Pages

Subscribe

Tuesday 4 May 2010

စစ်အာဏာရှင်လက်ပါးစေ ၈၈ မျိုးဆက်အယောင်ဆောင်များကို ကန့်ကွက်သည်ဟု ကျောင်းသားဟောင်း မျိုးဆက် ကြီးငယ်တို့က ထုတ်ဖော်ပြောဆို

မိုးမခအထောက်တော် ၀၀၃
မေ ၄၊ ၂၀၁၀
ယခင်အပတ်က ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်သို့  အေးလွင် ဦးဆောင်သော နိုင်ငံရေးပါတီတခုက ပါတီအလံကို ခွင့်ပြုချက် လျောက်ထားခဲ့ရာတွင် ၎င်းတို့က မြန်မာနိုင်ငံ၏ သမိုင်းဝင်၊ ကျောင်းသားသမဂ္ဂအလံကို ပါတီအလံအဖြစ် မှတ်ပုံတင်ရန် ကြိုးစားသည့်အတွက် ပြည်တွင်း ပြည်ပက မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကျောင်းသားဟောင်းများက ကန့်ကွက်ရှုတ်ချလျက်ရှိသည်ကို တွေ့ရသည်။
 “မြန်မာနိုင်ငံသမိုင်းရဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံ၊ ဗကသအဖွဲ့ချုပ်အလံ၊ ခေတ်အဆက်ဆက်က ကိုလိုနီခေတ် လွတ်လပ်ရေးလှုပ်ရှားမှု၊ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး၊ တပါတီ အာဏာရှင်ဆန့်ကျင်ရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ခေတ်အဆက်ဆက်ရဲ့ ခွပ်ဒေါင်းအလံတော်ဖြစ်တယ်။ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုရဲ့ အထွဋ်အမြတ် မော်ကွန်းဖြစ်တယ်။ ခေတ်အဆက်ဆက် ကျောင်းသားတွေအားလုံးရဲ့ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းတဲ့ ကျောင်းသားသမဂ္ဂအလံတော်။ ဒါကို လူတစုက အလွဲသုံးစားလုပ်တာကို ကန့်ကွက်ပါတယ်။” ဟု ၁၉၈၈ ဗကသအဖွဲ့ချုပ်၏ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ၊ ယခု ယူအက်စ်ကင်ပိန်းဖော်ဘားမား၏ ဒါရိုက်တာ အောင်ဒင်က မိုးမခသို့ ၎င်းသဘောထားကို ပြောကြားသည်။
ပြည်တွင်းရှိ ကျောင်းသားသမဂ္ဂလူဟောင်းကြီးများဖြစ်သော ကျောင်းသားခေါင်းဆောင် (ဦး) ကိုလှရွှေမှအစ ခေတ်အဆက်ဆက် ဗကသအဖွဲ့ချုပ်ဝင်များကလည်း သမိုင်းမှတ်တိုင်အလံတော်ကို ယခုကဲ့သို့ ပုံတူကူးပြီး အဖွဲ့အစည်းတခု၏ အလံအဖြစ် မှတ်ပုံတင်ရန် ကြိုးစားခြင်းကို ကန့်ကန်ကြစေလိုသည်ဟု ပြည်တွင်းရှိ မျိုးဆက်သစ် ကျောင်းသားလူငယ်တို့က မိုးမခကို ပြောသည်။
