Pages

Subscribe

Wednesday 31 March 2010

သျှမ်းသံတော်ဆင့် သတင်းများ

ဝ နယ်သို့ ဆန် နှင့် စားနပ်ရိက္ခာတင်ဆောင်ခွင့်ပိတ်ပင်

နတလ ၀န်ထမ်း နှင့် NGO ၀န်ထမ်းများ ခွင့်ရက်ရှည်ပေး၍ နေရပ်ပြန်ရန် နအဖ အာဏာပိုင်များညွှန်ကြားလိုက် ပြီးနောက် ပိုင်း ၀ နယ်သို့ စားနပ်ရိက္ခာတင်ဆောင်ခွင့်ကိုပါ ပိတ်ပင်လိုက်သည်ဟု စုံစမ်းသိရှိရသည်။

SSA နှင့် ဝ နယ်မြေ အနီးရှိ ဗမာတပ် မိသားစုဝင်များ အရေးပေါ် စစ်သင်တန်းတက်

သျှမ်းပြည် (မြောက်ပိုင်း) အပစ်ရပ် SSA နှင့် UWSA ထိန်းချုပ်နယ်မြေ အနီးရှိ တန့်ယန်း မိုင်းရယ်မြို့များ တွင်အခြေစိုက် ထားသော မြန်မာစစ်တပ်များမှ မိသားစုဝင်များသည် မတ်လဆန်းမှစ၍ ယနေ့အထိအရေးပေါ် အခြေခံ စစ်သင်တန်း တက်ရောက်လျှက်ရှိကြောင်း သိရသည်။

လားဟူပြည်သူ့စစ်ကို နယ်ခြားစောင့်တပ်ရင်းအဖြစ်တိုးမြှင့်သည့် အခမ်းအနား ဗိုလ်ရဲမြင့်တက်ရောက်

ထိုင်း - သျှမ်းနယ်ခြားအခြေစိုက် လားဟူပြည်သူ့စစ်တပ်ဖွဲ့အား ယမန်နေ့နယ်ခြားစောင့်တပ်ရင်းအဖြစ် အသွင်ပြောင်း အခမ်းအနားသို့ စရဖအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် သျှမ်းပြည်တိုင်းချုပ် တို့တက်ရောက်ဖွင့်လှစ် တာဝန်အပ်နှင်း ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အဓိကကျသော အချက် (၃) ချက်ကို အများသူငှာသိရှိစေရန်အတွက် ပြန်လည်ဖေါ်ပြအပ်ပါတယ်။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်သားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်။

၂။ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းအုပ်ချူပ်ပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရန်။

၃။ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှု ခွင့်ပြုလျက် ကျင်းပရန်။

အထက်ဖေါ်ပြပါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  ရွှေဂုံတိုင်ကြေညာချက်ပါ အဓိကကျတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက် (၃) ချက်ကို နအဖက လစ်လျူရှူတာဟာ နအဖရဲ့  ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဟာ အင်မတန် တရားမျှတမှု မရှိ၊ ရိုးသားမှု မရှိ၊ လွတ်လပ်သန့် စင်မှု မရှိဖူးဆိုတာ ပေါ်လွင်စေပါတယ်။

ဒီအချက် (၃) ချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တင်မက မြန်မာပြည်သူပြည်သားများအားလုံးကနေ လိုလားတဲ့ အချက်တွေဆိုတာ နအဖတွေကို အသိပေးလိုက်ပါတယ်။

NLD Shwegonetaing Declaration (Page 1)

NLD Shwegonetaing Declaration (Page 2)

NLD Shwegonetaing Declaration (Page 3)
NLD နိုင်ငံရေး ဆက်လုပ်မည်

NLD နိုင်ငံရေး ဆက်လုပ်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ပါတီ မှတ်ပုံမတင် သော်လည်း နိုင်ငံရေးနှင့် လူမှုရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ပါတီ၏ လက်ရှိ
ကရင်ဒုက္ခသည် ၆၀၀ ကျော် နေရပ်ပြန်

ကရင်ဒုက္ခသည် ၆၀၀ ကျော် နေရပ်ပြန်

ထိုင်း - မြန်မာ နယ်စပ် ကရင် ဒုက္ခသည် စခန်းတခုမှ ဒုက္ခသည် ၆၀၀ ကျော် နေရပ်သို့ ယနေ့ ပြန်လည် ထွက်ခွာသွား ကြကြောင်း သိရသည်။နေရပ် ပြန်သွားသည့် ဒုက္ခသည်များမှာ ထိုင်းနိုင်ငံ

နေပြည်တော် လေပြင်းကြောင့် ဝန်ထမ်းများထိတ်လန့်

နေပြည်တော်တွင် ယမန်နေ့ ညနေပိုင်းက ရုတ်တရက် တနာရီ ကျော်ကြာ မိုးသက် လေပြင်း ကျရောက်ခဲ့ရာ အစိုးရ ၀န်ထမ်းများကြား ထိတ်လန့်မှု ဖြစ်ပေါ် ခဲ့ရကြောင်း သတင်း ရရှိသည်။

