Pages

Subscribe

Wednesday 9 June 2010

မြန်မာပြည်ရွှေးကောက်ပွဲကို အောက်တိုဘာ ၁၀ရက် (၁၀.၁၀.၁၀)မှာကျင်းပနိုင်ကြောင်း US Senator Jim Webb ပြောကြားလိုက်ခြင်း

WASHINGTON — US Senator Jim Webb said Wednesday he expected Myanmar to hold elections on October 10 and urged support for the vote despite the military regime's exclusion of the democratic opposition.

Webb is a leading US advocate for engagement with the junta, although he called off a trip to Myanmar this month due to allegations the country was developing nuclear weapons with support from North Korea.
Myanmar plans to hold its first elections in two decades later this year, although the regime has not set an exact date.

"What I'm hearing is that they will take place... on 10-10-10," Webb, a member of President Barack Obama's Democratic Party who represents Virginia, told the Asia Society.

The Obama administration last year initiated dialogue with North Korea but has voiced concern about the elections, ahead of which Nobel laureate Aung San Suu Kyi's National League for Democracy was forcibly dissolved.

Webb acknowledged that the election was designed to preserve the military regime, but said it was a step forward that the country would allow at least some opposition figures to stand for seats.

"In East Asia, in Southeast Asia, you have to build the future a step at a time," Webb said.

"When's the last time China had an election? When's the last time Vietnam had an election?" he said. "It doesn't mean we don't talk to them, and it doesn't mean we don't try to advance the notions of a fairer society."

Webb's position has upset many Myanmar democracy activists, who believe the election is a way to delegitimize Aung San Suu Kyi.

Her National League for Democracy won the last vote in 1990 but she was never allowed to take office and has spent most of the ensuing years under house arrest.

ရယက ဥက္ကဟောင်း တစ်ဦးနှင့် အမျိုးသမီး ရှစ်ဦးကို ပြည်တန်ဆာ အမှုဖြင့် ထောင်ဒဏ် စီရင်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရယက ဥက္ကဟောင်း တစ်ဦးကို တခြား အမျိုးသမီး ရှစ်ဦးနှင့် အတူ ပြည့်တံဆာ အမှုဖြင့် ခရိုင် တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ် တိုင်းကြီး နတလ ကျေးရွာ၌ ဥက္ကဌဟောင်း သန်းမိုး (၄၃-နှစ်)အား ထောင် ၂ နှစ်နှင့် တခြား အမျိုးသမီး ၈ ဦးကို ထောင် တနှစ်စီ အသီးသီးစီ မောင်တော ခရိုင်တရားရုံးမှ ယခုလ ၃ရက်နေ့တွင် ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဒေသခံများ အပြောအရ ဥက္ကဌဟောင်း သန်းမိုးသည် ဒေသခံ ရဲနှင့် နစက အရာရှိများကို လာဘ်ပေးပြီး ဒေသခံ အမျိုးသမီးများနှင့် ဗမာပြည်မမှ အမျိုးသမီးငယ်များကို စုဆောင်းကာ မောင်တောမြို့နယ်ရှိ ပန်းတောပြင်နှင့် ညောင်ချောင်းသို့ သွားသည့် လမ်းဆုံတွင် ဆိုင်ခန်းဖွင့်ပြီး ပြည့်တံဆာ လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း သိသည်။

အဆိုပါ လုပ်ငန်းကို လုပ်ကိုင်ပြီး ၂ နှစ်နီးပါးခန့် အကြာတွင် အာဏာပိုင် များနှင့် အဆင်မပြေရာမှ ယခုနှစ်ဧပြီလက ပြည့်တံဆာ လုပ်ကိုင်သူ အမျိုးသမီး ၈ ဦးနှင့် အတူ ဖမ်းဆီးခံခဲ့ရသည်။

ဥက္ကဌ ဟောင်းသန်းမိုး ဖမ်းဆီးခံခဲ့ရသော်လည်း ယခုအချိန်ထိ ပန်းတောပြင်နှင့် ညောင်ချောင်း လမ်းဆုံတွင် အာဏာပိုင်များနှင့် နားလည်မူယူကာ ဖွင့်လှစ်ထားသော ပြည့်တံဆာ ဆိုင်ခန်း အများအပြား ရှိနေပြီး ပြောင်ပြောင်တင်းတင်း ဖွင့်လှစ် လုပ်ကိုင်နေကြောင်း သိရသည်။