“အကိုကြီး မင်းကိုနိုင်၊ ကိုကိုကြီးတို့ကို ဖမ်းဆီးထားတယ်။ အကိုတော်တွေ ဖြစ်တဲ့ ကျော်ကိုကို၊ ဒီငြိမ်းလင်းတို့ကို အကျဉ်းချထားတယ်။ စစ်အာဏာရှင်လက်ပါးစေ၊ ၈၈ မျိုးဆက် အယောင်ဆောင်တွေက သခင်အားရ ကျွန်ပါးဝ လုပ်ပြီးတော့ ကျနော်တို့ ကျောင်းသားအလံကို ခိုးတာပဲ။ နင်းချေလိုက်တာပဲ။ အေးလွင်ဆိုတာလည်း မသိဘူး။ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဆိုတာကလည်း လူတွေကို အထင်မှား အမြင်မှားအောင် လုပ်တာပဲ။ ပြောပေးကြစေလိုပါတယ်” ဟု ၎င်းတို့က စာရေးသား ပေးပို့ထားသည်။
၁၉၈၈ ခုနှစ် ပါတီစုံရွေးကောက်ပွဲဝင်ရန်အတွက် အေးလွင်က ကျောင်းသားများအရေးတော်ပုံပါတီကို ထူထောင်ခဲ့ဘူးသည်။ ၎င်းနောက် အေးလွင်သည် နိုင်ငံရေးမဟုတ်သော အမှုအခင်းဖြင့် ထောင်ကျခဲ့သည်ဟု ဆိုသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းသံဃာများကို စစ်အစိုးရ ပစ်ခတ်သတ်ဖြတ်ခဲ့စဉ်က အေးလွင်သည် စစ်အစိုးရလုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့သည်။ စစ်အစိုးရထံက အခွင့်အရေးများ လုပ်ပိုင်ခွင့်များကို လက်သင့်ခံပြီး ကြံ့ဖွံ့နှင့် စွမ်းအားရှင်များနည်းတူ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံကြရန် လိုက်လံစည်းရုံးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၀၉ မှစ၍ ရွေးကောက်ပွဲဝင်ရန်အတွက် နအဖ စစ်အာဏာရှင်များနှင့်နည်းတူ စည်းရုံးပြင်ဆင်ခဲ့သည်ကို တွေ့ရသည်။
၈၈ အရေးတော်ပုံအတွင်းက ကျောင်းသားသမဂ္ဂများဖြစ်ကြသော ဗကသ၊ မကသတို့တွင် မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာတို့က ဦးဆောင်ခဲ့ကြသည်။ ၎င်းတို့နှင့်အတူ ဗကသအဖွဲ့ချုပ် ကျောင်းသားသမဂ္ဂအလံကို ဆွဲကိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသူ အများအပြားကို ယခု စစ်အစိုးရက အကျဉ်းချထားသည်။ အကျဉ်းမှ ပြန်လည်လွတ်မြောက်လာသူများအနက် ညိုထွန်း၊ ရန်မျိုးသိန်းနှင့် တင့်ဆန်းတို့မှာ ထင်ရှားသော ကျောင်းသားခေါင်းဆောင်များဖြစ်ခဲ့ကြသည်။ ၎င်းတို့၏ သဘောထားကိုလည်း ကျောင်းသားလူငယ်တို့က သိလိုကြောင်း စာရေးသားထားသည်။
“ကျောင်းသားတွေဟာ ခေတ်အဆက်ဆက် သမဂ္ဂအလံကို ကိုင်စွဲပြီး မတရားမှုတွေကို ဆန့်ကျင်ခဲ့ကြတယ်။ အခုအချိန်ကော၊ နောင်အနာဂတ်မှာပါ ခွပ်ဒေါင်းအလံကို လွှင့်ထူပြီး လမ်းတွေပေါ်မှာ ချီတက်လာကြတဲ့အခါ - အဲဒီပါတီက လူတွေက ရှေ့က ချီတက်မှာလား။ နောက်ကနေ ပုန်းခိုနေမှာလား။ ဒါမှမဟုတ် စစ်တပ်ရှေ့ကနေ မားမားရပ်ပြီးတော့ ကျောင်းသားတွေကို ပစ်သတ်ဖို့ သွားပြီး အားပေးတဲ့အလုပ် လုပ်မှာလား”
ဟု မေးခွန်းများ လက်ခံရရှိထားသည်။

