Pages

Subscribe

Tuesday 11 May 2010

ကချင်ပါတီ ၃ ဖွဲ့အား တရားဝင်လက်ခံရေးကိစ္စ စောင့်ဆိုင်းပေးရန် ကော်မရှင်ပြန်ကြား

မြန်မာစစ်အစိုးရရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သို့ ပါတီမှတ်ပုံတင်လျှောက်ထားတဲ့ ကချင်ပါတီ ၃ ဖွဲ့ အား တရားဝင်လက်ခံရေးကိစ္စ ဆက်လက်စောင့်ဆိုင်းပေးရန် ကော်မရှင်က ပြန်ကြားထားကြောင်း သိရတယ်။

051110-kspp-office
ကချင်ပြည်နယ်တိုးတက်ရေးပါတီ ရဲ့ ဗဟိုရုံးပုံ၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။ ဓါတ်ပုံ - ကချင်သတင်းဌာန
စစ်အစိုးရရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ်ပေးတဲ့ မေလ ၇ ရက်နေ့ ကုန်ဆုံးခဲ့သော်လည်း ယနေ့ထိတိုင် ကချင်နိုင်ငံရေးပါတီ ၃ ခုဖြစ်တဲ့ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP)၊ ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီ-ကချင်(NSPP) နှင့် စုပေါင်းဒီမိုကရေစီပါတီ-ကချင် တို့ဟာ တရားဝင်ပါတီများအဖြစ် လက်ခံခြင်း မခံရသေးပါ။

“ပါတီတည်ထောင်ခွင့် မပေးတာ မဟုတ်ပါဘူး။ စိတ်ချပါ၊ မချပေးမှာ မဟုတ်ဘူး၊ ချပေးမယ်။ ဒါပေမဲ့ အချိန်နည်းနည်း စောင့်ပေးပါ” ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဠ ရဲ့ ပြောဆိုချက်ကို ကိုးကား၍ KSPP တာဝန်ရှိသူတဦးက ထိုင်းအခြေစိုက် ကချင်သတင်းဋ္ဌာနသို့ ပြောတယ်။ 
အခုလို ကချင်ပါတီပေါ် တရားဝင်ပါတီအဖြစ် လက်ခံ၊ လက်မခံ ဆုံးဖြတ်ပေးရန် ကြန့်ကြာထားတဲ့ အဓိကအကြောင်းရင်းကတော့ စစ်အစိုးရနဲ့ အပစ်ခပ်ရပ်စဲထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က စစ်အစိုးရ အလွန်မှဖြစ်စေချင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) သို့ အသွင်ပြောင်းလဲရေး ကိစ္စကို ငြင်းနေတဲ့အတွက်ဖြစ်တယ်လို့ KSPP နှင့်နီးစပ်သူတဦးက ပြောတယ်။

သူကပဲ “ဒါပေမဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ နယ်ခြားစောင့်တပ်ဖွဲ့ လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ပါတီတည်ထောင်ခွင့် ချပေးမယ်လို့၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ပြောလိုက်တယ်” လို့ ပြောပြပါတယ်။

ထို့အပြင် ကချင်ပါတီ ၃ ခုကိုလည်း ရွေးကောက်ပွဲ စည်းရုံးရေးဆင်းနိုင်ရန် လုံလောက်သည့် အချိန်ပေးသွားမည်ဖြစ်ကြောင်းကို လတ်တလော နေပြည်တော်သို့ ဒုတိယအကြိမ်သွားရောက်တွေ့ဆုံခဲ့တဲ့ KSPP ခေါင်းဆောင်တချို့ကို ကော်မရှင်ဥက္ကဌ က ကတိပေးပြောဆိုခဲ့ကြောင်း သိရတယ်။

တဖက်တွင်လဲ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) အတွင်းရေးမှူး ဇေလွမ်း (Zelum) ဦးဆောင်တဲ့ “စုပေါင်းဒီမိုကရေစီပါတီ-ကချင်” ပါတီသည်လည်း ကော်မရှင်ရဲ့ တရားဝင်ပါတီခြင်း မရသေးပါဘူး။

NDA-K အဖွဲ့ဟာ ပြီးခဲ့နှစ် နိုဝင်ဘာလကပဲ စစ်အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် တရားဝင် အသွင်ပြောင်းဖွဲ့စည်းခဲ့တယ်။

ဒူဝါ ချန်းခေါ ဦးဆောင်သော “ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီ (NSPP)” ကချင်ပါတီ သည်လည်း ရှမ်းပြည်အရှေ့မြောက်ပိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီ မှတ်ပုံတင်ထားခဲ့ပါတယ်။ ဒါပေမဲ့ KSPP နဲ့ အလားတူပဲ တရားဝင်ပါတီအဖြစ်လက်ခံခြင်း မရှိသေးပါ။

စစ်အစိုးရပိုင် မေလ (၇) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအရ နေပြည်တော် အခြေစိုက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးသို့ မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီအဖွဲ့အစည်း (၃၁) ဖွဲ့ရှိတဲ့အနက်
(၂၇) ဖွဲ့ ကို ပါတီတည်ထောင်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ပါတယ်။

ယခုချိန်အထိ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်မှ တရားဝင် ပါတီတည်ထောင်ခွင့် မပြုသေးပဲ ကျန်နေတဲ့ပါတီ (၄)ဖွဲ့မှာ (၃) ဖွဲ့ကတော့ ကချင်ပါတီများဖြစ်ကြပါတယ်။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကမ်းဘဲလ် ထီးမိုး ဆွေးနွေးကြသလဲ