မောင်တောမြို့နယ်ရှိ အဆိုပါ လမ်းဆုံတွင် ပြည်တံဆာခန်း၊ အရက်ဆိုင်နှင့် ဗီဒီယိုရုံ အများအပြား ဖွင့်လှစ်လျက်ရှိပြီး ဖောက်သည်များဖြင့် အမြဲမပြတ် စည်ကားလျက်ရှိသောကြောင့် အဆိုပါ လမ်းဆုံကို နေပြည်တော် လမ်းဆုံ ဟုဆိုလျှင် မောင်တောမြို့နယ်တွင် မသိသူမရှိကြောင်း စုံစမ်းသိရှိရသည်။

ALP တွင် လက်နက်ချသွားသူ စစ်သား ၆ ဦးကို ရှင်းပစ်ရန် ထောက်လှမ်းရေးများကို ဘင်္ဂလာဒေခ်ျ့သို့ စေလွတ်ထား

ရခိုင်ပြည်လွှတ်မြှောက်ရေး ပါတီ ALP တွင် လက်နက်ချသွားသော စစ်သား ၆ ဦးကို ရှင်းပစ်ရန်အတွက် အရပ်ဝတ် ထောက်လှမ်းရေးများကို စေလွှတ်ထားကြောင်း အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

“သူတို့က စစ်ရေး အရ အရေးယူနိုင်အောင် အိန္ဒိယ နယ်မြေထဲထိ ၀င်ရောက်လူပ်ရှားမူတွေ အများကြီး လုပ်ခဲ့တယ်။ ALP ဌာနချုပ်ကို သူတို့ စီးနှင်း တိုက်ခိုက်ဖို့ထိ သူတို့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် စစ်ရေးအရ ၀င်းရှင်းဖို့ မလွယ်ကူတဲ့ အတွက် အခုအခါ ထောက်လှမ်းရေးတွေကို အရပ်ဝတ်နဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံထဲကို စေလွတ်ထားတာ ဖြစ်တယ်။”
နအဖ စစ်တပ်သည် အဆိုပါ စစ်သား ၆ ဦး လက်နက် အမြောက်အမြားဖြင့် ALP ထံ လက်နက် ချသွားပြီးနောက် အိန္ဒိယ နိုင်ငံထဲရှိ ရခိုင်ကျေးရွာ အများအပြားကို ညဥ့်အချိန်တွင် ၀င်ရောက် စီးနှင်းမူများ ပြုလုပ်ခဲ့သည်။ ၎င်းအပြင် အိန္ဒိယ နိုင်ငံထဲထိ ၀င်ရောက်ပြီး ကင်းပုန်းဝပ်ကာ စစ်ရေးအရ လက်စားချေ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။

သို့အတွက် အိန္ဒိယ နိုင်ငံထဲရှိ တက်ပုတ်ချေ၊ ကာကီရွာနှင့် ရွာသစ်ကျေးရွာများတွင်နေထိုင်နေသော ရခိုင် ကျေးရွာသားများမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရသည်။

အဆိုပါ စစ်ရေးအရ ဆောင်ရွက်မူ မအောင်မြင် သဖြင့် နောက်ပိုင်းတွင် ယခုကဲ့သို့ ထောက်လှမ်းရေများကို အရပ်ဝတ်ဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံထဲသို့ စေလွှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံသား တဦးက “ သိပ်တော့ မလွယ်ဘူးထင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ သတင်းပေးတွေ၊ ထောက်လှမ်းရေးတွေက ကော့ဘဇားထိတောင် ရှိနေတယ်ဆိုတော့ သူတို့ လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ ဘင်္ဂလာဒေခ်ျ့ဘက်ကို ၀င်ရောက်ပီး အဲဒီ စစ်သားတွေ ဘင်္ဂလာနိုင်ငံထဲကို ရောက်မရောက် စုံစမ်းနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ လက်နက်နဲ့ ၀င်းရှင်းဖို့ဆိုတာကတော့ သိပ်မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်သား ၆ ဦးသည် စစ်တွေ အခြေစိုက် ခမရ ၂၃၂ တပ်ရင်းမှ ဖြစ်ပြီး အိန္ဒိယ- မြန်မာ နယ်စပ်တွင် တာဝန် ကျနေစဉ် မေလ ၁၆ ရက်နေ့က မြိတ်ဝ စခန်းမှ စခန်းမှူး ဗိုလ်ကြီး ထက်အောင်ထွန်းကို ပစ်သတ်ပြီး လက်နက်မျိုးစုံ ၁၁ လက် အပါအ၀င် တခြား ခဲယမ်း မီးကျောက် အများအပြားနှင့် အတူ ALP ထံ လက်နက်ချ ပူးပေါင်းခဲ့သည်။

