Pages

Subscribe
Showing posts with label Freedom News Group. Show all posts
Showing posts with label Freedom News Group. Show all posts

Thursday, 15 July 2010

မန္တလေး၊စစ်ကိုင်း ၊စဥ့်ကူ ၊ပုသိမ်ကြီး နှင့် မြင်းမူတို့ တွင် မြစ်ရေ တိုးသဖြင့် ကမ်းပြိုမှုများဖြစ်ပွား

မန္တလေး တိုင်း အတွင်း ရှိ ဧရာဝတီ မြစ်ကမ်းပါး တစ်လျှောက် မှ မြို့ နယ်များ မှာ ဧရာဝတီမြစ်ရေ
ရုတ်တရက် တိုးမြင့် လာမှု ကြောင့် ကမ်းပါးတွင် နေ သူများ ကို အချိန် မှီ ဘေးလွတ် ရာ သို့  ပို့ 
ဆောင် ပေး နိုင်ခဲ့သော် လည်း နေအိမ် ၊ အဆောက် အဦ နှင့် ရေလုပ်ငန်း သုံးပစ္စည်း များ
အများအပြား ဆုံးရှုံး မှု ဖြစ်ပေါ် ခဲ့သည် ဟု သတင်းရရှိသည်။

မန္တလေး တိုင်း ပုသိမ်ကြီး မြို့ နယ် နှင့် စဥ့် ကူ ၊ စစ်ကိုင်း တိုင်း အတွင်း ရှိ ၀က် လက် မြို့ နယ် မှ
မြစ်ကမ်းဘေး ကျေးရွာ အချို့ မှာ မြစ်ရေ ချက်ချင်းမြင့် တက်လာပြီး ကမ်းပါးများ ပြိုကျလာသော
ကြောင့် နေ အိမ် နှင့် အဆောက်အဦ အချို့ ရေ အောက်နစ်မြုပ်သွား သည် ဟု သိရသည်။ပုသိမ်
ကြီး မြို့ နယ်တွင် မူ ထင်ရှားသော ဘုရားစေတီ အချို့  ပါ ကမ်းပါးပြိုကျမှု တွင် ပါဝင်ခဲ့သည်။

ထိုကဲ့ သို့ မြစ်ရေ တိုးမြှင့် မှု ဖြစ်ပေါ်လာ ရခြင်းမှာ မိုးတွင်းကာလ ပင်လယ်ဒီရေ တိုးခြင်း
နှင့် ကမ္ဘာကြီး ပူနွေး လာမှု အကျိုးဆက်ကြောင့် မြစ်အထက်ပိုင်းမှာ ရေခဲတောင်များ
ပိုမိုမြန်ဆန်စွာ အရေ ပျော်လာခြင်း ကြောင့် ရေစီးကြောင်း နှစ်ခု ဆုံသော နေရာတွင်
ရေစစ်သွား ပြီး မြစ်ရေ ရုတ်တစ်ရက် မြင့် တက်လာ ရခြင်း ဖြစ်သည်။

ရန်ကုန် မြို့ တွင် မူ ကျောက်တန်း မြစ် နှင့် ပဲခူးမြစ် တွင် လည်း ထူးကဲ ဒီရေ တက်ခြင်းများ
ကြုံတွေ့ နေရသည်။ ရန်ကုန် မြစ်ဝတွင် မူ ဒီရေ မြင့် တက်လာမှု များကြောင့် သီလ၀ါ
ဆိပ်ကမ်း ရှိ ဘောတံတား အချို့ တွင် သင်္ဘော ကုန်တင် ကုန်ချ လုပ်ငန်းများ ပါရပ်နား
ထားရသည် ဟု တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောသည်။

ကမ်းပါးပြိုမှု တွင် သေဆုံးသူ မှု သတင်း ကို မသိရသေးသော် လည်း ပုသိမ်ကြီး ၊မတ္တရာ
နှင့် မင်းကွန်း တွင် ကမ်းဘေး အိမ်ထောင်စုများ ကို ပြန်လည် နေရာ ချထား ပေးခြင်းမရှိ
သေးဘဲ နီးရာ ကြံ့ ဖွတ် ရုံးများ တွင် သာ ခိုလှုံ စေသည် ဟု မန္တလေး ဆေးရုံကြီးမှ ဆရာဝန်
တစ်ဦးက ပြောသည်။

ပုသိမ်ကြီး တွင် မူ ကမ်းပါး ပြိုသည့် နေရာ များ ကို သံဃာတော်များ က သွားရောက် လုပ်အား
ပေးကြသည်။

Wednesday, 14 July 2010

ကိုဇာဂနာ ၏ ဖခင် စာရေးဆရာ နန်းညွှန့် ဆွေ ကွယ်လွန်

ယခင်သီတင်းပတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ခေါင်းဆောင် များ လာရောက် တွေ့ ဆုံဂါရပြုခြင်း ခံရသည့် စာရေးဆရာ နန်းညွှန့် ဆွေPhoto : Freedom News Group

၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းဒဏ် ခံရသည့် ဒေသများ မှာ အတိဒုက္ခ ရောက်နေ သူများ ကို သွားရောက်ကူညီမှု ဖြင့် ထောင်ဒဏ်ချမှတ်ထား ခြင်းခံရသည့် လူရွှင်တော် ဇာဂနာ ဇာဂနာ ခေါ် ကိုသူရ၏ ဖခင် စာရေးဆရာ နန်းညွန့်ဆွေသည် အသက် ၈၇ နှစ် အရွယ်တွင် ရန်ကုန်တိုင်း ရန်ကင်း မြို့ နယ် နေအိမ်တွင် ယနေ့ ကွယ်လွန်သွားပြီ ဟု သတင်းရရှိသည်။

စာရေးဆရာ နှင့် ယဉ်ကျေးမှု သုတေသီ တစ်ဦးဖြစ် သည့် ဦးအောင်သိန်း ခေါ် စာရေးဆရာ နန်းညွှန့် ဆွေ သည် ယနေ့ ညနေ ၅ နာရီခန့် တွင် နေအိမ်ဉ် ရုတ်တစ်ရက် ဆုံးပါးသွားခြင်း ဖြစ်သည် ဟု မိသားစု ၀င်တစ်
ဦးက Freedom News Group သို့ ပြောသည်။

စာရေးဆရာ နန်းညွှန့် ဆွေ ကို ပဲခူးတိုင်း ပြည်မြို့ တွင် ၁၉၂၃ ခုနှစ်ဉ် မွေးဖွားခဲ့သည်။ဇနီးဖြစ်သူ သခင်မကြီး သခင် ဒေါ်လှကြည် ( စာရေးဆရာမ ကြည်ဦး) မှာ လည်း ၂၀၀၉ ခုနှစ် မတ်လ က အသက် ၈၃ နှစ် အရွယ်
တွင် ကွယ်လွန် ခဲ့သည်။

ကိုသူရ ခေါ် လူရွှင်တော် ဇာဂနာ မှာ ကချင်ပြည်နယ် မြစ်ကြီး နားထောင်တွင် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။ ဖခင် ဆုံးသွား သည့် သတင်း အား သားဖြစ် သူ သိရှိ နိုင်ရန် မြစ်ကြီးနား ထောင်သို့ 
ဆက်သွယ် သော် လည်းယခု သတင်း ရေးနေ ချိန် ညနေ ခြောက်နာရီ ခွဲ ထိ သတင်းမရှိ သေးဟု သိရသည်။

စာရေး ဆရာ နန်းညွှန့် ဆွေ ၏ ရုပ်ကလာဘ် အား နံနက်၁၁း၀၀နာရီမှာရေဝေးသုဿန်ဉ် သဂြိုလ်ရန် စီစဉ်ထားရှိသည် ဟု သိရသည်။

စာရေး ဆရာ နန်းညွှန့် ဆွေအား ယခင် သီတင်းပတ်က အမျိုးသား ဒီမိုကရေ စီအဖွဲ့ ချုပ်မှ ခေါင်းဆောင်များ
ဖြစ်သည့် သူရ ဦးတင်ဦး နှင့် ဦးဝင်းတင် တို့ က လာရောက် တွေ့ ဆုံ ဂါရ၀ ပြုခဲ့ကြသည်။

စာရေး ဆရာ နန်းညွှန့် ဆွေ ကွယ်လွန် အနိစ္စ ရောက် ခြင်း နှင့် ပတ်သက် ၍ ရုပ်ရှင် သရုပ်ဆောင် နှင့် နာရေး
ကူညီမှု အသင်း တည် ထောင် သူ ကို ကျော်သူက သူ၏ ပြန်လည် အသုံးပြု၍ ရပြီ ဖြစ်သည့် လူမှု ကွန်ယက် အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် Face Book တွင်

ယနေ့  ၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ )ညနေ
(၅း၀၀)နာရီမှာ.. ကျွန်တော်တို့ ရဲ့ ရဲဖော်ရဲဖက်၊သူငယ်ချင်း ဇာဂနာ ရဲ
့ဖခင်ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇
နှစ်)ကွယ်လွန်သွားရှာပြီဗျာ …….။

လေးစားဦးညွတ်လျက်….ကျော်သူ

ဟု ဂုဏ်ပြုရေးသား ထားသည်။

စာရေး ဆရာ နန်းညွှန့် ဆွေ ၏ ဘ၀မှတ်တမ်း (ခောတ်ပြိုင် အင်တာနက် စာမျက်နှာမှ)

ဆရာကြီးနန်းညွန့်ဆွေ၏ အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်ပြီး ၁၉၂၃ ခုနှစ်တွင် ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာရွာ၌ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့သည်။

ဆရာကြီးသည် ဆင်မြီးဆွဲမြို့ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း ပုတီးကုန်းမြို့ အထက်တန်းကျောင်းတို့တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်သို့ ဆင်းလာပြီး ဂျပန်ကျောင်းတက်ရင်း တရားရေးဝန်ကြီးဌာနတွင် စာရေးလုပ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေး ဖြစ်သောအခါ ဆင်မြီးဆွဲသို့ပြန်၍ အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

၁၉၄၈-၅၃ ခုနှစ်များအတွင်း ပထမပြန်ကြားရေးဌာန၊ ဒုတိယ ရုပ်ရှင်နှင့် ပြဇာတ်ဌာနခွဲတို့တွင် ပြဇာတ်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိ၊ ၁၉၅၃ ခုနှစ်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်တွင် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် မေတ္တာ တေးသံကဗျာများ၊ ၁၉၇၈ ခုနှစ်တွင် စာဆိုမာန် ကဗျာများ စာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းကြီး၊ ဦးကုလား ရာဇဝင်၊ ဆုံးမစာ ပေါင်းချုပ်ကြီး၊ မုဒုလက္ခဏာပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒီသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ် ထုတ်ဝေခဲ့သည်။

ဂီတဝါသနာရှင်တဦးဖြစ်၍ ခေတ်ဟောင်း၊ ခေတ်သစ်ဂီတ ဆောင်းပါးများ၊ အတ္ထုပ္ပတ္တိ စာအုပ်များကိုလည်း ရေးသား ပြုစုခဲ့သည်။ နိုင်ငံရေး သီချင်းများစာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်တမ်း၊ မြန်မာ့ယဉ်ကျေးမှု စာတမ်းများကို ရေးသားဖတ်ကြားခဲ့သည်။

မဟာဂီတသီချင်းအဖွင့် (ပထမပိုင်းနှင့် ဒုတိယပိုင်း) ကို ရေးသားခဲ့သည်။ မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်းကို ရေးခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း အမှုဆောင်နှင့် ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

Friday, 9 July 2010

မပခ လက်နက် တိုက် ဖောက်ခွဲ ဖျက်ဆီးခံရ

မြောက်ပိုင်းတိုင်း စစ်ဌာနချု ပ် တပ်များအတွက်
လက်နက် နှင့် ခဲယမ်းမီးကျောက်များ တပ်ဆင်သို
လှောင်လှောင်ရာ ဌာန ဖြစ်သည့် ကချင်ပြည်နယ်
ဟိုပင် မြို့ နယ် အနီးမှ လက်နက်တိုက် တစ်ခုသည်
တနင်္လာနေ့ ညက ပေါက်ကွဲ မှု ဖြစ်ပွား ပြီးနောက်
ပြည်နယ် အတွက် အရေးပါသည့် လက်နက်များ အား
လုံးနီးပါး ဆုံးရှုံးသွားရသည် ဟု မန္တလေး တိုင်း တံခွန် တိုင်
မြို့ နယ်ရှိ သံချပ်ကာ ယန္တယား တပ်မှ အမည် မဖော်လို သည့်
အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။

ထိုလက်နက် တိုက် ပေါက်ကွဲမှုကြောင့် အနည်းဆုံး စစ်သား ဦးရေ လေးဆယ် ကျော်
သေဆုံးသည်ဟု သတင်းရရှိသည်။ ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ထိုနေရာ သို့ 
ကာကွယ်ရေး ၀န်ကြီးဌာန မှ ဗိုလ်ချုပ် သာအေး နှင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်
တိုင်း မှုး ဗိုလ်ချုပ် စိုးဝင်း တို့ လာရောက် ကြည့် ရှုသည် ဟု သတင်းရရှိသည်။

