Pages

Subscribe

Friday 18 June 2010

ဒေါ်စုမွေးနေ့ အီးယူပါလီမန် အိတ်ဖွင့်ပေးစာ

Protesters sing a birthday song during a rally outside the Myanmar  Embassy at Manila's financial district of Makati city, Philippines, 18  Jun 2010
ဓာတ်ပုံ AP

မနီလာမြို့က မြန်မာစစ်အစိုးရသံရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူများ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပနေပုံ (ဇွန်လ ၁၈၊ ၂၀၁၀)



မနက်ဖြန်မှာ ကျရောက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၅) ပြည့် မွေးနေ့ အထိန်းအမှတ်အဖြစ် ကမ္ဘာတ၀ှမ်းမှာ သူ့ကို ချစ်ခင်သူတွေက ဂုဏ်ပြုပွဲတွေကို ဒီကနေ့စပြီးတော့ လုပ်နေကြပါပြီ။ ဥရောပ ပါလီမန် အမတ်များရဲ့ မြန်မာ့အရေးအဖွဲ့ ကလဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ် ကြေညာချက် တစောင် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ထံ အိပ်ဖွင့်ပေးစာတစောင်လဲ ဥရောပပါလီမန် အမတ်တွေက ပေးပို့ဂုဏ်ပြုခဲ့ကြသလို မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလဲ ရှုတ်ချခဲ့ကြပါတယ်။ ဒီလို ကမ္ဘာအနှံ့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိန်းအမှတ်ပွဲတွေ အကြောင်း မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ မနက်ဖြန် ဇွန်လ ၁၉ ရက်မှာ ကျရောက်မှာ ဖြစ်ပေမယ့်လဲ ဒီကနေ့ကတည်းကစပြီးတော့ ကမ္ဘာတ၀ှမ်းမှာ အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ်ပွဲတွေ သူ့ကို ချစ်ခင်သူတွေက ပြုလုပ် နေကြတာပါ။ မနက်ဖြန် ကျရာက်မယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုရင်း အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာနိုင်ငံသားတွေဘက်ကနေ အမေရိကန်အစိုးရက ဆက်ပြီး ရပ်တည်နေတဲ့အကြောင်း ဘန်ကောက်မြို့ အမေရိကန်သံရုံးက သံအမတ် George Kent က ပြောပါတယ်။

“လွန်ခဲ့တဲ့ အနှစ် ၂၀ က တောင်အာဖရိကခေါင်းဆောင် နယ်ဆင်မန်ဒဲလား အကျဉ်းထောင်က လွတ်မြောက်လာသလို၊ ခုချိန်မှာ တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ အောင်အောင်မြင်မြင်နဲ့ လက်ခံကျင်းပနိုင်တဲ့ တိုးတက်နေတဲ့ နိုင်ငံတခု ဖြစ်လာသလိုမျိုး မြန်မာနိုင်ငံမှာလဲ အမုန်းတရားတွေမပါတဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တခု ဖန်တီးနိုင်ဖို့၊ အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ စစ်အစိုးရအတွက် အကောင်းဆုံး ပူးပေါင်း လုပ်ဆောင်သင့်တဲ့ သူဟာ ဒေါ်အောင်ဆန်စုကြည်ပဲ ဖြစ်ပါတယ်။”

ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး Ron Hoffman ကလဲ မြန်မာ့ ဒီမိုကရေစီရေး ဆောင်ရွက်ချက်တွေအတွက် ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဘွဲ့ ချီးမြှင့်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုလို ကနေဒါအစိုးရ ဂုဏ်ပြုခြင်းခံရတဲ့ နိုင်ငံခြားသား အနည်းစုထဲက တယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာ့ဒီမိုကရေစီရေးအတွက် အားလုံးနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေ ရှေ့ဆက်လုပ်ဆောင်သွားဖို့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့မှာ ထပ်ပြီးတော့ အခိုင်အမာပြောလိုပါတယ်။ ကနေဒါအစိုးရအနေနဲ့ အပြောနဲ့အလုပ်ညီအောင် လုပ်သွားပါမယ်။ ကနေဒါနိုင်ငံဟာ မြန်မာစစ်အစိုးရအပေါ်မှာ အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နေတာပါ။ ဆက်ပြီတော့လဲ လုပ်သွားမှာဖြစ်ပါတယ်။”

ဥရောပ ပါလီမန် အမတ်များရဲ့ မြန်မာ့အရေးအဖွဲ့ ကလဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ် ကြေညာချက် တစောင် မနေ့က ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုခဲ့သလို မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလဲ သူတို့က ရှုတ်ချခဲ့ကြပါတယ်။ အခုလို ဥရောပ ပါလီမန် အမတ်များရဲ့ မြန်မာ့အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ ပြောခွင့်ရသူ Kristina Prunerova က ပြောပါတယ်။

