Pages

Subscribe
Showing posts with label မျိုးချစ်မြန်မာ. Show all posts
Showing posts with label မျိုးချစ်မြန်မာ. Show all posts

Tuesday, 27 May 2008

ဘဝရဲ့မုန်တိုင်း
















ရေးသားတီးခတ်သီဆိုသူ - မျိုးချစ်မြန်မာ

ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ
ဆင်းရဲခြင်းများနဲ့ ခါးစည်းနေ့တွေဖြတ်သန်းခဲ့ လောကဓံဒီဘဝထဲ
မှားယွင်းမွေးဖွားခဲ့ နှုတ်ဆက်ရက်ကို ကြိုနှင့်လို့ ဖြစ်တည်နေထိုင်ခဲ့
လောကရဲ့လှည့်ကွက် ရက်စက်လွန်းစွာ ဝင်ရောက်ခဲ့ ခုခံနိုင်စရာမဲ့

ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်

လူးလွန့်လှုပ်ခတ်ဖို့ မရတော့တဲ့ဒီအချိန်လေးရယ် ဟစ်အော်သံတွေနဲ့
ဖုံးလွမ်းသွားခဲ့တဲ့ ရေလှိုင်းရဲ့အောက်မှာ ကျန်ခဲ့တဲ့ ကလေးတွေငိုနေဆဲ
လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေလွင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်

သွေးပျက်ကြောက်လန့်လို့ နိုးထခဲ့အိပ်မက်ဆိုးရယ် အကျည်းတန်နာကျင်ဆဲ
လှိုင်းများဖုံးလွမ်းခဲ့ သောကဝိဥာဉ်မြို့များရယ် ဟစ်အော်ဆူညံဆဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သူကြိုးစားခဲ့တာ အကုန်လုံးလဲ ကောင်းကင်လိုကြေကွဲခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သူရင်းနှီးခဲ့တာတွေအားလုံး မျက်ရေမှာနစ်မျောခဲ့တယ်

SOLO

လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေခဲ့ရတယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်
ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ…..

မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်
Timbaland ၏ Apologize မှ Body Frame ကို အနည်းငယ်အခြေခံထားပါသည်

Monday, 26 May 2008

ကြားဖြတ်သတင်း

ကြားဖြတ်သတင်း

ကိုမျိုးချစ်

ကျနော့်အဖွဲ့တချို့ သမီးလှကျွန်း နဲ့ ဟိုင်းကြီးကျွန်းဘက်ကို သွားဖို့ ကြိုးစားကြပါတယ်၊ အဓိက ကတော့ သမီးလှကျွန်းမှာ မိကျောင်းမွေမြူရေးစခန်းနဲ့ ဒီရေတောထိန်းသိန်းရေးစိုက်ခင်းတွေထဲက အပျက်အစီးတွေရှိနေတယ်ဆိုတာကိုသွားကြည့်ရင်းသတင်းယူဘို့ပါ။
သမီးလှကျွန်းပေါ်က မိကျောင်းမွေးမြူရေးစခန်း မိကျောင်းကန်က မိကျောင်းတွေအကုန်လွတ်သွားတယ်၊ အခုမှ အထက်(ဘိုကလေးဘက်က)မျောပါလာတဲ့လူသေအလောင်းတွေဟာ သမီးလှကျွန်းသောင်စပ်တွေမှာ လာတင်နေတယ်လို့ ပြောပါတယ်၊ တချို့တွေဆို ဆံပင်တောင်မရှိတော့ပါဘူး ဗိုက်ကြီးသည် အမျိုးသမီးအလောင်းတစ်လောင်းလဲ ပါတာတွေ့ရပါတယ်၊ သမီးလှကျွန်းပတ်ဝန်းကျင်ကို ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေ ကျနော့်ဆီကိုရောက်နေပါပြီ၊ ကျနော် အခြေအနေကြည့်ပြီးဆက်ပို့ပေးပါမယ်။
ဘာတွေတွေ့ခဲ့ကြားခဲ့ရသလဲဆိုတော့ ဟိုင်းကြီးကျွန်းဘက်ကို မဟာနိတ်တပ်ဖွဲ့တွေကမ်းတက်တိုက်ခိုက်လာနိုင်တယ်ဆိုတာ ကြိုတင်တွက်ဆထားတာရှိလို့အဲဒီမှာရှိတဲ့ လေဘေးကယ်ဆယ်ရေးစခန်းတွေနေရာရွှေ့ပြောင်းပစ်ပြီး အရင် တပ်မ ၆၆ အပြင် တပ်မ ၅၅ ကိုပါ ကမ်းတက်ဝင်ရောက်လာတာရှိရင်ချေမှုန်းဘို့ ခံစစ်ကြောင်းပြင်ခိုင်းထားတာ လို့ သိရပါတယ်။
အခုလောလောဆယ် မော်တင်စွန်းဘုရားဟာလဲ နာဂစ်နဲ့ အတူ ပျောက်ကွယ်သွားတယ် (ပျက်စီးသွားတာလဲ ဖြစ်နိုင်ပါတယ်) လို့သိရပြီး ဟိုင်းကြီးကျွန်းတောင်ဘက်နဲ့ အရှေ့ဘက် လေဘေးသင့်ရွာတွေမှာ တပ်တွေ နေရာချဘို့ ပြင်ဆင်နေပါတယ်။ လေဘေးသင့်ဒေသတွေမှာ ကတ္တရာလမ်းမတွေပျက်စီးကုန်တာကိုလဲ အမြန်ဆုံးပြီးအောင်ပြန်ပြင်နေကြပြီလို့ သိရပါတယ်။