လက်နက် တိုင် ပေါက်ကွဲမှု သတင်း ကို မြန်မာ စစ်အစိုးရ က သတင်း မထုတ် ပြန်သော် လည်း
မြစ်ကြီးနား ၊မိုးကောင်း ၊ မိုးညှင်း နှင့် ဟို ပင် ရှိ စစ်တပ်များ အား အရေး ပေါ် တပ်လှန့် ထား သည် ဟု သိရသည်။

ထိုလက်နက် တိုက် ပေါက်ကွဲ မှု သည် အပစ်ရပ် အဖွဲ့ များ ၏ လက်ချက် ဖြစ်သည် ဟု နေပြည်တော်ရှိ
လက်နက်နှင့် ခဲယမ်းမီးကျောက် ညွှန်ကြားမှု ဌာန မှ တာဝန် ရှိ သူ တစ်ဦး က ပြောသည်။၏

မြန်မာ စစ်တပ် တွင် မပခ လက်အောက်ခံ တပ်များ သည် တာဝန် လစ်ဟင်း မှု များ အများ ဆုံးဖြစ်ပြီး
တိုင်းမှုး ကိုယ်တိုင် အပစ် ရပ် အဖွဲ့ များ နှင့် ဂေါက် ရိုက်ကစား ခြင်း ၊တပ်တွင်း သို့  ဖိတ် ခေါ် ၍ စားသောက်
ပွဲများ ကျင်းပ ခြင်း တို့ ကို ပြု လုပ် သည် ဟု ဖားကန့် ဒေသတွင် စစ်တပ် အရာရှိ တစ်ဦး အဖြစ် တာဝန်
ထမ်းဆောင် ခဲဖူးသူ တစ်ဦး ကပြောသည်။

ပေါက်ကွဲ မှု ဖြစ်ပွား ခဲ့သည့် လက်နက် တိုက် အား နေပြည်တော် နှင့် မန္တလေး တိုင်း မှ တာဝန် ရှိသူ
များ က သွားရောက် စစ်ဆေးရာ ဖောက်ခွဲဖျက်ဆီး ခံရခြင်း ဟု သတင်းရရှိသည်။

ထို လက်နက် တိုက် သည် ၁၉၇၈ ခုနှစ် တွင် ဗိုလ်မှုးချုပ် အယ်(လ)ခွန် ဖန် လက်ထက်ဉ် စတင်တည်
ဆောက်ခဲ့ခြင်း ဖြစ်သည်။

Thursday, 8 July 2010

ရန်ကုန်မြစ် ၊ သံလွင်မြစ်(ဘားအံ) ၊ချင်းတွင်းမြစ် (မုံရွာ)၊ဧရာဝတီ မြစ် (မန္တလေး) တို့ တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင် (သတိပေးချက်)

ယနေ့  မြန်မာ စံတော်ချိန် နေ့ လည် ၁၂ နာရီ အချိန် ခန့် က Freedom News Group မှ Freedom
Weather Software ၏ တွက်ချက်မှု များ အရ ရန်ကုန်မြစ် ၊ သံလွင်မြစ်(ဘားအံ) ၊ချင်းတွင်းမြစ် (မုံရွာ)၊
ဧရာဝတီ မြစ် (မန္တလေး) တို့ တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင် သည် ဟု ဆိုသည်။

ထိုကဲ့ သို့ မြစ်ရေ ကြီး နိုင်မှု နှင့် ထူးကဲ ဒီရေ တက်နိုင်မှု များ ကြောင့် မြစ်ချောင်း နား အနီး တစ်ဝိုက်
တွင် နေသူများ သည် အထူး သတိရှိ ရန် လို ပြီး ရေစစ် ချိန် နှင့် ညဘက် အိပ်ချိန် များ တွင် အထူး
သတိရှိ ရန် လို သည် ဟု Freedom Weather Group မှ သတင်းထုတ်ပြန် ထားသည်။

ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု များ နှင့် မြစ်ရေတိုးမှုများ ကြောင့် စစ်တောင်းမြစ်ရေ
လည်းသည် ဝေါနှင့် စစ်တောင်း အနီးတွင် မြင့်တက်လာ နိုင်သည်။

မြစ်ရေ တက်မှုများ သည် ယနေ့ မှ စ၍ နောက်ဆယ်ရက် အတွင်းဖြစ်ပေါ် နိုင်သည်။

Freedom News Group မှ Freedom Weather Software သည် ဧပြီ နှင့် မေ လ အတွင်း
မြန်မာ နိုင်ငံ ဉ် ရာသီဥတု အလွန် ပူခြင်း ချိန် တွင် ရန်ကုန် မြို့ ဉ် မိုး စတင် ရွာမည့် ရက် ကို
နေ့ ရက် ၊ နေရာ နှင့် အချိန် အတိအကျ တွက် ချက် အဖြေ ထုတ်ပေး သည့် Software နှင့်
မြန်မာ နိုင်ငံ မှ သဘာဝ ဘေးဒဏ် စောင့်ကြည့် ရေး အုပ်စုများ ၏ သတင်းပေးကို့ ချက်ကို ခန့် မှန်းတွက်ချက်ကာ
အဖြေထုတ် ပေးထားခြင်း ဖြစ်သည်။

ဘုန်းကြီးကျောင်းများ ကိုမီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရေးမယူသဖြင့် သံဃာတော်များ မငြိမ်မသက် ဖြစ်

အောင်မြင်(မုံရွာ)ဂျူလိုင် ၂ရက်နေ့ညပိုင်းတွင် မုံရွာမြို့ကျက်သရေဆောင် လယ်တီကျောင်းတိုက်နှင့်
စိတ္တသုခကျောင်းကို မိရှို့ရန်ကြံသူ (၅ )ဦးအား လယ်တီကျောင်းတိုက်မှ သံဃာတော်များမှ ဖမ်းဆီးမိခဲ့သည်။
ဖမ်းဆီးမိစဉ်သံဃာတော်များက စစ်ဆေးမေးမြန်းရာ လူကြီးတွေရှို့ခိုင်းလို့ရှို့ရတာပါဟုပြောကြောင်းသိရသည်။
သက်ဆိုင်ရာအာဏာပိုင်တို့ က မီးရှို့ ရန်ကြံစည် သူများ ကို လာရောက်ခေါ်ဆောင်သွားပြီး မှုခင်းအရအရေးယူခြင်း
မရှိကြောင်းသိရသည်။

လယ်တီကျောင်းတိုက်သည် သံဃာထောင်ကျော် စာသင်ကြားနေသော စာသင်တိုက်ကြီးတဦးဖြစ်သည်။ လယ်တီဆရာတော်ကြီးရေးသားပြုစုတော်မူပြီး လယ်တီဒီပနီပေါင်းချုပ်ကို ပါဠိဘာသာနှင့်မြန်မာဘာသာ( ၂ )မျိုးဖြင့် ရေးထိုးထားသောလယ်တီကျောက်စာတိုက်မှာ ထင်ရှားကျော်ကြားလှသည်။
လယ်တီကျောင်းတိုက်နှင့် စိတ္တသုခကျောင်းတိုက် တို့မီးရှို့ရန်ကြံစည်သူ ( ၅ )ဦးမှာ ဇွန်လ ( ၃ ) ရက်နေ့ကလောင်ကျွမ်းခဲ့သော မုံရွာမြို့၏ အထင်ကရချင်းတွင်းရတနာဈေးကိုမီးရှို့သူများဖြစ်ကြောင်း လယ်တီရပ်ကွက်နေ တက္ကသိုလ်ကျောင်းသားတဦးမှ Freedom News Group သို့ပြောပြသည်။လယ်တီကျောင်းတိုက် သို့ ဆက်သွယ်မေးမြန်းသော်လည်း အာဏာပိုင်တို့မှခြိမ်းခြောက်ထား
မှုတို့ကြောင့် တိုက်အုပ်ဆရာတော်မှ ဖြေဆိုရန်ငြင်းဆန်ခဲ့ကြောင်းသိရသည်။
သမိုင်းဝင် လယ်တီ ကျောင်းတိုက် ကို မီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် မန္တလေးမြို့ နယ်
အတွင်း နှင့် စစ်ကိုင်းရှိ သံဃာတော်များ မငြိမ်သက် ဖြစ်နေ သည် ဟု Freedom News Group မှ စုံစမ်း
သိရှိရသည်။
လယ်တီကျောင်းတိုက်နှင့် စိတ္တသုခကျောင်းတိုက် နှင့် အခြားကျောင်း တိုက်များ မှာ ၂၀၀၇ ခုနှစ်က
ကျော်ကြားလှသည့် ရွှေဝါရောင် သံဃာ့ တော်လှန်ရေး တွင် ပါဝင်ခဲ့သည်။
ယနေ့ မနက် ထပ်မံကြားသိရသည့် သတင်းများ အရ လယ်တီ ကျောင်းတိုက် အနီးတွင် လုံခြံရေး တပ်ဖွဲ့ 
နှင့် ရဲကားများ ချထား သည် ဟု သိရသည်။

Tuesday, 6 July 2010

ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့ တွင် စစ်တပ်၏ ဖောက်ခွဲဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျောင်းသား သမဂ္ဂအဆောက် အဦ

ဒေါင်းလူငယ် ၊ ၊၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့သမိုင်းစာမျက်နှာ၌ ကံဆိုးမိုးမှောင်ကျသော နေ့တနေ့ဖြစ်သည်။ ထို့ပြင် ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင်အစိုးရ စတင်ပေါ်ထွန်းခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည်။ ထိုနေ့နံနက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ (၀ါ) စစ်အာဏာရှင်တို့သည် သမ္မတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက် တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦး ဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရာဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူ မျိုးစုလွှတ်တော်ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၊ မိုးနဲစော်ဘွား စ၀်ပြည့်၊ လဲချင်းစော် ဘွား စ၀်နွဲ၊ သာမိုင်းခမ်းစော်ဘွား စ၀်ထွန်းအေး၊ ကျိုင်းတုံစော်ဘွား စ၀်ဆိုင်းလုံ၊ မွန်းလွန်းစော်ဘွား စ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွားစ၀်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စ၀်ရွှေမှုံ၊ ဘော်စော်ဘွား စ၀်ခွန်အောင်၊ လွိုင်လင်စော် ဘွား စ၀်မိုးကျော်၊ ပင်းတယစော်ဘွား စ၀်ဝင်းကြည်၊ ရွာငံစော်ဘွား စ၀်ခွန်ရီ၊ မိုင်းပန်စော်ဘွား စ၀်ရွှေကြည်၊ စ ကားစော်ဘွား စ၀်ခွန်ညွန့်၊ မိုင်းလုံစော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္ဒီမြောက်ပိုင်းအမတ်)၊ စ၀် အောင်ပူး (လွိုင်လင်အရှေ့ပိုင်းအမတ်)၊ ဦးစံမြတ် (လွိုင်လင်အနောက်ပိုင်းအမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန် နော် (ကျိုင်းတုံအနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်းအမတ်)၊ ဦးလွန်း (စ ကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦး ကြာပု၊ ဦးမြတ် ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်လေ သည်။

သို့ကလို စစ်တပ်မှ အာဏာသိမ်းယူလိုက်ကြောင်း ကြေညာချက်များနှင့်အတူ ပြည်သူတို့အား စီတန်းလမ်း လျှောက်၍ ဆန္ဒပြပွဲများမပြုလုပ်ကြရန် မေတ္တာရပ်ခံချက်များကို သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ဆန္ဒပြလျှင် အရေးယူမည်ဟုလည်း နောက်ဆက်တွဲသတိပေးထား၏။ ကြေညာချက်များကို ဖတ်ရှုရုံဖြင့် စစ် တပ်က အာဏာသိမ်းကြောင်း ကြေညာချက်ကို ဆန့်ကျင်မှုများ ပေါ်ထွက်လာမည်ကို ဗိုလ်နေ၀င်းနှင့် စစ်အာ ဏာပိုင်တို့သည် ကြောက်ရွံ့နေသည်မှာ သိသာထင်ရှားလှပေသည်။

အိမ်စောင့်အစိုးရခေတ် (၁၉၅၈-၆၀) တွင် ကိုကိုးကျွန်း အကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီ လိုလားသူများနှင့် ကွန်မြူနစ်အရောင်အသွေးရှိသူများဟု ယူဆသူများကို ဒလကြမ်း ဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခန်းစာရှိသဖြင့် ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်းမရှိစေကာမူ စစ်အစိုးရအလိုမရှိကြောင်း ကန့်ကွက် သောစာများ မတ်လ (၂) ရက်နေ့မှ စတင်ကာ ပလူပျံပေါ်ထွက်လာခဲ့သည်။ လူငယ်တပ်ဦးနှင့် မဟာမိတ်အဖွဲ့ (၁၀) ဖွဲ့၊ ရခိုင်သံဃာတပ်ဦး၊ ရခိုင်သောတုဇနအဖွဲ့ချုပ် စသောအဖွဲ့များ ဆန့်ကျင်ကန့်ကွက်ချက်များ ထုတ်ပြန် ကြသည်။