“ဒီကနေ့ ကြေညာချက် ထုတ်ပြန်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုဖို့အတွက်နဲ့ ဥရောပ ပါလီမန် အမတ်တွေ အနေနဲ့ မြန်မာစစ်အစိုးရ ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ ဒီရွေးကောက်ပွဲဥပဒေတွေကို လက်မခံတဲ့အကြောင်း မြန်မာစစ်အစိုးရကိုလဲ သိစေချင်လို့ပါ။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့၊ အဖွဲ့အစည်း ပေါင်းစုံ ပါဝင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ဖို့နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့တွေကိုလဲ ဥရောပါ ပါလီမန် အမတ်တွေက မြန်မာစစ်အစိုးရကို ဒီကြေညာချက်ထဲမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။”

ခုလို ဥရောပါလီမန် အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိန်းအမှတ် သတိတရ ဂုဏ်ပြုခဲ့ကြသလို ဆစ်ဒနီမြို့က Labor Council အဆောက်အဦးမှာ သြစတြေးလျအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign Australia ကဦးစီးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိန်းအမှတ် ဂုဏ်ပြုတဲ့အခမ်းအနား တရပ်ကိုလည်း ကျင်းပခဲ့ပါသေးတယ်။ ဒီပွဲကို သြစတြေးလျ နိုင်ငံက ထင်ရှားတဲ့ အမျိုးသမီး ခေါင်းဆောင် လွှတ်တော်အမတ်တွေ၊ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင် အမျိုးသမီးတွေအပြင် အဲန်ဂျီအို အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ မြန်မာ့အရေး စိတ်ဝင်စားကြသူ လူပုဂ္ဂိုလ် ၇၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ Burma Campaign Australia အဖွဲ့ ပြောခွင့်ရသူ ဒေါက်တာ မြင့်ချိုက အခုလို ပြောပြပါတယ်။

“ဒီအခမ်းအနားမှာ ထူးခြားတာက ကျနော်တို့ သြစတြေးလျရဲ့ နိုင်ငံရေးမှာ ပါတီပေါင်းစုံက လွှတ်တော်အမတ်တွေ လာပြီးတော့ ကိုယ်တိုင်ကိုယ်ကျလဲ တက်ရောက်တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်ပြီးတော့လဲ ချီးကျူးစကားတွေ ပြောကြတယ်။ အဲဒီအထဲမှာလဲ လက်ရှိ သြစတြေးလျရဲ့ အမျိုးသမီးရေးရာ ၀န်ကြီးဖြစ်တဲ့ တန်ညာ ပလီဘာဆက် (Tanya Plibersek) ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အတွက်ကို သ၀န်လွှာ ပေးပို့တယ်။ နောက်ပြီးတော့ လက်ရှိ သြစတြေးလျ အတိုက်အခံ ပါတီရဲ့ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံခြားရေး တာဝန်ခံလဲဖြစ်တဲ့ ဂျူလီ ဘီးရှော့ပ် (Julie Bishop) လွှတ်တော်အမတ် အမျိုးသမီး တဦးကလဲ ကိုယ်တိုင်ကိုယ်ကျလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ သူ ၁၉၉၅ ခုနှစ်တုန်းက ကိုယ်တိုင်ကိုယ်ကျ ဒေါ်စုနဲ့တွေ့ခဲ့တဲ့ အကြောင်းတွေ၊ သူ လေးစားခဲ့တဲ့အကြောင်းတွေ၊ ဒေါ်စုကို အမြဲတမ်း ထောက်ခံနေမယ်ဆိုတဲ့အကြောင်းနဲ့ ဘယ်တော့မှ မမေ့ဘူးဆိုတဲ့အကြောင်းတွေကို သူက ကျနော်တို့ အားလုံးရှေ့မှာ သူက မိန့်ခွန်းပြောတဲ့အချိန်မှာ တင်ပြတယ်။”

အခုလို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ် ကျင်းပတဲ့ အခမ်းအနားမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား မြန်မာ့အရေးကို သြစတြေးလျနိုင်ငံမှာ ပိုပြီးတော့လူတွေ သိလာအောင် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည် အတွက် သံအမတ်အဖြစ် တာဝန်ထမ်းဖို့အတွက် အမျိုးသမီးခေါင်းဆောင်တွေက ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။

