Pages

Subscribe

Sunday, 2 December 2007

သားသုံးသား ရှင်းလင်းရေး နောက်ဆက်တွဲ


အများ သိကြတဲ့ အတိုင်းပါပဲ။ နအဖက သူ့လမ်းစဉ်အတိုင်း သားသုံးသား ရှင်းလင်းရေးကို သေချာစွာ အကောင်အထည် ဖေါ်ဖို့လမ်းစဉ်ကို တစိုက် တမက်မက် လုပ်ဆောင်နေပါပြီ။

ကျောင်းသားတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေကို နှိပ်စက်၊ ညှင်းပမ်း သတ်ဖြတ်ပြီး ထောင်ထဲထည့်ရှင်းလင်း နည်းတွေကို သုံးခဲ့ကြပါတယ်။ နောက်တခါ ဘုရားသားတော်တွေကို သတ်ဖြတ်၊ ဖမ်းဆီး ထောင်ထဲထည့်ပြီးတဲ့ အပြင် ကျောင်းကို အဓမ္မ သိမ်းယူတဲ့ အထိပေါ်ပေါ်ထင်ထင်ထင် ရဲရဲတင်းတင်း သာသနာတော်ကို စော်ကား ရှင်းလင်းနေပါတယ်။

အခုနောက်ဆုံး အနေနဲ့ကတော့ ကျန်နေတဲ့ စစ်သား(သံဃာတော်တွေကို သတ်ဖြတ်တဲ့ အထဲမှာ ရှေ့တန်းက ပါဝင် ခဲ့တဲ့ စစ်သား)တွေကို ရှင်းဖို့သာ ကျန်ပါတော့တယ်။ ဒီတော့ .... ဘယ်လို ရှင်းမလဲ ....

ကျွန်တော်ကတော့ နအဖနေရာမှာ ခဏ ၀င်ပြီး Braistorming လုပ်ကြည့်ပါတယ်။ အောက်ပါ နည်းလမ်းတွေကို စဉ်းစားမိပါတယ်။

အကြီးအကဲ ရာထူးရှိတဲ့ လူတွေကို မတန်မရာ အခွင့်အရေးပေးပြီး ပါးစပ်တွေကို ပိတ်ပါမယ်။ အကျင့်ဖျက်ပါမယ်။ ဒီတော့ အဆိုပါ ရာထူးရတဲ့လူက ရထားတဲ့ အခွင့်အရေးတွေ လက်လွတ်မခံရလေအောင် နအဖကို သစ္စာစောင့်သိပါတော့တယ်။ သစ္စာ မစောင့်သိခဲ့ရင်လည်း သူတို့ပေးထားတဲ့ အခွင့်အရေးတွေကို သုံးထားပြီးတာကြောင့် အကျင့်ပျက်နေပါပြီ။ အဲဒီလို အကျင့်ဖျက်ခံထားရပြီး အကျင့်ပျက်တဲ့ အတွက် အဲဒီ အမှုတွေနဲ့ ဖမ်းဆီး ထောင်ချ၊ အလုပ်ဖြုတ် အရေးယူပါတယ်။ မိသားစု အထိပါ လိုက်လံ ဒုက္ခပေးပါတော့တယ်။ ဒါကတော့ ရာထူး အကြီးပိုင်းကိုပါ။

နောက်တစ်ခုက ရာထူး မရှိတဲ့ အခြေခံ စစ်သားတွေ၊ သေနတ်ကိုင်ပြီး သံဃာတော်တွေကို ဖြိုခွင်းခဲ့တဲ့ စစ်သားတွေကို ရှင်းလင်းဖို့ကတော့ အခြားနည်းကို ကြံစည်ရပါတော့တယ်။ ဒါကတော့ အသက် အန္တရာယ်ပေးတဲ့ နည်းသာ ရှိပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သာမန် စစ်သားတစ်ယောက်ကို အခွင့်အရေး မပေးနိုင်လို့ပါပဲ။ ပေးခဲ့ရင် တပ်ထဲမှာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