ရဲဝံ့ပြတ်သားစွာ ကြေညာသော အဖွဲ့အစည်းများမှာ ကျောင်းသားအဖွဲ့အစည်းများ ဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့က စစ်တပ် ကအာဏာသိမ်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ကြေညာခဲ့ကြသည်။ ကြေညာချက်နှင့်အ ညီ စစ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် စစ်အာဏာပိုင်တို့နှင့် ထိပ်တိုက်တွေ့ကြရလေသည်။

ထို့နောက် တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျောင်းစည်းကမ်းသစ်များ ကိုထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါစည်းကမ်းသစ်များကို အကြောင်းပြု၍ ကျောင်းသားဆန္ဒပြလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြကြ သည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့်ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသားတဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ပို့ရသောအခါတွင် လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာသဖြင့် ရန်ကုန်ခရိုင် ရာဇ၀တ်တရားသူကြီးက က မာရွတ်အ၀ိုင်းကြီးနယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြိး၊ တက္ကသိုလ်နယ်မြေအတွင်း နေ၀င်မီးငြိမ်းအမိန့် ထုတ် ပြန်လေသည်။

ထိုနေ့၌ပင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည် တက္ကသိုလ်ပရိဝုဏ်တခုလုံး တံခါးများကိုသော့ခတ် ပိတ်ဆို့ပြီး ဒီမိုကရေစီခံတပ်ကြီးဟု ဆိုင်းဘုတ်များတင်ကာ ဒီမိုကရေစီတရားပွဲများကို အသံချဲ့စက်ဖြင့် ဟော ပြောကြသည်။ မကျေမနပ်ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကို အမျိုးမျိုးဟောပြော နေကြရာ “တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးများသည် သုံးယောက်ပေါင်းမှ (၇) တန်းသာ အောင်သူများ ဖြစ်ကြသည်” စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြသည်။ ကျောင်းသားများ၏ ဟောပြောချက်များသည် အနာပေါ် တုတ်ကျသည့်အလား နားမခံနိုင်သဖြင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ စစ်တပ်မှ ပစ်ခတ် သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့အသံလွှင့်စကားပြောခွက်ဖြင့် ကိုယ်တိုင်အမိန့်ပေးခဲ့သည်။

ထိုစဉ်က တက္ကသိုလ်တ၀ိုက်တွင် တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲနေသူ ဒုတိယဗိုလ်မှူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါဘဲ မိမိတို့အဆောင်တွင်း၌ စုရုံးဆန္ဒပြနေသည့် ကျောင်းသားများကို အစုလိုက် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိ သည့် အ ဆောင်နေ ကျောင်းသားများကိုပါ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ပစ်ခတ်သတ်ဖြတ်ကြသည်။

စစ်တပ်သည် ဂျီသရီးမောင်းပြန်သေနတ်သစ်များကို ပထမဆုံးစတင်အသုံးပြုကာ လက်တည့်စမ်းပစ်ခတ်ခဲ့ကြ သည်။ ထိုသေနတ်သစ်များမှာ အနောက်ဂျာမဏီမှ ပစ္စည်းကိရိယာများကို ရန်ကုန်မြို့ရှိ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် တပ်ဆင်ခဲ့သည်။ ဂျီသရီးသေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို့သို့ ထုတ်ပေးခဲ့ရာ၌ ခုခံမှုမရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသပ်ရန် လက်ယားနေသူ ဗိုလ် နေ၀င်းအဖို့ အခွင့်အရေးရရှိသွားတော့သည်။ ဇူလိုင် (၇) ရက်နေ့ ကျောင်းသားအရေးအခင်း၌ စစ်အာဏာရှင် အစိုးရက ကျောင်းသား (၁၅) ဦး သေဆုံးပြီး၊ (၂၇) ဦး ဒဏ်ရာရရှိသည်ဟု ကြေညာခဲ့သော်လည်း အမှန်တ ကယ် သေဆုံးခဲ့ရသူပေါင်းမှာ (၂၀၀) နီးပါးခန့်ရှိ၍ (၄၀၀) ခန့်ဒဏ်ရာ ရရှိခဲ့လေသည်။ သို့ကလို ကျောင်းဝင်း အတွင်းသို့ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ၏ အဆောက် အဦကို စစ်တပ်က ၀ိုင်းထားပြန်၏။

တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးသည် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက်အဦဖြစ်သည် သာမက မြန်မာ့နိုင်ငံရေးသမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေးခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအ မှတ်ပြုထားသည့် ဗိမာန်ဖြစ်သည်။ ၁၉၂၀ ခု၊ ဒီဇင်ဘာ (၅) ရက်နေ့ တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသားခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ များဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကို ၁၉၂၇ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့သည်။ သမဂ္ဂ၏ရုံးအဆောက်အဦကို ၀ံသာနုမြန်မာသူဌေးကြီး ဦးညိုက တည်ဆောက်လှူဒါန်းခဲ့သည်။ အဆောက်အဦကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးကိစ္စများကို အသုံးပြုရန်ရည်ရွယ် ခဲ့သဖြင့် အင်္ဂလိပ်တက္ကသိုလ် အာဏာပိုင်များကပင် အားပေးခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲ များ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေးပြဿနာ ပေါ်လာသောအခါ သမဂ္ဂ ခန်းမဆောင်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့ပေသည်။ ဦးဘစော၊ ဒေါက် တာဘမော် … စသောခေါင်းဆောင်များသည် တကသခန်းမမှာ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။

နောက်ပိုင်း တကသအသင်းကို ကျောင်းသားခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်း ဖေနှင့် ကိုရာရှစ်တို့ တက်လာချိန်မှစတင်ပြီး နယ်ချဲ့တိုက်ပွဲ၊ နယ်ချဲ့ခံတပ်အဆောက်အဦကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံမှ အင်္ဂလိပ်တို့အား လက်နက်နှင့် တိုက်ခိုက်နှင်ထုတ်မှုအထိ အရှိန်အဟုန် ပြင်း ထန်ခဲ့သဖြင့် လွတ်လပ်ရေးတိုက်ပွဲများ၏ အောင်ဗိမာန်ကြီးအဖြစ် မြန်မာတမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။ ဗိုလ်နေ၀င်း ခေါင်းဆောင်သော စစ်အာဏာရှင်အစိုးရအများစုသည် တက္ကသိုလ်ကျောင်းသားဘ၀က တကသ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိခဲ့သလို၊ ပြည်သူလူထုက ကိုးစားသော ကျောင်းသားခေါင်းဆောင်များကို အမြဲ မနာလိုဖြစ်နေခဲ့သည်။ ထို့ကြောင့် တကသကျောင်းသားလှုပ်ရှားရာ ဘူမိနက်သန် တကသအဆောက်အဦကြီး ကို ဖြိုဖျက်ရန် အမြဲဆင်ကြံကြံရွယ်လျက်ရှိသည်။

ထို့နောက် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်စဉ်က ကျောင်းသားခေါင်းဆောင် များ သေဆုံးခြင်းမရှိ၊ အချို့မှာ ဖမ်းဆီး၍ပင် မမိသေးဘဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုန်း အောင်းနေသည်ဟု သတင်းကို ဗိုလ်နေ၀င်းသိရှိသောအခါ တကသခေါင်းဆောင်မှန်သမျှကို သတ်ဖြတ်ရန်နှင့် တကသ အဆောက်အဦကြီးကိုပါ ဇူလိုင်လ (၈) ရက်နေ့တွင် အပြီးအပြတ် ဖျက်ဆီးရန် အမိန့်ပေးခဲ့လေသည်။ သမဂ္ဂရုံးကို ဖြိုဖျက်ပြီးနောက် ဗိုလ်နေ၀င်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော တော်လှန်ရေးကောင်စီက “စည်း မဲ့ကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ်တဒေသ ကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းဖြစ်သည်” ဟု ကြေညာခဲ့၏။ ထိုကြေညာချက်မှာ စစ်တပ်ကို အံတုလျှင် ယခုထက် ကြီးမားသော လက်နက်အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံပေးသည့်သဘော သက်ဝင်၏။

ထို့ပြင် တကသအဆောက်အဦကို ဖျက်ဆီးပြီးနောက် ပြည်သူတို့အား အသံလွှင့်မိန့်ခွန်းပြောရာတွင် သူက သတ်ဖြတ်လိုက်သော ကျောင်းသားငယ်ကလေးများသည် လက်နက်ဟူ၍ အပ်တိုတချောင်းမှ မရှိကြသည်ကို သိပါလျက်နှင့် လက်နက်ကိုင်သူပုန်အဖွဲ့ကြီးကို ရင်ဆိုင်နေသည့်သဖွယ်ပုံကြီးချဲ့၍ ‘ဓားကိုဓားချင်း၊ လှံကိုလှံ ချင်း ရင်ဆိုင်ဖို့အသင့်ရှိပါတယ်’ ဟု ဒေါသပုန်သံနှင့် အသံလွှင့်ပြောကြားခဲ့ပြန်သည်။ ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ် တစုသည် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့်နိုင်ငံက အမွန်အမြတ်ထားသည့် တကသအဆောက်အဦကြီးကို ဗုံးခွဲဖျက်ဆီးမှုကြီးတို့ကို ဒေါသမွှန်ကာ စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူ့အဖို့ ကြီးလေးသော ရာဇ၀တ်မှုကြီးဖြစ်သလို၊ စစ်တပ်အဖို့လည်း အမည်းစက်ကြီးဖြစ်နေသည်ကို စဉ်းစားမိ လေသည်။ ‘နှံပြည်စုတ်ကို အမြောက်နှင့်ပစ်’ သလို ရာဇ၀င်ရိုင်းလုပ်ဆောင်ချက်ကို တနေ့နေ့တွင် လူထု၏ ဒဏ်ခတ်မည်ကို ကြောက်သွေးဖြာလာကြသည်။

မတရားကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူးတုန်လာကြသောအခါ တရားခံသည် မိ မိမဟုတ်ပါ။ တဦးကိုတဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိ၌ အပြစ်မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင် ကြီးတို့သည် တဦးကိုတဦး တရားခံဖြစ်လေဟန် ဖော်ကောင်လုပ်ကြသည်မှာ ဗမာ့တပ်မတော်ကြီး၏ ထိပ်သီး စစ်သားရင့်မာကြီးများဖြစ်ကြသော်လည်း သာမန်ဓားပြလူဆိုးဂိုဏ်း တခုမျှလောက်ပင် ညီညွတ်မှုမရှိ။ အမှားကို ၀န်ခံရန်သတ္တိမရှိ၊ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်းပေါ်လွင်နေပေသည်။

ထိုစဉ်က ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်အောင်ကြီးက “တကယ်အမိန့်ပေးတဲ့စာ ယူလာပြီး၊ မရမ်း ကုန်းကို ပေးလာသူက ဗိုလ်သန်းစိန်ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲကို မှာယူခဲ့ပါ တယ်။ အဲဒီမှာမလုံလောက်လို့ ပင်မစစ်ပစ္စည်းသိုလှောင်ရေးမှာ သွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီတပ် မှူး ဗိုလ်ဝင်းကိုလိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက်ယူရတာပါ။ ခွဲဖို့အမိန့်ပေးသူတွေကတော့ ပြည်ထဲရေးဝန် ကြီးနဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ကျော်စိုးဖြစ်ပါတယ်။ တကယ်ဒိုင်းနမိုက်တွေ ဆင်ရတဲ့သူက အင်ဂျင်နီယာ တပ်က ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။ အားလုံးဒိုင်းနမိုက်တွေ ဆင်ရတာဟာ ဇူလိုင်လ (၈) ရက်နေ့ နံနက်လင်း အားကြီးမှဖြစ်ပါတယ်။ လက်မှတ်ထိုးမည့်သူ အရာရှိ ကြီးကြီးမားမားမရှိလို့ ပြဿနာတက်နေတုန်း လမ်း လျှောက်ရင်း ရောက်လာတာက ဗိုလ်မှူးကြီးသူရမင်းသိန်း ဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲဖို့အမိန့် လက်မှတ်ရေး ထိုးပေးဖို့ ဗိုလ်ထွန်းရီက ပြောလို့ သူက လက်မှတ်ရေးထိုးပြီး ဒိုင်းနမိုက်ခွဲတာဖြစ်ပါတယ်။”

“ကျွန်တော်ဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ် (နေ၀င်း) အိမ်လိုက်အသွား ပါမောက္ခဆရာကြီး ဦးကာကို ဗိုလ် လှဟန်က သမဂ္ဂဖြိုဖို့ အမိန့်ရတယ်လို့ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊ အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆိုပြီး၊ ဟိုရောက်တော့ လည်း ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့ပါတယ်” လို့ ဗိုလ်မှူးအောင်ကြီးသည် သူ၏စာတမ်းတွင် ဝေ့ လည်ကြောင်ပတ် ရေးသားဖြေရှင်းထားလေသည်။

