Pages

Subscribe
Showing posts with label စက်တင်ဘာထာဝရ. Show all posts
Showing posts with label စက်တင်ဘာထာဝရ. Show all posts

Friday, 23 April 2010

X2O ရေကစားမဏ္ဍပ်တွင်ဗုံးပေါက်ကွဲမှု ကြောင့်ပြင်းထန်စွာဒဏ်ရာရခဲ့သောအမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုသေဆုံးသွားပါပြီး



ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌ သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့် ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။


အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ် (၄) စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို အခုလို ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး အုန်းချို ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ တွေနဲ့ ရောက်လာ ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး ဗိုလ်မှူးကြီး အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက် ခဲခဲ ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။


မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊ ဒဏ်ရာပြင်းတာက ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော် ထိသွားပါတယ် ၊ အခု ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။ ကျွန်တော် သိရ သလောက်တော့ အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။

၎င်းသတင်း၏နောက်ဆက်တွဲကိုတော့ ယနေ့တွင်(DVB)သတင်းဌာန မှ ဒဏ်ရာပြင်းထန်စွာ ရခဲ့သော အမှတ်(၄) စစ်ဒေသမှူး၊ဗိုလ်မှူးကြီးအုန်းချိုသည် ၊ နှစ်ဆန်းတရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် ဟု(DVB)ရုပ်မြင်သံကြားသတင်းမှ သတင်းဖော်ပြပြောဆိုသွားပါသည်.။ မြတ်လေးငုံအားကျေးဇူးတင်ပါသည်.....

Tuesday, 20 April 2010

စာရေးဆရာ လင်းယုန်မောင်မောင် (ကွယ်လွန်) ၏ သားဖြစ်သူ ဦးဇေယျနှင့် သူ၏ သားဖြစ်သူ စည်သူဇေယျအား ရဲက မေးမြန်းရန် ခေါ်ဆောင်သွားကြောင်း




ရန်ကုန် ကန်တော်ကြီးကန်ပတ်လမ်း ဗုံးပေါက်ကွဲမှုကို ဓါတ်ပုံရိုက်ကူးခဲ့မှုနဲ့ စာရေးဆရာ ပန်းကြီးဆရာ တစ်ဦးဖြစ်တဲ့ ဦးဇေယျ ခေါ်ကလောင်နာမည် သကြီးမောင်ဇေယျနဲ့ သားဖြစ်သူ ကိုစည်သူတို့ကို အာဏာပိုင်တွေက ဧပြီလ ၁၇ ရက်နေ့မှာလာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စာရေးဆရာ သားကြီးမောင်ဇေယျဟာ နိုင်ငံရေးအကျဉ်းဟောင်းတစ်ဦးဖြစ်နေတဲ့ အတွက် အခုလို စစ်အာဏာပိုင်းတွေက အညိုအတေးထား ဖမ်းဆီးတယ်လို့ ယူဆကြောင်း ရန်ကုန် နိုင်ငံရေးအသိုင်းကပြောနေကြပါတယ်။
မိသားစုဝင်တွေနဲ့ နည်းစပ်တဲ့ သတင်းအရ ဆိုလိုရှင်ရင်တော့ ဦးဇေယျနဲ့သူသားကိုစည်သူပေါ့နော် သူတို့တွေက သင်္ကြန်မဏ္ဍပ်ကို သွားရင်နဲ့ ခုလို့မျိုး ဗုံးပေါက်တယ်ပေါ့ ဗုံးပေါက်တဲ့အခါကျတော့ သူတို့လက်ထဲမှာ လည်းပဲ ဒိမိုဘိုလ်ဖုန်းရှိနေတဲ့ အခါကျတော့ သူတို့ဓါတ်ပုံရိုက်ယူတယ် ဆိုပြီး သူတို့ကို အခုလို့ဖမ်းဆီးတာပါ ကျွန်တော်အမြင့်ပြောရရင် ဒီပြင်လူတွေမှာလဲ မိုဘိုလ်ဖုန်းတွေရှိနေကြတာပါပဲ ဒီသတင်းက သူတို့ကြောင်း အင်တာနက်စာမျက်နှာတွေတက်လာတာ မဟုတ်ပါဘူး ဘာကြောင်း ဒီလို့လုပ်တယ် ဆိုတာကို ပြောဖို့ခက်ပါတယ် .
သူတို့အတွက် အရမ်းစိုးရိမ့်မိပါတယ် ဦးဇေယျဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ အတွက် စစ်အာဏာရှင်တွေက ရည်ရွယ်ချက်ရှိရှိ ဖမ်းတယ်လို့မြင့်ပါတယ် သူတို့ကို အခုလို့ဖမ်းဆီးပြီး မိသားစုတွေကို အသိမပေးခဲ့ဘူး ဒီအတွက် အထူးစိုးရိမ့်ပါတယ် အကျဉ်းစခန်းမှာ သူတို့နှိပ်စက်တာတို့ ဘာတို့လုပ်လာနိုင်တဲ့ အတွက် မိသားစုတွေက အထူးစိုးရိမ့်နေပါတယ် ..
ကျွန်တော်အမြင့်ကတော့ စစ်အာဏာရှင်တွေဟာ အခုမှာ ဒီလို့လုပ်ရက်တွေလုပ်လာတာမဟုတ်ပါဘူး အရင်ကလဲ ဒီလို့လုပ်တွေလုပ်ပြီး အပြစ်မဲ့တဲ့သူတွေကို ဖမ်းဆီးတာတွေလုပ်တော့ ကျွန်တော်ပြည်သူတွေရဲ့ ဘ၀ကို ဘယ်သူမှာ မစာနာတော့ဘူးလားလို့မေးချင်းပါတယ် စစ်အာဏာရှင်တွေ ကြောင်း အပြစ်မဲ့တဲ့ပြည်သူတွေ သေးခဲ့ရတာများပါပြီး အခုလည်း လုပ်တဲ့လူကိုတော့ မိအောင်မဖမ်းဘူး အပြစ်တဲ့သူတွေကို ဖမ်းထားတာ ၁၀၀၀န့်ကျင့်လောက်ရှိပါတယ် ..........
ဦးဇေယျတို့သားဖကို ဘယ်မှာဖမ်းဆီးထားလည်း ဆိုတာကို အာဏာပိုင်းတွေက အကြောင်းမကြားသေးပါဘူး သူတို့နဲ့ ဖမ်းဆီးထားတဲ့ သူတွေကို အမြန်ဆုံးပြန်လွတ်ပေးပါလို့တောင်းဆိုခြင်းပါတယ်
ပေးပို့သူအားကျေးဇူးတင်ပါသည်.......စက်တင်ဘာထာဝရ

အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို ရရှိသော ဗုံးဒဏ်ရာ များအား စင်ကာပူတွင် သွားရောက် ကုသရန် ကြိုးပမ်းနေ




ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌ သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့် ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။ အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ် (၄) စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို အခုလို ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး အုန်းချို ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ တွေနဲ့ ရောက်လာ ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး ဗိုလ်မှူးကြီး အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက် ခဲခဲ ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။ မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊ ဒဏ်ရာပြင်းတာက ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော် ထိသွားပါတယ် ၊ အခု ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။ ကျွန်တော် သိရ သလောက်တော့ အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။

တိုင်းမှူး တို့ ကျမ်းမာရေး ၀န်ကြီးတို့တော့ ဗိုလ်မှူးကြီး အုန်းချိုကို လာကြည့်ကြတယ်။ ဗိုလ်မှူးကြီး အုန်းချို မိသားစုတွေ ကတော့ ဒီမှာ အခြေအနေ မကောင်းတဲ့ အတွက် အရင်က နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း သွားကုတဲ့ စင်ကာပူက ဆေးရုံကို သွားကုဖို့ ကြိုးစားနေကြတယ် ဟု ဗိုလ်မှူးကြီး အုန်းချို မိသားစု နှင့် နီးစပ်သော အသိုင်း အ၀ိုင်း ထံမှ သိရှိ ရပါသည်။

နောက်ဆုံး ရရှိသော သတင်း အရ ဗိုလ်မှူးကြီး အုန်းချိုကတော်မှ တိုင်းမှူးကတော်ကြီး မှ တဆင့် တိုင်းမှူး အား အသနားခံပြီး ဗိုလ်မှူးကြီး အုန်းချိုအား စင်ကာပူ ဆေးရုံတွင် သွားရောက်ဆေးကုသခွင့် ရရှိရန် ကြိုးစားနေကြောင်း သတင်း ရရှိပါသည်။
ဟံသာဝတီ

Saturday, 17 April 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် အင်းလျားကန်ဘောင်အနီးမှာဆုတောင်းမေတ္တာပို့ငါးလွှတ်ဆုတောင်းဓါတ်ပုံမှတ်တမ်း




ယနေ့ကျရောက်တဲ့မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် အင်းလျားကန်ဘောင်အနီးမှာဆုတောင်းမေတ္တာပို့ငါးလွှတ်ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။

Monday, 12 April 2010

ပြည်တွင် မှာ ဆူပှုမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောဆိုသံများ နဲ့ပတ်သတ်ပြီး ပြည်တွင် လူငယ်တစ်ဦးရဲ့ပြောဆိုချက်များ ...........


