Pages

Subscribe

Sunday, 23 March 2008

စစ်အစိုးရမှ ဦးစီးကျင်းပမည့် ပါဠိပထမပြန်စာမေးပွဲကို ၀င်ရောက်မဖြေဆိုကြရန် သံဃာ့ကိုယ် စားလှယ်အဖွဲ့မှ တိုက်တွန်း

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အခြေစိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့မှ နအဖ မှကြီးမှုးကျင်းပမည့် ပါဠိပထမပြန်နှင့် ဓမ္မစာရိယ စာမေးပွဲကို ရဟန်းတော်များ အနေနှင့် ၀င်ရောက် မဖြေဆိုကြရန် တိုက်တွန်း လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်တွန်းချက်ကို ယမန်နေ့က ကြေငြာချက်ထုတ်ပြီး ပြုလုပ်ခြင်း ဖြစ်သည်။

ကြေငြာချက်တွင် စက်တင်္ဘာရွှေဝါရောင် တော်လှန်ရေးစသည့် အချိန်မှ စတင်ပြီး ယနေ့ အချိန်ထိ သံဃာတော်များကို ရိုင်းစိုင်းစွာ ဖမ်းဆီး နှိပ်စက်နေသည်သာမက သံဃာတော်များ အပါအ၀င် မေသီလရှင် ၁၀၀၀ ခန့်မှာ နအဖ အကျဉ်းစခန်းများတွင် ဖမ်းဆီး ထိန်းသိမ်း နှိပ်စက် ခြင်းခံနေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

“တကယ်လို့ ၀င်ရောက် ဖြေဆိုမယ့် ရဟန်းတော်တွေ အနေနဲ့လည်း မြတ်စွာဘုရား ၀ိနည်းတော်ကို လေးစားတဲ့ အနေနဲ့ဘဲဖြစ်ဖြစ် သံဃာတော် အချင်းချင်း လေးစားတဲ့ အနေနဲ့ ဖြစ်ဖြစ် နအဖ ကျင်းပမဲ့ အတုယောင် ဒီစာမေးပွဲကို ဖြေဆိုဖို့ စဉ်းစားသင့် ပါတယ်။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ် စားလှယ်အဖွဲ့မှ အတွင်းရေးမှူး ဦးထာဝရမှပြောသည်။

မြန်မာနိုင်ငံတွင် ယခင်နှစ်များက ပါဠိပထမပြန်စာမေးပွဲကို ၀င်ရောက်ဖြေဆိုသည့် အရေအတွက်မှာ သိန်းချီပြီး ရှိခဲ့သော်လည်း ယခုနှစ်တွင် သုံးပုံ တပုံ အောက်တွင်သာ ဖြေဆိုရန် အခြေအနေ ရှိနေကြောင်း ဦးထာဝရမှ ပြောသည်။

စစ်အစိုးရမှ မြန်မာနိုင်ငံတွင်တခါမှ မလုပ်ဖူးသည့် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် သံဃာတော် များကို ကျောင်းတိုက်မှ စာမေးပွဲဖြေဆိုမည့် နေရာအထိ ကားဖြင့် ကြိုပို့ရန် စီစဉ်နေကြောင်း သိရှိရသည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ပြည်သူ့ ဆန္ဒခံယူပွဲနှင့် နီးကပ်လာသဖြင့် ရွှေဝါရောင် တ်ာလှန်ရေးကဲ့သို့ လူထု အုံကြွမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း ဦးထာရက ယခုကဲ့သို့ ပြောသည်။

“နအဖက ခုလို ကားအကြို အပို့ စီစဉ်ရတာက ရွှေဝါရောင်တော်လှန်ရေးလို အုံကြွမှုတွေ ဆက်ဖြစ်မှာစိုးရိမ်ပြီး စီစဉ်တာဖြစ် တယ်။ နောက်ပြီး ဒီနှစ်စာမေးပွဲက နအဖနဲ့ နီးစပ်တဲ့ သံဃာတော်တွေကိုသာ ဦးစားပေးပြီး အောင်စာရင်း ထုတ်ပေးမှာ ဖြစ်တဲ့အတွက် ဖြေဆိုမယ့် သံဃာများ အနေနဲ့ အထူးစဉ်းစားဖို့ လိုပါတယ်။”