ဗိုလ်နေ၀င်းကလည်း တဖန် အကြိမ်ကြိမ် ထိုကိစ္စကို ဖြေရှင်းပြသည်။ သူ၏ နောက်ဆုံးနေ့ လူထုက လက်မခံ တော့သဖြင့် မဆလဥက္ကဋ္ဌကြီးရာထူးမှ ထွက်ပေးရသော ၁၉၈၈ ခု၊ ဇူလိုင်လ (၂၃) ရက် အရေးပေါ်ပါတီညီလာ ခံတွင် “အခု ပြည်မှာဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းဟာ (၁၆) ရက်နေ့ကစပြီး (၁၇) ရက်နေ့မှာ ကျွန်တော်တို့ သိရ ပါတယ်။ (၁၇) ရက်နေ့ သိပြီးတဲ့နောက်မှာ ရဲတို့၊ ကောင်စီတို့နဲ့ပဲ ထိန်းလို့နိုင်လိမ့်မယ်လို့ ထင်တယ်။ မျှော်လင့် ခဲ့တယ်။ စောစောက ကျွန်တော်ပြောခဲ့တဲ့ သွေးထွက်သံယိုတွေ မဖြစ်အောင်ဆိုတဲ့အထဲမှာ တပ်မတော်ကို ဟို အသေးအဖွဲကလေးလည်းသုံး၊ ဒီအသေးအဖွဲကလေးလည်းသုံး ဆိုတာမျိုးမဖြစ်ရအောင် တကယ်လိုတဲ့အခါမှာ သုံးဆိုပြီးတော့ ကျွန်တော်မသိဘဲနဲ့ တပ်မတော်ကိုမသုံးပါနဲ့၊ ကျွန်တော်ပြောထားတယ်၊ အဲဒါကြောင့်မို့လို့ ပြည် မြို့ကိစ္စဟာ အေးမသွားဘဲနဲ့ ရောင့်တက်လာကြတယ်။ ဒါကြောင့်မို့လို့ မနေ့ကတော့ ကိုင်း … စစ်တပ်ဝင်ပေ တော့ဆိုပြီးတော့ ကျွန်တော်ခွင့်ပြုလိုက်တယ်။ အဲဒီတော့ စောစောက ကျွန်တော် ပြောထားတာရှိတယ်။ ကျွန် တော်နိုင်ငံရေးက အနားယူတော့မယ်။ အနားယူတော့မယ် ဆိုပေမယ့်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အ ပြည့် ကွပ်ကဲနိုင်တဲ့အထိတော့ ကျွန်တော်တို့နိုင်ငံကို မပျက်စီးရအောင်၊ ကသောင်းကနင်းမဖြစ်ရအောင် ဆက် ထိန်းရပါလိမ့်မယ်။ အဲဒီထိန်းတဲ့အထဲမှာ တိုင်းပြည်တပြည်လုံး လူထုကို ကျွန်တော်သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက် တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ စစ်တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေပြောပါတယ်”

လူစုလူဝေးရှေ့မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာ နောက်ဆုံးအကြိမ်ဖြစ်နိုင်တာမို့ ညီလာခံနှင့် ပတ် သက်သည့် အချက်အလက်တွေ တင်ပြပြီးတဲ့နောက် ကျောင်းသားများ ကျွန်တော်နှင့် တော်လှန်ရေးကောင်စီ တဖွဲ့လုံးအပေါ် အထင်လွဲနေသည့် အဖြစ်အပျက်တခုကို တင်ပြပါရစေ။

တက္ကသိုလ်သမဂ္ဂအဆောက်အဦကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည် ကို အများသိပြီးဖြစ်ပါတယ်။ ပထမ ဇူလိုင်လ (၇) ရက်နေ့ညနေ ကျွန်တော်ဆောင်ရွက်သည့်အပိုင်းကို ဖေါ်ပြမှ ထိုနေ့က အဖြစ်အပျက်များအကြောင်း ပြည့်စုံမည်ဖြစ်၍ ဖော်ပြပါမည်။ ထိုနေ့ညနေ (၅) နာရီခန့်တွင် သေနတ် ပစ်သံကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေမေးရာ ဆရာကြီး ဦးကာတို့ မိသားစု အား ဘေးကင်းသည့်နေရာသို့ ပို့ထားပြီးဖြစ်ကြောင်း၊ ကျောင်းသားအချို့နဲ့ ရဲ (၈) ဦး၊ (၉) ဦးခန့် ဒဏ်ရာရ ကြောင်း ပြန်ပြောပါတယ်။

ဆူပူသူကျောင်းသားခေါင်းဆောင်များကို မမိသေးကြောင်း၊ သမဂ္ဂအဆောက်အဦအတွင်းတွင် အချို့ရှိကြောင်း ပြောသဖြင့် ကျွန်တော်က ရဲများ၊ တပ်မတော်သားများ နောက်ထပ် အနာတရမရှိရအောင် အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြံပေးညွှန်ကြားပါသည်။

(က) သမဂ္ဂအဆောက်အဦအတွင်းရှိသူများကို အဆောက်အဦမှ ထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြော ရန်၊ ထွက်မလာပါက လက်နက်ကြီးများ သုံးမည်ဆိုသည့်အချက် ထည့်ပြောရန်။

(ခ) အသာတကြည်ထွက်၍အဖမ်းမခံပါက (ရီကွိုင်းလက်ဂန်း) ဖြင့် ပစ်ဖမ်းရန်၊ လိုအပ်ပါက (ရီကွိုင်းလက် ဂန်း) သုံးရန်။ အထက်ပါ အချက်တို့ကို မမှောင်ခင်ပြီးအောင် ဆောင်ရွက်ရန်လို့ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာကို ကျွန်တော်ပြောပါ့မယ်။ ထိုဖောက်ခွဲဖျက်ဆီးရန်အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ် ခြင်းတို့တွင် ကျွန်တော်နဲ့ တော်လှန်ရေးကောင်စီဝင်အချို့တို့ မပါခဲ့ပါ။ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဗုံးကြီး ကြီးတလုံး ပေါက်ကွဲသကဲ့သို့ အလွန်ပြင်းထန်သော မြည်ဟည်းသံကြီးကြားသဖြင့် စုံစမ်းတော့မှ သမဂ္ဂအ ဆောက်အဦကို ဒိုင်းနမိုက်တို့နဲ့ ဖျက်ဆီးလိုက်ကြောင်း ကျွန်တော်သိရပါတယ်။ အခြားတော်လှန်ရေးကောင်စီ ၀င် အတော်များများလည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါတယ်။ သို့သော်အသံလွှင့်ရုံတွင် တော်လှန်ရေး ကောင်စီဝင်အချို့တို့ဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော လုံခြုံ ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး ကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော အရာထမ်းများ ရောက်နေကြပါတယ်။

ထိုသူများမှာ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးစောမြင့် (မှူးသ မိန်)၊ ဗိုလ်မှူးကြီး ဘနီ၊ အရာရှိများထဲမှ ထောက်လှမ်းရေးဗိုလ်မှူးကြီး မောင်လွင်၊ ရဲမင်းကြီး ဦးဘအေး တို့ဖြစ် ပါတယ်။ ထိုသူတို့အပြင် အခြားလူတော်တော်များများလည်း ရှိကြပါတယ်။ ထိုဇူလိုင်လ (၈) ရက်နေ့ သမဂ္ဂအ ဆောက်အဦကို ဖြိုလိုက်ကြောင်းသိပြီးနောက် ဗိုလ်ကျော်စိုးကို ခေါ်၍မေးရာ (၇) ရက်နေ့ ညနေက ကျွန်တော် က သမဂ္ဂအတွင်းဝင်ရောက်နေသည့် ဆူပူသူခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် (ရီကွိုင်းလက် ဂန်း) ကို သုံးနိုင်သည် ဆိုသည့်အချက်ကို သမဂ္ဂအဆောက်အဦ အဖျက်ခိုင်းသည်ဟု ယူဆသဖြင့် ဖျက်လိုက် သည်ဟုဖြေပါတယ်။ ဒီလိုဆိုရင်လည်း စုပေါင်းခေါင်းဆောင်မှုကျင့်သုံးတယ်လို့ လက်ခံထားခြင်းကြောင့် တော် လှန်ရေးခေါင်းဆောင်အနေဖြင့် ဓားဓားချင်း လှံလှံချင်းဆိုတဲ့ စကားလုံးများပါတဲ့ ကြေညာချက်ကို အသံလွှင့် လိုက်ပါတယ်။

နောက်သုံးလေးလကြာပြီးသော် ကျွန်တော်က အရက်မူးမူးနဲ့ သမဂ္ဂအဆောက်အဦကိုဖျက်ဖို့ အမိန့်ပေးတယ် ဟု နိုင်ငံခြားသတင်းစာဆရာတို့ အသိုင်းအ၀ိုင်းတွင် ပြောဆိုနေတာကြားရလို့ ဗိုလ်ကျော်စိုးကို ကျွန်တော်အ ရက်မူးပြီး ဖျက်ဖို့အမိန့်ပေးတယ်လို့ ကျွန်တော်တယောက်တည်းကို တရားခံလုပ်ထားတယ်။ အဲဒါကြောင့် ဇူ လိုင်လ (၇) ရက်က အဖြစ်အပျက်ကို ပြောပြခိုင်းပါတယ်။

အဲဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက်အမှန်ကို ပြောပြပါတော့မယ်။ အရင်က တော်လှန်ရေးကောင်စီ တက်ခါစတွင် စိတ်ဝမ်းကွဲနေကြတာ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်းဖြစ်ပါတယ်။ အဖြစ်အပျက်အမှန်မှာ ထို (၇) ရက်နေ့က အသံလွှင့်ရုံရှိလူစုထဲမှ တဦးတယောက်က ဒီသမဂ္ဂအဆောက်အဦကြီးဟာ သူပုန်ဌာနချုပ်ဖြစ် နေတယ်။ ဖျက်ပစ်လျှင် ကောင်းမယ်လို့ စပြောရာမှ ဖျက်သင့်၊ မဖျက်သင့် ဆွေးနွေးကြပါတယ်။ နောက်ဆုံး ဗိုလ်ချုပ် (နေ၀င်း) ကို အသိပေးပြီး၊ ဗိုလ်ချုပ်သဘောတူလျှင် ဖျက်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ ထိုစဉ် ဗိုလ် အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီးတင်ပြမယ်။ သဘောတူမတူ အဖြေယူခဲ့မယ်ပြောပြီး၊ ကိုလှဟန်ကိုခေါ်၍ ကားဖြင့် ထွက်သွားပါတယ်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ ပြန်လာပြီး၊ ဗိုလ်ချုပ်က သဘောတူ လိုက်ပြီဟုပြောသဖြင့် အသံလွှင့်ရုံရှိ လူသိုက်တို့ သမဂ္ဂအဆောက်အဦကို ဖျက်ဖို့ ပစ္စည်းများစုပြီး ဖျက်လိုက်ပါ တယ်။ ထိုအဖြေကိုရပြီးနောက် ဗိုလ်အောင်ကြီးမပါဘဲ ကျန်တော်လှန်ရေးကောင်စီဝင်များကိုခေါ်၍ ဗိုလ်အောင် ကြီး ကျွန်တော့်ကို မတင်ပြဘဲ အသံလွှင်ရုံရှိ လူသိုက်ကို ကျွန်တော်သဘောတူလိုက်ပြီလို့ ပြောတဲ့အကြောင်း ကို တင်ပြခဲ့ပါတယ်။

ထိုအကြောင်းမှန်ကို သိပြီးနောက် ဗိုလ်အောင်ကြီးကို ကျွန်တော့်ရဲ့ရုံးခန်းသို့ခေါ်၍ သမဂ္ဂအဆောက်အဦဖျက် ရန် ကျွန်တော်သဘောတူတယ်လို့ ပြောတာကို ကိုယ်သိပြီးပြီ၊ အဲဒီတော့ ကိုယ့်လူ ခေါင်းဆောင်လုပ်ချင်ရင်၊ ခေါင်းဆောင်နိုင်မယ်ထင်ရင် ကိုယ်ထွက်ပေးမယ်။ ကိုယ်ထွက်ရမလား၊ ကိုယ်လူထွက်ရမလား၊ ဆုံးဖြတ်ပေ တော့ဟု ကျွန်တော်ကပြောရာ သူထွက်ပါမယ်ဆိုပြီး သူ့အခန်းပြန်သွားကာ ထွက်စာတင်ခဲ့ပါတယ်။