သူတို့ လက်နက်ချသွားသဖြင့် ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ကျော်မိုးဟိန်းမှာ အရေးယူ အပြစ်ပေးခံထားရကြောင်း သိရသည်။

အစိမ်းရောင် နိုင်ငံသား စီစစ်ရေးကဒ်ကို လက်ခံရန် ငြင်းဆန် ကန့်ကွက်ရာမှ အစ္စလာမ် ဘာသာဝင် သုံးဦး ဖမ်းဆီးခံရ

စစ်အစိုးရ အာဏာပိုင်များမှ ထုတ်ပေးသော နိုင်ငံသား စီစစ်ရေး အစိမ်းရောင် ကဒ်ပြား အသစ်များကို လက်ခံရန် ကျေးရွာသားများ ငြင်းဆိုရာမှ အစ္စလာမ် ဘာသာဝင် ကျေးရွာ ခေါင်းဆောင် ၃ ဦးကို ရဲက ဖမ်းဆီးသွားကြောင်း သတင်း ရရှိသည်။

“ဤကဒ်ကိုင်ဆောင်ထားသူသည် မည်သည့်အခါမှ နိုင်ငံသား အလျှဉ်း မဖြစ်စေရ” ဟု မြန်မာလို ရေးသားထားသော စာတန်းပါ နိုင်ငံသား စီစစ်ရေး ကဒ်ပြား အသစ်များကို လက်ခံရန် မူဆလင် ကျေးရွာသားများက ငြင်းဆိုရာမှ ကျေးရွာ ခေါင်းဆောင်များ ဖြစ်သည့် အလယ်တန်းပြ ကျောင်းဆရာ ဦးမောင်လှ၊ မော်လဘီ နုရ်ဘော်ချောနှင့် နုရ်ဟောက် သုံးဦးကို ရဲက ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ဇွန်လ ၆ ရက်နေ့က ကျောက်တော်မြို့နယ် ၀က်ခေါင်းအုပ်စု ပီစိကျေးရွာနှင့် ပိုက်သည်ကျေးရွာသို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများနှင့် ရဲတပ်ဖွဲ့ တဖွဲ့တို့ရောက်ရှိလာပြီး အဆိုပါ စာတန်းပါ အစိမ်းရောင် နိုင်ငံသား စီစစ်ရေး ကဒ်ပြား အသစ်များကို ထုတ်ပေးခဲ့သော်လည်း ကျေးရွာသားများက လက်ခံရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။

ကျေးရွာသား တဦးက “ ဇွန်လ ၆ ရက်နေ့မှာ လ၀ကနဲ့ ရဲတပ်ဖွဲ့ တဖွဲ့ ရောက်ရှိ လာပြီးတော့ အစိမ်းရောင်ကဒ် အသစ်တွေကို ထုတ်ပေးပါတယ်။ အခု ထုတ်ပေးတဲ့ ကဒ်အသစ် ဘေးနားမှာ “ဤကဒ်ကိုင်ဆောင်ထားသူသည် မည်သည့်အခါမှ နိုင်ငံသား အလျှဉ်းမဖြစ်စေရ” ဆိုပြီး ရေးသား ထားပါတယ်။ အင်္ဂလိပ်လို ရေးထားတာလည်းမဟုတ်ဘူး။ မြန်မာလို ရေးထားတာ ဆိုတော့ လူတိုင်း ဖတ်တတ်တယ်။ ကျွန်တော်တို့ ရွာက ဘယ်သူမှ လက်မခံလိုက်ဘူး။ အဲဒီနောက်ပိုင်းမှာ သူတို့ကို ဖမ်းခေါ်သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရ အာဏာပိုင်များသည် ရွှေးကောက်ပွဲတွင် မဲထည့်နိုင်ရန် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များအား ယခင် ထုတ်ပေးထားသော အဖြူရောင် ဧည့်နိုင်ငံသား ကဒ်အစား နိုင်ငံသား အနီရောင် စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း လက်တွေ့တွင် အဆိုပါ ကဒ်များကို ထုတ်ပေးခြင်း မရှိဘဲ အစိမ်းရောင် ကဒ်များကိုသာ ထုတ်ပေးလာသည်ဟု သူက ပြောသည်။

