Pages

Subscribe

Sunday 16 December 2007

Mizzima News

ထိုင်းလုံခြုံရေးများ ပစ်ခတ်၍ ကရင်နီ ကျောင်းသားတဦး သေဆုံး
Sunday, 16 December 2007 18:20 - မြန်မာစံတော်ချိန်

ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် ဒုက္ခသည်စခန်းနေ ကရင်နီ ကျောင်းသားတဦး စနေနေ့ ည ၉ နာရီခန့်တွင် ကွယ်လွန်သွားသည်။ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့နယ် ကရင်နီဒုက္ခသည် စခန်းအမှတ် (၁) အတွင်း ...

ဒေါ်ကြိုင်ကြိုင် ခြေကျိုး
Saturday, 15 December 2007 19:50 - မြန်မာစံတော်ချိန်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်သည် နေအိမ်တွင် ချော်လဲရာမှ ခြေထောက် ကျိုးသွားခဲ့သည်ဟု စစ်ဖက် သတင်းရပ်ကွက်က ပြောသည်။ လွန်ခဲ့သည့် ၁ဝ ရက်ခန့်က ခြေထောက်ကျိုးသွားခြင်း ဖြစ်ပြီး ....

ထိုင်းကချင်များ မနောပွဲ ကျင်းပ
Saturday, 15 December 2007 19:43 - မြန်မာစံတော်ချိန်

ထိုင်းနိုင်ငံရှိ ကချင် တိုင်းရင်းသားများက ထိုင်းဘုရင် သက်တော် ၈ဝ ပြည့် အထိမ်းအမှတ်နှင့် ရွာသစ် တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိန်းအမှတ်အဖြစ် မနောပွဲတရပ် ယနေ့ ကျင်းပ ...

DVB Latest News


more


more


more


more


more

ထိုင်းလုံခြုံရေးနှင့် ဒုက္ခသည်များ ပဌိပက္ခဖြစ်ပွား

အောင်မိုးမြင့်။
ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၀၇ ခုနှစ်။

ယမန်နေ့ညက ထိုင်းနယ်စပ်ကရင်နီ ဒုက္ခသည်စခန်းတခုအတွင်း ဒုက္ခသည်များနှင့် ထိုင်းလုံခြုံရေး အဖွဲ့များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ဒုက္ခသည် ကျောင်းသားတဦးသေဆုံးပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့၏ တပ်စခန်း ၃ ခု ဖျက်ဆီးခံခဲ့ရသည်။

ထိုင်း မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့အနီးရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) မှ ထိုင်းနယ်မြေခံလုံခြုံရေး (အော်စော်) တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စခန်းတွင်းရှိ အလယ်တန်းကျောင်းသား အိုက်ဦး ယမန် နေ့ည ၈ နာရီကျော်ခန့်က သေဆုံးခဲ့သည်။

ဒေါသထွက်နေသော ဒုက္ခသည်များက ထိုင်းလုံခြုံရေးစခန်းသုံးခုကို စီးနင်းဖျက်ဆီးခဲ့ရာ ကားနှစ်စီးနှင့် မော်တော် ဆိုင်ကယ် ၁၇ စီးအပါအ၀င် လုံခြုံရေးအဖွဲ့ဝင်များ၏ အသုံးအဆောင်ပစ္စည်းများ ပျက်စီးသွားခဲ့သည်။

ယမန်နေ့ညက ဒုက္ခသည်စခန်းအတွင်း ကျင်းပနေသော ကျောင်းသားပွဲတော်သို့ သွားလာနေကြသူနှစ်ဦးကို လုံခြုံရေး အဖွဲ့များက တားဆီးရိုက်နှက် စစ်ဆေးခဲ့ရာမှ မကြေနပ်မှုများဖြစ်ခဲ့ပြီး ကျောင်းသား ၅၀ ခန့်က ချီတက်ဆန္ဒပြခဲ့ကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဒုက္ခသည် စခန်းကော်မတီ အတွင်းရေးမှုး ဖိုးခူး က အခုလို ရှင်းပြသည်။