သတင်း စီးဆင်းမှု ထိန်းချုပ်ရေး ကက-ကွန် ပြင်ဆင်နေ

ပြည်တွင်း သတင်း အချက် အလက်များ ပြည်ပ မီဒီယာများသို့ စီးဆင်းမှုအား အဆင့်မြင့် နည်းပညာသုံး၍ ပိုမိုထိန်းချုပ်နိုင်ရန် တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး (ကက-ကွန်)

NLD ရှေ့ရေး ထင်ကြေး အမျိုးမျိုးပေး

ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ် ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မေလ ၇ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခြင်း မပြုပါက တရားဝင်ပါတီ

NLD ဆုံးဖြတ်ချက်ကို အမေရိကန်နှင့် ကုလ အလေးထား

ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ် လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂတို့က တနင်္လာ နေ့တွင်

NLD ဆုံးဖြတ်ချက် ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်ဟု ဂျာနယ်များတွင် ဖော်ပြခိုင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲအား အနှောင့် အယှက် ဖြစ်စေသည် ဆိုသည့် စာသားကို ပြည်တွင်း အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင်

NLD ဆုံးဖြတ်ချက်အပေါ် အမြင်ကွဲပြားနေ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲ ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ် လိုက်ခြင်းနှင့် ပတ်သက်၍ ပြည်သူလူထု ကြားတွင် အမြင်

Tuesday 30 March 2010

မန္တလေး-မြစ်ကြီးနားလမ်းပေါ် ထူးဆန်းသည့် ကုန်ရထား ပြေးဆွဲနေ


ခိုင်လင်း/ ၃၀ မတ် ၂၀၁၀

“မီးရထားဝန်ထမ်းတွေကတော့ ဒေါ်ကြိုင်ကြိုင် ရထားဆိုပြီး နာမည်ပေးထားတယ်။ ဘယ်ဘူတာမှ မရပ်ဘူး၊ ဘာပစ္စည်းတွေ တင်ခဲ့မှန်းလည်း မသိဘူး။ ပုံမှန်ကုန်တင်တွဲလို မဟုတ်ဘူး။ တွဲက နီညိုရောင်။ အဲလို ကုန်တွဲမျိုးကော၊ စက်ခေါင်းမျိုးကော ကျနော့်တသက် တခါမှ မမြင်ဖူးဘူး။ အထူးအမြန်တို့၊ တရုတ်ရထားတို့တောင် သူ့အလာကို စောင့်ပေးနေရတယ်။ မြစ်ကြီးနားဘက်ကနေ ပြန်ခေါက်လာ၊ ပြီးတော့ ပြန်တက်၊ လွန်းပြန်သွားနေတာ။ မန္တလေးဘက်က လာတယ်သာပြောတာ၊ ဘယ်ဘူတာက ထွက်လာမှန်းလည်း မသိဘူး။ ကချင်ပြည်နယ်ထဲမှာတော့ ....” အပြည့်အစုံသို့

------------------------------------------------------------------------------------------------------------------------------
ရန်ကုန်မြို့ လျှပ်စစ်မီးအခြေအနေ ဆိုးရွားနေပြန်


မျိုးဝင်းဇော်/ ၃၀ မတ် ၂၀၁၀
“ကျနော်တို့က ဆိုင်အတွက် မီးစက်ငှားပြီး သုံးရတယ်။ အခုဆို မီး ဆိုးဆိုးရွားရွား ...” အပြည့်အစုံသို့
ရွေးကောက်ပွဲ ပုန်ကန်မှုများ ကာကွယ်ရန်
လုံခြုံရေးများ တိုးမြှင့်တော့မည်


မျိုးချစ်သူ/ ၃၀ မတ် ၂၀၁၀
“အန်အယ်လ်ဒီက ရွေးကောက်ပွဲ မ၀င်ဘူးဆိုတော့ ဥပဒေအရ တရားမ၀င်တဲ့ပါတီ...” အပြည့်အစုံသို့

မဟာပါသဏ လိုဏ်ဂူတော်ဝင်းအတွင်း
ဝင်ထွက်သွားလာခွင့် ကန့်သတ်


အောင်ထက်/ ၃၀ မတ် ၂ဝ၁ဝ
“မဟာနာယက ဆရာတော်ကြီးတွေ လမ်းလျှောက်လေ့ရှိတဲ့ နံနက်ခင်းရယ်၊ ...” အပြည့်အစုံသို့
လေပြင်းကြောင့် ဒုက္ခသည် (၁၀၀) ကျော်
အိုးအိမ်ပျက်စီး


ဝီရ/ ၃၀ မတ် ၂၀၁၀
“အဲဒီစခန်းထဲက ဒုက္ခသည် (၁၁၂) ဦး နေထိုင်တဲ့အိမ် (၄၅) လုံးကျော် ပျက်သွားတယ်။ နောက် အင်တာဗျူးလုပ်တဲ့ ရုံးနေရာက ပစ္စည်းတချို့လည်း ...” အပြည့်အစုံသို့

မိုင်းလားတပ်ဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ပဉ္စမအကြိမ် နောက်ဆုံးဒက်လိုင်းရာဇသံထပ်ပေး

မိုင်းလားတပ်ဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ပဉ္စမအကြိမ်  နောက်ဆုံးဒက်လိုင်းရာဇသံထပ်ပေး

