Tuesday, 15 June 2010
INGO မှ စိုက်ပျိုးဆည်ရေတံတာမံ တိုးချဲ့တည်ဆောက်
၎င်းဆည်အား တို့ချဲ့တည်ဆောက်ရခြင်းမှာ လာမည့် နှစ်တွင် မိုးရေကို စနစ်တကျ စုဆောင်းသိုလှောင်ထားနိုင်ရန်နှင့် ဆည်ရေသည်လည်း တောင်သူလယ်သမားများအတွက် အကျိုးရှိစေမည် ဖြစ်ပြီး ယခုနှစ်အတွင်းတွင် စီမံကိန်းအပြီး ဆောင်ရွက်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု ၀န်ထမ်းများနှင့် နီးစပ်သူ ဒေသခံရွာသားတဦးက ပြောသည်။
၎င်းက “ဆည်ရေရဲ့ အကျိုးသက်ရောက်မှုက ရွာခုနှစ်ရွာအပေါ် အကျိုးခံစားခွင့် ရှိပြီး လယ်ဧကပေါင်း နှစ်ထောင်ကျော်ကိုလည်း အကျိုးခံစားခွင့် ရနိုင်ပါတယ်” ဟု ပြောသည်။
ထီးစဲအော်ဆည်သည် ယခင်က လူအင်အားဖြင့်သာ တူးဖော်ခဲ့သည့်အတွက် ဆည်ဘောင်တွင် ကျဉ်း၍ နိမ့်သဖြင့် မိုးရေများ စနစ်တကျ စုဆောင်းထားမှုက အားနည်းခြင်းကြောင့် လယ်ယာမြေကို စိုက်ပျိုးရာမှာ ရေလုံလောက်စွာ မရရှိနိုင်ကြောင်း ဒေသခံတောင်သူလယ်သမားတဦးက ပြောသည်။
“ဆည်ကန်မှာ နကိုယ်ကတည်းက ဘောင်ကလည်း ကျဉ်းတယ်။ မြင့်ဖို့ လိုတယ်။ ကျယ်ဖိုလည်း လိုတယ်။ နွားလှည်းနှစ်စီး ဆုံရင်တောင် သွားလို့ မရဘူး။ ရေလည်း မလုံလောက်ဘူး” ဟု သူက ပြောသည်။
ထို့ကြောင့် ၄င်းထီးစဲအော်ဆည်သည် တောင်သူလယ်သမားများအတွက် အဆင်ပြေစေရန်နှင့် မိုးရေများကို အချိန်မှီ စုဆောင်းထားနိုင်ရန် INGO အဖွဲ့အစည်း Care မှ မြေကော်စက်ဖြင့် ဆည်ကို မြင့်တင်ရာတွင် စက်ယန္တရားကို အသုံးပြုလျက်ရှိကြောင်း၊ ဤနည်းလမ်းဖြင့် ရေကို လုံလောက်စွာ စုဆောင်းနိုင်မည် ဆိုပါက လာမည့် နှစ်များတွင် ဆည်ရေသုံး လယ်မြေများအတွက် ရေအလုံအလောက် ရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။
လျပ်စစ်မီး မကြာခဏ ပျက်ခြင်းကြောင့် စီးပွားရေး ကုန်သည်များ အခက်တွေ့
“၂၄ နာရီ မီးရပြီဆိုတော့ အရင်ကသုံးတဲ့ မီးစက်တွေကို တခြားမြို့ကို ဈေးပေါပေါနဲ့ ရောင်းလိုက်တယ်၊ ခုတော့ မီးကပုံမှန် မလာဖြစ်တော့ ဈေးရောင်းဖို့က မီးကလိုတယ်လေး” ဟု ဘောလခဲမြို့နေ ဒေသခံ စီးပွားရေးသမား တဦးကပြောသည်။
၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်၍ ဘောလခဲမြို့သည် လျပ်စစ်မီး ရရှိပြီး မီးမရခင်တွင် မီးစက်ကြီးဖြင့် တစ်မြို့လုံး အချိန်ပိုင်း သုံးစွဲခဲ့ကြ၍ စီးပွားရေးသမားများမှာ ကိုယ်ပိုင် မီးစက်ငယ်များဖြင့် အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။
ကယားပြည်နယ်၏ ဒုတိယခရိုင် ဘောလခဲမြို့သည် လောပီတ ရေအားလျှပ်စစ်မှ ထုတ်လုပ်သော လျှပ်စစ်မီးကို စတင်ရရှိခဲ့ကြသော်လည်း ပုံမှန်လျပ်စစ်မီး မသုံးစွဲနိုင်သေးကြောင်း ဒေသခံတဦးက ပြောသည်။
ဒေသခံပြည်သူများသည် မြို့နှင့်အညီ ခေတ်မီလျှပ်စစ် အသုံးအဆောင်ပစ္စည်များ ၀ယ်ယူသုံးစွဲမှုများ တိုးတက်လာသည်ဟုလည်း သိရသည်။