ရေကာသာ ဗုံးပေါက်ကွဲမှုနောက် ဒေသခံများကို ဖမ်းဆီးချုပ်နှောင်မှုဖြင့် နအဖ တုန့်ပြန်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ဧရာဝတီ မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုကြောင့် နအဖ အစိုးရမှ ဒေသခံလူထုကို မသင်္ကာမှုနဲ့ ဖမ်းဆီးချုပ်နှောင်နေသည်။

050310-tanghpre-nawku-jawng
ရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရန်ဖိအားပေးခံနေရတဲ့ တန်ဖရေးရွာ ကချင်နှစ်ခြင်းခရစ်ယန် ဘုရားကျောင်း။ ဓါတ်ပုံ - ကချင်သတင်းဌာန
မေခ၊ မလိခ ဆုံရာ ဧရာဝတီ မြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေသော အေရှားဝေါလ်ကုမ္ပဏီ နှင့် တရုတ်ကုမ္ပဏီတို့ကို လုံခြုံရေးအထူး တာဝန်ယူထားသည့် ခလရ တပ်ရင်း (၂၉)မှ တပ်သားများနှင့် လဆမ်အောင်ဝါ အဖွဲ့ (ဂွေထူ-လ၀ါယန် ကချင်ပြည်သူ့စစ်အဖွဲ့) သည် တန်ဖရေရွာ အစရှိသည့် မြစ်ဆုံရေကာတာ အနီးဝန်းကျင်ရှိ ရွာများတွင် မသင်္ကာမှုနဲ့ တစ်အိမ်ပေါ်တစ်အိမ်တက် စစ်ဆေးမှုများပြုလုပ်နေသည်။ “စာရွတ်စာတမ်းတွေအကုန်လုံးပဲ ဘာမှမကျန်အကုန်လိုက်စစ်နေတာဘဲ” ဟု ဒေသခံဆရာ တစ်ဦးမှပြောသည်။ ယခု ဒေသခံရွာသား ၁၀၀ ကျော်ခန့်ဖမ်းဆီးထားပြီဖြစ်သည်။ အခုလိုစစ်ဆေးမှုသည် တန်ဖရေရွာမှ ဒေသခံများကို အဓိကပစ်မှတ်ထားကာ မသင်္ကာသူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ယင်းဖမ်းဆီးချုပ်နှောင်မှုသည် ၁၈နှစ်အသက်မပြည့်သေးသည့် ကလေးငယ်များကိုပါမကျန် လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။ “ကလေးတွေ ဘာတွေလည်းမကျန်ဘူး မသင်္ကာရင် ဖမ်းတာပဲ” လို့ ဒေသခံပြောသည်။ “ကလေးတွေကိုလည်း ဘယ်မူကြူကျောင်းတက်လည်း၊ ဘာအလုပ်နေလဲ” ဟု မေးမြန်းမှုပြုများလည်းလုပ်နေကြောင်း ဆက်ပြောသည်။

နအဖ စစ်အစိုးရသည် ရွာသားများကို ဖမ်းထားပြီး စစ်ဆေးမေးမြန်းသည်၊ မေးမြန်းပြီးပြန်ဖမ်းသည်။ အဖမ်းခံရပြီး ပြန်လွတ်လာသည့် လူငယ်က “ကိုယ်လုပ်တာ ကိုသိတာပဲ၊ တစ်ယောက်ယောက်ရဲ့လက်ချက်ပဲ ဘယ်သူခိုင်းလဲ” ဟု ခြောက်လှန့်ကာ မေးမြန်းမှုများပြုလုပ်နေသည်။

တန်ဖရေရွာလူကြီး ဦးမရစ်လရမ် (ကြံခိုင်ဖွံဖြိုးရေးမှူး)နှင့် ဇနီးသည် ကိုလည်းမသင်္ကာမှုနဲ့ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးသွားခဲ့သည်။ အေရှားဝေါလ်ကုမ္ပဏီရှိ အဆောက်အအုံတွင် ဇနီးမောင်နံနှစ်ဦးအား ဖမ်းဆီးချုပ်နှောင်ထား ခဲ့သည်မှာ တစ်ပတ်တိတိ ရှိနေပြီဖြစ်ကြောင်းသိရှိရသည်။

ပြီးခဲ့သည့် စနေနေ့တွင်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) နဲ့ဆွေးမျိုးတော် ဆက်စပ် နေသည့် မိသားစုအိမ်များတွင် ပေါက်ပြားကိုင်ကာ အိမ်ခြံဝင်းထဲ၊ အပြင် အားလုံးတွင် ပေါက်တူးခိုင်းစေသည်။

“အိမ်ထဲမှာ သူတို့ (စစ်အစိုးရ) ဗုံးတွေလာထားပေးပြီး ဗုံးတွေ့ပြီလို့ပြောလာမှာကြောက်တယ်” လို့ ဒေသခံကိုယ်စား ဒေသခံဆရာက ပြောပြသည်။

အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသည့် တန်ဖရေရွာမှ ရပ်ကွက် ၁၊ ၂ ကိုမေလ နောက်ဆုံးထားကာ ပြောင်ရွှေ့ရေးပြုလုပ်ရန် အတင်းအဓ္ဓမ ပြောင်းရွှေ့မှုခိုင်းစေသည်။ ရွာသားများက မပြောင်းရွှေ့ နိုင်ကြောင်းငြင်းဆန်နေသည်။

ရွာသားများ လုပ်ကိုင်စားသောက်မှု ပိုပိုခက်ခဲလာသည်။ “အစစ်အဆေးမှလွတ်အောင် တောဝင်ခိုအောင်းရင်လည်း ကေအိုင်အေက စစ်သားစုဆောင်းရေးလုပ်နေတော့ မသွားရဲ့တော့ဘူး၊ ရွာမှာလည်း အစိုးရရဲ့ စစ်ဆေးမှုခဏခဏရှိတော့ အရမ်းခက်နေတယ်” ဟု ဒေသခံရွာသားတစ်ဦးမှပြောသည်။

စစ်အစိုးရမှ အမေးအမြန်းမခံသူကို တစ်ခွန်းတည်းပြောလိုက်တာက “လူတော့မလိုက်ဘူး ကျဉ်ဆံပဲ လိုက်လာမယ်” လို့ဒေသခံ လူများကို ခြိမ်းခြောက်မှုပြူလုပ်နေသည်။

အခုလို စစ်ဆေးမေးမြန်းမှုသည် မြစ်ဆုံတွေဗုံးပေါက်ကွဲပြီးနောက်ပိုင်း နှစ်ပတ်အကြာ နောက်ထပ် အင်ဂျန်ယန်တွင် ထပ်မံဗုံးပေါက်ကွဲမှုကြောင့် စစ်ဆေးမှုပိုများလာခဲ့သည်ဟု ရွာခံတွေကပြောသည်။
နာဂစ်ဒေသ (၂) နှစ်ပြည့်သော်လည်း နာလန်ထူနိုင်ခြင်း မရှိသေး


  မျိုးချစ်သူ/ ၄ မေ ၂၀၁၀

“ဒီမှာက အဓိက ပြဿနာတွေထဲမှာ စပါးစိုက်မျိုးမှု ပြဿနာ ရှိနေပါတယ်။ မနှစ်က ဖြုတ်တွေကျလို့ စပါးထွက်တဲ့ အရေအတွက် နည်းသွားတဲ့အတွက် လယ်သမားတွေ အရှုံးပေါ်တယ်။ လယ်စိုက်ဖို့ အတိုးနဲ့ ငွေချေးရတယ်။ ငွေကို စပါးပေါ်ချိန်မှာ ဆပ်ရမှာဖြစ်ပေမယ့် တချို့က ပြန်မဆပ်နိုင် .... ” အပြည့်အစုံသို့
------------------------------------------------------------------------------------------------------------------------------
ရန်ကုန်မြို့တွင် တနေ့ (၂) နာရီခန့်သာ မီးလာ


တက်လူ/ ၄ မေ ၂၀၁၀
“အရင်ကမီးပြတ်မယ့်အချိန်ကို တွက်လို့ရပေမယ့် အခုက ဘာမှန်းကိုမသိတော့ဘူး။ လုံးဝမလာတဲ့ရက်က ရှိသေးတယ်။ အီးပီစီကို မေးတော့လည်း မသိဘူးလို့ ...” အပြည့်အစုံသို့
တည်းခိုမည့်နေရာ အတိအကျ ရှိပါက
ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်


မျိုးဝင်းဇော်/ ၄ မေ ၂၀၁၀
“ဟိုတယ်ဆို ဟိုတယ်၊ မိသားစု နေအိမ်ဆို နေအိမ်လိပ်စာ အတိအကျ ဖော်ပြနိုင်ရမယ်။ ဒီ စည်းကမ်းချက်နဲ့အညီ ခရီးသည်တချို့ ဆိုက်ရောက်ဗီဇာ ရပြီးပြီ ...” အပြည့်အစုံသို့