ကျွန်တော်တင်ပြတာကို မှန်ကြောင်းသက်သေအထောက်အထားများတင်ပြပါမယ်။ ပထမအထောက်အထား ဗိုလ်ချုပ်အောင်ကြီး ၁၉၈၈ ခု၊ မေလ (၉) ရက် နေ့စွဲဖြင့်ရေးသည့် စာတမ်းစာမျက်နှာ (၂၄) ဒုတိယစာကြောင်း မှစ၍ပါသော တရားခံဖြစ်ရတဲ့ ဗိုလ်အောင်ကြီးဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ်အိမ်လိုက်အသွား ပါ မောက္ခချုပ် ဆရာကြီးဦးကာ ခေတ္တရွှေ့နေတဲ့ အင်းလျားကန်ဟိုတယ်နားက တထပ်တိုက်ကလေးမှာ ဆရာကြီး ဦးကာကို ဦးလှဟန်က သမဂ္ဂကိုလည်း ဖြိုဖို့ အမိန့်ရတယ်လို့ ပြောတာထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော် စိုးရှိရာ အသံလွင့်ရုံကို တယ်လီဖုန်းဆက်ပြီး အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆို ပြီး၊ဟိုရောက်တော့လည်း ဗိုလ်ချုပ်ကို ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့သူဖြစ်ပါတယ်ဆိုတဲ့အချက်၊ ဒါ သူရေးထားတဲ့အထဲက ဒါပထမအချက်။ သက်သေခံ ဒုတိယ သက်သေအထောက်အထားက ဒီကိစ္စနဲ့ ပတ် သက်ပြီးတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကိုခေါ်ပြီး၊ သူတို့သိတာတွေကို အမှန်အတိုင်း ရေးကြပါလို့ ပြောတဲ့အခါ ကျတော့ ဗိုလ်မှူးကြီးလှဟန်တင်ပြတဲ့စာတမ်းထဲမှာ အဲဒီသူ့စာလေး ကျွန်တော့် ဆီမှာရှိပါတယ်။ အဲ သူတင်တဲ့ စာတမ်း၊ စာမျက်နှာ (၅) စာကြောင်းရေ (၄) မှာ ထိုအချိန် ဗိုလ်ချုပ်အောင်ကြီးလည်း ရောက်လာပါတယ်။ သ မဂ္ဂကိစ္စပြောတဲ့အခါ နေကြဦး၊ ကျွန်တော် ဗိုလ်ချုပ်ကြီးဆီသွားပြီး တင်ပြအမိန့်တောင်းမယ်လို့ပြောပြီး၊ ကျွန် တော့်အားခေါ်ပြီး ထွက်လာခဲ့ပါတယ်။ လမ်းတွင် ဗိုလ်မှူးကြီးတင်စိုး အိမ်တွင်ရှိသော ဆရာကြီးဦးကာထံဝင်၍ သတင်းမေးပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူ ကျောင်းသားများအရေအတွက်လည်း ပြောခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးကို သမဂ္ဂအဆောက်အဦကို ဖျက်မယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါသေး တယ်။ ထို့နောက် ကျွန်တော်တို့နှစ်ဦး ဗိုလ်ချုပ်ကြီးထံ ဆက်လက်သွားပါတယ်။ ဗိုလ်ချုပ်နဲ့တွေ့တဲ့အခါ ဗိုလ်ချုပ် အောင်ကြီး က အခြေအနေများ တင်ပြပါတယ်။ တင်ပြရာတွင် သမဂ္ဂအဆောက်အဦကိစ္စ မပါပါ။ ပြန်ရန်ကား ပေါ်တက်ပါတယ်။ ကားပေါ်ရောက်တော့ ကျွန်တော်က ဗိုလ်ချုပ်ဟိုကိစ္စမပြောရသေးဘူးလို့ သတိပေးပါတယ်။ ဗိုလ်ချုပ်အောင်ကြီးက နေပါစေလို့ ပြောသဖြင့် ကျွန်တော်လည်း ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်ပါတယ်။ အသံလွှင့်ရုံသို့ ပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ကြီးက ဗိုလ်မှူးကြီးကျော်စိုးအား (အိုကေ) ဟု ပြောလိုက် သည်ကို ကြားရပါတယ် ဆိုတဲ့အချက်တို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချက်အလက်တွေဟာ ကျွန်တော်စောစော ကပြောခဲ့တဲ့ ကျွန်တော်မသိဘဲနဲ့ ကျွန်တော်သိလေဟန်၊ ကျွန်တော်ခိုင်းလေဟန်၊ တခြားလူတွေကို ပြောလို့ ကျွန်တော်သဘောတူပြီဆိုပြီး၊ တခြားလူတွေက ဖျက်လိုက်တာ အဲဒီတော့အထက်က အချက်တွေကို လေ့လာ ပြီးတော့ သမဂ္ဂအဆောက်အဦကို ဖျက်တဲ့ကိစ္စမှာ မည်သူတရာခံအစစ် ဖြစ်တယ်ဆိုတာကို လူထုတရပ်လုံးက မိမိတို့ဘာသာ ဆုံးဖြတ်ကြပါတော့လို့ တင်ပြရင်း စကားပြောခြင်းကို အဆုံးသတ်လိုက်ပါတယ်ဟု ဗိုလ်နေ၀င်း က တိုင်းပြည်သို့ ရှင်းပြခဲ့လေသည်။

ဗိုလ်နေ၀င်း၏ နောက်ဆုံးနေ့ မျက်ဖြေလင်္ကာစာတမ်းကြီးမှာ ကာရန်မညီ၊ စာသားမချော မုသာဝါဒလိမ်လုံးများ သာဖြစ်လေသည်။

ဇူလိုင်လ (၇) ရက်နေ့ သွေးချောင်းစီး လူသတ်ပွဲကြီးနှင့်ပတ်သက်၍ …

(က) ဗိုလ်နေ၀င်းက စောစောကမသိ သေနတ်သံကြားမှသိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသား သာဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့အသံဖမ်းစက်ဖြင့် လွှင့်ပေးနေသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်ခွင့် အမိန့်ထုတ်ခဲ့သည်မှာ ဗိုလ်နေ၀င်းကိုယ်တိုင်ပင်ဖြစ် သည်။

(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင် (နောင်သမ္မတပြုတ်) က မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အ ရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလပါတီပျက်သောအခါတွင် ဖြေရှင်းထုတ်ဖေါ်ခဲ့သည်။

(ဂ) ကျောင်းသားများလက်ချက်နှင့် ရဲ (၇) ဦး၊ (၈) ဦးဒဏ်ရာရရှိသည်ဟု ဗိုလ်နေ၀င်းက ပြောသည်မှာလည်း လိမ်ညာသော မုသားသာဖြစ်သည်။ အဆောင်ဝင်းတံခါးမှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပရှိ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ချိန်တွင် တက္ကသိုလ်ပတ်ဝန်းကျင်တွင် ရဲတယောက်မှမရှိ။ ကျောင်းသားတို့က ရဲ တို့အား ရန်ပြုရန်မဖြစ်နိုင်ချေ။

(ဃ) တကသဆောက်အဦမျက်နှာကြက်တွင် ကျောင်းသားခေါင်းဆောင်များကို သတ်ဖြတ်ရန်ဦးတည်ချက်ဖြင့် အဆောက်အဦးကြီးကို ဖျက်စေအမိန့်ပေးသူမှာ ဗိုလ်နေ၀င်းဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးလည်း တာဝန်ရှိပေသည်။

(င) တသကကို ဖျက်ဆီးပြီး နောက်တနေ့နံနက်တွင် ဘာကြောင့်ဖျက်ရသည်ဟု တော်လှန်ရေးကောင်စီ၏ ကြေညာချက်တွင် တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကိုပြင်ရမည့် တာဝန်သည် မိမိတို့အပေါ် တွင် ကျရောက်နေသဖြင့် တပ်မတော်၏ အားတစ်စိတ်တဒေသကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းသည်ဟု သတင်း စာတို့မှ ရေးသားထုတ်ပြန်ချက်တို့ကို လေ့လာကြည့်ပါက တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက မိမိမသိ ပါ။ မိမိပါဝင်ခြင်းမရှိပါဟု ပြောသည်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေသော မုသားသာဖြစ်ပါ သည်။

(စ) ယခုဖြစ်ပျက်သည့်ကိစ္စသည် ကျောင်းသားကိစ္စတခုတည်းမဟုတ်ဘဲ၊ နိုင်ငံရေးအမှောင့်ပယောဂများ ဖမ်း စားတယ်ဆိုတာ ကျွန်တော်တို့ရိပ်စားမိပါတယ်ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင်အသံလွှင့် ချက်၌ ကျောင်းသားများနောက်ကွယ်မှ ဗကပတို့ ပါလေဟန်ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက်ပင်ဖြစ် သည်။ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိ လက်နက်ချဗကပများကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပများ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့လှုပ်ရှားမှုသည် ပြင်ပ ပယောဂမပါသည်ကို သိပါလျက် သတ်ဖြတ်မှုကြီးနှင့် ဖျက်ဆီးမှုကြီးကို လူထုကလက်ခံအောင် လီဆယ်ပြောဆိုချက်သာဖြစ်သည်။

(ဆ) ကျောင်းသားများအား သတ်ဖြတ်ပြီးနောက်၊ ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အ လုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုလျှင်တော့ ကျွန်တော် နောက်ထပ် ဘာမှ မပြာလို တော့ပါဘူး။ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်ဟု ပြောသည်မှာ ဒေသ သံနှင့် တုန်ရီနေသည်ကို ကြားရသူလူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်းရာထူးမှ ဆင်းပေးရသော ၈၈ ခုနစ်က “စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့” ဟု ပြောသောမိန့်ခွန်းနှင့် တသံတည်းဖြစ်သည်ကို လူထုက နောကြေနေပြီဖြစ်သည်။

(ည) ထိုစဉ်က လက်တွေ့ သတ်ဖြတ်ရုံမျှသာမက နှုတ်မှလည်း စစ်ကြေညာခဲ့ပါလျက် နောက်ပိုင်းမှ သူသတ် သည် ငါသတ်သည်၊ သူဖျက်သည် ငါဖျက်သည်ဟု တဦးအပေါ် တဦးလက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေ ကာမူ၊ ခေါင်းရှောင်စေကာမူ၊ ဗိုလ်နေ၀င်းသည် အဓိကတရားခံသာဖြစ်သည်ကို လူထုက မေ့မရနိုင်ပေ။

မည်သို့ဆိုစေ ယခုအခါ ‘ဆဲဗင်းဂျူလိုင်’ ခေါ် ဇူလိုင်လ (၇) ရက်နေ့ သွေးမြေကျခဲ့ရသော ကျောင်းသားအရေး တော်ပုံကြီးသည် ယခုအခါ ၄၇ နှစ်သို့ တိုင်ခဲ့ပြီးဖြစ်သော်လည်း လူထုတရပ်လုံးသည် ထိုသွေးစွန်းခဲ့ရသော ဇူ လိုင်လ (၇) ရက်နေ့ကို ဦးနှောက်က မေ့ပျောက်သွားသည့်တိုင် နှလုံးသားက ဥဒါန်းမကျေ အစဉ်သတိရလျက် ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။ ယခုအခါ၌လည်း ဗိုလ်နေ၀င်း၏ မျိုးဆက်သစ်လက်ပါးစေ စစ်အာဏာရှင်တို့ သည် ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်ရေးအတွက် ရုန်းကန်တိုက်ပွဲနေသော ရဟန်းရှင်လူ၊ ကျောင်း သားများပါဝင်သည့် ပြည်သူလူထုတရပ်လုံးအား နည်းမျိုးစုံဖြင့် ဖြိုခွင်းရန် ဆင်ကြံကြံလျက်ရှိရာ တော်လှန်ရေး သတိ အစဉ်ရှိစေရန် တပ်လှန့်နှိုးဆော်လိုက်ရပါသည်။

ဒီမိုကရေစီအရေးတော်ပုံးကြီး လုံးဝ (လုံးဝ) အောင်ရမည်။

(ကိုဖိုးဇေဘလော့မှ …)

Saturday, 3 July 2010

မြန်မာ အမျိုးသမီးများ ၏ ၀တ်စားဆင်ယဉ်မှု ပြောင်းလဲ လာပုံ ကြောင့် ကန့် ကွက်သူများ နှင့် ထောက်ခံသူ ပွဲဆူလာနိုင်

ယနေ့ ခောတ်အမျိုးသမီး များ ၏ ၀တ်စား ဆင်ယဉ်မှု စတိုင်ဟန် ကို မော်ဒယ် သီရီရှင်းသန့် က ၀တ်ဆင်ပြထားစဉ်

မြန်မာ နိုင်ငံ ရဲ့ အဓိက မြို့ ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊မန္တလေး အပါအ၀င် အခြားမြို့ တွေ မှာ တော့
မြန်မာ အမျိုးသမီး ငယ်တွေ ရဲ့  ၀တ်စားဆင်ယဉ် မှု တရှိန် ထိုး ပြောင်းလဲနေတာ ကြောင့် ဝေဖန် ရှုံချ ကြသူများ
လည်း ရှိသလို့  ဒါဟာ ခောတ်ယဉ် ကျေးမှု ဆိုပြီး ထောက်ခံ အားပေးကြသူ တွေ လည်းရှိပါတယ်။

