှာ ဖြစ်ပွားခဲ့သည်ဆိုခြင်းကို မည်သို့မျှပင် ယုံစားစရာ မရှိ။ လက်နက်ဆို၍ အပ်တစင်းမျှပင် ပါမသွားခဲ့သော တရားဝင် နိုင်ငံရေး ပါတီ တခု၏ ယာဉ်တန်းကို စောင့်ကြို တိုက်ခိုက်ပြီး လူအများကို ရိုက်နှက် သတ်ဖြတ်သည်တဲ့။ အမျိုးသမီးများကို လမ်းမပေါ်တွင်ပင် မုဒိမ်းကျင့် သတ်ဖြတ်သည်တဲ့။ ဒီလို လုပ်ရပ်မျိုးကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး လက်သပ်မွေးထားသော အရိုးအရင်း ကိုက်ရသူများက အကွက်ချ စီမံ ကျူးလွန်ခဲ့ကြသည်တဲ့။ သတ်ဖြတ်သူများကို အရေးမယူပဲ အကြမ်းဖက် သတ်ဖြတ်မှုများ၏ သားကောင်များဘ၀ ကျရောက်ပြီး အသက်မသေ ကျန်ရစ်ခဲ့သူများကို ထောင်ချပစ်သည်တဲ့။ ၂၁ ရာစုသစ်၏ တိုးတက်သော လူ့သမိုင်း ယဉ်ကျေးမှုကို မြန်မာနိုင်ငံက ခေတ်နောက်ပြန်ဆွဲ ပြလိုက်လေတော့သည်။ နိုင်ငံတော် အစိုးရကိုယ်တိုင် ဦးဆောင်ကျူးလွန်ခဲ့သည့် နိုင်ငံတော် အကြမ်းဖက်မှု ပြယုဂ် တခု။ ပြည်တွင်းပြည်ပ မြန်မာတမျိုးသားလုံး၏ နှလုံးသားထဲတွင် ကျန်ရစ်ခဲ့သော စိတ်ဒဏ်ရာကြီး တခု။


ဤမျှနှင့်ကား မပြီးသေး။ ၂၀၀၇ ခုနှစ်ရောက်ပြန်တော့ ဗုဒ္ဓဘာသာ နိုင်ငံဆိုသည့် အချက်ကိုမှ မထောက်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့ လှည့်လည်ကြသော ရဟန်းသံဃာတော်များကို လူအများ မြင်ကွင်း လမ်းများပေါ်တွင်ပင် ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ်လိုက်ကြပြန်သည်။ မြန်မာပြည်သူများသာမက တကမ္ဘာလုံး တုန်လှုပ်သွားခဲ့ကြရသည်။ ကမ္ဘာ့လူသမိုင်းကို အရုပ်ဆိုး အကျည်းတန်စေခဲ့သည်။ ဒီမြင်ကွင်းများကို ကြည့်ရင်း လက်သီးဆုပ် မျက်ရည်ကျခဲ့ကြရသော မြန်မာလူမျိုးများ တကမ္ဘာလုံးတွင် မည်မျှ ရှိခဲ့လေသနည်း။ မည်မျှ ယူကျုံး မရ ဖြစ်ကြရမည်နည်း။ မည်သို့ပဲဖြစ်စေ ဤမျှကြီးမားသော နိုင်ငံတော်အကြမ်းဖက်မှုကြီးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားသွားခဲ့ပြန်ပါသည်။


ဤမျှနှင့် ပြီးပြီလားဆိုတော့လဲ မပြီးသေးပြန်။ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကြောင့် သန်းနှင့်ချီသော ပြည်သူအများ ဒုက္ခရောက်နေကြချိန်တွင် နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို ငြင်းဆန်ပြီး လူအများ ပိုမို အတိဒုက္ခရောက်စေသော ရာဇ၀တ်မှုကြီးကို ကမ္ဘာသိပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်ပြလိုက်ပြန်ပါတော့သည်။ အလောင်းများက ပျံ့ကျဲနေသည်။ မနေနိုင်သည့် လူမှုရေး စိတ်ရှိသူများက ကူညီဖို့ ကြိုးစားသည်။ သတင်းသမားများက သတင်းယူသည်။ ဒါကိုပင် မနာလို မရှုစိမ့်နိုင်။ အလောင်းများကို မြေမြှုပ်သဂြိုလ်ပေးသူများကို ဖမ်းဆီးထောင်ချသည်။ သတင်းသမားများကို ဖမ်းဆီးသည်။ ရပ်သိရွာသိ၊ ကမ္ဘာသိ ကျူးလွန်လိုက်သည့် နိုင်ငံတော်အကြမ်းဖက်မှုများ။


နိုင်ငံတော် အစိုးရဟူသည် ပြည်သူအများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည့် အဖွဲ့ဖြစ်သည်။ သို့ပေမယ့် နိုင်ငံတော်အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုများကို စိတ်ပါလက်ပါ ကျူးလွန်နေသည့်အခါ ပြည်သူအများမှာ တောင်ပြေးမြောက်ပြေး ဖြစ်နေကြရတော့သည်။ လူဆိုသည်က သံယောဇဉ်နှောင်ထုံးများနှင့် အသက်ရှင် ရပ်တည်နေကြသူများ။ မွေးဖွားရာ အမိမြေကို မဆိုထားနှင့်။ နေထိုင်ကြီးပြင်းခဲ့ရာ မိသားစု အိမ်လေးကိုပင် သံယောဇဉ်တွယ်တတ်ကြသည်။ ရေမြေရပ်ခြားတွင် “အမေ့အိမ်” ဆိုသော သီချင်းသံလေးကို ကြားလျှင် ငိုင်သွားတတ်သူများကြီးသာ။ ဤမျှအထိ သံယောဇဉ်ကြီးတတ်ကြပါသည်။ အမိမြန်မာပြည်ဆိုလျှင်တော့ ပိုဆိုးသည်ပေါ့။


