Pages

Subscribe
Showing posts with label စက်တက်ဘာထာဝရ. Show all posts
Showing posts with label စက်တက်ဘာထာဝရ. Show all posts

Saturday, 24 April 2010




ရက်ပေါင်း ၆၀ကျော်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တို့ အလံတို့ကို ဖြုတ်ချထားစရာ အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို...


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ပါရှိတဲ့ ရက်ပေါင်း ၆၀ကိုကျော်လွန်သွားချိန်မှာ ပါတီရဲ့ ဆိုင်းဘုတ်တို့ အလံတို့ကို ချထားဖို့မလိုဘူး.... ချထားစရာ အကြောင်းမရှိဘူး ဟု လူထုဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ ၁နာရီမှ ၃နာရီထိ အကျိုးဆောင် ရှေ့နေများနှင့် တွေ့ခွင့်ရစဉ် ပြောဆိုလိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းကပြောဆိုပါတယ်။













Get this widget | Track details | eSnips Social DNA
ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက် အသံဖိုင်ပါ....

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း။ ပြီးခဲ့တဲ့ အပတ်တွေက ဆေးရုံမှာ Echo ရိုက်တဲ့ ဆေးစစ်ချက်တွေ ကောင်းမွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသွားပါတယ်။

သတင်း...ဒီမိုဝေယံ

Friday, 16 April 2010

သွေးနီစွန်းသော သင်္ကြန်နေ့  (၂၀၁၀) အတွက် ဆုတောင်းမေတ္တာပို့ ပေးကြပါရန် မြန်မာပြည်သူပြည်သားအပေါင်းအား အလေးအနက် နူးညွှတ်စွာ ပန်ကြားအပ်ပါတယ်။




































၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ရေပက်လောင်းကာ ပျော်ရွှင်ကြည်နူးကြသော ပြည်သူအပေါင်းတို့  သွေးမြေကျခဲ့ရသည့် ဗုံးပေါက်ကွဲမှုကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ယဉ်ကျေးမှုအစဉ်အလာသမိုင်းကြောင်းအား အကျဉ်းတန်စေခဲ့ရုံသာမက အသက်ဆုံးရှုံးခဲ့ရသူများအတွက် ကြေကွဲဝမ်းနည်းဖွယ်နေ့ တစ်နေ့  ဖြစ်ခဲ့ရပါတယ်။

အပြစ်မဲ့ပြည်သူတို့ ၏ အသက်သွေးဆုံးရှုံးစေခဲ့သော ဤနေ့ အား မြန်မာရိုးရာသင်္ကြန် အစဉ်အလာသမိုင်းတွင် သွေးနီစွန်းသော သင်္ကြန်နေ့  (၂၀၁၀) အဖြစ် နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ် ဖြစ်စေရန် မှတ်တမ်းထားအပ်ပါတယ်။

မနက်ဖြန်ကျရောက်မည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ မှ စ၍ (၃) ရက်တိုင်တိုင် ဘုရားကျောင်းကန်စေတီပုထိုးများတွင်လည်းကောင်း၊ မိမိတို့  ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမှုပြုရာ နေရာဌာနများတွင်လည်းကောင်း၊ မိမိတို့  နေအိမ်များတွင်လည်းကောင်း မြန်မာပြည်သူပြည်သားအပေါင်းတို့ မှ အပြစ်မဲ့စွာ သေဆုံးသွားကြရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် မေတ္တ၁ပို့ ဆုတောင်းပေးကြပါရန် အလေးအနက် နူးညွတ်စွာ ပန်ကြားအပ်ပါတယ်။ မိမိတို့ မိသားစုများ ဆွေမျိုးသင်္ဂဟများ မိတ်ဆွေအပေါင်းအသင်းများ နီးစပ်ရာ သိကွမ်းသူများအား ယခုဆုတောင်းမှုအား စုပေါင်း ပြုလုပ်ပေးကြပါရန်ကိုလည်း လက်ဆင့်ကမ်း အသိပေး မေတ္တာရပ်ခံပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။

- ၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော ပြည်သူများ ကောင်းရာမွန်ရာ ဘုံဘ၀သို့ ရောက်ရှိကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့်ဘ၀တစ်လျှောက်တွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေသား။

- ၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့် အချိန်အခါတွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေသား။

- မြန်မာပြည်သူလူထုအပေါင်းတို့  ဘေးအန္တရာယ်အသွယ်သွယ်မှ အစဉ်အမြဲ ကင်းဝေးကြပါစေသား။

အသက်ဆုံးရှုံးခဲ့ကြရသောသူများ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ အထူးကြေကွဲဝမ်းနည်းရပါကြောင်း လေးနက်စွာ ပြောကြားလိုပါတယ်။ ပေးပို့သူကိုနစ်အားကျေးဇူးတင်ပါသည်........
မြန်မာရိုးရာအတာသင်္ကြန်အကြတ်နေ့တွင် အသက်သွေးဆုံးရှုံးခဲ့ရသည့် ညီအစ်ကိုယ် မောင်နှမအားလုံး ကောင်းရာသုဂတိလာပါစေလို့ မိသားစုများနှင့်အတူး ဆုတောင်းမေတ္တာပို့သအပ်ပါသည် စက်တင်ဘာထာဝရ

Thursday, 15 April 2010


စစ်အစိုးရပိုင် MRTV ကကြေငြာသွားတဲ့ ဗုံးပေါက်ကွဲမှုသတင်း..ရုပ်သံ

ရန်ကုန် ဆေးရုံကြီးက သတင်းပါ။ အထူးသတင်း

မင်္ဂလာတောင်ညွန့် စည်ပင် မြို့နယ်မှူး သေဆုံးသွားတယ်။ လောလောဆယ် တပ်ဘက်က အရာရှိတစ်ယောက် ခြေထောက်ကို တော်တော် ထိသွားတယ်လို့ ကြားပါတယ်။

ဒဏ်ရာရတဲ့သူတွေထဲမှာ တပ်ဘက် အရပ်ဘက် ဝန်ထမ်းက အများစုလို့ ပြောပါသည်။

လုံခြုံရေးယူထားတဲ့ ရယက တွေလည်း ထိတာ မနည်းပါလို့ ကြားပါသည်။

လောလောဆယ်မှာ ခွဲခန်းဝင်ဖို့ တန်းစီဇယားက မနည်းပါ။

နောက်ဆက်တွဲ့ဆက်လက်ဖော်ပြပါမည်....ပေးပို့သူအားကျေးဇူးတင်ပါသည်...စစ်အစိုးရလောက် အပြစ်မဲ့လူတွေကို သတ်တဲ့ အဖွဲ့အစည်း မြန်မာပြည်မှာ မရှိဘူး။ ရန်ကုန်မှာ ဗုံးခွဲသတ်တယ်၊ ကရင်ရွာတွေမှာ ဗုံးခွဲသတ်တယ်၊ ရှမ်းရွာတွေမှာ ဗုံးခွဲသတ်တယ်။ ဘုန်းကြီး၊ ကျောင်းသား၊ သီလရှင်၊ အလုပ်သမား၊ လယ်သမား၊ တောင်ယာစိုက်စားနေတဲ့ ကရင်၊ ရှမ်း အကုန်သတ်တယ်။ ဗုံးခွဲတိုင်း ဗုံးခွဲတိုင်း အစိုးရလုပ်တယ်ဆိုတာ ပြည်သူတွေသိတယ်။

Wednesday, 14 April 2010

ပိတောက်မြေမှ ခမောက်ဝေတဲ့လှုပ်ရှားမှု...

Photobucket
သင်္ကြန်အကျနေ့က ရန်ကုန်က မဏ္ဍပ်တွေမှာ ပြည်တွင်းကတော်လှန်ရေးရဲဘော်များ လိုက်လံကပ်ဆင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပိုစတာပါ..