Friday, 11 June 2010
ငွေကြေး ကောက်ခံ၍ ကြံ့ခိုင်ရေးအဖွဲ့ဝင်အဖြစ် အတင်းဝင်ခိုင်း
“ပြီးခဲ့တာ လုပ်ပြီးပြီ။ ဒါမဲ့ ကဒ်တော့ မပေးသေးဘူး။ အဖွဲ့စည်းထဲ ၀င်ပြီး အဖွဲ့အစည်း တိုးတက်ဖြစ်မြောက်တဲ့ ကြံ့ခိုင်ရေး ဖြစ်အောင် ပါဝင်အားပေးကြဖို့ ကဒ်ပြားတခု လုပ်တယ်။ အဲဒါက ငါတို့ကို တထောင် တောင်းတယ်” ဟု ကြံ့ခိုင်ရေးအဖွဲ့ ၀င်ခဲ့ရသူ တဦးက ပြောသည်။
ဒေသခံကျေးရွာသားများသည် ကြံ့ခိုင်ရေးအဖွဲ့ဝင်အဖြစ်သို့ ၀င်ရောက်ခြင်းကို မနှစ်သက်ကြသော်လည်း အာဏာပိုင်များ၏ အမိန့်အရ လုပ်ဆောင်ကြရကြောင်း ဒီးမော့ဆိုမြို့မှ ဒေသခံတဦးက ပြောသည်။
သူက “မလုပ်ချင်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် အကုန်လုပ်ရမယ်။ ဘယ်သူမှ မကျန်ရဘူး ဆိုပြီးတော့ တစ်အိမ်ကို အိမ်ထောင်ဦးစီးတစ်ယောက် အကုန်လုပ်ခိုင်းတယ်။ အိမ်တစ်အိမ်မှာ ယောက်ျား မရှိရင် မိန်းကလေး လုပ်ရတယ်” ဟု ပြောသည်။
“သူတို့ အကြောင်းလည်း မသိဘူး။ လုပ်ခိုင်းတော့ လုပ်လိုက်ရတာပဲ။ နည်းလမ်း မသိဘူး။ ကြံ့ခိုင်ရေးတွေက လွိုင်ကော်တချို့ ဒီးမော့ဆို တချို့ ဖြစ်တယ်။ သေးဆူလဲတို့ဘက်လည်း ရွာတိုင်း ကဒ်ပြား လုပ်ခိုင်းတယ်” ဟု ၄င်းဒေသခံတဦးက ဆက်ပြောသည်။
ဒေသခံရွာသားများအနေဖြင့် ကြံ့ခိုင်ရေးအဖွဲ့သို့ ၀င်ရောက်နိုင်ရန် အာဏာပိုင်များက ကျေးရွာဥက္ကဌများအား စည်းရုံးပြီး ဖိအားပေးနေခြင်းဖြစ်သည်။
ဒေသခံရွာသားများသည် မိမိစားဝတ်နေရေးနှင့် ဘ၀နေထိုင်မှုလုံခြုံစေရန် လူကြီးများ၏ လုပ်ဆောင်ချက်ကို မလွန်ဆန်နိုင်ကြောင်း ဒေသခံများကပြောသည်။
“ပြည်ပက အားလုံးလည်း ဒီ ၂၀၁၀ကို စိတ်ဝင်စားကြသလို ပြည်တွင်းက လူထုတွေကတော့ စိတ်ဝင်စားဖို့ နေနေသာသာ မထူးခြားတဲ့ အစီအစဉ်ပဲမို့ စိတ်ဝင်စားနေလဲ အပိုပဲ ဆိုတဲ့ စိတ်တွေနဲ့ပဲ ဥပက္ခာ ပြုထားကြတာ များတယ်” ဟု လွိုင်ကော်မြို့ခံ လူငယ်တဦးက ပြောသည်။
ပြီးခဲ့သည့်လတွင် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်မှ လူငယ်များသည် ကြံ့ခိုင်ရေး အဖွဲ့များနှင့် ပူးပေါင်းပြီး ကျေးရွာတိုင်းရှိ လူထုများအား သွားရောက်စည်းရုံးခဲ့သည်ဟု သိရသည်။
Monday, 31 May 2010
ကရင်နီတော်လှန်ရေး ခေါင်းဆောင်ကြီး ယနေ့မနက် ကွယ်လွန်အနိစ္စရောက်
ဗိုလ်ချုပ်သည် “အဆုတ်က သိပ်အားမရှိဘူးလေ ပြောရမယ်ဆိုရင် လူအိုရောဂါ ပေါ့နော် အားမရှိတာနဲ့ မစားတာနဲ့ အဲလိုမျိုး ဆုံးတယ်” ဟု ဗိုလ်ချုပ်၏ ဒုတိယမြောက်သားဖြစ်သူ စော်ခဲရိုက ပြောပါသည်။
ဗိုလ်ချုပ် မန်းအောင်သန်းလေးသည် ၁၉၉၂ မှ ၉၆ အထိ ပထမအကြိမ် နှင့် ၂၀၀၁ မှ ၂၀၀၅ ထိ ဒုတိယ အကြိမ်ဖြစ် နှစ်ကြိမ်ဆက်တိုက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီ၏ ဥက္ကဌ အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။
ဗိုလ်ချုပ်မန်းအောင်သန်းလေး