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်း ဘဲလ်တို့ ယမန်နေ့က အဆောက်အဦး ပြင်ပတွင် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းသည် စစ်အစိုးရက အသံဖမ်းယူမည်ကို စိုးရိမ်သော ကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။



ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် (အလယ်) နှင့် မစ္စတာ ကာ့တ် ကမ်းဘဲလ် (ယာ) တို့ အစိုးရ ဧည့်ဂေဟာ အပြင်ဘက်တွင် ထီးမိုး၍ ဆွေးနွေး နေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အမေရိကန် သံရုံး/ရန်ကုန်)
ဒေါ်အောင်ဆန်း စုကြည်နှင့် မစ္စတာ ကမ်းဘဲလ်တို့ တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ရာတွင် အစိုးရက စီစဉ်ပေးသည့် ဧည့်ဂေဟာ ဧည့်ခန်း အတွင်း၌ ၁၅ မိနစ်ခန့်သာ စကားစမြည် ပြောဆို ပြီးနောက် အဓိကကျသော ဆွေးနွေးမှုများကို အပြင်ဘက်တွင် ထီးမိုး၍ ဆက်လက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

ယင်းဆွေးနွေး မှုများတွင် မြန်မာ့ နိုင်ငံရေးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အခန်းဏ္ဍကို အဓိကထား ဆွေးနွေး ခဲ့ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။


၂၀၀၃ ခုနှစ်က ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာပီညဲရိုး အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံ စဉ် အာဏာပိုင်များက အသံဖမ်းစက်ဖြင့် ခိုးယူ နားထောင်ခဲ့ဖူးသည်။

ယခုခရီးစဉ်နှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်အစိုးရက အတိုက်အခံ ခေါင်းဆောင်များ၊ နိုင်ငံရေး အဖွဲ့ အစည်းများနှင့် ညှိနှိုင်းမှုမရှိဘဲ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ခဲ့ခြင်းကို မစ္စတာ ကမ်းဘဲလ်က စိတ်ပျက် မိကြောင်း ပြစ်တင် ဝေဖန်သွားခဲ့သည်။

မြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်၍ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်သော မစ္စတာ ကမ်းဘဲလ်၏ ကြေညာချက်တွင် မြန်မာ့ နိုင်ငံ ရေးတွင် အဘက်ဘက်က အရေးပါသူများအားလုံး ပါဝင်ခွင့်ရှိပြီး ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်၊ နျူကလီးယား နည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ် ချက် အမှတ် ၁၈၇၄ ကိုလိုက်နာဆောင်ရွက်ရန် ရေးသားထားသည်။

သို့သော် စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅နှစ် အတွင်း အနုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ၊ မော်တော်ယာဉ်ပေါ်တွင် တင်၍ ရွှေ့ပြောင်းပစ်ခတ် နိုင်သည့် ဒုံးကျည် ပစ်စင်များကို စစ်အစိုးရက ဘာတာစနစ်ဖြင့် ကောက်ပဲသီးနှံများနှင့် လဲလှယ်ခဲ့သည်ဟု ပြီးခဲ့သည့် မတ်လထုတ် Australian Journal of International Affairs ဂျာနယ်တွင်လည်း ဆောင်းပါးရှင် အင်ဒရူး ဆတ်သ် က ရေးသားခဲ့သည်။

ထို့အပြင် စစ်အစိုးရ အဖွဲ့ဝင် တဦးဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သည်။

ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ပြီခဲ့သည် ဖေဖော်ဝါရီလကလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံ အီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့မြောက်ကိုရီးယား သံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မစ္စတာ ကမ်းဘဲလ်၏ ကြေညာချက်တွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ချင်းမပြုသည့် နိုင်ငံရေးပါတီများ၏ ဆုံးဖြတ်ချက် ကိုလည်း လေးစားကြောင်း၊ NLDပါတီအနေဖြင့် အနာဂတ်တွင် မည်သည့်ပုံစံမျိုးဖြင့် ရပ်တည်သည်ဖြစ်စေ NLDအပါအ၀င် မြန်မာပြည်သူများကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ အရေးယူပိတ်ဆို့မှု များကို ရုပ်သိမ်းသွားမည် မဟုတ်ဘဲ ထိတွေ့ဆက်ဆံသည့် မူဝါဒ ကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

ကျင်းပမည့် ရွေးကောက်ပွဲသည် ယုံကြည်နိုင်စရာ မရှိသည့် အကြောင်းအချက်များကို တွေ့မြင်ရသည့်အတွက် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှုကို ရရှိမည် မဟုတ်ကြောင်း၊ ကျန်ရှိနေသည့်အချိန်အတွင်း အားလုံးပါဝင်နိုင်သည့် လမ်းစဉ်ချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းထားသည်။

မစ္စတာ ကမ်းဘဲလ်သည် တနင်္ဂနွေနေ့က မြန်မာပြည်သို့ ဒုတိယအကြိမ် လာရောက်ပြီးနောက် ပြန်ကြားရေး ၀န်ကြီး ဦးကျာ်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ယင်းအပြင် NLD ဗဟိုကော်မတီအဖွဲ့ဝင်များ၊ မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ကြံ့ဖွံ့ဝန်ကြီး ရေနံချောင်းမှာ မဲဆွယ်

ကြံ့ဖွံ့ဝန်ကြီး ရေနံချောင်းမှာ မဲဆွယ်အမှတ် (၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဦးဇော်မင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွက် မဲဆွယ် စည်းရုံးမှုများကို ယမန်နေ့က မကွေးတိုင်း ရေနံချောင်း မြို့တွင် Read more Add comment (0) Hits: 82