ပြီးတော့ မြန်မာ့မြေ၊ မြန်မာ့ရေကိုကလဲ သံယောဇဉ်လေးများကို ဖြစ်ထွန်းစေတတ်သည်လား မသိ။ လွန်ခဲ့သော လေးနှစ်ခန့်က သြစတြီးယား မှ ထုတ်ဝေသော မဂ္ဂဇင်းလေးတခုတွင် ရှမ်းမောမြေကို လွမ်းဆွတ်သည့် စာလေး တပုဒ်ရေးခဲ့ဖူးသည်။ ဒါကို ကနေဒါတွင် နေထိုင်သော အသက် ကိုးဆယ်အဖွားအို တယောက်က ဖတ်မိပြီး အယ်ဒီတာမှ တဆင့် စာရေးသူဆီ ဆက်သွယ်လာသည်။ သူက ဆယ့်လေးနှစ်အထိ ကလောတွင် နေခဲ့ဖူးသည်တဲ့။ မိတ်ဆက်လာခြင်းဖြစ်သည်။ နောက်ပိုင်းခင်မင်ရင်းနှီးသွားတော့ မြန်မာပြည်ကို သူမည်မျှ သံယောဇဉ်ရှိကြောင်း၊ စစ်အစိုးရ ပြုတ်ကျမှ သွားလည်မည်ဆိုပြီး စောင့်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ သူ့အသက်ရှင်နေတုန်းမှာ ရောက်ချင်သေးကြောင်း ပြောသည်။ မြန်မာလူမျိုးပင် မဆိုထားနှင့်။ မြန်မာပြည်တွင် ခေတ္တ နေခဲ့ဖူးသူတောင်မှ အာဏာရှင်စနစ်ဆိုးအကြောင်းကို နားလည်သည်။ ကန့်ကွက်ဆန့်ကျင်သည် ဆိုသည့်အချက်ကို အသက် ကိုးဆယ်အရွယ် လူမျိုးခြား အဖွားအိုတယောက်ထံမှ ရှင်းရှင်းလင်းလင်း သိခဲ့ရသောအသိ။ ထိုစဉ်က “မြန်မာပြည်မှာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရင် ကိုယ်တိုင်အလည်လာခေါ်မယ်” လို့ ကတိပေးခဲ့ဖူးသည်။ သူစောင့်နေမည်တဲ့။ ပြောသလိုပင် အဖွား “ကက်သရင်း” တယောက် အခုထိ စောင့်နေဆဲပါ။ မြန်မာပြည်ကား ဤမျှအထိ လူ့နှလုံးစိတ်အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိပါသည်။


မြန်မာတမျိုးသားလုံးကို အကြမ်းဖက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ အနိုင်ကျင့်စော်ကား သတ်ဖြတ်မှုများမှ ကင်းဝေးစေချင်သည်မှာ အဖွားကက်သရင်းတို့လို ကမ္ဘာ့ပြည်သူများအပါအ၀င် မြန်မာလူမျိုးအားလုံး၏ စိတ်ဆန္ဒ။ ဒီစိတ်ဆန္ဒတွေက ပြည်တွင်းတွင် စစ်အာဏာရှင်စနစ်ဆိုးဒဏ်ကို ခံစားနေကြရသည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသား လူမျိုး ခေါင်းဆောင်များ အားလုံး၏ ရင်ထဲတွင် ကိန်းဝပ်နေပါသည်။ အခြေအနေအမျိုးမျိုးကြောင့် ပြည်ပတွင် အခြေစိုက် နေထိုင်နေကြရသည့် မြန်မာလူမျိုး အလုပ်သမား၊ ကျောင်းသား၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ နှလုံးသားထဲတွင်လည်း ဖြစ်တည်နေပါသည်။ အာဏာရှင်များ၏ လက်ကိုင်တုတ်များ အန္တရာယ်ကြောင့် ပြေးလွှားပုန်းအောင်းရင်း အနာဂတ်မဲ့နေကြရသော Internally Displaced Persons (IDP) လူဦးရေ တသန်းကျော်၏ ရင်ထဲက ဆန္ဒမှန်လဲ ဖြစ်ပါသည်။


သို့ပေမယ့် ဤဆန္ဒမှန်များ ပြည့်ဝလာမည့် ရွှေရောင်နေ့ရက်များနှင့်ကား ဝေးကွာနေကြရဆဲ။ ဝေးကွာနေရုံတင်မက နိုင်ငံတော်အစိုးရမှ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ အပါအ၀င် အကြမ်းဖက်မှုများ၏ အန္တရာယ်များကလဲ လူထု၏ စိတ်နှလုံးကို ခြောက်လှန့်နေကြဆဲ။


ခုလဲ- ထွက်ပေါ်လာပြန်ပါပြီ။ မြန်မာ့ရိုးရာ အခါသင်္ကြန်ကာလမှာ ပေါ်ထွက်လာသည့် ဗုံးသံများ။ ဗုံးသံများ၏ နောက်မှာ သေနတ်သံများ ပေါ်ထွက်လာဦးမည်လား။ စိုးရိမ်ဖွယ် အလွန်ပင် ကောင်းနေပါပြီ။ ဤ အကြမ်းဖက်မှုနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲမှုများနှင့် ပြောဆို ငြင်းခုန်မှုများက တောမီးပမာ ပျံ့နှံ့ပေါ်ထွက်နေပါသည်။ ပေါ်ထွက်လာသော အသံများ၏ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ ဒါကို စစ်အာဏာရှင်အစိုးရ၏ နိုင်ငံတော် အကြမ်းဖက်မှု ပုံစံသစ် တခုအနေဖြင့် ကောက်ချက်ချ သတ်မှတ်ကြပါသည်။ ကောက်ချက်ချနိုင်ဖွယ် နိုင်ငံရေး အကျပ်အတည်းများကလဲ အာဏာရှင် အစိုးရတွင် ဖြစ်ပေါ်နေပါသည်။


