Pages

Subscribe

Sunday, 9 May 2010

US envoy to meet Myanmar opposition leader Suu Kyi

YANGON: A top US diplomat was due to meet Myanmar's detained opposition leader Aung San Suu Kyi on Monday as the ruling junta faces criticism over preparations for its first elections in two decades.

Kurt Campbell, assistant secretary for East Asian and Pacific Affairs, is scheduled to meet Suu Kyi and members of political parties as part of his two-day trip to the military-ruled country, a government official there said.
Campbell arrived in Myanmar's capital Naypyidaw on Sunday and held discussions with officials including Information Minister Kyaw Hsan.

Suu Kyi's National League for Democracy (NLD) was forcibly dissolved last week under widely criticised laws governing elections that are scheduled for later this year.

The Nobel peace laureate, 64, has been in detention for 14 of the past 20 years. Campbell met her in Yangon last November when he became the highest-ranking US official to visit Myanmar in 14 years.

Before his trip, the US envoy said he was worried about election preparations in Myanmar, which has been ruled by the military since 1962.

"We're troubled by much of what we've seen and we have very real concerns about the elections laws and the environment that's been created," Campbell said at a Bangkok press conference Sunday.

The NLD refused to meet a May 6 deadline to re-register as a party -- a move that would have forced it to expel its own leader -- and boycotted the vote, which critics say is a sham designed to legitimize the junta's grip on power.

Under election legislation unveiled in March, anyone serving a prison term is banned from being a member of a political party and parties that fail to obey the rule will be abolished.

US President Barack Obama's administration last year launched a policy of engaging the junta in a bid to promote democracy and improve human rights, but has since sharply criticised the junta's approach to elections.

Washington faces a tricky task dealing with Myanmar, said Aung Naing Oo, an independent Myanmar analyst.

"They know they have to engage the military and the progress is probably going to be painfully slow," he told AFP.

Last week, top US Republican senator Mitch McConnell called for the renewal of tough sanctions targeting Myanmar junta leaders for their failure to make "real progress" on democratic reforms.

The NLD, which was founded in 1988 after a popular uprising against the junta that left thousands dead, won a landslide victory in 1990 elections but the junta never allowed it to take office.

A faction within the NLD said last week it would form a new political party but had not decided whether to run in the upcoming polls.

There have been a series of explosions in Myanmar in recent weeks as the country gears up for elections.

Grenade attacks on April 15 in Yangon left 10 people dead and about 170 wounded. Police said last week they had arrested a man in connection with those blasts, which they blamed on an exile group set on disrupting the polls. - AFP/fa

သမိုင်းဝင်အလံတော်ကို အလွဲသုံးစားလုပ်သူ အေးလွင်နှင့် အပေါင်းအပါများ တားမြစ်ခြင်းခံရ

မိုးမခအထောက်တော် ၀၀၃
မေ ၉၊ ၂၀၁၀
ယခင်အပတ်က အေးလွင်နှင့် ရဲထွန်းညီအကိုတို့က ၂၀၁၀ စစ်အုပ်စုရွေးကောက်ပွဲကို ၀င်ရောက်ရန် ပါတီမှတ်ပုံတင်ရာတွင် မြန်မာနိုင်ငံ၏ သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံနှင့် မြန်မာလွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) အလံတို့ကို ထပ်တူနီးပါး ကူးယူသုံစွဲထားသဖြင့် မြန်မာနိုင်ငံ၏ စာပေ၊ အနုပညာရှင်များ၊ ကျောင်းသားပြည်သူများနှင့် သက်ဝါကြီး လူပုဂ္ဂိုလ်ကြီးများ က စုပေါင်း လက်မှတ်ထိုး ကန့်ကွက်စာထုတ်ပြန်ပြီး ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်သို့ ပေးအပ်ခဲ့သည်။
 