ဒီတော့ ဘယ်လို လုပ်ကြံမလဲ ...နည်းလမ်းဟောင်းကို ပြန်သွားရပါတော့မယ်။ ၈၈ အပြီး မဲသဝေါ၊ မာနယ်ပလော တိုက်ပွဲတွေကို မှတ်မိကြဦးမှာပါ။ သေလိုက်တဲ့ စစ်သားတွေ တပ်တစ်ခုလုံးပါ ပြုတ်ခဲ့တာတွေ ... ။ အဲဒီတပ်တွေက ဘယ်က တပ်တွေပါလဲ .. ။ ၈၈မှာ ရှေ့တန်းက ပြည်သူတွေကို သတ်ခဲ့တဲ့ ၂၂ လို တပ်တွေပါပဲ။ အခု အခါ ၈၈ မှာ ပြည်သူတွေကို သတ်ခဲ့တဲ့ ၂၂ တပ်က လက်ကျန် စစ်သားဆိုတာ မရှိသလောက်ကို ဖြစ်သွားတာ အားလုံး အသိပါ။ သူတို့အတွက် အန္တရာယ် ပေးနိုင်တဲ့ စစ်သားတွေကို ဒီနည်းတွေနဲ့ ရှင်းပါတော့တယ်။

အခု အခါ ... နောက်ဆုံး သတင်းအရ KNU ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေပြန်ပါပြီ။ သံဃာတော် တပါး KNU လက်ချက်နဲ့ ပျံလွန်တော်မူသွားတယ်ဆိုတဲ့ သတင်းကို သတင်းစားတွေထဲ အရှက်မရှိ လိမ်လည်နေပြန်ပါတယ်။ သတင်း မှန်၊ မမှန်ကို ကျွန်တော် မသုံးသပ်လိုတော့ပါ။ အနည်းဆုံး စက်တင်ဘာမှ ပျံလွန်တော်မူသွားခဲ့တဲ့ သံဃာအရေ အတွက်နဲ့ သတင်းကို ဘာလို့ မထုတ်ပြန်ပဲ၊ အခုကျမှ ဘယ်သူမှ မသိတဲ့ နယ်စပ်က သံဃာတော် တပါး ပျံလွန်တော် မူတာကို(မှန်ချင်မှ မှန်နိုင်ပါမည်။ သူတို့ သတ်တာလဲ ဖြစ်နိုင်ပါသည်။) ရေးကြီးခွင်ကျယ် သတင်းလုပ်ရေးနေရပါသလဲ .... ။ အဖြေက ရှင်းပါသည်။ တပ်မ ၆၆ ကို KNU နှင့် စစ်သွားတိုက်ခိုင်းရန် ကြံစည်နေသောကြောင့်သာ ဖြစ်ပါတော့သည်။ သားသုံးသား ရှင်းလင်းရေးနောက်ဆက်တွဲ စစ်သား ရှင်းလင်းရေး အစီအစဉ်ဖြစ်ပါတယ်။

အခုလို လုပ်ခြင်းအားဖြင့် တချက်ခုတ် နှစ်ချက်ပြတ်ပဲ ခေါ်ခေါ်၊ ငှက်တကောင်ကို ခဲတလုံးနဲ့ ပစ်တယ်ပဲ ဆိုဆို၊ နအဖက တပြိုင်တည်း အလုပ် ၂ ခုကို လုပ်လိုက်တာပါပဲ။ စစ်သားတွေကို ရှင်းလင်းရေးအပြင် ပြည်တွင်းက ပြည်သူတွေအနေနဲ့ သူတို့ အဓမ္မလုပ်ကိုင်နေသော သာသနာ ဖျက်ဆီးရေး လုပ်ငန်းတွေကို သတိမမူမိအောင် အာရုဏ်လွှဲပြောင်းရန် တပြိုင်နက် လုပ်ဆောင်နေကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