အာဏာရှင် အစိုးရက သူတို့အလိုကျ စိတ်တိုင်းကျရေးဆွဲပြီး အတင်းအကြပ် အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲကာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်သည်။ သို့ရာတွင် ဤ ပြင်ဆင်ချက်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (democratic transitions) ကို ဦးတည်ခြင်း မဟုတ်ပဲ ရွေးကောက်ခံအာဏာရှင်စနစ် (electoral authoritarianism) ထွန်းကားလာစေရေးကို သာ ဦးတည်နေသည်။ ဒါကို သိမြင်သော တပ်ဦးနိုင်ငံရေးပါတီက ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ငြင်းဆန်ထားသည်။ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး အခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သော တိုင်းရင်းသား လူမျိုး ခေါင်းဆောင်များကလဲ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် စစ်အာဏာရှင်တို့၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ရွေးကောက်ပွဲဝင်ရေး စီမံချက်များကို ငြင်းဆန်ထားသည်။ သို့ဖြစ်ရာ အာဏာရှင် အစိုးရမှာ အရူးမီးဝိုင်းသလို ဒုက္ခရောက်နေသည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို လိုချင်၍ ဒီမိုကရေစီ အမည်ခံထားသည့် ရွေးကောက်ခံ အာဏာရှင်စနစ်ကို မလိမ့်တပတ် အကောင်အထည်ဖော်ရန် ကြိုးပမ်းကာမှ “မခိုးမီက လူမိ” သည့် အခြေအနေကို ဆိုက်နေသည်။


ဤအခြေအနေမျိုးတွင် တပ်ဦးနိုင်ငံ ရေး ပါတီ ခေါင်းဆောင်များကို ဗြောင်သွားဖမ်းလို့ကလဲ မရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သေနတ်သံသွားပေးလို့ကလဲ မရ။ လူထုက လက်ခံမည်မဟုတ်။ ယင်းအတွက် လူထု၏ စိတ်အာရုံကို လှည့်စားရန်နှင့် လူထု လေးစားသော အဖွဲ့အစည်းများကို လူထုနှင့် ခွဲထုတ်ရန် အခြေအနေကြီးတခု ဖန်တီးဖို့ ယင်းတို့အတွက် လိုအပ်နေသည်။ ဒီအတွက် အကြမ်းဖက် တိုက်ခိုက်မှုများကို လူအများစုဝေးသွားလာတတ်သော နေရာများတွင် ဖန်တီးလိုက်ခြင်း ဖြစ်နိုင်သည်။ ယင်းသို့ လုပ်လိုက်ခြင်းဖြင့် ၄င်းတို့ ပစ်မှတ်ထားသော ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အကြောင်းပြ ဖမ်းဆီးနိုင်သည်။ (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်ဆင်ရေးများဖြင့် စတင်တိုက်ခိုက်နိုင်လာသည်။ စစ်ရေးလေ့လာသူများက ဤသို့သော မဟာဗျူဟာကို (Winning the Hearts and Minds of People) ဟု ခေါ်တွင် သုံးစွဲလေ့ရှိပြီး၊ ဤမဟာဗျူဟာကို အာဏာရှင် အစိုးရများက တလွဲဆံပင်ကောင်း အသုံးချတတ်လေ့ရှိသည်။ ဤသည်ကား သုံးသပ်ချက်သာဖြစ်သည်။ စွပ်စွဲချက်မဟုတ်။


အချို့ကလည်း ဤဖြစ်ရပ်ကို တော်လှန်ရေးသမားများ လက်ချက်ဟု ဆိုကြသည်။ လူထုတော်လှန်ရေးဆိုသည်မှာ လူထုထဲတွင် တပ်ဖျောက်ပြီး၊ လူထုနှင့် တသားတည်းရှိမှသာ အောင်မြင်သည်။ လူထုနှင့် တော်လှန်ရေး အဆက်ပြတ်လို့ မဖြစ်။ တော်လှန်ရေးသမား တယောက်အတွက် ပြည်သူလူထုသည်သာ အဖ၊ ပြည်သူလူထုသည်သာ အမိဖြစ်သည်။ လူထုက လက်ခံနေသရွေ့ကာလပတ်လုံး အာဏာရှင်အစိုးရက အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ တော်လှန်ရေး ရှိနေမည်ဖြစ်သည်။ တော်လှန်ရေးသမားက လူထု၏ ဒုက္ခဆင်းရဲကို တွေ့မြင်ပြီး လူထုကြီးရှေ့က မားမားမတ်မတ်ရပ်တည်ကာ အာဏာရှင်ကို ဆန့်ကျင်သည်။ လူထုကြီးကလဲ တော်လှန်ရေးသမားများကို ငွေအား၊ လူအား၊ စိတ်ဓာတ်အင်အားဖြင့် ပံ့ပိုးသည်။ အပြန်အလှန် အမှီသဟဲ ပြုနေကြသည် ဖြစ်သည်။


အဆိုပါ အမှီသဟဲ ပြုနေသည့် တော်လှန်ရေးသဘောသဘာဝကို စိတ်ပေါ့သွမ်း ရူးသွပ်နေခြင်း မရှိသည့် တော်လှန်ရေးသမား တိုင်း နားလည်သည်။ အာဏာရှင် လက်ကိုင်တုတ်များက အမိအဖနှင့်တူသော ပြည်သူလူထုကြီး၏ ထမင်းကျွေးသော လက်ကို ပြန်ကိုက်တတ်ပေမယ့် စစ်မှန်သော တော်လှန်ရေးသမားများတွင် ဤသို့ ကိုက်လေ့ကိုက်ထ ထုံးစံမရှိ။ သို့ပေမယ့် အထက်တွင် ဆိုထားသလို ပြည်သူလူထုကို အသုံးချ အမြတ်ထုတ်လိုသော စိတ်ပေါ့သွမ်း ရူးသွပ်သူများလဲ မရှိဘူးဟု မဆိုနိုင်။ ဤကား သုံးသပ်ချက်သာ ဖြစ်သည်။ စွပ်စွဲချက် မဟုတ်။


မည်သို့ဆိုစေ အပြန်အလှန် စွပ်စွဲနေရုံနှင့်လဲ ပြီးမည်မဟုတ်။ ဟိုထင်၊ ဒီထင် ထင်ကြေးများ ပေးနေကြရုံနှင့်လဲ ပြီးမည့် အရာ မဟုတ်။ အောက်တန်းကျသော၊ လူမဆန်သော လုပ်ရပ်များကို ပြုလုပ်သူများအတွက်ကတော့ ဘယ်သူသိသိ၊ မသိသိ၊ ကိုယ့်ဘာသာကိုယ် အသိဆုံးပင် ဖြစ်ပေလိမ့်မည်။ သံသရာ အဆက်ဆက်တွင် တူသောအကျိုးကို ခံစားကြရပေလိမ့်မည်။


