Pages

Subscribe

Thursday, 18 March 2010

နိရဉ္စရာ သတင်းများ

ဝန်ကြီးချုပ် သိန်းစိန် ရခိုင် ခရီးစဉ် အတွင်း ရဟတ်ယာဉ် တစင်း စက်ချွတ်ယွင်း ခဲ့သော်လည်း ပျက်ကျခဲ့ခြင်း မရှိဟု သိရ

၃၊၁၈၊၂၀၁၀

မတ်လ ၁၅ ရက်နေ့က စတင်ခဲ့သော နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်၏ ရခိုင် ခရီးစဉ် အတွင်း ရဟတ်ယာဉ်တစီး စက်ချွတ်ယွင်းမူ ရှိခဲ့သော်လည်း ပျက်ကျခဲ့သည်ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း စစ်တွေနှင့် ဘူးသီးတောင်မှ ပေးပို့သော သတင်းများတွင် ဖေါ်ပြသည်။ အပြည့်အစုံသို့

ပြည်ထဲရေး ဒုဝန်ကြီး မူဆလင် စီးပွားရေး သမား ၁၀ ဦးနှင့်အတူ ရွှေးကောက်ပွဲအတွက် မောင်တောသို့ ရောက်ရှိ

၃၊၁၈၊၂၀၁၀

ပြည်ထဲရေး ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေသည် ရန်ကုန်မြို့မှ မူဆလင် စီးပွားရေး သမား ၁၀ ဦးနှင့် အတူ ယမန်နေ့က မောင်တောသို့ ရောက်ရှိလာသည်ဟု အမည်မဖေါ်လိုသူ အစိုးရ အရာရှိဟောင်း တဦးက ပြောသည်။ အပြည့်အစုံသို့

ဝီရ/ ၁၈ မတ် ၂၀၁၀

“ကျနော်တို့ အရာရှိအများစု ဌာနချုပ်ကို ရောက်နေကြပါပြီ။ ဒီကိစ္စကို ဘယ်လိုတုံ့ပြန်မလဲ။ ဘာဆက်ဖြစ်မလဲဆိုတာ အစည်းအဝေးမှာ ဆုံးဖြတ်မှဖြစ်မယ်။ တဦးတယောက်ရဲ့ သဘောထားက ပါတီရဲ့ သဘောထားမဟုတ်သေးဘူးဆိုတော့ ဆုံးဖြတ်ချက် ကျလာမှ ပြောပါရစေ။ ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ မွန်ပြည်သူတွေရဲ့ ....” အပြည့်အစုံသို့

------------------------------------------------------------------------------------------------------------------------------
ရွေးကောက်ပွဲ နည်းဥပဒေတွင် စစ်သား လွှတ်တော်အမတ်များ အကျုံးမ၀င်

စိုးမိုး/ မတ် ၁၈ ၂၀၁၀
“သူတို့က ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့မှ မလိုဘဲနဲ့။ သူက အလိုလို အမည်စာရင်းတင်သွင်းမှာ။ ကော်မရှင်တို့ ဘာတို့က မကန့်ကွက်ဘူး ဆိုလို့ရှိရင် ...” အပြည့်အစုံသို့
တပ်ရင်းမှူး၏ ဇိမ်ခံကား အတိုက်ခံရ၍
တရုတ်ပစ္စည်းသယ်ခွင့် ပိတ်

ပေါက်ပေါက်/ ၁၈ မတ် ၂၀၁၀
“နကသ ခွင့်ပြုထားတယ်။ ဒါပေမယ့် တပ်က အဲလို တားတယ်ဆိုတော့ ဘာမှသယ်လို့မရဘူး။ ဟိုင်းလတ်ကား မပြောနဲ့ ဗင်ကားတောင် မရတော့ဘူး ...”အပြည့်အစုံသို့

ရွေးကောက်ပွဲကို ပြည်သူများ မယုံကြည်

လင်းနိုင်ဦး/ ၁၈ မတ် ၂ဝ၁ဝ
“ဒီမြို့မှာတော့ ဘယ်သူမှ သိပ်စိတ်မဝင်စားကြဘူး။ သတင်းစာတောင် ဖတ်ကြတာ မဟုတ်ဘူး။ ကိုယ်က ဈေးထဲ၊ အလုပ်ခွင်ထဲ သွားလို့ ရွေးကောက်ပွဲကို ...” အပြည့်အစုံသို့
ကိုညီညီအောင်အား နအဖ ပြန်လွှတ်ပေး

NEJ/ ၁၈ မတ် ၂၀၁၀
“လွှတ်ပေးတဲ့အပိုင်းကို ကျနော် မြင်တာတော့ နိုင်ငံတကာ အဖွဲ့ အစည်းတွေရော ..” အပြည့်အစုံသို့