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် မိုင်းလားတပ်ဖွဲ့အား နအဖ၏ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် ခေါ်ယူတွေ့ဆုံ၍ ဧပြီလနောက်ဆုံးပတ်သတ်မှတ်ရက် အဖြေပေးရန်၊ သို့မဟုတ်လျှင် မတရားအသင်းဖြစ်မည်ဟု ဖိအားပေးခဲ့ကြောင်း ကျိုင်းတုံ - ပန်ဆန်း သတင်းရပ်ကွက်ကဆိုသည်။

ကိုးကန့်ဒေသ၌ ပြောက်ကျား (၇) ဦး လက်နက်နှင့်အတူ ဖမ်းမိဟုဆို

နယ်ခြားစောင့်တပ် အသွင်ပြောင်းထားသော သျှမ်းပြည် (မြောက်ပိုင်း) ကိုးကန့် အထူးဒေသ (၁) လောက်ကိုင်မြို့ ၌ ကိုးကန့်လက်နက်ကိုင် ပြောက်ကျား (၇) ဦး မတ် ၂၇ ရက်နေ့က ဖမ်းဆီးခံရကြောင်း ကိုးကန့်အဖွဲ့နှင့် နီးစပ်သူများထံမှ တဆင့်သိရသည်။

၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံရှိ နေအိမ် ၅၉ လုံး ဖယ်ရှားခံရ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုံ အတွင်းရှိ မိုင်းယုကျေးရွာမှ နေအိမ် ၅၉ လုံး အား မတ်လကုန် နောက်ဆုံးထား ဖယ်ရှားရန် ဒေသအာဏာပိုင်များ ညွန်ကြားလိုက်ပြီးနောက် အဆိုပါနေအိမ်များဖျက်သိမ်း နေရကြောင်း သိရသည်။

နအဖ စစ်တပ်ရွာထဲလက်နက်ကြီးပစ် ဒေသခံများသေကြေဒဏ်ရာရ

သျှမ်းပြည်အလယ်ပိုင်းသို့ စစ်ကြောင်းလှည့်နေသည့် နအဖ စစ်ကြောင်းတကြောင်းသည် ကျေးရွာတခုအား လက်နက်ကြီး ဖြင့်ပစ်ခတ်သောကြောင့် ဒေသခံ ၆ ယောက် ထက်မနည်းသေဆုံးသွားသည်ဟု စုံစမ်းသိရှိရပါသည်။

စကခ ၂၁ မှူး ရာထူးမှ အနားယူ

မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စကခ၂၁ မှူး ဗိုလ်မှူးချုပ် စိုးနိုင်အား လွန်ခဲ့သည့် တစ်ပတ်ခန့်က ရာထူးမှ အနားပေးလိုက်ကြောင်း စစ်ဘက် သတင်းရပ်ကွက် အဆိုအရသိရသည်။

မူစယ်တွင် အတိုင်ခံရသူ ရှေ့နေက ပြန်တရားစွဲ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် စာနယ်ဇင်းအတွင်းရေးမှူးနှင့် အထက်တန်းရှေ့နေ ဦးတင်ထွန်း (ခ) ရွှေလီ မောင်မောင်က ၎င်းအား စုကြေးငွေအလွဲသုံးစားလုပ်သည်ဟု တိုင်ကြားခဲ့သူများကို မတ်လ ၁၂ ရက်နေ့က မူစယ် တရားရုံးတွင် ပြန်လည် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
National League of Democracy headquarters in Yangon, Myanmar,  Wednesday, May 27, 2009-AP

ဒီနေ့ NLD ရုံးချုပ်ကို သြစတြေးလျ သံအမတ်ကြီး မစ်ရှဲလ်ချမ်းနဲ့ အမေရိကန်သံရုံး နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တာဝန်ခံ ဂျနီဖာ ဟာဟိုက်တို့ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။

Indonesia Foreign Minister Marty Natalegawa-Nov 24, 2009-AP
People stand at the sight of the explosion at Park Kultury subway  station in Moscow, Russia, 30 Mar 2010-AP

NLD သပိတ်မှောက်မှု စစ်အစိုးရကို အမေရိကန် အပြစ်တင် Audio Clip Available
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံမတင်ရေး ကန့်ကွက်မဲမရှိ ဆုံးဖြတ် Audio Clip Available
NLD ပါတီ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ပြည်တွင်းပြည်ပ အမြင်အမျိုးမျိုး Audio Clip Available
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲ ဖော်ဆောင်ဖို့ HRW အင်ဒိုနီးရှားကို တိုက်တွန်း Audio Clip Available
သမ္မတ အိုဘားမား ပထမအကြိမ် အာဖဂန်ရောက် Audio Clip Available
ရွေးကောက်ပွဲ ဒေါ်စုပါဝင်ခွင့် မရှိရင် ဂျပန်က စီးပွားရေးကူညီမှု ရပ်ဆိုင်းမည် Audio Clip Available
မြန်မာကို အင်တာနက် ထောက်လှမ်းရေး မကူညီဟု ပြင်သစ်ကုမ္ပဏီ ပြော Audio Clip Available