လက်ရှိတွင် မြန်မာတမျိုးသားလုံးအတွက် အရေးကြီးသည့် စဉ်းစားမှုကား “နိုင်ငံတော် အကြမ်းဖက်မှုအပါအ၀င် ယခု အဖြစ်ဆိုးကဲ့သို့သော အကြမ်းဖက်မှု သတင်းဆိုးများကို မည်မျှအထိ ခံနိုင်ရည်ရှိရှိ ဆက်လက် နားဆင်လိုနေကြသေးသနည်း” ဆိုသည်ပင် ဖြစ်သည်။ ဘယ်သူလုပ်သည်ဆိုသည်ထက် ဘာကြောင့် ဒီလို ဖြစ်ရသည်ဆိုသည်ကို ဖောက်ထွက် တွေးတောကြဖို့ လိုအပ်လာပြီဖြစ်သည်။ ပြဿနာ အရင်းခံမှာ နိုင်ငံရေး မတည်ငြိမ်မှုပင် ဖြစ်သည်။ သို့ဆိုလျှင် ဤသို့သော နိုင်ငံရေး မတည်ငြိမ်မှုမှာ ဘာကြောင့် ဖြစ်ရသနည်း။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်နေရခြင်း ပင်ဖြစ်သည်။ စစ်အာဏာရှင် စနစ် မရှိသည့် နိုင်ငံများတွင်ကော အကြမ်းဖက် တိုက်ခိုက်မှုများ မရှိဖူးလားလို့ မေးလိုသူက မေးလိုပေလိမ့်မည်။ ရှိသည်ဟုပင် ဖြေရပေမည်။


သို့ပေမယ့် အကြမ်းဖက်မှု အသွင်သဏ္ဍာန်ပုံစံများက ကွဲပြားခြားနားသည်။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမျိုးသားညီညွတ်ရေး အပေါ်တွင် အခြေတည်ထားသော ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံတော်အစိုးရမှ ကျူးလွန်သည့် နိုင်ငံတော် အကြမ်းဖက်မှု (state terrorism) အမျိုးအစားများ မရှိသလောက်ရှားသည်။ ပြည်တွင်းစစ်ကြောင့် ပေါ်ထွက်လာနိုင်သော အကြမ်းဖက်မှုများ နည်းပါးသည်။ဘာသာရေး၊ နိုင်ငံရေး အစွန်းရောက် အဖွဲ့များဖြစ်သော Transnational actors များကြောင့် ဖြစ်ပွားရသော အကြမ်းဖက်မှု အန္တရာယ်မှ လွဲလျှင် အခြားသော အကြမ်းဖက်မှု အမျိုးအစားများ၏ အန္တရာယ်ကို ကြုံတွေ့ရမှု နည်းပါးသည်။ ဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်သည့် နည်းလမ်းများက လည်း နိုင်ငံရေး တည်ငြိမ်မှုကြောင့် ပိုမို ထိရောက်သည်။ လူထုနှင့် အစိုးရအကြားတွင် ရှင်းလင်းသော ဆက်ဆံရေး ရှိခြင်းကြောင့် အမျိုးသားအကျိုးစီးပွားကို ပြည်သူလူထု၊ လုံခြုံရေး တာဝန်ရှိသူများနှင့် အစိုးရ သုံးဦးသုံးဖလှယ် ပူးတွဲ ကာကွယ်စောင့်ရှောက်နိုင်သည်။ မြန်မာနိုင်ငံတွင်ကား နိုင်ငံတော်အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုများကို ကျူးလွန်နေသဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေးကို ထိထိရောက်ရောက် မည်သို့မှ ပူးတွဲအကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။


သို့ဖြစ်ရာ “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုသကဲ့သို့ အကြမ်းဖက်မှုများ၏ မြစ်ဖျားခံရာသည် စစ်အာဏာရှင် စနစ်ဆိုးကြောင့် ဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှု ပြဿနာများသာလျှင် ဖြစ်တော့သည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းရန်ကလည်း စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းရန် လုပ်ဆောင်ရုံမှ တပါး အခြားနည်းလမ်းက မရှိ။ အုတ်မြစ် မခိုင်၍ ယိုင်နေသော အဆောက်အအုံကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း ပြုပြင်ပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုလုပ်၍ မရပါ။ လိုအပ်လျှင် အဆောက်အအုံ တခုလုံးကို ဖြိုချပြီး အုတ်မြစ် အသစ် ချတန်လျှင် ချရပေလိမ့်မည်။


သို့ပါ၍ ပြည်တွင်းပြည်ပ မြန်မာတမျိုးသားလုံး အတူတကွ လက်တွဲကာ “နိုင်ငံတော်အကြမ်းဖက်မှု အပါအ၀င် အကြမ်းဖက်မှု သဏ္ဍာန်မျိုးစုံ အား ဆန့်ကျင်ကန့်ကွက်၍၊ ခြစား ယိုယွင်းနေသော စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တရားကြီးကို ဖြိုလှဲကာ၊ လူသားလုံခြုံရေး (Human Security) နှင့် လူ့အဖွဲ့အစည်း လုံခြုံရေး (Society Security) ကို ဆောင်ကျဉ်းပေးနိုင်သော မြန်မာ့ လူဘောင်သစ်ကို တည်ဆောက်ကြပါစို့” ဟု တိုက်တွန်း ရေးသား လိုက်ရပေသည်။


ခင်မမမျိုး

(၁၆၊ ၄၊ ၂၀၁၀)။

(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူ သုတေသီတဦး ဖြစ်ပါသည်။ နိုင်ငံတကာ လေ့လာရေးအသင်းကြီး၏ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး (SIG) အဖွဲ့ဝင်ဖြစ်ပြီး၊ လက်ရှိတွင် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ အင်စတီကျူတခုမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ သုတေသနစာတမ်းများ လေ့လာရေးသားခြင်းနှင့် သင်ကြားရေး တာဝန်များကို ထမ်းဆောင်နေပါသည်။)

