Pages

Subscribe

Monday 17 May 2010

မူစယ်တွင် ယာဉ်ထိန်းရဲများ ငွေညှစ် အနိုင်ကျင့်စော်ကား

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ဆိုင်ကယ်မောင်းသူများထံမှ ငွေတောင်းခြင်း သာမက အနိုင်ကျင့် စော်ကားမှုများရှိကြောင်း ဒေသခံများက ဆိုသည်။

မူစယ်မြို့ ရှောင်တခင် ယာဉ်စစ်ဆေးချိန် အတွင်း ဆိုင်ကယ်စီး ဦးထုတ် မဆောင်းသူများအား ကျပ် ၅၀၀၀ ဒဏ်ရိုက်သည့် အပြင် ယာဉ်အရှိန် ချက်ခြင်း မလျှော့ပါက ခြေထောက်ဖြင့် ကန်ကျောက်ခြင်း ဖိုင်ဘာဦးထုတ်ဖြင့် ရိုက်ခြင်းများကြောင့် ဒေသခံဆိုင်ကယ်သမားများနှင့် မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် ရှောင်တခင်စစ်ဆေးလျှက်ရှိရာ မေလ ၁၆ ရက်က မူစယ်မြို့ ရွှေသမင်ကုန်း အဆင်းတွင် ပြုလုပ်ခဲ့သေးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စစ်ဆင်ရေးကြီးတစ်ခုလို လုပ်နေတာဗျ။ ဟိုဘက်လမ်းထိပ် ဒီဘက်လမ်းထိပ် ၂ ယောက်စီ အနည်းဆုံး ၃ ယောက် လောက်စောင့်နေသေးတယ်၊ လမ်းပိတ်ပြီးတားတယ် ”

ဓါတ်ပုံ niknayman-niknayman.co.cc

ဆိုင်ကယ်အရှိန်မထိန်းနိုင်လို့ ရှိရင် ပိတ်ကန်ပစ်တာတို့ သူတို့ဆောင်းတဲ့ ဟဲလ်မက် ဦးထုတ်နဲ့ရိုက်တာတို့ ကောင်မလေး တွေ ဆိုရင် ဆိုင်ကယ်လက်ကိုင်ဖမ်းဆွဲတယ်၊ ချက်ခြင်း သော့ဖြုတ်ယူတယ်။ ဥပဒေအရ လုပ်တာမဟုတ်တော့ဘူး ကိုယ်ထိလက် ရောက်လုပ်နေတော့ နေ့တိုင်းပြဿနာဖြစ်နေတယ် ”
ဟု သူက ဆိုသည်။

ထိုသို့ ရိုက်နှက်မှုကြောင့် ခိုက်ရန်ဖြစ်ပွားပါက ဒေသခံများအား တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် အရေးယူပြီး မူဆယ်ရဲအချုပ်တွင် ဖမ်းဆီးချုပ်နှောင်လေ့ရှိကြောင်းလည်းသိရသည်။
ဒေသခံများ ဆိုင်ကယ်စီးဦးထုတ်မပါ လျှင် ကျပ်ငွေ ၅၀၀၀ ဒဏ်ရိုက်သော်လည်း ရဲမိသားစုများ ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပိုင်ရာဆိုင်ရာများ ယာဉ်စည်းကမ်းချိုးဖေါက်မှုကိုမူ အရေးယူခြင်းမရှိကြောင်း သိရသည်။

“အဲလိုလုပ်တော့ ရွာကနေတက်လာတဲ့သူတွေ ဈေးလာရောင်းတဲ့သူတွေ အများဆုံးခံရတယ်ဗျ ဥပဒေအရဖမ်းမယ်ဆိုရင် ဆိုင်ကယ်ကယ်ရီတို့ အိတ်ဇောဖွင့်မောင်းတာတို့ ထော်လာဂျီကယ်ရီတို့ အဲဒါမျိုးကျတော့ ၀ါးလုံးနှစ်လုံးတားပြီး ပိုက်ဆံ ရတယ် အဲဒါမျိုးတော့မဖမ်းဘူးဗျ၊ ယာဉ်ထိန်းရဲကို မူစယ်တစ်မြို့လုံး အော့နှလုံးနာတယ် ” ဟု ဆိုသည်။