မြန်မာမိန်းကလေးဓါတ်ပုံများအား အလွဲသုံးစားလုပ်နေသော နအဖစစ်သားတစ်ဦး။

မြန်မာအမျိုးသမီးကောင်းများအထူးသတိထားဖို့ ပါ။ ဒီလို နအဖ မုဒိန်းကြေးစား အမျိုးဖျက်တွေ ရှိနေပါတယ်။

မြန်မာမိန်းကလေးဓါတ်ပုံများအား အလွဲသုံးစားလုပ်နေသော နအဖစစ်သားတစ်ဦးကတော့ ရုရှမှာပညာသင်နေတဲ့ထဲကတစ်ယောက်ဖြစ်တဲ့ ရဲမင်းဟိန်း (ခ) မင်းဟိန်းလတ် (ခ) ရဲရင့်မင်း ဆိုတာပါ။





သူတင်ထားတဲ့အမျိုးသမီးပုံတွေကတော့ ဒီမှာပါ -

http://www.slide.com/r/8IHhAENi0T84DACMQe-yEMZNfetNiq9K?view=large

သူရဲ့  ပုံနဲ့  ၀က်ဆိုဒ်ကတော့ ဒီမှာပါ -

http://www.zorpia.com/heinminlet

http://www.slide.com/r/q9JvuUem5j-XT8BEvVpy-5TCYCFtgyeN?view=large

မြန်မာမူဆလင်အစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်။

Saturday, 1 December 2007

Myanmar Latest News In English

2 to 4 hours old

French and British leaders call for Burma dialogue Radio Australia 22:51 1-Dec-07


4 to 6 hours old

World leaders call for Myanmar dialogue with opposition (AFP) Yahoo! US 21:14 1-Dec-07

World leaders call for Myanmar dialogue with opposition Yahoo News 21:06 1-Dec-07


Yesterday

Suu Kyi must be freed: UN envoy The Asian Age 17:20 1-Dec-07

UN envoy calls for release of Suu Kyi Evening Echo 15:45 1-Dec-07

'Net Shutdown Could Happen Here - Again redOrbit 10:09 1-Dec-07

UN envoy denounces closure of Myanmar's HIV/AIDS monastery The Times of India 07:47 1-Dec-07

Crackdown in Myanmar rekindles ethical debate Houston Chronicle, Texas 06:52 1-Dec-07

Cambodia, Myanmar need to enhance intra regional economic cooperation Mathaba.Net 06:16 1-Dec-07

UN envoy to Myanmar says Aung San Suu Kyi should be released Jerusalem Post 05:30 1-Dec-07

Two illegal immigrants from Myanmar nabbed on Malaysian truck Monsters and Critics 04:41 1-Dec-07

Myanmar shuts Aids monastery Gulf Times 04:20 1-Dec-07

Cambodia urges Burma to continue Suu Kyi talks Radio Australia 01:24 1-Dec-07

Burma junta 'must release Suu Kyi' Independent 00:19 1-Dec-07


Earlier News

Myanmar PM in S'pore hospital, not critically ill-embassy Reuters.co.uk 23:28 30-Nov-07

Myanmar boat capsizes, 16 killed, 12 missing-paper Reuters.co.uk 23:28 30-Nov-07

UN Envoy Denounces Burma's Closure of Monastery Voice of America 23:02 30-Nov-07

Burma: UN Envoy Denounces Closure Of Hospice Scoop 20:44 30-Nov-07

UN Envoy Demands Release Of Aung San Suu Kyi Scoop 20:15 30-Nov-07

Myanmar: UN envoy denounces closure of monastery used as HIV/AIDS hospice United Nations 19:58 30-Nov-07

Time for serious dialogue International Herald Tribune 17:47 30-Nov-07

AIDS treatment monastery ordered shut in Myanmar as regime continues dissident arrests San Diego Union-Tribune, California 16:28 30-Nov-07