နေမင်းသိန်းရာဇာ.။ အစ်ကို ပြောသလို့ ဆူပူမှု တခုဖြစ်လိမ့်မယ် ဆိုတာကို ဘာကြောင်း ပြောနိုင်တာလဲ ပြီးတော့ အစ်ကို သုံးသပ်ချက်ကို အကျဉ်းချုံးပြီးရှင်ပြပေးပါအစ်ကို

မောင်း ။ ဒီလိုပါ အဖွဲ့ချုပ် ကရွေးကောက်ပွဲ မ၀င်ဖို့ဆုံးဖြတ်ထားတယ် ၊ သတ်မှတ်တဲ့ အချိန်အတွင်းမှာ မှတ်ပုံမတင်ခဲ့ရင် ပါတီတခုက တရားမ၀င်တော့ဘူးလေ ၊ ဒီတော့ သူတို့က သတ်မှတ်ချိန်ထိ စောင့်ပေးမယ် ၊ ကျော်သွားရင် သူတို့ ရဲ့အလွန်မဟုတ်ဘူးဆိုပြီး ပါတီကို ဖျက်ခိုင်းမယ်မဖျက်ရင် သူတို့က မတရားအသင်းကြေငြာမယ်ပါတီဆိုင်းဘုတ်တွေကို အင်အားသုံးပြီး ဖြုတ်ချမယ်NLD တွေကို လမ်းမပေါ်ထွက်အောင် လုပ်မယ်ထွက်ြပီးဆိုတာနဲ့ ဆူပူအောင် လုပ်တော့မယ်လွယ်လွယ်လေးပါ သူတို့အကြံရှင်းပါသလား

နေမင်းသိန်းရာဇာ ။ ရှင်ပါတယ် အစ်ကို ကျွန်တော်သိချင်းတာက တစ်ကယ်လို့ အဖွဲ့ချုပ်ကို အဲဒီလို့လုပ်လာရင် ပြည်သူတွေက ငြိမ်းခံနေပမလားအစ်ကို ပြည်သူတွေကို အစ်ကို ဘယ်လို့မြင့်ပါလဲကျွန်တော် အမြင့်ကတော့ ပြည်သူတွေက ကြောက်နေကြပြီး အစ်ကို

မောင် ။ဟုတ်ပါတယ်သူတို့ကတော့ မဆူ..ဆူအောင်လုပ်ပါလိမ့်မယ်လူတွေကတော်တော် ကိုကြောက်နေကြပါတယ်အဓိက..က စားဝတ်နေရေးထိခိုက်မှာကို ကြောက်နေကြတာပါ.

နေမင်းသိန်းရာဇာ ။ အခု လက်ရှိအနေ့ထားကို အစ်ကို ဘယ်လို့မြင့်ပါလဲ စစ်တပ်အတွင်းကလည်း ပြောင်လွှဲတွေဖြစ်လာမယ် လို့ မြင့်ပါလား အစ်ကို

မောင်။စစ်တပ်အတွင်းပြောင်းဖို့လုံးဝမရှိပါဘူးလက်ရှိအနေအထားကတော့ပေါက်ကွဲတော့မယ့်မီးတောင်ကြီးတခုလိုပါပဲစစ်တပ်အတွင်းပြောင်းလဲအောင်ကြိုးစားနိုင်သူမရှိတဲ့အတွက်ပါကြိုးစားဖို့ကိုလဲအခွင့်အလမ်းပေးမှာမဟုတ်ဘူးသူတို့ဒီလိုပုန်ကန်မှုတွေဖြစ်ခဲ့ရင်နှိမ်နှင်းဖို့operationလုပ်ထားပြီးသားပါနအဖစစ်အစိုးရကိုလုံးဝလျှော့တွက်လို့မရပါ။မက်လောက်အောင်လဲစည်းစိမ်တွေပေးထားတယ်လေတခြားမ
ကြည့်ပါနဲ့  S 1 ကိုပဲကြည့်ပါလေ။


နေမင်းသိန်းရာဇာ။နောက်ဆုံးအနေနဲ့ပြည်တွင်းပြည်ပကရဟန်းသံဃာတွေကျောင်းသားပြည်သူတွေကို ဘာပြောချင်းပါလဲအစ်ကို

မောင်။စည်းလုံးညီညွတ်မှုကအရင်းခံပဲလေဒီတော့ရဟန်းရှင်လူပြည်သူအားလုံးတစည်းတလုံးထဲညီကြမယ်ဆိုရင်ဘယ်လောက်ဆိုးရွားတဲ့အာဏာရှင်ဖြစ်ပါစေအရှုံးပေးကြရမှာပါအောက်တိုဘာရုရှားတော်လှန်ရေးကိုနမူနာပြုသင့်ပါတယ်နောက်ဆုံးပြည်သူလူထုအားလုံးကိုပြောချင်တာကသတ္တိသွေးရဲရဲ မွေးပြီး ညီညွတ်စွာတိုက်ပွဲစင်သွားကြပါလို့ပြောချင်ပါတယ် အီမေလ်သို့ပေးပို့လာချင်းကို ဖော်ပြပါသည်........



စက်တင်ဘာထာဝရမှကူးယူဖော်ပြသည်