မူစယ်မြို့လျှပ်တပြက် surprise check လုပ်လေ့ရှိသည့် နေရာများမှာ ရွှေသမင်ကုန်အဆင်း၊ နာရီစဉ်၊ ကမ္ဘောဇဘဏ် လမ်းကြား နှင့် မြို့အထွက် အေးရှားဝေါလ်တိုးဂိတ် တစ်ဝိုက်ဖြစ်ပြီး တစ်ရက်ဝင်ငွေ ကျပ် ၁၀ သိန်းကျော်ရှိပြီး ယာဉ်ထိန်းရဲ တစ်ယောက် တစ်လ၀င်ငွေ ကျပ်သိန်း ၃၀ အထက် ရှိကြောင်း ရဲနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

၂၀၀၄ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးစီးသည့် တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ ဖျက်သိမ်းခံရပြီးနောက်ပိုင်း ရဲတပ်ဖွဲ့သည် အာဏာပါဝါအရှိဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာသော်လည်း ဗုံးကွဲမှုကဲ့သို့သော အန္တရာယ်များတွင်မူ ပြည်သူလူထုအတွက် တာ ၀န် မယူနိုင်ပဲ လမ်းပေါ်ထွက်ငွေတောင်းစားသည့် ပြည်တော်ချက်မေတ္တာခဲအဖြစ် ရှုမြင်ခြင်း ခံနေရသည်။

အပစ်ရပ် SSA တပ်မဟာ ၁ စရာဖ အရာရှိချုပ်ထံ အိတ်ဖွင့်ပေးစာပို့

အသွင်ကူးပြောင်းရေးကိစ္စ နောင်တက်လာမည့်အစိုးရသစ်နှင့်သာဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံသို့ အပစ်ရပ် SSA တပ်မဟာ ၁ က အိတ်ဖွင့်ပေးစာပေးခဲ့သည်ဟု စုံစမ်းသိ ရှိရပါသည်။

အသွင်ကူးပြောင်းရေးလက်မခံသည့် အပစ်ရပ် SSA တပ်မဟာ ၁ တပ်ဖွဲ့သည် နအဖ နှင့် ရင်ဆိုင်တိုက်ပွဲ မဖြစ် လိုကြောင်း၊ နောင်တက်လာမည့်အစိုးရသစ်နှင့်သာဆွေးနွေးလိုကြောင်း၊ လက်ရှိအခြေအနေအရ ၁၉၈၉ အပစ် စရပ်စဉ်သဘောတူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားလိုကြောင်း အဓိကအကြောင်းရင်း ၄ ချက်ပါရှိသည့် အိတ်ဖွင့်ပေးစာတစောင်ကို စရဖအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံ ၂၀၁၀၊ မေ ၁၁ ရက်စွဲဖြင့် ပေးပို့ခဲ့သည်ဟု ဆိုပါသည်။

အပစ်ရပ် SSAတပ်မဟာ ၁

တပ်မဟာ ၁ နှင့် ၀င်ဆန့်သည့် ပုဂ္ဂိုလ်တဦးက -“တပ်မဟာ ၁ ကနေ ဗိုလ်ရဲမြင့်ထံ ပေးပို့တဲ့ စာထဲမှာက နိုင်ငံရေး ပြဿနာကို လက်နက်နဲ့ မဖြေရှင်းဘူး။ ၁၉၈၉ အပစ်စရပ်ကထဲက အပစ်ရပ် SSA အနေနဲ့အသက်အမြောက် အများရင်းပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်း လာခဲ့တယ်၊ SSA တပ်မှူး တပ်သားများ ကိုယ်တိုင်နိုင်ထက်စီးနင်း ကျူးကျော် ဖိနှိပ်ခံရပေမဲ့ အောင့်အီးသည်းခံခဲ့တယ်။ နောင်တက်လာမယ့် အစိုးရသစ်မှာမှ အသွင်ပြောင်းဖို့ဆွေးနွေးလိုတယ်” - ဟု ဆို၏။