အင်ဗွိုင်းဂျာနယ် ရပ်နားမှုကြောင့်
သတင်းထောက်များ အခက်တွေ့

စိုးမိုး/ ၄ မေ ၂ဝ၁ဝ
“ပြီးခဲ့တဲ့ဧပြီလကုန်မှာ သူဌေးတွေ ငွေရေး ကြေးရေး ခွဲဝေတာ မတည့်လို့ ထုတ်ဝေမှုကို ရပ်လိုက်တယ်။ ၀န်ထမ်းတွေက (၁) လ ကြိုပြီး အလုပ် ...” အပြည့်အစုံသို့

လူ ၁ သိန်း ၈ သောင်း သောက်သုံးရေ ပြတ်တောက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်း ၂ နှစ်ပြည့်ပြီဖြစ်သော်လည်း မြစ်ဝကျွန်းပေါ်ဒေသခံ ၁ သိန်း ၈ သောင်းခန့် သည် သောက်သုံးရေ ရှားပါးမှု ကြုံနေရကြောင်း ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှ သိရသည်။

ယင်းလူဦးရေသည် လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း စသည့် မြို့နယ် ၃ ခုမှဖြစ်ပြီး ခြောက်သွေ့ရာသီကြောင့် ရေရှားပါးမှုသာမက ရေရရှိနိုင်နည်းလမ်းများလည်းမရှိကြောင်း ကုလသမဂ္ဂရုံး ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်း က မဇ္ဈိမကို ပြောသည်။
သို့သော်လည်း ယမန်နှစ်ထက် ထက်ဝက်ခန့်လျော့ကျသွားခြင်းဖြစ်ပြီး ၂ဝဝ၉ ခု နှစ် မတ် နှင့်မေလအတွင်း ယင်းမြို့နယ် ၃ ခုတွင် လူဦးရေ ၃ သိန်း ၅ သောင်းခန့် သောက်သုံးရေ အခက်အခဲများကို ကြုံတွေ့ခဲ့ရသည်။

သောက်ရေ၊ ကျန်းမာရေးစနစ်နှင့် တကိုယ်ရေသန့်ရှင်းရေးအတွက် ယခုနှစ် ဇူလိုင်ထိ ရံပုံ ငွေ အမေရိကန်ဒေါ်လာ ၆.၄၈ သန်းရရှိပြီးဖြစ်သော်လည်း အမှန်တကယ် လိုအပ်ငွေမှာ ဒေါ်လာ ၁၆.၁၆ သန်း ဖြစ်သည်ဟု ကုလသမဂ္ဂရုံးက ပြောသည်။


နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော မြစ်ဝကျွန်းပေါ်ဒေသများတွင် ရေကန်ပေါင်း ၃၈ဝဝ ထိ မွန်းမံပြင်ဆင်ပြီး ဖြစ်သော်လည်း ရေချိုအခက်အခဲ ကြုံနေရဆဲပင် ဖြစ်ကြောင်း ဦးအေးဝင်းက ပြောသည်။

ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဖိုးသူချောင် အုပ်စု ဖိုးသူချောင်ကျေးရွာတွင် မိုးရေလှောင်ကန် များ စတင်ခမ်းခြောက်နေပြီး လာမည့် ၃ ရက်ခန့် တွင် သောက်သုံးရေ လုံးဝ ပြတ်လပ် တော့မည် ဖြစ်ကြောင်း ရွာခံတဦးက ပြောသည်။

“ရွာမှာ ၃ ကန်ရှိတယ်။ ရေရှိတဲ့ကန်က တကန်ပဲ။ ရွာနီးခြောက်စပ်က ဒီမှာလာ ဝိုင်းခပ်တာ ဆိုတော့ အကုန်မြန်တယ်။ ရေက ၂ ပေ လောက်ပဲ ရှိတော့တယ်။ သုံးလို့မရတော့ဘူး။ အိုးတွေထဲမှာ အနည်ထိုင်ထားတဲ့ ရေကတော့ ၃ ရက်စာလောက် ရှိ သေးတယ် ” ဟု သူက မဇ္ဈိမကို ပြောသည်။


မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုများအရ လူပေါင်း ၁၈ဝ ဝဝဝ ဦးခန့် သောက်ရေ သန့်ရရှိရန် လိုအပ်နေပြီး လူ တသိန်းခန့်မှာလည်း နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် လိုအပ်နေသေးကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