ရေထွက်ကုန် တင်ပို့မှု စံချိန်မမီလျှင် အရေးယူခံရမည်

ယခုနှစ် ပြည်ပသို့ ရေထွက်ကုန် ပစ္စည်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၇၀၀ မရရှိလျှင် တင်ပို့နေသည့် ကုမ္ပဏီများကို အရေးယူမည် ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း Read more Add comment (0) Hits: 84

ရဲချုပ် ခင်ရီ၏ သတင်းစာ ရှင်းလင်းပွဲ အလွဲများ

ရဲချုပ် ခင်ရီ၏ သတင်းစာ ရှင်းလင်းပွဲ အလွဲများသင်္ကြန်ဗုံးကွဲမှုနှင့် ပတ်သက်၍ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရဲချုပ် ခင်ရီ၏ ပြောကြား ချက်များတွင် ရှေ့နောက် မညီသည့် လွဲချော်မှုများ တွေ့ရသည်။ အချိန်နှင့် ပတ်သက်၍ ဗုံးကွဲမှုအပေါ် Read more Add comment (0) Hits: 538

 

မုံရွာတွင် ရေတွင်းများ ရေခန်း

မုံရွာတွင် ရေတွင်းများ ရေခန်းအပူရှိန် မြင့်မားသဖြင့် မြန်မာပြည် အလယ်ပိုင်း မုံရွာမြို့တွင် ရေခန်းခြောက်သည့် ရေတွင်း အရေအတွက် တနေ့တခြား ပိုမို များပြားလာ သည်ကို တွေ့ရသည်။ရေတွင်းများ ရေခန်းခြောက်မှုမှာ Read more Add comment (0) Hits: 275

သင်္ကြန်ဗုံးကွဲသည့်နေရာ ဓာတ်ပုံရိုက်သူ တရားစွဲခံရ

သင်္ကြန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ထိုနေရာတွင် ဓာတ်ပုံ ရိုက်ကူးနေစဉ် အဖမ်းခံခဲ့ရသော ကိုစည်သူဇေယျသည် တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် တရားစွဲ ခံနေရကြောင်း Read more Add comment (2) Hits: 4024

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဓာတ်ပုံသတင်း

မေ ၁၁၊ ၂၀၁၀
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေပုံ။ (၀ဲမှယာ- ရန်ကုန်မှ အမေရိကန် သံမှူး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာ့တ်ကမ့်ပ်ဘဲလ်) [ဓာတ်ပုံများ -Reuters, AP]
အမေရိကန် ဒုဝန်ကြီးနှင့် တွေ့ဆုံမည့် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ပို့ဆောင် စောင့်ကြပ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ
ဒေါ်အောင်ဆန်းစုကြည်ကို တင်ဆောင်လာသည်ဟု ယူဆရသော ကား နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်တို့၏ ကား

ရေသိုလှောင်သောက်ရသည့် ရွာတရွာ သောက်ရေပြတ်လပ်နေ

စောခါးစူးညား (ကေအိုင်စီ)

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၌ နှစ်စဉ် ရေသိုလှောင်သောက်ရသည့် ဟန်ဘူရွာသည် ယခုရက်ပိုင်း အတွင်း ရွာသူရွာသားများ သောက်ရေပြတ်လပ်မှုပြဿနာနှင့် ကြုံတွေ့နေရသည်ဟု နယ်မြေခံတဦး၏ ပြောပြ ချက်အရ သိရသည်။

“ဒီနှစ်က အရမ်းပူတယ်။ အရင်နှစ်က ဒီအချိန်လောက်ဆိုရင် မိုးက တခေါက်၊ နှစ်ခေါက်လောက် ရွာပြီးပြီ။ ဒီနှစ်ကျတော့ ခုထိ မိုး မရွာသေးတဲ့အတွက် ငါးလ ခြောက်လလောက် သိုလှောင်ထားတဲ့ ရေလည်း ကုန်ပြီ။ ဒါကြောင့် ကျနော်တို့ ရေပြတ်လပ်မှု အခက်အခဲနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်။ သူများရွာမှာ ရေသွားဝယ်ရင် တစ်တိုင်ကီကို ၅,၀၀၀ ကျပ်ပေးရတယ်။ အခု တိရိစ္ဆာန်ဆိုရင် ပိုဒုက္ခရောက်တယ်”ဟူ သူက ဆိုသည်။
ခန့်မှန်းခြေအားဖြင့် အိမ်ခြေ ၇၀ခန့် ရှိသည့် အဆိုပါ ကျေးရွာသည် ဂါလံ တစ်ထောင့်ငါ့ရာ ဆန့်သော ရေလှောင်ကန်ကို မိုးရာသီတွင် နှစ်စဉ် ရေခံသိုလှောင်ထားပြီး ယခုလို ရေပြတ်သည့်အတွက် ခြေလျင် ၁း၀၀နာရီကျော်ခရီးဖြင့်အနီးအနားရွာများတွင် သွားရောက် ရေခပ်သောက်ရသည်ဟု သိရသည်။

တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းလုပ်ကိုင်စားသောက်ကြသော အဆိုပါ ဒေသရှိ ရွာသားများက ရေများကို အဝေးသို့ သွားရောက်ခပ်ယူရသောကြောင့် အလုပ်လုပ်ကိုင်မှုများ နှောင့်နှင်းကြရသည်ဟု နယ်မြေခံများက ဆိုသည်။