ထို့အပြင် ၂၁ နှစ် အပစ်ရပ်ကာလအတွင်း SSA တပ်မတော်သားများ အပါအ၀င်ဒေသခံပြည်သူများပါ ငြိမ်းချမ်းရေး အသီးအပွင့်ခံစားခဲ့ရကြောင်း၊ ၁၉၈၉ ငြိမ်းချမ်းရေးသဘောတူညီချက်အတိုင်းဆက်လက်နေထိုင်သွားလို ကြောင်း၊ အပစ်ရပ်တပ်မဟာ ၁ အနေဖြင့် အသွင်ပြောင်းရေးကိစ္စသဘောတူညီမှုလုပ်ထားသည့်အတိုင်းအနာဂတ်အစိုးရနှင့် သာဆွေးနွေးလိုကြောင်း - အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ဆက်၍ပြောပြ ပါသည်။

“မေ ၂၄ သျှမ်းပြည်တပ်မတော်မွေးနေ့ (သမိုင်းဝင်နေ့) ကို မျက်ကွယ်ပြုပြီး အဲဒီ့နေ့မှာမှ ပြည်သူ့စစ်အသွင်ပြောင်းဖို့ လက်ခံတဲ့ ဦးလွယ်မောင်း(၀်)၊ ဦးကိုင်ဖှာ့တို့အုပ်စုနည်းအတိုင်း ဗိုလ်ချုပ်ပန်ဖှကလက်မခံဘူး၊ ပြီးတဲ့ တနင်္ဂနွေနေ့ကလဲ မိုင်းနောင်အခြေစိုက် စကခ ၂ မှူးက ဖိတ်ခေါ်လို့ ကိုယ်စားလှယ်တွေလွတ်ပြီးဆွေးနွေးခိုင်း သေးတယ်အဲဒါလဲဘာမှ မထူးခြားဘူး”- တပ်မဟာ ၁ အရာရှိတဦးနှင့်ဝင်ဆန့်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

စိန်ကျော့ဌာနချုပ်မှ ဦးဆောင်၍ တပ်မဟာ ၃၊ ၇ နှင့် ဌာနချုပ်တပ်ဖွဲ့တို့ ဌာနေပြည်သူ့စစ် အသွင်ကူးပြောင်းရေး သဘောတူလက်ခံ၍ လူသူလက်နက်စာရင်းပေးထားပြီးသော်လည်း ဘာ့ကြောင့်ယနေ့တိုင် အခမ်းအနားမလုပ်သေး သနည်းဆိုသည်ကို အများကစိတ်ဝင်စားနေကြ၏။ ဌာနေပြည်သူ့စစ်ဝတ်စုံ ၀တ်သည့် တပ်သားများ လည်းဆယ်ဂဏန်း လောက်သာရှိသေးကြောင်း ဒေသခံများက ပြောပါသည်။

သီးခြားအတည်မြုပနိုင်သေးသည့်သတင်းအရ အသွင်ကူးပြောင်းရေးလက်ခံပြီးသည့်နောက် ဆိုင်ကျော့ (စိန်ကျော့) ဌာနချုပ်တပ်ဖွဲ့အပါအ၀င် တပ်မဟာ ၃၊ ၇ တပ်ဖွဲ့ဝင်အချို့ တပ်မဟာ ၁ ထံ သို့ အင်အား ၈၀ ထက်မနည်း ထွက်ပြေးခိုလှုံ ပူးပေါင်းလာကြသည်ဟုဆိုသည်။

ရွှေနဂါး ဝ'ဥ စက်ရုံ မီးလောင်မှုဖြစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဦးသက်နိုင် ပိုင်ဆိုင်သော ရွှေနဂါး ဝ'ဥ စက်ရုံတွင် ယနေ့ နေလည်ပိုင်းက မီးလောင်မှုတရပ် ...