၂ဝဝ၉-၂ဝ၁၁ အတွင်း နာဂစ်အလွန် ပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း လိုငွေ ဒေါ် လာ ၆၉၁ သန်း လိုနေသော်လည်း ယခုအထိ သန်း ၁၈ဝ သာ ရရှိသေးကြောင်း သိရ သည်။

၂ဝဝ၈ ခု မေ ၂-၃ ရက်တွင် တနာရီမိုင် ၁ဝဝ ကျော်ဖြင့် တိုက်ခဲ့သည့် နာဂစ် မုန်တိုင်း ကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကြေပျောက် ဆုံးခဲ့ ရပြီး လူပေါင်း ၂ ဒဿမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပူးပေါင်းပါဝင်ပေးကြပါ ...

Global Day of aCtion 27 May_burmese Translation
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှ မျိုးချစ် မြန်မာနိုင်ငံသူ နိုင်ငံသားများ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

သတင်းလွတ်လပ်ခွင့် အဖိနှိပ်ဆုံး စာရင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိပ်ပြေး

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကြီးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) နဲ့ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) အပါအ၀င် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် ၄၀ ကို အဆိုးဝါးဆုံး သတင်းလွတ်လပ်ခွင့် ဖိနှိပ်ချိုးနှိမ်သူများ (Predators of the Press Freedom) စာရင်းမှာ ထည့်သွင်း ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ နှစ်ပတ်လည် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပြီး ကမ္ဘာပေါ်က သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံး၊ အချိုးနှိမ်ဆုံး သူတွေရဲ့ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရင်းထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေသာမက ဘာသာရေး ခေါင်းဆောင်တွေ၊ လက်နက်ကိုင် တိုက်ခိုက်နေသူတွေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေတဲ့ အဖွဲ့အစည်းတွေပါ ပါဝင်ပြီး စုစုပေါင်း ၄၀ ကို စာရင်းတင်ထားတယ်လို့ RSF ရဲ့ ၀ါရှင်တန် ဒါရိုက်တာ ကလပ်ချင်း လီကော့(ဇ်) (Clothilde Le Coz) က ပြောပါတယ်။ ဒီအထဲမှာ အရင်နှစ်တုန်းကလိုပဲ မြန်မာစစ်ခေါင်းဆောင်ကိုလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

“ထိပ်ဆုံးကတော့ ထုံးစံအတိုင်းပဲ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်နိုင်ငံက ဟူဂျင်တောင်း၊ အီရန်က မာမွတ်ဒ် အမာဒီနီဂျက်ဒ်နဲ့ အလီခါမေနီ (Ali Khamene)၊ နောက် ရုရှားအပြင် ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ပါ ပါပါတယ်။”

အာရှတိုက်မှာ မြန်မာနဲ့ တရုတ်နိုင်ငံတွေအပြင် မြောက်ကိုရီးယား၊ လာအို၊ နီပေါနဲ့ သီရိလင်္ကာ နိုင်ငံတွေကိုလည်း စာရင်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေတာတွေကို RSF က စိုးရိမ်ကြောင်းနဲ့ ဒါဟာ နိုင်ငံခြား သတင်းထောက်တွေ မြန်မာနိုင်ငံဆိုင်ရာ သတင်းကို လွတ်လွတ်လပ်လပ် မရရုံမက အထူးသဖြင့် မြန်မာနိုင်ငံတွင်းက သတင်းသမားတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း သတင်းအလုပ်ကို အသက်နဲ့ရင်းပြီး လုပ်နေရတာမျိုးတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

တကယ်လို့ အခန့်မသင့်ရင် သတင်းတပုဒ်ကြောင့် ထောင်ဒဏ်နှစ်ရှည် အကျခံရတာမျိုးတွေပါ တွေ့နေရတာမို့ ဒါမျိုးဟာ ရွေးကောက်ပွဲလုပ်မယ့် အချိန်မျိုးမှာ ပိုပြီး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်မျိုးမို့ ကျမတို့ တကယ်ပဲ စိုးရိမ်ပါတယ်။ ဒါဟာ သမိုင်းဝင် ကာလပါ။ ဒီရွေးကောက်ပွဲကို နှစ်ပေါင်း ၂၀ ကြာခဲ့ပြီးမှ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံသားတိုင်းလည်း ပါဝင်ခွင့် မရတာမျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် သတင်းအချက်အလက် တွေကိုလည်း မြန်မာနိုင်ငံသားတွေ ပြည့်ပြည့်စုံစုံ မရကြပါဘူး။ တကယ်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက် ကိုယ်တင်ပြမယ့် ခေါင်းဆောင်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ အကုန်သိဖို့နဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။”