၂၀၁၀ ရွေးကောက်ပွဲဥပဒေကို အကောင်းဘက်က မြင်ကြည့်ခြင်း
ရွှေမောင်းသစ်/ ၁၈ မတ် ၂၀၁၀

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးမလား၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးမလား၊ ဒေါ်အောင်ဆန်း စုကြည်ကို ထုတ်ပယ် ပါတီရဲ့မူတွေ စွန့်လွှတ်ပြီး သိက္ခာမဲ့စွာဖြင့် ၀င်ရောက်အရွေးခံရင်ကော လူထုလက်ခံ မှာတဲ့လား၊ လက်မခံလို့ မြောင်းထဲရောက်တာ ထက်စာရင် ဘယ်လိုတိုက်ပွဲဝင်မလဲ စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သေရေးရှင်ရေးကိစ္စတွေ ဆွေးနွေးရမယ့်အချိန်မှာ ရှုတ်ချနေရုံနဲ့ ပြဿနာကို ... ” အပြည့်အစုံသို့

အခြားသတင်းများ

www.kachinnews.com သတင်းများ

ဥယျာဉ်ခြံ ဧက (၂၀)ကျော် မီးရှို့ဖျက်ဆီးခံရ
Tuesday, 16 Mar, 2010 – 7:50 | No Comment | Related articles

မတ်လ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ နအဖ လှုပ်ရှားတပ်ဖွဲ့ဝင်များသည် မတ်လဆန်းပိုင်းမှစ၍ တိပ်ပုကျေးရွာအုပ်စုမှ ဥယျာဉ်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ရာ ယခုဆိုလျှင် ဧက (၂၀)ကျော်ရှိပြီဟု ဒေသခံရွာသားတဦးက ကေအိုင်စီကို ယနေ့ ပြောသည်။

ရေကာတာဆန့်ကျင်ရေး ဆုတောင်းပွဲ ဒေသခံ ၆၀၀ကျော် ပါဝင်ဆင်နွဲ
Tuesday, 16 Mar, 2010 – 7:48 | No Comment | Related articles

မတ်လ ၁၆ရက်။ စောထွန်းနိုင် (ကေအိုင်စီ)
ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သံလွင်မြစ်အတွင်း ပူးပေါင်းတည်ဆောက်မည့် ရေကာတာများကို ဆန့်ကျင်ကြောင်း မြစ်ရိုးတ လျှောက်ရှိ ဒေသခံပြည်သူများက ဆုတောင်းပွဲတခုကို မတ်လ ၁၄ရက်နေ့တွင် ပြုလုပ်ခဲ့ရာ လူဦးရေ ၆၀၀ကျော် ပူးပေါင်းပါဝင် သည်ဟု သိရသည်။

Wednesday, 17 March 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ပန်ကြားချက်

VOA သတင်းများ

Human Rights Watch logo

မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေကို စုံစမ်း ဖော်ထုတ်ပေးဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက် မလွဲမသွေ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Human Rights Watch အဖွဲ့က ပြောကြားလိုက်ပါတယ်။

နိရဉ္စရာ သတင်းများ

လူသတ် တရားခံကို ဖေါ်ထုတ်ရန် စစ်တွေ တက္ကသိုလ် ကျောင်းသားများ တောင်းဆြိုပီ

၃၊၁၇၊၂၀၁၀

မတ်လ ၁၄ ရက်နေ့က အသတ်ခံခဲ့ရသော စစ်တွေ တက္ကသိုလ်ကျောင်းသူ မဖြူဖြူ အမူကို အမြန်ဆုံး ဖေါ်ထုတ် ပေးရန်နှင့် မဖေါ်ထုတ် ပေးပါက စစ်တွေ တက္ကသိုလ်တွင် ဆန္ဒပြပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်တွေ တက္ကသိုလ် ကျောင်းသားများက ယမန်နေ့က ရာဇသံပေး တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။ အပြည့်အစုံသို့

စစ်တွေတွင် ကြွပ်ကြွပ်အိတ် သုံးစွဲခွင့်ကို ဧပြီလ မှ စ၍ ပိတ်မည်

၃၊၁၇၊၂၀၁၀

စံလင်း(နိရဉ္စရာ) ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကြွပ်ကြွပ်အိတ် သုံးစွဲခွင့်ကို ပိတ်ပင် တားမြစ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ အပြည့်အစုံသို့

ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်၏ ရခိုင်ခရီးစဉ် ရွှေးကောက်ပွဲအတွက် မဟုတ်ဟု ပြော

၃၊၁၇၊၂၀၁၀

နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်၏ လက်ရှိ လည်ပတ်နေသော ရခိုင်ပြည်နယ် ခရီးစဉ်မှာ ရွှေးကောက်ပွဲ အတွက် မဟုတ်ကြောင်း မောင်တောမြို့မှ အမည် မဖေါ်လိုသူ အစိုးအရ အရာရှိကြီး တဦးက နိရဉ္စရာသို့ ပြောသည်။ အပြည့်အစုံသို့



ဘင်္ဂလာဒေခ်ျ့ စစ်တပ်တွင် အဆင်မြင့်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ရခိုင်အမျိုးသား ကွယ်လွန်