ဗုံးခွဲမှုခင်း သံသယဖြင့် ဖမ်းဆီးခံရသူကို ရုံးထုတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ရန်ကုန်ရှိ သင်္ကြန်တွင်း ဗုံး ၃ လုံး ပေါက်ကွဲမှုတွင် ဓာတ်ပုံရိုက်ယူခဲ့သဖြင့် ဖမ်းဆီးခံရသော သားအဖနှစ်ဦးအနက် ယနေ့တွင် ဖခင် ဦးဇေယျကို မင်္ဂလာတောင်ညွန့် တရားရုံးတွင် ...

လုပ်ငန်းသုံးမီတာများ လိုက်လံ ဖြုတ်သိမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေသော ရန်ကုန်မြို့တွင် အိမ်တွင်းစက်မှု လုပ်ငန်းများတွင် အသုံးပြုသည့် ပါဝါလျှပ်စစ်မီတာများကို အာဏာပိုင်များက လိုက်ဖြုတ်နေကြောင်း ...

အန်အယ်ဒီကို ထောက်ခံကြောင်း အစ္စရေးလ်ရှိ မြန်မာများ ဆန္ဒပြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပျက်သုန်းသွားခြင်း မဟုတ်ကြောင်းနှင့် ပါတီကို ထောက်ခံကြောင်း အစ္စရေးလ်ရောက် မြန်မာများက တဲလ်အဗစ်မြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ ...

မုံရွာတွင် မိုးသက်လေပြင်း ကျရောက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
နေအပူရှိန် ပြင်းထန်သဖြင့် သောက်သုံးရေ ရှားပါးနေသော စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းတွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ သစ်ပင်နှင့် နေအိမ်အချို့ ...

စွယ်စုံအနုပညာရှင် ရုပ်ရှင်မင်းသား သုမောင် ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ပရိသတ်၏ ချစ်ခင်နှစ်သက်မှုကို ရရှိထားသူ စွယ်စုံအနုပညာရှင် ရုပ်ရှင်မင်းသား သုမောင်သည် နာတာရှည် အသည်းရောဂါနှင့် အဖျားကြီးမှုကြောင့် ယမန်နေ့ ညပိုင်းတွင် အသက် ၆ဝ ...

မိုးရွာရန် ပဲခူးတွင် လွန်ဆွဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ပဲခူးတိုင်းအတွင်း မိုးခေါင်ရေရှား ဖြစ်နေသဖြင့် လူဦးရေ ၁ဝဝဝ ထက်မနည်းသော ပဲခူးမြို့ခံများက မိုးခေါ်သည့် လွန်ဆွဲပွဲများကို ယမန်နေ့က ...

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ကရင်ပြည်သူ့ပါတီ ဘဏ္ဍာရေးအခက်အခဲကြုံ

လွယ်ထော
မေလ ၁၇၊ ၂၀၁၀

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ကရင်ပြည်သူ့ပါတီတို့က ရွေးကောက်ပွဲအတွက် သုံးစွဲမည့် ဘဏ္ဍာရေးအခက်အခဲနှင့် ကြုံတွေ့နေကြကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲကော်မရှင်သို့ ပေးသွင်းရမည့်စရိတ်အပါအဝင် ရုံးစရိတ်၊ စည်းရုံးရေးစရိတ် စသည့် ရွေးကောက်ပွဲ အထွေထွေစရိတ်များအတွက် သိန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်တို့က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီမှတ်ပုံတင်ကြေး ကျပ် (၃) သိန်း၊ ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် မှတ်ပုံတင်ကြေး ကျပ် (၅) သိန်း ကောက်ခံမည် ဖြစ်ပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တဦးအတွက် မဲဆွယ်စည်းရုံးစရိတ် ကျပ်သိန်း (၁၀၀) အသုံးပြုနိုင်ကြောင်း သတ်မှတ်ပေးထားသည်။

