Pages

Subscribe

Thursday, 22 April 2010

ရန်ကုန်သင်္ကြန်ဗုံးကွဲမှု သေဆုံးသူ ၄၀ ကျော်ပြီ။ ရွှေတိဂုံ လုံခြုံရေး အထူး တင်းကြပ်လျက်ရှိ

ဘားမားပါပါရာဇီသတင်း
ဧပြီ ၂၂၊ ၂၀၁၀
၂၀၁၀ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်း ရှာဖွေရေးစီမံချက်ကို အပူတပြင်း လုပ်ဆောင်လျှက်ရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖက သတင်းဖော်ပြခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ ၄၅ ဦး ရှိပြီး၊ရန်ကုန်ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြော ဌာန)တွင် အတွင်းလူနာအဖြစ် ၈ ဦး၊ ဒဏ်ရာရသူဦးရေမှာ ၂၀၀ ကျော်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး (၅/၆) တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတဦးမှ ပြောကြားခဲ့ပါသည်။
        နအဖအစိုးရ၏ အမှတ် (၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုံးချိုအား စင်္ကာပူနိုင်ငံရှိ ဆေးရုံ သို့ သွားရောက် ဆေးကုသခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကြားသိရပါသည်။
ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေးဖိုးလပြည့်(ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ သူ မကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း အတွင်းသတင်းအဖြစ် ပြောဆိုနေကြသည်။
နအဖ စစ်အစိုးရက ယင်းဗုံးပေါက်ကွဲမှုသတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်း နေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ ၊ မိမိတို့၏လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိပါသည်။
ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး၊ဗုံးဖေါက်ခွဲသူအား ဖမ်းဆီးမိပါက ဆုငွေ ၁၀ သိန်းဆုချမည်ဆိုသည့် ကြော်ငြာစာများကိုလည်း လမ်းဆုံလမ်းခွများတွင် ရယကများ ၊ စွမ်းအားရှင်များက လိုက်ကပ်နေကြောင်း မျက်မြင်သက်သေများကပြောကြားခဲ့ပါသည်။
        ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့ လာရောက်ကြသူ ဘုရားဖူးပြည်သူများကိုလည်း မုခ်ဦးအပေါက်ဝများမှနေ၍ နအဖလက်အောက်ခံ လုံခြုံရေးများ ၊ အရပ်ဝတ် စရဖ ထောက်လှမ်းရေးများမှ အိတ်သွန်ဖာမှောက် သဲသဲမဲမဲ ရှာဖွေစစ်ဆေးလျှက် ရှိပါသည်။

