Pages

Subscribe

Monday 26 November 2007

Latest Myanmar News (26.11.2007)

2 to 4 hours old

UN Envoy Discusses Burma Crisis With Vietnam Scoop 19:48

Myanmar Urged to Free Child Soldiers Iran Daily 19:16

Indian monks protest against junta TVNZ 19:12

MPD: Nagai was shot from point blank range The Yomiuri Shimbun 18:40

UN envoy discusses Myanmar crisis with Vietnamese officials United Nations 18:40

Still Unanswered: Where are Burmese Monks? Newsweek 18:28


4 to 6 hours old

Oil Sector Dominates Myanmar Investments Forbes 17:38

Burmese Military Shot Journalist From Under One Metre - Japanese Police redOrbit 16:01


6 to 8 hours old

Viet Nam wishes for soon stabilisation in Myanmar Viet Nam News Agency 15:51

Five drown, 50 missing after Myanmar trawler capsizes: police Hindustan Times 15:17

Foreign investment in Myanmar dominated by oil and gas, power sectors CBS 4, Massachusetts 14:15

UN envoy on Myanmar wants to return by year end Christian Today 14:03


Earlier Today

Report: Myanmar monks have vanished The Earth Times 12:37

UN envoy calls for halt to arrests in Myanmar, asks Vietnam's help Monsters and Critics 12:15

UN Envoy Asks Vietnam To Engage Myanmar On Political Crisis Nasdaq 11:46

Myanmar escapes ASEAN censure Jane's Defence Weekly 11:34

International Federation of Chemical, Energy, Mine and General Workers' Unions ; ICEM Congress Closes... M2 (Press Release) 11:33

U.N. envoy on Myanmar wants to return by year end (Reuters) Yahoo! US 11:28

U.N. envoy on Myanmar wants to return by year end Reuters Africa 11:22

50 Missing After Boat Sinks Off Bangladesh The New York Times 11:14

ASEAN still toothless after 40 years Asia Times Online 11:02

Indian Buddhist monks protest against Myanmar junta11/26/2007 8:06:01 PM ABS-CBNNEWS.COM 10:53

50 Missing After Boat Sinks Near Bangladesh-Myanmar Border Fox News Channel 10:12

10:48pm Indian monks protest against junta TVNZ 09:53

Indian Buddhist monks protest against Myanmar junta Reuters Africa 08:45

Speech By Mr George Yeo,minister For Foreign Affairs, At Teo Ann Huay Kuan's 43rd... Singapore Government Online Portal (Press Release) 08:39

Protest at city station This is Oxfordshire 08:34

Sinking off Bangladesh, 50 missing CNN Asia 08:19

Myanmar ruby boycott proposal raises red flag LA Times 08:07

Boat sinks off Bangladesh; 50 missing Fox News Channel 07:39

Boat with 100 people sinks in Bangladesh Pakistan Times 06:29

Myanmar rebel group denies child soldier claims Borneo Bulletin 06:29

Search for 50 passengers called off after people-smuggling boat sinks off Bangladesh International Herald Tribune 06:09

Slain journalist shot within 1m range Japan Today 05:17

တေဇရဲ့ အကျိုးစီးပွားကို အားပေးနေခြင်းအား သတိထားပါရန်။

Sanctions မိသွားလို့  အထိနာသွားတဲ့ တေဇပိုင် Air Pagan က အခု မြန်မာကျောင်းသားတွေနဲ့  မြန်မာမိသားစုတွေဆီက ငွေပြန်နှိုက်ဖို့ အတွက် စီစဉ်နေပါတယ်။ မြန်မာပြည်ကို ပြန်ချင်ရင် အသွားအပြန် ထိုင်းဘတ်ငွေ ၄၇၀၀ (တစ်လအတွင်း) နဲ့  ထိုင်းဘတ်ငွေ ၅၀၀၀ (သုံးလအတွင်း) ရောင်းချပြီး ဆွယ်တရားလုပ်နေပါတယ်။

ဒီတစ်ခါ တာဝန်ယူပြီး မဲဆွယ်နေသူကတော့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန အမှတ် (၁) ရဲ့  ၀န်ကြီး ဇော်မင်းရဲ့  သမီးထွေးလေး စုထက်လှိုင် (ခ) ရတနာဇော်မင်းပါ။