လူထုအပေါ် ဒီကေဘီအေ၏ အနိုင်ကျင့်မှု ပိုများလာ

မတ်လ ၃၀ရက်။ (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေခီးဂွင်၌ အခြေချလှုပ်ရှားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့ဝင်များသည် ယခုနှစ်ဆန်းပိုင်းမှစ၍ လူထုအပေါ် အကြောင်းမဲ့ အနိုင်ကျင့်မှုများ ပို၍လုပ် ဆောင်လာသည်ဟု ဒေသခံရွာသားများက ပြောသည်။

အဆိုပါဂွင်တွင် လှုပ်ရှားနေသည့် ဒီကေဘီအေ တပ်မဟာ (၅)လက်အောက်ခံ (၉၀၇)တပ်ရင်းသည် တပ်ရင်းမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေး၏အမိန့်ဖြင့် စေတီပုထိုးတည်၊ ကျောင်းဆောက်၊ လမ်းဖောက်၊ တံတားဆောက် လုပ်ဆောင်ရာတွင် ရွာသူရွာသား များကို အတင်းအဓမ္မ ခေါ်ယူခိုင်းစေသည့်အပြင် ငွေကြေးများကိုပါ ကောက်ခံလျှက်ရှိသည်ဟု ဝေါ်လေခီးဂွင်မှ ရွာသားတဦးက ပြောသည်။

သူက “ခေါင်းပေါင်းဝါ(ဒီကေဘီအေ)တပ်ဖွဲ့ဝင်တွေက လမ်းတွေဖောက်၊ တံတားတွေဆောက်လို့ရှိရင် ရွာသူရွာသားဆီကပဲ ပိုက်ဆံတောင်းတယ်။ လူကိုယ်တိုင်လည်း အလှည့်ကျ လုပ်အားပေးသွားရတယ်။ ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းကပဲ စေတီ တည်တာ ဘိလပ်မြေ မလောက်လို့ဆိုပြီး ရွာသားတွေဆီက ဘိလပ်မြေအိတ် (၁၀၀) ထပ်တောင်းတယ်။ တချို့ရွာတွေက ပိုက်ဆံလုံးလုံးကို မရှိတဲ့အတွက် မပေးနိုင်ဘူးလေ။ ဒါကို ရွာထဲကို ၀င်ရောက်သောင်းကျန်းခြိမ်းခြောက်တာတွေ လုပ်နေတော့ ရွာသားတွေ ရတဲ့နည်းနဲ့ ပေးရတယ်။ စေတီစတည်ခဲ့တုန်းကလည်း တခေါက်ပေးခဲ့ပြီးပြီ”ဟု ပြောသည်။

၎င်းအပြင် မတ်လ ၂၃ရက်နေ့တွင်လည်း ဝေါ်လေခီးဂွင် ကော်ဆဲရွာသား ၄ဦးသည် အိမ်ဆောက်ရန် လိုအပ်သည့် ပျဉ်ပြားများ ကို ကားဖြင့်သယ်ဆောင်လာရာမှ သစ်ခိုးရောင်းသည်ဟု စွပ်စွဲကာ (၉၀၇) တပ်ရင်းမှ တပ်ခွဲမှူး စောချင်းလုံဆိုသူက ၎င်းရွာ သားများအား ရိုက်နှက်သောကြောင့် ရွာသားတဦး ဆေးရုံတင်လိုက်ရသည့်အပြင် လျှော်ကြေးပါ ပေးဆောင်ခဲ့ရသည်ဟု ကော် ဆဲရွာသူတဦးက ပြောသည်။

၎င်းက “ဒီလ ၂၃ရက်နေ့မှာ ကျမတို့ ရွာက ဖါးကော်လာ၊ တာအယ်၊ သန်းဌေးဦး၊ ထာ့ထူတို့လေးယောက် အိမ်အတွက် ပျဉ်ပြား ၂၉ချပ် တောထဲကနေ ကားနဲ့တင်လာတယ်။ မသွားခင်တုန်းကလည်း သူတို့(ဒီကေဘီအေ)ကို ကြိုအသိပေးပြီးပြီ။ အဲဒါနဲ့ ဗိုလ် ချင်းလုံက အရက်မူးမူးနဲ့ သူတို့လေးယောက်ကို လမ်းမှာဆုံပြီး ခင်ဗျားတို့ သစ်ခိုးရောင်းတယ်ဆိုပြီး ထိုးကြိတ်၊ ရိုက်နှက်တဲ့အခါ ကျတော့ ဖါးကော်လာကို ဆေးရုံတင်လိုက်တယ်။ အဲဒါနဲ့ မပြီးသေးဘူး။ သူတို့လေးယောက်ကို ဘတ်ငွေ ၅ထောင် ဒဏ်ငွေ ရိုက်တယ်။ ကားကျတော့ ဘတ်ငွေ ၆သောင်း ၅ထောင် ပြန်ရွေးလိုက်ရတယ်။ မရွေးရင် လုံးဝ ပြန်မပေးဘူး”ဟု ပြောသည်။

