Pages

Subscribe

Sunday 23 May 2010

AUN-JP နှင့်NLD(LA)JB တို့ပူးပေါင်းပြုလုပ်သည့် ချီတက်ဆန္ဒပြပွဲ အခမ်းအနားဓာတ်ပုံ မှတ်တမ်း...(ဂျပန်နိုင်ငံ တိုကျိုမြို့)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲနှင့် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) (AUN-JP) တို့မှ ဦးစီးကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အနိုင်ရခြင်းနှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့် ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေး အကျဉ်းသားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး နှင့် ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန့်ကျင် ဆန္ဒပြပွဲ အခမ်းအနားကို ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ Ebisu ပန်းခြံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ယနေ့နေ့လည် (၂း၃၀)က Ebisu ပန်းခြံမြန်မာ၊ဂျပန် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ အမှာစကားများ ပြောကြားကြပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ Ebisu ပန်းခြံမှ Sendagaya ပန်းခြံအထိ တိုကျိုမြို့လူစည်ကားရာ အရပ်များကို လှည့်လည်ပြီး ကြွေးကြော်သံများတိုင်ကာ ချီတက် ဆန္ဒပြခဲ့ကြပါသည်။ ယနေ့ချီတက်ပြပွဲ အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာနိုင်ငံသားများ... မြန်မာ့အရေးစိတ်ဝင်စားသူ နိုင်ငံခြားသားများ စုစုပေါင်း ၄၂၀ကျော် ပူးပေါင်းပါဝင် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ.. ဥိးသန်းဝင်း၊ ကိုလှမျိုး(၂)

အင်န်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းစည်း - ဥက္ကဋ္ဌ၊ ပါတီခေါင်းဆောင် ဦးစိုးမြင့် ဈာပန မြင်ကွင်း

0
အင်န်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းစည်း - ဥက္ကဋ္ဌ၊ ပါတီခေါင်းဆောင် ဦးစိုးမြင့် ဈာပန မြင်ကွင်း
မိုးယံမခ
မေ ၂၃၊ ၂၀၁၀
မေလ ၂၀ ကြာသာပတေးနေ့လည် ၁ နာရီမှာ ကွယ်လွန်ခဲ့တဲ့ သခင်စိုးမြင့် (၁၉၂၃ - ၂၀၁၀) ၈၇ နှစ်ရဲ့ ဈာပနကို ယမန်နေ့ မနက် ၁၁ နာရီက ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ် ပြီးစီးခဲ့ပါတယ်။
အမှတ် ၅(က)၊ ၃ လမ်း အနောက်၊ ကေတုမာလာရိပ်သာ၊ ၄ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်မှ နံနက် ၉ နာရီ ၃၀ မှာ ဘီအမ်ကား ၁၀ စီး စီစဉ်ထားပေမယ့် လိုက်ပါပို့ဆောင်သူတွေ များပြားလွန်းတဲ့အတွက် ကားတွေပေါ်မှာ အားလုံးက တိုးဝှေ့ပြီး ပို့ဆောင်ခဲ့ကြရပါတယ်။

