Pages

Subscribe

Monday, 26 May 2008

ရန်ကုန် အလှူရှင်များ ကွန်ဖရင့်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 26 2008 19:03 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များ ကယ်ဆယ်ရေး အတွက် နိုင်ငံတကာ အလှူရှင်များ ကွန်ဖရင့်တရပ်ကို ရန်ကုန်မြို့တွင် တနင်္ဂနွေနေ့က ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၅ဝ ခန့်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ဤကွန်ဖရင့်သည် ကောလဟလများ၊ နိုင်ငံ ခြေပုန်းခုတ်မှုများ၏ နောက်ကွယ်တွင် ကျင်းပသွားခဲ့ခြင်း ဖြစ်သည်။

လူပေါင်း အနည်းဆုံး ၁၃၅ဝဝဝ သေဆုံး၍ လူပေါင်း ၂ သန်းကျော် အကူအညီများ လိုအပ် နေစေသည့် မေ ၂ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုံး မုန်တိုင်းအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေး မပါစေရန် လူသားချင်း ကယ်ဆယ် စောင့်ရှောက်သည့် အဖွဲ့အစည်းများ၊ မြန်မာအစိုးရနှင့် အခြားသူ အများအပြားက လူသိရှင်ကြား ပန်ကြား မေတ္တာရပ်ခံထားခဲ့သော်လည်း၊ ပဋိပက္ခများနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံအတွက် နိုင်ငံရေးမှာ အဓိက အကြောင်းအရာတရပ် ဖြစ်မြဲ ဖြစ်နေသည်။

အဓိက နိုင်ငံရေး ဖဲချပ်မှာ မေလ ၂၄ ရက်နေ့တွင် ထိန်းသိမ်းမှု သက်တမ်း ၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည့် ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်နေသည်။ တည်ဆဲ မြန်မာနိုင်ငံ၏ ဥပဒေအရ နိုင်ငံတော် လုံခြုံရေးအတွက်အန္တရာယ်ရှိသည် ဟူသော စွပ်စွဲချက်ဖြင့် နောက်ထပ် ဆက်လက် ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ပါ။

မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက်ကြည့်ရှုရန် သူမကို လွှတ်ပေးလိုက်ပြီ ဟု အတိုက်အခံ နိုင်ငံရေးသမားများနှင့် နီးစပ်သော သတင်းရပ်ကွက်တွင် ကောလဟာလများ ပျံ့နှံ့နေခဲ့သည်။ ဤသတင်းမှာ သတင်းမှားသာ ဖြစ်ကြောင်း နောက်ပိုင်းတွင် သိလာရသည်။ သို့သော် သူမထံသို့ အာဏာပိုင်များ စနေနေ့က သွားရောက်ခဲ့ကြောင်း၊ မည်သည့် အကြောင်းအရာများ ပြောဆို ဆွေးနွေးခဲ့သည်ကိုမူ မသိရသေးကြောင်းလည်း ဒေသခံ အတိုက်အခံ နိုင်ငံရေးပါတီနှင့် နီးစပ်သော သတင်းရပ်ကွက်က ယနေ့ ထုတ်ဖေါ် ပြောဆိုပါသည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲမှာ အနိုင်ရရှိသွားခဲ့ပြီး ဖြစ်သည်ဟု စစ်အစိုးရက ကြေညာသွားခဲ့ပြီ ဖြစ်ပြီး ယင်းကို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားရုံးတွင် ရင်ဆိုင်ခုခံ သွားမည်ဟု ဆိုထားပါသည်။ ဆန္ဒခံယူပွဲတွင် ဤသို့ အနိုင်ရရှိခဲ့ပုံရခြင်းကြောင့်သာ ဒေါ်ဆောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရ၏ ဆိုင်ကလုံး ကယ်ဆယ်ရေးမဟာ ဗျူဟာ အမှားအယွင်းများ ရှိခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံတကာ ဖိအားကြောင့် မဟုတ်ပါ။ ဤကိစ္စမှာ ပြည်တွင်း နိုင်ငံရေး ရှုခင်းမြင်ကွင်း အပြောင်းအလဲ သက်သက်ကြောင့် ပေါ်ထွက်လာခဲ့သည့် အရာသာ ဖြစ်ပါသည်။ ဆန္ဒခံယူပွဲသာ မပြီးသေးဟု ဆိုလျှင် အတိုက်အခံများ၏ ဥပဒေဘောင်အတွင်း နိုင်ငံရေးလုပ်ကွက် မှန်သမျှကို စစ်အစိုးရက တားဆီး ကန့်သတ်မှုများ လုပ်နေမည်သာ ဖြစ်သည်။ အကျိုးဆက် အဖြစ် မြန်မာ့ နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍမှာ ခိုင်မြဲသထက် ခိုင်မြဲလာမည်သာ ဖြစ်သည်။