ထိုဒေသ၌ ဆောင်းနှင့် နွေရာသီအတွင်း သုံးစွဲရန် ရေသိုလှောင်ရသော ဟန်ဘူ၊ ဟန်အိုနှင့် ကပလားရွာ သုံးရွာထဲမှ ဟန်ဘူမှလွဲ၍ ကျန်နှစ်ရွာမှာ စမ်းချောင်းနှင့်နီးစပ်သည်ဟု သိရသည်။ လက်ရှိအချိန်တွင် ရွာသားများသည် ရေကို လုံးဝ မရနိုင်တော့သည့် အခြေအနေ မရှိသေးသဖြင့် တစုံတရာ အကူအညီ တောင်ခံမှုများ မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ယင်းဒေသရှိ ကျေးရွာများတွင် ၀မ်းရောဂါ ဖြစ်ပွားမှုများရှိခဲ့ပြီး ကလေး အများအပြား သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

အန်အယ်ဒီ အမျိုးသမီးအဖွဲ့ ပဲခူးတွင် ရေလှူ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရာသီပူပြင်းမှုကြောင့် ရေတွင်း၊ ရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ခက်ခဲနေသော ပဲခူးတိုင်း အတွင်းမှ ကျေးရွာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့ဝင်များက ရေလှူဒါန်းကြသည်။

အပူရှိန်ပြင်းသဖြင့် ပဲခူးတိုင်းမှ ပဲခူး၊ ဝေါ၊ သနပ္ပင်၊ ကဝ၊ ဒိုက်ဦး စသည့်မြို့နယ်များရှိ ကျေးရွာပေါင်း ၆ဝ ကျော်မှာ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစ၍ သောက်သုံးရေ ပြတ်လပ်နေခြင်းဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီး တာဝန်ခံ ဒေါက်တာ မေဝင်းမြင့်၊ ဗဟိုအဖွဲ့ဝင် ဒေါ်အေးအေးမာ၊ ပဲခူးတိုင်း အမျိုးသမီးတာဝန်ခံ ဒေါ်လှလှမိုးတို့က ယနေ့တွင် ပဲခူးတိုင်း သနပ္ပင်မြို့နယ်သို့ ရောက်ရှိပြီး ၂ဝ လီတာဆံ့ သောက်ရေသန့်ဗူး ၁၁ဝဝ ကို စတင် လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဒီနေ့ သနပ်ပင်ဘက်က ရွာတွေကို စလှူတာပါ။ ကိုယ့်ရှေ့မှာ အလှူရှင်တွေကများတော့ ရေသန့်စက်တွေ လည်ပတ်မနိုင်တော့ သန်ဘက်ခါမှ အလှည့်ကျမှာပါ။ ငွေတော့ ရှင်းပြီးပါပြီ” ဟု ဒေါက်တာမေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်းလူငယ်၊ သနပ္ပင်မြို့နယ်လူငယ်များနှင့် ပူးပေါင်းကာ သောက်သုံးရေ လိုအပ်နေသည့် ကျေးရွာများသို့ ဖြန့်ဖြူးပေးသွားမည်ဟုလည်း သိရသည်။

စစ်အစိုးရ ရေးစွဲသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိ သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ရွေးကောက်ပွဲဝင်မည်မဟုတ်ဘဲ လူမှုရေးလုပ်ငန်း များကိုသာ လုပ်ကိုင်ရန် ယခုနှစ် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ကြသည်။

“အခုလို လူထုဒုက္ခရောက်လာရင်တော့ NLD က ဝင်လာရမှာပဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူထုဒုက္ခရောက် လာပြီဆိုရင် တတ်နိုင်တဲ့ဘက်က ကူညီရမှာပဲ။ ရုံးလည်းဖွင့်ထားတယ်။ အဖွဲ့ချုပ်က လူတွေလည်း ရုံးတက်နေ ကြတာပဲ” ဟု ဒေါက်တာမေဝင်းမြင့်က ဆက်ပြောသည်။

ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရေပြတ်နေသော ကျေးရွာများသို့ မေလ ၂ ရက်နေ့မှ စတင်၍ တနိုင်တပိုင် ဖြန့်ဖြူးပေးခဲ့ပြီးနောက် မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များကလည်း သောက်ရေသန့် စက်ရုံများမှ ရေဝယ်၍ ဖြန့်ဖြူးပေးခဲ့ကြသည်။

ပဲခူးစည်ပင်ဌာနနှင့် ရဲဌာနတို့ကလည်း ရေပေးဝေမှုကို သနပ္ပင်မြို့နယ် ရဲစခန်းမှတဆင့် စတင်နေပြီဖြစ်ကြောင်း ပဲခူးမြို့ အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။ အပူရှိန်ကြောင့် သနပ္ပင် မြို့နယ်အတွင်း၌ လူအသေအပျောက်ရှိသည်ဟု ရဲအရာရှိကပြောဆိုသော်လည်း လူဦးရေအတိအကျကိုမူ ပြောနိုင်ခြင်းမရှိပါ။

“ကျနော်တို့ အမှတ် (၂) ကတော့ ဒီနေ့မှ စလုပ်တာပါ။ ကားကြီး ၂ စီးနဲ့ ချိုးရေရော၊ သောက်ရေရော သနပ္ပင် ကို သွားပို့တာပါ။ စည်ပင်ကတော့ မနေ့က စပေးနေတယ်။ စခန်းမှူးပြောတာ ရွာတော်တော် များတယ် ပြော တယ်။ အမှတ် (၁) နဲ့ (၃) ကလည်း ပို့မယ်လို့တော့ကြားတယ်” ဟု ရဲအရာရှိက မဇ္ဈိမကို ပြောသည်။