̏ကျနော်တို့ကျောင်းသားတွေက ပထမညကတည်းက သူတို့က စိတ်ပူနေ စိတ်ကပြင်းနေတယ်လေ။ ဒီ ကျောင်းသားကိုထိုးတော့ သူတို့က တောင်းပန်းရမည့်အစား မတောင်းပန်းပဲနဲ့ ဒီလိုသေနတ်ထပ် ဖောက်ရလား ဆိုပြီးတော့ ကျောင်းသားတွေက အဲ့ဒီကျောင်းသားပွဲတော်ကနေ အထဲကနေ လူအကုန် လုံး ၀ိုင်းဆင်းလာကြတယ်၊ အဲ့ဒီအော်စော်တွေကတော့ သေနတ် ၁၈ ချက်ဖေါက်တော့ သူတို့လည်း ကျောင်းသားတွေလည်း မခံနိုင်တော့ ပိုပိုပို လူစု ပိုစု ဆက်စုလာပြီးတော့၊ အဲ့ဒီလူစုပြီးတော့ သူတို့ နောက်တစ်ဖွဲ့ကာ ကျတော့ သူတို့က ဒီအပေါ် အော်စော်က နှစ်ထပ်ဖြစ်နေတယ် အောက်တစ်ထပ် အပေါ်တစ်ထပ်၊ အပေါ်တစ်ထပ်ကို တက်မယ်ဆို အပေါ်တစ်ထပ်တက်တဲ့ အချိန်မှာ အပေါ်တစ်တပ် အောက် ရောက်လည်းရောက်ရော သူ့ကိုပစ်သတ်လိုက်တာပဲ အဲ့ဒါပဲ ကျနော်တို့သိလိုက်ရ တယ်၊နောက် ကျနော်တို့က အဲ့ဒီအလောင်းကို အဲ့ဒါ သူ့အဖေါ်တွေက စွဲပြီးတော့ ကျနော်တို့ ဒီ စခန်းကော်မတီရုံးရှေ့မှာ လာထားတယ်။˝

ပစ်ခတ်ခံရမှုမဖြစ်ပွားခင် ပထမနေ့တွင်လည်း ကျောင်းသားပွဲတော်အတွက် လုံခြုံရေးလာယူကူကြသည့် အော် စော်များက ကျောင်းသားနှစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့သည့် အတွက် မျက်နှာနှင့် ဦးခေါင်းများတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဆက်လက်ရှင်းပြသည်။

ယနေ့မနက် ၉ နာရီခန့်တွင်လည်း စခန်းတွင်းရှိ ကျောင်သားနှစ်ထောင်ခန့်က ဒုက္ခသည်အခွင့်အရေး အပြည့် အ၀ခံစားခွင့်ပေးရန်။ သေဆုံးသွားသည့် ကျောင်းသားလူငယ်အား လျှော်ကြေးပေးရန်နှင့် ပစ်ခတ်မှုကို ထိုင်း တရားဥပဒေအရ အရေးယူပေးရန်တို့ကို စီတန်းလှည့်လည်၍ စခန်းအုပ်ချူပ်ရေးရုံးရှိရာသို့ နှစ်နာရီကြာ ချီတက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) ကို တာဝန်ယူထားသည့် ထိုင်းအုပ်ချူပ်ရေးမှူး ပလပ် ၀ီချလ ကတော့ ဒီ ကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးဆဲဖြစ်တဲ့ အတွက် တစုံတရာ ထုတ်ပြန်ရန် မရှိသေးကြောင်းနှင့် မကြာမီမှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားမှာဖြစ်ကြောင်းပြောသည်။

မို့တော်ဝန်ကနေ တခါတည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာပါ၊ အဲ့ဒီအတွက် ခဏနေ ကျနော် တို့ ဒီကနေပြန်ရင် ကြေညာပါ့မယ်။ အခု အခြေအနေ အားလုံးတည်ငြိမ်မှုမရှိသေးတဲ့အတွက် အား လုံးပြီးစီးသွားအောင်စောင့်ပါအုံး။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်စခန်းအတွင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ဒုက္ခ သည်များအား လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီနဲ့ ပြည်ထဲရေး ၀န်ကြီး ဌာနက တိုင်းကြားထားသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသေးဟု ဒုက္ခသည်များက ပြောသည်။

ယခုသတင်းထုတ်ပြန်ချိန်တွင် ဒုက္ခသည်စခန်းအတွင်း၌ ကျောင်းသားခေါင်းဆောင်များ၊ စခန်းကော်မတီများနှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည်။