Junta shuts AIDS monastery, expels monks News.com.au 16:05 30-Nov-07

Junta shuts AIDS hospice monastery News.com.au 16:05 30-Nov-07

UN envoy criticises continued Myanmar detentions, repression Channel NewsAsia 15:34 30-Nov-07

Cambodia, Myanmar need intra-regional cooperation Viet Nam News Agency 15:08 30-Nov-07

AIDS Monastery Ordered Closed In Myanmar 365Gay.com 14:43 30-Nov-07

Cambodia urges Myanmar to continue Suu Kyi talks Yahoo News 14:39 30-Nov-07

UN Envoy Demands Release of Burmese Democracy Leader Voice of America News 14:01 30-Nov-07

AIDS monastery ordered shut in Myanmar Yahoo News 14:00 30-Nov-07

Friday, 30 November 2007

စိမ်ခေါ်တယ်၊ မီဒီယာတိုက်ပွဲ။ ဒို့ တတွေ၊ သွေးမကြဲ။

ကျွဲခြေရာ ရေအိုင်ငယ်ကဖား
ဒီနေရာကဘဲ သူ့ ပင်လယ်၊
ဘေးဘီ အပြင်မထွက်ကြည်၊့
သမုဒ် ပြင်ကျယ်တာ..ဘယ်မသိ။

ကောက်ရိုးပုံပေါ်က ခွေးတကောင်၊
မာန်ဖီ ဟိန်းဟောက် အမြီးတထောင်ထောင်။
သူမစားရတဲ့ ကောက်ရိုးတွေစောင့်
နွားပြာတို့ ဝမ်းစာဝရေး
တောင်ပြေးမြောက်ပြေး၊ ဟောင်တဲ့ ခွေး။

ကောက်ကျစ်တဲ့ မြေခွေး..
တပါးသူ ပြည့်စုံလှပ၊ ကြည့်မရ၀န်တို၊
ကဲ့ရဲ့ဆို..မလိုပါ၊ သူဖြီး။
မရှိတာက သူ့ အမြီး။

ချဉ်လိုက်တဲ့ စပျစ်သီး။
ခူးမမှီ လို့ သူ ညည်း၊
အရှက်မဲ့ ဟန်ဆောင်သူဆိုး၊
စစ်ရဲဘက်သား မြေခွေးမျိုး။

မီဒီယာကို မီဒီယာနဲ့ တိုက်
စိန်ခေါ်ရင် လိုက်ရဲတာဘဲ။
အလင်းရောင်ထဲ ကလူ
အမှောင်လူကို ဘယ်မကြောက်၊
ချောက်တိုင်း ကြောက်ရရောလား။
ဟား၊ ဟား၊ ဟား၊
ဒို့ တတွေဟာ
အမှန်တရားရဲ့ ဘက်တော်သား။
အလံထူထားတဲ့ ခွပ်ဒေါင်းတွေ၊

အမှန်ဆိုတာ ဖုံးမရ၊ ဖိမရ
နအဖ ဖုံးသမျှ.ကုန်းတော့မှပေါ်၊
မင်းသားခေါင်းဆောင်းဘီလူး၊
ပြုံးပြတော့မှ.အစွယ်ပြူးပြူး။

မင်းနိုင်နေတုန်း တခဏ၊
မာန်ကြွနေရစ်ဦး။
လက်မထောင်ပျော်ထားဦး။
အကုသိုလ် အကျိုးပေးမှ
လာဝန်ချမနေနဲ့ ၊
ဘယ်သူမှ ထိပ်ဆုံးမှာအမြဲမနေ
တနေ့ နေ့ ကျကြွေ။

သင်ပုန်းချေလို့ ၊ ရစကောင်းလား။
သေကြေခဲ့၊ အသက်များစွာ၊
မျက်လုံးတစ်လုံးချင်း.ဆို တစ်လုံး၊
သွားတစ်ချောင်း ချင်းဆို တစ်ချောင်း၊
အကြွေးဟောင်း ပြန်ယူမယ်။
တင်ခဲ့သမျှ ရာဇ၀င်ကြွေး၊
သွေးနဲ့ မဆေးသမျှ၊ ဘယ်မအေး။

