Thursday, 15 April 2010
..........................................................
ဒီနေ့ ဗုံးပေါက်ကွဲမှုမှာ ၃ ခု ဖြစ်ခဲ့သည်ဟု သိရပါသည်။ ဗုံးကြောင့် ဒဏ်ရာရသူ ၄၀ ခန့်ရှိသည်ဟု ခန့်မှန်း ပြောကြပါသည်။
latest news from ko htike blog
ကန်တှောကြီး X2O မဏဿဍာပ်မှာ ဗုံး နှစ်လုံး (သို့) သုံးလုံး ပောက်တယ်။ မဏဿဍာပ်ပှောမှာ ပောက်တာ မဟုတ်ဘဲ အောက်ကနေ ပောက်ကွဲတာ ဖြစ်ပာတယ်။ ပထမတော့ လူတွေက DJ လုပ်တယ်ထင်ပြီး သိပ်ပြီး သတိမထားလိုက် ကြပေမယ့် နောက်အလုံးတွေမှာ လူတွေအားလုံး ထွက်ပြေးကြပာတယ်။ X2O မဏဿဍာပ်ဟာ လူစည်ကားတဲ့ မဏဿဍာပ်တစ်ခုလည်း ဖြစ်ပာတယ်။ လူတွေ ဝရုန်းသုံးကား ထွက်ပြေးကြတော့ ထိခိုက်လဲပြို လူပိပြီး ထိခိုက် ဒဏ်ရာရတဲ့ သူတွေလည်း မနည်းပာဘူး။ ပောက်ကွဲတဲ့ အနီးအနားက လူ ၄-၅ ဦးလောက် သေဆုံး တယ်လို့ သိရပာတယ်။ (နောက်ဆုံးရ ခိုင်မာတဲ့ သတင်းရပ်ကွက်က လူ ၃၀ ခန့် သေတယ်လို့ ဆိုပာတယ်။ ဖြစ်ပွားချိန်မှာ သေတာ ဆယ်ဦး လောက် ဖြစ်ပာတယ်။ အနီးအနားမှာ ရှိနေတယ့် အရာရှိကြီး တစ်ဦးလည်း ဗုံးထိမှန်တယ်လို့ သိရပာတယ်)
အခင်းဖြစ်ပွားရာ နေရာက ကျွန်တှောတို့နဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်ပာတယ်။ စစချင်း လူတွေ ထွက်ပြေးချိန်မှာ သေနတ်နဲ့ ပစ်သလိုလို၊ ထရန်စမှောမာ ပောက်ကွဲသလိုလို မရေမရာ သတင်းတွေ ဖြစ်လာပေမယ့် ခဏအကြာမှာတော့ ရဲတွေ၊ လုံခြုံရေးတွေ၊ မီးသတ်ကားတွေ၊ သူနာပြုယာဉ်တွေ ရောက်လို့ လာပာတယ်။ အဲဒီမဏဿဍာပ်က လူတွေအားလုံးကို ဆင်းခိုင်းလိုက်ပြီး ပတ်ပတ်လည်ကို လုံခြုံရေး ယူလိုက်ကြပာတယ်။ အနီးအနားက Black Culture, Black Jack, 16.9, စတဲ့ မဏဿဍာပ်တွေလည်း ပိတ်လိုက်ကြရပာတယ်။ သူနာပြုကားပှောမှာ အမျိုးသမီးငယ် ရှစ်ဦးခန့် ပာသွားတာကို မြင်လိုက်ရပာတယ်။ မဏဿဍာပ်ဘေးနားက ဈေးသည်များနဲ့ မဏဿဍာပ်က ရေကစားသူများကို မေးမြန်းချက်အရ ဗုံးကွဲတယ်လို့ အတည်ပြုချက် ရယူလိုက်နိုင်ပာတယ်။
အခင်းဖြစ်တဲ့ X2O
အခင်းဖြစ်တဲ့ X2O
မဏဿဍာပ်မှာ လူတွေ ပြေးပြီ
ကိုနစ်နဲ့ညီလင်းစက် တို့မှကူးယူဖော်ပြသည်
Wednesday, 14 April 2010
ပိတောက်မြေမှ ခမောက်ဝေတဲ့လှုပ်ရှားမှု...
ဒီနေ့ဦးဇင်းတို့.. သင်္ကြန်အကျနေ့မှာ မနက်၁၀နာရီခွဲလောက်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ တို့ပူပေါင်းပြီး ခမောက်ဝေတဲ့လှုပ်ရှားမှုနဲ့ စီဒီအခွေဝေတာတွေကို ပြည်နယ်နဲ့ တိုင်းတွေက မြို့နယ် ၁၅ခုလောက်မှာ တချိန်တည်း တပြိုင်တည်း အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်က မြို့နယ်တွေကတော့ ....