ရန်ကုန် မြို့ က နာမည်ကျော် မော်ဒယ် တစ်ဦး ဖြစ်တဲ့ မိုးဟေကို ကတော့ ဒီလို ဖက်ရှင် အပြောင်းအလဲ ဆန်း
သစ်မှု တွေ ပိုမြန်ဆန်လာ တာ ၂၀၀၈ ခုနှစ် နောက် ပိုင်းမှ ပို သိတာ လာတယ် လို့ ဆိုပါတယ်။

မြန်မာ ရိုးရာ ၀တ်စား ဆင်ယဉ်မှု စတိုင်

အခုလို အမျိုးသမီး ငယ်တွေ ရဲ့  ၀တ်စား ဆင်ယဉ်မှု ဖက်ရှင် တွေ က ပိုပြီးတော့ ဆန်းသစ်လာခြင်းဟာ
မြန်မာ့ ရိုးရားယဉ် ကျေးမှု နဲ့ ဓလေ့ စရိုက်တွေ ကို အနည်းနဲ့  အများ ဆိုသလို ထိခိုက် နိုင်တယ်လို့ 
ရန်ကုန်အခြေစိုက် သက်ကြီးရွယ်အို စာနယ် ဇင်းသမား တွေ ကသုံးသပ် တယ် လို့ ဆိုပါတယ်။

သူတို့ တွေ နဲ့ အမြင် မတူ တဲ့ သူ တစ်ဦးကတော့ ဂျပန် နိုင်ငံ မှာ ဘွဲ့ လွန် ကျန်းမာ ရေး စောင့်ရှုမှု
ပညာသင်ကြားနေတဲ့ မ လမင်းဝန်း ပါ။ သူကတော့’ ရိုးရာ ယဉ်ကျေးမှု က မြန်မာ တစ်နိုင်ငံတည်းရှိတာ
မဟုတ်ပါဘူး ၊ ဘယ်နိုင်ငံမှမဆို ရှိပါတယ်။ စကတ် အတို ၀တ်တာ တို့  မဖော်သင့်တဲ့ နေရာ တွေ က လွဲ
လို့ ကျန်တဲ့နေရာ တွေ ကို ဖော်ပြတာ တို့ တွေ ဟာ ကမ္ဘာ မှာ တော့ ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူး
ဒါတွေ ကို ဝေဖန် နေ မယ် ဆိုရင် မြန်မာ ဟာ ကမ္ဘာ နဲ့  ဘယ်လောက် အဆက်အသွယ်ပြတ် နေသလဲ
ဆိုတာ ထင်ရှား တယ် လို့ သူ့ ရဲ့ အမြင် ကိုပြောပါတယ်။

ရှေးမြန်မာ အမျိုးသမီး တို့ ၏ ၀တ်စား ဆင်ယဉ်မှု မြန်မာ နဲ့  အိမ် နီးချင်း ထိုင်း နိုင်ငံမှာ တော့ အဆိုတော် တွေ မော်ဒယ် တွေ ဟာ ဘီကီနီ နဲ့ ပါ စင်ပေါ်
တက်ရောက် ဖျော်ဖြေခွင့် ရှိပါတယ်။

မြန်မာ နိုင်ငံမှာ တော့ ၂၀၀၉ ခုနှစ် ဆန်းလောက် စပြီး ဖျော်ဖြေရေး ပွဲစဉ် တွေ ၊မော်ဒယ်ရှိုးတွေ၊ အရောင်း
မြှင့် တင်ရေး ပွဲ စဉ် တွေ မှာ အဆိုတော် တွေ နဲ့  မော်ဒယ် တွေ က ပိုပြီး တော့ မလုံ့တလုံ့ ဝတ်စား ဆင်ယဉ်
မှု ပြုလာ ကြပါတယ်။

ဝေဖန်သူ တစ်ချို့ ကတော့ အဆိုတော်တွေ ၊ ရုပ်ရှင်မင်းသမီး တွေ ရဲ့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု နဲ့ ဖီလာ
ဆန့် ကျင် တဲ့ ၀တ်စား ဆင်ယဉ်မှု တွေ ဟာ အမျိုးသမီး ငယ်တွေ အတု ခိုးမှား ပြီး အန္တရာယ် များ နိုင်တယ် လို့ 
ထောက်ပြကြပါတယ်။

မကြာခင်က ကျင်းပခဲ့သည့် မော်တော်ကား ပြပွဲမှ မော်ဒယ် ယဉ်ညိုသိမ့် ၏ ဖက်ရှင်စတိုင်လ် ဓာတ်ပုံ www.myanmarcelebrity.com

ဒါပေမယ့် လည်း ဖျော်ဖြေရေး ပွဲ တွေ မှာ ခပ်ဟော့ သီဆိုလေ့ ရှိတဲ့ အဆိုတော် တစ်ဦး ကတော့ ပရိတ်သတ်
မိန်းကလေး တွေ က ကျွန်မ တို့ ထက် တောင် ပိုလန်း သေး တယ်.သူတို့ ဆီက တောင် အတု ခိုးရသေးတယ်
လို့ ဆိုပါတယ်။

ဖက်ရှင် စတိုင်လ် အပြောင်း အလဲ တွေ ဖြစ်ပေါ်နေတာ နဲ့ ပတ်သက်ပြီး ဒါဟာ ကောင်းတဲ့ လက္ခဏာ လား
ဆိုး တဲ့ လက္ခဏာ လား လို့  အမေရိကန် နိုင်ငံမှာ ဖက်ရှင် ဒီဇိုင်း ပညာ သင်ကြား နေတဲ့ မအင်ကြင်း ကိုမေး
ကြည့် တော့ “ဒီကိစ္စ ဟာ ခောတ်လူငယ်တွေ ရဲ့  စိတ်ဆန္ဒ တောင်း ဆိုမှု က ဖြစ်လာ တဲ့ အပြောင်း အလဲပဲ
ရာစု နှစ် တိုင်း ဆယ်စု နှစ် တိုင်း ဖက်ရှင် ကမ္ဘာ မှာ အပြောင်း အလဲ တွေ ရှိနေတာ ပဲ ငါတို့ ခောတ်က ၀တ်
သလို မျိုး သူ တို့  ခောတ်မှာ လည်း ၀တ်လို့ သွား ပြော လို့  မရဘူး လို့ သုံးသပ်ပါတယ်။

ယနေ့ ခောတ်ပွဲ တက်ဖက်ရှင် ဖြစ်နေသည့် ၀တ်စုံ ကို ၀င်းထွဋ် တာရာ က ၀တ်ဆင်ပြသထားစဉ်

ဖက်ရှင် စိတ်ပညာ ရပ်မှာ တော့ လှတဲ့ သူတွေ က သူတို့ အလှ ကို ဖော်ပြီး ၀တ်တာ မလှ တဲ့ သူ တွေ အဲဒီ
လို မ၀တ် ရလို့ မနာ လို ဖြစ်ပြီး ကဲ့ရဲ့ ကြတယ်လို့  ကော်လို ရာဒို တက္ကသိုလ် က ဖက်ရှင် ဒီဇိုင်း ပညာ ကျောင်း
သူ တစ်ဦး ကဆိုပါတယ်။

လွန်ခဲ့ တဲ့ ဆယ်စု နှစ် တစ်ခု ကျော် မြန်မာ နိုင်ငံမှာ ဖက်ရှင် ရှိုး တွေ ၊မော်ဒယ်(လ) တွေ စတင်ချိန်မှာ
ဝတ်စား ဆင်ယဉ်မှု တွေ နဲ့ ပတ်သက်ပြီး တားမြစ်ချက် တွေ ပြုလုပ် ခဲ့ပေမယ့် နောက် ပိုင်းမှာ တော့
ဘာ တားမြစ် ချက် တွေ မှ မလုပ်တော့ပါဘူး ။

နာမည် ကျော် ဖက်ရှင် ဒီဇိုင်နာ ဒေါ်နာကာရင်း ကတော့ ဖက်ရှင်ကြောင့် တော့ ပြည်တွင်း စစ်တွေ၊
ကမ္ဘာစစ်တွေ မဖြစ်ခဲ့ပါဘူး လို့ ဆိုပါတယ်။

မြန်မာ ပြည်ရဲ့ ခောတ် နဲ့ အညီ ၊ နိုင်ငံတကာ နဲ့ အညီ ပြောင်း လဲ လာ တဲ့ ဖက်ရှင် ရေစီး ကြောင်း ကို
ဝေဖန် ကန့် ကွက် မှု တွေ ကို သက်ဆိုင်ရာ ကတောင် နား လည် သဘောပေါက်ပေမယ့် နေရာ တကာ
မှာ ဆရာ လုပ်ချင် တဲ့ တတ်ယောင်ကား မြန်မာ စာနယ်ဇင်း ဆရာ တွေ ကြောင့် စိတ် အနှောင့်အယှက်
ဖြစ်ရ တယ် လို့ နာမည် ကျော် မော်ဒယ်များ က တညီတညွှတ် တည်း Freedom News Group ကို ပြော
ပါတယ်။

မျိုးကျော့မြိုင် ဇနီးဖြစ်သူ နှင့် လမ်းခွဲ

ပျားရည်ဆမ်း ခရီးထွက်ခဲ့စဉ် က မျိုးကျော့မြိုင် နှင့် ဒေါက်တာ သွင်ပပအောင် (Photo - Faces Magazine)

ဧပြီ လ ၂၉ ရက်နေ့ က လက်ထပ် ထိမ်းမြားခဲ့သည့် မျိုးကျော့မြိုင် နှင့် ဒေါက်တာ သွင်ပပအောင် တို့ ဇနီးမောင်
နှံသည် စိတ်သဘော ထားချင်း မတိုက်ဆိုင်တော့ သဖြင့် ဇွန်လ ၂၄ ရက်နေ့ တွင် နှစ်ဦး သဘောတူ လင်မယား
အဖြစ်မှ လမ်းခွဲ ပြီးဖြစ်သည် ဟု သတင်းရရှိသည်။

၎င်းတို့ နှစ်ဦး သည် ဇွန်လ ၂၄ ရက်နေ့ က ရန်ကုန်တိုင်း တရားရုံး ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းနွယ်၏
၏ ရှေ့မှောက် တွင် အကြင်လင်မယား အဖြစ်မှ လမ်းခွဲခဲ့ခြင်းဖြစ်သည် ဟု သိရသည်။၎င်းတို့ 
နှစ်ဦး သည် မုခ မဂဇင်းမှ အင်တာ ဗျူး ဆရာ ဇောရိုး နှင့် တွေ့ ဆုံရာတွင် စံပြ အိမ်ထောင်ရေး
ဖြစ်ချင်ပြီး ရင်သွေးများ လည်း မွေးဖွားရန် ဆန္ဒရှိသည် ဟု ပြောခဲ့သည်။

ဧပြီ ၂၉ ရက်နေ့ တွင် အသက် ၃၆ နှစ်ရှိပြီ ဖြစ်သည့် ရက်(ပ)အဆိုတော် မျိုးကျော့မြိုင်နှင့်
အသက် ၃၃ နှစ် အရွယ်ရှိ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ သွင်ပပ
အောင် တို့ နှစ်ဦးသည့် ရန်ကုန် ရှိ ယုဇန ဂါးဒင်းဟိုတယ် တွင် လက်ထပ်မင်္ဂလာ အခမ်းအနား
ကျင်းပခဲ့သည်။

Thursday, 1 July 2010

သရုပ်ဆောင် မင်းအုပ်စိုး ၏ အမျိုးသမီး အယ်ဒီတာ ခေါ်စာ ကြောင့် စာနယ်ဇင်းသမား များ ဒေါသ အိုးပေါက်ကွဲ

မင်းအုပ်စိုး ဦးစီးထုတ်ဝေသည့် သရပါ မဂ္ဂဇင်း ဓာတ်ပုံ- News Eleven အင်တာနက် စာမျက်နှာ

ရုပ်ရှင် သရုပ်ဆောင် မင်းအုပ်စိုး ဖြစ်သူ ၏ သရပါ ရသ စာပေ မဂ္ဂဇင်း မှ အမျိုး သမီး အလုပ်ခေါ် စာ ကြော်ငြာ
ကြောင့် စာနယ်ဇင်း သမား အများစု ဒေါသထွက် နေ ကြကြောင်း သတင်း ရရှိသည်။ သရုပ်ဆောင် မင်းအုပ်စိုး
၏ သရပါ ရသ စာပေ မဂ္ဂဇင်း ၏ အလုပ် ကြော်ငြာ တွင် ပါရှိ သည့် ကြော်ငြာ ရေးသား ချက်များ မှာ