ဗိုလ်ချုပ်သည် ခုခံတော်လှန်ရေး တလျှောက်တွင် မဟာမိတ် ခေါင်းဆောင် မြောက်များစွာနှင့် လက်တွဲလုပ်ခဲ့ ဖူးသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစု ခေါင်းဆောင်များနှင့်လည်း လက်တွဲခဲ့ဖူးသည်။
“ကျနော်တို့ ဒီလို ရင့်ကျက်တဲ့ ခေါင်းဆောင်တယောက် နောက် အစဉ်အလာ ရှိတဲ့ခေါင်းဆောင်တယောက် နောက်ပြီးတော့ တော်လှန်ရေး စတင်တဲ့ အချိန်ကတည်းက ပါလာတဲ့ အတွေ့အကြုံ ရင့်ကျက်တဲ့ ခေါင်းဆောင် တယောက် အနေနဲ့ နောက်ပြီးတော့ ကျနော်တို့ ကရင်နီ သမိုင်းကြောင်း ပေါ်မှာ မားမားမတ်မတ် ရပ်တည်ပြီးတော့ တစိုက်မတ်မတ် တတ်နိုင်တဲ့ ဖက်ကနေ ဦးဆောင်ဦးရွက် ပြုလာတဲ့ ကျနော်တို့ ခေါင်းဆောင် တယောက် ဒီလိုဆုံးပါးသွားတဲ့ အပေါ်မှာတော့ ကျနော်တို့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး တခုတည်းတင် မဟုတ်ဘူး ကရင်နီအမျိုးသား တရပ်လုံး အနေနဲ့တော့ ကြေကွဲ ၀မ်းနည်းးစရာ ဖြစ်သလိုပဲ ကျနော်တို့အတွက် ဆုံးရှုံးမှု တရပ်လည်းဖြစ်တယ်” ကေအဲန်ပီပီမှ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါသည်။
ဗိုလ်ချုပ်သည် ကရင်နီအမျိုးသား ခုခံတော်လှန်ရေး စတင်ခဲ့သည့် ၁၉၄၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှစ၍ ယနေ့ မေလ ၃၁ရက်နေ့ မိမိ ကွယ်လွန်သည့်နေ့အထိ ကရင်နီပြည် တိုင်းပြည်နှင့်လူမျိုးအတွက် ကျရာတာဝန်မှ စွမ်းစွမ်းတမန် ထန်းဆောင်ခဲ့သော “တော်လှန်ရေး ခေါင်းဆောင်ကြီး”ဟု ကေအဲန်ပီပီမှ အသိမှတ်ပြုခဲ့သည်။
ဗိုလ်ချုပ် မန်းအောင်သန်းလေး ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ် ဖြစ်ပြီး ဗိုလ်ချုပ်၏ ရုပ်ကလပ်ကို မိသားစုများနေထိုင်ရာ ထိုင်း-မြန်မာနယ်စပ် တနေရာတွင်မြုပ်နှံသဂြိုင်္လ်မည် ဟုသိရသည်။
Saturday, 29 May 2010
မီးသွယ်တန်းရန် ငွေကြေး မပေးဆောင်နိုင်သည့်အတွက် ပြည်သူများ စိတ်ပျက်နေ
“သူတို့ တော်တော် စိတ်ဆင်းရဲမယ်။ တချို့တော့ မျက်ရည်ကျမှာပဲ။ ပင်ပင်ပန်းပန်း ရှာထားပြီး ပေးထားပြီးပြီ။ မီးရတော့မယ်လို့ စိတ်အားတင်းထားကြတယ်။ ဒါတွေဒါတွေ လိုတယ်လို့ တဆင့်ပြီးတဆင့် ထပ်တောင်းလာတော့ လူတိုင်းက ဘယ်တတ်နိုင်မလဲ” ဟု လွိုင်ကော်မြို့ခံတဦးက ပြောပါသည်။
ဓါတ်တိုင်များကို လွိုင်ကော်ကျောင်းသား အားကစားကွင်းမှ ဒေါကလိုးခူကျေးရွာအထိ သွယ်တန်းမည် ဖြစ်သည့်အတွက် မီးတိုင်ပေါင်း ၃၀ ကျော် လိုအပ်မည် ဖြစ်သည်။ အဆိုပါ ရွာသားများသည် မီးရတော့မည် ဖြစ်သည့်အတွက် မီးတိုင်ခ ပေးဆောင်ရန် စိတ်အားထက်သန် နေသည်။ သို့သော် နောက်ပိုင်းတွင် မီးကြိုးခ၊ မီးတပ်ဆင်ခ စသည့် ငွေများကို မပေးဆောင်နိုင်သည့်အတွက် ရွာသားများ စိတ်ပျက်နေ ကြရခြင်း ဖြစ်သည်။
“၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆိုင်မယ် ထင်တယ်။ ခါတိုင်းဆို ရွာတွေက မြို့နဲ့ နီးလဲမရ၊ ဝေးလည်းမရ၊ အခုက မြို့ငယ်ဖြစ်စေ၊ မြို့ကြီးဖြစ်စေ အကုန်လုံး ပေးတယ်” ဟု လွိုင်ကော်မြို့ ချိကယ် ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ချိကယ်ကျေးရွာအုပ်စုနှင့် ဒေါကလိုးခူကျေးရွာအတွက် မီးတိုင်များ ထောင်ခဲ့ရာ မီးတိုင် တတိုင်ကို ကျပ်တသိန်း နှစ်သောင်း (၁၂၀၀၀၀) ပေးဆောင်ခဲ့သော်လည်း ယခုချိန်ထိ မီးမရသေးကြောင်း သိရသည်။
မီးတိုင်များ ထောင်ထားပြီးသော်လည်း မီးကြိုးများကို ယခုအချိန်ထိ မဆွဲပေးသည့်အပြင် မီးလင်းရန် မီတာဘောက် ထားရှိနိုင်သည့် အိမ်များကိုသာ မီးရမည် ဖြစ်၍ မီတာဘောက်ခ မဆောင်နိုင်သည့် အိမ်များသည် ယခုချိန်ထိ အခက်ကြုံနေရသည်ဟု ဒေသခံများက ပြောပါသည်။
လူထု မြေယာများကို သိမ်းဆည်း၍ အစိုးရအမှုထမ်းများထံ ပြန်လည်ရောင်းချ
“မြို့ထဲမှာ နေတဲ့ လူနဲ့ ပြန်ရောင်းပေးတယ်။ သီးသန့် နေတဲ့ လူတွေ၊ အဆင်မပြေတဲ့ လူတွေလည်း သွားနေကြတယ်။ အစိုးရ၀န်ထမ်းတွေပဲ ရုံးမှာ အလုပ်လုပ်တဲ့ သူတွေပဲ” ဟု လွိုင်ကော်မြို့ခံတဦးက ပြောသည်။
ထိုမြေနေရာသည် လွိုင်ကော်လေယာဉ်ကွင်းရှေ့ရှိ ရဲဘော်ဒုက္ခိတများနှင့် စစ်မှုထမ်းပြီး ကျဆုံးသွားသည့် ရဲဘော်များ၏ အိမ်ယာမြေနေရာလွတ်များကို ဒကစမှူးက မြို့ပေါ်နေလူတန်းစားများနှင့် အစိုးရအမှုထန်းများထံ ပြန်လှည်ရောင်းချခြင်း ဖြစ်သည်။
အစိုးရဌာနများမှ ၀န်ထန်းများကို သိမ်းဆည်းထားသော မြေယာ တဧကကို ၅ သိန်းဖြင့် ရောင်းချပေးသည်။
၂၀၀၈ ခုနှစ်တွင် ချိကယ်ကျေးရွာမှ လူထုအချို့ ပိုင်ဆိုင်ထားသည့် မြေနေရာ နှစ်ခုကို စစ်အစိုးရက သိမ်းပိုက်လိုက်ပြီး ပိုင်ရှင်အချို့က လျှော်ကြေး အနည်းငယ် ပြန်ရသော်လည်း တချို့မှာ လျှော်ကြေးမရခဲ့ပါ။
ထိုနေရာမှ မြေဧက ၈၀၀ ခန့် ရှိသည့် ကွန်ပြူတာ တက္ကသိုလ်ကျောင်းဆောင်နှင့် ကျဆုံးသွားသည့် ရဲဘော်များ၏ ကျန်ရစ်သူ သားမယားများ၊ ရဲဘော် ဒုက္ခိတများနှင့် စစ်မှုထမ်းဟောင်းများအတွက် သိမ်းပိုက်ထားသည့် မြေနေရာ ဖြစ်သည်။
Wednesday, 26 May 2010
ကရင်နီပြည်တွင်းမှ IDP ၃၀ကျော် ထိုင်းနိုင်ငံသို့ထပ်မံရောက်ရှိ
ရှားတောမြို့နယ် ဒေါတနောင်းနှင့် ဒေါမူးလဲကျေးရွာမှ ယင်းရွာသူရွာသားများသည် ၎င်းတို့ ကျေးရွာအနီးရှိ တပ်စွဲထားသော စစ်အစိုးရတပ်များ၏ တပ်စခန်းအတွက် လုပ်အားပေး စေခိုင်းမှု၊ စစ်ကြောင်း၌ လမ်းပြအဖြစ် အသုံးပြုမှုနှင့် မတရား ဖမ်းဆီးနှိပ်စက်မှုများကြောင့် ထွက်ပြေးလာရခြင်းဖြစ်ကြောင်း ဆိုကြသည်။
ထွက်ပြေးလာသူများအနက် စစ်အစိုးရတပ်များ၏ နှိပ်စက်မှုများအား ခံခဲ့ရသော ရွာသားတဦးက “စစ်တပ်တွေက ကျနော်တို့ကို လုပ်အားခ မပေးပဲ သူတို့အတွက် အလုပ်လုပ်ခိုင်း တယ်။ သူတို့ စစ်ကြောင်းမှာလည်း ကျနော်တို့ကို လမ်းပြအဖြစ် အသုံးပြုခဲ့တယ်။ ကျနော်တို့ကို အရှေ့မှာ အတင်း သွားခိုင်းပြီး အနောက်မှာ သေနတ်နဲ့ ချိန်ထားတယ်။ ဘယ် အချိန်မှာ ဘယ်နေရာမှ သေရမှာလဲဆိုတာ ကျနော်တို့က ကြောက်နေရတယ်။ အဲဒါ နယ်စပ်ကို ထွက်လာဖို့ ဆုံးဖြတ်လိုက်တာ” ဟု ပြောသည်။