ကိုနစ်ထံမှ ကူးယူဖော်ပြပါသည်

Thursday, 15 April 2010

ရန်ကုန် ပေါက်ကွဲမှုသတင်းများ









































































ကန်တှောကြီး X2O မဏဿဍာပ်မှာ ဗုံး နှစ်လုံး (သို့) သုံးလုံး ပောက်တယ်။ မဏဿဍာပ်ပှောမှာ ပောက်တာ မဟုတ်ဘဲ အောက်ကနေ ပောက်ကွဲတာ ဖြစ်ပာတယ်။ ပထမတော့ လူတွေက DJ လုပ်တယ်ထင်ပြီး သိပ်ပြီး သတိမထားလိုက် ကြပေမယ့် နောက်အလုံးတွေမှာ လူတွေအားလုံး ထွက်ပြေးကြပာတယ်။ X2O မဏဿဍာပ်ဟာ လူစည်ကားတဲ့ မဏဿဍာပ်တစ်ခုလည်း ဖြစ်ပာတယ်။ လူတွေ ဝရုန်းသုံးကား ထွက်ပြေးကြတော့ ထိခိုက်လဲပြို လူပိပြီး ထိခိုက် ဒဏ်ရာရတဲ့ သူတွေလည်း မနည်းပာဘူး။ ပောက်ကွဲတဲ့ အနီးအနားက လူ ၄-၅ ဦးလောက် သေဆုံး တယ်လို့ သိရပာတယ်။ (နောက်ဆုံးရ ခိုင်မာတဲ့ သတင်းရပ်ကွက်က လူ ၃၀ ခန့် သေတယ်လို့ ဆိုပာတယ်။ ဖြစ်ပွားချိန်မှာ သေတာ ဆယ်ဦး လောက် ဖြစ်ပာတယ်။ အနီးအနားမှာ ရှိနေတယ့် အရာရှိကြီး တစ်ဦးလည်း ဗုံးထိမှန်တယ်လို့ သိရပာတယ်)

အခင်းဖြစ်ပွားရာ နေရာက ကျွန်တှောတို့နဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်ပာတယ်။ စစချင်း လူတွေ ထွက်ပြေးချိန်မှာ သေနတ်နဲ့ ပစ်သလိုလို၊ ထရန်စမှောမာ ပောက်ကွဲသလိုလို မရေမရာ သတင်းတွေ ဖြစ်လာပေမယ့် ခဏအကြာမှာတော့ ရဲတွေ၊ လုံခြုံရေးတွေ၊ မီးသတ်ကားတွေ၊ သူနာပြုယာဉ်တွေ ရောက်လို့ လာပာတယ်။ အဲဒီမဏဿဍာပ်က လူတွေအားလုံးကို ဆင်းခိုင်းလိုက်ပြီး ပတ်ပတ်လည်ကို လုံခြုံရေး ယူလိုက်ကြပာတယ်။ အနီးအနားက Black Culture, Black Jack, 16.9, စတဲ့ မဏဿဍာပ်တွေလည်း ပိတ်လိုက်ကြရပာတယ်။ သူနာပြုကားပှောမှာ အမျိုးသမီးငယ် ရှစ်ဦးခန့် ပာသွားတာကို မြင်လိုက်ရပာတယ်။ မဏဿဍာပ်ဘေးနားက ဈေးသည်များနဲ့ မဏဿဍာပ်က ရေကစားသူများကို မေးမြန်းချက်အရ ဗုံးကွဲတယ်လို့ အတည်ပြုချက် ရယူလိုက်နိုင်ပာတယ်။


အခင်းဖြစ်တဲ့ X2O


အခင်းဖြစ်တဲ့ X2O


မဏဿဍာပ်မှာ လူတွေ ပြေးပြီ

ကိုနစ်နဲ့ညီလင်းစက် တို့မှကူးယူဖော်ပြသည်

Wednesday, 31 March 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အဓိကကျသော အချက် (၃) ချက်ကို အများသူငှာသိရှိစေရန်အတွက် ပြန်လည်ဖေါ်ပြအပ်ပါတယ်။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်သားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်။

၂။ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းအုပ်ချူပ်ပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရန်။

၃။ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှု ခွင့်ပြုလျက် ကျင်းပရန်။

အထက်ဖေါ်ပြပါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  ရွှေဂုံတိုင်ကြေညာချက်ပါ အဓိကကျတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက် (၃) ချက်ကို နအဖက လစ်လျူရှူတာဟာ နအဖရဲ့  ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဟာ အင်မတန် တရားမျှတမှု မရှိ၊ ရိုးသားမှု မရှိ၊ လွတ်လပ်သန့် စင်မှု မရှိဖူးဆိုတာ ပေါ်လွင်စေပါတယ်။

ဒီအချက် (၃) ချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တင်မက မြန်မာပြည်သူပြည်သားများအားလုံးကနေ လိုလားတဲ့ အချက်တွေဆိုတာ နအဖတွေကို အသိပေးလိုက်ပါတယ်။

NLD Shwegonetaing Declaration (Page 1)

NLD Shwegonetaing Declaration (Page 2)

NLD Shwegonetaing Declaration (Page 3)

Sunday, 9 December 2007

အာဏာရှင်မှန်သမျှ တော်လှန်ကြ။

အမိမြန်မာပြည်ကို သွေးချောင်းစီးစေတဲ့ နအဖစစ်အုပ်စုရဲ့  လုပ်ရပ်ကို ကျောထောက်နောက်ခံပေးနေတဲ့ တရုတ်အာဏာရှင်တို့ ရဲ့ အိုလမ်ပစ်ကို ဆန့် ကျင်ကြ။



http://www.youtube.com/watch?v=bKV1IcaWd_k

လူသတ်အစိုးရကျဆုံးပါစေ ဟု ဆေးနီဖြင့် ရေးသားထား။

လူသတ်အစိုးရကျဆုံးပါစေ ဟု ဆေးနီဖြင့် ရေးသားထားမှုအား စမ်းချောင်းမြို့ နယ်၊ အ.လ.က (၄) ကျောင်း ရှေ့ နံရံတွင် ရေးထားပါတယ်။ ဦးဝိစာရလမ်း Blazon ရှေ့ တွင် သွားရောက်ကြည့်ရှု နိုင်ပါတယ်။ ပြည်သူတွေက ဘယ်လောက်တောင် သန်းရွှေလူသတ်စစ်အုပ်စုကို အလိုမရှိလည်းဆိုတာ ဒါက သက်သေတစ်ခုပါ။ သန်းရွှေနဲ့ အပေါင်းအပါတစ်စုကို မကြာခင်မှာ အမြစ်ဖြုတ်စို့ ။