ဟိုဘက်ကပ်.ဒီဘက်ကပ်
ခြံစည်းရိုး ပေါ်ရပ်၊
ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊
ဝင်လာလိုက်။ ထွက်သွားလိုက်၊
ဇော်မျိုးဖြစ်လိုက်။ ရဲထွန်းဖြစ်လိုက်။
နေ၀င်းဖြစ်လိုက်၊ စွေစောင်းဖြစ်လိုက်၊
အားလုံးဟာ၊ သာကီနွားများ နောက်လိုက်၊
ဒို့ နိုင်မှ .ဒို့ ဘက်လာဦးမတိုက်နဲ့ ။

မင်းတို့ ဟာ
ဦးဏှောက်ကင်းပလာ၊..
အစာအတွက်စာရေးသူများ။

ဒို့ များဟာ၊
ယုံကြည်ချက်အတွက်၊
မရှိမဲ့ ရှိမဲ့ အချိန်ပေးသူများ။

သဘောတရား ကွာခြား။
အရည်အချင်းရော တူလို့ လား။
စဉ်းစားကြည့်.. ဒီ မီဒီယာတိုက်ပွဲ
ဘယ်သူလည်း နိုင်မဲ့လူ။

မသဒ္ဓါ (၁၁။၂၆။၂၀၀၇)

ကျွန်တော် မသဒ္ဓါ၏ ခွင့်ပြုချက်ဖြင့် ကဗျာများအား ကျွန်တော့ဘလော့ဂ်တွင် ဖော်ပြပေးသွားပါမည်။ ယူသုံးခွင့်ပေးသော မသဒ္ဓါအား အထူးကျေးဇူး တင်ရှိပါသည်။

ရွှေဝါရောင်အင်အားများ စုစည်းရေးကော်မီတီ၏ ကြေညာချက်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင်

ကွယ်လွန်သွားသည့်အတွက် အထူးဝမ်းနည်းရပါကြောင်း။


အင်းစိန်ထောင်အတွင်း ဖမ်းဆီး ချုပ်နှောင်ခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ဒေါ်မိမိလေးသည် ယမန်နေ့ည ၉ နာရီခွဲခန့်က နေအိမ်တွင် ကွယ်လွန်သွားသည်။

ဒေါ်မိမိလေး (၆၈ နှစ်) သည် သားအိမ်ကင်ဆာနှင့် တဆက်တည်း တွဲဆက် ဖြစ်ပေါ်လာသည့် ဦးနှောက် အကျိတ်ဝေဒနာနှင့် လေဖြတ်ရောဂါတို့ကို အပြင်းအထန် ခံစားခဲ့ရပြီး ယမန်နေ့ည ၉ နာရီခွဲက ဆုံးပါးသွားခြင်း ဖြစ်သည်။

“အမေက လွန်ခဲ့တဲ့ ၄ နှစ်လောက်ကထဲက သားအိမ်ကင်ဆာ ဖြစ်တယ်။ အဲဒါ ဘန်ကောက်ကို သွားပြီး ကုထားတော့ ခံသေးတာပေါ့နော်။ အဲဒါ ဆဲလ်တွေက ပွားတယ် ထင်ပါတယ်။ ဦးနှောက်ကို သွားထိတာ။ အဲဒီတော့ ကိုယ်တခြမ်း လေဖြတ်သွားတာ” ဟု ကိုဌေးကြွယ်၏ အမ မခင်စန်းမြင့်က မဇ္ဈိမကို ပြောသည်။

ရုပ်ကလာပ်ကို လာမည့် ဒီဇင်ဘာလ ၃ ရက် (တနင်္လာနေ့) နေ့လည် ၂ နာရီကျော်တွင် ရေဝေး သုဿာန်တွင် မီးသဂြုင်္ိလ်မည်ဖြစ်ပြီး သားဖြစ်သူ ကိုဌေးကြွယ်ကိုယ်တိုင် လိုက်ပါ ပို့ဆောင်နိုင်ရန်အတွက် မိသားစုဝင်များက ထောင်အာဏာပိုင်များထံ သွားရောက် ခွင့်တောင်းထားသော်လည်း ခွင့်ပြုချက် မကျသေးပေ။