စုစုပေါင်း မြန်မာပညာရှင်များ ၉၂ ဦးက လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။ သောကြာနေ့က ကန့်ကွက်စာကို နေပြည်တော် ရုံးအရောက် အချိန်မီသွားပို့ကြခဲ့ပြီး နောက်တရက်တွင် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က အေးလွင်တို့ထံသို့ ဖုံးဖြင့် ဆက်သွယ်ပြီး ပါတီအလံကို ပြောင်းလဲပေးရန် အကြောင်းကြားသည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည်မှာ ထင်ရှားသော်လည်း ရွေးကောက်ပွဲကို အကြောင်းပြုပြီး စစ်အုပ်စု လက်ပါးစေများက အတုအယောင်ရွေးကောက်ပွဲအတူ မြန်မာနိုင်ငံတော်၏ သမိုင်းမော်ကွန်းများကိုပါ တန်ဖိုးနိမ့်ကျအောင် ကြိုးစားခြင်းတို့ကို ဆန့်ကျင်ရမည်၊ ကန့်ကွက်ရမည်ဟု မိုးမခမိတ်ဆွေတဦးက မှတ်ချက်ပေးသည်။
သည်နေရာမှာ မြန်မာပြည်သူတို့က အေးလွင်နှင့် ရဲထွန်းတို့၏ အလွဲသုံးစားလုပ်ရပ်ကို ကန့်ကွက်စာများ၏ မိတ္တူ ဖတ်နိုင်ပြီ။ အမှတ်တရ သိမ်းဆည်းထားသင့်ပါသည်။

ပဲခူး သောက်သုံးရေ ပြတ်၊ ကိုယ်ထူကိုယ်ရေအလှူရှင်တို့ အစွမ်းကုန် ဆောင်ရွက်နေကြ

သတင်းရင်းမြစ် - ဦးအေးမြင့်နှင့် လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃
မေ ၉၊ ၂၀၁၀
ပဲခူး၊ သနပ်ပင်၊ ဝေါ၊ က၀ လေးမြို့နယ်တွင် ရာသီဥတုပူပြင်းမှု ပြင်းထန်သဖြင့် သောက်သုံးရေများ ပြတ်လတ်မှုများ ဖြစ်ပွားနေရာ မြို့နယ်တွင်းရှိ စေတနာ့ဝန်ထမ်း အစုအဖွဲ့များ၊ ဒေသခံလုပ်ငန်းရှင်များ ပူးပေါင်းပြီး ရေဒုက္ခသည် ရွာသူ ရွာသားများထံအရောက် ကားကြီး ကားငယ်များ သုံးစွဲပြီး ရေကုသိုလ်ပြုလုပ်နေကြသည်ဟု သိရှိရသည်။
 
