ပညာရေး ဒုဝန်ကြီး၏ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွင် The Voice ဂျာနယ်ဖတ်ရန် တိုက်တွန်းသွားပြီး အခြားစည်းရုံးမည့်ပါတီများကို မယုံကြရန် ပြောဆိုခဲ့ကြောင်း ကျောင်းသားတဦးက ပြောသည်။
ယခုလ (၈) ရက်နေ့က မိတ္ထီလာ စီပွားရေးတက္ကသိုလ်သို့ ပညာရေး ဒုဝန်ကြီး အောင်မျိုးမင်းရောက်ရှိကာ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးသင့်သည်ကို ပြောဆိုသွားခြင်း ဖြစ်သည်။
“ဝန်ကြီးက The Voice ဂျာနယ်ကိုဖတ်ကြပါလို့ တိုက်တွန်းတယ်၊ သူပြောတာက အခုလို တိုက်တွန်းပေမဲ့ သူထုတ်ဝေတဲ့ ဂျာနယ်မဟုတ်ဘူးပေါ့၊ ဂျာနယ်ကို လက်က ကိုင်ပြီး ထောင်ပြတယ်၊ မကြာခင်ဆိုရင် မြို့ရွာတွေမှာ ပါတီတွေလာပြီးတော့ စည်းရုံးရေး ဆင်းတော့မယ်၊ အဲဒါ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုရင် ပြောတိုင်း မယုံနဲ့၊ ပါတီတွေက ဆုံးဖြတ်ခွင့်ရှိမှာ မဟုတ်ဘူး၊ လွှတ်တော်ကဘဲ ဆုံးဖြတ်သွားမှာလို့ ပြောသွားတယ်” ဟု ကျောင်းသားတဦးက ပြောသည်။
ယင်းအစည်းအဝေးပွဲတွင် ကျောင်းသားများက လှောင်ပြောင်ရယ်မောခဲ့သည့်အတွက် ဝန်ကြီးက ပါမောက္ခချုပ်ကို အပြစ်တင်ပြောဆိုခဲ့ကြောင်း ၎င်းကျောင်းသားက ဆက်ပြောသည်။
“ပြောသွားတာ အရှည်ကြီးဘဲ၊ အဲဒီမှာ ကျောင်းသားတွေက အောင်မျိုးမင်း ပြောနေတုန်း တယောက်တပေါက် နောက်ပြောင်နေကြတာ၊ အစည်းအဝေးပြီးခါနီးမှာ အားလုံးလိုလို ဝိုင်းရယ်ကြတော့ ဝန်ကြီးလည်း တော်တော်စိတ်ဆိုးသွားတယ်၊ ပြီးတော့ ပါချုပ်ကို ငေါက်ငမ်းပြီး ထွက်သွားတယ်” ဟု ပြောသည်။
အဆိုပါ အစည်းအဝေးတက်ရောက်ရန်အတွက် မိတ္ထီလာ စီပွားရေးတက္ကသိုလ်မှ ကျောင်းသား/သူ၊ ဆရာ/မ (၃၀၀) ကို မဖြစ်မနေ တက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“တခန်းကို ကျောင်းသား (၁၀) ယောက် မတက်မနေရခေါ်တယ်၊ ဆရာ/မ၊ ကျောင်းသား/သူ အားလုံး ၃၀၀ လောက်တက်ရတာ၊ ကျောင်းသားကတော့ (၂၀၀) လောက်ရှိတယ်” ဟု ဆက်ပြောသည်။
ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ စစ်အစိုးရ ဝန်ကြီးများသည် သက်ဆိုင်ရာ၊ နေရာဒေသအလိုက် စည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်နေလျှက်ရှိပြီး သစ်တောဝန်ကြီး ဦးသိန်းအောင်သည်လည်း ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း ဝင်ရောက်ရွေးချယ်ခံရန် အစွမ်းကုန် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိသည်။
Showing posts with label ရိုးမ၃ သတင်း. Show all posts

Wednesday, 14 July 2010
Monday, 12 July 2010
ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးဖြစ်နေ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေလျှက်ရှိပြီး သေဆုံးမှုများလည်း ရှိနေကြောင်း ဆေးရုံအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။
ယခုလဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခြင်းဖြစ်ပြီး ယခုလ(၉) ရက်နေ့ စာရင်းအရ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ကလေးငယ် (၁၁၉) ယောက်ရှိကြောင်း ၎င်းက ပြောသည်။
“ပုသိမ်မှာ တော်တော်ဖြစ်နေတာ၊ ကလေးတွေအများချည်းဘဲ၊ ဆေးရုံက သူနာပြုတွေတောင် ဂျူတီညလုံးပေါက် စောင့်ရတယ်၊ ကုတင်တွေလည်း မလောက်လို့ အစားထိုးထားရတာ မနည်းဘူး၊ ကလေးလူနာဆောင်ဖက်မှာဆို ပြည့်ကြပ်နေတယ်” ဟု ပြောသည်။
သွေးလွန်တုတ်ကွေးဖြစ်ပွားသူများမှာ ပုသိမ်မြို့နယ်အတွင်း ကျေးရွာများနှင့် မြို့အစွန်ရပ်ကွက်မှ ကလေးငယ်အများစု ဖြစ်ပြီး အသက် (၁) နှစ်ကျော်မှ (၁၂) နှစ်အရွယ်ကြား အများဆုံးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးမှုများလည်း ဆက်တိုက်ဖြစ်ပေါ်နေလျှက်ရှိပြီး စိုးရိမ်ရသည့်အခြေအနေ ရှိနေကြောင်း ၎င်းက ပြောသည်။
“ ဒီနေ့ဘဲ အသိကလေး (၄) နှစ်အရွယ်တယောက် ရက်လည်တယ်၊ ဆုံးတာတွေကလည်း မနည်းဘူး၊ မေးလိုက်တိုင်း သွေးလွန်တုတ်ကွေးဆိုပြီး ပြောတယ်၊ ဆေးရုံထဲမှာ သေတဲ့သူတွေနဲ့ ဆေးရုံတက်သူနဲ့ ဖြစ်နေတယ်” ဟု ဆက်ပြောသည်။
ထို့အပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင်လည်း ယခုရက်ပိုင်းအတွင်း သွေးလွန်တုတ်ကွေးရောဂါများ ဖြစ်ပွားနေလျှက်ရှိပြီး သေဆုံးမှုများလည်း ရှိနေသည်။
ရိုးမ၃သတင်းထောက် ဖြိုးကြီး ရေးသားသည်။

Posted by
ngffbm
at
06:55
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရိုးမ၃ သတင်း
Tuesday, 15 June 2010
ကြံ့ဖွံ့ကို မထောက်ခံလျှင် ဖမ်းဆီးမည်ဟု ဒေသအာဏာပိုင်များပြော
စစ်အစိုးရ ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံွှ့ပါတီကို မထောက်ခံပါက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကျေးရွာအာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုနေလျှက်ရှိကြောင်း ရွာသားတဦးက ပြောသည်။
ယခုလ (၈) ရက်နေ့က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျီကြီးအုပ်စု ဥက္ကဌ ဦးအောင်သန်းဌေးနှင့် ရယက စာရေး ဦးကျော်မြင့်တို့က ပြောဆိုခြင်းဖြစ်ကြောင်း စုမှတ်တိုင်ကျေးရွာ ဆယ်အိမ်မှူး ကိုမင်းထိုက်က အစည်းဝေးတွင် ပြောသည်။
“ (၇) ရက်နေ့က ကျီကြီးအုပ်စု သုံးကွင်းဆိုင်ကျေးရွာက ရယက စာရေးအိပ်မှာ ဆယ်အိမ်မှူးတွေကို အစည်းဝေးဖိတ်ပြီး ရွေးကောက်ပွဲကို ၈ လပိုင်းလောက် ကျင်းပမယ်၊ ဧည့်စာရင်း လူဝင်လူထွက်တွေကို မှတ်တမ်းတင်ရမယ်၊ နောက် ည ၈ နာရီကျော်ရင် အပြင်မထွက်ရ အမိန့်ထုတ်မယ်တို့ ပြောတယ်၊ အဲဒါကို ဆယ်အိမ်မှူးက ပြန်ပြောတာ” ဟု ရွာသားတဦးက ပြောသည်။