စစ်အစိုးရတပ်များသည် ဒေသခံကျေးရွာများထဲသို့ မကြာခဏ ကင်းလှည့်လာလေ့ရှိပြီး ရွာသူရွာသားများအား ကရင်နီတော်လှန်ရေး တပ်ဖွဲ့နှင့် ဆက်သွယ်မှု ပြုလုပ်နေသည်ဟု စွပ်စွဲလေ့ရှိကြောင်း၊ ရွာသူရွာသားများသည် အများအားဖြင့် ဗမာစကား မပေါက်ကြ၍ စစ်အစိုးရတပ်များ၏ စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြားရာမှာ အခက်အခဲ ရှိနေ ကြောင်း အခြားသော ထွက်ပြေးလာသူ ရွာသားတဦးကလည်း ပြောသည်။
သူက “ကျနော်တို့ ရွာသားတွေက ဗမာစကား မပြောဆိုတတ်ဘူး ပြောမယ်ဆိုရင် နအဖစစ်တပ်တွေက ခင်ဗျားတို့ ဗမာစကား ပြောကို ပြောရမယ်လို့ ကျနော်တို့ကို အတင်းပြော ခိုင်းတယ်” ဟု ပြောပါသည်။
လက်ရှိ ရောက်ရှိလာသော လူသစ်များသည် လောလောဆယ်တွင် ကရင်နီဒုက္ခသည်ကော်မီတီ (ကေအဲန်အာစီ) ၏ ခွင့်ပြုချက်အရ စခန်းအတွင်း၌ နေထိုင်ခွင့် ပေးထားပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (တီဘီဘီစီ)မှ ထောက်ပံ့ထားသော စားနပ်ရိက္ခာများနှင့်တဆင့် ၎င်းတို့ စားဝတ်နေရေးအတွက် ကူညီပေးနေ သည်ဟု ကေအဲန်အာစီ အတွင်းရေးမှူး နော်ထူးလွဲက ပြောသည်။
ယခုနှစ်အတွင်း ကရင်နီပြည်တွင်းမှ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော လူသစ်များ၏ လူဦးရေ စာရင်းအရ (၆၀၀) ၀န်းကျင်ခန့် ရှိကြောင်း၊ ၎င်းတို့သည် နိုင်ငံရေး အခြေအနေ ကြောင့် ရောက်ရှိလာခြင်း ဖြစ်သလို အကြောင်းရင်း မရှိဘဲ တတိယနိုင်ငံသို့ ပြန်လည်အခြေချရေး အစီအစဉ်ကို စိတ်ဝင်စား၍ ရောက်ရှိလာသူများလည်း အနည်းကျဉ်းပါဝင်နေ ကြောင်းဆိုသည်။
သို့သော် ယင်းလူသစ်များသည် တရားဝင် ဒုက္ခသည်အဖြစ် လက်ခံသွားခြင်း ရှိ၊မရှိ ဆိုသည်မှာ ကေအဲန်အာစီနှင့် သက်ဆိုင်မှု မရှိကြောင်း၊ ထိုင်းအာဏာပိုင်များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအဲန်အိတ်စီအာ)တို့၏ လက်ထဲတွင်သာ ရှိနေသည်ဟု နော်ထူးလွဲက ပြောသည်။
၎င်းက “တရားဝင် ဒုက္ခသည်အဖြစ်က လက်ခံဖို့ ကျမတို့ ကေအဲန်အာစီက လုပ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီ တရားဝင် ဒုက္ခသည်လို့ လက်ခံပိုင်ခွင့် ရှိတာက ထိုင်းအာဏာပိုင်နဲ့ ယူအဲန်အိတ်စီအာ အသိအမှတ်ပြုမှ သူတို့ကို တရားဝင်အဖြစ် ပြောလို့ ရတယ်” ဟု ပြောသည်။
ထိုင်းအာဏာပိုင်များသည် ယခင်ကတည်းက ပြည်တွင်းမှ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော လူသစ်များအား တရားဝင် ဒုက္ခသည်အဖြစ် လက်ခံရာမှာ အမှန်တကယ် ပြည်တွင်းစစ်၊ တိုက်ပွဲ၊ စစ်ရေး ပဋိပက္ခများကြောင့် မူလနေရပ်၌ နေထိုင်လို့ မရ၍ ထွက်ပြေးလာသူများကိုသာ လက်ခံလေ့ရှိကြောင်း သိရသည်။
