Monday, 19 November 2007
C-Box
Niknayman: ဒီနေ့ မနက်က ဒေါ်အောင်ဆန်းစုကြည်ကို နအဖက နိုင်ငံတော်ဧည့်ဂေဟာကို ခေါ်သွားတယ်လို့  ကြားရပါတယ်။ ခေါ်ဆောင်ရခြင်းအကြောင်းရင်းကိုတော့ မသိရှိရသေးပါ။
Niknayman: နယ်မြို့ ဒေသတွေမှာရှိတဲ့ ရဟန်းတော်တွေကို ရန်ကုန်မြို့ တွင်းကို ဆေးကုသဖို့  ဆရာဝန်လက်မှတ်နဲ့ လာတာကလွဲရင် ရန်ကုန်မြို့ တွင်းကို နအဖအုပ်စုတွေက ၀င်ခွင့်မပေးဖူးလို့  သိရပါတယ်။ ဆရာဝန်လက်မှတ်တို့  ဆေးရုံကစာတို့ ပါမပါကို ဘူတာရုံတွေ ဘတ်စ်ကားမှတ်တိုင်တွေမှာ စစ်ဆေးပြီး ဘယ်ဘုန်းကြီးကျောင်းမှာတည်းမှာနဲ့  ဘယ်ကျောင်းတိုက်ကလာတာလည်းဆိုတာတွေကို စစ်ဆေးမေးမြန်းပါတယ်။ ဒီလက်မှတ်တွေမပါရင် ရန်ကုန်မြို့ မှာနေခွင့်မပေးဘဲ ရောက်တဲ့ဘူတာရုံ ဘတ်စ်ကားဂိတ်ကနေ လာတဲ့အရပ်ကို ချက်ချင်းပြန်ခိုင်းပါတယ်။ ရခိုင်ပြည်နယ်မှ ရဟန်းအပါး (၅၀) ခန့် ဟာ လက်မှတ်မပြနိုင်လို့  ရန်ကုန်ဘူတာရုံကနေ လှည့်ပြန်သွားရပါတယ်။
Niknayman: ဗိုင်းရပ်စ်သတိပေးချက် - အီးမေးလ် attachment ဖိုင်အဖြစ် "message.scr" ပါလာသော အီးမေးလ်စာအား လုံးဝမဖွင့်ရန် သတိပေးအပ်ပါသည်။ ဗိုင်းရပ်စ်အီးမေးလ်ဖြစ်ပါသည်။
မိုးသီး: (၂၁)ရက်နေ့တွင် စင်္ကာပူနိုင်ငံတွင်ကျင်းပမည်ဖြစ်သော အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့အရေးကို အလေးပေး ဆွေးနွေးရန်အတွက် ကုလအထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီတက်ရောက်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ NHK သတင်းဌါနမှ ကြေညာခဲ့ပါသည်။
ကောင်းကင်ကို: OTAL Company ရဲ့  မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆန့် ကျင်ဆန္ဒပြတဲ့အနေနဲ့ MIKE ROBERTSON ဆိုသူဟာ EIFFEL TOWER ကို ဒီလထဲမှာတက်ခဲ့တဲ့ Videoကြည့်ဖို့  http://kaungkinko.blogspot.com
ကိုရင်လွဏ်းဆွေသို့ အိတ်မပါဘဲ ပေးတဲ့စာ (၁၉-၁၁-၂၀၀၇)
သတင်းတွေ ဖတ်ရတာလဲ တယ်ဆိုးသား ကိုရင်လွဏ်းဆွေ …
ဘယ့်နှယ် ကျောကုန်းမှာ လက်အုပ်ချီထားတဲ့ ဆေးမှင်ကြောင်ရုပ် တွေ့တာနဲ့ ပထွေးနဲ့ နှမ သံဝါသ လုပ်နေတာ တွေ့သလိုတွေ ပုလိပ်များ၊ ကြံ့ဖွတ်များ ၊ န.အ.ဖ လက်ကိုင်တုတ်များက ထွန့်ထွန့်လူးကြသကိုး။
ကလေးတွေက သူတို့ဟာ သူတို့ စင်တင်ဖြေဖျော်ပွဲလေး သွားကြည့်ကြတယ်။ အဆိုတော် ချာတိတ်ကလည်း အပြတ်ဟော့မယ် ဒန့်မယ် ဆိုပြီးတော့ နိုင်ငံခြား စင်တင်တေးဂီတ ပွဲတွေမှာလို အပြတ်အင်္ကျီချွတ် မိုက်ကရိုဖုန်းကိုကိုင် နံရိုးတွေ အပြိုင်းသားကြွားပြီး ဟစ်မယ်လုပ်တုန်း …။
ဘယ့်နှယ်လဗျာ… ဒီလို လက်အုပ်ချီတာကို ဖော်ထားတဲ့ ဆေးမှင်ကြောင် မြင်တာနဲ့ မျက်စိမျက်နှာပျက် တက်ဖမ်းမယ် လုပ်နေရင်တော့ ရပ်ကွက်ထဲက ဓမ္မစင်္ကြာ အသင်းသူတွေတောင်မှ လူမြင်ကွင်းမှာ အဆွဲခံရတော့မယ့် အနေအထား ရှိနေပြီလဗျို့၊ မိညှက်တို့ ဖြူတုတ်တို့ ရွစိတို့ကိုတောင် ဓမ္မစင်္ကြာ ညနေဖက် လှည့်မရွတ်ခိုင်းရဲဘဲ တွေ့တဲ့ မွတ်တားနဲ့ ပေးစား၊ ဘွန်ဟောင်းနဲ့ ပေးစား၊ ပေါလူနဲ့ ပေးစားပြီး သူတို့ လုံခြုံရေးအတွက် ဘာသာပါ ပြောင်းခိုင်းရတော့မယ့် ပုံပါလား ဟရို့…။ မနိပ်သေးဘူး…နောက်များဆို ဘုရားရှိခိုးရင် ငါးချက်၊ ပုတီးစိပ်ရင် ထောင်ငါးနှစ်၊ တရားထိုင်ရင် သေဒဏ်များ ချမှတ်နေမလား မသိဘူးဗျို့…။
သန်းရွှေကြီးကလည်း လမ်းပြမြေပုံကို တင်းတင်းဖက်ကို ထားတာပဲ။ လွှတ်နိုင်ဘူးအေ…ဘယ်သူတွေ ဘာပဲပြောပြော ဒါကြီးဖက်ပြီးတော့ပဲ သေရသေရ ဆိုသလိုမျိုး။