နအဖ ဒက်လိုင်းသစ်ထပ်ပေးခြိမ်းခြောက် အပစ်ရပ် SSA တပ်မဟာ ၁ ငြင်းဆန်ပယ်ချ

ယခုလ ၁၂ ရက် နောက်ဆုံးထား၍ ဌာနေပြည်သူ့စစ်တပ်အသွင်ပြောင်းရန် ရပခ ဒုတိုင်းမှူး၏ အပစ်ရပ် SSA တပ်မဟာ ၁ အပေါ် ထပ်မံဖိ အားပေးခြိမ်းခြောက်မှုကို တပ်မဟာမှူးအပါအ၀င် တပ်မှူးများ လုံးဝလက်ခံမည်မဟုတ်ကြောင်း စုံစမ်းသိရှိရပါသည်။
“ဘယ်လိုအခြေအနေဘဲရောက်ရောက် ကျနော်တို့က နအဖစစ်တပ်လက်အောက်ခံပြည်သူ့စစ်ဘ၀တော့ အဖြစ်မခံနိုင် ဘူး၊ ၁၉၆၄ က စခဲ့တဲ့ သျှမ်းပြည်တပ်မတော်သမိုင်းကို ကျနော်တို့ တပ်မဟာ ၁ က ဆက်လက်ထိန်းသိမ်းသွားမယ်၊ လက်နက်သာမကဘဲ လူပါအညံ့ခံပါသွားရတဲ့အဖြစ်မျိုးလက်မခံနိုင်ဘူး၊ ဒါတပ်မဟာ ၁ ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ဘဲ”- ဟု အပစ်ရပ် SSA တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှ က အတည်ပြုပြောဆိုပါသည်။
တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးက အပစ်ရပ် မြောက်ပိုင်း သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တပ်မှူးထံ မေ ၁၂ ရက် နောက်ဆုံးထား၍ ဌာနေပြည်သူ့စစ်အဖြစ်လုံးဝအသွင် ပြောင်းရေး အဖြေပေးရမည်ဟု မေ ၉ ရက်နေ့၌ အကြောင်းကြားခဲ့၏။ မေ ၁၁ ရက် တပ်မဟာ ၁ ထိန်းချုပ် နယ်မြေသို့ လာမည်ဖြစ် ကြောင်းလည်းပြောခဲ့သေးသည်ဟု သိရ၏။

“မနက်ဖြန်လာမယ်ဆိုတာက အင်အားသုံးပြီး လာမှာမဟုတ်ဘူးတဲ့၊ ၀မ့်ဟိုင်းအပစ်ရပ် SSA တပ်မဟာ ၁ နဲ့ နအဖကြား အကောင်းဘက် အပြုသဘောဆောင်ဖို့ လာမှာဖြစ်တယ်တဲ့” - ဟု တပ်မဟာ ၁ နှင့် နီးစပ်သူတဦးကပြောပါသည်။

“မေ ၇ ရက်နေ့တုန်းက တပ်မဟာ ၁ ကိုယ်စားလှယ်နဲ့ ရပခ ဒုတိုင်းမှူးတို့ ကွန်ဟိန်းမှာတွေ့တယ်။ အဲ့ဒီအချိန်က တမျိုး၊ အခု မနေ့တုန်းကထပ်မံအကြောင်းကြားလာတာက တမျိုး။ လုံးဝအသွင်မပြောင်းရင်မရဘူးဆိုတဲ့ ဖိအားနဲ့ ခြိမ်းခြောက် လာပြန်တယ်။ကျနော်တို့ခေါင်းဆောင်တွေသိထားဖို့က အသွင်ပြောင်းဖို့လက်ခံ လိုက်တာနဲ့ နအဖကို တိုက်တဲ့တပ် တွေဆီ ကျနော်တို့သွားပူးပေါင်းမှာဘဲ၊ ဥက္ကဌ နဲ့ ဒုဥက္ကဌ တို့လို ကိုယ်လွတ်ရုန်း အညံ့ခံတိုင်းသူတို့ နောက်မလိုက်နိုင် ဘူး” - ဟု အမည်မဖေါ်လိုသည့် တပ်မှူးတဦးက ပြောသည်။

မေလ ၇ ရက်နေ့က ရပခ ဒု တိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦး၊ ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး နှင့် အပစ်ရပ် SSA တပ် မဟာ ၁ ကိုယ်စားလှယ် ဗိုလ်မှူးကြီးခေးတိုင်း၊ ဗိုလ်ကြီးကျော်လှနှင့် ဒုဗိုလ်စိုင်းအောင်ဘတို့အဖွဲ့ ကွန်ဟိန်း၌ တွေ့ဆုံခဲ့ ကြ၏။

မေ ၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ၌ ရပခဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးက တပ်မဟာ ၁ ကိုယ်စားလှယ်အား ‘ခင်ဗျားတို့ အားလုံး အသွင်မပြောင်းချင်လဲ အင်အားအယောက် ၂၀-၃၀ နဲ့ ပြည်သူ့စစ်ဝတ်စုံဝတ်ပြီး ဓါတ်ပုံလေးရိုက်လိုက်ရင်ရပြီ’ ဟု ဆို၏။