Thursday, 6 December 2007

ဒီလိုမြင်ကြပါသည်။

အခုတစ်လော နအဖက ပုဂ္ဂလိကစီးပွားရေးပိုင်ရှင်တွေရဲ့ လုပ်ငန်းကြော်ငြာ (Billboard) တွေမှာ သူတို့ ရဲ့  အာဘော်တွေကို ကြော်ငြာဆိုင်းဘုဒ်အပေါ်ကနေ အတင်း အဓမ္မလိုက်ဖေါ်ပြနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက ကြော်ငြာအတွက် ပိုက်ဆံပေးရပြီးတော့၊ နအဖကကျတော့ အချောင်လူပါးဝပြီး သူတို့  ရဲ့  မှိုတက်နေတဲ့ ဆောင်ပုဒ်တွေကို ခပ်တည်တည်နဲ့  တင်ထားလေရဲ့ ။



(ရည်ညွန်းသတင်း - http://burmese.dvb.no/news.php?id=3049)


မပြုံးဘဲနဲ့  ၀ါးလုံးကွဲ၇ီရတဲ့ သူတို့ ဆောင်ပုဒ်တွေကို မတော်တစ်ဆမြင်လို့  ကြည့်မိတဲ့သူတွေတောင် တကယ်မျက်စိထဲ မြင်မိတာကတော့ ဒီလိုပါတဲ့။

Sunday, 2 December 2007

မြန်မာမိန်းကလေးဓါတ်ပုံများအား အလွဲသုံးစားလုပ်နေသော နအဖစစ်သားတစ်ဦး။

မြန်မာအမျိုးသမီးကောင်းများအထူးသတိထားဖို့ ပါ။ ဒီလို နအဖ မုဒိန်းကြေးစား အမျိုးဖျက်တွေ ရှိနေပါတယ်။

မြန်မာမိန်းကလေးဓါတ်ပုံများအား အလွဲသုံးစားလုပ်နေသော နအဖစစ်သားတစ်ဦးကတော့ ရုရှမှာပညာသင်နေတဲ့ထဲကတစ်ယောက်ဖြစ်တဲ့ ရဲမင်းဟိန်း (ခ) မင်းဟိန်းလတ် (ခ) ရဲရင့်မင်း ဆိုတာပါ။





သူတင်ထားတဲ့အမျိုးသမီးပုံတွေကတော့ ဒီမှာပါ -

http://www.slide.com/r/8IHhAENi0T84DACMQe-yEMZNfetNiq9K?view=large

သူရဲ့  ပုံနဲ့  ၀က်ဆိုဒ်ကတော့ ဒီမှာပါ -

http://www.zorpia.com/heinminlet

http://www.slide.com/r/q9JvuUem5j-XT8BEvVpy-5TCYCFtgyeN?view=large

မြန်မာမူဆလင်အစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်။

Friday, 30 November 2007

ရွှေဝါရောင်အင်အားများ စုစည်းရေးကော်မီတီ၏ ကြေညာချက်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင်

ကွယ်လွန်သွားသည့်အတွက် အထူးဝမ်းနည်းရပါကြောင်း။


အင်းစိန်ထောင်အတွင်း ဖမ်းဆီး ချုပ်နှောင်ခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ဒေါ်မိမိလေးသည် ယမန်နေ့ည ၉ နာရီခွဲခန့်က နေအိမ်တွင် ကွယ်လွန်သွားသည်။

ဒေါ်မိမိလေး (၆၈ နှစ်) သည် သားအိမ်ကင်ဆာနှင့် တဆက်တည်း တွဲဆက် ဖြစ်ပေါ်လာသည့် ဦးနှောက် အကျိတ်ဝေဒနာနှင့် လေဖြတ်ရောဂါတို့ကို အပြင်းအထန် ခံစားခဲ့ရပြီး ယမန်နေ့ည ၉ နာရီခွဲက ဆုံးပါးသွားခြင်း ဖြစ်သည်။

“အမေက လွန်ခဲ့တဲ့ ၄ နှစ်လောက်ကထဲက သားအိမ်ကင်ဆာ ဖြစ်တယ်။ အဲဒါ ဘန်ကောက်ကို သွားပြီး ကုထားတော့ ခံသေးတာပေါ့နော်။ အဲဒါ ဆဲလ်တွေက ပွားတယ် ထင်ပါတယ်။ ဦးနှောက်ကို သွားထိတာ။ အဲဒီတော့ ကိုယ်တခြမ်း လေဖြတ်သွားတာ” ဟု ကိုဌေးကြွယ်၏ အမ မခင်စန်းမြင့်က မဇ္ဈိမကို ပြောသည်။

ရုပ်ကလာပ်ကို လာမည့် ဒီဇင်ဘာလ ၃ ရက် (တနင်္လာနေ့) နေ့လည် ၂ နာရီကျော်တွင် ရေဝေး သုဿာန်တွင် မီးသဂြုင်္ိလ်မည်ဖြစ်ပြီး သားဖြစ်သူ ကိုဌေးကြွယ်ကိုယ်တိုင် လိုက်ပါ ပို့ဆောင်နိုင်ရန်အတွက် မိသားစုဝင်များက ထောင်အာဏာပိုင်များထံ သွားရောက် ခွင့်တောင်းထားသော်လည်း ခွင့်ပြုချက် မကျသေးပေ။

“ထွက်ခွင့်ရမလား ဆိုတာတော့ ပြောလို့မရဘူး။ သူ့ကိုတော့ အမေ့ရဲ့ နောက်ဆုံးအချိန်လေးမှာ ကန်တော့ စေချင်တာပေါ့။ ကျမက သူ့ကို ကန်တော့ စေချင်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကျမမောင်လေးက အရမ်းသနားဖို့ ကောင်းပါတယ်” ဟု မခင်စန်းမြင့်က ငိုယိုနေရင်း ပြောသည်။