လွန်ခဲ့သည့် ကြာသာပတေး၊ သောကြာနေ့များကတည်းက ရေကားအစီးပေါင်း ၃၀ မှ ၄၀ အထိ ဖြင့် ရေဂါလံ သိန်း ၁၀ ဂဏန်းကို ပေးပို့ ဖြန့်ဝေနေရသည်ဟု ဆိုသည်။
ဒေသခံများက ပြောကြားရာတွင် - အထက်အာဏာပိုင်များ၏ ၀ိုင်းဝန်း ဆောင်ရွက်မှုများကို မမြင်တွေ့ရကြောင်း၊ ရေပြတ်သူ ရွာသားများသာမက၊ သီးနှံများ၊ ကျွဲနွား တိရစ္ဆာန်များအထိ ကပ်ဘေးဆိုက်သလို ဖြစ်နေကြောင်း၊ ပရဟိတစိတ်အပြည့်ရှိသော မြန်မာဒေသခံ စေတနာရှင်များ၊ လုပ်ငန်းရှင်တို့က ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး ကူညီဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း ပြောကြားကြသည်။
ဦးအေးမြင့် (လမ်းပြကြယ်) က မိုးမခသို့ ပြောကြားရာတွင် - လမ်းပြကြယ် အစုအဖွဲ့များအနေဖြင့် မိမိတို့၏ လုပ်အားများ၊ အင်အားများနှင့် ရေအလှူလုပ်ငန်းများကို ၀ိုင်းဝန်းဆောင်ရွက်ပေးနေကြောင်း၊ ယနေ့ တနင်္ဂနွေနေ့တွင်လည်း ရေပြတ်လပ်နေသည့် ကျေးရွာများသို့ ကားအစီး ၄၀ ခန့်ဖြင့် သွားရောက်ကြမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် လူမှုဒုက္ခများနှင့် ရင်ဆိုင်နေရသူ မြန်မာပြည်သူလူထုကြီးနှင့်အတူ ရပ်တည်ကြရန်၊ ကူညီဆောင်ရွက်ကြရန် အထူးလိုအပ်နေသော အချိန်အဖြစ် မြင်ကြောင်း ထုတ်ဖော်ပြောပြသည်။
တိုက်ဆိုင်မှုတခုအနေဖြင့် မိုးမခက ဦးအေးမြင့် (လမ်းပြကြယ်) သို့ မေးမြန်းချက်တခုမှာ ယခုအချိန်တွင် အင်န်အယ်ဒီပါတီကို ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ တရားဝင်ပါတီမဟုတ်ဟု ဆိုထားချိန်၊ ပါတီကလည်း လူမှုရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်မည်ဟု ပြောထားသည့်အပေါ် သဘောထားကို မေးမြန်းခဲ့ရာ - အင်န်အယ်ဒီပါတီ၏ လူငယ်တွေအသီးသီးက မိမိတို့ အသိနှင့် လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်လာကြသည်နှင့် အင်န်အယ်ဒီက ပို၍လွတ်လပ်ပြီး လူထုကြားထဲ ပိုမို ရောက်ရှိလာမည် ဟု ထင်ကြောင်း၊ ပါတီက ပျောက်သွားမည် မဟုတ်ကြောင်း၊ မိမိတို့က ကြိုဆိုကြောင်း၊ အင်န်အယ်ဒီ ပိုမိုအောင်မြင်လာဖို့သာ ရှိသည်ဟု ထင်မြင်ကြောင်း ၎င်း၏ အမြင်ကို ထုတ်ဖော် ပြောကြားသွားသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် မြန်မာနိုင်ငံ ရောက်ရှိ

အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ မေလ ၉ ရက်၊ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံ ရောက်သွားပါပြီ။ နှစ်ရက်ကြာ အခု ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ရော နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်သွားပြီးတဲ့နောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မြန်မာစစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ရော၊ အဲဒီကနေတဆင့် ဖြစ်လာတဲ့ နိုင်ငံရေးဝန်းကျင် အခြေအနေတွေ အပေါ်ကိုရော အမေရိကန်က တကယ့်ကို စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံကို မထွက်ခွာခင် ထိုင်းနိုင်ငံ၊ ဘန်ကောက် လေဆိပ်မှာ တထောက်နားချိန် မစ္စတာကမ့်ပ်ဘဲလ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မစ္စတာကမ့်ပ်ဘဲလ်ကို မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က လက်ခံတွေ့ဆုံဖွယ် မရှိဘူးလို့ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ် မြန်မာနိုင်ငံကို နောက်ဆုံး လာရောက်ခဲ့တာက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖြစ်တဲ့အတွက် အခု ခရီးစဉ်ဟာ ခြောက်လအတွင်း ဒုတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူတဲ့ မူဝါဒရော၊ တိုက်ရိုက်ဆက်ဆံတဲ့ မူဝါဒကိုပါ အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် အစိုးရ အဖွဲ့ထဲက အဆင့်အမြင့်ဆုံး တာဝန်ရှိသူလည်း ဖြစ်ပါတယ်။

အခုတကြိမ် ခရီးစဉ်ကတော့ NLD အနေနဲ့ နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ပြီး ရပ်တည်ခွင့် ကုန်ဆုံးသွားပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ဖြစ်လာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ရွေးကောက်ပွဲ ၀င်လို့မရအောင် မြန်မာစစ်အစိုးရက ပိတ်ပင် ကန့်သတ်တာတွေ လုပ်ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုက မကြာသေးခင် ရက်တွေအတွင်း အပြင်းအထန် ဝေဖန် ပြောဆိုခဲ့ပါတယ်။

ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ အကြီးအကျယ် ချို့ယွင်း အားနည်းချက်တွေ ရှိနေပြီး မျှတမှု မရှိတာကလည်း သိပ်ကို သိသာ ထင်ရှားလွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J. Crowley က ပြောခဲ့ပါတယ်။