Monday, 26 January 2009
Wednesday, 6 August 2008
နှစ် ( ၂၀) မြောက်..၈၈၈၈ ၏ ပုံရိပ်များ။
"ဥဒေါင်း၏ ဝိညာဉ်"
ပြာပုံက ပြန်နိုး ထပျံတော့မဲ့ မီးဌက်....
အားအင်တွေ စုပြီး
တဖန် ...ခွပ်ကြစို့ လား ဒို့ ဥဒေါင်းဌက်
အမိမြေအတွက်ဆို..
အသက်ဘဲသေသေ
တိုက်ကြပါစို့ 
နိုးကြားစို့ 
မသဒ္ဓါ (၈။၇။၂၂၀၀၈)
နှစ် (၂၀) က ကျဆုံးခဲ့သော ရဲဘော်အပေါင်းအား အလေးပြုအမျှဝေပါသည်။

စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၁)
စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၂)
စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၃)
Rest of your post
စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၄)
စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၅)
စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၆)
Posted by
ngffbm
at
09:31
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Friday, 18 July 2008
Wednesday, 28 May 2008
Today C-Box News
Niknayman: လှည်းတန်း၊ ယုဇနပလာဇာ၊ မြေနီကုန်းနဲ့  ဒဂုံမြို့ သစ်တစ်ဝိုက်မှာ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) မှ ထုတ်ပြန်ကြေညာချက်များ လိုက်လံဖြန့် ဝေခဲ့တယ်လို့  သိရှိရပါတယ်။
Niknayman: မြောက်ဥက္ကလာရွှေပေါက်ကန်တွင် လေဘေးသင့်သူများ အများကြီးစုပြီးနေသောနေရာသို့  နအဖမှ သွားရောက်ပြီး “သိလား၊ မင်းတို့တွေ ဒီလိုအများကြီး စုပြီးနေနေတော့ ငါတို့ နိုင်ငံက သူတောင်းစားနိုင်ငံ ဖြစ်သွားမယ်” လို့ပြောသွားပြိး ဒီလိုမျိုး လူအများကြီး စုပြီးတော့နေရင် မင်းတို့ကို ဘူးသီးတောင်မောင်းတောကို ပို့ဖြစ်လိုက်မယ်လို့ပြောပြီး ခြိမ်းခြောက်ပါတယ်။
Niknayman: နိုင်ငံတကာမှ ပေးပို့လှူတန်းသော စားသောက်ကုန်များကို မင်္ဂလာဒုံလေဆိပ် ဂိုဒေါင်မှာထားရှိပြီး ညဘက်တွင် စစ်ကားများဖြင့် လုံခြုံစွာထည့်ကာ နေပြည်တော်သို့ သယ်ဆောင်နေကြောင်း ကြားသိရပါတယ်။
ကိုကို: နောက်ဆုံးရသတင်းများအရ မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် နောက် ၁၂ နာရီအတွင် မုန်တိုင်းဝင်မည်ဖြစ်ကြောင်း သိရှိရ၏။
kolusoe1: ဘန်ကောက်မြန်မာ သံရုံး မီးလောင်မှုကို ၀ါယာလျှော့ဖြစ်၍ လောင်သည်ဟု သံရုံးအရာရှိတဦးက ပြောခဲ့သော်လည်း ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာန နှစ်ခုရှိ စာရွက်စာတမ်းများသာ ကွက်ပြီး မီးလောင်ခြင်းကြောင့် သံရုံးတွင်း အဂတိလိုက်စားမှုများ ဖျောက်ဖျက်ပစ်ဖို့ ရှို့မီးဖြစ်နိုင်သည်ဟု ဘန်ကောက်သံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ခေတ်ပြိုင်ကို ပြောသည်။
ဦးဘချစ်: ဘာအကူအညီမှ မရသေးတဲ့ နေရာတွေက ဖြစ်စေ၊ ဒီလိုပဲ ၀မ်းလျှောဝမ်းပျက် ဖြစ်နေတဲ့နေရာ၊ အူရောင်ငန်းဖျား၊ အသဲရောင်အသားဝါ၊ အဆုတ်အအေးပတ်၊ ငှက်ဖျား စတာတွေဖြစ်နေတဲ့ နေရာကဖြစ်စေ၊ ဦးဇင်းတပါးနဲ့ရွားခံတယောက် သာ ရန်ကုန်တက်လာပါ၊ ဆရာတော် ဦးဆေကိန္ဒ နဲ့ ရအောင်ဆက်သွယ်ပါ လိုက်ပြီးကူညီနေပါတယ်၊ ဆရာတော်ရဲ့ လက်တိုင်ဖုန်းကတော့ ၀၉ ၅၀၁ ၅၀၂၄ နဲ့ ၀၉ ၈၅၈ ၀၆၄၈ တို့ဖြစ်ကြပါတယ်

14:20
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
C-Box News
Today မဇ္ဈိမသတင်း