“ငွေလည်း မရှိဘူး၊ ရုံးလည်း မရှိသေးဘူး၊ ရုံးနေရာအတွက် ရှာနေတုန်းပဲ၊ ကိုယ်စားလှယ်လောင်းစရိတ်အတွက် အဖွဲ့ဝင်တွေထဲကနေ စုဆောင်းနေတုန်းပဲ၊ ငွေရှိတဲ့လူတွေက တစ်သိန်းထည့်၊ ငွေမရှိတဲ့ လူတွေက ငါးသောင်းထည့်၊ ဒီလိုပဲ လိုက်စုနေရတယ်၊ စီးပွားရေးသမားတွေထဲက ဘယ်သူမှ မထောက်ပံ့သေးဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီခေါင်းဆောင် နိုင်ငွေသိန်းက ပြောသည်။

ရွေးကောက်ပွဲတစ်ခုလုံးအတွက် အထွေထွေအသုံးစရိတ်မှာ သိန်း (၁၂၀၀) ခန့် ကုန်ကျလိမ့်မည် ဖြစ်ကြောင်း ထိုပါတီက ခန့်မှန်းထားသည်။

ကရင်ပြည်သူ့ပါတီက လတ်တလောတွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ယာယီရုံး ဖွင့်လှစ်ထားသည်။ ၄င်းပါတီကလည်း ရွေးကောက်ပွဲအသုံးစရိတ်အတွက် ဘဏ္ဍာရေးအခက်အခဲနှင့် ကြုံတွေ့နေရပြီး ပါတီမှတ်ပုံတင်ကျပါက ရုံးချုပ်အတည်တကျ ဖွင့်ကာ စည်းရုံးရေးဆင်းသွားမည်ဟု ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် စောဆေးဝါးညွန့်က ပြောသည်။

“ငွေရေးကြေးရေး အတော်အခက်အခဲ ရှိတယ်၊ အခုက အဖွဲ့ဝင်တွေကြားကပဲ ဘဏ္ဍာရေး စုဆောင်းနေရတယ်၊ လူထုအင်အားကိုပဲ ကျနော်တို့ ယုံကြည်တယ်၊ တကယ်လို့ ကျနော်တို့ လူထုက တစ်ယောက်ကို ၅၀၀ ကျပ်လောက် ထောက်ပံ့ပေးမယ်ဆိုရင် ကျနော်တို့ အခက်အခဲအားလုံး ပြေလည်သွားမှာပါ” ဟု သူက ပြောသည်။

ကရင်ပြည်သူ့ပါတီက ဧပြီလ ၂၉ ရက်နေ့နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မေလ ၄ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် အသီးသီး ရရှိခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ယှဉ်ပြိုင်အရွေးခံရန် ရည်ရွယ်ထားပြီး ကရင်ပြည်သူ့ပါတီက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်။

အရှေ့တောင်တိုင်းမှ မွန်ပြည်သစ်ပါတီအား တရားမဝင်အသင်းဟု ကြံ့ဖွံ့ကို ပြော

ဂျုရီချိုင်း၊ မိယဉ်မွန်
မေ ၁၇၊ ၂၀၁၀

မွန်ပြည်သစ်ပါတီသည် တရားဝင်လက်နက်ကိုင်ပါတီမဟုတ်တော့ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် အရာရှိများအစည်းအဝေးတွင် ပြောကြားသည်။

တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်မှ မေလ ၇ ရက်နေ့တွင် မော်လမြိုင်နှင့် မုဒုံမြို့နယ်အတွင်းရှိ ကြံ့ခိုင်ရေးအဖွဲ့ခေါင်းဆောင်များကို အရှေ့တောင်တိုင်းဌာနချုပ်တွင် အစည်းအဝေးခေါ်ယူပြီး မွန်ပြည်သစ်ပါတီသည် တရားဝင်လက်နက်ကိုင်ပါတီမဟုတ်တော့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ကြံ့ဖွံ့အသင်းဝင်တစ်ဦးက ပြောသည်။

