Pages

Subscribe
Showing posts with label ဒီမိုဝေယံ. Show all posts
Showing posts with label ဒီမိုဝေယံ. Show all posts

Sunday, 18 July 2010

(၆၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ.... မိန့်ခွန်း... ဓာတ်ပုံ....

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသံဖိုင် .. ဓာတ်ပုံ .. ရုပ်သံတွေပါ... နားထောင်ကြည့်ကြပါ....




" အလေးပြုပါတယ် "

အာဇာနည်ဗိမာန် ....

အာဇာနည်ဗိမာန်


သြော် … အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော

အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့ အောင်ပန်းညှို့ရရှာတဲ့

တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်

အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်

သောင်းမြန် မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်

ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။



သြော် … တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘုကွဲ့၊

သတိကင်းကာ မျက်ရည်ကျကျပြီး၊

ခက်ကပြီ လက်ဆည်မရနိုင်ဘု၊

သောက ဘလောင်ဆူတော့ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊

ယခေါင်မူ ယမန်သနစ်တွေပေါ့၊

ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူရမ်းနေကြ၊

ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊

လူကြမ်း ဓပြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊

ဘေးအပေါင်းကြီးစွာ ဝေဒနာ အစုံနဲ့၊

သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊

ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊

သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊

သားရင်း ရှင်တရုပ်ကယ်က၊

ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊

ဒဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊

ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊

အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊

တထုံး နောက်တနဲမှာတော့၊

မင်းရဲရန္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊

ပြည်မင်းဂုဏ်ခံလို့၊

မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊

တလိုင်းနယ် ရွေပြည်တခွင်မတော့၊

ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊

လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊

သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊

မဟုတ်တရုတ် အကောင် တေလေတစ္ဆေကိုက်တာနဲ့၊

သြော်…..ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊

မရေမရာ သေရွာဆိုက်သလိုပါ့၊

အခိုက်အခါတူလို့မို့၊

ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊

ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်၊

မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊

ငါတလူ ငါသရမ်းရော့မဟဲ့လို့

သာခန်း ပလ္လင်ညွှန်းပြီး၊

မြင်ကွန်းပိုင် သူပုန်ထစဉ်က၊

ကြုံရသူ မသာတော်နှင့်၊

ပမာသော် တူတယ်လို့နှိုင်းမိတယ်၊

ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊

စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊

မှိုင်းရဲ့စိတ်ထင်။



မင်းစိတ် မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊

အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊

ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊

ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊

တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သကော။


နန်းမြို့တည်ရန်၊

မှန်းလို့ရည်ကာသန်တဲ့ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊

ထိုထိုလူခပဲကို မကြည်ညိုတဲ့၊

ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့၊

တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊

သြော် ... အမှောင်စရိုက်ကယ်နှင့်၊

ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊

ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊

ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊

ဖြေမကြည် နေရီတော့လွမ်းစေဘို့၊

မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊

အစွမ်းကုန် သည်တခါဖြင့်၊

ပြည်ရွာ ညီညာဘို့အလုပ်ပေပေါ့၊

သုဿန် တံခွန်စောင်းရရှာတဲ့၊

ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်၊

အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊

အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊

ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊

ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊


မြန်မာမတော့ ပူစရာဘို့၊

တဗျူဟာ အောင်ခမန်းတွင်မှ၊

လူမသမာ အမှောင်သန်းချိန်မို့၊

သောင်ကမ်းမို့မို့ဆီက၊

ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊

သြော် … တောင်နန်း မြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့၊

အခေါင်မမြန်းရခင်က အောင်ပန်းညှို့ ရရှာတဲ့၊

အောင်ဆန်းတို့ သေပုံနှမြော။ ။

‎(သခင် ကိုယ်တော်မှိုင်း)‎



ကျွန်တော်တို့ဟာ ဒီနေရာ၊ ဒီမြေပြင်ကို ပိုမိုကျယ်ပြန်တဲ့ သဘောနည်းနာ အရတော့ မြင့်မြတ်တဲ့ နယ်မြေအဖြစ် မသမုတ်နိုင်ပါဘူး။ ဒီမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းများ (ကျဆုံးသူများရော အသက်ရှင်နေ သူများပါ)၊ အဲဒီသူရဲကောင်းများက ကျွန်တော်တို့ရဲ့ နုံနဲ့လှတဲ့ အာဏာနဲ့ ထပ်ဖြည့်ဖို့၊ နှုတ်ယူဖို့ မလိုအောင် ဒီနေရာကို မြင့်မြတ်တဲ့ နယ်မြေအဖြစ် သမုတ်ခဲ့ပြီးဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီမှာပြောခဲ့တဲ့ စကားတွေကို ကမ္ဘာက ကြာရှည်လေးမြင့် မှတ်မှတ်ရရ ဖြစ်မှာမဟုတ်ပေမဲ့ အဲဒီ သူရဲကောင်းတွေရဲ့ လုပ်ရပ်ကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အသက်ရှင်နေတဲ့ ကျွန်တော်တို့ရဲ့ တာဝန်က ဒီမှာ တိုက်ပွဲဝင်ခဲ့ကြသူများ ရှေ့က စွမ်းစွမ်းတမံ လုပ်ပြသွားတဲ့ မပြီးသေးတဲ့ လုပ်ငန်းတွေမှာ ဘ၀ကိုမြှုပ်နှံ လုပ်ကိုင်ကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့မှာ ကြီးမားမြင့်မြတ်တဲ့ လုပ်ငန်းတွေ ရှိပါတယ်။


အမေရိကန်သမ္မတ လင်ကွန်းရဲ့ ကမ္ဘာကျော် ဂက်တီးစဘက်မိန့်ခွန်းမှ




စုဆောင်းတင်ပြသူ ဘလော့ဂါ အလင်းဆက်
(၁၇. ဇူလိုင်လ.၂၀၁၀)

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစား ကြည်ညိုသောအားဖြင့်ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ...

Aung San Poems
ကိုရဲမြင့်မှ မျှဝေပြီး ဒီမိုဝေယံမှကူးယူတင်ပြသည်။

Tuesday, 6 July 2010

ခမောက်တံဆိပ်ကိစ္စ သွားရောက် ကန့်ကွက်စာ ပေးပို့ခဲ့တဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်နှင့် ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ်တို့အား အာဏာပိုင်များမှ ဖိအားပေးနှောက်ယှက်ခြင်း

