Pages

Subscribe

Monday 17 May 2010

အပစ်ရပ် SSA တပ်မဟာ ၁ စရာဖ အရာရှိချုပ်ထံ အိတ်ဖွင့်ပေးစာပို့

အသွင်ကူးပြောင်းရေးကိစ္စ နောင်တက်လာမည့်အစိုးရသစ်နှင့်သာဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံသို့ အပစ်ရပ် SSA တပ်မဟာ ၁ က အိတ်ဖွင့်ပေးစာပေးခဲ့သည်ဟု စုံစမ်းသိ ရှိရပါသည်။

အသွင်ကူးပြောင်းရေးလက်မခံသည့် အပစ်ရပ် SSA တပ်မဟာ ၁ တပ်ဖွဲ့သည် နအဖ နှင့် ရင်ဆိုင်တိုက်ပွဲ မဖြစ် လိုကြောင်း၊ နောင်တက်လာမည့်အစိုးရသစ်နှင့်သာဆွေးနွေးလိုကြောင်း၊ လက်ရှိအခြေအနေအရ ၁၉၈၉ အပစ် စရပ်စဉ်သဘောတူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားလိုကြောင်း အဓိကအကြောင်းရင်း ၄ ချက်ပါရှိသည့် အိတ်ဖွင့်ပေးစာတစောင်ကို စရဖအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံ ၂၀၁၀၊ မေ ၁၁ ရက်စွဲဖြင့် ပေးပို့ခဲ့သည်ဟု ဆိုပါသည်။

အပစ်ရပ် SSAတပ်မဟာ ၁

တပ်မဟာ ၁ နှင့် ၀င်ဆန့်သည့် ပုဂ္ဂိုလ်တဦးက -“တပ်မဟာ ၁ ကနေ ဗိုလ်ရဲမြင့်ထံ ပေးပို့တဲ့ စာထဲမှာက နိုင်ငံရေး ပြဿနာကို လက်နက်နဲ့ မဖြေရှင်းဘူး။ ၁၉၈၉ အပစ်စရပ်ကထဲက အပစ်ရပ် SSA အနေနဲ့အသက်အမြောက် အများရင်းပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်း လာခဲ့တယ်၊ SSA တပ်မှူး တပ်သားများ ကိုယ်တိုင်နိုင်ထက်စီးနင်း ကျူးကျော် ဖိနှိပ်ခံရပေမဲ့ အောင့်အီးသည်းခံခဲ့တယ်။ နောင်တက်လာမယ့် အစိုးရသစ်မှာမှ အသွင်ပြောင်းဖို့ဆွေးနွေးလိုတယ်” - ဟု ဆို၏။

ထို့အပြင် ၂၁ နှစ် အပစ်ရပ်ကာလအတွင်း SSA တပ်မတော်သားများ အပါအ၀င်ဒေသခံပြည်သူများပါ ငြိမ်းချမ်းရေး အသီးအပွင့်ခံစားခဲ့ရကြောင်း၊ ၁၉၈၉ ငြိမ်းချမ်းရေးသဘောတူညီချက်အတိုင်းဆက်လက်နေထိုင်သွားလို ကြောင်း၊ အပစ်ရပ်တပ်မဟာ ၁ အနေဖြင့် အသွင်ပြောင်းရေးကိစ္စသဘောတူညီမှုလုပ်ထားသည့်အတိုင်းအနာဂတ်အစိုးရနှင့် သာဆွေးနွေးလိုကြောင်း - အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ဆက်၍ပြောပြ ပါသည်။

“မေ ၂၄ သျှမ်းပြည်တပ်မတော်မွေးနေ့ (သမိုင်းဝင်နေ့) ကို မျက်ကွယ်ပြုပြီး အဲဒီ့နေ့မှာမှ ပြည်သူ့စစ်အသွင်ပြောင်းဖို့ လက်ခံတဲ့ ဦးလွယ်မောင်း(၀်)၊ ဦးကိုင်ဖှာ့တို့အုပ်စုနည်းအတိုင်း ဗိုလ်ချုပ်ပန်ဖှကလက်မခံဘူး၊ ပြီးတဲ့ တနင်္ဂနွေနေ့ကလဲ မိုင်းနောင်အခြေစိုက် စကခ ၂ မှူးက ဖိတ်ခေါ်လို့ ကိုယ်စားလှယ်တွေလွတ်ပြီးဆွေးနွေးခိုင်း သေးတယ်အဲဒါလဲဘာမှ မထူးခြားဘူး”- တပ်မဟာ ၁ အရာရှိတဦးနှင့်ဝင်ဆန့်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

စိန်ကျော့ဌာနချုပ်မှ ဦးဆောင်၍ တပ်မဟာ ၃၊ ၇ နှင့် ဌာနချုပ်တပ်ဖွဲ့တို့ ဌာနေပြည်သူ့စစ် အသွင်ကူးပြောင်းရေး သဘောတူလက်ခံ၍ လူသူလက်နက်စာရင်းပေးထားပြီးသော်လည်း ဘာ့ကြောင့်ယနေ့တိုင် အခမ်းအနားမလုပ်သေး သနည်းဆိုသည်ကို အများကစိတ်ဝင်စားနေကြ၏။ ဌာနေပြည်သူ့စစ်ဝတ်စုံ ၀တ်သည့် တပ်သားများ လည်းဆယ်ဂဏန်း လောက်သာရှိသေးကြောင်း ဒေသခံများက ပြောပါသည်။

သီးခြားအတည်မြုပနိုင်သေးသည့်သတင်းအရ အသွင်ကူးပြောင်းရေးလက်ခံပြီးသည့်နောက် ဆိုင်ကျော့ (စိန်ကျော့) ဌာနချုပ်တပ်ဖွဲ့အပါအ၀င် တပ်မဟာ ၃၊ ၇ တပ်ဖွဲ့ဝင်အချို့ တပ်မဟာ ၁ ထံ သို့ အင်အား ၈၀ ထက်မနည်း ထွက်ပြေးခိုလှုံ ပူးပေါင်းလာကြသည်ဟုဆိုသည်။

No comments:

Post a Comment