“ ကျွန်တော်တို့ကို အစောပိုင်းက သူတို့ပြောတာက အဖြူရာင် ကဒ်တွေ အစား နိုင်ငံသား စီစစ်ရေး ကဒ် အနီတွေကို ထုတ်ပေး မယ်။ နိုင်ငံတော်က ဒီနှစ်ကျင်းပမဲ့ ရွေးကောက်ပွဲမှာ မဲထည့်နိုင်အောင် စီစဉ် ပေးမယ်။ အစိုးရ လိုလားတဲ့ ပါတီကို မဲထည့်ရမယ် ဆိုပီး ပြောထား ပါတယ်။ တကယ်တန်း ပေးလာတဲ့အခါ ခုလို အစိမ်းရောင် ကဒ်တွေကိုသာ ထုတ်ပေးလာတာ ဖြစ်ပါတယ်။”

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင်လည်း နအဖ အာဏာပိုင်များက များမကြာမှီ မြန်မာနိုင်ငံသား မူဆလင်ဟု အမည်ရေးထိုးထားသော ပန်းနုရောင် နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးမည်ဟု ကျေညာထားသော်လည်း လက်တွေ့တွင် ယခုကဲ့သို့ အစိမ်းရောင် ကဒ်ပြားများ ထုတ်ပေးလာမည်ကို စိုးရိမ်မူ ရှိနေကြောင်း ဒေသခံ တဦးက ပြောသည်။

နအဖ စစ်အစိုးရသည် လက်ရှိ ရခိုင်ပြည်နယ်တွင် နေထိုင်နေသော ကမန်လူမျိုးမှ အပ တခြား အစ္စလာမ်ဘာသာဝင်များကို ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ခိုးဝင်လာသူ ဘင်္ဂလီ လူမျိုးများ အဖြစ် အသိအမှတ်ပြုထားပြီး ဧည့်နိုင်ငံသား ကဒ်ပြားများကိုသာ ထုတ်ပေးနေသော်လည်း ဒေသခံ အစ္စလာမ် ဘာသာဝင်များကမူ ၎င်းတို့မှာ ဘင်္ဂလီများ မဟုတ်ကြဘဲ အာရပ်နိုင်ငံမှ ရောက်ရှိလာသော အာရပ် အနွယ်ဝင် ရိုဟင်ဂျာများ ဖြစ်ကြောင်း ပြောဆိုနေကြသည်။

ကြံ့ဖွံ့ ပါတီကို နိုင်ငံရေးပါတီ အဖြစ် ခွင့်ပြု

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် (ဓာတ်ပုံ - Reuters)

“သူ့ ပါတီနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်တွေ ဇွန်လထဲမှာ ထုတ်မယ် ဆိုပြီး USDP ပါတီက ပြည်တွင်း ဂျာနယ် တွေကိုတော့ တလောက ခေါ်ယူ ပြောဆိုခဲ့ ဖူးတယ်”ဟု ပြည်တွင်း အခြေစိုက် ဂျာနယ် သတင်းထောက် တဦးက ပြောသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်ထားသော ပါတီပေါင်း ၄၂ ပါတီရှိပြီး ၄င်းတို့ အထဲကမှ ကော်မရှင်က ပါတီ တည်ထောင်ခွင့် ခွင့်ပြုချက် ချပေးလိုက်သော ပါတီပေါင်း ၃၃ ပါတီတွင် USDP ကို မှတ်ပုံ တင် အမှတ်စဉ် ၃၂ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဤအတောအတွင်း USDP ကိုမွေးဖွားပေးလိုက်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ဖွံ့)အသင်းသည် ရန်ကုန် တိုင်း ရှိ တချို့မြို့နယ် များတွင် ၎င်းတို့၏အသင်းဆိုင်းဘုတ် ဖြုတ်ချမှုများရှိခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အသင်းမှ ပါတီအသွင် လုံးဝ ပြောင်းလဲခြင်း ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ကြန်လမ်းနှင့် စီ လမ်း
ထောင့် မြေကွက်အမှတ် ၅ တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားကြောင်းသိရသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အပေါင်းအပါ ၀န်ကြီးများ၊ အစိုးရ အရာရှိကြီးများ ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် USDPပါတီကို ဖွဲ့စည်းခဲ့သည်။