ဓာတ်ပုံ ညီငယ် ဘားမားပါပါရာဇီမှ ပေးပို့ပါတယ်...
တနင်္လာနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခမောက်တံဆိပ် ကိစ္စသွားရောက် ကန့်ကွက်စာ ပေးပို့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါက်တာဒေါ်မေဝင်းမြင့်နှင့် ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ် တို့အား နေပြည်တော်ရှိ စည်ပင်တည်းခိုခန်းမှ တည်းခိုခွင့်အား ပိတ်ပင်သဖြင့် ယမန်နေ့ညက ရန်ကုန်သို့ ကားဖြင့် ချက်ခြင်း ပြန်လာခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" တနင်္လာနေ့က ဒေါက်တာမေဝင်းမြင့်နဲ့ ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ်တို့ နေပြည်တော်ကို ခမောက်တံဆိပ် ကိစ္စသွားရောက် ကန့်ကွက်စာ ပေးပို့ခဲ့တယ်။ ကျန်တဲ့ဟာတွေတော့ အဆင်ပြေပါတယ်...။ ဒါပေမယ့် မနေ့က နေ့ခင်းပိုင်းက စပြီး အမျိုးမျိုးပေါ့ နောက်ဆုံး ဒေါက်တာမေဝင်းမြင့်တို့က ရထားလက်မှတ်ကို ဒီနေ့ အင်္ဂါနေ့ မနက်မှ ရထားနဲ့ ပြန်လာဖို့ ရထားလက်မှတ်ဝယ်ထားတာ... အဲဒါ မနေ့ကညက သူတို့ကို စည်ပင်တည်းခိုခန်းက တည်းခိုခွင့် မပေးဘူး ဆိုပြီးလုပ်ပါတယ်... လုပ်တော့ သူတို့ညကြီး ကားလက်မှတ်ယူပြီး ပြန်လာရတာပေါ့.. အမှန်ကတော့ တစ်ညအိပ်မလို့ပါ ... နည်းနည်းပေါ့ ဘာမှတော့ မဟုတ်ပေမယ့် အနှောင့်အယှက် ဖြစ်အောင်လုပ်တာပါ.. "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက်ပုံအား အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် CEC အဖွဲ့ဝင်အချို့ ဖွဲ့စည်းထားတဲ့ (အမျိုးသားဒီမိုကရေစီအင်အားစု) NDF ပါတီမှ ၎င်းတို့ပါတီ၏ အမှတ်တံဆိပ် တစ်ခုအနေဖြင့် သုံးစွဲမည့် အပေါ်မှာ ကန့်ကွက်နိုင်ကြောင်း အစိုးရသတင်းစာများမှာ ပါရှိလာပါတယ်။ ထို့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ CEC, CC နဲ့ အဖွဲ့ဝင် ၁၅ယောက် လက်မှတ်နဲ့ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ အဖွဲ့ချုပ်မှ တာဝန်ပေးချက်အရ ဒေါက်တာမေဝင်းမြင့်နဲ့ ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ်တို့ မှကန့်ကွက်စာ ပေးအပ်ဖို့အတွက် (၄)ရက်နေ့ တနင်္ဂနွေ နေ့က နေပြည်တော်တို့ သွားရောက် ခဲ့ပါတယ်။ အဆိုပါ တနင်္ဂနွေ နေ့၌ စည်ပင်တည်းခိုခန်း၌ တည်းခိုခွင့်ရခဲ့ပြီး တနင်္လာနေ့ ကန့်ကွက်စာ ပေးပို့ပြီးတဲ့နောက် ယခုလို နှောင့်ယှက်ခြင်း ခံရတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး " ဒီလိုတည်းခိုခွင့် မပြုတာကို စည်ပင်ဝန်ထမ်းနဲ့ သတင်းတပ်ဖွဲ့ပေါ့... သတင်းတပ်ဖွဲ့ကတော့ သူ့တို့ကို ပြစ်မှုမကျူးလွန် ပါဘူးဆိုပြီး ဝန်ခံချက်ထိုးခိုင်းတယ်။ ဒေါ်မေဝင်းမြင့်တို့က လက်မှတ်မထိုးပေးဘူး... ဘာမှ ဆိုင်ဘူးတဲ့ ထိုးစရာလည်း မလိုဘူး... ဆိုပြီးမထိုးခဲ့ဘူး..။ အဲ့ဒါနဲ့ချက်ခြင်း ညကားနဲ့ ပြန်လာတာ ဒီနေ့မနက် (အင်္ဂါနေ့) မနက်မှာ အစောကြီး ပြန်ရောက်ပါတယ်။ တင်တာတော့ တင်ဖြစ်တာပေါ့...။ နေပြည်တော်မှာ အန်ကယ်လည်းရောက်ဘူးပါတယ်။ စည်ပင်သာယာက ဖွင့်ထားတဲ့ တည်းခိုးခန်းပဲ လူအများတည်းနိုင်တာ ကျန်တာတွေက ဟိုတယ်ကြီးတွေ.. တရက်ကို ၅သောင်း ၆သောင်း တစ်သိန်းအဲ့ဒီလို ပေးရတာ..။ အဲ့တော့ တည်းခိုစရာ စည်ပင်တည်းခိုခန်း ဒီတစ်ခုပဲရှိတယ်။ တစ်ခန်းကို ကုတင် ၃လုံးပါတယ် ၄၅၀၀ကျပ် ပေးရတယ်။ တစ်ညတည်းပြီးတော့ နောက်တစ်နေ့မှာ ပေးမတည်းတာ တမင်ဖိအားပေးတာပေါ့...။ ကန့်ကွက်လွှာ တင်တာတော့ တင်ခဲ့ပြီ ဘယ်တော့ ဆုံးဖြတ်မလဲတော့ မသိသေးဘူးဟု" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က စစ်အစိုးရရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက် ပါတီမှတ်ပုံတင်ခြင်း မပြုရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဟာ ပါတီထူထောင်ချိန်မှ စ၍ယနေ့အထိ စစ်အစိုးရနဲ့ အာဏာပိုင်များရဲ့ ဖိနှိပ်မှုကို အသက်၊ သွေးချွေးတွေ ရင်းပြီး စဉ်ဆက်မပြတ် အဖိနှိပ်ခံ နေရသော်လည်း.. ယနေ့အထိ ကြံ့ကြံ့ခံကာ ပြည်သူတွေဘက်က ရပ်တည်နေကြပါတယ်။ ယခုကဲ့သို့ ဂုဏ်သရေရှိ အဖွဲ့ချုပ်အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးအား အာဏာပိုင်များမှ ဖိအားပေး နှောင့်ယှက်ခြင်းဟာ အင်မတန်မှ အကျည်းတန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

သတင်း ဒီမိုဝေယံဘလော့ဂ်မှ ရယူပါသည်။

Saturday, 19 June 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့်မွေးနေ့တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကျင်းပပြုလုပ်

ဓာတ်ပုံများပေးပို့လာသူကတော့ နေရာတိုင်းမှာရှိနေတဲ့ ပြည်သူ့အတွက် ရဲရဲတောက် ဘားမားပါပါရာဇီဖြစ်ပါတယ်။

ယနေ့ ဇွန်လ(၁၉)ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်းအနားတွေကို မနှစ်ကထက် ပိုမိုပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပပြုလုပ်ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ (၁၀)မိုင်ကုန်း မင်္ဂလာဒုံလေဆိပ်အဝင်မှာ နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မိုးကုတ်မြို့နယ်အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် ရဲ့နေအိမ်ခြံဝင်း အတွင်းမှာ ကျင်းပပြုလုပ်ပါတယ်။ လာတဲ့ပရိသာတ် အားလုံးကို ပလာတာနဲ့ ကြက်သား ဧည့်ခံပါတယ်။ အခမ်းအနားကို သဘာပတိ အဖြစ် ဆရာဦးဝင်းတင်က ဆောင်ရွက်ပါတယ်။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးဖွဲ့တဲ့ ချီးမွမ်း ဂုဏ်ပြုတဲ့ ကဗျာတွေကို အသီးသီးဖတ်ကြားပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေထဲက ကောက်နှုတ်ချက်တွေကို လူငယ်တွေက ဖတ်ကြားပါတယ်။ ဖတ်ကြားပြီးတော့ ဒေါ်အောင်ဆန်းစုကြည် မှာကြားတဲ့ အတိုင်း နိုင်ငံရေးမှုနဲ့ အကျဉ်းသား မိသားစုတွေရဲ့ သားသမီးတွေ ပညာသင်ကိစ္စမှာ ဗလာစာအုပ်တွေ၊ ခဲတံဘောပင်တွေ.. ဒီအတွက် ထောက်ပံ့မှုတွေပေါ့ အားလုံး(၉၄)ယောက် ထောက်ပံ့ ကူညီခဲ့ပါတယ်။

အခမ်းအနားအနေနဲ့ ပြောရရင် ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ ခါတိုင်းနှစ်တွေနဲ့ မတူပဲ အရမ်းကိုများပါတယ်။ ဒေါ်မေနှင်းကြည်ရဲ့ ခြံဝင်းအပြည့်ထိုင်ဖို့နေရာ မပြောနဲ့ မတ်တတ်ရပ်ဖို့ တောင်အပြည့်ပဲ။ ဘယ်လောက်လောက်ရှိမလဲ ဆိုတော့ ခြံဝင်းထဲတင် (၅၀၀)လောက်ရှိနေပါတယ်။ ခြံအပြင်မှာ ရှိနေတာလည်း အများကြီးပါ အတိအကျတော့ ပြောရခက်ပါတယ်။ နောက်တစ်ခုက ဒီနေ့ကျင်းပါတဲ့ (၁၀)မိုင်ကုန်းထိပ်မှာ (၁၀)မိုင်ကုန်းဈေးဆိုတာရှိတယ်။ အန်ကယ်တို့ရောက်သွားတဲ့ အချိန်မှာ ယူနီဖောင်းဝတ် လုံထိန်းကား ၅စီး ၆စီးလောက်ရှိတယ်။ ဒေါ်မေနှင်းကြည်ရဲ့ခြံအနီးမှာလဲ အရပ်ဝတ်နဲ့ လုံခြုံရေးတွေ အမျာကြီးချထားပါတယ်.။ တစ်ခုတော့ ပြောလို့ရပါတယ် ... သူတို့တွေအနေနဲ့ တားမြစ်တာ ဟန့်တားတာတော့ မရှိပါဘူး...