အာစီယံအဖွဲ့ဝင် နိုင်ငံတွေကိုတော့ တချိန်မှာ ဆယ်စုနှစ် တခုလောက်ကို ဆက်ဆံရေးဖြတ် ခပ်တင်းတင်း ဆက်ဆံဖို့ လိုအပ်ကောင်း လိုအပ်လာလိမ့်မယ်။ တိုင်းပြည်ကို ကိုယ်ထူကိုယ်ထစနစ်နဲ့ အတူ လက်ရှိ အခြေအနေမှာ မြန်မာပြည်အတွက် တကယ်သဘောထားမှန်ပြီး ဒီမိုကရေစီစနစ် ထူထောင်ဖို့ လိုလားကူညီသူတွေ မဟုတ်တဲ့ တိုင်းပြည်မှန်သမျှကို အနာဂတ် မြန်မာပြည်ရဲ့ နိုင်ငံခြားရေးမှာ ခပ်တင်းတင်း ဆက်ဆံရမယ် (ကျုပ်ကလည်း အာနေလိုက်တာနော်၊ ဒါတွေကတော့ ပြည်သူက ရွေးကောက် တင်မြှောက်ထားသူတွေ စဉ်းစားရမယ့် အလုပ်ပေါ့)။
ကဲ … ထမင်းလေး တအိုး ချက်လိုက်ဦးမယ်ဗျာ။ နောက်များမှပေါ့ ကိုရင်လွဏ်းဆွေရေ…။
တုတ်ကြီး (ခေတ္တ တာဝတိံသာ)
Saturday, 17 November 2007
DVB Latest News
Saturday Evening BBC News
| Senior general Than Shwe reaffirms democracy roadmap plan |
Senior general Than Shwe reaffirms democracy roadmap plan
The head of the military authorities running Burma, senior general Than Shwe, says his government's seven-step road map to democracy is the only possible path to political reform.
The general defended his record and described the military administration in Burma as a necessary, transitive government.
His comments follow efforts by a United Nations envoy to promote dialogue between the military government and the party of the detained opposition leader, Aung San Suu Kyi.
Speed up democratisation, China tells Burma
| China urges Burma to speed up democratisation |
China has urged the Burmese military government to speed up the democratic reforms.
A report by the official Chinese news agency (Xinjua) on the visit of deputy foreign minister, Wang Yi, said he'd reaffirmed Beijing's support for efforts to promote reconciliation in Burma and improve the livelihoods of its people.
The agency quoted the Burmese side as pledging to take positive and pragmatic steps to accelerate the seven-step process of democratisation begun by the military government, which is now at its third stage.
Also in the news:
-Pro-democracy march by Oxford students from Oxford to London
-Interview with NLD information officer U Nyan Win
-Interview with U Aung Naing Oo on dialogue between Burmese government and the opposition
C-Box news
ရခိုင်ပြည်နယ်တွင် ဒီကနေ. နအဖ စစ်တပ်မှ တပ်ကြပ်အဆင့်ရှိသူများ ကလေးငယ်များကို နေ၀င်မိုးချုပ်ကိုစောင့်ပြီး အတင်းခေါ်ယူဖမ်းဆီးနေသည်ဟု သိရ။
ဖခင်ဆုံးပါးသည်အထိ တွေ.ခွင့်မရသော မဖြူဖြူနဲ. ဆက်သွယ်မေးမြန်းချက်
http://www.voanews.com/burmese/upload/17Nov07am_MaPhyuPhyuThin_kt_.pdf
တရုတ်ကွန်မြူနစ်အစိုးရ၏ အိုလံပစ်ပွဲတော်အား သပိတ်မှောက်ပွဲ သြစတေလျတွင် ကျင်းပကြောင်း သိရှိရ။ http://niknayman.blogspot.com/2007/11/blog-post_8135.html
myomyintaungmm.blogspot.com တွင် နိုင်ငံရေးသီးချင်းအသစ်များတင်ထားပါသည်