ဗိုလ်မှူးကြီးချစ်ဦးက ရွေးကောက်ပွဲအထိ ဗမာ့တပ်မတော်နှင့် ထိပ်တိုက်မဖြစ်ရန် အထူးရှောင်ရှား သတိထားရမည်ဖြစ် ကြောင်း၊ ထိပ်တိုက်ဖြစ်ခဲ့ပါက ဗမာ့တပ်မတော်အနေဖြင့် ခွင့်လွှတ်မည်မဟုတ်ကြောင်း၊ အင်အားသုံးဖို့ရန်လည်း အဆင့် သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သေးသည်ဟု ကိုယ်စားလှယ်အဖွဲ့နှင့် နီးစပ်သည့် ကွန်ဟိန်းဒေသခံတဦး ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သင်္ကြန်ကာလ သဘောတူညီမှုရထားကြသည့် UWSA, KIA, NDAA မဟာမိတ် ၃ ဖွဲ့ကလည်း အပစ်ရပ် SSA ခေါင်း ဆောင်ပိုင်းအချို့ နအဖ၏ အသွင်ပြောင်းရေးပေါ်လစီလက်ခံလိုက်သည့်ကိစ္စကို စိတ်ပျက်မိသော်လည်း တပ်မဟာ ၁ အနေဖြင့် SSA ၏ ဂုဏ်သိက္ခာအတွက် ယခုကဲ့သို့ ရဲရင့်ပြတ်သားသည့် စိတ်ဓါတ်နှင့် ရပ်တည်ချက် အပေါ် ဂုဏ်ပြုကြို ဆိုကြောင်း၊ နအဖ က ချော့၍ပျော့သူ၊ ခြောက်၍ကြောက်သူတို့အား သွေးတိုးစမ်း စားပစ်သည့် နည်းဗျူဟာကို သုံးနေ ကြောင်း နအဖ မှ cf- SSA တပ်မဟာ ၁ အပေါ် ကျူးကျော်ရန်စလာ မည်ဆိုပါက ကူညီတိုက်ခိုက်ရန်ဝန်မလေး လက်မ နှေးကြောင်း - စသဖြင့်အားပေး စကားပြောကြားခဲ့သည်ဟု အပစ်ရပ်ခေါင်းဆောင်ပိုင်းအသိုင်းအ၀ိုင်းမှ ကြားသိရပါ သည်။

ကျွန်းစိုက်ခင်းအတွက် တစ်ရက်ခြားလုပ်အားပေး လိုက်ရ

အာဏာပိုင်များ၏ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းအတွက် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် သဖန်းပင်ကျေးရွာမှ ရွာသား (၈၀) ခန့်သည် မေလ ၄ ရက်နေ့မှစ၍  တစ်ရက်ခြားစနစ်ဖြင့် အခမဲ့ လုပ်အားပေးနေရသည်။

သျှမ်းပြည် (မြောက်ပိုင်း) လေပြင်းကျ ၊ အိမ်နှင့်အဆောက်အဦများ ပြိုကျ

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း မေလ ရ ရက်နေ့ ညနေ 4 နာရီကျော်ခန့်မှ စတင်ပြီး ၁၅ မိနစ်ခန့်ကြာ ကျ ရောက်ခဲ့သည့် မိုးသက်လေပြင်းကြောင့် စာသင်ကျောင်းတစ်ကျောင်း အပါအ၀င် အိမ် ဘုန်ကြီးကျောင်းဓါတ်တိုင် များ ပြို လဲ၍ လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင်က လက်အောက်ငယ်သားများအား အနိုင်ကျင့်နှိပ်ကွပ်

တန့်ယန်းမြို့နယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင်များက မိမိတို့၏ လက်အောက်ငယ်သားများအပေါ် အနိုင်ကျင့်နှိပ်ကွပ်နေ ကြောင်း စုံစမ်းသိရှိရသည်။

ရွှေဝါရောင်မျိုးဆက်အဖွဲ့မှ လူထု အခြေပြု လူပ်ရှားမူ ပထမ ခြေလှမ်း စတင်

ရွှေဝါရောင်မျိုးဆက် ဒီမိုကရေစီ လိုလားသူများ အဖွဲ့မှ လူထု အခြေပြု နိုင်ငံရေး လူပ်ရှားမူ ပထမ ခြေလှမ်းကို ရန်ကုန်မြို့တွင် စတင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့နှင့် နီးစပ်သူ တဦးက “ အခု စတင်လိုက်တဲ့ ပထမ ခြေလှမ်းမှာ ရည်ရွယ်ချက် ၆ ချက်ပါရှိပြီးတော့ အဲဒီ ရည်မှန်းချက်တွေ ပေါက်မြောက် အောင်မြင်အောင် လူထုတွေနဲ့ ဆက်စပ် ဆောင်ရွက်သွားမယ့် အစီအစဉ် ဖြစ်ပါတယ်” ဟု ပြောသည်။
ပထမ ခြေလှမ်း အဖြစ် လူထုထံမှ အဆိုပါ ရည်မှန်းချက်များ အောင်မြင်နိုင်အောင် လက်မှတ်များ ကောက်ခံ စုဆောင်းသွားမည် ဖြစ်သည်ဟု သူက ပြောသည်။

“ခုပြုလုပ်မယ့် လူထု အခြေပြု လူပ်ရှားမူ ပထမ ခြေလှမ်းကို ဒီလ ၇ ရက်နေ့က စတင်ပြီး ဇူလိုင်လ ၇ ရက်နေ့ထိ သုံးလတိုင်တိုင် လုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန် အပါအ၀င် နယ် (၇) နယ်မှာ အဖွဲ့ဝင်တွေက လူပ်ရှား စည်းရုံးမူတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စတင် လူပ်ရှားတဲ့နေ့က လက်မှတ်ပေါင်း ၃၀၀ ကျော် စုဆောင်း ရရှိပါတယ်။” ဟု ပြောသည်။