လက်ရှိအချိန်တွင် ကော်ဆဲကျေးရွာအပြင် တခြားရွာများ အပါအ၀င် ဒီကေဘီအေ ခွင့်ပြုချက်မရဘဲ ရွာသူရွာသားများ မိမိဆန္ဒ အရ သစ်ခုတ်ပါက ထိရောက်စွာ ဒဏ်ခတ်အရေးယူမည်ဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ (၅)မှူးက အမိန့်ထုတ်ထား ကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေ (၉၀၇)တပ်ရင်းမှ တပ်ခွဲမှူး စောချင်းလုံက “ကျနော်နဲ့ ဖြစ်တာ မဟုတ်ဘူး။ ပဋိပက္ခ ဖြစ် တာတော့ ကြားပါတယ်။ အနည်းအကျဉ်း ဖြစ်ပွားခဲ့တာပဲ။ ဘာအခက်အခဲမှ မရှိလောက်ပါဘူး”ဟု ကေအိုင်စီကို ပြောသည်။

ဝေါ်လေခီးဂွင်၌ ကော်ဆဲ၊ ကလော်ဝေါ်၊ ဖောဖိုးခီး၊ ဖောပလာထာ၊ ထီးဆဲလယ်၊ လယ်ဂေါ့၊ အူးဖိုးထာ့၊ ကနဲလေး၊ မောဖိုးကလိုး၊ မောခီး၊ ကွီးဆဲဖော၊ ဘလာတို စသည့်ကျေးရွာများ တည်ရှိသည်။

ဒီကေဘီအေ တပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် သွားရောက်ပူးပေါင်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ယမန်နှစ် မေလက နအဖစစ်အစိုးရမှ ကမ်းလှမ်းထားသည့် နယ်ခြား စောင့်တပ် အသွင်ကူးပြောင်းရေးကို ဦးစွာ လက်ခံသည့် ကရင်အပစ်ရပ်အဖွဲ့ ဖြစ်သည်။

ဦးဝင်းတင်ကို မဖမ်းပါ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို ရဲများက နေအိမ်မှနေ၍ ခေါ်ဆောင်သွားသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။

“မဟုတ်ပါဘူး။ ကျနော်တို့က မနက် ၄ နာရီကတည်းကနေ ဖြေနေရတယ်။ သတင်းတွေက ဖြစ်နေတယ်။ မနက် မီဒီယာတွေက လာမေးတယ်။ ဘယ်သူက ဖွလိုက်လည်း မသိဘူး။ အခုလေးပဲ ရုံးချုပ်ကို သွားလိုက်ပြီ” ဟု ဦးဝင်းတင်၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ဦးမောင်မောင်ခင်က ပြောသည်။

ယမန်နေ့က NLD မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ပတ်သက်၍ ပါတီရုံးချုပ်၌ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ တွေ့ဆုံဆွေးနွေးမှုအပြီး ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း အတည်ပြုခဲ့ပြီးနောက် အဆိုပါ သတင်း ရန်ကုန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Monday 29 March 2010

ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ အကြိတ်အနယ်ဆွေးနွေးပြီးနောက် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မှတ်ပုံမတင်ဟု ဆုံးဖြတ်လိုက်ကြသည်။

မှတ်ပုံတင်ရေး မတင်ရေးနှင့်ပတ်သက်၍ NLD ရုံးချုပ်၌ ယနေ့ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ တွေ့ဆုံဆွေးနွေးအပြီး ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်ခြင်း ဖြစ်သည်။
Copy_of_NLD-Offices
“ဒုဥက္ကဋ္ဌ ဦးတင်ဦး ကြေညာတာက ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ချက် ၂ ခု ချလိုက်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုဦးစီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ကန့်ကွက်သူမရှိ ရွေးကောက်ပွဲ မှတ်ပုံမတင်ဘူး။ နောက်တချက်က မှတ်ပုံမတင်သော်လည်း ပါတီကို မဖျက်သိမ်းဘူး” ဟု ရုံးချုပ်ရှေ့တွင် ပါတီခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့် ပါတီလူငယ်အဖွဲ့ ခေါင်းဆောင်တဦးက ပြောသည်။

ထို့အပြင် ယနေ့ ဗဟိုအလုပ်အမှုဆောင် CEC နှင့် ဗဟိုဦးစီးအဖွဲ့ CC အစည်းအဝေးသို့ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက တက်ရောက်လာခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်ကို လိုက်နာရန် အမှာစကားပါးလိုက်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံမတင်ရန် ယခုလ ၂၃ ရက်နေ့တွင် သူမ၏ ရှေ့နေများမှတဆင့် သဘောထားပေးခဲ့ခြင်း ဖြစ်သည်။

CEC အဖွဲ့ဝင်ပေါင်း ၂ဝ ဦးနှင့် CC အဖွဲ့ဝင်ပေါင်း ဦးရေ ၁ဝဝ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ CEC ထဲမှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့မှလွဲ၍ ကျန်အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ CEC ၊ CC အဖွဲ့ဝင်များနှင့် လူငယ်ခေါင်းဆောင် ၅ ဦး စုစုပေါင်း ၁၁၃ ဦး တက်ရောက်ခဲ့ကြသည်ဟု နောက်ဆုံးသိရှိရသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရုံးချုပ်၌ ပြုလုပ်သော အစည်းအဝေးတွင် ပါတီ၏ ရပ်တည်ချက်နှင့် ပတ်သက်သော အရေးပါသော ဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီမှ စတင်၍ တင်ပြရာ ၁ နာရီ ၄၅ မိနစ်တွင် ပထမပိုင်း အစည်းအဝေး ရပ်နားခဲ့သည်။