ဖိုးလပြည့်က စိုင်းစိုင်း၏ မိုဘိုင်းဖုန်းကို ပိတ်ဖို့ကြိုးစာ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၂၊ ၂၀၁၀
ဧည့်ခံပွဲတခုတွင် တွေ့ရသော စိုင်းစိုင်း၊ ဖိုးလပြည့် နှင့် ၀တ်မှုံရွှေရည် (ဓာတ်ပုံ - snapshot-news.com
           ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်က အာဏာသုံးပြီး နာမည်ကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မိုဘိုင်းဖုန်းကို အဆိုတော်၏ မွေးနေ့တွင် ပိတ်ထားရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဖိုးလပြည့်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။
ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်မှာ စိုင်းစိုင်းခမ်းလှိုင် နှင့် ၀တ်မှုန်ရွှေရည်၏ သမီးရည်းစား ဆက်ဆံရေးကို ဖြတ်တောက်ရန် ဖိအားပေးခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်နှင့် ၀တ်မှုန်ရွှေရည်တို့၏ ကြော်ငြာ ရိုက်ကူးမှုများအထိပင် လိုက်လံပိတ်ပင် ပြောဆိုမှုများ ရှိခဲ့သည်ဟု မီဒီယာနှင့် စာပေစိစစ်ရေး အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုနောက်ဆုံး မိုဘိုင်းဖုန်းကို ခေတ္တ ဖြတ်တောက်ထားရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် ၀တ်မှုန်ရွှေရည် တွဲလျက် သရုပ်ဆောင်မှု၊ ကြော်ငြာ ရိုက်ကူးမှုများကို ဖိုးလပြည့်က သည်းမခံနိုင်သည့် အပြင် ယခု နောက်ဆုံး မွေးနေ့တွင် သူငယ်ချင်း မိတ်ဆွေများက မွေးနေ့ နှုတ်ဆက် စကား ပြောကြားခြင်း မပြုနိုင်အောင် အထိ အဘိုးဖြစ်သူ၏ အရှိန်အ၀ါ အာဏာ သုံးစွဲပြီး ကြိုးစားခဲ့ခြင်းဖြစ်သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ လုပ်ထုံး လုပ်နည်းအရ ဆိုလျှင် မိုဘိုင်းဖုန်း နံပါတ်တခုကို ပိတ်ရန် ဖုန်းငှားရမ်းသည့် စာချုပ် အထောက်အထား မူရင်းနှင့် အဆိုပါ ငှားရမ်းသူ မှတ်ပုံတင် မိတ္တူကို တွဲလျက် တင်ပြရမည်ဖြစ်သည်။ ထို့ပြင် ကတ်ပျောက်ဆုံးခြင်း သို့မဟုတ် အသုံး မပြုလို သဖြင့် ယာယီ ပိတ်လိုခြင်း ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းရုံးသို့ လျှောက်ထားရမည် ဖြစ်သည်။
ထိုသို့မဟုတ်ပါက အစိုးရနှင့် ဆန့်ကျင်သည့် နိုင်ငံရေး ကိစ္စရပ်များနှင့် ဆက်နွယ်သည့် အတွက်ကြောင့် အထက် အမိန့် အရ လိုင်းပိတ်ခြင်း မျိုးသာ ရှိသည်ဟု ဖုန်းနှင့် ပတ်သက်သည့် အငှား၊ အရောင်းအ၀ယ် လုပ်ကိုင်သူများက ပြောဆိုသည်။ ပြီးခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း နိုင်ငံရေး လှုပ်ရှားသူများ၊ အဆိုပါပုဂ္ဂိုလ်တို့နှင့် ဆက်သွယ်သည့် မီဒီယာသမားများ၏ ဖုန်းအလုံးရေ ရာဂဏန်းနှင့်ချီ ဖြတ်တောက်ခြင်း ခံခဲ့ရသည်။
ရန်ကုန်တိုင်းမ် ဂျာနယ်တွင် တွေ့ရသည့် စိုင်းစိုင်း၏ သတင်းနှင့် ဓာတ်ပုံ
ပြီးခဲ့သည့် တပတ်ကျော်က ထုတ်ဝေသည့် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် စိုင်းစိုင်းခမ်းလှိုင်က အိမ်ထောင်ပြုရန် အစီအစဉ် မရှိကြောင်း၊ လူပျိုကြီးပဲ လုပ်မည် ဆိုသည့် သဘောမျိုး ဖြေကြားခဲ့ပြီး အဆိုပါ သတင်း နှင့် တွဲလျက် ဖေါ်ပြသည့်သူ၏ ဓာတ်ပုံထဲတွင် Game Over ဆိုသည့် စာတမ်းပါ တီရှပ်ကို ၀တ်ဆင်ထားပြီး သူနှင့် ၀တ်မှုန်ရွှေရည်တို့၏ ဆက်ဆံရေး ပြီးဆုံးသွားပြီ ဆိုသည်ကို ရည်ညွှန်းလိုဟန် ရှိသည်ဟု သူ့ပရိတ်သတ်များက ကောက်ချက်ချကြသည်။
စိုင်းစိုင်း၏ ပရိသတ် တဦးက `သူသာ ၀တ်မှုန်ရွှေရည်ကို တကယ် ချစ်တယ် ဆိုရင် သတ္တိ ရှိသင့်တာပေါ့။ အခုတော့ ဖိုးလပြည့်ကို နောက်ဆုတ်ပေးလိုက်တဲ့ သဘောက သူ့ရဲ့ပုံရိပ်ကို ထိခိုက်တာပေါ့၊ ကျွန်တော်သာ သူ့နေရာမှာ ဆိုရင် ခုလို ဘယ်နောက်ဆုတ်ပေးမလဲ´ ဟု ဝေဖန် ပြောဆိုသည်။
သို့ရာတွင် ယခု အဖြစ်အပျက်တွင် ကြားလူ ဖြစ်သည့် မိုဒယ် သရုပ်ဆောင် ၀တ်မှုန်ရွှေရည်၏ သဘောထားကို သဲကွဲစွာ မသိရှိရသေးပေ။
ယခုကဲ့သို့ ဖိုးလပြည့်၏ နိုင်ထက်စီးနင်း လုပ်ရပ်ကို ယခင် ကျော်နေ၀င်း၊ ဇွဲနေ၀င်းတို့ အာဏာ အရှိန်အ၀ါသုံး ထင်တိုင်း ကြဲခဲ့ကြသည့် အဖြစ်နှင့် နှိုင်းယှဉ် ပြောဆိုလျက်ရှိကြပြီး ဦးနေ၀င်း အာဏာ ကျဆုံးချိန်တွင် သူ့မြေးများပါ နှိပ်ကွပ်ခံရပုံမျိုးကို သံဝေဂယူစရာ အဖြစ်လည်း စိတ်ဝင်စားသူများက ဝေဖန်နေကြသည်။

နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ...
 

နောက်ဆုံးနေ့အထိ ဒေါ်စုအပေါ် သစ္စာရှိမည်ဟု ဦးခင်မောင်ဆွေ ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် သဘောကွဲ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပါတီများမှတ်ပုံတင်ရမည့် နောက်ဆုံးရက်အထိ ...
 

ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ့များ တောင်းဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ရန်ကုန်မြို့ ကန်တော်ကြီးရှိ ရေကစားမဏ္ဍပ်တွင် ဗုံးများပေါက်ကွဲသည့် ဖြစ်ရပ်အား ဓာတ်ပုံရိုက်သဖြင့် အဖမ်းခံခဲ့ရသော သတင်းသမားနှင့် ...

နအဖ ဖိအားကြောင့် တောင်ပိုင်း ၀ လူထုနေရပ်မှရှောင်တိမ်း

နအဖ ဖိအားကြောင့် တောင်ပိုင်း ၀ လူထုနေရပ်မှရှောင်တိမ်းယခုလ ၂၂ ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့် တပ်အင်အား စာရင်းပေးပို့ရန် နအဖ သတိပေး ထားချက်ကြောင့် နောက်ဆုံးရက်နီးလာသည်နှင့်အမျှ ပြည်သူများစိုးရိမ်ခြောက်ခြားပြီး နေရပ်မှ တိမ်းရှောင်နေကြသည်ဟု စုံစမ်းသိရှိရပါသည်။

သတ်မှတ်ရက် ကျော်လွန်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်ချက်မပြောင်း

သတ်မှတ်ရက် ကျော်လွန်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်ချက်မပြောင်းစရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်ကိုယ်စား အဖွဲ့တဖွဲ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားတပ်ဖွဲ့ အားထပ်မံသွား ရောက်ဖိအားပေးခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားသို့ ထွက်ခွာ

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားသို့ ထွက်ခွာနယ်ခြားစောင့်တပ်အရေး နအဖစစ်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO ကိုယ်စားလှယ်များသည် ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် အခြေဆိုက်ရာ မြစ်ကြီးနားမြို့သို့ ဧပြီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက ထွက်ခွာသွားကြောင်း စုံစမ်းသိရသည်။

လေပြင်းကြောင့် မူစယ်တွင် ပျက်ဆီးမှုများပြား

လေပြင်းကြောင့် မူစယ်တွင် ပျက်ဆီးမှုများပြားသျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်နှင့် တရုတ်နယ်စပ်တစ်လျှောက်တွင်  ဧပြီလ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့် သစ်ပင်များနှင့် လူနေအိမ်များ ပြိုလဲပျက်ဆီးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းရောက် နေပြည်တော် ဆရာဝန်မကြီးခွဲစိတ်သည့် မွေးလူနာ မိခင်နှင့်ကလေးပါသေဆုံး

နမ့်ခမ်းရောက် နေပြည်တော် ဆရာဝန်မကြီးခွဲစိတ်သည့် မွေးလူနာ မိခင်နှင့်ကလေးပါသေဆုံးသျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သို့ ဆေးရုံအုပ်အဖြစ်ပြောင်းလာသူ နေပြည်တော်မှ ဆရာဝန်မကြီး  ခွဲစိတ်ပေး သည့် မွေးလူနာမှာ မိခင် နှင့် ကလေး နှစ်ယောက်စလုံးသေဆုံးသွားသည် ဟု စုံစမ်းသိရှိရပါသည်။

