Pages

Subscribe

Monday, 19 April 2010

နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အို လူထုရှင်းလင်းပွဲ ပြုလုပ်

နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အို လူထုရှင်းလင်းပွဲ ပြုလုပ်

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စ လူထုရှင်းလင်းပွဲ တစ်ရပ်ကို ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဋ္ဌာနချုပ် လိုင်ဇာမြို့ မနောကွင်း၌ ပြုလုပ်ခဲ့ရာ ပရိသတ် ၂၀၀၀ ကျော်ခန့်တက်ရောက် ခဲ့သည်။

နအဖ ပေးသည့် ဒက်လိုင်း အဖြေပေးဖို့ ၀ တပ်ဖွဲ့အစီအစဉ်မရှိ

နအဖ ပေးသည့် ဒက်လိုင်း အဖြေပေးဖို့ ၀ တပ်ဖွဲ့အစီအစဉ်မရှိ

ဧပြီ ၂၂ ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့်တပ်ရင်းတပ်ဖွဲ့ စာရင်းပေးပို့ရန် နအဖ ပြောသည့် အတိုင်း အဖြေမပေးနိုင်ဟု ၀ တပ်မှူးတဦးကပြောကြောင်း - ခိုင်လုံသည့် ပန်ဆန်းမြို့သတင်းရပ်ကွက် က ပြောပါသည်။

မြစ်ဆုံဗုံးပေါက်ကွဲမှု နအဖလုပ်ကြံ - KIA တပ်မှူးပြော

မြစ်ဆုံဗုံးပေါက်ကွဲမှု နအဖလုပ်ကြံ - KIA တပ်မှူးပြောပြီးခဲ့သည့်စနေနေ့က ဧရာဝတီမြစ်ဆုံ ဗုံးပေါက်ကွဲမှုတွင် နအဖ ကိုယ်တိုင် လုပ်ကြံစီစဉ်ခြင်းဖြစ် နိုင်သည်ဟုအမည်မဖေါ် လိုသည့် KIA တပ်မှူးတဦးက ပြောပါသည်။
ဖိုးလပြည့်ကို ရည်ရွယ်ဗုံးခွဲခဲ့ဟုဆို

ဖိုးလပြည့်ကို ရည်ရွယ်ဗုံးခွဲခဲ့ဟုဆို

သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုမှာ ဖိုးလပြည့်နှင့် အာဏာပိုင်များကို ရည်ရွယ်ဟန် ရှိကြောင်း သတင်းများ ထွက်ပေါ် နေသည်ဟု သိရသည်။ ဗုံးပေါက်ကွဲမှု မဖြစ်ခင် သင်္ကြန်အကျနေ့က
ပြည်ပအဖွဲ့များ ဗုံးဖောက်ခွဲဟု ကြေးမုံ စွပ်စွဲ

ပြည်ပအဖွဲ့များ ဗုံးဖောက်ခွဲဟု ကြေးမုံ စွပ်စွဲ

သင်္ကြန်တွင်း ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြည်ပအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD -LA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ

၉၀ အနိုင်ရ ပါတီအများစု ရွေးကောက်ပွဲ မဝင်

ယနေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သော ပါတီ ၁၉ ခု ရှိပြီ ဖြစ်သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် အများဆုံး အနိုင်ရခဲ့သည့် ပါတီအများစု

မြစ်ဆုံ ဗုံးပေါက်ကွဲမှု ဗိုလ်ချုပ်စိုးဝင်းနှင့် KIO ဆွေးနွေး

ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်းအနီး ဗုံပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရ၏ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ မြစ်ကြီးနား

မြစ်ဆုံရေကာတာ စီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ

ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်တွင် ယနေ့နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မြစ်ဆုံရေကာတာ

ထိတ်လန့်မှုများနှင့် အဆုံးသတ်ခဲ့ရသည့် သင်္ကြန်မှတ်တမ်း

မြန်မာ သက္ကရာဇ် ၁၃၇၁ ခုနှစ်မှ ၁၃၇၂ ခုနှစ်ကို ကူးပြောင်းတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ကာလက အကြမ်းဖက် ဗုံးဖောက်ခွဲမှု၊ပြည်သူများ အထိတ်တလန့် ဖြစ်မှုတွေနဲ့ ပြီးဆုံးခဲ့ပါတယ်။