ထိုသို့ စစ်အစိုးရက နိုင်ငံရေးပါတီ ထူထောင်လိုက်ခြင်းအပေါ် လက်ရှိ အစိုးရ ရာထူးတာဝန်များကို မစွန့်လွှတ်ဘဲ ပါတီ ထောင်ခြင်းသည် ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ ဝေဖန် ထောက်ပြမှုများ ထွက်ပေါ်ခဲ့သည်။

ကမ္ဘာ့ဖလား တိုက်ရိုက် လွှင့်သောကြောင့် စလောင်း ရောင်းအားကျဆင်း

စစ်အစိုးရပိုင် ရုပ်မြင်သံကြား အစီအစဉ်များမှနေ၍ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များကို တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဆိုခြင်းကြောင့် တရားမ၀င် ၈ ပေနှင့် ၂ပေ ဂြိုဟ်တု စလောင်းများ ရောင်းအား ကျဆင်း နေကြောင်း အရောင်းဆိုင်များမှ သိရသည်။

ရန်ကုန်မြို့လယ်တွင် ဂြိုဟ်တုစလောင်း တပ်ဆင်နေစဉ် (ဓာတ်ပုံ - Lup Keen Ng)

“၂၀၀၆ ကမ္ဘာ့ ဖလားတုန်းက တီဗီက တိုက်ရိုက် မလွှင့်တော့ ကျနော်တို့ ဆိုင်တွေ စလောင်း အရမ်း ရောင်းရတယ်။ အခု လာမေးသူ နည်းတယ်။ အခုတော့ အင်တင်နာတွေ၊ တီဗီတွေ ရောင်းအား တက်တယ်” ဟု လျှပ်စစ်ပစ္စည်း အရောင်းဆိုင် တာဝန်ခံ တဦးက ပြောသည်။
စစ်အစိုးရပိုင် ရုပ်/သံ မီဒီယာများက ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များကို တိုက်ရိုက် ပြသမည် ဆိုသော်လည်း ရန်ကုန်မြို့၏ လျှပ်စစ်မီး ရရှိမှုမှာ တရက်လျှင် ၆ နာရီသာ ရှိသည်။

“မီးပျက်နေတယ် ဆိုရင်တော့ ကျနော်တို့က ဘီယာဆိုင်တို့၊ လက်ဖက်ရည် ဆိုင်တို့မှာ ကြည့်ဖို့ စိတ်ကူးတယ်။ မီးစက်နဲ့ ကြည့်မယ်ဆို အဆင်မပြေနိုင်ဘူး”ဟု ဘောလုံးပွဲ ကြည့်ရှုရန် အားသန်နေသူ တဦးကဆိုသည်။

စစ်အစိုးရအနေဖြင့် ကမ္ဘာ့ဖလားဘောလုံး ပွဲစဉ်များ တိုက်ရိုက်ပြသခြင်းမှာ ဂြိုဟ်တုစလောင်းများ ပြန်လည် တပ်ဆင်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်ကြောင်း သုံးသပ် ဝေဖန်သူများလည်း ရှိနေသည်။

ရန်ကုန် အခြေစိုက်သတင်း အယ်ဒီတာတဦး ကလည်း ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကြောင့် ပြည်ပ မီဒီယာများမှ ထုတ်လွှင့်နေသည့် မြန်မာနိုင်ငံ ၏ နျူကလီးယားကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများ စိတ်ဝင်စားနေမှုကို အာရုံ ပြောင်းလဲစေနိုင်ကြောင်း သုံးသပ်ပြသည်။