ဒုတိယပိုင်းကို နေ့လည် ၂ နာရီတွင် ပြန်လည်စတင်ရာ CC က ဆက်လက်တင်ပြမှုများ ပြုလုပ်ခဲ့သည်။ ညနေ ၄ နာရီတွင် အဆိုပါ တင်ပြမှုများ ပြီးဆုံးသည့်အခါ CEC အစည်းအဝေး ဆက်လက်ပြုလုပ်ကာ ညနေ ၅ နာရီခန့်တွင် ယခုဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခုလ ၈ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအရ ပါတီအား ပြန်လည်မှတ်ပုံတင်မည်ဆိုလျှင် နေအိမ်တွင် ပြစ်ဒဏ် ၁၈ လ ကျခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အကျဉ်းကျခံနေရသည့် ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝ ဦးနှင့် ပါတီဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမှာဖြစ်သည်။

အကယ်၍ ထုတ်ပယ်ခြင်း မရှိလျှင်၊ ရက် ၆ဝ အတွင်း မှတ်ပုံတင်ခြင်း မရှိလျှင် ပါတီသည် အလိုလျောက် ဖျက်သိမ်းရမည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် NLD ပါတီ ခေါင်းဆောင်ပိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍ မှတ်ပုံတင်ရေး၊ မတင်ရေးဟူသည့် အငြင်းပွားမှုများ ဖြစ်ခဲ့ရသည်။

ယခုလ ၂၆ ရက်နေ့တွင် ပြည်နယ်/တိုင်း အဆင့် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ဝင် ၆ဝ ဦးခန့် တက်ရောက်သော အစည်းအဝေးက ရွေးကောက်ပွဲ ဥပဒေကို လက်သင့်မခံနိုင်ဘဲ ပါတီကို မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယခုလ ၁၅ ရက်နေ့တွင် ပါတီဌာနချုပ်တွင် ပါတီ ဆက်လက် ရှင်သန်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ဖို့ စဉ်းစားရန် အဆိုပြုခဲ့ပြီးနောက် လူငယ်များ၏ သဘောထား ထိုသို့ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် CC အဖွဲ့ဝင် ၁ဝ ဦး အပါအဝင် ပါတီဝင် ၄၃ဝ ကျော်မှာ အကျဉ်းကျနေဆဲဖြစ်ပြီး စုစုပေါင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁ဝဝ ကျော်ရှိနေသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD သည် နိုင်ငံတဝှန်းတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ဘဲ နောက်တကြိမ်ရွေးကောက်ပွဲသာ ကျင်းပရန် ပြင်ဆင်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ,အစည်းအဝေးမှတ်တမ်းဓာတ်ပုံများ..




Sunday 28 March 2010

Japanese Foreign Minister Katsuya Okada, March 9, 2010-AP

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ပါဝင်ယှဉ်ပြိုင်ထိုက်တဲ့ သူတွေ ပါဝင်ခွင့် မပေးဘူးဆိုရင် မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီငွေတွေ ထပ်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ပြောဆိုလိုက်ပါတယ်။

တော်လှန်ရေးနေ့ည မန္တလေး ဆေးနီမှုတ် ကန်ပိန်း








ကျွန်တော်တို့ လဖစတ (AAMD) - Burma အင်အားစုမှ (စပရေး)မှုတ်ဆေးအနီတွေနဲ့ မန္တလေးမြို့ပေါ်အနှံ့ နံရံတွေပေါ် FREE, FREE Su Kyi, FREE Daw Su, FREE 2010, FREE Aung San Su Kyi, ရွေးကြက်ခြေခတ်(ရွေးကောက်ပွဲအလိုမရှိ) အစသဖြင့် လိုက်လံရေးသားကာ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖမ်းဆီးခံ နိုင်ငံရေးတော်လှန်ရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ၂၀၀၈ နာဂစ်အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ရည်ရွယ်ချက်များအတွက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

မှုတ်ဆေးတော်လှန်ရေးဆင်နွှဲခဲ့တဲ့ မန္တလေးမြို့ပေါ် နေရာတွေကတော့ မန္တလေးတိုင်း တရားရုံးချုပ်နံရံတွေ၊ TTC (ပညာရေးကောလိပ်), နန်းရှေ့၊ ရွှေကျောင်းကြီး၊ မန္တလေးတက္ကသိုလ်အရှေ့ဘက် ၆၉ လမ်း၊ ဗောဓိကုန်း၊ ၆၂ လမ်း၊ ၆၄၊ ၆၅ လမ်း သိပ္ပံလမ်း၊ မြို့သစ်၊ လမ်း ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၆၊ ၈၇ လမ်းတွေနဲ့ မဟာမြတ်မုနိ ဘုရားကြီးပတ်ဝန်းကျင်၊ ရွှေကျီးမြင်ဘုရားပတ်ဝန်းကျင် အစသဖြင့် ၀င်းနံရံ၊ တံခါးဝ၊ အုတ်ခုံ၊ ရေကန်၊ ဓမ္မာရုံနံရံ အစသဖြင့်တွေပေါ်မှာ ဆေးနီစပရေးဘူးနဲ့ လိုက်မှုတ်ရေးခဲ့ကြပါတယ်။