ဈာပနာကို နိုင်ငံရေးအသိုင်းအ၀ိုင်း၊ သံရုံးများက သံတမန်များ၊ မြိုနယ်အသီးသီးက အင်န်အယ်ဒီပါတီဝင်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ ပြည်သူလူထုများက စည်ကားစွာ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။
(ကျန်ရစ်သူ မိသားစု - ဇနီးသည် ဒေါ်အေးကြွယ်)
ကျန်ရစ်သူမိသားစုက ကွယ်လွန်သူကို ရည်စူးပြီး မေ ၂၆ ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီက ၁၁ နာရီအထိ ရက်လည်ဆွမ်းကျွေး တရားနာပြုလုပ်ကြမယ်လို့ သိရပါတယ်။
ဈာပနာအခမ်းအနားမှာ သခင်စိုးမြင့်ရဲ့ အထုပ္ပတ္တိကို ဖတ်ကြားခြင်း၊ အင်န်အယ်ဒီပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဆုတောင်းမေတ္တာပို့၍ တရားစာများ ရွတ်ပေးခြင်း၊ ဒို့ဗမာအစည်းအရုံး သီချင်းကို ပရိသတ်များ အပါအ၀င် သံပြိုင်သီဆိုကြပြီး သခင်စိုးမြင့်ရဲ့ ရုပ်အလောင်းကို အင်န်အယ်ဒီ ပါတီဝင်များက ထမ်းပြီး မီးသင်္ဂြိုဟ်စက်ထံ ပို့ဆောင်ခဲ့ကြပါတယ်။
သခင်စိုးမြင့် ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်အေးကြွယ်၊ သားသမီးများဖြစ်ကြတဲ့ (ဦးဝင်းတင်) ဒေါ်ခင်ဆွေမြင့်၊ ဦးမောင်မောင်မြင့် - ဒေါ်ခင်ဝင်း၊ ဦးအေးဆွေ - ဒေါ်ချိုချိုမြင့်၊ (ဦးထွန်းဝေ) - ဒေါ်သစ်သစ်မြင့်၊ ဦးအေးသိန်း - ဒေါ်သင်းသင်းမြင်ံနဲ့ မြေး ၁၄ ယောက်၊ မြစ် ၃ ယောက် ကျန်ရစ်ပါတယ်။
သခင်စိုးမြင့်ဟာ မော်ကွန်းဝင် ပထမဆင့်၊ အင်န်အယ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ၊ တောင်ဥက္ကလာမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။
ဦးစိုးမြင့် ခေါ် သခင်စိုးမြင့်ကို မြောင်းမြမြို့ မှာ ၁၂၈၉ ခုနှစ် ၀ါခေါင်လဆန်း၊ ၅ ရက်မှာ အဖဦးမောင်ရှိန်၊ အမိ ဒေါ်ခင်ညိုတို့မှ မွေးဖွားခဲ့ပါတယ်။ မြောင်းမြမြို့မှာ အင်္ဂလိပ်၊ မြန်မာ ၆ တန်း အထိ သင်ကြားခဲ့ပါတယ်။ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး မြေအောက်ခေါင်းဆောင်၊ ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်) တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ်တိုင်း စစ်ကော်မီတီဝင်၊ ပြည်သူ့အရေးတော်ပုံပါတီ တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ မြောင်းမြခရိုင် ဥက္ကဋ္ဌနဲ့ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဖဆပလ ဗဟိုဦးစီး၊ ဗလတစ ဗဟိုအလုပ်အမှုဆောင်၊ ဆိုရှယ်နီ ဗဟိုကော်မီတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ ဥက္ကဋ္ဌ၊ ၁၉၅၃ မှာ ဗီယင်နာ ကမ္ဘာလူငယ်ညီလာခံသွား ကိုယ်စားလှယ်၊ အယ်ဒီတာ၊ စာပြု၊ ၁၇ လိုင်း အုပ်ချုပ်ရေးမှူး စတဲ့ ဘ၀တွေမှာ ကျင်လည် ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။
သခင်စိုးမြင့်ဟာ အင်န်အယ်ဒီပါတီရဲ့ ၁၉၉၀ ဂန္ဒီဆုံးဖြတ်ချက်အတိုင်း န၀တ စစ်ကောင်စီက လွှတ်တော်ခေါ်မပေးရင် ဆောင်ရွက်သင့်တဲ့ နည်းလမ်း ၃ သွယ် စာတမ်း ဆွေးနွေးရေးသား ပြုစုရာမှာ ပါဝင်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
ကွယ်လွန်ချိန်အထိ အင်န်အယ်ဒီပါတီရဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံမတင်ဘဲ အင်န်အယ်ဒီ ဆက်လက်ရပ်တည်ရေးကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
(ဦးအေးသာအောင်နဲ့ ဦးဝင်းတင်ကို ဈာပနတွင် တွေ့ရစဉ်)

(ပါတီ ခေါင်းဆောင်၊ ရှေ့နေကြီး - ဦးဉာဏ်ဝင်း)

ကျောက်ထုတ် လုပ်ငန်းမှ လုံထိန်း တပ်သား ၃၀၀ ကျော်၏ အပိုဆောင် ထောက်ပံ့ငွေကို အထက်အရာရှိများ ဖြတ်စား

မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် ကျောက်ထုတ် လုပ်ငန်းများတွင် လုပ်ကိုင်နေရသော လုံထိန်းတပ်သား ၃၀၀ ကျော်အား ပေးသော အပိုဆောင်း ထောက်ပံ့ငွေများကို ရဲတပ်ရင်း အရာရှိများက ဖြတ်စား နေကြောင်း လုံထိန်း တပ်သားများက ပေးပို့စာတွင် ဖေါ်ပြထားသည်။

အဆိုပါ စာထဲတွင် ကျောက်ထုတ် လုပ်ငန်းများတွင် အလုပ် လုပ်ကိုင် နေသော ဘူးသီးတောင်နှင့် မောင်တော အခြေစိုက် ရဲတပ်ရင်း (၂) နှင့် (၃)မှ လုံထိန်း တပ်သားများအား ရှေ့တန်း ရိက္ခာ အစုံငွေ ခေါင်းစဉ်ဖြင့် တရက်ကို ကျပ်ငွေ ၅၀၀ စီ ထောက်ပံ့ပေးသော်လည်း အဆိုပါ ငွေများကို တပ်ရင်း ရဲအရာရှိများက ဖြတ်စားနေကြောင်း ဖေါ်ပြသည်။