“အယ်လ်ဂျာဇီးယားနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ ပေါင်းပြီးလွှင့်တဲ့ နျူကလီးယားကိစ္စကို ဒီရက်ပိုင်း လူတွေ တော်တော် စိတ်ဝင်စားနေတာ။ ကမ္ဘာ့ဖလားပွဲတွေလာရင်တော့ အာရုံပြောင်းသွားနိုင်တယ်။ လူတွေက ဘောလုံးပွဲတွေလောက် ရွေးကောက်ပွဲအကြောင်း၊ နိုင်ငံရေးအကြောင်း စိတ်မ၀င်စားကြဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဒဂုံစင်တာရှေ့ရှိ ဘရဏီမီဒီယာပိုင် LED ဘေလ်ဘုတ်တွင်လည်း ကမ္ဘာ့ဖလား ပွဲစဉ်များကို တိုက်ရိုက်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့အတွက် အဆင်ပြေတာပေါ့ဗျာ။ ကားဆွဲရင်းဘောလုံးပွဲကြည့်ရတာပေါ့။ LED နဲ့ကြည့်ရတာ ဆိုတော့ အရသာက တော်တော်လေး မိုက်မှာဗျ” ဟု ဒဂုံစင်တာအနီးတွင် ညပိုင်း တက္ကစီဂိတ်ထိုး ပြေးဆွဲလျက်ရှိသူ ကိုအောင်နိုင်က ဆိုသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲကို ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တောင်အာဖရိကတွင် ကျင်းပမည် ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့် အသင်း ၃၂ သင်း ဖြစ်ကာ ပွဲစဉ်အရေအတွက် စုစုပေါင်း ၆၄ ပွဲ ရှိသည်။

မြန်မာဘောလုံးပရိတ်သတ်များအနေဖြင့် ကမ္ဘာ့ဖလားဘောလုံးပွဲများကို စိတ်ဝင်စားမှုများမြင့်တက်နေပြီး စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကလည်း ကမ္ဘာ့ဖလားပွဲအတွက် ကြိုတင်ပြင်ဆင် နေကြပြီ ဖြစ်သည်။

“ကျနော့်ဆိုင်မှာ ဘောလုံးပွဲပြဖို့ LCD တွေတပ်လိုက်တယ်ဗျာ။ ဘောလုံးပွဲပြတဲ့ ဆိုင်ပဲ လူတွေက ထိုင်ကြမှာလေ။ ဒါမှ ရောင်းအားလည်းတက်လာမှာ” ဟု ရန်ကုန်ရှိ ရွှေပြည်တန် လက်ဖက်ရည်ဆိုင်ရှင် ကိုမြင့်သိန်းက ဆိုသည်။

စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ အများစုမှာ ဘောလုံးပွဲကိုအားထား၍ ပြင်ဆင်မှုများရှိသကဲ့သို့ ဘောလုံးပွဲ လောင်းကစားဒိုင်များ၊ ဘောလုံးပွဲဖြင့် စားဝတ်နေရေး ဖြေရှင်းသူများလည်း ပြင်ဆင်နေကြသည်။

“ဒီလတော့ ပိုက်ဆံရအောင် ရှာရမယ်။ ချန်ပီယံလိဂ်တုန်းက ရှုံးထားတာလေးတွေ ပြန်ရအောင်တော့ ရှာရမယ်” ဟု ဘောလုံး လောင်းကစားသည့် ဦးကျော်ကြီးဆိုသူက ပြောသည်။

ဘောလုံးပွဲစဉ်များကို ညနေ ၆ နာရီ၊ ည ၈ နာရီ၊ နံနက် ၁ နာရီ ဟူ၍ ၃ ချိန်ပြသမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီ မြ၀တီရုပ်သံတွင် အလျဉ်းသင့်သလို ပြသမည်ဟု သိရသည်။

မိုးဆမ်းပန်း မီဒီယာမှ ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ခွင့်ကို သီးခြား ကုမ္ပဏီတစ်ခုဖြစ် သော Yangon Entertainment အား ကြားခံပြီးမြန်မာတနိုင်ငံလုံးသို့ Free to Air ပြသမည်ဖြစ်ကြောင်း ကြော်ငြာ ထားသည်။