Friday, 21 May 2010
ကယန်းအမျိုးသားပါတီကို လူငယ်အဖွဲ့လက်မခံ
“ကယန်းအမျိုးသားပါတီထဲမှာ ကျနော်တို့ တွေ့ရတဲ့ ပါတီလူတွေပေါ့နော် သူတို့က တစည အဖွဲ့ဝင်ဟောင်းတွေ၊ ကြံ့ဖွတ်ရဲ့အဖွဲ့ဝင်တွေ၊ လမ်းစဉ်လူငယ်ရဲ့ အဖွဲ့ဝင်ဟောင်းတွေ ပါဝင်ပြီးတော့မှ ကယန်းအမျိုးသားပါတီ နာမည်ခံပြီးတော့မှ ဖွဲ့တဲ့ အဖွဲ့ ဖြစ်တယ်ပေါ့နော် အဲဒါကြောင့် ကျနော်တို့က ကယန်းလူငယ်အနေနဲ့ ကယန်းလူထု အနေနဲ့ပါ လက်မခံရခြင်းဖြစ်တယ်”ဟု ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်းရော်ဘင်ဆန်က ပြောသည်။
ကယန်းအမျိုးသားပါတီ (Kayan National Party) ကို ဖွဲ့စည်းမှတ်ပုံတင်သူများသည် ကယန်းလူထု၏ သဘောထားကို ရယူခြင်းမရှိဘဲ ကယန်းလူမျိုး၏ အမျိုးသားဂုဏ်သိက္ခာ၊ နိုင်ငံရေး ဂုဏ်သိက္ခာ၊ တော်လှန်ရေးသမိုင်းအစဉ်အလာကို ဖျက်ဆီးလိုသည့် တာဝန်မဲ့ လုပ်ရပ်ပင်ဖြစ်သည်ဟု ကယန်းမျိုးဆက်သစ်လူငယ် ( KNGY) မှ ၁၇ ရက် ထုတ်ပြန်စာတွင် ရေးသားထားသည်။
ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကယန်းအမျိုးသားပါတီကို မဲမထည့်ပေးနိုင်ကြောင်း ကယန်းအမျိုးသမီးအဖွဲ့မှ ဆိုဖီယာက ယခုလိုပြောပါသည်။
“မပေးပါဘူး ဘယ်လိုမှ မပေးပါဘူး ဘာကြောင့်လဲ ဆိုရင် ၂၀၀၈ constitution ( ဖွဲ့စည်းပုံ အခြေခံ ဥပဒေ) ကြောင့်ပေါ့နော် အဲဒီ constitution မှာ တခုချင်း တဆင့်ချင်း ပြန်ကြည့်မယ်ဆိုရင် မဖြစ်နိုင်တဲ့ အရာ အများကြီးရှိတယ် တရားမျှတမှု မရှိတာ အများကြီး ရှိတယ် အဲဒီ constitution ကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲဖြစ်ဖြစ် အရှင်းဆုံးပြောရရင် ကိုယ်အရမ်းလေးစားတဲ့ လူတယောက်ဝင်ပြိုင်ရင်တောင် မဖြစ်နိုင်ပါဘူး လုံးဝ မထည့်ပါဘူး”
ကယန်းအမျိုးသားပါတီသည် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ သံတောင်မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ အရှေ့တောင်တန်းဒေသနှင့် အထူးသဖြင့် ကယန်းလူမျိုးများနေထိုင်သော ဒေသများတွင် ကိုယ်စားပြုမည် ဖြစ်သည်။
လက်ရှိ ကယန်းအမျိုးသားပါတီ ဥက္ကဌမှာ ဦးယူဂျင်းဖြစ်ပြီး စစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေ ထုတ်ပြန်ချက်ကြေညာပြီး မကြာမှီအချိန်တွင်းမှာ ကယန်းအမျိုးသားပါတီကို တည်ထောင်လိုက်ပြီး ဧပြီလ ၁၇ ရက်နေ့တွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်လိုက်သည်။
ရွေးကောက်ပွဲဥပဒေအရ ကရင်နီနှင့် ကရင်ကြား လူမျိုးရေးပြသာနာ စိုးရိမ်ရဟု KNPP ဖွင့်ဟပြောဆို
ရေးသားသူ - နှောင်းလှိုင် သောကြာနေ့, 21 မေလ 2010 07:25ရွေးကောက်ပွဲဥပဒေအရ ကယား(ကရင်နီ) ပြည်နယ်တွင် ကရင်ပြည်သူ့ပါတီမှ မဲဆန္ဒနယ်မြေ ပါဝင်သည်ဟုဆိုထားသည့်အတွက် လူမျိုးရေးအရ နောက်ဆက်တွဲအခြေအနေများကို စိုးရိမ်ရသည်ဟု KNPP ကထုတ်ဖော်ပြောဆိုသည်။...