ယနေ့ ကျင်းပသည့် နိုင်ငံတကာ ကယ်ဆယ်ရေး ကွန်ဖရင့်ကို တုံ့ပြန်သည့် အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က “ယေဘူယျကျသော ဒီမိုကရေစီ အပြောင်းအလဲများကို စစ်အစိုးရက မလုပ်သ၍ ထိရောက်သော နိုင်ငံတကာ အကူအညီများ ဖြစ်ပေါ်မလာနိုင်ပါ” ဟု ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။ ဤတရားဝင် ရပ်တည်ချက် သဘောထားသည် ဤသို့ တမျိုးသားလုံး အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် တကမ္ဘာစီ ခြားနေသော ဘက် ၂ ဘက်ကို နီးကပ်လာအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ ကုသသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကမူ အသက်ပေါင်းများစွာ ကယ်ဆယ်ရေးကိုသာ အာရုံထား လုပ်ဆောင်ကြရန်၊ ဤပြဿနာအပေါ် နိုင်ငံရေး မလုပ်ကြရန် သူ၏ အဖွင့်မိန့်ခွန်းတွင် မေတ္တာ ရပ်ခံသွားခဲ့သည်။

“ကျနော်တို့ အားလုံး အသက်ပေါင်းများစွာ ကယ်တင်ရေးနဲ့ မြန်မာနိုင်ငံကို ပြန်လည် တည်ဆောက်ရေးအတွက်သာ အခုအချိန်မှာ အာရုံ စိုက်သင့်ပါတယ်။ နိုင်ငံရေး ကိစ္စတွေကို မပြောကြပါနဲ့” ဟု မစ္စတာဘန်က ပြောကြားသွားခဲ့သည်။

“ကျနော် နိုင်ငံတကာ အသိုင်းအဝိုင်းကိုရော၊ မကြာခင်က တွ့ဆုံခဲ့တဲ့ မြန်မာ အာဏာပိုင်တွေကိုရော အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ကျနော်တို့ လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဟာ လူသားများကို ကယ်ဆယ် စောင့်ရှောက်ရေး ကိစ္စကြီးပါ” ဟု မစ္စတာဘန်က ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ဤအတောအတွင်း စစ်အစိုးရ၏ အုပ်စိုးမှုကို ရှည်ကြာစွာ ခုခံ ဆန့်ကျင်ခဲ့သူတို့ကလည်း ဤသဘာဝ ကပ်ဘေးကြီးအပြီး စစ်အစိုးရထံမှ ပိုမို အလျော့ပေး လိုက်လျောမှုများ ရရှိရန်သာ ကြိုးပန်း လုပ်ဆောင်နေခဲ့ကြသည်။ အသံအကျယ်ဆုံးမှာ အမေရိကန် ဖြစ်သည်။ အမေရိကန်သည် မိမိ၏ ရေတပ်ဖွဲ့ကို အခြားသော ရေတပ်ဖွဲ့များ ဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ် ရေတပ်ဖွဲ့များနှင့်အတူ ဆိုင်ကလုံး ကူညီရေးအတွက်ဟုဆိုကာ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် ရပ်နား စောင့်ဆိုင်းနေစေပြီး မုန်တိုင်းဒဏ်ခံ ဒေသများသို့ ခြွင်းချက်မရှိ ဝင်ရောက်ခွင့်ပေးရေး တောင်းဆိုလျက် ရှိသည်။ သို့သော် အနောက် နိုင်ငံတပ်များ မြန်မာ့မြေပေါ်တွင် တပ်စွဲချထားခွင့်ရရေး၊ တနည်းအားဖြင့် ကျူးကျော် ဝင်ရောက်ခွင့်ရရေးမှာ လက်ရှိအချိန်တွင် စိတ်ကူးယဉ်မျှသာ ဖြစ်ပေလိမ့်မည်။