မိုးဆမ်းပန်းမီဒီယာ ဥက္ကဌ ဦးဇော်မင်းအေးမှာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၏ သားဖြစ်ပြီးလက်ရှိတွင် Eco Vision စာစောင်နှင့် Messenger ဂျာနယ်ကို ထုတ်ဝေနေသူဖြစ်သည်။ ဦးဇော်မင်းအေးသည် တာမွေ မြို့နယ်အတွင်းရှိ ယခင် အမျိုးသား စာကြည့်တိုက် အဆောက်အအုံကို လွှဲပြောင်းရရှိထားသည် ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ကမ္ဘာ့ဖလားပွဲစဉ်များကို မြ၀တီနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် Sponsorship စနစ်ဖြင့် ပြသရန် သဘောတူညီထားပြီး သတ်မှတ်ထားသော အကျိုးခံစားခွင့်ကိုလည်း ယခင် Sponsorship စနစ်များအတိုင်း အကျိုးခံစားခွင့်ရရှိမည် ဖြစ်ကာ အဓိက ပံ့ပိုးပေးသူမှာ ဂရင်းရွိုင်ရယ်၊ စူပါ၊ လေဆာနှင့် စတားကိုလာ ကုမ္ပဏီများ ဖြစ်ကြသည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ၁၉၃၀ ပြည့်နှစ်မှ စတင်၍ ၄ နှစ်တကြိမ်ကျင်းပခဲ့ရာ ယခု၂၀၁၀ ပြိုင်ပွဲမှာ ၁၉ ကြိမ်မြောက် ဖြစ်သည်။

KIO နှင့် ဆက်နွှယ်မှုရှိ၍ ကချင်ပါတီ ဝေဖန်ခံရ

ကချင်ပြည်နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) တာဝန်ခံက ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) နှင့် အပစ်အခတ် ရပ်စဲထားသော ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) တို့ အကြား ဆက်နွှယ်မှုကို ဝေဖန် ပြစ်တင်လိုက်ကြောင်း ကချင် သတင်းရပ်ကွက်မှ သိရသည်။

“KSPP နဲ့ KIO ဟာ အတူတူပဲ။ ပြီးတော့ အစိုးရကို ဆန့်ကျင်ရာမှာလည်း သူတို့ ရပ်တည်ချက်က အတူတူပဲ” ဟု ကချင်ပြည်နယ် USDA တာဝန်ခံနှင့် ကချင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒူးဝါး မဒိုင်းဇုန်တင်က ဇွန်လ ၂ ရက်နေ့၌ ကျင်းပသော USDA နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း တက်ရောက်ခဲ့သူ တဦးက ပြောသည်။
ဒူးဝါး မဒိုင်းဇုန်တင်သည် စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူဖြစ်ပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် သြဇာညောင်းသူလည်း ဖြစ်သည်။ ၎င်းသည် USDA ကို ဦးဆောင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စား ကချင်ပြည်နယ်တွင် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

“သူက ရွေးကောက်ပွဲအတွက် စည်းရုံးတဲ့ အခွင့်အလမ်းကို အသုံးချပြီး KSPP ကို တိုက်ခိုက်တာပါ။ ကချင်စာပေနဲ့ ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်လေတော့ သူ့စကားတွေက KSPP ကို ထိခိုက်စေတာ အမှန်ပါပဲ” ဟု ထိုင်းအခြေစိုက် ကချင် သတင်းဌာန အယ်ဒီတာ လဖိုင်နော်ဒင်းက ပြောသည်။

“KSPP နဲ့ KIO က အတူတူပဲလို့ ပြောရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ KSPP ခေါင်းဆောင်တွေက KIO ကနေ နုတ်ထွက်ပြီး ဖြစ်လို့ပါ။ ဒါပေမယ့် သူတို့ အာဏာပိုင်တွေကတော့ KSPP ကို KIO လို့ပဲ မြင်ကြတယ်” ဟု လဖိုင်နော်ဒင်းက ဆက်လက် ပြောကြားသည်။

KSPP ကို ၂၀၀၉ ခုနှစ် မတ်လတွင် KIO ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာ မနန်တူးဂျာက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံရေး ပါတီအဖြစ် တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