ယခုနှစ်စာမေးပွဲကို မနက်ဖြန် တနင်္လာနေ့တွင် နအဖ စစ်အုပ်စုမှ တနိုင်ငံလုံးအတိုင်းတာ အနေနှင့် ကျင်းပမည်ဖြစ်ပြီး ၀င်ရောက်ဖြေဆိုမည့် သံဃာတော်များမှာလည်း နအဖ စစ်အစိုးရ၏ ဖိအားနှင့် ဆရာသမားများ၏ အမိန့်အာဏာကို မလွန်ဆန်ရဲသည့် အတွက် ဖြေဆိုကြမည့် သံဃာတော်များသာ ဖြစ်သည်ဟု သိရှိရသည်။

လူထုဆန္ဒပြပွဲများ ထပ်မံဖြစ်ပေါ်လာပါက နအဖမှ အကြမ်းဖက်ဖြိုခွင်းရန် ကြိုတင်ပြင်ဆင်...



ဆုံဆည်းရာ ဘလော့ခ်မှကူးယူဖော်ပြသည်။

ရွှေတိဂုံတွင် လူတဦး မီးရှို့ဆန္ဒပြ

နယူးဒေလီ။ ။ စီးပွားရေး ကြပ်တည်း ဆိုးရွားနေမှုကို မခံမရပ်နိုင် ဖြစ်ပြီး ဆန္ဒပြသောအားဖြင့် အမျိုးသားတဦးက မိမိကိုယ်ကို မီးရှို့မှု ရွှေတိဂုံဘုရားတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မှ လာသော နိုင်ငံတကာ သတင်းအေဂျင်စီများ၏ သတင်းများအရ သိရသည်။

အမည်မသိသူ အသက် ၃ဝ ဝန်းကျင် အမျိုးသားတဦးက တပေါင်းလပြည့်နေ့ ဖြစ်သော သောကြာနေ့က မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ခြင်း မပြုမီ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ဘဝအခက်အခဲများကို မကျေမနပ်ဖြစ် ရေရွတ်မှုများ ပြုခဲ့သည်ဟု မျက်မြင်သက်သေများကို ကိုးကားပြီး ရိုက်တာ ကြေးနန်းသတင်းက ရေးသားထားသည်။

"ဖြစ်တာက ၈း၎ဝ လောက်မှာ ဓာတ်ဆီ ပုလင်းထုတ် သူ့ဘာသူ လောင်းပြီး ဖယောင်းတိုင်တတိုင်နဲ့ မီးရှို့တော့တာပဲ" ဟု မျက်မြင် သက်သေတဦး၏ ပြောသားချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မဇ္ဈိမက ရွှေတိဂုံဘုရားဂေါပက အဖွဲ့ကို ဆက်သွယ်မေးမြန်းရာ တယ်လီဖုံးကိုင်သူတဦးက အခင်းဖြစ်ပွားခဲ့ကြောင်း ပြောကြားသော်လည်း အခြား မည်သည့် အသေးစိတ်ကိုမှ ပြောရန် ငြင်းဆန်ခဲ့သည်။

အေပီသတင်းတွင်တော့ မီးရှို့ဆန္ဒပြသည့်သူက "စစ်အစိုးရ ကျဆုံးပါစေ" ဟု မီးမရှို့ခင် အော်ဟစ်ခဲ့ကြောင်း ရေးသားထားသည်။

Saturday, 22 March 2008

မြန်မာ့အရေးဟာ "ထိပ်တိုက် ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်" (ပြည်တွင်း သပိတ်ကော်မတီနှင့် အင်တာဗျူး)