သင်္ကြန် အတက် မန္တလေးမှာ မိုးသက်လေပြင်းကျ

သင်္ကြန် အတက်နေ့ နံနက် စောစောက မိုးသက်လေပြင်း တိုက်ခတ်ခဲ့သည့် အတွက် မန္တလေးမြို့ ကျုံးမြောက် ဘက်ခြမ်းရှိ ရေကစား မဏ္ဍပ်တချို့ ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။

Saturday, 17 April 2010

Gmail မှရရှိသော ဗုံးပေါက်ကွဲမှုသတင်း ပေးစာ


gmail မှတဆင့် ပေးပို့ပေးသော သူအားအထူးကျေးဇူးတင်ရှိပါသည်
မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ


17 April 2010



ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ်အချို့ ပျက်ဆီးခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာကတော့ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ် လောက်မှာ ကချင်ပြည်နယ်တွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ ဒီတပတ်အတွင်း မြန်မာပြည်မှာ ဒုတိယအကြိမ်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲတဲ့ နေရာကတော့ မေခနဲ့မလိခ မြစ်ဆုံဒေသမှာ အခြေစိုက်ပြီး ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီရုံးအဆောက်အဦမှာ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက အခုလိုပြောပါတယ်။

"ကျိန်ခရမ် လုံဂါဆိုတဲ့နေရာမှာပဲ။ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်နေရာမှာ တန်ဖဲ အောက်ဖက်မှာ၊ ၆ မိုင်အကွာမှာ ရှိတဲ့နေရာမှာ ဖြစ်တယ်။ Asia World ရုံးရှေ့မှာဖြစ်တယ်။ Asia World ကနေ တာဝန်ယူပြီး မြစ်ဆုံရေကာတာ တည်ဆောက်နေတဲ့နေရာ ဖြစ်တယ်။ Asia World ရုံးက နှစ်ထပ်ရှိတဲ့ဟာလည်း ပျက်ဆီးနေပြီ။ အထိအခိုက်တော့ ၁ ယောက်ကနေ ၄ ယောက်အထိ သေတယ်လို့ ကြားနေရတယ်။ ဒဏ်ရာရတာ ၂၀ ကျော်လို့ ကြားနေရပါတယ်။ ဗုံးကတော့ ၃ လုံး အထက်လို့ ပြောနေတယ်။"

မြစ်ကြီးနားဒေသခံ တယောက်ကတော့ ဗုံး ၈ လုံးလောက်ထိ ကွဲတယ်လို့ ကြားသိရပေမဲ့ အသေအပျောက် ရှိတယ်ဆိုတာ မကြားရဘူးလို့ ပြောပါတယ်။

"၈ လုံးလောက်တော့ လို့တော့ကြားတယ်။ ၄ နေရာမှာ ၈ လုံးလောက်တော့ ကြားတယ်။ အထိအခိုက်တော့ မရှိဘူးလို့ ပြောတယ်ရှင့်။ အထိအခိုက်တော့မရှိဘူး။ တရုတ်ကား ၄ စီးနဲ့ Asia World က ကား ၄ စီးပေါ့နော်၊ အဲလိုမျိုး ပျက်ဆီးသွားတယ်ကြားတယ်။"

မြစ်ကြီးနားမြို့က ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျရဲအရာရှိက တစုံတရာ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့က လုံခြုံရေးအရ ပြောခွင့်မရှိလို့ပါခင်ဗျ။"

ဒေသခံတွေကတော့ အခုချိန်ထိ ဗုံးခွဲတဲ့တရားခံကို ဖမ်းဆီးရမိတာမရှိသေးသလို ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာလည်း အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုတာကို မကြားသိရသေးဘူးလို့ ပြောပါတယ်။