အစည်းအဝေးတက်ရောက်ခဲ့သူ ကြံ့ဖွံ့အသင်းဝင်နှင့် နီးစပ်သူတစ်ဦးကလည်း “မွန်ပြည်သစ်ပါတီကို စစ်အစိုးရတို့က တရားမဝင်လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အတွက် သတိနဲ့ နေသွားဖို့ ကြံ့ဖွံ့အဖွဲ့ဝင်တွေကို အစည်းအဝေးမှာ ပြောတယ်” ဟု သူက ပြောသည်။

စစ်အစိုးရဘက်မှ မွန်ပြည်သစ်ပါတီကို တရားမဝင်အဖွဲ့ဖြစ်သည်ဟု ကြေငြာခြင်းမရှိသေးပါ။ နေ့ရက် အကန့်အသတ် သတ်မှတ်ထားခြင်းမရှိသည့်အတွက် ယနေ့ ကြေငြာချင်ကြေငြာနိုင်သလို ဒါကို နောင်နှစ်မှ ကြေငြာချက် ထုတ်ပြန်ချင် ထုတ်နိုင်သည်ဟု မွန်ပြည်သစ်ပါတီ အရာရှိသူတစ်ဦးက ပြောသည်။

“မွန်ပြည်သစ်ပါတီကို တရားမဝင်သတ်မှတ်ထားတဲ့အတွက် ပါတီဝင်တွေကို အချိန်မရွေး စွပ်စွဲလို့ရတယ်၊ ဒါကြောင့် သတိနဲ့နေဖို့ ကြံ့ဖွံ့တွေက ပြောထားတာရှိတယ်” ဟု ကြံ့ဖွံ့ အဖွဲ့ဝင်နှင့် နီးစပ်သူက ပြောသည်။

လွန်ခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ နောက်ပိုင်းမှစ၍ မွန်ပြည်သစ်ပါတီအား တရားမဝင်ပါတီအဖြစ် သတ်မှတ်ထားသည်ဟု ကြံ့ဖွံ့အသင်းဝင်များအစည်းအဝေးတွင် အရှေ့တောင်တိုင်း တိုင်းမှူးက ပြောကြားသည်။

၎င်းအစည်းအဝေးတွင် အောက်ခြေကြံ့ဖွံ့အသင်းဝင်များကို မပါဝင်ပဲ၊ ခေါင်းဆောင်အသင်းဝင်များကိုသာ ရွေးချယ်ခေါ်ယူသည်ဟု ၎င်းက ပြောသည်။


“မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရဟာ အပစ်အခက်ရပ်ဆဲလာတာ ၁၅ နှစ်တိုင်တိုင်ရှိခဲ့ပြီး၊ ပြည်သူလူထုတွေကလည်း ကိုယ့်ရပ် ကိုယ့်ရွာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလာခဲ့ကြတာ၊ နောက်နောင်လည်း ငြိမ်းချမ်းတာကိုပဲ လိုလားကြတယ်၊ ပြည်သူလူထုအတွက် ဘယ်သူမှ ဝိုင်းပြီးမစဉ်းစားတော့ဘူးလား” ဟု သံဖြူဇရပ်မြို့နယ်ရှိ ဝန်ထမ်းတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရေးအဖွဲ့နှင့် စစ်အစိုးရတို့ တိုက်ပွဲဖြစ်ခဲ့လျှင် အထက်လူကြီးတွေရဲ့ အမိန့်တစ်ခွန်းကြောင့် တိုက်ပွဲဝင်ရမည့် စစ်သားများနှင့် ၄င်းတို့ မိသားစုအပါအဝင် ပြည်သူတွေလည်း ဒုက္ခရောက်ကြမှာဟု မုဒုံမြိုရှိ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

“တစ်ကယ်လို့ ငြိမ်းချမ်းရေးပျက်ပြယ်သွားခဲ့မယ်ဆိုရင် ကျနော်တို့အတွက် သွားရေး လာရေးလည်းမလွယ်တော့ဘူး၊ အခက်အခဲလည်း ဖြစ်ကြမယ်” ဟု ထိုရဲဝန်ထမ်းက ပြောသည်။