သရပါရသစာပေ မဂ္ဂဇင်း၏ အမျိုးသမီး အယ်ဒီတာခေါ်ယူခြင်း အလုပ်ခေါ်ကြော်ငြာက လက်ရှိအလုပ်
လုပ်ကိုင်နေသော အမျိုးသမီး အယ်ဒီတာများအပြင် အယ်ဒီတာများအားလုံး၏ စာရိတ္တနှင့်ကျင့်ဝတ်
သိက္ခာကို ကျဆင်းထိပါးစေသည့် သဘော သက်ရောက်ခဲ့ကြောင်း စာပေလောကအတွင်းရှိ
အယ်ဒီတာများ အပါအ၀င် ဂျာနယ်လစ်များကပါ သုံးသပ်ပြောဆိုခဲ့ကြပါသည် ဟု News – Eleven
အင်တာ နက် စာမျက် နှာ တွင် ဖော်ပြထားသည်။



သရပါ မဂဇင်း ၏ အမျိုးသမီး အယ်ဒီတာ ခေါ်စာ တွင်လျှောက်ထားလိုသူများ အနေဖြင့် ” (၁)ရုပ်ရည်ပြေပြစ်ရမည်၊ (၂)မြန်မာစကားကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ရမည် (၃)အိမ် ထောင်မရှိသူဖြစ်ရမည် (၄)မည်သည့် ဂျာနယ်၊မဂ္ဂဇင်းတိုက်တွင်မှ အလုပ်လုပ်ဖူးသူ မဖြစ်စေရ၊ (၅) ၁၀တန်း အောင်ရန်မလို၊ (၆) အသက် ၂၀ နှစ်မှ ၂၈ နှစ်အတွင်း ဖြစ်ရမည်” စသည့် အချက်များသာပါဝင်ခဲ့ပြီး လျှောက်ထားလိုသူများ အနေဖြင့် သရ၀ဏ်ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးသို့ လူကိုယ်တိုင်လာ ရောက်လျှောက်ထားရမည်ဟု ဖော်ပြပါရှိထားခဲ့သည်။

ထိုကြော်ငြာသည် ဇွန် လ ၂၈ ရက်နေ့ ထုတ် အချစ်ဂျာနယ် တွင် ပါရှိ ခဲ့ခြင်း ဖြစ်သည်။ရန်ကုန် အခြေစိုက်
ဂီတ၊ရုပ်ရှင် သတင်းဆောင်းပါရှင် တစ်ဦးက ‘အလုပ် ခေါ်စာ က စာပေ နယ်ကို စော်ကား နေ သလို တင်မက
ဘူး အား လုံး ရဲ့ ကိုယ်ကျင့် တရား ပါ စော်ကား နေသလို ပဲ ဟု ပြော သည်။

မြန်မာ စာ နယ်ဇင်း နယ်ပယ်တွင် စာပေချစ်စိတ် ကြောင့် မဟုတ်ပဲ ၀င်ရောက် လာသူများ မှာ စာရေးဆရာ
များ ၊စာနယ်ဇင်း သမား များ ကို အထင်သေးစိတ် ရှိသည်။ ၀န်ကြီးဟောင်း တစ်ဦး ၏ သား လုပ်ကိုင်သည့်
ဂျာနယ်တိုက် တစ်ခုမှာ မူ သတင်းထောက်များ၊အယ်ဒီတာ များ ကို အရေးမပေး ပဲ ကြော်ငြာ ဌာန (မားကတ်တင်း)
နှင့် သူကုမ္ပဏီ မှ တစ်ခြား ၀န်ထမ်း များ ကို သာ အရေး ပေး သောကြောင့် အစုလိုက် အပြုံ လိုက် နှုတ်ထွက်မှုများရှိ
ခဲ့ဖူးသည်။

ထင်ရှားသော ပန်းချီ ဆရာ တစ်ဦး ဦးစီး ထုတ်ဝေသည့် မဂ္ဂဇင်း တစ်စောင် တွင်မူ စာပင် ကောင်းကောင်း မရေးတတ်သည့်
ကြော်ငြာရှာ အမျိုးသမီး တစ်ဦး အား အယ်ဒီတာ အဖြစ်ခန့် ထားကာ ၀ါရင့် အယ်ဒီတာ အား အလုပ်ဖြုတ်ခဲ့ သော
သာဓက ရှိခဲ့ဖူးသည်။ထို မဂ္ဇင်း အား ထုတ်ဝေသူ က အယ်ဒီတာ ဆိုသည် မှာ ဆိုက်ကား သမား ပင် လုပ်၍ ရသည်
ဆိုသည့် အပြောမှာ လည်း နာမည် ကျော်စကား တစ်ခွန်း ဖြစ်ခဲ့ရသည်။

၂၀၀၀ ပြည့် နှစ်နောက် ပိုင်း ဂျာနယ် စာစောင် မဂ္ဇင်းများ ထုတ်ဝေခွင့် ရလာ ချိန် တွင် စာပေနယ်ထဲသို့ 
အကြောင်း အမျိုး ဖြင့် ၀င်ရောက် ခဲ့သူများ ကြောင့် စာပေ နယ်ပယ် တွင်ရပ်တည် နေသူ အချို့ ပင်
နာမည် ပျက်ခဲ့ရသည် ဟု သိရသည်။

ငွေကြေးတတ် နိုင်သူများ က စာရေး ဆရာများ နှင့် သတင်းထောက်များ၏ ငွေကြေးချို့ တဲ့မှု ကို အခွင့် ကောင်း
ယူက မောက်မာ ရိုင်းပျစွာ နှိမ်ချဆက်ဆံတတ်သည်။

သရုပ်ဆောင် မင်းအုပ်စိုး သည် မှော်ဘီ တွင် ရုပ်ရှင် ဗီဒီယို ရိုက် ကူးသူများ အတွက် စတူဒီယို ခေါ် ရိုက်ကူးရေး
ခြံ တစ်ခု ဆောက် လုပ်ထား သူဖြစ်ပြီး စီးပွားရေး သမား အချို့ နှင့် နီးစပ်ကာ ငွေမည်းမှ ငွေဖြူ အဖြစ် ခ၀ါချသူ
တစ်ဦး အဖြစ် လည်း ရုပ်ရှင် နယ်ပယ် တွင် နာမည်ကျော်ကြား သူ တစ်ဦး ဖြစ်သည်။

ထောက်လှမ်းရေး အရာရှိ အဖြစ်တာဝန် ထမ်းဆောင် ခဲ့သည့် ဗိုလ်မှုးကြီး တစ်ဦး ကို စ၇ဖ က ဖမ်းဆီး

ယခင် ထောက်လှမ်းရေး အရာရှိ အဖြစ် စစ်ကြောရေး လုပ်ငန်းတွေ မှ ဦးစီး လုပ်ဆောင်ရတဲ့
ဗိုလ်မှုးကြီး ရန်နောင်စိုး ကို ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်လောက်က စရဖ အဖွဲ့ ဝင် တွေ က စစ်မေး
စရာ ရှိ လို့ ဆိုပြီး ခေါ်ဆောင် သွား တာ အခုထိ ပြန်လည် မရောက်ရှိ သေးကြောင်း သူ့ ရဲ့ မိသား
အသိုင်း အ၀ိုင်း နဲ့  နီးစပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။

သူ့ ရဲ့ မိသားစု ၀င်တွေ ကတော့ သူပြန်မလာတဲ့ အတွက် စိတ်ပူနေရကြောင်း နဲ့ ဘယ်ကိုမှ
ဆက်သွယ်စုံစမ်း လို့ မရ ပဲ ခုနှစ်မိုင် ခွဲ အိမ်နား မှာ လည်း အစောင့် တွေ ချထားတယ် လို့ 
သူ့ မိသား စု ၀င် တစ်ဦး နဲ့ နီးစပ် သူ တစ်ဦးက ပြောသည်။

ဗိုလ်မှုးကြီး ရန်နောင်စိုး ဟာ ဗိုလ်ကြီး နဲ့  ဗိုလ်မှုး အဖြစ် တာဝန် ထမ်းဆောင် နေရစဉ် စစ်ထောက်လှမ်း
ရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရပြီး ၁၉၉၄ ခုနှစ် မှ ၂၀၀၀ ခုနှစ် အတွင်း နိုင်ငံရေး ပုဒ်မ၊
တရားမ၀င် ငွေကြေး ကိစ္စ တွေ ကို ဖမ်း ဆီး စစ်ကြောမေးမြန်းမှု တွေ မှာ ဦးဆောင် ခဲ့ရသူ တစ်ယောက်
ဖြစ်ပါတယ်။

စစ်ထောက်လှမ်းရေး မှာ တာဝန် ထမ်းဆောင် နေစဉ် ၂၀၀၁ ခုနှစ် တွင် တောင်ဥက္ကလာ ဂေါက်ကွင်း
အတွင်းရှိ ဘီယာ ဆိုင်တွင် အထက်အရာရှိ ထောက်လှမ်း ရေး တစ်ဦး နှင့် ပြဿနာ ဖြစ်ရာ မှာ စစ်တပ်
ဘက်မှ သူ့ ဆရာ ရင်း ဗိုလ်ချုပ် တစ်ဦးက စစ်တပ်ဘက်သို့ ပြန်လည် ပြောင်းပေး ခဲ့ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် ဒုတိယ ဗိုလ်မှုးကြီး ရာထူး အဖြစ်ရောက် ရှိပြီး နောက် စစ်ထောက်လှမ်း ရေး အုပ်စု
အား ရာထူး မှ ဖယ်ရှား ချိန် တွင် ခေတ္တ စစ်ဆေး မေး မြန်း ခံရသည်။

ဗိုလ်မှုးကြီး ရန်နောင်စိုး သည် နာမည် ကျော် မင်းသမီး ညီအမ များ၏ အကိုဝမ်းကွဲ ဖြစ်ပြီး သူ၏
ဆွေ မျိုး များ မှ အချို့ မှာ မြန်မာ စာနယ်ဇင်း နယ်ပယ်တွင် ၀ါသနာ အရ စာပေရေးသားမှု များ ကို
ပြုလုပ်သည်။

လက်ရှိ အဖမ်းခံရချိန်တွင် ဗိုလ်မှုးကြီး ရန်နောင်စိုး မှာ ရန်ကုန် တိုင်း စစ်ဌာနချုပ်၏
စစ်ဒေသ ကော်မတီ တွင် တာဝန် ထမ်းဆောင် နေသည် ဟု သိရသည်။

Wednesday, 30 June 2010

ထောက်လှမ်းရေး အကြီးအကဲ ဟောင်း အပါအ၀င် ရာထူးမှ ဖယ်ရှား ခံရခြင်းခံခဲ့ရသည့်  စစ်ဗိုလ်ချုပ် ဟောင်းများ ကို နေပြည်တော် တွင် ခေါ်ယူ တွေ့ ဆုံ

၁၉၉၇ ခုနှစ် မှ စ၍ ၂၀၀၅ ခုနှစ် အတွင်း ရာထူးမှ ဖယ် ရှားခံခဲ့ရသည့် ထိပ်တန်း စစ်ဗိုလ်ချုပ် အချို့ အား
ကာကွယ်ရေး ၀န်ကြီးဌာန ၏ အမိန့် ဖြင့် ဇွန်လ ၂၈ ရက်နေ့ က နေပြည်တော် သို့ ဆင့် ခေါ် ၍ မြန်မာ စစ်
ခေါင်းဆောင် နှစ်ဦး က တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။

၂၀၀၄ ခုနှစ်က အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရသည့်
စစ်ထောက်လှမ်းရေး အကြီး အကဲ နှင့် ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် လည်း ယခု တွေ့ ဆုံမှု တွင်
ပါဝင်သည် ဟု အမည်မဖော်လို သည့် နေပြည်တော်ရှိ အကြီးတန်း အရာရှိ တစ်ဦး က Freedom News Group
သို့ ပြောသည်။

ယခု တွေ့ ဆုံမှု တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ နှင့် ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး တို့ ၏
အမိန့် ဖြင့် ဆင့် ခေါ် တွေ့ ဆုံသည် ဟု ဆိုသော် လည်း Freedom News Group မှ အတည် ပြု နိုင်ခြင်း မရှိချေ။

ဗိုလ်ချုပ်ကြီး ခင်ညွှန့် အပါအ၀င် ဗိုလ်မှုးချုပ် အေဘယ်(လ)၊ ဗိုလ်ချုပ် ထွန်းကြည် နှင့် ဗိုလ်ချုပ် ကျော်ဘ
တို့ အပါအ၀င် ငါးဦး ထက်မနည်း ကို ခေါ် ယူ တွေ့ ဆုံခဲ့ခြင်း ဖြစ်ပြီး ထိုတွေ့ ဆုံမှု သတင်း အား ကာယကံ
ရှင် များ မှ လွဲ၍ မည်သူမှ မသိရ အောင် သိုသိပ် စွာ လုပ် ဆောင် ခဲ့သည် ဟု ဆိုသည်။