တက်ရောက်တဲ့ ပုဂ္ဂိုလ်တွေမှာတော့ NLD အဖွဲ့ဝင်တွေရော... NLD အဖွဲ့ဝင် မဟုတ်သူတွေကော နောက်စီအာပီပီ အဖွဲ့ဝင်တွေကော... နောက် ဝါရင်နိုင်ငံရေးသမားကြီးတွေလည်း တက်ရောက်ကြပါတယ်။ နောက်တစ်ခုက ဒီကနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့က မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပကြတယ်။ နေရာတိုင်း နေရာတိုင်းမှာလညိး ကျင်းပကြတယ်။ အခုရန်ကုန်မှာ ကျင်းပတဲ့ ပွဲမှာလည်း ရေနံချောင်းက ဒေါ်ခင်စောဋ္ဌေးတို့ ..ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်တို့ ....ပဲခူးတိုင်းက ဒေါ်လှလှမိုးတို့ ရှမ်းပြည်နယ်က ဒေါ်မိုးမိုးတို့ ပြည်နယ်နဲ့ တိုင်းတွေက တက်ရောက်တဲ့ ပွဲဖြစ်ပါတယ်" ဟုပြောဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး တစ်ချို့သော (၉၀)ပြည့်နှစ် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဟာ NDF အမည်ဖြင့် ပါတီသစ် ထူထောင်ကာ ခွဲထွက်သွားကြသော်လည်း .. အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များမှ ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး တစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်း၊ အဖွဲ့ချုပ်မှ ခွဲထွက်သွားခြင်းမရှိပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်အပေါ် သစ္စာရှိစွာဖြင့် ကြံကြံခံကာ ရပ်တည်လျှက်ရှိပါတယ်။

ပြီးခဲ့တယ့်နှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်...။ ထိုအချိန်က အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော နေအိမ်သို့ ဝင်ရာက်မှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်အတွင်း ပြောင်းရွှေ့ ခံထားရချိန်၌ အနီးအနားရှိ လုံခြုံရေးတာဝန်ယူ နေတဲ့ အကျဉ်းထောင် ဝန်ထမ်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ဒံပေါက်ထမင်း လှူဒါန်းကျွေးမွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား နေအိမ်သို့ ဝင်ရောက်မှုနဲ့ ပတ်သတ်ပြီး ဆိုင်းငံ့ပြစ်ဒဏ် ၁နှစ်ခွဲ မတရားကျခံနေရပြီး လာမယ့် နိုဝင်ဘာလမှာ ပြန်လည် လွတ်မြာက်မှာ ဖြစ်ပါတယ်။
ရှေ့နေကြီးဦးဥာဏ်ဝင်း၊ ဒေါ်မေနှင်းကြည်
ယနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်းအနားကို မြန်မာနိုင်ငံတစ်ဝှမ်းနှင့် နိုင်တကာ၌ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါပြီး.. အမေရိကန်သမ္မတအိုဘားမား၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနှင့် စတဲ့ထင်ရှားတဲ့ ပုဂ္ဂိုလ်များမှ မွေးနေ့ဆုတောင်းများ နှင့်တကွ ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွတ်ပေးရန် စစ်အစိုးရအား တောင်းဆိုကြပါတယ်။
ူ
ဆက်လက်ပြီး ရှေ့နေကြီးနိုင်ငံခြားသံတမာန်တွေကိုတော့ ဒီနှစ်မှာ မဖိတ်ခဲ့ပါဘူး။ သူတို့ကတော့ မေးပါတယ်.. ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးပြုပြီး ကျင်းပတဲ့ပွဲဖြစ်နေလို့ပါ။ အန်ကယ်တို့ ဒီနေ့အခမ်းအနားကို မနက်(၁၀)နာရီမှာ စတင်ပြီး နေ့လည် (၁)နာရီခွဲမှာ ပြီးဆုံးပါတယ်။ အန်ကယ် အိမ်ပြန်ရောက်ကတည်းက ပြည်နယ်နဲ့တိုင်းတွေမှာ မွေးနေ့အခမ်းအနားတွေကို ကျင်းပတဲ့ အကြောင်း ဖုန်းတွေတောက်လျှောက် တော်တော်များများ နေရာစုံကနေ ဆက်လာကြတာ ထူးထူးခြားခြား တွေ့ရပါတယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ယခု(၂၀၁၀-)မှာ စစ်အစိုးရကရွေးကောက်ပွဲ ကျင်းပမည်လို့ ကြေငြာထားပြီးသည့် အချိန်၌ ပြည်သူလူထုနှင့် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များမှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို နေရာအနှံ ပြုလုပ်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုဆက်လက်ထောက်ခံနေဆဲ ဖြစ်တယ်ဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း နဲ့ ယနေ့ ရွှေတိဂုံဘုရား အင်္ဂါထောင့်မှာ ကောင်းမှုကုသိုလ်ပြုသူတွေ ထူးထူးခြားခြား များပြားကြောင်း နဲ့ လုံခြုရေး အထူးတင်းကြပ်ထားကြောင်း ယနေ့ ရွှေတိဂုံဘုရား အင်္ဂါထောင့်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့သွားရောက် ဆုတောင်းခဲ့တဲ့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးမှ ပြောဆိုသွားပါတယ်။


ဒီမိုဝေယံမှ ကူးယူဖော်ပြပါသည်။

နအဖ စစ်ခေါင်းဆောင်တွေ ဗုဒ္ဓသာသနာကို ဖျက်ဆီးကြလေပြီ...

BURMA’S JUNTA DESECRATES ANCIENT BUDDHIST PAGODA ကိုလွင်အောင်စိုး http://saveburma.wordpress.com အားကျေးဇူးတင်ပါသည်။

Tuesday, 15 June 2010

နျူကလီးယားကိစ္စပတ်သက်ပြီး နအဖ စွပ်စွဲချက်အပေါ် ဗိုလ်မှူး စိုင်းသိန်းဝင်းနှင့် ဗိုလ်မှူး အောင်လင်းထွဋ်တို့က ပြန်လည်ငြင်းဆို

စစ်အစိုးရ (MRTV)မှ ဗိုလ်မှုးမဟုတ်ပါဘူး ဗိုလ်ကြီး စိုင်းသိန်းဝင်းပါဟု ဗြောင်လိမ်လည် ငြင်းဆိုထားပါတယ်။ ဓာတ်ပုံကို ကြည့်လျှင် သိနိုင်ပါတယ်။ (ပုံ DVB)
နျူကလီးယားကိစ္စနဲ့ပတ်သက်ပြီး သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရသတင်း ထုတ်ပြန်ချက်ပါ အချက်တချို့ မှားယွင်းနေတယ်လို့ ဗိုလ်မှူး စိုင်း သိန်းဝင်းနဲ့ ဗိုလ်မှူးအောင်လင်းထွဋ်တို့က ဒီဗွီဘီ ဆီစာနဲ့အထောက်အထားဓာတ်ပုံတွေ ပေးပို့ပြီး ငြင်း ဆိုလိုက်ပါတယ်။