ရန်ကုန်တိုင်းမှာ. ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လသာ၊ ကျောက်တံတား၊ ကြည့်မြင်တိုင်..
မန္တလေးတိုင်းမှာ.. မန္တလေးဈေးချိုနဲ့ ချမ်းအေးသာဇံမြို့နယ်...
မကွေးတိုင်းမှာ... မကွေးမြို့ပေါ်၊ ပခုက္ကူ၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်....
ကရင်ပြည်နယ်မှာ... ဖားအံ၊ ကော့ကရိတ်....
ကချင်ပြည်နယ်မှာ... မြစ်ကြီးနား၊ ဗန်းမော်....
ဧရာဝတီတိုင်းကတော့ ... ဘိုကလေးမြို့နယ်မှာ လုပ်ဖြစ်ပါတယ်။... အင်မတန်မှ အောင်မြင်ပြီး အားတက်စရာပါပဲ... အခုနယ်မြို့တွေနဲ့ စကားပြောပြီးပါပြီ... အားလုံးချောချောမွေ့မွေ့ပါပဲ... အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာ ပြချင်လို့ လုပ်ဆောင်တာပါ.... ထူးခြားတာတွေကတော့ ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ ယူကြတာပါပဲ.... ကြည့်မြင်တိုင်မှာ ဝေတုန်းကတချို့နိုင်ငံရေးအမြင်နဲ့ မယူရဲတဲ့သူတွေ ရှိပေမယ့် အနားမှာရှိနေတဲ့ ဒကာ၊ဒကာမလေးတွေက လှိုက်လှိုက်လှဲလှဲ လာတောင်းယူကြတော့ ဘေးကသူတွေပါ တောင်းယူကြတယ်။ နောက်အသက်ကြီးကြီး လူကြီးတစ်ယောက်က နွေမှာပိတောက် ရင်မှာခမောက်ဆို
မြို့ထဲမှာဝေတုန်းက ခမောက်ဝေနေတဲ့ အချိန်မှာ ရဲကားတစ်စီး ရောက်လာပြီးရပ်ကြည့်သေးတယ်.. နောက်ပြန်သွားတယ်..။ ဦးဇင်းတို့က သူတို့တွေကြားအောင် ဝေတဲ့အချိန်မှာ ပြည်သူတွေ အရိပ်ရအောင် ဝေနေတာပါဆိုပြီး ခမောက်ကို ပေါ်ပေါ်တင်တင် ပြောပြီးဝေတယ်လေ..။ ခမောက်နဲ့အတူ စီဒီအခွေလည်း ဖြန့်ပါတယ်။ စီဒီက အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့က ဒကာတွေ လုပ်တာပါ.. ဘယ်ဟာမှန်တယ်... မှားတယ်ဆိုတာ သိရအောင်ရယ် နောက်အားလုံးလက်ခံနိုင်တဲ့ အချက်အလက်တွေ စီဒီထဲမှာ အကုန်ပါတယ်လေ။ နောက်မကွေးတိုင်း နတ်မောက်မှာ ခမောက်ဝေတာ ဗိုလ်ချုပ်အောင်ဆန်းအိမ်နားမှာပါ.. အခုပြတိုက်လုပ်ထားတဲ့ နေရာမှာပါ. အာဏာပိုင်တွေ တအံ့တသြနဲ့ လာကြည့်ပြီး နောက်ဓာတ်ပုံရိုက်သွားတယ်လို့ သိရတယ်။ တခြားဘာမှတော့ နှောင့်ယှက်တယ်လို့ မကြားရပါဘူး....