လက်မှတ်တွေ စုဆောင်းပြီး လူထု အခြေပြု လူပ်ရှားမူ လုပ်ရခြင်း ရည်ရွယ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနှင့် မတရား ဖမ်းဆီး ချုပ်နှောင် ခံထားရသော ကျောင်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်ရန်၊ ၂၀၁၀- ရွှေးကောက်ပွဲ ဥပဒေကို ပြန်လည် ပြင်ဆင်ရန်၊ ၁၉၉၀ - ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန်၊ ၁၉၉၀- ခုနှစ် ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ထွက်လာသော ပြည်သူ့ လွှတ်တော်အား လုပ်ပိုင်ခွင့် အပ်နှင်းရန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တရားဝင် ရပ်တည်ရန်တို့ အတွက် ဖြစ်သည်ဟု သိရသည်။

ရွှေဝါရောင် မျိုးဆက်သစ် ဒီမိုကရေစီ လိုလားသူများ အဖွဲ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ၊ Youth- 109 မှ လူငယ်များ၊ ၂၀၀၇ မျိုးဆက်ကျောင်းသား (ရန်ကုန်)နှင့် တခြား ဒီမိုကရေစီ အရေး ဆောင်ရွက်နေကြသော ပြည်သူများ ပါဝင်သည်ဟု သိရသည်။

စုဆောင်း ရရှိသော လက်မှတ်များကို မည်သည့် အဖွဲ့အစည်းကိုမှ တင်ပြသွားမည် မဟုတ်ဘဲ ဦးဝင်းတင် အပါအ၀င် အဖွဲ့ခေါင်းဆောင်များထံတွင် သိမ်းဆည်း ထားမည် ဖြစ်ပြီး အလျဉ်းသင့်သလို မီဒီယာများမှ တဆင့် လက်မှတ်များ မည်မျှ ရရှိသည်ကို ကျေညာပြီး နအဖ စစ်အစိုးရကို မပြတ်သိရှိအောင် ပြုလုပ်သွားမည် ဟု သိရသည်။

ရွေးကောက်ပွဲသည် တိုင်းပြည် ပြဿနာကို ဖြေရှင်းနိုင်မယ့် အဖြေ မဟုတ်ကြောင်း မစ္စတာ ကော့ကမ်းဘဲလ်ကို ဦးအေးသာအောင်ပြော

မင်းဆက်ခိုင်(နိရဉ္စရာ)
ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးအေးသာအောင်က အမေရိကန် နိုင်ငံခြားရေး ဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကော့ကမ်းဘဲလ်နှင့် တွေ့ဆုံစဉ် ရွေးကောက်ပွဲသည် တိုင်းပြည် ပြဿနာ အ၀၀ကို ဖြေရှင်း နိုင်မည့် အဖြေတခု မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

နိရဉ္စရာမှ ဦးအေးသာအောင်အား မစ္စတာကမ်းဘဲလ်နှင့် တွေ့ဆုံစဉ် ဘာတွေကို ဆွေးနွေးခဲ့ပါသလဲ ဟု မေးမြန်းရာ သူက ထိုကဲ့သို့ ပြောကြားခဲ့သည်ဟု ပြောသည်။
၎င်းပြင် ဦးအေးသာအောင်က "အဓိက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းကို ပြောပါတယ်။ ပီးရင် ရွေးကောက်ပွဲဟာ တိုင်းပြည် ပြဿနာ အ၀၀ကို ဖြေရှင်းနိုင်ဖို့ အဖြေ မဟုတ်တာက တကြောင်း၊ အဓိက အဖြေက နအဖ က လက်ခံသည်ဖြစ်စေ၊ မခံသည် ဖြစ်စေ လက်ရှိ နိုင်ငံရေးပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ အတွက် ဆိုရင် တွေ့ဆုံ ဆွေးနွေးရေး ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်ဖို့လိုတဲ့ အကြောင်း၊ အဓိက တိုင်းပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ နအဖ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ရပ်တည်ချက် သဘောထားကိုလည်း ပြောင်းလဲအောင် လုပ်ဖို့လိုတယ်လို့ ပြောဆိုခဲ့တယ်။ အဲသလို နိုင်ငံရေး ပြောင်းလဲအောင် လုပ်မယ်ဆိုရင် လက်ရှိ NLD အပါ အဝင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ တိုင်းရင်းသား ပါတီ တွေက ပူးပေါင်းပြီးရင် ရွေးကောက်ပွဲ မဝင်ပဲနဲ့ ကြိုးပမ်း ဆောင်ရွက် သွားဖို့ လိုတဲ့အကြောင်း၊ အဲသလို ဆက်လက်ပြီး ကြိုးပမ်း သွားတဲ့ နေရာမှာ အမေရိကန် အစိုးရ အနေနဲ့ NLD အပါအဝင် တိုင်းရင်းသား ပါတီတွေ ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်သွားမယ့် ကိစ္စရပ် အ၀၀အပေါ်မှာ နားလည် ပေးဖို့ ထောက်ခံပေးဖို့ လိုတဲ့အကြောင်းကို ပြောဆို ခဲ့ပါတယ်။" ဟု ပြောသည်။

အဆိုပါ တွေ့ဆုံမူကို တနင်္လာနေ့ နေ့လည် ၁၂ နာရီနှင့် ၁နာရီ အကြားတွင် အမေရိကန် သံမှူး၏ နေအိမ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းပြင် အသစ် ပါတီများ အဖြစ် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီ ၅ ပါတီမှ ခေါင်းဆောင်များလည်း မစ္စကမ်းဘဲလ်နှင့် တွေ့ဆုံခဲ့သည်ဟု သူက ပြောသည်။