စုထက်လှိုင်ဟာ ၂၀၀၅ ခုနှစ်တုန်းက တေဇရဲ့  စပွန်စာနဲ့  ကျောင်းတက်ပြီး Asian Institute of Technology မှာ Master of Business Administration ပြီးစီးခဲ့ပြီး တေဇရဲ့  Air pagan ဘန်ကောက်ရုံးခွဲမှာ အလုပ်လုပ်နေပါတယ်။

သူရဲ့ကိုယ်ရေးကိုယ်တာတွေကို အတွင်းသိတစ်ဦးက နာမည်နဲ့ တစ်ကွ သတင်းပေးလာလို့  လွန်ခဲ့တဲ့ နိုဝင်ဘာ (၈) ရက်နေ့ က နစ်နေမန်းဘလော့မှာ ပို့ စ်တင်ထားခဲ့ပေမယ့် မေတ္တာရပ်ခံချက်အရ ပြန်ပယ်ဖျက်ခဲ့ပေးပါတယ်။

ပြည်သူအများက လုံးဝမနှစ်သက်တဲ့ ကိုယ်ကျိုးစီးပွားရှာ သန်းရွှေသမက် တေဇရဲ့  Air Pagan ဆက်လက်ရှင်သန်တို့းတက်ရေးအတွက် ပြည်သူတွေမျက်နှာကို မထောက်ဘဲ ကိုယ်ကျိုးစီးပွားအတွက် တေဇပိုင် Air Pagan ကို ပံ့ပိုးထောက်ပံ့ပေးနေဆဲမို့  ယခုလို
ဖေါ်ပြလိုက်ရပြန်ပါတယ်။

တိုင်းပြည်သယံဇာတတွေအပေါ်မှာ အချောင်ဘုန်းပြီး မတရားရလာတဲ့ငွေနဲ့  ပိုင်ဆိုင်ထားတာတဲ့ တေဇရဲ့  Air Pagan ကို မျိုးချစ်မြန်မာများအနေနဲ့ ဆက်လက်သပိတ်မှောက်ကြဖို့ ကို တိုက်တွန်းအပ်ပါတယ်။



သွေးမြေကျ နှစ်လပြည့် သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ မှ ထုတ်ပြန်ကြေငြာချက်