နောက်ဆုံး ရရှိတဲ့သတင်းအရဆိုရင် မွန်းလွဲပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း ကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးကြည့်ရှုနေပြီး သူသွားရာ လမ်းတလျောက်နဲ့ မြစ်ဆုံဒေသမှာ လုံခြုံရေး အများအပြား ချထားတယ်။ ဒါ့အပြင် ရေကာတည်ဆောက်ရေးမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ တရုတ် နိုင်ငံသား အများအပြားလည်း မြစ်ကြီးနားမြို့ဘက်ကို ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို Asia World ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက China Power Investment Corporation (CPI) တို့က ပူးပေါင်းတည်ဆောက်နေပြီး ရရှိတဲ့ လျှပ်စစ်ဓါတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာဖြစ်ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ ကချင်သဘာဝ ပတ်ဝန်းကျင် အဖွဲ့ကတော့ ဒီရေကာတာစီမံကိန်းကြောင့် အနည်းဆုံး ကျေးရွာ ၆၀ ကျော် နဲ့ လူ ၃ သောင်းလောက် ပြောင်းရွှေ့ရနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒေသခံ ကချင်ပြည်သူတွေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေက မြစ်ဆုံရေကာတာ တည်ဆောက်မယ်ဆိုရင် သူတို့နေထိုင်ရာ ကျေးရွာတွေ၊ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေ ရေလွှမ်းမိုးမှာဖြစ်သလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေလည်း ပျက်ဆီးရမှာမို့ ရေကာတာ မတည်ဆောက်ဖို့အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီကို စာရေးသားပေးပို့ခဲ့ပါတယ်။ ရေကာတာ မဖြစ်မြောက်ရေးအတွက်လည်း ဆုတောင်းပွဲတွေ ဆုတောင်းပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံကချင်လူထုတွေက ရေကာတာမတည်ဆောက်ဖို့ ကန့်ကွက်ခဲ့တာကြောင့် အခုလို ဗုံးပေါက်ကွဲချိန်မှာ အာဏာပိုင်တွေက သူတို့အပေါ် ဖိအားပေးလာမှာကိုလည်း စိုးရိမ်နေတယ်လို့ ကိုအောင်ဝါက ပြောပါတယ်။

လွန်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့တုန်းကလည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစားမဏ္ဍပ်မှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ယောက် သေဆုံးပြီး ၁၇၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ထုတ် ကြေးမှုံသတင်းစာမှာတော့ ဒဏ်ရာရလို့ ဆေးရုံတက်နေသူ လူ ၁၇၀ အနက်က ၅၅ ဦးဟာ သက်သာပြီဖြစ်တာကြောင့် ဆေးရုံကဆင်းသွားကြောင်း ဖော်ပြပေမဲ့ တရားခံကို ဖော်ထုတ်ရမိတယ် ဆိုတဲ့သတင်းတော့ မတွေ့ရသေးပါဘူး။

လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲ ပထမဆုရ ‘မင်္ဂ လာမောင်’ သံချပ်အဖွဲ့၏ ပြိုင်ပွဲဝင်ခန်း - အပိုင်း (၁) မှ (၈) အထိ

Bomb blasts hit dam project in Myanmar


A series of bomb blasts at the site of a controversial dam project in a remote part of Myanmar destroyed cars and buildings and left one man injured on Saturday, an official said.

The explosions took place in the early hours of the morning at four locations where the Myitsone Dam is under construction in the country's northernmost Kachin state, the official said on condition of anonymity.


'One engineer was slightly injured. Some cars and buildings were destroyed because of the blasts,' he said.


The Myitsone Dam project has been under way since 2005 and is being built by Myanmar's ruling junta in partnership with the China Power Investment Corporation and China Southern Power Grid Corporation (CSG).


Environmental and rights activists have campaigned against the dam, which is being built a mile below the confluence of two rivers to create a giant reservoir.


The dam will force the displacement of 10,000 people, mostly from the Kachin ethnic group, while destroying rainforest and disrupting river systems that feed local agriculture, according to the activist group International Rivers.


AFP

၁၇ ရက်နေ့မနက် ဧရာဝတီမြစ်ဆုံ ဗုံးပေါက်ကွဲမှု ဓာတ်ပုံများ






tarung အားအထူးကျေးဇူးတင်ရှိပါသည်