အလားတူ ဆန့်ကျင် ဆန္ဒဖော်ထုတ်မှုမျိုးတွေကို အခြားနယ်၊မြို့များမှာလည်း မပြတ်တမ်းဆက်လက် ဆင်နွှဲကြဖို့ အလေးအနက်ထား တိုက်တွန်းလိုက်ပါတယ်ခင်ဗျား။

ဓာတ်ပုံတွေကို ပူးတွဲ ပေးပို့လိုက်ပါတယ်။

-------------
လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)
Activists for Abolishing the Military Dictatorship (AAMD) – Burma

ကိုထိုက်ဘလော့ဂ်မှ ကူးယူတင်ပြသည်

Friday 26 March 2010

လုံထိန်းတပ်ဖွဲ့ဝင်များကို ရဟန်းတော်များက တိုင်တွင်ကြိုးဖြင့် ချည်နှောင်ပြီး ဆိုဆုံးမ

ရခိုင်ပြည်နယ် မောင်တောမြို့ (၃) မိုင် ကျေးရွာတွင် ယမန်နေ့က စတင် ပြုလုပ်သော အပါး ၁၀၀ ရှင်ပြုပွဲတွင် လုံးထိန်း တပ်ဖွဲ့ တဖွဲ့မှ အရက်သေစာ သောက်စား မူးယစ်ပြီး လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်းရိုက်နှက်ကာ လုံထိန်း ၂ ဦးကို လူမိုက်တိုင်တွင် ချည်နှောင် ထားခဲ့သည်ဟု အမည်မဖေါ်လိုသူ မျက်မြင် တဦးက ပြောသည်။

“လုံထိန်းတွေက အရက်သေစာ မူးယစ်သောက်စားပြီး ဇာတ်ပွဲရှေ့မှာ လာသောင်းကျန်းတော့ ရဟန်းတော်တွေက ၀ိုင်းရိုက်ပီး အဲဒီထဲက လုံထိန်း နှစ်ဦးကို လူမိုက် လူရမ်းကားတွေကို ချည်နှောင်ဖို့ ပြုလုပ်ထားတဲ့ တိုင်မှာ ချည်နှောင်ထားခဲ့ပါတယ်။ ကျန်တဲ့ လုံထိန်းတွေကတော့ ဦးဇင်းတွေ ရိုက်တော့ ကြောက်ပီး စခန်းကို ပြန်ပြေး သွားကြပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ရှင်ပြုပွဲတွင် ရွှေရတနာ ဇာတ်အဖွဲ့မှ လာရောက် ဖြေဖျော်ရာ လုံထိန်းများက အရက်သေစာ မူးယစ်ကာ လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်း ရိုက်နှက်ပြီး ယခုကဲ့သို့ ချည်နှောင်ထားခဲ့ရခြင်း ဖြစ်သည်။

“ရဟန်းတော်တွေက အပါး ၂၀၀ လောက်ရှိမယ် ထင်ပါတယ်။ တမြို့နယ်လုံးက ပင့်ထားတော့ ရဟန်းတော်တွေ ကွင်းမှာ အပြည့်ဘဲ။ လုံထိန်းတွေစော်ကားတာကို မြင်တော့ ရဟန်းတော်တွေက သည်းမခံနိုင်ဘဲ ရိုက်ပုတ်ပီး နှစ်ဦးကို ကြိုးနဲ့ ချည်နှောင်ပြီး ထားခဲ့ရပါတယ် ” ဟု သူက ပြောသည်။

ရှင်ပြုပွဲသို့ လာရောက်လာသူ အရှင် ဦးသောဘိတက “ ဦးဇင်းတွေမှာ အပြစ်မရှိဘူး။ အပြစ်ရှိတာက လုံထိန်းတွေပါ။ သူတို့က သိပ်ကို ရမ်းကားလွန်းတော့ ဦးဇင်းတွေက နည်းနည်းပါးပါး ဆိုဆုံးမလိုက်တာ ဖြစ်ပါတယ်။ နံနက် မလင်းမှီ ဆရာတော်ကြီးတွေက အဲဒီ လုံထိန်းနှစ်ဦးကို ရဲတာဝန်ရှိသူတွေ လက်ထဲ အပ်လိုက်ပါတယ်” ဟု ပြောသည်။

ယခုကဲသို့ ရဟန်းတော်များက လုံထိန်း တပ်ဖွဲ့ဝင်များကို ၀ိုင်းဝန်းရိုက်နှက်မူကြောင့် ဇာတ်ပွဲ ကြည့်နေသူ လူအုပ်မှာ ဖရိုဖရဲ ဖြစ်သွားသော်လည်း ဆရာတော်များက ပွဲစောင့် ရဲအဖွဲ့၏ အကူအညီကို ယူကာ ပြန်လည် ငြိမ်ဝပ်အောင် ထိန်းသိမ်းခဲ့ရသည်ဟု ဆရာတော်က ပြောသည်။