Tuesday, 20 April 2010

ကေအိုင်အိုက အရေးပေါ် စစ်သင်တန်းပေး

ချင်းမိုင် (မဇ္ဈိမ) ။      ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေသည့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO သည် ကချင်လူထုအား စစ်သင်တန်းများ ပေးနေကြောင်း ဒေသခံများနှင့် KIO အရာရှိများထံမှ သိရသည်။

ယနေ့မှ စ၍ ၁၈ ရက် ကြာမည့် အရေးပေါ် စစ်သင်တန်း၌ KIO တပ်မဟာ ၃ ဌာနချုပ်ရှိရာ တရုတ် နယ်စပ် မိုင်ဂျာယန်မြို့နှင့် အနီးအနားရှိ ကျေးရွာများမှ KIA စစ်မှုထမ်းဟောင်းများ၊ စစ်သင်တန်း တက်ဖူးသူများအား တအိမ်တယောက်နှုန်း မတက်မနေရ သင်ပေးနေခြင်းဖြစ်သည်။

ကချင်ဒေသခံများအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် သေနတ်ပစ်ခြင်းနှင့် ကျည်ကွယ် မျက်ကွယ် နည်းများကို ပို့ချပေးကြောင်း KIO အရာရှိတဦးက ပြောသည်။

“မိမိကိုယ်ကို ကာကွယ်နိုင်ဖို့၊ အရေးပေါ် ပြည်သူ့စစ်သင်တန်းလိုမျိုး ဖြစ်တယ်။ သေနတ်ပစ်တာ၊ ကာကွယ်တာ၊ ရှောင်တာ ဘယ်လိုလုပ်ရတယ် ဆိုတာတွေ သင်ပေးတယ်” ဟု သူက ပြောသည်။

ယနေ့တက်ရောက်လာသည့် သင်တန်းသားများထဲတွင် လူငယ်လူလတ်အရွယ်မှ စ၍ အသက် ၅ဝ အောက် အမျိုးသားများဖြစ်ပြီး စုစုပေါင်း ၁ဝဝ ဦးကျော်ရှိကြောင်း မိုင်ဂျာယန်မြို့ခံတဦးက ပြောသည်။

“ဒီနေ့ကစပြီး သင်တန်းပေးနေပြီ။ မိုင်ဂျာယန်မှာ ရှိတဲ့ စာသင်ကျောင်းဝင်းထဲမှာ ပေးနေပြီ” ဟု သူက ပြောသည်။

မိုင်ဂျာယန်မြို့၏ အရှေ့ဘက် မိုင် ၂ဝ ခန့်အကွာရှိ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁ တည်ရှိရာ အင်ဘာပါ ကျေးရွာတွင်လည်း စစ်သင်တန်းပေးရန် ဒေသခံများကို တအိမ်တယောက် လူစုဆောင်း နေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အရှေ့ဘက်အရပ် ဝိုင်းမော်မြို့နယ်၊ ဆဒုံးကျေးရွာအုပ်စုဝင် ရွာများတွင်လည်း အလား တူ ရက်တိုစစ်သင်တန်းများ ပို့ချပြီးဖြစ်ကြောင်း သိရသည်။

ယမန်နှစ် သြဂုတ်လတွင်လည်း လိုင်ဇာမြို့၌ KIO ဌာနဆိုင်ရာဝန်ထမ်းများကို ရက်တိုစစ်သင်တန်း ပေးခဲ့သည်။

KIO အဖွဲ့အား စရဖ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး အတွက် လာမည့် ကြာသာပတေးနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် ရာဇသံ ပေးထားသည်။

KIO ဥက္ကဌ ဦးဇောင်းဟရား အပါအဝင် အဖွဲ့ဝင် ၉ ဦးတို့သည် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးစိုးဝင်းနှင့် ၂၂ ရက်နေ့၌ တွေ့ဆုံဆွေးနွေးရန် လိုင်ဇာမြို့မှ ယနေ့ ညနေပိုင်း တွင် ထွက်ခွာမည်ဖြစ်ကြောင်း KIO ဗဟိုကော်မတီဝင်တဦးထံမှ သိရသည်။