အလားတူပဲ တောင်အာဖရိကနိုင်ငံက မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Free Burma Campaign ကလဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ် ကြေညာချက်တစောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။ တောင်အာဖရိက အစိုးရအနေနဲ့ မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို မထောက်ခံတဲ့အကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ပြောဆိုလာအောင် တောင်အာဖရိကပြည်သူတွေအနေနဲ့ တိုက်တွန်းတဲ့စာတစောင်ကိုလဲ နိုင်ငံခြားရေးဝန်ကြီးကို ပေးပို့ တောင်းဆိုသွားဖို့ရှိတယ်လို့ Free Burma Campaign အဖွဲ့က ဒေါက်တာ သိန်းဝင်းက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၏(၆၅)နှစ်ပြည့် မွေးနေ့အကြိုပွဲ တောင်ဒဂုံတွင်ကျင်းပ

ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အမျိုးသားခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်ပြည့် မွေးနေ့ ကို ကမ္ဘာတလွှား နိုင်ငံအသီးသီးတွင် ကြိုတင်ကျင်းပပြုလုပ်ကြရာ သူမ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော အမိ မြန်မာနိုင်ငံတွင်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့၏ တရားဝင် ခွင့်ပြုချက် မရသော်လည်း တိုင်းနှင့်ပြည်နယ်၊မြို့နယ် အသီးသီးတွင် မွေးနေ့ရှင်မပါသော မွေးနေ့ အထိမ်းအမှတ်ပွဲများကို ပြည်သူလူထုအနေအားဖြင့် ကုသိုလ်ကောင်းမှုအမျိုးမျိုးပြုလုပ်လျက်ရှိကြပါသည်

ယနေ့ နေ့လည် (၂)နာရီခန့်ကလည်း ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့ ရှိ မဖြူဖြူအေး(အဖွဲ့ချုပ်လူငယ်)၏ နေအိမ်တွင် ကျင်းပပြုလုပ်ရာ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင် တို့တက်ရောက်ခဲ့ကြပါသည်။

မွေးနေ့ကုသိုလ်များအဖြစ် ငှက်လွှတ်ခြင်း၊သစ်ပင်စိုက်ခြင်း၊ဗလာစာအုပ် ဝေခြင်း၊သွေးလှူခြင်းများ ပြုလုပ်ကာ တက်ရောက်လာသော ဧည့်ပရိသတ်များကို ကြာဇံကြော်ဖြင့် ဧည့်ခံ ကျွေးမွေး၍ မွေးနေ့ အကြို ကုသိုလ်များ ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

မနက်ဖြန်တွင် ကျရောက်မည့် မွေးနေ့ တွင်လည်း မိုးကုတ်လွှတ်တော်အမတ်ဖြစ်သော ဒေါ်မေနှင်းကြည်၏ (၁၀)မိုင်ကုန်းနေအိမ်နှင့် ရွှေပြည်သာမြိုနယ်စသည်တို့မှာလည်း အသီးသီး ကျင်းပကြမည်ဖြစ်ကြောင်းသတင်း ရရှိပါသည်။

No Comments »

IAEA မှ နျူကလီးယား ကိစ္စ မေးစာ အပေါ် စစ်အစိုးရ၏ ပြန်လည် ဖြေရှင်းချက် (ရုပ်သံ)

IAEA မှ နျူကလီးယား ကိစ္စ မေးစာ အပေါ် စစ်အစိုးရ၏ ပြန်လည် ဖြေရှင်းချက် (ရုပ်သံ)
http://www.htwd.info/2010/06/iaea.html

Take Action for Aung San Suu Kyi

Dear friend

On Saturday 19th June Aung San Suu Kyi will be spending her 65th birthday in
detention.

She has spent almost 15 years in detention since 1989. The exact time she
has spent in detention will be 14 years and 238 days. The United Nations has
repeatedly ruled that her detention breaks international law.

The UN General Assembly, UN Security Council, UN Human Rights Council,
European Union, USA and Asian countries have all said the UN should work to
facilitate negotiations between the dictatorship, Aung San Suu Kyi¹s
National League for Democracy, and ethnic groups.

However, UN Secretary General Ban Ki-moon is not actively working to make
this happen.

Please take action now to get Ban Ki-moon to take action on Burma.

Take action here:
http://www.burmacampaign.org.uk/index.php/campaigns/actions/free-aung-san-su
u-kyi/write-to-ban-ki-moon


You can also make a donation to support our campaign to free Aung San Suu
Kyi here:
http://www.burmacampaign.org.uk/index.php/burma/donate/donation

Thank you for your support.