သင်္ကြန်အကျနေ့က ရန်ကုန်က မဏ္ဍပ်တွေမှာ ပြည်တွင်းကတော်လှန်ရေးရဲဘော်များ လိုက်လံကပ်ဆင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပိုစတာပါ..

ယနေ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကျနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ တို့မှ ရန်ကုန်မြို့နှင့် နယ်မြို့များမှာ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ခြင်း၊ ခမောက်ဝေခြင်း၊ စီဒီအခွေများ ဖြန့်ဝေခြင်းများကို ပူပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှ ဆက်သွယ် ပြောကြားလာပါတယ်။

ဒီနေ့ဦးဇင်းတို့.. သင်္ကြန်အကျနေ့မှာ မနက်၁၀နာရီခွဲလောက်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ တို့ပူပေါင်းပြီး ခမောက်ဝေတဲ့လှုပ်ရှားမှုနဲ့ စီဒီအခွေဝေတာတွေကို ပြည်နယ်နဲ့ တိုင်းတွေက မြို့နယ် ၁၅ခုလောက်မှာ တချိန်တည်း တပြိုင်တည်း အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်က မြို့နယ်တွေကတော့ ....

ရန်ကုန်တိုင်းမှာ. ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လသာ၊ ကျောက်တံတား၊ ကြည့်မြင်တိုင်..
မန္တလေးတိုင်းမှာ.. မန္တလေးဈေးချိုနဲ့ ချမ်းအေးသာဇံမြို့နယ်...
မကွေးတိုင်းမှာ... မကွေးမြို့ပေါ်၊ ပခုက္ကူ၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်....
ကရင်ပြည်နယ်မှာ... ဖားအံ၊ ကော့ကရိတ်....
ကချင်ပြည်နယ်မှာ... မြစ်ကြီးနား၊ ဗန်းမော်....
ဧရာဝတီတိုင်းကတော့ ... ဘိုကလေးမြို့နယ်မှာ လုပ်ဖြစ်ပါတယ်။... အင်မတန်မှ အောင်မြင်ပြီး အားတက်စရာပါပဲ... အခုနယ်မြို့တွေနဲ့ စကားပြောပြီးပါပြီ... အားလုံးချောချောမွေ့မွေ့ပါပဲ... အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာ ပြချင်လို့ လုပ်ဆောင်တာပါ.... ထူးခြားတာတွေကတော့ ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ ယူကြတာပါပဲ.... ကြည့်မြင်တိုင်မှာ ဝေတုန်းကတချို့နိုင်ငံရေးအမြင်နဲ့ မယူရဲတဲ့သူတွေ ရှိပေမယ့် အနားမှာရှိနေတဲ့ ဒကာ၊ဒကာမလေးတွေက လှိုက်လှိုက်လှဲလှဲ လာတောင်းယူကြတော့ ဘေးကသူတွေပါ တောင်းယူကြတယ်။ နောက်အသက်ကြီးကြီး လူကြီးတစ်ယောက်က နွေမှာပိတောက် ရင်မှာခမောက်ဆိုပြီး အော်ပြောသွားပါတယ်။ အားလုံးနိုင်ငံရေး စိတ်ဓာတ်နိုးကြားကုန်တယ်လေ..

မြို့ထဲမှာဝေတုန်းက ခမောက်ဝေနေတဲ့ အချိန်မှာ ရဲကားတစ်စီး ရောက်လာပြီးရပ်ကြည့်သေးတယ်.. နောက်ပြန်သွားတယ်..။ ဦးဇင်းတို့က သူတို့တွေကြားအောင် ဝေတဲ့အချိန်မှာ ပြည်သူတွေ အရိပ်ရအောင် ဝေနေတာပါဆိုပြီး ခမောက်ကို ပေါ်ပေါ်တင်တင် ပြောပြီးဝေတယ်လေ..။ ခမောက်နဲ့အတူ စီဒီအခွေလည်း ဖြန့်ပါတယ်။ စီဒီက အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့က ဒကာတွေ လုပ်တာပါ.. ဘယ်ဟာမှန်တယ်... မှားတယ်ဆိုတာ သိရအောင်ရယ် နောက်အားလုံးလက်ခံနိုင်တဲ့ အချက်အလက်တွေ စီဒီထဲမှာ အကုန်ပါတယ်လေ။ နောက်မကွေးတိုင်း နတ်မောက်မှာ ခမောက်ဝေတာ ဗိုလ်ချုပ်အောင်ဆန်းအိမ်နားမှာပါ.. အခုပြတိုက်လုပ်ထားတဲ့ နေရာမှာပါ. အာဏာပိုင်တွေ တအံ့တသြနဲ့ လာကြည့်ပြီး နောက်ဓာတ်ပုံရိုက်သွားတယ်လို့ သိရတယ်။ တခြားဘာမှတော့ နှောင့်ယှက်တယ်လို့ မကြားရပါဘူး....