အဲဒီစာတွေအတွင်း အထောက်အထားက ထောက်ပြထားတဲ့အချက် ၂ ခုကတော့ ဗိုလ် မှူး စိုင်းသိန်းဝင်းဟာ ‘နအဖ’ ကပြောနေသလို ဗိုလ်ကြီးအဆင့်မဟုတ်ဘဲ ဗိုလ်မှူး ဖြစ်တယ် ဆိုတဲ့ အထောက်အထား ရုံးစာနဲ့အထောက်အထားဓာတ်ပုံ၊ နောက်တခါ ဗိုလ်မှူးအောင် လင်းထွဋ်ရဲ့ စာထဲမှာတော့ ‘နအဖ’ က စွပ်စွဲထားတဲ့ အမေရိကန်ဒေါ်လာ ၄၅ဝဝ ကျော်အလွဲ သုံးစားလုပ်တယ်ဆိုတာ မဟုတ်ကြောင်း၊ ဒေါ်လာ ၈ဝဝဝ ကျော်ကို သံ မှူးကြီး ဦးမင်းလွင်ဆီ လွဲပြီးဖြစ်တဲ့အကြောင်း သံရုံးရဲ့ တရားဝင်စာကို ပူးတွဲဖော်ပြ ထားတာ တွေ့ရပါတယ်။ ဒါဟာမြိုင်မြို့မှာ အခြေစိုက်ဖွင့်ထားတဲ့ နျူကလီးယားတပ်ရင်းမှ ဗိုလ်မှူး စိုင်းသိန်းဝင်း ပြည်ပကိုထွက်လာပြီး ‘နအဖ’ နဲ့ မြောက်ကိုးရီးယားတို့ရဲ့ နျူကလီး ယား ဆက်ဆံရေးအကြောင်း ဒီဗွီဘီကို ပြောပြပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့မှာ စစ်အစိုးရက သတင်းထုတ် ပြန်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ သတင်းထုတ်ပြန်ချက်ဟာ ဗိုလ်မှူး စိုင်းသိန်းဝင်းနဲ့ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမှအပ နျူကလီးယားနဲ့ ပတ်သက် ပြီး အရေးကြီးတဲ့အချက်တွေကို ငြင်းဆိုနိုင်တာမျိုး မတွေ့ရသေးပါဘူး။

သတင်းရင်မြစ်..http://burmese.dvb.no/news.php?id=11197

Friday, 11 June 2010

ရှမ်းပြည်တောင်ပိုင်းက ပင်းပက်တောင်စီမံကိန်း နျူကလီးယားနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ပြောဆို

ပင်းပက်တောင် ဝန်းကျင်မှာ နေထိုင်တဲ့ ပအိုဝ်းတိုင်းရင်းသား သနားစားဖွယ် အပြစ်မဲ့ ကလေးငယ်တစ်ဦး အရေပြားရောဂါ ခံစားနေရပုံ
ရှမ်းပြည်က ယူရေနီယံ စီမံကိန်း ဘာအတွက်လဲ
ဘီဘီစီ (မြန်မာပိုင်း)


မကြာသေးခင် ရက်ပိုင်း အတွင်းကပဲ မြန်မာ အစိုးရရဲ့ နျူးကလီးယား ရည်မှန်းချက် တွေအကြောင်း ကမ္ဘာသိ ထုတ်ဖော် ပြောဆိုမှု ပေါ်ထွက်လာခဲ့တာမို့ နျုးကလီးယား ထုတ်နိုင်တဲ့ ယူရေနီယံ သတ္တုထွက်ရာ ဒေသမှာ တူးဖော်နေတဲ့ မြန်မာ အစိုးရရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ သတိထား ကြည့်စရာ ဖြစ်လာပါတယ်။

အယ်လ်ဂျာဇီးရား ရုပ်မြင်သကြားကနေ ဖွင့်ဟချလိုက်တဲ့ အစိုးရရဲ့ လျှို့ဝှက် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး စစ်တပ် အရာရှိဟောင်း ဗိုလ်မှုးစိုင်းသိန်းဝင်း ပြည်ပကို သယ်ထုတ်လာတဲ့ သက်သေ အထောက် အထားတွေထဲမှာ မြန်မာအစိုးရဟာ နိုင်ငံတွင်းက ထွက်တဲ့ ယူရေနီယမ် သတ္တုတွေကို တူးဖော် ရှာဖွေနေတယ်ဆိုတာ လည်း တွေရပါတယ်။

ဒါကြောင့် ယူရေနီယမ် ထွက်ရှိတယ် ဆိုတဲ့ ရှမ်းပြည်နယ် ဘက်မှာ သတ်တ္တုတွင်း တူးဖော်ရေး လုပ်ငန်းတွနဲ့ ပတ်သက်ပြီး ကွင်းဆင်း လေ့လာ သုတေသန ပြုခဲ့သူ ပြည်ပ အခြေစိုက် ပအိုဝ်း လူငယ် အဖွဲ့က အဖွဲ့ဝင်ဟောင်း ခွန်ချန်းကီ ကတော့ ရှမ်းပြည်နယ်မှာ ယူရေနီယံ သတ်တ္တု ထွက်ရှိတဲ့ နေရာတွေ ရှိတဲ့ အကြောင်းနဲ့ သူကိုယ်တိုင်ရောက်ဖူးတဲ့ နေရာတွေမှာ တွေ့ခဲ့ရတဲ့ သတ်တ္တု တူးဖော်ရေး လုပ်ငန်းတွေ အကြောင်း ဘီဘီစီကို ပြန်ပြောပြပါတယ်။ ပင်းပက်တောင်အနီး တဝိုက်မှာ ဟိုပုန်း အခြေဆိုက် တိုင်းဗဟို (၃) က စစ်သားတွေ စောင့်ကြပ်နေပြီး ရွာသူ ရွာသားတွကေို အဲဒီ အနီးတဝိုက် သွားလာခွင့် မပေးဘဲ ကန့်သတ် ထားတယ်လို့ ခွန်ချန်းကီက ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဒေသက ထွက်တဲ့ သတ္တုတွေကို သန့်စင်ပြီး မကွေးဘက်ကို ပို့တယ် ဆိုတာကြားရတဲ့ အတွက် ပင်းပက် ဒေသက ယူရေနီယံ စီမံကိန်းဟာ မကြာသေးခင်က ပေါ်ထွက်လာခဲ့တဲ့ မြန်မာအစိုးရရဲ့ နျူးကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက် နေနိုင် တယ်လို့ ခွန်ချန်းကီ က သုံးသပ်ပါတယ်။

IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီကတော့ သူတို့ အနေနဲ့ လိုအပ်ရင် မြန်မာအစိုးရ ဆီက ရှင်းလင်းချက် တောင်းခံကောင်း တောင်းခံမယ်လို့စောစောပိုင်းက ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2010/06/100610_pimpet.shtml
ပတ်ဝန်းကျင်က ရွာတွေလည်း ဖျက်ဆီးခံရတယ်လေ...

Monday, 24 May 2010

မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေ ၊ ဒဏ်ရာရရှိသူ ၂၅ ဦးအထိရှိကြောင်းသိရ...

ရင်းမြစ်... http://www.news-eleven.com/

မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေကြောင်းသိရှိသည်။ မီးလောင်ကျွမ်းမှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

မင်္ဂလာဈေးမီးလောင်မှုသည် နံနက် ၈နာရီဝန်းကျင်ကတည်းက လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်နေစဉ် ကာလအတွင်းမှာပင် ယခုကဲ့သို့ ထပ်မံလောင်ကျွမ်းခဲ့ခြင်းဖြစ်ပါသည်။ မီးစတင်လောင်ကျွမ်းမှုသည် မင်္ဂလာဈေး စတုတ္ထထပ်မှဖြစ်ပြီး ယခုထပ်မံ လောင်ကျွမ်းရခြင်းမှာ စတုတ္ထထပ်အပေါ်ရှိ skyhall မှ စားသောက်ဆိုင်အချို့၏ ဂတ်စ်အိုးများ

ပေါက်ကွဲလောင်ကျွမ်းခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် စတုတ္ထထပ်မှ တစ်ဆင့် skyhall ရှိ style-3 စားသောင်ဆိုင်သို့ ကူးဆက် လောင်ကျွမ်းနေကြောင်း သိရသည်။ အဆိုပါ စားသောက်ဆိုင်ရှိ ဂက်စ်အိုးများ ၊ ဘီယာစည်များ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပေါ်နေကြောင်းသိရသည်။ ထို့အပြင် မီးလောင်ကျွမ်းမှုနှင့် မီးတောက်များ၏ အနေအထားအရ မီးငြိမ်းသတ်နိုင်ရန် မလွယ်ကူကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုအခါတွင် skyhall သို့ လှေကားထောင် မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်နေကြောင်းသိရသည်။