၃၊၁၇၊၂၀၁၀

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျ စစ်တပ်တွင် ရခိုင်အမျိုးသားထဲမှ အဆင့်မြင့်ဆုံး တာဝန် ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်မှူးကြီး ဦးမောင်ကျော်ဦး (ငြိမ်း) သည် မတ်လ ၁၄ ရက်က ဒက္ကားမြို့ C.M.H စစ်ဆေးရုံတွင် လူကြီး ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။ အပြည့်အစုံသို့

ရေပြင်ပိုင်နက် အငြင်းပွားမှု ဆွေးနွေးရန် ဘင်္ဂလာအဖွဲ့ ထွက်ခွာ

၃၊၁၆၊၂၀၁၀

မင်းဆက်ခိုင်(နိရဉ္စရာ) အငြင်းပွားနေသော မြန်မာ-ဘင်္ဂလာ ရေပြင်ပိုင်နက် ကိစ္စကို ဆွေးနွေးရန် ဘင်္ဂလာဒေ့ခ်ျဘက်မှ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့သည် ယမန်နေ့က မြန်မာနိုင်ငံသို့ ထွက်ခွာသွားသည်။ အပြည့်အစုံသို့

သျှမ်းသံတော်ဆင့် သတင်း

သျှမ်းတပ်နှင့် တိုက်ပွဲတွင် မြန်မာစစ်သည် ၂၀ ဦးသေ ၈ ဦးဒဏ်ရာရ

သျှမ်းတပ်နှင့် တိုက်ပွဲတွင် မြန်မာစစ်သည် ၂၀ ဦးသေ  ၈ ဦးဒဏ်ရာရ

မတ်လ ၁၃ ရက်နေ့ သျှမ်းပြည် (တောင်ပိုင်း) နမ့်ဇန်မြို့နယ် ဟိုက်ဖတ်တိုက်နယ် ၀မ့်ကျောင်းလွိုင်ခန်းရွာအနီး သျှမ်းပြည် တပ်မတော်တပ်ဖွဲ့၏ ချုံခိုတိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ဗိုလ်ကြီးတင်အောင်မိုး အပါအ၀င်စစ်သည် ၂၀ ဦး သေဆုံး၍ ၈ ဦး ဒဏ်ရာရကြောင်း သျှမ်းပြည်တပ်မတော် ၀က်ဆိုက် Taifreedom.com တွင် ဖေါ်ပြထားသည်။

နအဖ စစ်တပ်ထံ လွဲပြောင်းမည့် စစ်ကားများ တရုတ်နယ်စပ်ရောက်ရှိ

နအဖ စစ်တပ်ထံ လွဲပြောင်းမည့် စစ်ကားများ တရုတ်နယ်စပ်ရောက်ရှိ

တရုတ်နယ်စပ် ကျယ်ဂေါင် - မူစယ်လမ်းကြောင်းမှတဆင့် နအဖစစ်တပ်ထံ လွဲပြောင်းပေးမည့် တရုတ်စစ်ထရပ် ကား အစီး ၅၀ ကျော်ခန့် တရုတ်နယ်စပ် ရွှေလီမြို့သို့ မတ်လ ၁၅ ရက်နေ့မှစတင် ရောက်ရှိလာသည်။

သစ်ခိုးထုတ်မှုတွင် ပြည်သူစစ်များ ပါဝင်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် မုံးပေါ်ကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူ့စစ်များ သည် တရုတ်နယ်စပ်ဘက် သစ်ခိုးထုတ်သူများနှင့် ပတ်သက်မှုရှိကြောင်း ဒေသခံများကဆိုသည်။

ကျောင်းထုတ်ခံ အထက်တန်းကျောင်းသား ပညာရေးနစ်နာ

ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ် ၃ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး ဇန်န၀ါရီလပိုင်းက ကျောင်းထုတ်ခံ ခဲ့ရဖြင့် ပညာရေးတွင် နစ်နာမှုရှိနေကြောင်း ကျောင်းသား၏ အမေက ပြောသည်။

ဝန်ကြီးချုပ် သံသယရှိသည့် မူစယ်က နွားခြံ

နအဖဝန်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်၏ မတ်လ ၉ ရက် သျှမ်းပြည် (မြောက်ပိုင်း ) မူဆယ်မြို့ ခရီးစဉ်အတွင်း များလွန်းလှသည့် နွားများအား ရဟတ်ယာဉ်ပေါ်မှ ဆီးမြင်ပြီးနောက် အဆိုပါ နွားခြံအား စုံစမ်းရန် ရဲ တပ်ဖွဲ့ထံညွန်ကြား ထားကြောင်း သိရသည်။

ဝ နယ်စပ်တလျှောက် တရုတ်လုံခြုံရေးတပ် ထောင်ချီ အင်အားထပ်ဖြည့်

တန့်ယန်းတွေ့ဆုံပွဲနောက်ပိုင်း ၀ နှင့် နအဖ နှစ်ဘက် စစ်ရေးတင်းမာလာချိန်မှစ၍ တရုတ်လုံခြုံရေးတပ်ကနယ်စပ် တလျှောက် အင်အားထောင်ချီ ထပ်မံဖြည့်တင်းထားသည်ဟု စုံစမ်းသိရှိပါသည်။