Anna
Burma Campaign UK

Support our work: Donate to the Burma Campaign UK and make a difference
today. You can be sure your donation will make a difference. Supporting the
Burma Campaign UK is one of the most effective ways of supporting the
struggle to free Burma.
Donate now: http://www.burmacampaign.org.uk/donate

Burma Campaign UK
Registered Company No. 3804730
Registered office address
28 Charles Square
London N1 6HT

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့ ဉ် ရှားပါး ဓာတ်ပုံများ အား ဂါးဒီယန်း သတင်းစာတွင် ပထမ ဦးဆုံးအကြိမ်ဖော်ပြ

Unpublished Photo of Daw Aung San Suu Kyi

တစ်ကြိမ်တစ်ခါမှ ပုံနှိပ်ဖော်ပြခံရခြင်းမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံများ

၁၉၇၂ နှစ်သစ်ကူးနေ့  ချယ်ဆီးတရားရုံးဉ် မင်္ဂလာလက်မှတ်ရေးထိုးစဉ် မိုက်ကယ်အဲရစ် အသက် ၂၆ ဒေါ်အောင်ဆန်းစုကြည် အသက် ၂၅ Photograph: Private Aris Family Collection

ဒေါ်ခင်ကြည် ၊ဒေါ်အောင်ဆန်းစုကြည် ၊မစ္စတာ မိုက်ကယ်အဲရစ် နှင့် သားဦးလေး အလက်ဇန္ဒား ၁၉၇၄ ခုနှစ် ရန်ကုန် မြို့

1973 ခုနှစ် အောက်စဖို့ ဒ် တက္ကသိုလ် တွင် ပညာသင်ကြားစဉ်

လန်ဒန် နေအိမ်ဉ် မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနား ကျင်းပစဉ်က

၁၉၇၁ ဘူတန် နိုင်ငံ တာခ်(စ)တန် နှင်းတောင် ဘုရား ကျောင်း တွင် တိဘက် သမိုင်းပညာရှင် မိုက်ကယ် က ဒေါ်အောင်ဆန်းစုကြည် အား ချစ်ရေး ဆိုခဲ့စဉ်က

၁၉၇၁ ခုနှစ် ဘူတန် တွင် မြည်းပုလေး နှင့် အတူ

မိသားစု နှင့် အတူ ပျော်ပွဲစားထွက်စဉ်က

သားငယ်အလက်ဇန္ဒား နှင့် ကင်တို့ နှင့် ၁၉၈၀ အင်္ဂလန် တွင်

မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကျင်းပ

မနက်ဖြန်တွင် ကျရောက်မည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်ပြည့် မွေးနေ့ကို အထူးပြု၍ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် ယနေ့ကျင်းပသည်။

မြန်မာအမျိုးသမီးထု လှုပ်ရှားမှုကော်မတီက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဇွဲသတ္တိနှင့် စွန့်လွတ်အနစ်နာခံမှုများကို မြန်မာအမျိုးသမီးများ အတုယူကာ မြန်မာ့နိုင်ငံရေးတွင် ပါဝင်လာစေရန် ရည်ရွယ်၍့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ကို ကျင်းပခြင်းဖြစ်သည်ဟု ကျင်းပရေးကော်မတီက ပြောသည်။

အခမ်းအနားကျင်းပရေး ကော်မတီဝင်တဦးဖြစ်သူ မြန်မာ့အမျိုးသမီးသမဂ္ဂ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး မနိုးနိုးထက်စံက “အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နမူနာယူပြီး အမျိုးသမီးတွေ နိုင်ငံရေးပါဝင်နိုင်မှု မြှင့်တင်နိုင်ဖို့ ဒီနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောသည်။

မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များလည်း တက်တက်ရာက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီရေးအတွက် ကြိုးစားအားထုတ်မှုနှင့် ရပ်တည်ချက်များကို ဂုဏ်ပြုပြောကြားခဲ့ကြသည်။

အခမ်းအနားတက်ရောက်ခဲ့သည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) ၏ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာသိ မြန်မာသိဖြစ်တဲ့အတွက် သူ့ရဲ့မွေးနေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် ဂုဏ်ပြုကျင်းပတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသည့် အဖွဲ့ (၈) ခုဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအမျိုးသမီးထု လှုပ်ရှားမှုကော်မတီက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ၁၉၉၇ ခုနှစ်က စတင်ကျင်းပခဲ့သည်။

အဆိုပါအဖွဲ့၏ ယနေ့ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီးတဦးဖြစ်သည့်အပြင် ကမ္ဘာက အသိအမှတ်ပြုထားသော ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တဦးဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် သူမ၏ခိုင်မာတည်ကြည်သော ဦးဆောင်မှုကို အသိအမှတ်ပြုဂုဏ်ယူပြီး အတုယူစေရန်၊ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာအမျိုးသမီးထု တရပ်လုံးအား ဂုဏ်ပြုခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာပြည်ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ပူးပေါင်းကာ မနက်ဖြန်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်ပြည့်မွေးနေ့ အခမ်းအနားများကို ထိုင်း-မြန်မာနယ်စပ်မဲဆောက်တွင် နေရာများခွဲ၍ ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး မွေးနေ့နှင့်အတူ ဆုတောင်းပွဲများလည်း ကျင်းပမည်ဖြစ်သည်။