ဒေသတွင်း နိုင်ငံရေးလှုပ်ရှားသူများကို စောင့်ကြည့်မှုများ ပြုလုပ်သွားပြီး ကြိုတင်မဲများကောက်ခံမည့်အပြင် ကြံ့ဖွံ့ပါတီကို မထောက်ခံသူအား ဘာကြောင့် မထောက်ခံရခြင်းဖြစ်ကြောင်းကို အစီရင်ခံစာရေးပို့ရန် အမိန့်ထုတ်ထားကြောင်း ဆယ်အိမ်မှူးက ပြောခဲ့သည်ဟု ၎င်းရွာသားက ဆက်ပြောသည်။
“ကြံ့ဖွံ့ပါတီကို မထောက်ခံသူကို နောက်ပိုင်းမှာ စစ်ဆေးမယ်၊ဖမ်းမယ်လို့ ဥက္ကဌနှင့် စာရေးက ပြောထားတယ်ဆိုပြီး မှတ်တိုင်ရွာနေ ဆယ်အိမ်မှူး ကိုမင်းထိုက်က ပြောတယ်” ဟု ဒေသခံရွာသားက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် သစ်တောဝန်ကြီး ဦးသိန်းအောင်က အင်္ဂပူမြို့နယ်မှ ဝင်ရောက်အရွေးခံရန် စီစဉ်ထား၍ ၎င်း၏ ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးရန် နည်းမျိုးစုံဖြင့် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိပြီး အနည်းဆုံး ကျပ်ငွေသိန်းပေါင်း သောင်းနှင့်ချီ၍ အကုန်ကျခံလုပ်ဆောင်နေလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့်လပိုင်းများတွင်လည်း စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းက ကျောက်ပန်းတောင်းမြို့တွင် ပြုလုပ်သည့် အစည်းဝေးတွင် ၎င်းဦးဆောင်သည့် ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးရန် ပြောဆိုစည်းရုံးမှုများလည်း ရှိခဲ့သည်။

11:20
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရိုးမ၃ သတင်း
Sunday, 30 May 2010
ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြေမြုပ်လိုက်ခြင်းဖြစ်သည်ဟုဆို
ဒီပဲယင်းလုပ်ကြံမှုသည် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အပြီးအပိုင် မြေမြုပ်လိုက်ပြီး နိုင်ငံတော် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောသည်။
ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု (၇) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“နအဖ စစ်အုပ်စုရဲ့ ဒီပဲယင်းလုပ်ကြံမှုဟာ အစုလိုက်အပြုံလိုက် လုပ်ကြံသတ်ဖြတ်မှုတင်မက နိုင်ငံတော်လုပ်ကြံမှုလည်း ဖြစ်ပြီး တကယ့်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်လို့ ကျနော်တို့အနေနဲ့ သေချာဖော်ထုတ်ပြီး တရားစွဲဆိုဖို့ ညီညီညွှတ်ညွှတ် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် မကွေးတိုင်း၊ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၊ ဆိပ်ကမ်းမြို့နယ်ကိုယ်စားလှယ် ဒေါ်စန်းစန်းတို့က ဒီပဲယင်း လုပ်ကြံမှုအဖြစ်အပျက်များကို ပြန်လည် ပြောခဲ့ကြသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ စည်းရုံးရေးခရီးသွားသည့် မော်တော်ယာဉ်တန်းကို ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပြင် ကျဉ်ရွာအနီး၌ တုတ်၊ ဓား၊ လက်နက်မျိုးစုံ ကိုင်ဆောင်စောင့်ဆိုင်းနေသော စစ်အာဏာပိုင်များ ဦးဆောင်သည့်အုပ်စုက လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ကြံမှုအပြီး စစ်အစိုးရက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ လူ ၄ ဦးသေဆုံးပြီး (၅၀) ခန့်ဒဏ်ရာရခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း မျက်မြင်သက်သေများက ပြောဆိုရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ အပါအဝင် လူပေါင်း ရာနဲ့ချီသေဆုံးခဲ့သည်ဟု ပြောသည်။
ယင်းလုပ်ကြံမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့မှ ၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇၀)ဦးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ကိုဖီအာနံ ထံ ဒီပဲယင်းလုပ်ကြံမှုအား စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပေးရေး လက်မှတ်ရေးထိုးပြီး တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ထို့အပြင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေထံသို့ လိပ်မူ၍ ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဒီပဲယင်းလုပ်ကြံမှုအပြီး ဒေါ်ဆောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံရသူများ ပြန်လွှတ်ပေးရန်တောင်းဆို ခဲ့သော်လည်း စစ်အစိုးရအနေဖြင့် ယနေ့အထိ တစုံတရာ ဆောင်ရွက်ပေးခဲ့ခြင်း မရှိပေ။
ယနေ့ပြုလုပ်သည့် ဒီပဲယင်းအမှတ်တရ အခမ်းအနားကို လူထုတိုက်ပွဲ ကော်မတီက ဦးဆောင်၍ အဆိုပါ လုပ်ကြံမှုအတွင်း သေဆုံးခဲ့သူများကို ရည်စူး၍ သံဃာတော်များကို ဆွမ်းကပ်လှူပြီးနောက် ဒီပဲယင်းအဖြစ်ပျက် အမှတ်တရ စကားဝိုင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

08:09
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရိုးမ၃ သတင်း
မီးရထားလမ်း လုံခြုံရေးတပ်က ကလေးစစ်သားအဖြစ် စုဆောင်းခြင်းကို လက်မခံပဲ ထွက်ပြေးသူကို သေနတ်ဖြင့် ပစ်ခတ်ခြင်း
မီးရထားလမ်း လုံခြုံရေးတပ်က ကလေးစစ်သားအဖြစ် စုဆောင်းခြင်းကို လက်မခံပဲ ထွက်ပြေးသူကို သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ်တဦး သေဆုံးခဲ့သည်ဟု ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။