ယခုကဲ့သို့ လုံထိန်းများကို ရိုက်နှက်ပြီး တိုင်တွင် ချည်နှောင်ကာ ရဟန်းတော်များက ဆိုဆုံးမခဲ့ခြင်း အပေါ် ပွဲကြည့်ရန် လာရောက်သည့် ပရိသတ်များက သောင်းသောင်းဖျဖျ အားပေးခဲ့ကြသည်ဟု သိရသည်။

ယနေ့ညဉ့်တွင်လည်း ရွှေရတနာ ဇာတ်အဖွဲ့မှ စဉ်လာမပျက် ပုံမှန် တင်ဆက်ကပြရန် အစီအစဉ် ရှိနေကြောင်း သတင်း ရရှိသည်။

သျှမ်းသံတော်ဆင့် သတင်းများ

ကျီးလန့်စာစား မဖြစ်ကြရန် ပန်ဆန်း ဒေသခံလူထုအား ၀ အာဏာပိုင်ဟောပြော

ကျီးလန့်စာစား မဖြစ်ကြရန် ပန်ဆန်း ဒေသခံလူထုအား ၀ အာဏာပိုင်ဟောပြော

ပန်ဆန်းနှင့် အခြား ၀ ပြည်နယ် မြို့များရှိ ၀န်ထမ်း နှင့် NGO, UN လုပ်သားများအား နအဖ အာဏာပိုင်များ ၂-၃ ရက်အတွင်း နေရပ်သို့ပြန်ရန် ညွှန်ကြားလိုက်သည့်ကိစ္စအပေါ် ကျီးလန့်စာစား တုံလှုပ်ခြောက်ခြားခြင်းမရှိကြရန် ၀ ဒေသခံအာဏာပိုင်များက ပန်ဆန်းလူထုအားရှင်းလင်းဟောပြောခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

မူစယ်မြို့ သမိုင်းဝင် ကျောင်းတိုက် ရာပြည့်ပွဲ ကျင်းပ

မူစယ်မြို့ သမိုင်းဝင် ကျောင်းတိုက် ရာပြည့်ပွဲ ကျင်းပ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် ဗြိတိသျှကိုလိုနီခေတ်က ဆောက်လုပ်ကိုးကွယ်ခဲ့သည့် ဗုဒ္ဓဘာသာ မဟာဝန် ဘုန်းတော်ကြီးကျောင်းတိုက် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်အား ယမန်နေ့မှစ၍ မတ်လ ၂၉ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပနေကြောင်း သိရသည်။

မန္တလေးတိုင်း အထင်ကရသျှမ်းများအား နအဖ၀န်ကြီးများမဲဆွယ်စည်းရုံး

မန္တလေးတိုင်း အထင်ကရသျှမ်းများအား နအဖ၀န်ကြီးများမဲဆွယ်စည်းရုံး

မန္တလေးတိုင်းရှိ အထင်ကရသျှမ်းလူမျိုး ရပ်မိရပ်ဖများအား လာမည့်ရွေးကောက်ပွဲ၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးခံကြဖို့ နအဖ ၀န်ကြီးများ သွားရောက်မဲဆွယ်စည်းရုံးခဲ့သည်ဟု စုံစမ်း သိရှိရသည်။

စစ်ဘေး စိုးရိမ်သည့် ၀ အရပ်သားရာချီ နေရပ်မှထွက်ခွာ

နအဖ စစ်တပ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) ရှိ ၀ ပြည်သွေးစည်းရေးပါတီတို့ကြား စစ်ရေးတင်းမာ နေချိန် တွင် ၀ ထိန်းချုပ် နယ်မြေအတွင်းရှိ ၀ ဒေသခံ ၃၀၀ ခန့်သည် ယခုအပတ်အတွင်း နေရပ်မှ ပြောင်းရွှေ့ထွက်ခွာ နေကြောင်း သိရသည်။

NGO များ ၀ နယ်မှ ထွက်ခွါပေးရန် နအဖဗျူဟာမှူးသတိပေး

ဝ နယ်မြေအတွင်းရှိ NGO အဖွဲ့များ ၂ ရက်အတွင်း ၀ နယ်မြေမှ ထွက်ခွာပေးရန် တန့်ယန်းဗျူဟာမှူးသတိပေးပြောကြား လိုက် သည်ဟု ပန်ဆန်းရှိ NGO ၀န်ထမ်းတဦးက ပြောပါသည်။

စစ်ကြောင်း၏ ပွိုင့်ထိုး မဖြစ်ဖို့ - တြိဂံတိုင်းမှူးထံ လားဟူပြည်သူ့စစ်တောင်းဆို

ယခုလအတွင်း သျှမ်းပြည်တပ်မတော်နှင့် ဖြစ်သည့်တိုက်ပွဲတိုင်း နအဖ စစ်ကြောင်း၌ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ပွိုင့်ထိုးပေး နေရသောကြောင့် - ‘နောက်နောင် နအဖ စစ်ကြောင်း၏ ပွိုင့်ထိုးအဖြစ် မထွက်ခိုင်းဖို့’- လား ဟူပြည်သူ့စစ်တပ်ဖွဲ့က တြိဂံတိုင်းမှူးထံတောင်းဆိုလိုက်ပါသည်။