7:40pm Update: ထပ်မံရရှိသောသတင်းများအရ မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်ရာတွင် ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်ယာဉ်များဖြင့် မလုံလောက်သောကြောင့် ပဲခူးတိုင်းအတွင်းရှိ မီးသတ်ယာဉ်များပါ ထပ်မံခေါ်ယူထားကြောင်း သိရသည်။ ယခုလက်ရှိတွင် မီးသတ်ယာဉ်စုစုပေါင်း ၆၅ စီး ဖြင့် မီးငြိမ်းသတ်နေကြောင်း သိရသည်။ skyhall ရှိ စားသောက်ဆိုင် အပါအ၀င် ဆေးပစ္စည်းနှင့် အခြားပစ္စည်းများ သိုလှောင်သိမ်းဆည်းရာ စတိုခန်းများကိုလည်း မီးလောင်ကျွမ်းနေကြောင်း သိရသည်။

(နောက်ဆုံးအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်) http://www.news-eleven.com/

Mingalar market Fire Burning

Mingalar Market Fire Burning

Mingalar Market Fire Burning
  • http://www.news-eleven.com/ မှကူးယူဖော်ပြပါသည်။ အောက်မှာ Eleven Media Group မှပုံများ ဆက်လက်.. ကြည့်ရှုနိုင်ပါသည်။


နောက်ဆက်တွဲသတင်း ။ ။ မြန်မာစံတော်ချိန် ၁၂း ၀၀ ထိ မီးငြိမ်းသက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မြန်မာစံတော်ချိန် ၁:၀၀ နာရီ တွင် မီးလောင်ကျွမ်းသည့် နေရာအပါအ၀င် ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ်အချို့တွင် မိုးရွာသွန်းလျက် ရှိပါသည်။


Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Fire @ Mingalary Market

Sunday, 23 May 2010

AUN-JP နှင့်NLD(LA)JB တို့ပူးပေါင်းပြုလုပ်သည့် ချီတက်ဆန္ဒပြပွဲ အခမ်းအနားဓာတ်ပုံ မှတ်တမ်း...(ဂျပန်နိုင်ငံ တိုကျိုမြို့)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲနှင့် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) (AUN-JP) တို့မှ ဦးစီးကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အနိုင်ရခြင်းနှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့် ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေး အကျဉ်းသားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး နှင့် ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန့်ကျင် ဆန္ဒပြပွဲ အခမ်းအနားကို ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ Ebisu ပန်းခြံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ယနေ့နေ့လည် (၂း၃၀)က Ebisu ပန်းခြံ၌ မြန်မာ၊ဂျပန် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ အမှာစကားများ ပြောကြားကြပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ Ebisu ပန်းခြံမှ Sendagaya ပန်းခြံအထိ တိုကျိုမြို့လူစည်ကားရာ အရပ်များကို လှည့်လည်ပြီး ကြွေးကြော်သံများတိုင်ကာ ချီတက် ဆန္ဒပြခဲ့ကြပါသည်။ ယနေ့ချီတက်ပြပွဲ အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာနိုင်ငံသားများ... မြန်မာ့အရေးစိတ်ဝင်စားသူ နိုင်ငံခြားသားများ စုစုပေါင်း ၄၂၀ကျော် ပူးပေါင်းပါဝင် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ.. ဥိးသန်းဝင်း၊ ကိုလှမျိုး(၂)

Friday, 21 May 2010

ပေါင်းလောင်းရေလှောင်ကန်တွင် ဓာတ်အားပေးဖို့ ရေလက်ကျန် (၂၀)ရက်စာသာ ရှိတော့ကြောင်း မြန်မာ့လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ မေလ(၁၄)ရက်နေ့က ထုတ်ပြန်တဲ့စာ....

EPC
EPC1
ဓာတ်ပုံပေးပို့လာသူ ရဲရဲတောက် ဘားမားပါပါရာဇီ......


ပေါင်းလောင်းရေလှောင်ကန်တွင် ဓာတ်အားပေးဖို့ ရေလက်ကျန် (၂၀)ရက်စာသာ ရှိတော့ကြောင်း၊ ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ခြင်းကြောင့် မြန်မာ့လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ ....စီးပွားရေး လုပ်ငန်းများ၊ စက်မှုဇုန်များ၊ ရပ်ကွက်အသေးစား စက်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းများ Shoppin mall များ၊ Super Market များ အား လျှပ်စစ်ဓာတ်အား ပေးဝေနေခြင်းကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းကြောင်း . မြန်မာ့လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းများအား ဓာတ်အားဖြတ်တောက်ထားရန်တဲ့၊ စည်ပင်၊ အစိုးရကုမ္ပဏီရုံးခန်းများ၊ အား ဓာတ်အား ဖြတ်တောက်ခြင်း မပြုရန်တဲ့... တတ်လည်းတတ်နိုင် ပါပေတယ်.. မောင်မင်းကြီးသားတို့ရယ်....

ယခုနှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြည်တွင်းဂျာနယ် တစ်စောင် မှာပါတဲ့ .. သတင်းတစ်ပုဒ်ကို အောက်မှာ ဖော်ပြထားပါတယ်..။ ဒီသတင်း မှန်မမှန်ဆိုတာ အခုလက်ရှိ အခြေအနေတွေနဲ့ နှိုင်းယှဉ် လေ့လာကြည့်ရှုနိုင်ပါတယ်။

Tuesday, 4 May 2010

ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပူးပေါင်းပါဝင်ပေးကြပါ ...

Global Day of aCtion 27 May_burmese Translation
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှ မျိုးချစ် မြန်မာနိုင်ငံသူ နိုင်ငံသားများ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

Wednesday, 28 April 2010

ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေးကြပါရန်....


အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။



ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားသွားပါတယ်။



ပြည်တွင်းက အင်တာနက် အသုံးပြုတဲ့ ညီအကို မောင်နှမများ ဆောင်ရန် ရှောင်ရန်...

အောက်မှာ ဆက်လက်ဖတ်ရှုပါရန်

ရေးသားသူ ရွှေသွေး..

မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး (သို့) အင်တာနက်ဆိုင်များရှိ ကွန်ပျူတာတွေထဲမှာ Keylogger ခေါ်တဲ့ ဆော့ဖ်ဝဲများထည့်သွင်းထားပြီး လာရောက်သုံးစွဲသူတွေထဲကနေ နိုင်ငံရေးနဲ့ ပတ် သက်ပြီး ပြည်တွင်းပြည်ပဆက်သွယ်သူများကို ခြေရာခံကာ ပြန်ပေးဆွဲ ဖမ်းဆီးနှိပ်စက် ထောင်ချ သတ်ဖြတ်မှုများရှိနေကြောင်း သိရလို့ အင်တာနက် သုံးစွဲသူများ အန္တရာယ်ကင်းစေရန် တေဇာတေ-ရဲ့ “သူတပါးကွန်ပျူတာ (သို့) ဆိုင်ဘာမှာသုံးရင် သိထားသင့်တဲ့ အချက်တစ်ချို့” ဆိုတဲ့ ဆောင်းပါးကို အနည်းငယ် ပြင်ဆင်ဖော်ပြခြင်း ဖြစ်ပါတယ်။



အနည်းငယ် ရှင်းပြပါမယ်။ Keylogger ဆိုသည်မှာ Windows စတက်ကထဲက အလုပ်လုပ်တဲ့ Software တမျိုးပါ။ ကွန်ပျူတာပိတ်ထားပေမဲ့လဲ အဲဒီ Software က အလုပ်လုပ်နေဆဲပါ။ အဲဒီ Software ရဲ့ထူးခြားချက်က Tray icon မပေါ်ပါ။ ဒါ့ကြောင့် ၄င်းအလုပ်လုပ်နေမှန်း မသိနိုင်ပါ။ သို့သော် ၄င်း Keylogger ကနေ မိမိ Keyboard နဲ့ရိုက်သမျှ၊ Mouse နဲ့နှိပ်လိုက်သမျှအားလုံးကို အချိန်နဲ့တကွ မှတ်ထားပေးပါတယ်။ ထိုအခါ မိမိရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်သမျှ အားလုံးကို ၄င်း Keylogger က မှတ်တမ်းတင်ထားပြီးဖြစ်လို့ လုံခြုံမှု လုံးဝမရှိတော့ပါ။ All in 1 key-logger ဆိုရင် ဓါတ်ပုံများ၊ အသံနဲ့ ဗီဒီယိုစသည်များကိုပါ အတိအကျ မှတ်သားထားပေးနိုင်တဲ့ အဆင့်မြင့်ဆော့ဖ်ဝဲဖြစ်လို့ ပိုမို အန္တရာယ်ကြီးပါတယ်။