နအဖဝန်ကြီးများ ကေအိုင်အိုနှင့် လာတွေ့

အမှတ်(၁) စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ယမန်နေ့က တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ရောက်ရှိလာခဲ့ပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

နအဖနှင့် ကေအိုင်အိုအကြား နှစ်ဖက်တွေ့ဆုံမှုများကို မြစ်ကြီးနားတွင် ပြုလုပ်နေရာမှ လိုင်ဇာ၌ လာရောက် တွေ့ဆုံခြင်းဖြစ်ပြီး ကေအိုင်အိုအဖွဲ့၏ ဖိတ်ကြားမှုအရ ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အိုခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၂၂) ရက်နေ့က နယ်ခြားစောင့်တပ် မလုပ်ဘူးလို့ တုံ့ပြန်ပြီးနောက်ပိုင်း ကေအိုင်အိုနဲ့ နအဖအကြား နှစ်ဖက် ဆက်ဆံမှု မပျက်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့နေကြတာရှိတယ်။ မြစ်ကြီးနားမှာပဲ တွေ့နေကြတာ။ အခု လိုင်ဇာကို လာဖို့ ကေအိုင်အိုက ပြီးခဲ့တဲ့တပတ် တွေ့ဆုံတုန်းက ဖိတ်ထားတော့ ရောက်လာတာ။ နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးတာမျိုး မဟုတ်တော့ဘူး။ ဘာဆွေးနွေးနေတယ်၊ ဘယ်ခေါင်းစဉ်နဲ့ သွားနေသလဲဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

အသွင်ပြောင်းလိုကြောင်း ပြောဆိုပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား တွေ့ဆုံမှုများရှိခဲ့ရာ ကေအိုင်အိုအဖွဲ့ကမူ ပုံမှန် ဆက်ဆံရေး မပျက်ရေးအတွက် တွေ့ဆုံခြင်းသာဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသော်လည်း ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်အစား ကချင်လက်နက်ကိုင်တပ်ရင်းများဖြင့်သာ ဖွဲ့စည်းလိုကြောင်း ဧပြီလအတွင်းက ကေအိုင်အို၏ နောက်ဆုံးကမ်းလှမ်းမှုအပေါ် ဆွေးနွေးခြင်းလည်း ဖြစ်နိုင်သည်ဟု အဆိုပါ ကေအိုင်အို ခေါင်းဆောင်များနှင့် နီးစပ်သူလိုင်ဇာဒေသခံက ပြောသည်။

၎င်းက “သူတို့က မိတ်မပျက်အောင် ချစ်ကြည်ရေးအရ တွေ့ဆုံမှုဆိုပေမယ့် ဒီထက်ပိုနိုင်တယ်လေ။ ကေအိုင်အို ပြောထားတဲ့ ကချင်လက်နက်ကိုင် တပ်ရင်းအနေနဲ့ အသွင်ပြောင်းမယ့်အပေါ်ကို နအဖဘက်က သဘောတူတာ ဒါမှမဟုတ် အသေးစိတ် သိချင်လို့ ဆွေးနွေးနေတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဖက်အကြား ဟိုအစောပိုင်းကလို စစ်ရေးတင်းမာမှုမရှိတော့ဘူးဆိုတော့ တစုံတရာ နားလည်မှု ရနေပုံရတယ်” ဟု ပြောသည်။

ယမန်နေ့က မပခလက်အောက်ခံ ခလရ (၁၄၂) မှ စစ်သားအင်အား (၁ဝဝ) ဝန်းကျင်က လုံခြုံရေးအဖြစ် လိုက်ပါလာသည့် အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်တို့အဖွဲ့သည် ယမန်နေ့ နေ့လယ် (၁၁) နာရီခန့်တွင် လိုင်ဇာသို့ ရောက်ရှိလာပြီး လိုင်ဇာဟိုတယ်တွင် ကေအိုင်အို ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရပေ။

စိုက်ချိန်လွန်လယ်မြေများ မျိုးစပါး ပြောင်းစိုက်နေရ

ယခုနှစ်တွင် မုတ်သုံအ၀င် နောက်ကျသောကြောင့် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးရွာများတွင် စိုက်ပျိုးချိန်လွန်နေသည့်အတွက် မျိုးစပါး ပြောင်းစိုက်နေကြရသည်။

မိုးရေအလုံအလောက် မရရှိနိုင်ဘဲ စိုက်ပျိုးနေကြ စပါးမျိုးကို စိုက်မည်ဆိုပါက စပါးပျက်စီးမှု ရာခိုင်နှုန်းများနိုင်ပြီး အခက်အခဲများ တွေ့နိုင်ကြောင်း ကွမ်းခြံကုန်း စပါးစိုက်တောင်သူတို့က ဆိုသည်။