အပစ်ရပ်ကာလအတွင်း KIO ၏ နိုင်ငံရေးရပ်တည်မှုများ၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ များနှင့် ပတ်သက်၍ ကချင်လူထုနှင့် အောက်ခြေဝန်ထမ်း စုစုပေါင်း ၂၅ဝဝ ဦးခန့်ကို လိုင်ဇာမြို့ မနောကွင်းခန်းမတွင် KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချူပ် ဂွမ်မော်နှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာတို့က ယခုလ ၁၆ ရက်နေ့က ရှင်းလင်းခဲ့သည်။

အဆိုပါ လူထုရှင်းလင်းပွဲတွင် KIO အနေဖြင့် နယ်ခြားစောင့်တပ် လက်မခံဘဲ နောင်ဖြစ်လာမည့် ပြည်ထောင်စု တပ်မတော်တွင် ကချင်တပ်ရင်းများအနေဖြင့်သာ ပါဝင်လိုကြောင်း ရှင်းလင်းခဲ့သည်ဟု အမည်မဖော်လိုသူ KIO ဗဟိုကော်မတီဝင် အခြားတဦးက ပြောသည်။

ယခုလ ၄ ရက်နေ့တွင် မြစ်ကြီးနား မြောက်ပိုင်းစစ်ဌာနချုပ်၌ KIO နှင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ တွေ့ဆုံခဲ့ စဉ် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်ခံမည်မဟုတ်ဘဲ ပြည်ထောင်စု တပ်မတော်တွင် ကချင်တပ် ရင်းများအနေဖြင့်သာ နေလိုကြောင်းကို တင်ပြခဲ့သည်။ သို့သော် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကမူ လက်ခံခြင်း မရှိခဲ့ပေ။

လူထုအစည်းအဝေး ခေါ်ယူပြီးနောက် တရက်အကြာ ယခုလ ၁၇ ရက်နေ့တွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၌ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ပတ်သက်ခြင်း မရှိကြောင်း KIO က ငြင်းဆိုထားသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို

ရန်ကုန် (မဇ္ဈိမ)။      ။ ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် လက်ပစ်ဗုံးအမျိုးအစားဖြစ်သည်ဟု စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သူ စစ်အင်ဂျင်နီယာတပ်အရာရှိတဦးက ပြောသည်။

စစ်မြေပြင်အင်ဂျင်နီယာတပ်၊ မှုခင်းရဲတို့ပါဝင်သော အဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သော နေရာများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဒေသမှူးနှင့် ရဲတိုင်းမှူးတို့က ကွပ်ကဲမှုပေးခဲ့သည်။  မဏ္ဍပ်ရှေ့ ရှုပ်ထွေးနေသော လူအုပ်အကြားသို့  လက်ပစ်ဗုံးသုံးလုံးကို ကိုက်အနည်းငယ်အကွာမှ ပစ်သွင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ပစ်ဗုံးစနက်တံ နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

"လူအုပ်ကြားထဲ ပစ်ထည့်လိုက်တာပါ။ Safety Pin နှစ်ခုကို ရှာတွေ့တယ်။ တွေ့တဲ့နေရာနှစ်ခုက ကိုက် ၂ဝ လောက်ခြားတယ်။" ဟု သူကပြောသည်။

ပေါက်ကွဲမှုတွင် ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုံးချို မှာ ပေါက်ကွဲမှုဖြစ်ပွားခါနီးအချိန်မှ X2O မဏ္ဍပ်အနီးရှိ လုံခြုံရေးတပ်ဖွဲ့များ စုဝေးရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ု
ပေါက်ကွဲမှုများကြောင့် ၉ ယောက်သေဆုံးခဲ့ပြီး ၁၇ဝ ယောက်အထိ ဒဏ်ရာရခဲ့ရသည်။ သို့သော် ဧပြီ (၁၈) တွင် ရန်ကုန်ဆေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ဗုံးလူနာ ၅ဝ ကျော်ပဲ ကျန်တော့ကာ အများစုမှာ ဦးနှောက်နှင့်အာရုံကြောကုသရေးဆောင်တွင်ဖြစ်သည်။

စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာရှိက- " ဖြစ်တဲ့အချိန် မဏ္ဍပ်ရှေ့မှာ လူ ၃ဝဝ နဲ့ ၄ဝဝ ကြားလောက် ရှိနေခဲ့တယ်လို့ သိရတယ်။ ကားလမ်းပေါ်မှာ လူတွေကနေတဲ့အချိန်မို့လို့ ချိန်ကိုက်ဗုံး မဖြစ်နိုင်ဘူးလို့ အစကတည်းက တွက်မိပါတယ်။ နောက်မဏ္ဍပ် စပွန်ဆာပေးထားတဲ့ စီးကရက်ဘူးတွေကို မဏ္ဍပ်ပေါ်က ကြဲချနေတယ်၊ အဲ့ဒီစီးကရက်ဘူးတွေကို အောက်ကလူတွေလဲ ပြန်ပစ်တာမျိုးတွေ ရှိနေခဲ့တယ်လို့ သိရတယ်။ စီးကရက်ဘူးတွေနဲ့ တခြားပစ္စည်းတွေနဲ့အတူတူ Grenade ကို ရောပြီး ပစ်ထည့်တာလို့ ခန့်မှန်းရပါတယ်။"ဟု ဆိုသည်။

အစိုးရအရာရှိများ ရောက်ရှိချိန် အချိန်ကိုက်ဖြစ်ပွားခြင်းဖြစ်၍ ယင်းတို့အား ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းခဲ့ရာတွင် အတိအကျပြောဆိုနိုင်ခြင်းမရှိကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သူ အဆိုပါအရာရှိကဆိုသည်။