ရောဂါဝေဒနာ ဆိုးရွားနေသဖြင့် ရွှေဂုံတိုင် အထူးကုဆေးရုံ တွင် ဆေးဝါးကုသမှု ခံယူနေသည့် မိခင်ကြီးကို တိမ်းရှောင် ပုန်းအောင်းနေသည့်ကြားမှ လာရောက်ကြည့်ရှုပြီး အပြန်တွင် ဖမ်းဆီး ခံလိုက်ရသော်လည်း သူအဖမ်းခံရသည့် သတင်းကို မိသားစုဝင်များက မနာမကျန်း ဖြစ်နေသည့် မိခင်ကြီးကို ဖွင့်မပြောရက်သဖြင့် ဒေါ်မိမိလေးသည် ကွယ်လွန်သွားသည့်တိုင် အဖြစ်မှန်ကို မသိရဘဲ သားဖြစ်သူကို စောင့်ဆိုင်းနေခဲ့သည်ဟု သိရသည်။

“အမေကတော့ ဘာပဲဖြစ်ဖြစ် သူ့သားကို စောင့်တာပေါ့နော်။ သတိမကောင်းဘူးဆိုတော့ သူ့သား ဒီလို ဖြစ်သွားတာကို ပြောပြမထားဘူး။ ကျမတို့ကတော့ ပေးမသိစေချင်တော့ဘူးလေ။ မထူးဘူးလေ။ အမေ မသေခင် လာကြည့်ခွင့် တင်လိုက်သေးတယ်။ တင်ပြီး တပတ်မကြာဘူး၊ အခုလို ဖြစ်သွားတယ်” ဟု မခင်စန်းမြင့်က ပြောသည်။

ကိုဌေးကြွယ်၏ လုပ်ဖောင်ကိုင်ဖက်များ ဖြစ်ကြသည့် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များကလည်း လွမ်းသူ့ပန်းခွေ ပို့ရန်အတွက် စီစဉ်နေကြပြီး ကိုဌေးကြွယ်နှင့် ထပ်တူထပ်မျှ ခံစားရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

“သူ (ကိုဌေးကြွယ်) ဖြစ်စေ၊ ကျနော်ဖြစ်စေဗျာ ကိုယ့်ရဲ့ မိခင်တယောက်လုံး ဆုံးသွားတဲ့ အခြေအနေနဲ့ တွေ့ကြုံတဲ့အခါဆိုတော့ ကိုယ်ချင်းစာစိတ်၊ လူသားချင်း စာနာစိတ်နဲ့ ကြည့်ကြည့်၊ ကိုယ်တိုင် ခံစားကြည့်ဗျာ ဒါက အရမ်းဝမ်းနည်းစရာ ကောင်းတဲ့ ခံစားချက်မျိုး ကျနော်တို့ဆီမှာလည်း ဖြစ်ပေါ်ပါတယ်” ဟု ဗကသ မှ ကိုကျော်ကိုကိုက ပြောသည်။

ကိုဌေးကြွယ် အပါအ၀င် မွေးချင်း မောင်နှမ ၄ ဦး ကျန်ရစ်ခဲ့သည်။

Monday, 26 November 2007

တေဇရဲ့ အကျိုးစီးပွားကို အားပေးနေခြင်းအား သတိထားပါရန်။

Sanctions မိသွားလို့  အထိနာသွားတဲ့ တေဇပိုင် Air Pagan က အခု မြန်မာကျောင်းသားတွေနဲ့  မြန်မာမိသားစုတွေဆီက ငွေပြန်နှိုက်ဖို့ အတွက် စီစဉ်နေပါတယ်။ မြန်မာပြည်ကို ပြန်ချင်ရင် အသွားအပြန် ထိုင်းဘတ်ငွေ ၄၇၀၀ (တစ်လအတွင်း) နဲ့  ထိုင်းဘတ်ငွေ ၅၀၀၀ (သုံးလအတွင်း) ရောင်းချပြီး ဆွယ်တရားလုပ်နေပါတယ်။

ဒီတစ်ခါ တာဝန်ယူပြီး မဲဆွယ်နေသူကတော့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန အမှတ် (၁) ရဲ့  ၀န်ကြီး ဇော်မင်းရဲ့  သမီးထွေးလေး စုထက်လှိုင် (ခ) ရတနာဇော်မင်းပါ။



စုထက်လှိုင်ဟာ ၂၀၀၅ ခုနှစ်တုန်းက တေဇရဲ့  စပွန်စာနဲ့  ကျောင်းတက်ပြီး Asian Institute of Technology မှာ Master of Business Administration ပြီးစီးခဲ့ပြီး တေဇရဲ့  Air pagan ဘန်ကောက်ရုံးခွဲမှာ အလုပ်လုပ်နေပါတယ်။

သူရဲ့ကိုယ်ရေးကိုယ်တာတွေကို အတွင်းသိတစ်ဦးက နာမည်နဲ့ တစ်ကွ သတင်းပေးလာလို့  လွန်ခဲ့တဲ့ နိုဝင်ဘာ (၈) ရက်နေ့ က နစ်နေမန်းဘလော့မှာ ပို့ စ်တင်ထားခဲ့ပေမယ့် မေတ္တာရပ်ခံချက်အရ ပြန်ပယ်ဖျက်ခဲ့ပေးပါတယ်။

ပြည်သူအများက လုံးဝမနှစ်သက်တဲ့ ကိုယ်ကျိုးစီးပွားရှာ သန်းရွှေသမက် တေဇရဲ့  Air Pagan ဆက်လက်ရှင်သန်တို့းတက်ရေးအတွက် ပြည်သူတွေမျက်နှာကို မထောက်ဘဲ ကိုယ်ကျိုးစီးပွားအတွက် တေဇပိုင် Air Pagan ကို ပံ့ပိုးထောက်ပံ့ပေးနေဆဲမို့  ယခုလို
ဖေါ်ပြလိုက်ရပြန်ပါတယ်။

တိုင်းပြည်သယံဇာတတွေအပေါ်မှာ အချောင်ဘုန်းပြီး မတရားရလာတဲ့ငွေနဲ့  ပိုင်ဆိုင်ထားတာတဲ့ တေဇရဲ့  Air Pagan ကို မျိုးချစ်မြန်မာများအနေနဲ့ ဆက်လက်သပိတ်မှောက်ကြဖို့ ကို တိုက်တွန်းအပ်ပါတယ်။