ယခုလ (၁၆) ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဝါးရုံကုန်း ကျေးရွာအုပ်စု၊ စံဖဲကျေးရွာမှ မောင်တင်မင်းနိုင်ကို ပြွန်တံဆာ မီးရထား လုံခြုံရေးအစောင့် တာဝန်ကျသည့် ခမရ (၅၈၆)မှ တပ်သားများက စစ်အသားအဖြစ် စုဆောင်းခြင်းကို လက်မခံဘဲ ထွက်ပြေးသည့်အတွက် သေနတ်ဖြင့် လှမ်းပစ်ရာမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“တင်မင်းနိုင်နဲ့ သူ့သူငယ်ချင်းနှစ်ယောက်က ညဘက် ငါးရှာ၊ ဖါးရှာသွားတော့ ရထားလမ်းကင်းစောင့်တဲ့ စစ်သားတွေက သူတို့ကိုဖမ်းပြီး စစ်ထဲဝင်ရမယ်လို့ပြောနေတုန်း တင်မင်းနိုင်က မဝင်ချင်လို့ ထွက်ပြေးဖို့ ကြိုးစားတော့ စစ်သားတယောက်က သေနတ်နဲ့ နှစ်ချက်ပစ်တယ်၊ မသေသေးတော့ ခက်ရင်းနဲ့ထိုးသတ်ပြီး ဒိုက်ပုံကြားထဲ ထိုးပြီး မြုပ်ပစ်လိုက်တာ” ဟု ဆွေမျိုးတော်စပ်သူက ပြောသည်။
အဆိုပါဖြစ်စဉ်ကို တင်မင်းနိုင်နှင့်အတူ ပါသွားသည့် သူငယ်ချင်းဖြစ်သူ မောင်ကျော်ဝင်းက ပြန်လည်ပြောပြသည့်အတွက် သိရခြင်းဖြစ်ပြီး မောင်ကျော်ဝင်သည်လည်း အဆိုပါဖြစ်ရပ်ကို မြင်တွေ့ပြီး ကြောက်လန့်ကာ စိတ်အခြေအနေ မမှန်ဖြစ်နေသည်ဟု ပြောသည်။
“အဲလိုဖြစ်တော့ မောင်ကျော်ဝင်းက ကြောက်လန့်ပြီး စစ်သားအဖြစ် စုဆောင်းခံတယ်၊ ပြွန်တံဆာအခြေစိုက် စစ်သားစုဆောင်းရေးတပ်က မောင်ကျော်ဝင်းကိုကြည့်ပြီး စိတ်မူမမှန်လို့ ပြန်လွှတ်လိုက်တော့ တင်မင်းနိုင်ဆုံးတာကို သိလို့ ပြွှန်တံဆာ ရဲစခန်းက စစ်ဆေးတာတွေတော့ လုပ်နေတယ်” ဟု ပြောသည်။
ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ ပြွန်တံဆာ စစ်သားစုဆောင်းရေးတပ်က မည်သူကိုမှ တိုင်ကြားခြင်း မပြုရန်ပြောဆိုပြီး အသုဘ စရိတ်ထုတ်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု တင်မင်းနိုင်၏ ဆွေမျိုးတော်စပ်သူက ဆက်ပြောသည်။
“စုဆောင်းရေးတပ်အရာရှိက ငွေငါးသိန်းလာပို့ပြီး ခြိမ်းခြောက်တဲ့သဘော ပြောဆိုတာတွေ ရှိတယ်၊ အာဏာပိုင်တွေဘက်ကလည်း တပ်နဲ့ပတ်သက်နေတော့ အခုထိ ဘယ်လိုလုပ်မယ်ဆိုတာ မသိသေးဘူး၊ ကျနော်တို့ကတော့ သူတို့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေတုန်းဘဲ” ဟု ဆက်ပြောသည်။
သေဆုံးသွားသူ တင်မင်းနိုင်မှာ အသက် (၁၆)နှစ်ဖြစ်ပြီး ၎င်း၏ သူငယ်ချင်းမောင်ကျော်ဝင်းမှာ အသက် (၁၅) နှစ်သာရှိသေးကြောင်း ၎င်းက ပြောသည်။
စစ်အစိုးရအနေဖြင့် မြန်မာ့တပ်မတော်တွင် အသက်မပြည့်သေးသည့် ကလေးငယ်များမရှိကြောင်း ပြောဆိုနေသော်လည်း ယခုကဲ့သို့ ကလေးစစ်သားစုဆောင်းမှုများမှာ နေရာအနှံ့ဖြစ်ပွားနေလျှက်ရှိပြီး စစ်သားစုဆောင်းရာတွင် အသက်ကို သတ်ဖြတ်သည့် ရာဇဝတ်မှုများကိုပင် ကျူးလွန်လျက်ရှိသည်။

08:04
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရိုးမ၃ သတင်း
Saturday, 29 May 2010
၂၀၁၀ ရွေးကောက်ပွဲ မဲပေးရန်အတွက် လူဦးရေ စာရင်းများ အတိကျ လိုက်လံကောက်ခံ
၂၀၁၀ ရွေးကောက်ပွဲ မဲပေးရန်အတွက် လူဦးရေ စာရင်းများ အတိကျ လိုက်လံကောက်ခံနေလျှက်ရှိကြောင်း မြို့ခံများက ပြောသည်။
ယခုလ (၂၅) ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အားလုံးတွင် အသက် (၁၈) နှစ်ပြည့်ပြီး သူတိုင်း ပုံစံ(၁၀) ဖြင့် တိုက်ကြည့်ကာ စာရင်းကောက်ခံနေခြင်း ဖြစ်သည်။