ကွန်ပျူတာမှာ အဲဒီ Software သွင်းထားပြီး သုံးစွဲသူရဲ့ လုပ်ဆောင်ချက်များကို အတိအကျ မှတ်တမ်း တင်နိုင်တဲ့အတွက် မိမိတို့အနေဖြင့် ဆိုင်ဘာကဖီး (သို့မဟုတ်) သူများရဲ့ ကွန်ပျူတာကို သုံးစွဲမယ် ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာမှာ ၄င်းဆော့ဖ်ဝဲ ရှိမရှိ အရင်ဆုံး စစ်ဆေးကြည့်တဲ့ အလေ့အကျင့် လုပ်ထားပါက အကောင်းဆုံးဖြစ်သလို ပိုမို လုံခြုံမှုရှိပါလိမ့်မယ်။ မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကွန်ပျူတာက မှတ်မထားနိုင်အောင်လုပ်ရမဲ့ နည်းလမ်း ကတော့



၁) Ctrl+Shift+Esc(or)Ctrl+Alt+Del နှိပ်ပါ။

၂) Task manager ပေါ်လာပါမယ်။

၃) Task manager မှ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို ရှာပါ။

၎) msdts.exe တွေ့လျှင် အဲဒီကွန်ပျူတာမှာ keylogger ထည့်ထားပါတယ်။

၅) အဲဒီလိုတွေ့ရင် ၄င်း msdts.exe ကိုရွေးကာ End process လုပ်ပါ။ ထိုသို့ end process လုပ် ခြင်းဖြင့် ၄င်းလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးရပ်သွားပြီး မိမိလုပ်ဆောင်ချက်များကို မှတ်မထား နိုင်တော့ပါ။ (ကွန်ပျူတာကို စိတ်ချစွာ အသုံးချနိုင်ပါပြီ။)



Task Manager ကို အထက်ပါအတိုင်း ကီးသုံးခု (Ctrl+Alt+Delete) နှိပ်ပြီးခေါ်တာအပြင် နောက် တနည်းကတော့ window logo+R နှိပ်ပြီးတက်လာတဲ့ Run box မှာ taskmgr လို့ စာရိုက်ပြီး task managerကို ဖော်ပါ။ ဒါမှမဟုတ် Start ကနေသွားပြီး Run ကိုသွားပါ။ ဆက်လုပ်ရမှာကတော့ အထက်ပါ အတိုင်းပါပဲ။

အကောင်းဆုံးနည်းလမ်းမှာ task manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ ပရိုဂရမ်တွေ ထဲက မိမိသုံးမဲ့ ပရိုဂရမ်လောက်ပဲ Ok ထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းပါပဲ။ အကြောင်းမှာ သာမန်ကွန်ပျူတာအသုံးပြုသူအနေဖြင့် ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကို မှတ်ထားတယ်ဆိုတာကို မသိနိုင်တဲ့အတွက် အန္တရာယ်ကြီးပါတယ်။ မိမိသုံးမဲ့ ပရိုဂရမ်ကိုသာ သီးသန့်ထားပြီး ၄င်း process tab ထဲမှာရှိသမျှ ဖိုင်အားလုံးကို end process လုပ်ပြီး သုံးတာက အလုံခြုံဆုံးဖြစ်တဲ့အတွက်ကြောင့်ပါပဲ။



အထူးသတိပြုရမှာကတော့ တကယ်လို့ task manager ကိုခေါ်မရပဲ admin နဲ့ဆက်ရမယ် ဆိုရင် တော့ အဲဒီလို အင်တာနက်ကဖီးမျိုးကို ရှောင်သင့်သလို လက်လှမ်းမီရာ သူငယ်ချင်းများကိုပါ အသိ ပေးထားသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် မိမိအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် keylogger တွေထဲမှာပင် Online webpage မှာတင်လို့ရတဲ့ keylogger နဲ့ hardware keylogger ဆိုပြီး အဆင့်မြင့် နည်းပညာများလဲ ရှိပါသေးတယ်။ ၄င်း နည်းပညာများထည့်သွင်း တပ်ဆင်ထားတဲ့ ကွန်ပျုတာဆိုရင် Taskmanager ခေါ်ပြီး End process လုပ်ကာ သုံးစွဲပေမဲ့ မလုံခြုံနိုင်ပါ။ ဒါ့ကြောင့် သတိကြီးကြီးထားနိုင်မှ တော်ကာကျပါမယ်။



ဒီစာလေးကိုရေးပြီး အသိပေးရတဲ့အကြောင်းရင်းကတော့ တာမွေ-ကျောက်မြောင်းရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှာ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနဲ့အဆက်အသွယ်လုပ်တယ်-ဆိုကာ ကွန်ပျူတာ အချက်အလက် အထောက်အထားနှင့်တကွ အဖမ်းခံရကြောင်းကြားသိရလို့ အခြားသော ပြည်တွင်းမှ အင်တာနက်သုံသူတွေအနေနဲ့ နည်းပညာပိုင်းအရ ရှောင်လွှဲလို့ရနိုင်တဲ့ နည်းလမ်းကောင်းလေးတခုကို တဖက်တလမ်းကနေ ဆင့်ပွားမျှဝေပေးခြင်း ဖြစ်ပါတယ်။ ဒါလေးကိုဖတ်ပြီး ပြည်တွင်းက အင်တာနက်သုံးသူ မိတ်ဆွေများဆီကို လက်လှမ်းမီသမျှ မျှဝေပေး ခြင်းဖြင့် “နှမ်းတစေ့ဖြင့် ဆီမဖြစ်နိုင်..” ဆိုသော်လဲ “အုဌ်တချပ် သဲတပွင့်..” အနေဖြင့် မြန်မာ့အရေးကို တဖက်တလမ်းမှ ကူညီပေးနိုင်မယ်-လို့ ယုံကြည်ပါကြောင်း…



နောက်တစ်ခုကတော့

ဂူးဂဲလ်တော့ခ် (google talk) ခေါ် ဂျီတော့ခ် (gtalk) သုံးစွဲသူတွေ မြန်မာပြည်မှာ အဖမ်းခံရတယ် ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့အပတ်က မိုးမခ နဲ့တခြားဘလော့တွေမှာ ဖတ်ရတော့ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ အင်တာနက် စောင့်ကြည့်ရေး အောက်မှာ အရဲစွန့် သုံးစွဲနေသူများကို အထူးစိုးရိမ်နေခဲ့တာ အမှန်ပါ။ ညီငယ်တဦး ဖြစ်သူလည်း မကြာသေးခင်ကတက်ကြွလူငယ်တစုနဲ့ အတူ နိုင်ငံတော်အကြီးအကဲများကို အကြည်ညိုပျက် အသရေဖျက်မှုနဲ့ ထောင်ဒဏ် ကျခံနေရကာ နောက်ဆက်အမှုတွဲအဖြစ် သူရဲ့ အင်တာနက်ဆိုင် ဝင်ထွက် သွားခဲ့တဲ့ မှတ်တမ်း အချက် အလက်ကြောင့် အင်တာနက်က တဆင့် သတင်းဖြန့်ဝေမှု ဘာ ညာ လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်များနဲ့ အင်တာနက် ဆက်သွယ်ရေး နည်းဥပဒေ ၃၄ (ဃ) ဖြင့် ပြစ်ဒဏ် ပိုမိုချနိုင်ဖို့ တရားစွဲဆိုမှု ခံနေကြောင်း မိဘများက ပြောပြတယ်။