တောင်ယာခုတ်ခွင့်သည် ရွေးကောက်ပွဲ ဆွဲဆောင်မှုဟု ရွာသားများယူဆ
ရေးသားသူ - ပါးရယ် သောကြာနေ့, 21 မေလ 2010 06:40စစ်အစိုးရ အာဏာပိုင်များက ကရင်နီပြည် ရှားတောမြို့ စုစည်း ကျေးရွာမှ အရပ်သားပြည်သူများအား ယခုနှစ်အတွင်း တောင်ယာများ ပြန်လှည်ခုတ်ခွင့်ပေးကြောင်း၊ ယာခင်းများလုပ်ကိုင်စားသောက်ရန် ပိတ်ပင်ထားရာမှ့ 
နယ်ခြားစောင့်တပ်မှ ပြည်သူပိုင်ပစ္စည်းမတရားဖျက်ဆီး၍ ခေါင်းရှောင်
ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) သောကြာနေ့, 21 မေလ 2010 04:08ကရင်နီပြည် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အခြေစိုက်ထားသော နယ်ခြားစောင့်တပ်သည် ရွာသားပိုင် မော်တော်ဆိုင်ကယ်အား မတရားအသုံးပြုဖျက်ဆီးခဲ့ပြီး လျှော်ကြေးမပေးဘဲ့ 
ဆိုင်ကယ်သူခိုးများ အိမ်ခြံဝင်းထဲထိဝင်ရောက်ခိုး
ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) သောကြာနေ့, 21 မေလ 2010 04:05ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် သေးဆိုလဲကျေးရွာတွင် အိမ်ခြံဝင်းတွင်းများသို့ ဆိုင်ကယ်သူခိုးများ ၀င်ရောက်ခိုးယူမှုများရှိသည်ဟု သိရသည်။့ 
အန္တာရာယ်ရှိသောလမ်း ကျေးရွာလူထုများ ပြုပြင်နေရ
ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) သောကြာနေ့, 21 မေလ 2010 04:02ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ နှစ်ပေါင်းလေးဆယ်ကျော်အတွင်း တစ်ခါမျှမပြုပြင်နိုင်သေးသော လမ်းမကြီးကို ကျေးရွာလူထုများ ကိုယ်ထူကိုယ်ထဖြင့် အန္တာရာယ်ရှိသော ဒေါလောခူရွာနားရှိ့ 
Wednesday, 28 April 2010
ရန်ကုန် သင်္ကြန်၌ ဗုံးပေါက်ကွဲပြီးနောက် လွိုင်ကော်တွင် လုံခြံရေး တင်းကြပ်ကာ ပိုမိုစစ်ဆေး
ပါးရယ်/၂၈ ဧပြီ် ၂၀၁၀။
သင်္ကြန်အကြတ်နေ့အတွင်း ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲပြီးသည့်နောက် ကရင်နီပြည် လွိုင်ကော်မြို့တွင် အာဏာပိုင်များက လုံခြုံရေး တင်းကြပ်ချထားပြီး ယခင်ကထက် စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။
ရန်ကုန်ဗုံးပေါက်ပြီးနောက် လွိုင်ကော်မြို့တွင် နေ့ရောညပါ လုံခြုံရေး တင်းကြပ်စွာ ချထားပြီး လူသွားလူလာတိုင်းလိုလိုကို စောင့်ကြည့် စစ်ဆေးကြောင်း အစစ်ခံရသော လွိုင်ကော်မြို့(သိရိဒေါ)ခံတဦးက ပြောသည်။
သူက “အရမ်းပဲလေ။ နေရာတိုင်းကို လုပ်နေတာ သိလား။ ကားတွေဆိုလဲ စစ်လိုက်တာ မမေးနဲ့တော့။ အိတ်တွေပါပဲ။ ပြီးတော့ မှတ်ပုံ တင်။ အိတ်တွေကိုတော့ သေချာစစ်တယ်” ဟု ပြောပါသည်။
လွိုင်ကော်မြို့အပြင် ဒီမော့ဆိုမြို့တွင်လည်း အာဏာပိုင်များက လူသွားလူလာရာတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု စစ်ဆေးခံရသော ဒီမော့ဆိုမြို့ခံတဦးကလည်း ပြောသည်။
“အခု ငါဒီကို လာတာ ဆိုင်ကယ်အဖုံး၊ အိတ်တွေ အကုန်ဖွင့် ပြရတယ်။ မနေ့တနေ့က ငွေတောင်တာဘောင်ပေါ်မှာလဲ ဆိုင်ကယ်စီးလာတဲ့ သူမှန်သမျှ တားပြီး စစ်ဆေးတာ” ဟု သူက ပြောသည်။
ယခုလို အာဏာပိုင်များ၏ အစစ်အဆေးများကြောင့် အချို့ပြည်သူများအတွက် ကြောက်ရွံ့မှု ရှိစေကြောင်းနှင့် တနေရာရာသို့ ခရီးသွား လာရာတွင် အချိန်ကုန်ပြီး အနှောက်အယှက် ဖြစ်နေကြောင်း ဆိုသည်။