“သီတင်းကျွတ်၊ တန်ဆောင်မုန်း မိုးအစောကြီး သိမ်းရင် လယ်ထဲမှာ အောက်ရေပြတ်သွားမယ်။ အပင်ကျ ဖုံးတုန်းလုံးတုန်းရှိသေးတယ်။ အဲဒီအချိန် အောက်ရေပြန်ရဖို့ ငွေကုန်ခံပြီး ရေကို မောင်းတင်နိုင်မှ။ မမောင်းနိုင်ရင် စပါးခင်းတွေပျက်မယ်” ဟု ညောင်ငူကျေးရွာ တောင်သူတဦးက ပြောသည်။

ရေတင်စရိတ်မှာ စက်ဖိုး၊ ဆီဖိုးအပါအ၀င် ဧက (၄၀၊ ၅၀) ပိုင် လယ်သမားများအတွက် ကျပ် (၅) သိန်းနှင့် (၁၀) သိန်းကြားရှိသဖြင့် ငွေကြေးမတတ်နိုင်သည့် လယ်သမားများက ရရှိသည့်သဘာဝရေဖြင့် အဆင်ပြေစေရန် မျိုးစပါးပြောင်း စိုက်နေကြခြင်းဖြစ်သည်။

“သဘာဝရေရှိနေတုန်း အဆင်ချောဖို့ သက်လတ်စပါး ထည့်ကြရတယ်။ စိတ်အချရဆုံးက သက်နုစပါးပဲ။ အောက်ရေဆုတ်ချိန်နဲ့ စပါးမှည့်ချိန် ကွက်တိပဲ” ဟု ကမာပါကျေးရွာ တောင်သူတို့က ဆိုသည်။

နှစ်စဉ် စိုက်ပျိုးလေ့ရှိသော စပါးမျိုးမှာ (၅) လစပါးခေါ် သက်ကြီးမျိုးဖြစ်သည့် ဘေးကြား၊ တောင်ပျံ၊ ရွှေဘိုခွံနီစပါးတို့ ဖြစ်သော်လည်း ယခုအခါ သက်လတ်စပါးမျိုးကို ပြောင်းစိုက်နေကြရသည်။ သက်လတ် စပါးမျိုးတွင် ပေါ်ဆန်း၊ သက်နုဘေးကြားတို့ ပါဝင်ပြီး သက်တမ်းရက် (၁၂၀) ရှိသည်။

သက်နုစပါးကို ရက် (၁၀၀) စပါးဟု ခေါ်လေ့ရှိပြီး မနောသုခ၊ ရတနာတိုးအပါအ၀င် စိုက်ပျိုးရေးမှ ထုတ်လုပ်နေသည့် စပါးမျိုးသစ် အတော်များများ ပါဝင်သည်။ သက်နုစပါးမှာ ရေ၊ မိုး အဆင်ပြေပါက တဧက ပျမ်းမျှ တင်း (၇၀၊ ၈၀) မျှ ထွက်လေ့ရှိသည်။

ယမန်နှစ်၌ မျိုးစပါး တင်း (၁၀၀) လျှင် ကျပ် (၄) သိန်းခန့်သာရှိရာမှ ယခုအခါ (၈) သိန်းဈေး ၀ယ်ယူကြဲပက် စိုက်ပျိုးနေရသည့်အတွက် ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမြို့နယ်တို့ရှိ စပါးစိုက်တောင်သူအချို့က ၎င်းတို့ပိုင်လယ်မြေများကို အငှားချထားကာ ဈေးကောင်းရနိုင်မည်ဟု ယူဆထားသည့် ကွမ်းခြံများ စိုက်ပျိုးနေကြသည်။

ကွမ်းခြံကုန်းမြို့တွင် စပါးစိုက် လယ်မြေဧက (၁) သိန်းကျော်ရှိပြီး အမည်ပေါက် လယ်သမား (၁) သောင်းခန့်ရှိသည်ဟု စိုက်ပျိုးရေးဌာနစာရင်းများအရ သိရသည်။

(၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်း နေ့ချင်းပြီး လျှောက်ထားရယူနိုင်

800 MHz အမျိုးအစား (၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်းကို လာမည့် ဇွန် (၂၁) ရက်မှ စတင်၍ ရန်ကုန်တမြို့လုံးသို့ အငှားချထားပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဌာနမှ အကြီးတန်းအရာရှိတဦးက “ဓာတ်ပုံ (၃) ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဆက်သွယ်ရေးသို့ ပေးသွင်းရန် ကျပ် (၅) သိန်း၊ သုံးစွဲလိုတဲ့ ယူနစ်ကတ်တန်ဖိုး (၁၀,၀၀၀၊ ၃၀,၀၀၀၊ ၅၀,၀၀၀ ကျပ်) ဒါတွေ လိုအပ်ပါတယ်” ဟု ပြောသည်။