မြန်မာနိုင်ငံအတွင်း အထွေထွေ သပိတ်တိုက်ပွဲ ကော်မတီတခု မတ်လ ၁၈ ရက်နေ့က တည်ထောင်လိုက်ကြောင်း မဇ္ဈိမသို့ ပြည်တွင်း လျှို့ဝှက်လှုပ်ရှားနေသူများက အကြောင်းကြားလာခဲ့သည်။ "မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ တပ်ပေါင်းစု အထွေထွေ သပိတ် တိုက်ပွဲ ကော်မတီ" ဆိုသော ထိုအဖွဲ့က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကိုသာလျှင် အသိမှတ်ပြုထားပြီး သုံးပွင့်ဆိုင် ဆွေးနွေးရေးကို တောင်းဆိုထားသည်။ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲမှု၊ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲလုပ်မည့် အစီအစဉ်များကို အသိအမှတ် မပြုကြောင်း ကြေညာထားသည်။ မဇ္ဈိမမှ မောင်ဒီးက သပိတ်တိုက်ပွဲ ကော်မတီ ပြောရေးဆိုခွင့်ရှိသူတဦးကို စနေနေ့ မတ် ၂၂ ရက်၊ ၂ဝဝ၈ ခုနှစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အထွေထွေ သပိတ်ခေါ်တယ် ဆိုတော့ စလုပ်မယ်ဆိုရင် ဘယ်အချိန်လောက်က စမယ် ဆုံးဖြတ်ထားပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ထားတာက ဒီလ နောက်ဆုံးအပတ်ကနေ စပြီး အစီအစဉ် ဆွဲပြီပဲ။ ဒီလ နောက်ဆုံးအပတ်က စပြီးတော့ သူတို့ (နအဖ) ရဲ့ ၅ လပိုင်းဆိုတာကို မရုပ်သိမ်းမချင်း ကျနော်တို့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ ကျနော်တို့က တိုင်းကြီး ၄ ခုကို အခြေခံတာ။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ဆိုပြီး တိုင်း ၄ ခုကို အခြေခံပြီး အဲဒီကနေစပြီး အကောင်အထည်ဖော်မှာပါ။

မေး။ ။ အခုလို သပိတ်ခေါ်တယ် ဆိုတော့ အစိုးရရဲ့ ဆန္ဒခံယူပွဲနဲ့ လမ်းစဉ် ၇ ဆင့်ပါတဲ့ လမ်းပြမြေပုံကိုပါ ကန့်ကွက်ထားတဲ့ သဘောလား။

ဖြေ။ ။ အကုန်လုံးကို ကန့်ကွက်တယ်။ ကျနော်တို့က နအဖ ထုတ်ပြန်ထားတဲ့ ဥပဒေ မှန်သမျှကို ကန့်ကွက်သွားမယ်။ ၁၉၉ဝ ရွေးကောက်ပွဲကို သူတို့ အသိအမှတ်မပြုသမျှ ကာလပတ်လုံး ကျနော်တို့က ဆန့်ကျင်မှာပဲ။

မေး။ ။ လာမယ့် မေလမှာ ပြည်သူလူထုအနေနဲ့ မဲထည့်သင့် မထည့်သင့်၊ ဒါမှမဟုတ် ဘယ်လို ဆန့်ကျင်ရမယ် ဆိုတာကို ပြည်သူလူထုကို လှုံ့ဆော်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။ ။"ကျနော်တို့ စဉ်းစားတာက မဲဆိုတဲ့ အဆင့်ကို မစဉ်းစားတော့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ ပြည်တွင်းရေး အခြေအနေ ကာလက စကားဝိုင်းနဲ့ စကားပြောရတော့မယ့်ကာလ မဟုတ်တော့ဘူး။ သူနဲ့ ကိုယ်နဲ့က Confrontation ပေါ့ဗျာ။ ထိပ်တိုက် ရင်ဆိုင်ပြီး တွေ့ဆုံဖို့ပဲ ရှိတော့တယ်။ ဆရာကြီး လူထုစိန်ဝင်း ပြောသွားတဲ့အတိုင်းပဲ။ ကျနော်တို့ သားစဉ်မြေးဆက် ခံစားရတော့မယ့်ဟာကြီးတခုကို ရင်းရတော့မယ်ဗျာ။ ဒီကာလက ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ပြောသွားတယ်။ အကောင်းဆုံး ရရှိဖို့ဆိုရင် အဆိုးဆုံးကို ရင်ဆိုင်ရမယ်။

မေး။ ။ တကယ်လို့ အဲလို သပိတ်ကို ဆင်နွှဲမယ်ဆိုရင် စက်တင်ဘာလို သွေးချောင်းစီးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကြိုတင် စဉ်းစားထားမိပါသလား။