ဖြတ်စားနေပုံကို ဖေါ်ပြရာတွင် လုံထိန်း တပ်သား တဦး အနေဖြင့် တလကို ကျပ်ငွေ ၁၅၀၀၀ ထိ ရရှိရမည် ဖြစ်သော်လည်း တပ်ရင်း အရာရှိများက တလကို ကျပ်ငွေ ၉၀၀၀ သာပေးပြီး ကျန် ၆၀၀၀ ကို သူတို့၏ ကိုယ်ကျိုး အတွက် ဖြတ်စားနေခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

လုံထိန်းတပ်သားများမှာ နံနက် ၈ နာရီ မှ စတင်ပြီး ညနေ ၅ နာရီထိ ပူပြင်းသော နေရောင်အောက်တွင် အလုပ် လုပ်ကိုင်နေကြရသော်လည်း သူတို့ လုပ်ခကို အပြည့်မရသဖြင့် အထူး ထိခိုက်ခံစားနေကြရကြောင်း ဖေါ်ပြသည်။

ယခုကဲ့သို့ ငွေကိုဖြတ်စားနေသူမှာ အမှတ် ၂ လုံထိန်းတပ်ရင်းမှ ရဲမှူးကြီး ငြိမ်းဆွေ၊ တပ်ရေး ဗိုလ်ကြီးနှင့် တပ်ရင်း ငွေစာရင်းဌာနမှ ဖြစ်ကြောင်း သူ၏ စာတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ ငွေများကို ဖြတ်စားမူများရှိနေသဖြင့် အထက်မှ လာရောက် စစ်ဆေးသော်လည်း သူတို့အား စစ်ဆေးလာသူများနှင့် တွေ့ခွင့်မပေးဘဲ တနေ့ ၅၀၀ ကျပ်နုန်းဖြင့် ငွေလက်ခံရရှိကြောင်း အတင်း လက်မှတ် ရေးထိုးခိုင်းကာ အထက်သို့ တင်ပြခဲ့သည်ဟု ဖေါ်ပြသည်။

အောက်ခြေ လုံထိန်း တပ်သားများ အနေဖြင့် အထက် လူကြီးများကို ပြန်မပြောရဲသဖြင့် နည်းမျိုးစုံဖြင့် အထက် အရာရှိများ၏ နှိပ်စက် ညှဉ်းပမ်း မူခံနေကြရကြောင်း စာထဲတွင် ရေးသားထားသည်။

တပ်မှ ထွက်ပြေးလျှင်လည်း ထောင် ၁၀ နှစ် ကျခံရမည် ဖြစ်ပြီး မထွက်ပြေးဘဲနေလျှင်လည်း လုံထိန်းတပ်သားများမှာ နည်းမျိုးဖြင့် ညှဉ်းပမ်းနှိပ်စက်ခံနေကြရသဖြင့် အကျဉ်းအကျပ်ထဲတွင် ရောက်ရှိနေကြရကြောင်း ဖေါ်ပြသည်။

လုံထိန်းတပ်သားများမှာ လမ်းခင်းရန်နှင့် နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် ကျောက်ထုတ်လုပ်ငန်းများတွင် အလုပ်ကြမ်းသမားများ အဖြစ် အလုပ် လုပ်ကိုင်နေကြရပြီး ယခုနှစ်တွင် မတ်လ ၂၂ ရက်နေ့မှ စတင်ပြီး အလုပ် လုပ်ကိုင် နေကြရကြောင်း သိရသည်။

၂၀၀၉ ခုနှစ် အတွင်းကလည်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် လုံထိန်းတပ်သားများက ကျောက်များကို ထု၊ ထမ်း၊ တောင်များကို ဖြိုချပြီး ရရှိလာသော ကျောက်များကို ရောင်းချရာ ကျပ်ငွေ သိန်း (၅၀) ရရှိခဲ့ပြီး အဆိုပါ ငွေများအားလည်း တပ်သားများအား ယူနီဖေါင်းနှင့် အာမီရမ် ၀ယ်ပေးမည်ဟု ဆိုပြီး ယခုထက်ထိ ဘာမှ ၀ယ်မပေးဘဲ အဆိုပါငွေကိုလည်း အထက်အရာရှိများက ကိုယ်ကျိုးအတွက် သုံးလိုက်ကြောင်း ဖေါ်ပြရေးသားသည်။

စာရေးသားသူများ၏ အမည်နှင့် ကသ နံပတ်များကို ရေးသား ဖေါ်ပြထားသော်လည်း သူတို့အတွက် အန္တရာယ်ရှိသဖြင့် သူတို့ သတင်းအား ပုံနှိပ် ဖေါ်ပြသောအခါ သူတို့အမည်နှင့် ကသ နံပတ်များကို မဖေါ်ပြရန် မေတ္တာရပ်ခံထားသည်။