“သူတို့ လာရောက်စာရင်း ယူတဲ့စာရွက် ခေါင်းစဉ်မှာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ မဲစာရင်း နည်းဥပဒေ ၄ (က) ဆိုပြီး ပါတယ်၊ အောက်မှာရေးထားတဲ့ လက်မှတ်က ဥက္ကဌ ကျေးရွာ/ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဆိုပြီး ရေးထားတယ်”ဟု ပြောသည်။
ရပ်ကွက်တွင်းရှိ မိသားစုအလိုက် လူဦးရေ တိုက်ဆိုင်စစ်ဆေးမှုမျိုးမဟုတ်ပဲ အိမ်ထောင်စု ပုံစံ (၁၀)ကို ရယက ဥက္ကဌ ကောက်ခံပြီး အသက် (၁၈)နှစ်ပြည့်သူများကို ကောက်ခံနေခြင်းဖြစ်သည်။
မုံရွာမြို့ပေါ်တွင် ယခင်က ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်သာရှိသော်လည်း ယခုအခါ ရပ်ကွက်များထပ်မံ တိုးချဲ့ထားသည့်အတွက် ၂၅ ရပ်ကွက်အထိ ရှိပြီး စာရင်းလာကောက်သူများက ရွေးကောက်ပွဲအတွက် အခြားပြင်ဆင်မှုများလည်း ပြုလုပ်နေကြောင်း ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင်လည်း ပြီးခဲ့သည့် လပိုင်းကတည်းက လူဦးရေးစာရင်းများ ကောက်ခံနေလျှက်ရှိပြီး ပဲခူးတိုင်းအတွင်း မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မဲပေးနိုင်ရန်အတွက် နိုင်ငံသား စီစစ်ရေးကဒ်များကို အခကြေးငွေယူကာ လိုက်လံ လုပ်ပေးနေလျှက်ရှိသည်။

16:12
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရိုးမ၃ သတင်း
Tuesday, 18 May 2010
မြင်းခြံထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတဦး ကျန်းမာရေးအခြေအနေ ဆိုးဝါး
ဘုန်းခိုင်
မြင်းခြံထောင်အတွင်း ထောင်ဒဏ် (၁၀)နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ကိုကျော်စိုး အသက်ရှူကြပ်တဲ့ ရောဂါ၊ အစာအိမ်ရောဂါ စတဲ့ရောဂါ ဝေဒနာများ ခံစားနေရပြီး အခုရက်ပိုင်းအတွင်း အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း သတင်းရရှိသည်။
မြင်းခြံထောင်အတွင်း ကိုကျော်စိုး ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ထောင်အာဏာပိုင်များနှင့် နီးစပ်သူဒေသခံက တောင်ကြီးမြို့ရှိ ကိုကျော်စိုးမိသားစုကို ယမန်နေ့က ဖုန်းဆက်အကြောင်းကြား သည့်အတွက် ကိုကျော်စိုးဇနီးနှင့် အစ်ကိုဖြစ်သူတို့ မြင်းခြံထောင်ကို ဒီကနေ့ လိုက်သွားဖို့ စီစဉ်နေသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် ကိုမောင်မောင်လေးက ပြောသည်။

ရဲများ ရိုက်နှက်မှုကြောင့် ပြည်သူတဦးသေဆုံး
ရိုးမ ၃
ဖမ်းဆီးချုပ်နှောင်ထားစဉ် ရဲအာဏာပိုင်များ ရိုက်နှက်မှုဒဏ်ကြောင့် အရပ်သားပြည်သူတဦး သေဆုံးခဲ့သည်။