ရန်ကုန်တိုင်းမှ ဧရာဝတီသို့ ထွက်ခွာသော အလှူကားများ ဆက်လက်ဖွင့်ထားဧရာဝတီတိုင်းဘက်သို့ သွားရောက်မည့် လေဘေး အလှူရှင်များ၏ ကားများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အာဏာပိုင်များက တားဆီးခြင်း၊ အပြန်ကားများကို ယာယီ ထိန်းသိမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၆ ရက်နေ့ညမှ... |
ဒုက္ခသည်အလှူအပေါ် မယက မှ ခွဲတမ်း ကောက်နေနအဖ ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အမျိုးသား သဘာဝ ကာကွယ်ရေး ဗဟိုကော်မတီ အမည်သုံးကာ ဒေးဒရဲမြို့နယ် အတွင်းရှိ မြို့နယ် မယကရုံးများသည် လေဘေး အလှူရှင်များထံမှ... |
ဒုက္ခသည် ကယ်ဆယ်ရေး ကာလအတွင်း နိုင်ငံရေး အကျဉ်းသားများ ပိုမိုနှိပ်စက်ခံရနာဂစ်နောက်ပိုင်း ကယ်ဆယ်ရေးကို နိုင်ငံတကာက ပိုမို အာရုံစိုက်နေချိန်တွင် အခြားတဖက်၌ အကျဉ်းထောင်ထဲရှိ အမေ့ခံ နိုင်ငံရေး အကျဉ်းသားများမှာ ထောင်အာဏာပိုင်များ၏ ညှဉ်းပမ်းနှိပ်စက်မှုများ ပိုခံလာကြရသည် ...... |
အဖွဲ့ချုပ်ဝင် ၃ဝ ခန့် ထပ်မံ ဖမ်းဆီးခံရအန်အယ်ဒီ အဖွဲ့ဝင် ၃ဝ ခန့်ကို ယမန်နေ့ ညပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြန်သည်။ ၁၈ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့... |
Posted by
ngffbm
at
14:16
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
မဇ္ဈိမသတင်း
Generation wave ၏ လှုပ်ရှားမှု
Posted by
ngffbm
at
14:12
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
Generation Wave
Tuesday, 27 May 2008
ဘဝရဲ့မုန်တိုင်း
ရေးသားတီးခတ်သီဆိုသူ - မျိုးချစ်မြန်မာ
ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ
ဆင်းရဲခြင်းများနဲ့ ခါးစည်းနေ့တွေဖြတ်သန်းခဲ့ လောကဓံဒီဘဝထဲ
မှားယွင်းမွေးဖွားခဲ့ နှုတ်ဆက်ရက်ကို ကြိုနှင့်လို့ ဖြစ်တည်နေထိုင်ခဲ့
လောကရဲ့လှည့်ကွက် ရက်စက်လွန်းစွာ ဝင်ရောက်ခဲ့ ခုခံနိုင်စရာမဲ့
ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်
လူးလွန့်လှုပ်ခတ်ဖို့ မရတော့တဲ့ဒီအချိန်လေးရယ် ဟစ်အော်သံတွေနဲ့
ဖုံးလွမ်းသွားခဲ့တဲ့ ရေလှိုင်းရဲ့အောက်မှာ ကျန်ခဲ့တဲ့ ကလေးတွေငိုနေဆဲ
လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ
ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေလွင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်
သွေးပျက်ကြောက်လန့်လို့ နိုးထခဲ့အိပ်မက်ဆိုးရယ် အကျည်းတန်နာကျင်ဆဲ
လှိုင်းများဖုံးလွမ်းခဲ့ သောကဝိဥာဉ်မြို့များရယ် ဟစ်အော်ဆူညံဆဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ
ကြည့်လိုက်ပါမိတ်ဆွေတို့…
သူကြိုးစားခဲ့တာ အကုန်လုံးလဲ ကောင်းကင်လိုကြေကွဲခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သူရင်းနှီးခဲ့တာတွေအားလုံး မျက်ရေမှာနစ်မျောခဲ့တယ်
SOLO
လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ
ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေခဲ့ရတယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်
ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ…..
မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်
Timbaland ၏ Apologize မှ Body Frame ကို အနည်းငယ်အခြေခံထားပါသည်
Posted by
ngffbm
at
18:15
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
မျိုးချစ်မြန်မာ
Subscribe to:
Posts (Atom)