ပိုစတာတွေကတော့ ၁။...၂၀၁၀ရွေးကောက်ပွဲအလိုမရှိ.... ၂။...လူထုတိုက်ပွဲဖော်ဆောင်ကြ ၃။...ပြည်သူ့အစိုးရဖွဲ့စည်းရေးဒို့အရေး ၄။...အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်ရမည်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ၂ပေပတ်လည် ပိုစတာတွေပါ.. အခုတစ်ရာကျော်ကို မနက် လေးနာရီလောက်ထဲက စပြီး ဦးဇင်းတို့ မဏ္ဍပ်ပေါင်း(၄၀)ကျော်မှာ လိုက်ကပ်ပါတယ်... ။ ဦးဇင်းတို့ ပြည်နယ်နဲ့တိုင်း တစ်ချိန်တည်း တပြိုင်တည်းလုပ်တာပါ... နယ်သတင်းတွေ စောင့်နေရလို့ နောက်ကျသွားတာပါ.. ဦးဇင်းတို့ ခမောက်လှုတာ တစ်ကြိမ်တစ်ခါမှ မလုပ်ဘူးပါဘူး အခုမှ စလုပ်တာပါ... ဦးဇင်းတို့လုပ်နေတာ ခုနှစ်ရက်သားသမီးတွေ အတွက်လုပ်နေတာပါ။ အဓိကကခမောက်ကို လှုဒါန်းရတာကတော့ ပြည်သူတွေ အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူရှိနေပြီး တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာကို ပြပြီး စိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်...။ ဦးဇင်းတို့ နအဖကိုဆက်ပြီး တောင်းဆိုတိုက်ပွဲဝင်နေမှာပါ။ ၂၀၀၈ခုနှစ်နောက်ပိုင်းကစပြီး ဆန့်ကျင်လာတာပါ.. ၂၀၀၈အခြေခံဥပါဒေကို မပြင်သရွေ့ စစ်အာဏာရှင်တွေကို စိန်ခေါ်ပြီး ပြည်သူတွေဘက်က ဆက်လက်ရပ်တည်ပြီး တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှ ပြောကြားသွားပါတယ်။ ယနေ့ခမောက် အလုံးရေ ၁၅၀၀ကျော် ဝေနိုင်ခဲ့တဲ့ အကြောင်း ဆက်လက်ပြောပြသွားပါတယ်။
ဒီနေ့နေ့လည် ရန်ကုန်မှာ လှုပ်ရှားမှုလုပ်ပြီးချိန်မှာပဲ ဆက်သွယ်လာတာပါ.... နယ်မြို့အခြေအနေတွေ စောင့်နေရတဲ့အတွက် သတင်းနောက်ကျနေခြင်းဖြစ်ပါတယ်...။ ရန်ကုန်မှာကပ်တဲ့ ပိုစတာပုံကိုတော့ ဖော်ပြလိုက်ပါတယ်။ အခြားလက်ခံရရှိထားတဲ ဓာတ်ပုံများကိုတော့ ခွင့်ပြုချက်ရယူပြီး ဖော်ပြပါမည်။
သတင်း... ဒီမိုဝေယံ
Monday, 12 April 2010
နိုင်ငံရေးပါတီ ၁၉ ခုအနက် တအာန်း (ပလောင်) ပါတီလည်း မှတ်ပုံတင်
၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်သည့် နိုင်ငံရေးပါတီ ၁၉ ခု အနက် တအာန်း (ပလောင်) ပါတီလည်း မှတ်ပုံတင် သည့် နိုင်ငံရေးပါတီအသစ်ထဲတွင် တခုပါဝင်ကြောင်း စုံစမ်း သိရှိရပါသည်။
ပင်လုံဒေသခံစာရင်း အာဏာပိုင်များလိုက်ကောက်နေ
သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင်း နေထိုင်သူ အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းကိုရပ်ကွက် အာဏာပိုင်အချို့က ကောက်ခံနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ဝ တောင်းဆိုချက်အသစ် နအဖ ကိုယ်စားလှယ်ပယ်ချ
| ||||||||||||||||||
| ||||||||||||||||||
စစ်တွေ ရခိုင်ရိုးရာ သင်္ကြန် နအဖ စစ်အစိုးမှ ဖျက်ဆီးလိုက်ပြီဟု မြို့ခံ လူကြီးများကပြော
၎၊၁၂၊၂၀၁၀
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် နှစ်စဉ် ကျင်းပနေသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပ ပြုလုပ်ခွင့်ကို အာဏာပိုင်များက မြို့ထဲရပ်ကွက်များတွင် ပြုလုပ်ခွင့်ကို ပိတ်ပင်လိုက်သဖြင့် ယခုနှစ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို စစ်တွေတွင် ကျင်းပပြုလုပ်နိုင်မည် မဟုတ်ကြောင်း မြို့ခံ လူကြီးများက ပြောသည်။ အပြည့်အစုံသို့
သင်္ကြန်တွင် လည်ပတ်မည့် Club အဖွဲ့များ ၀န်ခံ လက်မှတ် ရေးထိုးရ
၎၊၁၁၊၂၀၁၀
မင်းဆက်ခိုင်(နိရဉ္စရာ)
ရခိုင်ပြည်နယ် မောင်တောမြို့တွင် သင်္ကြန်ရက်များ အတွင်း လည်ပတ်မည့် Club အဖွဲ့များကို ရဲတပ်ဖွဲ့ခေါ်ယူပြီး ခံဝန် လက်မှတ် ရေးထိုးခိုင်းသည်ဟု သိရသည်။ အပြည့်အစုံသို့