မျိုးချစ်မိတ်ဆွေတစ်ဦး

ကိုမျိုးချစ် မှကူးယူတင်ပြသည်။

Sunday, 25 November 2007

ပျံသန်းနေဆဲ ခွပ်ဒေါင်းများသို့



ပျံသန်းနေဆဲ ခွပ်ဒေါင်းများသို့ ရေးသား တီးခတ် သီဆိုသူ မျိုးချစ်မြန်မာ

Intro: Am E G Am A7 Dm F E

Am E G Am
သံဃာ ရှိခိုးကိုးကွယ်ခဲ့တို့တွေ ဒါဟာ တို့ဘုရားရှင်ရဲ့ သားမြတ်တွေ
A7 Dm F E7
သယ်ပိုးပေးဝေဆဲ ဗုဒ္ဒအမွေ ခုများတော့ ပျက်သုန်းတော့မယ်ဟေ့….
Am E G Am
အာဏာယစ်မူးတဲ့ စောက်ရူးသန်းရွှေ ဘာသာပျက်စီးရာကိုရှေုးရှုနေ
A7 Dm F E7
ငါတို့အတွက် အသက်စွန့်ထား ဘုန်းကြီးတွေ မိုက်ရိုင်းစွာရိုက်သတ်တယ်လေ….

A7 Dm G7 C
ဒို့ခေါင်းများလဲ သွေးစိုရွှဲပစေ ဘယ်တော့မှတော့ဦးမညွတ်ဘူးဟေ့
Dm Am E
ဒါဏ်ရာကိုအံတုရင်း ခြေကန်ကာမာန်ဟုန်သွင်း ရဲရဲတောက် ဒို့ဝိဥာဉ်တွေ…
CHO: A7 Dm G7 C
မျိုးဆက်သစ် ဒို့ရဲ့သွေးတွေ တွဲလက်တို့ ဆက်နေဆဲဟေ့
Dm Am E Am
အာဏာကိုဖီဆန်ရင်း လေဆန်မှာအတောင်ဖြန့်ရင်း ခွပ်ဒေါင်းများကရှေ့ဆက်ပျံနေ….

Am E G Am
ဒီအလိမ်အညာများလဲ ကမ္ဘာကသိနေ ဘလော့ဂါ ရဲဘော်တွေ ထိုးနှက်နေ
A7 Dm F E7
ဘယ်တုန်းကမှအရှက်မရှိသော စောက်ခွက်တွေ ကမ္ဘာကြီးကိုဆက်တိုက်လိမ်နေ….
Am E G Am
အမှန်ကိုပြောဖို့ဆို ကြောက်ရွံ့နေ လူအရှင်ကြီးကိုတောင်မီးရှို့ပေ
A7 Dm F E7
ဒီရက်စက်တဲ့ မိစ္ဆာဆိုးဒိဠိတွေ ဘ၀တိုင်း ပြန်သတ်ရပါစေ….

CHO: Solo: ( Am E G Am A7 Dm F E ) အစအဆုံး တစ်ခေါက်ပြန်ဆို