ပလောင်ပြည်သူ ပညာရေးအခြေအနေ အလင်းမဲ့ဘ၀ ကျရောက်နေသည်

ပလောင်ပြည်သူ ပညာရေးအခြေအနေ အလင်းမဲ့ဘ၀ ကျရောက်နေ
ဧပြီလ ၂၀ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
စစ်အစိုးရ၏ တာဝန်မဲ့မှု၊ ပညာရေးဆိုင်ရာ အခွင့်အလမ်း ကင်းမဲ့နေမှုများကြောင့် တအာင်း(ပလောင်) ပြည်သူတို့၏ ဘ၀များ လည်း အလင်းကင်းမဲ့နေကြောင်း တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (TSYO)က ယနေ့ပြုလုပ်သည့် “အလင်းမဲ့ဘ၀” အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ထိုအစီရင်ခံစာတွင် ပလောင်ဒေသအတွင်းရှိ လူငယ်များအတွက် ပညာရေးစနစ်ကို ဖော်ထုတ်တင်ပြရန်နှင့် စစ်အစိုးရ၏ ဆုတ် ယုတ်နေသော ပညာရေးစနစ်အကြောင်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းအား တင်ပြနိုင်ရန်၊ ပညာရေးအတွက် ကူညီပံ့ပိုးမှုများ ရရှိနိုင်ရန်နှင့် ၎င်းပညာရေးစနစ်ကို ပြန်လည်သုံးသပ်လာစေသည်အထိ ဆက်လက်ဖိအားပေးနိုင်ရန် ရည်ရွယ်ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အတွင်းရေးမှူး မိုင်းအောင်ကိုက ပြောသည်။
သူက “ကနေ့ ကျနော်တို့ပလောင်ဒေသမှာ စစ်အုပ်စုရဲ့တာဝန်မဲ့မှုကြောင့် ပညာရေးဟာ တိုးတက်မှုမရှိဘဲ ကျနော်တို့ပြည်သူ တွေလည်း အလင်းမဲ့ဘ၀ကို ကျရောက်ခဲ့ရတယ်။ ဒါကြောင့် တအာင်းနယ်မြေက ပညာရေးစနစ်ပိုပြီးတော့ တိုးတက်လာဖို့ ဆိုး ကျိုးတွေကို ဖော်ထုတ်ဖို့အတွက်ရယ်၊ နောက်တခုက စစ်အစိုးရရဲ့ မှားယွင်းတဲ့ ပညာရေးစနစ်တွေကို နိုင်ငံတကာတွေ သိ အောင်ရယ်၊ ကျနော်တို့ဒေသမှာ ဖြစ်နေတဲ့ ပညာရေးအခြေအနေတွေကို အကူအညီပံ့ပိုးမှုရအောင်နဲ့ စစ်အစိုးရကနေပြီး ပညာ ရေးအဆင့်အတန်းကို ပြန်လည်သုံးသပ်နိုင်ဖို့ ရည်ရွယ်ထုတ်ပြန်တာ ဖြစ်တယ်”ဟု ဆိုသည်။
အဆိုပါ အစီရင်ခံစာပါ အချက်အလက်များမှာ ၂၀၀၆ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းလူမျိုးအများ စု နေထိုင်သည့် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆမ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၁ရွာမှ လူထု ၁၇၅ဦးထံမှ ကောက်ယူစုဆောင်းကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
၎င်းအစီရင်ခံစာအတွက် ကိုယ်တိုင်ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့သူ TSYO အစည်းအရုံးမှ ပညာရေးတာဝန်ခံ မိုင်းမောဝ် ဒါင်းက “ကျနော်တို့ စစ်တမ်းကောက်ယူချက်အရ ၂၀၀၆မှာ ကျောင်းတက်နိုင်တဲ့ ကလေးတွေဟာ ၇၅ရာခိုင်နှုန်းလောက်ရှိ တယ်။ ဒီ ၂၀၀၉ခုနှစ်မှာဆိုရင် ၅၅ရာနှုန်းခန့်သာ ကျောင်းတက်နိုင်တော့တယ်။ ဒါတွေဟာ စစ်အစိုးရရဲ့ လွဲမှားနေတဲ့ စီမံခန့်ခွဲ မှုကြောင့် ဖြစ်တယ်”ဟု ပြောသည်။
အဆိုပါမြို့နယ်သုံးခုတွင် ကျောင်းနေအရွယ် ကလေးဦးရေ ၂သောင်းကျော်ရှိသော်လည်း ကျောင်းတက်နိုင်သည့် ကျောင်းသူ ကျောင်းသား ကလေးငယ်ဦးရေမှာ ၉,၀၀၀ခန့်သာရှိသည်ဟု မိုင်းမောဝ်ဒါင်းက ဆက်လက်ပြောဆိုသည်။
တဆက်တည်းတွင် စစ်အစိုးရအနေဖြင့် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အသုံးစရိတ်ကို (၁.၄)ရာခိုင်နှုန်းအောက် လျော့နည်း နေသည့် အနေအထားမှ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ စံနှုန်းများအရ (၆)ရာခိုင်နှုန်းအထိမြှင့်တင်ပေးရန်၊ ကျောင်းသင်ခန်းစာ များတွင် ဒေသခံတအာင်း တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကားနှင့် စာပေကို လေ့လာသင်ကြားနိုင်ရေး မြှင့်တင်အားပေး ရန်နှင့် ပညာရေးစနစ် ဆုတ်ယုတ်နိမ့်ကျနေမှုများကို ပြင်ဆင်နိုင်စေရန် စသည့် အချက် ၅ချက်ဖြင့် စစ်အစိုးရကို TSYO က အကြံပြု တောင်းဆိုထားသည်။

အစီရင်ခံစာကို TSYO မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကေအိုင်စီ)

စာမျက်နှာ(၇၈)မျက်နှာပါ အလင်းမဲ့ဘ၀ အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားခြင်းဖြစ်ပြီး TSYO ၏ တောင်းဆို ချက်များအတိုင်း စစ်အစိုးရ လိုက်နာပါက ထိရောက်သည့် အကျိုးသက်ရောက်မှုများ ရရှိနိုင်မည်ဟု မိုင်းအောင်ကိုက ပြော သည်။ တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးကို ၁၉၉၈ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စစ်ဖိနပ်အောက်က ရွှေလီမြစ်၊ ၂၀၀၈ခုနှစ်၌ လူထုဆန္ဒ ဆန့်ကျင်သည့် မဲပြားများ၊ ၂၀၀၉ခုနှစ်တွင် လက်ဖက်ဖျက်ပိုး နှင့် ယခုနှစ် အလင်းမဲ့ဘ၀ အစီရင်ခံစာ (၄)အုပ်ကို ထုတ်ဝေခဲ့သည်။