ဆိုင်ကလုံး မုန်တိုင်းဒုက္ခသည်များ ကူညီရေးအတွက် သူတို့ နိုင်ငံအနေနှင့် အမေရိကန်ဒေါ်လာ သန်း ၂ဝ ပေးအပ်ရန် ကတိပြုပြီး ဖြစ်သည်ဟု အမေရိကန်က ကြွားလုံးထုတ်ခဲ့သည်။ သို့သော် ဤကွန်ဖရင့်တွင် ပေးအပ်ရန် ကတိပြုကြသော အကူအညီ ပမာဏ ကိန်းဂဏန်းမှာ ရှင်းရှင်းလင်းလင်း မရှိလှသေးပါ။ ယခုအထိ အမေရိကန်ဒေါ်လာ ၇၂.၅ သန်း ပေးအပ်ပြီး ဖြစ်သော ဥရောပသမဂ္ဂက နောက်ထပ် ၂၆.၈ သန်း ပေးအပ်ရန် ကတိပြုခဲ့သည်။ တရုတ်က စုစုပေါင်း ၁၁ သန်း၊ သြစတြေးလျားနှင့် ဖိလိပိုင်က ၂၄ သန်းနှင့် သန်း ၂ဝ အသီးသီးစီ၊ တောင်ကိုးရီးယားက ကနဦး ကတိပြုချက်ကို တိုးမြှင့်ကာ စုစုပေါင်း ၂.၅ သန်းပေးမည်ဟု အသီးသီး ကတိပြု သွားခဲ့ကြသည်။

မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသသို့ အကူအညီပေးရေး လုပ်သားများအားလုံး ဝင်ခွင့်ပေးမည်ဟု စစ်အစိုးရက ကြေညာခဲ့ခြင်းကို အစကတဲက မယုံသင်္ကာ ဖြစ်နေခဲ့သော နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ပထမဆုံး အတားအဆီးနှင့် ကြုံနေရပြီ ဖြစ်သည်။ အကူအညီပေးရေး လုပ်သားအားလုံး မိမိတို့ မည်သည့် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်မည်၊ မည်သည့်ပုံစံ လုပ်ထုံးလုပ်နည်းများနှင့် လုပ်မည်ကို သေချာစွာ ရှင်းလင်းဖေါ်ပြ၍ ဘန်ကောက်သံရုံးတွင် ပထမဆုံး ဗီဇာလျှောက်ထားရန် လိုသည်ဟု စစ်အစိုးရက သတ်မှတ်လိုက်သည်။

အပေါ်ယံအနေဖြင့် ကြည့်လျှင် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ကွန်ဖရင့်တွင် လုံခြုံရေး အစီအမံများကို လိုအပ်သလောက် တိုးမြှင့် ချထားသည်မှ လွဲ၍ ရန်ကုန်တွင် ထူးထူးခြားခြား လုံခြုံရေးအရ အသင့် တပ်လှန့်ထားခြင်းမျိုး မတွေ့ရပါ။ မကြာသေးခင်က ပြီးဆုံးသွားသည့် အရေးပါလှသော ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲနှင့် ယခု ကျင်းပသည့် နိုင်ငံတကာ အကူအညီပေးရေး ကွန်ဖရင့်တို့ ရှိနေခဲ့သော်လည်း ရန်ကုန်၏ အခြေအနေမှာ အေးအေးဆေးဆေးပင် ဖြစ်သည်။ သို့သော် မမြင်ရသော အောက်ခြေတွင်မူ ကယ်ဆယ်ရေး လုပ်ငန်းများ ၊ တိုင်းပြည်၏ နိုင်ငံရေး အလားလာတို့နှင့် ပတ်သက်၍ မကျေနပ်မှုများမှာ ကျယ်ကျယ်လောင်လောင်ပင် ကြားနေရဆဲ ဖြစ်သည်။