သာသနာရေး အတွေးတစ်စ

26/11/2007

ကျနော်တို့ ဗမာပြည်သူတွေဟာ ခေတ်အဆက်ဆက်က သာနာကို ထောက်ပံ့လာခဲ့ကြတာ ယနေ့ချိန်ထိပဲဖြစ်ပါတယ်..။ အဲဒီအတွက် ဘယ်ပြည်သူကမှ မညီးညူကြသလို စော်လဲ မစော်ကားကြပါ..။ ဘာ့ကြောင့်လဲဆိုရင် ပြည်သူလူထုရဲ့ ရင်ထဲမှာ သံဃာ့ဂုဏ်တော်ကို တကယ် ယုံကြည်လို့ပေါ့..။ သံဃာတော်တွေဟာ “တကယ့် ကုသိုလ်မျိုးစေ့ စက်ပျိုးရာ လယ်ယာမြေကောင်း” ဖြစ်တယ်-ဆိုတာကို နှစ်နှစ်ကာကာ ယုံကြည်ကြတယ်လေ..၊ ဒါ့ကြောင့် ကိုရင်ကလေးကစလို့ ဆရာတော်ကြီးတွေအဆုံး (တနည်းပြောရရင် ဗုဒ္ဓကိုယ်တော်မြတ်အဆုံး) ဦးချ..၊ ပူဇော်ကြတာပေါ့..။ ထောက်ပံ့လှူဒါန်းကြတာပေါ့..။ ဒါ့အပြင် “အရှင်မဟာကဿပ-ကိုယ်တော်ကြီးမှစလို့ ယနေ့ ကိုရင်ငယ်လေးတွေအထိဟာ သာသနာကို လက်ဆင့်ကမ်းစောင့်ရှောက်တဲ့ သံဃာတွေ” ဆိုတာကိုလဲ ပြည်သူတွေ သိနားလည်ကြတယ်လေ..။
သိပ္ပံပညာထွန်းကားလာလို့ ပိဋကတ်တော်တွေကို စီဒီထဲ..၊ ကွန်ပျူတာထဲတွေမှာ ထည့်ထားနိုင်ပေမဲ့ တကယ်သာသနာပြန့်ပွားရေးအတွက် ပင်မဟာ ဒီလူသားဖြစ်ကြတဲ့ သံဃာတွေဖြစ်တယ်-ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး..။ ဒါပေမဲ့ နည်းပညာတွေဟာ လူသားတွေရဲ့ တီထွင်ကြံဆမှုကြောင့်ပါ..။ ကွန်ပျူတာထဲမှာ ပိဋကတ်တော်တွေ ထည့်ထားရင် အဲဒီကွန်ပျူတာက ထည့်ထားတဲ့အတိုင်း “၏၊ သည်မရွေ့” ညွှန်ပြနိုင်မည်မှန်သော်လဲ တစ်ဖက်သားနားလည်အောင် လူတစ်ဦးကဲ့သို့ ဘက်ပေါင်းစုံ၊ ရှုဒေါင့်ပေါင်းစုံကနေ ရှင်းပြနိုင်မည် မဟုတ်ပါ..။ ဒါ့ကြောင့် သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ ဆက်လက်အရေးပါဦးနေမှာပါပဲ..။
ဒီနေရာမှာ အုပ်ချုပ်သူ လူတန်းစားက သာသနာကို ဘယ်လိုသဘောထားပါသလဲ? အထူးသဖြင့် ဗမာပြည်မှာပေါ့..။ တကယ်တော့ သမိုင်းအဆက်ဆက် သာသနာ့အန္တရာယ် ကျရောက်ခဲ့သမျှဟာ အုပ်ချုပ်ခံ လူထုကြောင့်မဟုတ်ပဲ အုပ်ချုပ်သူတစ်စုကြောင့်သာ ဖြစ်ပါတယ်..။ အထူးသဖြင့် သူတို့ဟာ ဘာသာရေးကို ခုတုံးလုပ်မယ်..၊ သူတို့နဲ့ အဆင်ပြေရင်..၊ သူတို့ ခိုင်းသမျှလုပ်ရင် သဘောကျမယ်..၊ ထောက်ပံ့မယ်..။ ခေတ်အဆက်ဆက် သာသနာကို ခုတုံးလုပ်ခဲ့တာဟာ ပြည်သူတွေမဟုတ်ဘူး-ဆိုတာကတော့ ထင်ရှားပါတယ်..။ သို့သော် သာသနာကို ခုတုံးလုပ်ခဲ့သူ..၊ သာသနာကို စော်ကားခဲ့သူတွေဟာ ဟိုတုန်းကလဲ သမိုင်းမလှခဲ့သလို..၊ အခုလဲ အကျည်းတန်ဆဲပါ..။ နောင်လဲ ထိုနည်း၎င်းပဲ ဖြစ်နေဦးမှာပါ..။