အများသိတဲ့အတိုင်း ယနေ့ မြန်မာပြည်မှာ အကြောင်း အမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး တက်ကြွသူတွေကိုလည်း စစ်အစိုးရက အင်တာနက်ဆိုင်သွား၊ အင်တာနက်သုံးတာ ရှိရင် ဒီ အင်တာနက်ဆိုင်ရာ မတရားဥပဒေနဲ့ ထောင်ချဖို့ ပြင်ဆင်ထားပါတယ်။ ဒီတော့ အခုရက်အတွင်း

ဂျီတော့ခ် သုံးစွဲတာကို အစိုးရက ကြားဖြတ် ဝင်ရောက်ပြီး အချက်အလက်တွေ ရယူနိုင်တာကြောင့်လို့ သတင်းတွေမှာ မတင်မကျ ရေးထားတာကြောင့် အင်တာနက်သုံးစွဲသူတွေမှာ ဂျီမေးလ် (gmail) ဂျီတော့ခ် သုံးစွဲတာ လုံခြုံမှုမရှိ သူတို့ ပြောဆိုရေးတာတွေကို အစိုးရက အချိန်မရွေး ကြားဖြတ် ဝင်ရောက်နိုင်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်ကြကုန်ပါတယ်။ ဒီလိုအစိုးရသတင်း အချက်အလက် ရယူနိုင်တာ ဂျီမေးလ် လုံခြုံမှု မရှိလို့ မဟုတ်ဘဲသုံးစွဲသူများ အခြေခံ ရှောင်သင့် ဆောင်သင့်တာ မလုပ်နိုင်တာက တကြောင်း နဲ့စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ထိန်းချုပ်မှုများကြောင့် ဖြစ်ပါတယ်။ ဒီအတွက် အနည်းဆုံး အင်တာနက် သုံးစွဲနေသူများ အနေနဲ့ သိသင့် ရှောင်သင့် ဆောင်ရန် အချက်များကို မျှဝေလိုက်ပါတယ်။



အင်တာနက်လောကကို ဦးဆောင်နေတဲ့ ဂူးဂဲလ် (google) အုပ်စုထုတ် ဂျီတော့ခ်၊ ဂျီမေးလ် တို့ကို အလွယ် ဝင်ရောက်ကာ သုံးစွဲသူရဲ့ သတင်း အချက် အလက် ယူလို့မရနိုင်ပါ။ အများအားဖြင့် ဒီလို မိမိတို့ သတင်း အချက်အလက်တွေကို တပါးသူ ရယူနိုင်တာ၊ ဖျက်ဆီး နှောက်ယှက်ခံရတာ အင်တာနက် သုံးစွဲသူများ ကိုယ်တိုင် အင်တာနက် သုံးစွဲရာမှာ သိသင့်တဲ့ အခြေခံ ရှောင်ရန် ဆောင်ရန်များကို အလေးမထား မလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ယနေ့ မြန်မာပြည် အင်တာနက် သုံးစွဲနေမှုကို အကြမ်း လေ့လာကြည့်ရင်



အင်တာနက်သုံးစွဲသူ အရေအတွက် အလွန်နည်းပါးလျက်ရှိပြီး သုံးစွဲသူများ စာရင်း အရေအတွက်ကိုလည်း စစ်အစိုးရက အလွယ် ရရှိနိုင်ပါတယ်။ အများစုမှာ အင်တာနက်ဆိုင်များမှာ သုံးစွဲနေရပြီး အများစုမှာ အင်တာနက် နည်းပညာကို စလုံးရေးစ မသိသေးသူများသာ ဖြစ်ကြပါတယ်။ စိတ်ဝင်စားစရာ တချက်က အခမဲ့

ရယူနိုင်တဲ့ ဟော့မေးလ် (hotmail) နဲ့ ယာဟူး (yahoo) တို့ကို ယနေ့အထိ ပိတ်ပင်ထားပြီး ဂျီမေးလ် ကိုသာ ရယူနိုင်ပါတယ်။ ထူးခြား ထူးဆန်းတာက အီးမေးလ် အသစ် ဖွင့်လိုသူများမှာ အင်တာနက်ဆိုင်ကိုသွားပြီး ဂျီမေးလ် ဖွင့်ပေးဖို့ ငွေပေး လုပ်ကိုင်ရကြောင်း၊ ဖွင့်ပေးတဲ့ အီးမေးလ်ရဲ့ သုံးစွဲသူ အမည် (username) နဲ့ စကားဝှက် (password) တို့ကို အင်တာနက်ဆိုင်က မှတ်ယူ သိမ်းထားပြီး အီးမေးလ် လာသုံးတဲ့အခါ ဆိုင်က

ဖွင့်ပေးကြောင်း ညီငယ်တဦးက ပြောပြပါတယ်။



စစ်အစိုးရအနေနဲ့ တဖက်မှာလည်း ဘယ်သူတွေ ဘယ်အချိန်ကာလမှာ အင်တာနက် သုံးစွဲတယ် ဆိုတာကို အင်တာနက် ဆိုင်များရဲ့သုံးစွဲသူမှတ်တမ်း (အဝင်-အထွက်၊ သုံးစွဲတဲ့ အချိန်ကာလ) ကို ယူကြည့်ခြင်းဖြင့် အလွယ်ရယူနိုင်တယ်။ အခုနောက်ပိုင်း တချို့ အင်တာနက်ဆိုင်များမှာလည်း ကွန်ပြူတာ (အင်တာနက်) သုံး ဝါရင့်လာသူများ ရှောင်ရှားမှုကို ထောက်လှမ်းနိုင်ဖို့ အာဏာပိုင်များက keylogger ခေါ် ကွန်ပြူတာသုံးစွဲသူ အသုံးပြုပုံ စာရိုက်ချက်တွေကို မှတ်ယူနိုင်တဲ့ စနစ်ကို ကွန်ပြူတာများမှာ ထည့်သွင်းပြီး သုံးစွဲသူများရဲ့အကြောင်းအရာများကို ထောက်လှမ်း ရယူနေတယ်လို့ သိရှိရတယ်။



ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဒေသမှာ နေနေ အများသုံး ကွန်ပြူတာကို သုံးပြီးအင်တာနက် ကြည့်သူ သုံးသူများအတွက် လုံခြုံမှုမှာ ကိုယ်ပိုင် ကွန်ပြူတာနဲ့ ကိုယ့်အိမ်မှာ သုံးတာထက် အထူး နည်းပါးပြီး မိမိရဲ့သုံးစွဲမှု

အချက်အလက်များကို တခြားလူများက အလွယ်တကူ ဖော်ထုတ် ရယူနိုင်ပါတယ်။ (စကားချပ် - ဒီဖက် အမေရိကန်နိုင်ငံ နဲ့ တိုးတက်နေတဲ့ နိုင်ငံတွေမှာလည်းနိုင်ငံတော် လုံခြုံရေး အကြမ်းဖက် လှုပ်ရှားမှုများ နဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ်များရဲ့ ကာမဆိုင်ရာ ပုံများ ဖလှယ်မှု၊ အသက် မပြည့်သူများနဲ့ ကာမဆိုင်ရာ ဆက်သွယ် လုပ်ကိုင်မှုများကို စောင့်ကြည့် ကြားဖြတ် လုပ်ကိုင်နေပါတယ်)။



အင်တာနက်ပေါ်မှာ နိုင်ငံရေး ဆိုင်ရာ အကြောင်း အရာ အချက် အလက်များ ရေးသား ပြောဆိုတာတွေကို အထူး တင်းကြပ် စောင့်ကြည့်နေတဲ့ မြန်မာပြည်မှာ အင်တာနက် သုံးစွဲနေသူများ အနေနဲ့ တက်နိုင်သမျှ အင်တာနက်ဆိုင်များ လူမြင်ကွင်းမှာ လျှိုဝှက်သင့်တဲ့ အကြောင်းအရာ အချက်အလက်များကို ဂျီတော့ခ်၊ အီးမေးလ် တို့မှတဆင့် ရေးသားပို့ဆောင်၊ ဖလှယ်ခြင်းများကို အထူးဂရုစိုက် လုပ်ကိုင်ဖို့ လိုပါတယ်။ တဖက်မှာလည်း အင်တာနက်သုံးစွဲသူအနေနဲ့ အခြေခံမဖြစ်မနေ လုပ်သင့်တာများကို ပြင်ဆင်လုပ်ကိုင်ဖို့ လိုပါတယ်။