Storm Irrawaddy Song by Burmese Artists




မိုးမခသတင်းမှကူးယူဖော်ပြသည်။

Saturday, 24 May 2008

Volunteers in Burma who can get aid directly to the victims

A local group taking aid and relief to the worst hit areas of Burma affected by Cyclone Nargis


Our group traveled to the cyclone hit area and was shocked to find the lack of aid reaching victims. We put together a diary of our journey and has taken some incredible pictures of what we saw. there are still places that have not received ANY aid in over 2 weeks after the Cyclone hit. In many of the villages we visited, over 75% of the buildings have been destroyed and in some almost half of the inhabitants were killed. Due to the lack of co-operative from Burma most foreign aid agencies are still not allowed in, we can move around freely as we are Burmese and we are already working with NGO's (Non Government Organisations) to transport aid.



We have set up a way for you to buy needed items from the UK. We will be taking food, tents, blankets and equipment out to the most remote villages over the next few weeks. Any donations you can spare will be of great help.

Please check out the website, it is an interesting read and has some eye opening images http://www.myanmarvg.org.uk

If you could forward this to friends, colleagues and relatives, just a couple of pounds each will supply over 228 families with the food and shelter they need. Thank you.

Alternatively you can donate through the Google & DEC aid organisations, but as to exactly when this aid will get through is still unknown. Support victims of the cyclone in Myanmar (Burma)
Regards
Myanmar Volunteers Group

Friday, 23 May 2008

အကြံပေး ပါရစေ။

Read this doc on Scribd: Suggestion From Ko Nyi

Generation Wave ကြေညာချက် မေ ၁၈ ရက် ၂၀၀၈

Generation Wave ၏ ထုတ်ပြန်ကြေညာချက် မေ ၁၈ ရက် ၂၀၀၈



မြန်မာနိုင်ငံ မုန်တိုင်း လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး ကုလသမဂ္ဂမှ ထိရောက်စွာ ကူညီဆောင်ရွက်ရန် တောင်းဆို


22 May 2008
Nagoya, Japan

ဂျပန်နိုင်ငံ၊ နဂိုယာမြို့တွင် မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ် (League for Democracy in Burma – Nagoya Branch)မှ အဖွဲ့ဝင်များ နဂိုယာမြို့ အပြည်ပြည်ဆိုင်ရာ စင်တာရှိ ကုလသမဂ္ဂရုံး ( United Nations Centre for Regional Development) သို့ သွားရောက်ကာ မြန်မာနိုင်ငံ မုန်တိုင်း လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး ကုလသမဂ္ဂမှ ထိရောက်စွာ ကူညီဆောင်ရွက်ရန် တောင်းဆိုကြပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှုးသို့လိပ်မူ၍ နိုင်ငံတကာ ကယ်ဆယ်ရေးကျွမ်းကျင်သူများနှင့် ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့များ မြန်မာပြည်သို့ အမြန်ဆုံး ၀င်ရောက် ကယ်ဆယ်ရန် တောင်းဆိုချက်စာအား ပေးပို့ပါသည်။

ထိုမှတဆင့် နဂိုယာမြို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ကာ မြန်မာနိုင်ငံ မုန်တိုင်း လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး ထိရောက်စွာ ကူညီဆောင်ရွက်ရန် တောင်းဆိုကြပါသည်။