လျှောက်လွှာများကို ဗဟိုစာတိုက်ကြီး၊ ပန်းဆိုးတန်း ကြိုးမဲ့ကြေးနန်းရုံး အပါအ၀င် စာတိုက် (၄) ခုနှင့် လမ်း (၄၀) မြန်မာ့ဆက်သွယ်ရေးတို့တွင် လက်ခံပြီး တယ်လီဖုန်းငှားရမ်း သုံးစွဲခွင့်ကို နေ့ချင်းပြီး လျှောက်ထားရယူနိုင်သည်ဟု သိရသည်။

အဆိုပါ (၅) သိန်းတန် MPT ကတ်ဖုန်းသည် သတ်မှတ်မြို့နယ်အတွင်း အထိုင်ဖုန်းအဖြစ် အငှားချထားပေးသော်လည်း မြို့နယ်အတော်များများသို့ နယ်ကျော်သယ်ဆောင်ကာ ဆက်သွယ်သုံးစွဲ၍ ရသည်ဟု အချို့က ဆိုသည်။

ထိုဖုန်းရရှိထားသူတဦးက “မယက က တဆင့်လျှောက်တာ။ တလကျော်အကြာ တယ်လီဖုန်းရရှိကြောင်း အကြောင်းကြားတယ်။ ဒါနဲ့ လမ်း (၄၀) ရုံးမှာ အချက်အလက်ဖြည့်၊ ဖုန်းပိုင်ဆိုင်ခွင့် ပရီမီယံ စာချုပ်၊ ဘဏ် (၂) မှာ ငွေသွင်း၊ လမ်း (၄၀) ရုံးမှာ ချလန်ပြန်ယူ၊ ပန်းဆိုးတန်းကြေးနန်းရုံးမှာ MPT ကတ်သွားထုတ်ရတယ်” ဟု ရှင်းပြသည်။

သို့သော် မယက၊ ရယက တို့မှတဆင့် လျှောက်လွှာခေါ်ယူခြင်းကို ဆိုင်းငံ့လိုက်သည်မှာ (၃) လခန့်ရှိနေပြီဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ဆိုင်းငံ့သည်ကို မသိရကြောင်း ဆက်သွယ်ရေးရုံးမှ စုံစမ်းသိရသည်။

တယ်လီဖုန်းအရောင်းအ၀ယ် ပွဲစားတဦးကမူ “အရောင်းအ၀ယ်က ခုထိ ရှိနေပါတယ်။ လတ်တလော အမြတ် (၅) သောင်းခွဲ ပေးပါတယ်။ ဖုန်းအလုံးရေ (၁) သိန်း ခုလို နေ့ချင်းပြီး ချပေးမယ်ဆိုရင်တော့ အမြတ်ပေးဝယ်နေရတဲ့ အခြေအနေ ရပ်ဆိုင်းသွားနိုင်ပါတယ်” ဟု ပြောသည်။

(၅) သိန်းတန်ဖုန်းသည် တန်ဖိုးနည်းပေးသွင်းငွေနှင့် ဆက်သွယ်အသုံးပြု၍ ရရှိနေခြင်းကြောင့် လတ်တလော လူကြိုက်များလျက်ရှိသည်။

အက်ဖ်အီးစီ (၂၀) တန်၊ (၅၀) တန်နှင့် ယခုကဲ့သို့ 800 MHz ဖုန်းဝန်ဆောင်မှုအရပ်ရပ်ကို E Lite Tech ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်သည်။

“(၅) သိန်းတန် ကတ်ဖုန်းတွေကို ရန်ကုန်တမြို့လုံး သယ်ဆောင်နိုင်ပြီး နယ်မြေအကန့်အသတ်မရှိ သုံးစွဲလို့ရအောင် ဆောင်ရွက်နေပါတယ်။ မကြာခင် အဆင်ပြေတော့မှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးတာဝန်ရှိသူတဦးက ပြောသည်။