(၁) အင်တာနက်ဆိုင်က မိမိ အီးမေးလ် (ဂျီမေးလ်)၊ ဂျီတော့ခ် များကိုဖွင့်ပေးထားပါက စကားဝှက်အသစ်ကို မိမိကိုယ်တိုင် ရွေးချယ် ပြောင်းလဲပါ။ အတတ်နိုင်ဆုံး မိမိ စကားဝှက်ကို သူငယ်ချင်း မိတ်ဆွေ၊ မောင်နှမ ဆွေမျိုး သားချင်း မည်သူကိုမှ ပေးမသိဖို့၊ အလွယ် ရေးမှတ်ထားခြင်း မလုပ်ဖို့ နဲ့ အနည်းဆုံး သုံးလတကြိမ် စကားဝှက် အသစ် ပြောင်းလဲပါ။ ဂျီတော့ခ်၊ ဂျီမေးလ်ကို အများသုံး ကွန်ပြူတာမှာ သုံးစွဲတဲ့အတွက် အီးမေးလ်ကို

ဖွင့်တဲ့အခါ သုံးစွဲသူအမည်၊ စကားဝှက် တို့ကို ဖြည့်ပြီးတဲ့အခါ အောက်ဖက်ရှိ Remember me on this computer ချက်ဘောက် ကို check မလုပ်ပါနဲ့။ အင်တာနက် သုံးပြီးတဲ့ အခါလည်း အီးမေးလ်ကို logout လုပ်ပြီး အင်တာနက် ဘရော့စာ တခုလုံးကို exit လုပ် ပိတ်ပစ်ပါ။ ဂျီတော့ခ် ဝင်ဒိုးကိုလည်း exit လုပ် ပိတ်ပစ်ပါ။



(၂) ဂျီတော့ခ်၊ ဂူးဂဲလ်တော့ခ် သုံးသူများအနေနဲ့ မိမိ သိတဲ့သူ ရင်းနှီးသူများကိုပဲ မိမိတို့ စကားဝိုင်းထဲကို ဖိတ်ခေါ် ထည့်သွင်းဆက်သွယ် ပြောဆိုပါ။ မိမိ မသိသူ တဦး တယောက်က ချိတ်ဆက်လာ၊ ဖိတ်ခေါ်တဲ့အခါ ဘယ်သူဘယ်ဝါ ဆိုတာကို သိအောင် စီစစ်ပြီးမှ မိမိ စကားပြော အုပ်စု စာရင်းထဲ ထည့်သွင်းပါ။ မသိသူ ဖိတ်ခေါ်မှုကို အလွယ်လက်ခံခြင်း၊ မိမိ အုပ်စုထဲ ထည့်သွင်းခြင်း မလုပ်သင့်ပါ။ ထောက်လှမ်းသူများ အနေနဲ့ မိမိ သူငယ်ချင်း မိတ်ဆွေပုံစံမျိုးနဲ့ စကားပြောအုပ်စုထဲ ဝင်ရောက်ဖို့ ကြိုးစားနိုင်တာမို့ ဂျီတော့ခ်နဲ့ စကားပြောမယ်ဆိုရင် ကြိုတင် (ဖုန်း) အချိတ်အဆက် လုပ်ပြီး ဘယ်အချိန်မှာ ဘယ်သူဘယ်ဝါနဲ့ ဆက်သွယ် ပြောမယ် ဆိုတာမျိုး လုပ်ကိုင်သင့်ပါတယ်။



မိမိအနေနဲ့ တဦး တယောက်ကို မိမိတို့ စကားပြော အုပ်စုစာရင်း ထည့်သွင်း လက်ခံပြီးရင် စာရင်းထဲရှိသူများက ဂျီမေးလ်၊ ဂျီတော့ခ်ကို ဆက်သွယ်ဖွင့်တိုင်း သူတို့အနေနဲ့ မိမိ အင်တာနက် ချိတ်ဆက် သုံးနေတာကို သိနိုင်ပါတယ်။ မိမိ မလိုလားတဲ့သူ မသိတဲ့လူ ဆက်သွယ်ရေး စာရင်းထဲမှာ ရှိနေရင် ဖယ်ရှားလိုတဲ့ အမည်ရဲ့ ရွေးပြီး မောက်စ် ညာဘက် ကိုနှိပ်ပြီး remove လုပ်နိုင်သလို၊ Block လုပ်ပြီး တားမြစ်နိုင်ပါတယ်။



(၃) ဂျီတော့ခ် သုံးစွဲမှုမှ ဗိုင်းရပ်စ် ရနိုင်သလားလို့ မေးတာကို ဖြေရရင် ဂျီတော့ခ် ဖွင့်သုံးခြင်းမှ မရနိုင်ပါ။ သို့ပေမယ့် မိမိနဲ့ ချိတ်ဆက် စကားပြောနေသူ (စကားပြောအုပ်စုထဲမှ တဦးတယောက်)က အီးမေးလ်မှ တဆင့်

ပို့လာတဲ့ ဗိုင်းရပ်စ် (virus) စပိုင်ဝဲယား (spyware)၊ စပမ် (spam) စတဲ့ ဒုက္ခပေးနိုင်တဲ့ အင်တာနက် စာမျက်နာလင့်ခ် များကို ဖွင့်ကြည့်ရာမှ ဗိုင်းရပ်စ်တို့၊ စပိုင်ဝဲယား တို့ကို ရနိုင်ပါတယ်။ ဒါကြောင့် မသိတဲ့ လင့်ခ်များ၊ ပူးတွဲစာ၊ ပုံ (attachment file) များကို အလွယ်ဖွင့်ကြည့်ခြင်း၊ ဒေါင်းလုတ် ရယူခြင်းများကို ရှောင်ရှားပါက

ဗိုင်းရပ်စ်ရန်မှ ကင်းနိုင်ပါတယ်။Do and Don_t Internet Users


Thursday, 15 April 2010

ဂျပန်TBS သတင်းဋ္ဌာန ကထုတ်လွှင့်သွားတဲ့ သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုသတင်း...

ရုပ်သံပေါ်မလာလျှင် Watch on You Tube ကိုနှိပ်ပြီး သွားရာက် ကြည့်ရှုနိုင်ပါသည်။

People wait Thursday for word of relatives outside the emergency  department of Yangon Hospital in Myanmar.People wait Thursday for word of relatives outside the emergency department of Yangon Hospital in Myanmar

CNN သတင်းမှာတော့ အနည်းဆုံးသေဆုံးသူ ၂၀ နဲ့ ဒဏ်ရာရသူ ၇၀ကျော်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးက ဆေးရုံဝန်ထမ်းတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပြီး.. မြန်မာစစ်အစိုးရသတင်းမှာတော့ သေဆုံးသူ ၈ဦးနဲ့ ဒဏ်ရာရသူ ၉၀ကျော်ရှိကြောင်း စစ်အစိုးရပိုင်MRTV ကကြေငြာသွားပါတယ်။

Yangon, Myanmar (CNN) -- The government of Myanmar said three bombs caused the deadly blasts that ripped through Yangon on Thursday, an action it calls a terrorist attack.

At least 20 people have died and more than 70 others were wounded, a staff member at Yangon Hospital said. But the government says only eight have died and more than 90 others were wounded.

The blasts occurred at 3 p.m. local time during a water festival, part of the New Year's celebration taking place in Myanmar and other southeastern Asian countries. People toss water on each other as part of a cleansing ritual during the celebration.

Myanmar, formerly called Burma, is under strict military rule and such blasts are rare. Yangon, Myanmar's former capital and the country's commercial hub, is generally a crime-free and calm city.

http://edition.cnn.com/2010/WORLD/asiapcf/04/15/myanmar.blast/index.html?hpt=T2


ဒီမိုဝေယံ မှကူးယူဖော်ပြသည် ကျေးဇူးအထူးတင်ရှိပါသည်