ပိုစတာတွေကတော့ ၁။...၂၀၁၀ရွေးကောက်ပွဲအလိုမရှိ.... ၂။...လူထုတိုက်ပွဲဖော်ဆောင်ကြ ၃။...ပြည်သူ့အစိုးရဖွဲ့စည်းရေးဒို့အရေး ၄။...အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်ရမည်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ၂ပေပတ်လည် ပိုစတာတွေပါ.. အခုတစ်ရာကျော်ကို မနက် လေးနာရီလောက်ထဲက စပြီး ဦးဇင်းတို့ မဏ္ဍပ်ပေါင်း(၄၀)ကျော်မှာ လိုက်ကပ်ပါတယ်... ။ ဦးဇင်းတို့ ပြည်နယ်နဲ့တိုင်း တစ်ချိန်တည်း တပြိုင်တည်းလုပ်တာပါ... နယ်သတင်းတွေ စောင့်နေရလို့ နောက်ကျသွားတာပါ.. ဦးဇင်းတို့ ခမောက်လှုတာ တစ်ကြိမ်တစ်ခါမှ မလုပ်ဘူးပါဘူး အခုမှ စလုပ်တာပါ... ဦးဇင်းတို့လုပ်နေတာ ခုနှစ်ရက်သားသမီးတွေ အတွက်လုပ်နေတာပါ။ အဓိကကခမောက်ကို လှုဒါန်းရတာကတော့ ပြည်သူတွေ အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူရှိနေပြီး တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာကို ပြပြီး စိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်...။ ဦးဇင်းတို့ နအဖကိုဆက်ပြီး တောင်းဆိုတိုက်ပွဲဝင်နေမှာပါ။ ၂၀၀၈ခုနှစ်နောက်ပိုင်းကစပြီး ဆန့်ကျင်လာတာပါ.. ၂၀၀၈အခြေခံဥပါဒေကို မပြင်သရွေ့ စစ်အာဏာရှင်တွေကို စိန်ခေါ်ပြီး ပြည်သူတွေဘက်က ဆက်လက်ရပ်တည်ပြီး တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှ ပြောကြားသွားပါတယ်။ ယနေ့ခမောက် အလုံးရေ ၁၅၀၀ကျော် ဝေနိုင်ခဲ့တဲ့ အကြောင်း ဆက်လက်ပြောပြသွားပါတယ်။

ဒီနေ့နေ့လည် ရန်ကုန်မှာ လှုပ်ရှားမှုလုပ်ပြီးချိန်မှာပဲ ဆက်သွယ်လာတာပါ.... နယ်မြို့အခြေအနေတွေ စောင့်နေရတဲ့အတွက် သတင်းနောက်ကျနေခြင်းဖြစ်ပါတယ်...။ ရန်ကုန်မှာကပ်တဲ့ ပိုစတာပုံကိုတော့ ဖော်ပြလိုက်ပါတယ်။ အခြားလက်ခံရရှိထားတဲ ဓာတ်ပုံများကိုတော့ ခွင့်ပြုချက်ရယူပြီး ဖော်ပြပါမည်။

သတင်း... ဒီမိုဝေယံ

Monday, 29 March 2010