Sunday, 25 November 2007

အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား တိုက်တွန်းနှိုးဆော်ချက်။

အထူးကြေညာချက်။

ခရစ်နှစ် ၂၀၀၈ ဇန္န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာပြည် လွတ်လပ်ရေးနေ့တွင် နအဖ စစ်အစိုးရမှ လွတ်လပ်ရေးပွဲများ ကျင်းပမည်ဖြစ်သည်။ ထိုနေ့တွင် အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အနေဖြင့် မြန်မာပြည်သည် ၄၅ နှစ်ပတ်လုံး စစ်ကျွန်ဘ၀ အောက်၌ လွတ်လပ်မှူဆိတ်သုဉ်းကာ အဖက်ဖက်မှ အတိဒုက္ခရောက်နေသည်ကို ကမ္ဘာက သိရှိလာအောင် ၀ိုင်းဝန်း လုပ်ဆောင်ရမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ လာမည့် လွတ်လပ်ရေးနေ့တွင် -

၁။ ကျောင်းသားပြည်သူလူထုအားလုံး အနီရောင်ဝတ်စုံ (သင်္ကန်းရောင်ကိုယ်စားပြု)
ဝတ်ဆင်ကြရန်။

၂။ အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ လူထုလှူပ်ရှားမှူသပိတ် သင်္ကန်းရောင်တော်လှန်ရေး (Saffron Revolution) ပြန်လည်ဆင်နွှဲကြရန်။

၃။ ကမ္ဘာ့ အသိုင်းအ၀ိုင်းအား မြန်မာပြည်သည် လက်ရှိအချိန်အထိ စစ်ကျွန်ဘ၀ ကျရောက်နေသည်ဖြစ်၍ လွတ်လပ်ရေးနေ့မှာ တကယ်မလွတ်လပ်သေးကြောင်း တရားဝင် ကြေညာချက်များ ထုတ်ပြန်ရန်။

ဖော်ပြပါ အချက် ၃ ချက်ကို အားလုံးအတူတကွ ဟန်ချက်ညီညီ ပူးပေါင်း ပြုလုပ် ကြပါရန် သာသနရက္ခိတ အဖွဲ့ (သာသနာ့ဥသျှောင် ကိုယ်စားပြုကော်မတီ) က တိုက်တွန်း လိုက်သည်။

သာသနရက္ခိတ အဖွဲ့ ။

(သာသနာ့ဥသျှောင် ကိုယ်စားပြုကော်မတီ)။

၂၀၀၇-ခု၊နိုဝင်ဘာလ ၂၄ ရက်။

၁၃၆၉-ခု တန်ဆောင်မုန်းလပြည့်နေ့ ။



Saturday, 24 November 2007

တန်ဆောင်မုန်း လပြည့်ည။

တန်ဆောင်မုန်း လပြည့်ညမှာ တိုင်းပြည်နဲ့ သာသနာကို ဖျက်ဆီးနေတဲ့ မိစ္ဆာ စစ်အုပ်စု ရန်မှ ကာကွယ်နိုင်ရန် အတွက် မြန်မာနိုင်ငံအနှံ့မှာ အထူး သစ္စာ ကျိန်ဆိုပွဲများ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါ တယ်။ တကမ္ဘာလုံးကမျိုးချစ် မြန်မာများလဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မိမိအိမ်တွင်းမှာ နေထိုင်ရင်း လုပ်ဆောင် ပါဝင်ကြပါလို့ ပန်ကြားအပ်ပါတယ်။ သစ္စာဆိုလို့  အောင်မြင်ခဲ့တဲ့ သာဓကတွေ ဘုရားဟောမှာရော မြန်မာ့ရာဇ၀င်မှာပါ အထင်အရှား ရှိခဲ့ဖူးတာ မြန်မာတွေ အတော်များများကြားဖူးကြမှာပါ။ ယုံယုံကြည်ကြည်နဲ့သာ ပြုလုပ်ကြပါလို့ တိုက်တွန်းပါတယ်။

သစ္စာ ကျိန်ဆိုပွဲ အစီအစဉ် ။

တန်ဆောင်မုန်း လပြည့်နေ့တွင် မိမိတို့ နှစ်သက်ရာ သီလကို ဘာသာ အလိုက် ဆောက်တည်ခြင်း၊ အဆင်ပြေရာ ကုသိုလ် ကောင်းမှု တစ်ခု ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပါ။ လပြည့်ည လရောင်ကို ကြည့်ရင်း ည ဆယ်နာရီခွဲမှ သန်းခေါင်ကြား စစ်အုပ်စု၏ ကံကြမ္မာ မရဏကာလ ကျရောက်ချိန်တွင် တနေ့တာ လုပ်ဆောင် ခဲ့သော ကောင်းမှု ကို အာရုံပြုပြီး မိမိတို့ တသက်တာမှာ လုပ်ဆောင်ခဲ့တဲ့ အမှန်တရား တစ်ခုကို အာရုံပြု ပြီး လေးနက်စွာ သစ္စာဆိုပါ။

ဥပမာ။ ။ကျွန်ုပ်သည် လူမှန်း သိတတ်စ အရွယ်မှ စပြီး နိုင်ငံနဲ့ လူမျိုးကို ချစ်မြတ်နိုးပြီး အမျိုး ဘာသာ သာသနာနဲ့ နိုင်ငံတော်ကို တိုးတက်စေလိုသော စိတ် အမှန် ရှိပါသည်။ သည် မှန်သော သစ္စာ စကား ကြောင့် နိုင်ငံတော်၊ အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီးနေသော မြန်မာနိုင်ငံတွင်းမှ စစ်မိစ္ဆာ အုပ်စုအား တူသော အကျိုးပေးပါစေသား.. သာသနာစောင့် သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များက စစ်မိစ္ဆာ အုပ်စုအား ဒဏ်ခတ် ပါစေသား။ ကျွန်ုပ်တို့၏ အမိမြန်မာပြည်သည်လည်း ရန်သူမျိုးငါးပါးဘေးမှကင်းဝေး၍ တိုးတက်သာယာဝပြော ပါစေသား။