အခု ဗမာပြည်အခြေအနေကို ကြည့်ရအောင်.. သံဃာတော်တွေအပေါ်မှာ ဖက်ဆစ်တွေရဲ့ သဘောထားနဲ့ပတ်သက်လို့..။ ဒီနေရာမှာ သတင်းစာထဲက ပုံတွေကို မဆိုလိုပါဘူး..။ တကယ်တမ်း သတင်းစာထဲက ပုံတွေဟာ စေတနာပါလို့ မဟုတ်ပါဘူး..။ ၀ါဒဖြန့်ချိရေးသက်သက်ဆိုတာ ပြည်သူတွေ နားလည်ပြီးသားပါ..။ သာသနာ့ဝန်ထမ်းတွေဟာလဲ ဗမာပြည်မှာတော့ အုပ်စိုးခံလူတန်းစားထဲမှာပဲ ပါပါတယ်..။ ဖက်ဆစ်တွေက သာသနာကို ဘယ်လိုသဘောထားတယ်ဆိုတာကို အဝေးကြီးဆွဲပြီး မပြလိုပါဘူး..။ ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲကို စံထိုးပြပါ့မယ်..။ ရွေးကောက်ပွဲ ဥပဒေအရ
(၁) အသက် ၁၈-နှစ် မပြည့်သူ (အမှား အမှန်ကိုယ်တိုင်မဆုံးဖြတ်နိုင်သူ)
(၂) စိတ်ရောဂါသည် (အရူး)
(၃) သာသနာ့ဝန်ထမ်းများ (သီလရှင်၊ သာမဏေ၊ ရဟန်းများ) ဟာ ဆန္ဒမဲ ပေးခွင် မရှိကြပါဘူး..။ ဒါဟာ အုပ်စိုးသူဖက်ဆစ်တွေရဲ့ သာသနာအပေါ် သဘောထားအမြင်ပဲ ဖြစ်ပါတယ်..။ အချို့ပုဂ္ဂိုလ်တွေကတော့ ပြောကောင်းပြောပါလိမ့်မယ် “ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာမှမဆိုင်တဲ့အတွက် မှန်တယ်” လို့..။ ဗမာပြည်ထဲမှာနေတဲ့ အုပ်ချုပ်ခံ ပြည်သူတစ်ဦးအနေနဲ့ သာသနာ့ဝန်ထမ်းဖြစ်လို့ မဲမပေးရ-ဆိုတာကတော့ အတော့ကို မိုက်မဲရာကြပါတယ်..။
အထူးသဖြင့် ပြည်သူဝပြောမှ သာသနာလဲ စည်ပင်မှာပါ..။ ပြည်သူတွေ ကျပ်တည်းရင် သာသနာလဲ စိုပြေသင့်လောက် စိုပြေမှာမဟုတ်ဘူး-ဆိုတာကတော့ မြေကြီး လက်ခတ်မလွဲပါပဲ..။ ဒီအချက်ဟာ ထင်ရှားတဲ့အချက်ပါပဲ..။
အချို့ သာသနာ့ဝန်ထမ်းတွေသည်ပင်လျှင် ဖက်ဆစ်တွေက တကယ့်ကို ဘာသာရေးကို အားပေးတယ်..၊ ထောက်ပံ့တယ်-လို့ ယုံယုံကြည်ကြည်နဲ့ ပြောတဲ့အသံကို ကြားဖူးပါတယ်..။ အဲဒီ ကိုယ်တော်တွေ မသိတာက အုပ်ချုပ်သူ ဖက်ဆစ်တွေဟာ သာသနာ့ဝန်ထမ်းတွေကို အသက်မပြည့်သူ..၊ အရူးတို့နဲ့ တန်းတူထားတယ်-ဆိုတာ မသိကြရှာဘူး-လို့ပဲ စိတ်ထဲမှာ ကရုဏာသက်မိပါတယ်..။ စဉ်းစားကြည့်ပေါ့..၊ တကယ်လို့ တစ်ဦးတစ်ယောက်က “ကိုယ်တော် အရူးပဲ..” လို့ ပြောကြည့်ပါလား..။ အဲဒီ အပြောခံရတဲ့ကိုယ်တော်ဟာ ထပြီး မကန်တောင်.. ပါးစပ်နဲ့ ကောထဲ့လိုက်မှာ သေချာတယ်..။ လူကြီးဖြစ်ရင်တော့ အောင့်သက်သက်နဲ့ စိတ်ထဲကနေပြီး.. အင်း.. သေချာတယ်..။
ဒါပေမဲ့ ဘုန်းကြီး၊ သီလရှင်တွေ မဲမပေးရ-ဆိုတဲ့ ဥပဒေကို ထောက်ခံပြီး “ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူး” ဆိုကာ ကိုယ့်ကိုယ်ကို ၁၈-နှစ်အထက်ဖြစ်ပါလျှက် အရူးနဲ့ တန်းညှိတာကို သဘောကျနေကြဦးမယ်-ဆိုရင်ဖြင့် ဗမာပြည်ရဲ့ အနာဂတ်အရေး..၊ သာသနာရဲ့ အနာဂတ်အရေးဟာဖြင့် ရင်မအေးစရာပါလား-လို့ တစိမ့်စိမ့်အတွေးများက တရေးရေးစီလျှက်…

နီသွေး
(၂၀၀၇၊ နိုဝင်ဘာ-၂၆)