အခုတော့ ဒီလို အချက်အလက်တွေကို ပေးမယ့် သတင်းသမားတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မပေးဘဲ ဖမ်းဆီးမှုတွေ၊ ဆင်ဆာဖြတ်မှုတွေ ရှိနေတာမို့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အခုလောလောဆယ် ထောင်ထဲမှာ သတင်းထောက် ၁၂ ယောက် ရှိနေပါတယ်။ ကွန်ပျူတာ အင်တာနက်သုံးတဲ့ ဘလော့ဂ်ဂါ ဆိုရင်လည်း သူတို့ရေးတဲ့ ဘလော့ဂ်ကြောင့် အကျဉ်းကျခံနေရတာ ၂ ယောက်ထက်မနည်း ရှိနေပါတယ်။ အခုလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးသားချက် မှန်သမျှ မြန်မာစစ်အစိုးရကို တင်ပြဖို့ အမိန့်ပေးထားပြီး ဆင်ဆာအဖွဲ့က ခွင့်ပြုမှသာ ဖော်ပြခွင့် ရပါတယ်။ သတင်းလွတ်လပ်ခွင့်တွေ အခု ပိုပြီး ကင်းမဲ့လာတာမို့ သတင်းလွတ်လပ်ခွင့် မရဘဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုတွေ ရှိမှာမဟုတ်ဘူးလို့ ကျမတို့ ယုံကြည်ပါတယ်။”

နှစ်ပေါင်း ၂၀ ကြာပြီးမှ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာက မျှော်လင့်ထားပေမဲ့ ဒီမျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် ကုလသမဂ္ဂက ရှုတ်ချသလို RSF အဖွဲ့ကြီးကလည်း ရှုတ်ချလိုက်ပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကနေ တစုံတရာ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။

RSF ရဲ့ စာရင်းထဲမှာ ရ၀မ်ဒါနိုင်ငံက သမ္မတ၊ ချက်ခ်ျညာ သမ္မတနဲ့ ယီမင်သမ္မတတွေနဲ့ အတူ တာလီဘန်ခေါင်းဆောင် မူလာအိုမာလည်း ပါပါတယ်။ ဒီနှစ်ထုတ်ပြန်ခဲ့တဲ့ စာရင်းထဲမှာ မနှစ်က စာရင်းပါ အဖွဲ့အစည်းတွေထဲက အီရတ် အစ္စလမ် အစွန်းရောက်အဖွဲ့ တချို့ကို ပယ်ဖျက်နိုင်ခဲ့တယ်လို့ RSF ရဲ့ သုတေသန ဒါရိုက်တာ ဂစ်လစ်စ် လန်းဒက်က ပြောပါတယ်။

“မနှစ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီနှစ်စာရင်းမှာ တိုးတက်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေကတော့ အရင်ကလိုပဲ သတင်းသမားတွေကို ဖိနှိပ် ချိုးနှိမ်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။”

မက္ကဆီကိုနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သတင်းသမား ၆၂ ဦး အသတ်ခံခဲ့ရတာမို့ အဆိုးဝါးဆုံးနိုင်ငံ စာရင်းမှာ ထည့်သွင်းထားသလို ဖိလစ်ပိုင်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သတင်းသမား ၃၀ အသတ်ခံခဲ့ရတာမို့ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံအဖြစ် စာရင်း ထည့်သွင်းထားတယ်လို့လည်း ပြောပါတယ်။
လယ်မြေအသိမ်းခံရသူများ စစ်ခေါင်းဆောင်ထံ တိုင်ကြားရန်ပြင်
စစ်ကိုင်းတိုင်း ကလေးမြို့ လေဆိပ်တိုးချဲ့ရေး စီမံကိန်းအောက်တွင် လယ်မြေအသိမ်းခံရ ...
နာဂစ်မွှေလို့ ၂ နှစ်ကြာတဲ့အခါ
u-tin-sans(အင်တာဗျူး) လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေဆုံးခဲ့ရသော ကြေကွဲ ...
နာဂစ်ဒေသ သိန်း ၁၄ဝဝ ကျော် သုံးစွဲဟု NLD ပြော
နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပါတီအနေဖြင့် ...