KSPP အနေနှင့် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် ဧပြီလ ၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ခွင့်ပြုချက် မရသေးပေ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂ (က)၊ အပိုဒ်ခွဲ (၃) ၌ နိုင်ငံရေးပါတီတရပ်အနေဖြင့် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ဆိုထားသည်။

ဒူးဝါး မဒိုင်းဇုန်တင် အနေဖြင့် KSPP နှင့် ပတ်သက်၍ ပြောဆိုရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို တိုက်ရိုက် ရည်ညွှန်းမှု မရှိသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က KSPP မှတ်ပုံတင်ခွင့် ချမပေးခြင်းသည် စစ်အစိုးရက KIO ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းရန် ဖိအားပေးခြင်း ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြသည်။

နယ်ခြားစောင့်တပ်ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ရှိသော်လည်း စစ်အစိုးရက KIO ကို ယခုအချိန်ထိ မစည်းရုံးနိုင်သေးကြောင်း၊ ယင်းကိစ္စကြောင့်ပင် နှစ်ဘက်တင်းမာမှုများ ပိုတိုးလာကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်က KSPP မှတ်ပုံတင်မှုကို အတည်ပြုရန် နှောင့်နှေးနေခြင်းသည် KIO က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန် ၍ ဖြစ်နိုင်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အသုံးပြု၍ KSPP ၊ ရှမ်းပြည်မြောက်ပိုင်း တိုးတက်ရေးပါတီနှင့် ညီညွတ်သော ဒီမိုကရေစီ ပါတီ (ကချင်ပြည်နယ်) တို့ကို နိုင်ငံရေးပါတီလျှောက်ထားခွင့် ပယ်ချနိုင်ကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (International Crisis Group - ICG) က မေလ ၂၇ နေ့တွင် ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲ ကော်မရှင်က KSPP မှတ်ပုံတင်တာကို အတည်ပြုဖို့ ကြန့်ကြာနေရတဲ့ အဓိက အကြောင်းရင်း နှစ်ခုရှိတယ်။ တခုက KIO က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းတာနဲ့ နောက်တခုကတော့ KSPP ထဲမှာ KIO ခေါင်းဆောင်ဟောင်း တချို့ပါနေလို့ပဲ ဖြစ်တယ်” ဟု တရုတ်-မြန်မာနယ်စပ်တွင် နေထိုင်သူ ကချင်တိုင်းရင်းသား ကိုအောင်ဝါက ဆိုသည်။

“အာဏာပိုင်တွေအနေနဲ့ KSPP ကို နောက်ဆုံးအချိန်လောက်မှ အတည်ပြုကောင်း ပြုနိုင်တယ်။ ဒါမှမဟုတ်လည်း KIO ခေါင်းဆောင်တွေကို ထုတ်ပစ်ဖို့ ပါတီကို ဖိအားပေးတာလည်း ဖြစ်နိုင်တယ်” ဟု လဖိုင်နော်ဒင်းက ပြောသည်။

နယ်ခြားစောင့်တပ်ကိစ္စကို ရွေးကောက်ပွဲအပြီး တက်လာမည့် ဒီမိုကရေစီ အစိုးရသစ်နှင့် ဆွေးနွေးမည်ဟု KIO ခေါင်းဆောင်များက ပြောသော်လည်း မည်သည့်အချိန်တွင် ဆွေးနွေးမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

KSPP သည် မြစ်ကြီးနားတွင် ရုံးဖွင့်ထားပြီး ပါတီတည်ထောင်ချိန်မှစ၍ ကချင်ပြည်နယ်တွင် စည်းရုံးရေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ပါတီမှတ်ပုံတင်ပြီး နောက်ပိုင်းမှစ၍ စည်းရုံးရေးလုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း သိရသည်။ ယခုအချိန်တွင် ကချင်ပြည်နယ်အတွင်း USDP တခုတည်းသာ စည်းရုံးရေးလုပ်ငန်းများ လုပ်နေကြောင်းလည်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်ထံ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသော ပါတီ ၄၂ ပါတီ ရှိပြီး ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၃၃ ခုအနက် ၃၂ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီ ဖြစ်သည်။