မြန်မာ စစ်တပ် မှ အရာရှိ ဟောင်း တစ်ဦးက ‘လွန်ခဲ့တဲ့ နှစ်လ လောက် ကတည်း ကလည်း ဗိုလ်သန်းရွှေက
ဗိုလ်ခင်ညွှန့် ကို နေပြည်တော် ကို ပြောင်း နေ ဖို့ ပြောထား တာ ကြားတယ်။ အခု တွေ့ တာကတော့ ၂၀၁၀
ရွေးကောက်ပွဲ အတွက် ဖြစ်ရင်လည်း ဖြစ်နိုင်တယ် ၊ရွေးကောက်ပွဲ အတွက် ဆိုတာ မှာ အကြံဥာဏ် တောင်းတာ
မျိုး မဟုတ်ပဲ သတိပေးတာ မျိုး ။ဒါမှ မဟုတ် ဗိုလ်ခင်ညွှန့် ပါတယ် ဆို တော့ လက်ရှိ ညူကလီးယား စတဲ့ လျို့ ဝှက်
သတင်း တွေ ပေါက်ကြား နေမယ့်  ထောက် လှမ်း ရေး နဲ့  လုံခြုံရေး ဟာကွက်
တွေ ကို ဖာ ထေး ဖို့ုဖြစ် နိုင်တယ် ဟု သုံးသပ် သည်။

ပြီးခဲ့သည့် လ က ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ ညွှန်ကြားချက် ဖြင့် ထောက်လှမ်း ရေး အကြီးအကဲ ဟောင်း
အား ၂၀၁၀ ရွေးကောက်ပွဲ နှင့် နယ်စပ် ဒေသ တိုင်းရင်းသား လက်နက် ကိုင်များ အရေး အား သဘောထား
အမြင် အစီရင် ခံစာ တင် ခိုင်ရန် ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ယခု ရွေးကောက် ပွဲတွင် တတိယ အုပ်
စု သည် အန္တရာယ် ကောင်များ ဖြစ်ကြောင်း(ရွေးကောက်ပွဲ တွင် အတိမ်းအစောင်း ဖြစ်ပါက ချက်ခြင်း အရောင် ပြောင်းမည့်  သူများ ဖြစ်ကြောင်း နှင့်) နယ်စပ် တိုင်ရင်းသား လက်နက် ကိုင် အရေး မှာ ရွေးကောက်ပွဲ မပြီး မချင်းမဆုံးဖြတ်သင့် ဟု ထိုစာ ကို ဖတ်ရှု ခဲ့ရသူ တစ်ဦး က Freedom News Group သို့ ပြောသည်။

တနင်္လာ နေ့ က ရာထူးမှ ဖယ်ရှားခံရသူ များ နှင့် တွေ ဆုံမှု တွင် ၎င်း တို့ မိသားစုများ ပါရှိပြီး ၊ဗိုလ်ချုပ်ကြီး ခင်
ညွှန့်  နှင့် အတူ ဒေါက်တာ ဒေါ်ခင်ဝင်း ရွှေ လည်း ပါရှိလာ သည် ဟု သိရသည်။ မြန်မာ စစ်ခေါင်းဆောင်များ
သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက်ပွဲ ၀င်ရန် စည်းရုံး နိုင်ခဲ့သည့်
အတွက် လွန်ခဲ့သည့် သုံးလခန့် မှ စ၍ နေအိမ်အကျယ်ချုပ် ဖြင့် ထားရှိခြင်း အမိန့် ထုတ်ပြန် ထားသော် လည်း
၎င်း ၏ သွားလာ မှု အချို့ အား မသိကျိုးကျွံ့ ပြုထားသည်။

နေပြည်တော် မှ လာသည့် သတင်းတစ်ရပ် တွင်မှု ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ဖယ်ရှားစဉ်က ထောင်ဒဏ်ကျ
ခံခဲ့ရသည့်သူ ၏ သား နှစ်ဦး ကို ပြန်လွှတ်ပေးမည် ဟု သတင်းရရှိသည်။ မြန်မာ စစ်ခေါင်းဆောင်သည်
သမ္မတ ဟောင်း ဦးနေ၀င်း ၏ သားမက် နှင့် မြေးများ ကို လည်း ပြန်လွှတ်ပေးရန် အသင့်ရှိနေသည် ဟု ဆိုသည်။

မြန်မာ စစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် နှစ်တစ်ဝက် ကျိုးသည်အထိ မည်သည့်နေ့ 
ရက် တွင် ကျင်းပမည် ဟု သတင်း ထုတ်ပြန် ခြင်း မပြုလုပ်ခြင်း ကြောင့် ရွေးကောက်ပွဲ ၀င်မည့် သူ များ စိတ်အနှောင့်
အယှက် ဖြစ်နေရသည် ဟု သိရသည်။

Friday, 18 June 2010

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့ ဉ် ရှားပါး ဓာတ်ပုံများ အား ဂါးဒီယန်း သတင်းစာတွင် ပထမ ဦးဆုံးအကြိမ်ဖော်ပြ

Unpublished Photo of Daw Aung San Suu Kyi

တစ်ကြိမ်တစ်ခါမှ ပုံနှိပ်ဖော်ပြခံရခြင်းမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံများ

၁၉၇၂ နှစ်သစ်ကူးနေ့  ချယ်ဆီးတရားရုံးဉ် မင်္ဂလာလက်မှတ်ရေးထိုးစဉ် မိုက်ကယ်အဲရစ် အသက် ၂၆ ဒေါ်အောင်ဆန်းစုကြည် အသက် ၂၅ Photograph: Private Aris Family Collection

ဒေါ်ခင်ကြည် ၊ဒေါ်အောင်ဆန်းစုကြည် ၊မစ္စတာ မိုက်ကယ်အဲရစ် နှင့် သားဦးလေး အလက်ဇန္ဒား ၁၉၇၄ ခုနှစ် ရန်ကုန် မြို့

1973 ခုနှစ် အောက်စဖို့ ဒ် တက္ကသိုလ် တွင် ပညာသင်ကြားစဉ်

လန်ဒန် နေအိမ်ဉ် မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနား ကျင်းပစဉ်က

၁၉၇၁ ဘူတန် နိုင်ငံ တာခ်(စ)တန် နှင်းတောင် ဘုရား ကျောင်း တွင် တိဘက် သမိုင်းပညာရှင် မိုက်ကယ် က ဒေါ်အောင်ဆန်းစုကြည် အား ချစ်ရေး ဆိုခဲ့စဉ်က

၁၉၇၁ ခုနှစ် ဘူတန် တွင် မြည်းပုလေး နှင့် အတူ

မိသားစု နှင့် အတူ ပျော်ပွဲစားထွက်စဉ်က

သားငယ်အလက်ဇန္ဒား နှင့် ကင်တို့ နှင့် ၁၉၈၀ အင်္ဂလန် တွင်

Monday, 14 June 2010

အခြေခံကျောင်းသားများ ပညာရေး စရိတ် မတတ်နိုင်သဖြင့် စာသင်ခန်း ကို ကျောခိုင်းကြ

ဟိန်းခိုင်ထွန်း။ ။ရန်ကုန်တိုင်း အပါအ၀င် နယ်မြို့ များ ရှိ အခြေခံပညာအဆင့် ကျောင်းသားများ သည် ပညာသင်
၂၀၁၀-၁၁ ပညာသင်နှစ်တွင် ချမှတ်လိုက်သော မူများအရ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား
များ အနေဖြင့် ပညာသင်ကြားမှု စရိတ်မတတ် နိုင်သောကြောင့် ကျောင်းပညာသင်ကြားရေး
မှ စောစီးစွာ ထွက်ခွာရသူများ ရှိသည် ဟု စုံစမ်း သိရှိရသည်။

ယမန်နေ့ က အခြေခံပညာ အထက်တန်း ဆယ်တန်း အောင်စာရင်း ထွက်ချိန်တွင် ကျရှုံးခဲ့သူများ
က ‘ကျွန်တော်တော့ နောက် နှစ် ပြန်တက် ဖို့ အစီအစဉ် မရှိ တော့ ဘူး ၊ကျူရှင် လည်း မယူနိုင်
ဘူး၊မီးစက် ဖိုးလည်း မတတ် နိုင်ဘူး ဟု အထက (၁) မြောက်ဥက္ကလာ မှ ကျောင်းသား တစ်ဦး
က Freedom News Group သို့ ပြောသည်။

ဇွန်လဆန်း က စတင်ဖွင့် လှစ်သည် ပညာသင်နှစ် ၏ အစဖြစ်သည့် တစ်လ မပြည့်ခင်မှာ ပင်
အထက်တန်း ကျောင်းသား တစ်ဦး ၏ ကျောင်းစရိတ် သည် ငါးသောင်း ကျော်သွားပြီ ဖြစ်
ကြောင်း ကျောင်းသား မိဘ တစ်ဦး ကပြောသည်။’နောက်နှစ် ပရိုက်ဗိတ် ကျောင်း တွေ စမယ်
ဆိုရင် ကျင့်သား ရအောင် လို့ ပေါ်လစီ တွေ ချိန်း တာ ‘ဟု အထက (၃)တာမွေ မှ ကျောင်းသား
မိဘ တစ်ဦးက ဆိုသည်။

အထက (၂) ရန်ကင်း မှ ဆယ်တန်းကျောင်းသား တစ်ဦးက ဆရာမ ကသူ့ ဆီမှာ ကျူရှင်
မယူရင် မကြိုက် ဘူး ၊မတတ်နိုင် လို့ သင်ရိုး ညွှန်း တမ်း အဟောင်း ၀ယ်တာ သူ့ ဆီမှာ
ကျူရှင် မယူ လို့ အဟောင်း မကိုင်ရဘူး လို့ ပြောတယ် ဟု အဆိုပါ ကျောင်းသား က
ကျောင်းတွင်း အခြေအနေ များ ကိုပြောပြသည်။

ရန်ကုန် နှင့် ပဲခူးတိုင်း ရှိ အခြေခံ ကျောင်း အများစု မှာ အလှုငွေများ ထည့်ဝင်ခိုင်းခြင်း
ကျောင်းသာယာလှပရေး၊အားကစားကွင်း အဆင့်မြှင့်ရေး၊ ရေသန့် စက်တပ်ရေး၊အ၀ီ
စိတွင်း တူးရေး ခေါင်းစဉ် မျိုးစုံဖြင့် အလှုငွေ ခံကြသည် ။

ကျောင်းဆရာ၊ဆရာမ များက ယခုကဲ့ သို့ ကျူရှင် ယူခိုင်းခြင်း၊အလှုငွေများ ထည့်ဝင်ခိုင်း
ခြင်း တို့ သည် ပုဂ္ဂ လိက ပညာသင် ကြားရေးစနစ် သို့ ပြောင်းမည် ဟု သတင်းထွက်ပေါ်
နေ သည့် ကျောင်းများ တွင် ပို၍ ဆိုးသည် ဟု သိရသည်။

ကျောင်းသားများ၏ ပညာ သင်ကြားစရိတ်မြင့်မား မှု ကြောင့် အထက်တန်း အဆင့်
ကျောင်းသား များက ကျောင်း အချို့ တွင် အလှုငွေ မပေးရေး-ကျူရှင် မတက်ရေး
ဆော်သြမှု များ လုပ်နေသည် ။

ယခင် သီတင်တစ်ပတ် က အခြေခံပညာ ကျောင်းသား သမဂ္ဂ နှင့် ရန်ကုန်ခရိုင် ကျောင်း
သားသမဂ္ဂ တို့ က ဦးဆောင်ကာ အပို ပညာသင် ကြေး လျှော့ ချရေး စာများ ဝေငှခဲ့သည်။

အမေရိကန် တွင် K-12 ဟု ခေါ်သည့် အခြေခံပညာ (High School)ပညာ သင်စရိတ်မှာ
အခမဲ ဖြစ်သည့် ပြင် နံနက်စာ နှင့် နေ့ လည်စား စရိတ် နှင့် ကျောင်းကြိုပို့ စရိတ် ပါအခမဲ့
ဖြစ်သည်။ အသက် ၁၈ နှစ် အောင် မည်သူ မဆို ပညာရေး အခမဲ့ သင်ယူ ခွင့်ရှိ ပြီး မြန်မာ
နိုင်ငံမှ ရွှေ့ပြောင်း လာကြသည့် ဒုက္ခသည် များ ၏ သားသမီးများ ပါ လွတ် လပ်စွာ ပညာ
သင်ယူ နိုင်သည်။

အခြား နိုင်ငံများတွင် လည်း အထက်တန်းထိပညာ ရေးမှ အခမဲ့ ဖြစ်ပြီး အမေရိကန်
နှင့် ဥရောပ နိုင်ငံ အချို့ တွင် ဆင်းရဲ သော ကျောင်းသား ၏ မိဘ (သို့ မဟုတ်) အုပ်
ထိန်းသူ ကို အစားအသောက် အ၀တ်အထည်ထောက်ပံ့ခြင်း ၊အလုပ်အကိုင် ရှာဖွေ
ပေးခြင်း၊အိမ်တိုင်ယာရောက် လိုအပ် သည်များ ကိုကူညီခြင်း တို့ အား လုပ်ပေး
သည် ။