မွန်တစ်ရာကျော် ဖမ်းဆီးမိ

မင်းထက်အောင်၊ ကောင်းဝါ
မေ ၄၊၂၀၁၀။
မင်းထက်အောင်(မေ-၄)။    ။ တရားမဝင်နည်းလမ်းဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသူ မွန်တိုင်းရင်းသားတစ်ရာကျော်ခန့်အား ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့အနီး ဇာလီဖောင်းရွာ တောစပ်တစ်နေရာ၌ ယမန်နေ့ညနေပိုင်းတွင် ထိုင်းစစ်တပ်နှင့် နယ်စပ်ရဲများပူးပေါင်း ဖမ်းဆီးမိကြောင်း ဒေသခံထိုင်းအာဏာပိုင်အချို့ ပြောကြားချက်အရ သိရသည်။
တောလမ်းမှထိုင်းနိုင်ငံသို့ဝင်ရောက်စဉ် ထိုင်းရဲ၊ စစ်တပ်ဖမ်းဆီးရမိပုံ
“ အုပ်စုနှစ်စုခွဲပြီး တောလမ်းအတိုင်းလမ်းပြအကူအညီနဲ့ လမ်းလျှောက်လာကြတယ်၊ သူတို့ပွဲစားသတ်မှတ်တဲ့ နေရာမရောက်ခင် ဒီကဖမ်းမိလိုက်တာဖြစ်တယ်” ဟု စကားပြန်မှတဆင့် ထိုင်းအရာရှိတစ်ဦး ပြောကြားခဲ့ပါသည်။
 အဆိုပါ အဖမ်းဆီးခံရသူအားလုံးသည် လူကုန်ကူးပွဲစားများအဆင့်ဆင့်ဖြင့် ထိုင်းနိုင်အတွင်းပိုင်းသို့ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာသူများဖြစ်သည်ဟု  စစ်ဆေးမေးမြန်းချက်များကိုကိုယ်းကားပြီး ထိုင်းရဲအရာရှိများ သုံးသပ်ယူဆကြသည်။

၎င်းအဖမ်းခံရသူများကို စံခလပူရီရဲစခန်း၌ တစ်ညချုပ်နှောင်ခဲ့၍ ယနေ့တွင် ဘုရားသုံးဆူနယ်စပ်မြို့ဖက်သို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

“ ကျနော်အထင်တော့ ပွဲစားတွေရွေးလိုက်လို့ ချက်ချင်းပြန်လွှတ်ပေးတာဖြစ်တယ်” ဟု ထိုကိစ္စနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသော ထိုင်း-မြန်မာစကားပြန်တစ်ဦးက ယူဆပါသည်။

အဖမ်းဆီးခံရသူအားလုံးစုစုပေါင်း(၁၀၃) ဦးတွင် ကျား(၄၀) ဦး၊ မ(၆၃)ဦး ဖြစ်ရာ မွန်တိုင်းရင်းသားများဖြစ်ကြသည်ဟု သိရပါသည်။ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မှ လာရောက်ကြသူများဟု ဆိုပါသည်။

ထိုသို့ တရားမဝင်နည်းလမ်းဖြင့်ဝင်ရောက်နိုင်ရန် လူတစ်ဦးလျှင် မြန်မာကျပ်ငွေငါးသိန်းနှင့်ညီမျှသော ဘတ်ငွေ(၁၇၀၀၀) ကို အလုပ်နေရာရောက်သည့်အခါ ကာယကံရှင်များပြည်တွင်းသို့ ဖုန်းအဆက်အသွယ်ပြုလုပ်ပြီးမှသာ မြန်မာပြည်ရှိပွဲစားများကို ငွေထုတ်ပေးမည်ဟု သိရပါသည်။

ယခုအကြိမ်ဖမ်းဆီးရမိခြင်းသည် စံခလပူရီမြို့နယ်၌ ယခုလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။