"အရင်ကဆိုရင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပေါင်းပြီးတော့ တွေ့ဆုံ ပါတယ်။ ဒီနေ့လည်း အဲလို ထင်ခဲ့တာ အဲဒီကို ရောက်မှပဲ အခု လောလောဆယ် ပါတီထောင်ထားတဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင် တွေကို တွေ့ရပါတယ်။ အထူးသဖြင့် ပြည်ခိုင်ဖြိုး ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အမည်ခံ ပါတီ၊ ချိုချိုကျော်ငြိမ်း စသည် အားဖြင့် နိုင်ငံရေး ပါတီထောင်ထားတဲ့ ငါးပါတီလောက်က ခေါင်းဆောင်တွေကို တွေ့ရတယ်။ အဲဒီ ပါတီက ခေါင်းဆောင်တွေနဲ့ ကျနော်က သံမှူး အပါအ၀င် မစ္စတာ ကော့ကမ်းဘဲလ် အဖွဲ့နဲ့ တွေ့ဆုံ ခဲ့ရပါတယ်။"

မစ္စတာကမ်းဘဲလ်သည် တက်ရောက်လာသော လက်ရှိ ပါတီ ခေါင်းဆောင်းများ၏ ရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး သဘောထားများကို အဓိကထား မေးမြန်းခဲ့ကြောင်း သိရသည်။

အလားတူ မစ္စတာကမ်းဘဲလ်သည် အဆိုပါ သံမှူးအိမ်တွင် NLD ဗဟိုကော်မတီ အဖွဲ့ဝင် ၁၀ဦးနှင့် တွေ့ဆုံခဲ့ပြီး နေ့လည် ၁ နာရီခွဲ အချိန်တွင် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

မစ္စတာ ကမ်းဘဲလ်သည် တနင်္ဂနွေနေ့က ပြည်ခိုင်ဖြိုး ပါတီမှ ပြန်ကြားရေး ၀န်ကြီး ဦးကျာ်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းတို့ နှင့်လည်း တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ခရီးစဉ် မတိုင်မီကပင် မစ္စတာ ကမ်းဘဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသာ မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု ပြောဆိုခဲ့သည်။

မစ္စတာ ကမ်းဘဲလ်သည် ၂၀၀၉ ခုနှစ် နိုဝင်္ဘာလက မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခဲ့သည်။

ရေးမြို့နယ်အတွင်း ဝမ်းပျက် ဝမ်လျောရောဂေါကြောင့် သေဆုံးမှုရှိ

ရိုင်မရော့၊ လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မြန်မာနိုင်ငံတောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ တချို့ကျေးရွာတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးမှုများရှိနေသည်။
ရေးမြို့ပေါ်အပါအဝင် ထိုအနီးအနားတဝိုက်ရှိ ဇီးဖြူတောင်၊ အဇင်၊ ချောင်းတောင်ကျေးရွာတွေမှာ ယခုလအတွင်း မသန့်ရှင်းသည့်ရေသုံးစွဲမှုကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါဝေဒနာ ဖြစ်ပွားနေပါသည်။
ရေးမြို့ပေါ်ရှိ ဆရာဝန်တစ်ဦး၏ ပြောပြချက်အရ “အဇင်၊ ချောင်းတောင်ရွာဘက်မှာ ဝမ်းပျက် ဝမ်းလျောဖြစ်လို့ သေဆုံးမှုတွေ ရှိနေပါတယ်၊ ဒါပေမယ့် ရေးမြို့ပေါ်မှာတော့ သေဆုံးမှုမရှိသေးပါဘူး၊ ဖြစ်တဲ့လူတွေက တော်တော်များတယ်” ဟု သူက ပြောသည်။

ယခုလို ရာသီဥတုပူပြင်းလာမှုကြောင့် သောက်သုံးရေခမ်းခြောက်လာကာ ဒေသခံများ မသန့်ရှင်းသည့်ရေ သုံးစွဲရာမှ ထိုရောဂါဖြစ်ပွားလာကြောင်း ထိုဆရာဝန်က ပြောသည်။

“ရေးမြို့က ဆေးရုံမှာတော့ ဖြစ်တဲ့လူတွေ များတယ် ဒါပေမယ့် တက်တဲ့လူက တက်၊ ဆင်းတဲ့လူတွေက ဆင်းနေတော့ မှန်းရတော်တော်ခတ်မယ်၊ ကျနော်တက်နေတုန်းမှာတော့ နှစ်ယောက်ရောက်လာတယ်၊ အထူးသဖြင့်တော့ လူကြီးတွေအဖြစ်များတယ်” ဟု ဝမ်းပျက် ဝမ်းလျောရောဂါ ခံစားရသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားမှုများပြားနေသည့်အတွက် ဆေးရုံမှ လူနာစောင့်များ၊ လူနားလာရောက်သတင်းမေးမြန်းသူများကို ဆေးရုံမှ ကာကွယ်ဆေး တိုက်ကျွေးပေးနေသည်ဟု ၄င်းက ပြောသည်။

ယခုကဲ့သို့ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားနေချိန်မှာ သက်ဆိုရာ ကျန်းမာရေးဌာနမှ ထိုရောဂါနှင့် ပတ်သက်သည့် ပညာပေးဆောင်ရွက်မှုတစုံတရာပြုလုပ်ပေးခြင်း မရှိသေးပါ။

မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့အပြားမှာလည်း ရှည်လျားလွန်းသည့် နွေရာသီ ပူပြင်းမှုကြောင့် ရေခမ်းခြောက်မှုဖြစ်ပွားပြီး ရေပြတ်လပ်မှုဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ တချို့ဒေသတွေမှာ ရေကို ဝယ်ယူသုံးစွဲနေကြရသည်။