ရန်ကုန်ဗုံးပေါက်ကွဲမှုအပြီး “ကယားပြည်လည်း ပါလာမယ် ဆိုပြီး အခုတောက်လျှောက် စစ်နေတာလေ။ ပြည်သူတွေက ကောင်းကောင်း သွားလာလို့ကို မရ ဖြစ်နေတယ်။ လမ်းမှာ တွေ့လို့ မသင်္ကာတဲ့သူ အကုန်စစ်တယ်တဲ့” ဟု ပြည်တွင်း၌ လှုပ်ရှားနေသော ကရင်နီအမျိုး သားလူငယ်အစည်းအရုံး (ကေအဲန်ဝိုင်အို) အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ စမ်းရှိုင်းက ပြောသည်။
အာဏာပိုင်များသည် မြို့တွင်း၌ အစစ်အဆေးများ ပြုလုပ်ရာတွင် လမ်းမများ၌ဖြစ်စေ၊ ဂိတ်များ၌ဖြစ်စေ သွားလာသော သူများအား ခေါ်ယူရပ်ခိုင်းစေကာ စစ်ဆေးနေကြောင်း၊ မသကာင်္သူများအား ပိုမိုစစ်ဆေးလျက်ရှိကြောင်း စမ်းရှိုင်းက ဆက်ပြောသည်။
လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့တို့တွင် စစ်အစိုးရအာဏာပိုင်များက လုံခြံရေး တင်းကြပ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ယခုချိန်ထိ ပြည်သူများအား အဖမ်းအဆီး မရှိသေးကြောင်း မြို့ခံများက ဆိုသည်။
ယခုလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့အတွင်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးက x20 ရေကစားမဏ္ဍပ် အနီးတွင် ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျီုးသမီး ၃ ဦး လူစုစုပေါင်း ၈ ဦး သေဆုံးပြီး မြောက်များစွာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
Tuesday, 27 April 2010
လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
ကရင်နီပြည် လွိုင်ကော်မြို့ (သီရိဒေါ) နာရီစင်အောက်မှ ရဲစခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်၌ ဗုံးတလုံး ပေါက်ကွဲ၍ လူတဦး သေဆုံးသွားခဲ့သည်ဟု မြို့ခံတဦးက ပြောသည်။
တောင်ဈေးထဲ၌ ဗုံးထောင်ရန် ကြိုးစားနေသူ လူ ၂ ဦးကို ရဲများက ရိပ်မိသွား၍ ဖမ်းဆီးရမိကာ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး၊ ဖမ်းမိသော ထိုလူနှစ်ဦးအနက် တဦးမှာ ၎င်းနှင့်အတူ ဗုံးတလုံး ပါလာသေးသောကြောင့် ရဲစခန်း၌ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
“လွိုင်ကော်မှာ တခါမှ မဖြစ်ဖူးဘူး။ စောစောက နေ့လည် ၁၀း၃၀ လောက်မှာ လူနှစ်ယောက်ကို တောင်ဈေးထဲမှာ မိုင်းထောင်ဖို့ လုပ်နေ တော့ ရဲတွေက မိသွားတယ်။ အဲဒါ အဲဒီလူကို ရဲစခန်းခေါ်သွားတော့ သူ့ဆီမှာ ဗုံးတလုံး ပါသေးတော့ ရဲစခန်းမှာ ကွဲသွားတယ်တဲ့။ ဘယ်နှစ်ယောက် သေလဲတော့ မသိဘူး” ဟု လွိုင်ကော်မြို့ခံက ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ၎င်းနှင့်အတူ ပါလာသော ဗုံးပိုင်ရှင်တဦးမှာ သေဆုံးသွားသော်လည်း သူ့အဖော်တဦးက ပြန်လည်ထွက်ပြေး လွတ်မြောက်ကြောင်း၊ အခြားသူများ မည်မျှ ထိခိုက်ဒဏ်ရာ ရရှိသည်ကို အတိအကျ မသိရှိရသေးကြောင်း ဆိုသည်။
လွိုင်ကော်မြို့ခံတဦးက “တစ်ယောက်က သေသွားတယ်။ တစ်ယောက်က လွတ်သွားတယ်လို့ ပြောတယ်။ အခုထိ သွားတာက ရဲတွေပဲ။ ရဲစခန်းမှာဆိုတော့ ဘယ်နှစ်ယောက်လဲ မသိသေးဘူး” ဟု ပြောပါသည်။
ဗုံးပေါက်ကွဲပြီးနောက် အခင်း ဖြစ်ပွားသည့် လွိုင်ကော်မြို့ ရဲစခန်းသည် ယခုလောလောဆယ်တွင် ယာယီပိတ်ထားကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။