“ထွက်ခွင့်ရမလား ဆိုတာတော့ ပြောလို့မရဘူး။ သူ့ကိုတော့ အမေ့ရဲ့ နောက်ဆုံးအချိန်လေးမှာ ကန်တော့ စေချင်တာပေါ့။ ကျမက သူ့ကို ကန်တော့ စေချင်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကျမမောင်လေးက အရမ်းသနားဖို့ ကောင်းပါတယ်” ဟု မခင်စန်းမြင့်က ငိုယိုနေရင်း ပြောသည်။

ရောဂါဝေဒနာ ဆိုးရွားနေသဖြင့် ရွှေဂုံတိုင် အထူးကုဆေးရုံ တွင် ဆေးဝါးကုသမှု ခံယူနေသည့် မိခင်ကြီးကို တိမ်းရှောင် ပုန်းအောင်းနေသည့်ကြားမှ လာရောက်ကြည့်ရှုပြီး အပြန်တွင် ဖမ်းဆီး ခံလိုက်ရသော်လည်း သူအဖမ်းခံရသည့် သတင်းကို မိသားစုဝင်များက မနာမကျန်း ဖြစ်နေသည့် မိခင်ကြီးကို ဖွင့်မပြောရက်သဖြင့် ဒေါ်မိမိလေးသည် ကွယ်လွန်သွားသည့်တိုင် အဖြစ်မှန်ကို မသိရဘဲ သားဖြစ်သူကို စောင့်ဆိုင်းနေခဲ့သည်ဟု သိရသည်။

“အမေကတော့ ဘာပဲဖြစ်ဖြစ် သူ့သားကို စောင့်တာပေါ့နော်။ သတိမကောင်းဘူးဆိုတော့ သူ့သား ဒီလို ဖြစ်သွားတာကို ပြောပြမထားဘူး။ ကျမတို့ကတော့ ပေးမသိစေချင်တော့ဘူးလေ။ မထူးဘူးလေ။ အမေ မသေခင် လာကြည့်ခွင့် တင်လိုက်သေးတယ်။ တင်ပြီး တပတ်မကြာဘူး၊ အခုလို ဖြစ်သွားတယ်” ဟု မခင်စန်းမြင့်က ပြောသည်။

ကိုဌေးကြွယ်၏ လုပ်ဖောင်ကိုင်ဖက်များ ဖြစ်ကြသည့် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များကလည်း လွမ်းသူ့ပန်းခွေ ပို့ရန်အတွက် စီစဉ်နေကြပြီး ကိုဌေးကြွယ်နှင့် ထပ်တူထပ်မျှ ခံစားရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

“သူ (ကိုဌေးကြွယ်) ဖြစ်စေ၊ ကျနော်ဖြစ်စေဗျာ ကိုယ့်ရဲ့ မိခင်တယောက်လုံး ဆုံးသွားတဲ့ အခြေအနေနဲ့ တွေ့ကြုံတဲ့အခါဆိုတော့ ကိုယ်ချင်းစာစိတ်၊ လူသားချင်း စာနာစိတ်နဲ့ ကြည့်ကြည့်၊ ကိုယ်တိုင် ခံစားကြည့်ဗျာ ဒါက အရမ်းဝမ်းနည်းစရာ ကောင်းတဲ့ ခံစားချက်မျိုး ကျနော်တို့ဆီမှာလည်း ဖြစ်ပေါ်ပါတယ်” ဟု ဗကသ မှ ကိုကျော်ကိုကိုက ပြောသည်။

ကိုဌေးကြွယ် အပါအ၀င် မွေးချင်း မောင်နှမ ၄ ဦး ကျန်ရစ်ခဲ့သည်။