ယခုလ (၁၁) ရက်နေ့တွင် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ရဲစခန်းအချုပ်တွင် ရဲဝန်ထမ်းများ ရိုက်နှက်မှုကြောင့် ကိုကြည်လင်းဆိုသူမှာ အသက်ရှုကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

May 17, 2010
ကျောင်းသားနဲ့ ထောက်လှမ်းရေး
တူမောင်ညို“ခွပ်ဒေါင်းအလံနဲ့ (ဘီအိုင်အေ)အလံ”ကိစ္စ “ကန့်ကွက်ခြင်းခံရ၍ သက်ဆိုင်ရာပါတီကို ခေါ်ယူ၍ ပြင်ဆင်စေခဲ့သည်” ဆိုသည့် ကြေညာချက်ကို မေလ (၁၅) ရက်နှင့် (၁၆) ရက်နေ့ထုတ်၊ နေ့စဉ်သတင်းစာများတွင် ဖတ်လိုက်ရပါတယ်။
အေးလွင်တို့၊ ရဲထွန်းတို့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးထဲ ပါခဲ့ဖူးတာ ဟုတ်ချင်လည်းဟုတ်မှာပေါ့။ အရေးတော်ပုံကြီး အင်အားကြီးလာတော့ သောကောရောကောတွေကလည်း ပါဝင်လာခဲ့ကြမှာပေါ့၊ မဟုတ်ဘူးလား။
Posted by
ngffbm
at
16:06
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရိုးမ၃ သတင်း
Friday, 14 May 2010
လွတ်မြောက်လာသည့် ကလေးစစ်သားများ ပညာသင်ကြားရေး အိုင်အယ်လ်အို စီစဉ်
14.05.10 ဘုန်းခိုင်
စစ်အစိုးရ စစ်တပ်ကနေ ပြန်လည်လွတ်မြောက်လာသည့် ကလေးစစ်သားများအတွက် အတန်းပညာနဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်များ ဆက်လက်သင်ကြားနိုင်ရေးအတွက် စီစဉ်နေကြောင်း ဒီကနေ့ မေလ (၁၄) ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ (အိုင်အယ်လ်အို) အရာရှိက ပြောကြားသည...
Read more...
မြန်မာ့အရေးကို ဥရောပလူထု ပိုမိုသိအောင် လုပ်ဆောင်မည်ဟုဆို
14.05.10 ဖြိုးကြီး
ပြင်သစ် မော်ဒယ်လ်နှင့် သရုပ်ဆောင်မင်းသမီး Jane Birkin က ၎င်းကြုံတွေ့ခဲ့ရသော ဆိုးရွားလှသည့် မြန်မာပြည်သူလူထု၏ အခြေအနေအဖြစ်မှန်များကို နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေ ပိုမိုသိရှိသွားအောင် တိုက်တွန်းပြောကြားသွာ...
Read more...
မဲဆောက်ရှိ မြန်မာအလုပ်သမားများ ပုန်းရှောင်နေရ
13.05.10 ကောင်းမြတ်ကျော်
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ဒေသတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်�...
ရေအခက်အခဲဖြေရှင်းပေးဖို့ ရန်ကုန်မြို့တော်ဝန်ဆီ စာရေးသားတောင်းဆို
13.05.10 ရိုးမ ၃
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင်ရှိသည့် ၁၈၊ ၁၉၊ ၂၄ နှင့် ၂၅ ရပ်ကွက်များတွင် အပူချိန်မြင့်တက်ပြီး �...
ဓါတ်ရောင်ခြည်ကုသစက်ဝယ်ရန် ရန်ကုန်တိုင်းမှူး လက်မှတ်ထိုးငွေကောက်ခံ
13.05.10 ဘုန်းခိုင်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဓါတ်ရောင်ခြည်ကုသစက် အရေးတကြီး လိုအပ်သည့်အတွက် ဝယ်ယူရန် ရန်ကုန်မြို့ပေါ်က ပုဂ္ဂ�...
Posted by
ngffbm
at
08:47
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရိုးမ၃ သတင်း
Subscribe to:
Posts (Atom)