ဖြေ။ ။ ဒီတခေါက်လည်း သွေးချောင်းစီးမှု ဖြစ်မှာပဲ။ ကျနော်တို့ အဆင့် ၃ ဆင့်နဲ့ လုပ်မယ်။ ဒါပေမယ့် ကျနော်တို့ လုပ်မယ်။ ပထမအဆင့် ကျနော်တို့ လုပ်မယ်။ သူတို့ဖက်ကလည်း လုပ်သင့်တာ သူတို့လုပ်ကြမယ်။ လုပ်ရင် ဒုတိယအဆင့် ကျနော်တို့ ဆက်ထွက်မယ်။ တတိယအဆင့် ဆိုင်မယ် အပြတ်ပဲ။ ပထမအဆင့်ကတည်းက ကျနော်တို့ အပြတ်လုပ်မှာပဲ။

Friday, 21 March 2008

အတိုက်အခံများ၏ ကွန်ပြူတာများ ဗိုင်းရပ်စ်ထိ

ချင်းမိုင်။ ။ အင်တာနက်သုံးသူ မြန်မာများကြား အထိတ်တလန့်ဖြစ်စေခဲ့သည့် Happy Birthday Virus က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ကွန်ပြူတာ အလုံး ၃ဝ ကျော် ပျက်စီးသွားစေခဲ့သည်။

ဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်ခံရသည့် ကွန်ပြူတာများတွင် မဲဆောက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာနိုင်ငံရှေ့နေများကောင်စီ ၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု ၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၊ မယ်တော်ဆေးခန်း၊ အလင်းတန်းစာကြည့်တိုက်၊ မြန်မာအမျိုးသမီးသမဂ္ဂ၊ မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးနှင့် ပညာရေး ကော်မတီတို့မှ ကွန်ပြူတာများ ပါဝင်သည်။

"ဒီနေ့ တရက်ထဲမှာပဲ ကွန်ပြူတာ အလုံး ၃ဝ၊ ၄ဝ လောက်ကို ထိသွားတယ်။ အဲဒီ ဟက်ပီးဘတ်ဒေး ဗိုင်းရပ်စ်က ကွန်ပြူတာ တခုနဲ့ တခု ကူးတာလည်း အရမ်းမြန်တယ်။ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့ ထင်တယ်" ဟု မဲဆောက်နေ အင်တာနက် ဘလောက်ရေးသူ ကိုဇန်က ပြောသည်။

ကွန်ပြူတာသုံး စီဒီခွေ၊ ဖိုင်သိမ်းတံ Memory Stick တို့မှတဆင့် ဝင်ရောက်ပြီး ကွန်ပြူတာ ဖန်သားပြင်တွင် Happy Birthday ဟူသည့် စာကြောင်းပေါ်လာပြီး ကွန်ပြူတာမှာ နောက်တကြိမ် ပြန်ဖွင့်မရတော့သည်အထိ ဖြစ်သွားခဲ့ကြသည်။

လွန်ခဲ့သည့် လကလည်း ပြည်တွင်းရှိ ပုံနှိပ်တိုက်နှင့် ကာလာခွဲ လုပ်ငန်းအချို့၏ ကွန်ပြူတာများမှာလည်း ဗိုင်းရပ်စ်၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

Sasana Moli - call for total boycott on 2008, April 26 for Burmese Referendum


Thursday, 21 February 2008

တာဝန်ရှိသူများရဲ့ လစ်လျှူုရူမူ

နို့ဆာလောင်လို့ ငိုနေတဲ့ကလေးတယောက်ရဲ့ငိုသံ
အဟာရမပြည့်ဝလို့ ပိန်ချုံးနေတဲ့လူအိုတယောက်ရဲ့နိဂုံး
အစအဆုံးနဲ့ အချိန်တွေသာကုန်ဆုံးရတယ်
ဘယ်သောအခါမှ ဝလင်စွာစားသုံးရမှာလဲ
GOLDEN LAND ရယ်။

ပြည်တွင်းပြည်ပမှ လူအများရဲ့တောင်းဆိုသံ
သံမဏိစိတ်ဓာတ်နဲ့ လူထုအတွက်ကြံ့ကြံ့ခံရင်ဆိုင်နေသူတစ်ယောက်ရဲ့အပြုံး
ဘမျိုးဘိုးတူဇာနည်ဘွား တမိပေါက်တစ်ယောက်ထွန်းကို
ဘယ်သောအခါမှ ပြန်လည်လွှတ်မြောက်ပေးမှာလဲ
စစ်အစိုးရ ရယ်။



ကဗျာရေးသားပေးပို့သူ - လူသစ်