အသစ် ပေါ်ပေါက် လာမည့် ပုဂ္ဂလိက ဘဏ်များ တွင် အလုပ် လျှောက်သူ များပြား နေ

မကြာမီ ဖွင့်လှစ် တော့မည့် ပုဂ္ဂလိက ဘဏ်သစ်ကြီး လေးခု ဖြစ်သော Asia Green, မြန်မာ့ ရှေ့ဆောင်၊ အမရာ နှင့် ဧရာဝတီ ဘဏ် များတွင် အလုပ် လျှောက်သူများ လွန်စွာများပြား နေကြောင်း သိရှိ ရပါသည်။ သို့ဖြစ်ရာ ယင်းတို့ အနက် ဘဏ်ကြီး သုံးခုမှ အလုပ် လျှောက်လွှာများ လက်ခံ ခြင်းကို ယာယီ ရပ်ဆိုင်းထား လိုက်သည်ဟု ဆိုသည်။ ဖွင့် လှစ်မည့် ပုဂ္ဂလိက ဘဏ်မှ ဘဏ်အရာရှိ တစ်ဦးက လျှောက်ထား သူများ အလွန် များပြားပြီး တစ်နေ့ကို လူတစ်ရာခန့်ကို လူတွေ့ မေးမြန်း ရသည်ပင် အခက် အခဲ ရှိလာသည့် အတွက် လျှောက်လွှာ လက်ခံ ခြင်းကို ယာယီ ရပ်ဆိုင်း ထားခြင်း ဖြစ်သည် ဟု ဆိုပါသည်။

၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်း သွားခဲ့သော အာရှ ဓနဘဏ် နှင့် မေဖလားဝါးဘဏ် တို့ အပြင် ၂၀၀၅ ခုနှစ်က ရပ်ဆိုင်း ခဲ့သော ယူနီဗာဆယ် ဘဏ် တို့မှ ကျွမ်းကျင် ၀န်ထမ်းဟောင်း များစွာ အရံသင့် ရှိနေပြီး ဘွဲ့ရပြီးစ လူငယ်များက ဘဏ် လုပ်ငန်းကို စိတ်ဝင်စားစွာ လျှောက်ထား ကြခြင်း များလည်း ရှိသည်ဟု သိရသည်။ ယင်း ဘဏ်ကြီး များမှာ လူငယ် လျှောက်ထားသူ အသစ်များ ကိုလည်း လက်ခံပြီး ဘဏ် လုပ်ငန်း များကို သင်ကြား ပေးသွားရန် ရှိသည် ဟုလည်း ဆိုသည်။ ဤအတော အတွင်း အသစ် ဖွင့်လှစ်မည့် ဘဏ်များသို့ လက်ရှိ ဖွင့်လှစ် ထားသော ဘဏ်များမှ ၀န်ထမ်းများ တိုက်ရိုက် ပြောင်းရွှေ့ လုပ်ကိုင်မှု များပြားပါက လက်ရှိ ဘဏ်များ အခက်အခဲ မတွေ့စေရန် လက်ရှိ ပုဂ္ဂလိက ဘဏ် များတွင် အလုပ် လုပ်ဆဲ ရှိသူများအား အလုပ် ခန့်ထားခြင်း မပြုရန် သက်ဆိုင် ရာက အသစ် ဖွင့်မည့် ဘဏ်များအား ညွန်ကြား တားမြစ် ထားသည်ဟု သိရ ပါသည်။


ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို

စစ်အစိုးရနှင့် အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများ၊ ဘာသာရေး အဖွဲ့အစည်းများ အကြား ရင်ကြား စေ့ရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်နေမှုကို အာဆီယံနှင့် နိုင်ငံတကာက အသိုင်းအဝိုင်းက ပံ့ပိုးကူညီကြပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ အဖွဲ့ (The Elders) က တိုက်တွန်းကြောင်း သိရသည်။

ဂျိုဟန်နက်စ်ဘတ်တွင် ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ဒေါ်အောင်ဆန်း စုကြည်အတွက် ပြင်ဆင်ထားသော လစ်လပ်နေသော ခုံနေရာနှင့် The Elders အဖွဲ့ဝင်များ (ဓာတ်ပုံ - theelders.org)

“တဦးနဲ့ တဦးအကြား ဆွေးနွေးမှုနဲ့ ရင်ကြားစေ့ရေး မလုပ်ဘဲ ငြိမ်းချမ်းရေးနဲ့ ရသင့် ရထိုက်တဲ့ သာယာ ဝပြောမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး”ဟု The Elders အဖွဲ့ ဥက္ကဋ္ဌ ဒက်စ်မွန် တူးတူးက ပြောကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန် ကြေညာ ချက်တွင် ဖော်ပြ ထားသည်။ယမန်နေ့က တောင်အာဖရိက နိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်၌ ပြုလုပ်သော အစည်း အဝေးတွင် The Elders အဖွဲ့သားများ ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန် တူတူး စသူတို့ တက်ရောက် ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အတွက် ထိုင်ခုံနေရာ ကိုလည်း ပြင်ဆင်ထားပြီး ထိုနေရာမှာ လစ်လပ်နေသည်။


The Elders အဖွဲ့ကို တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလားက ၂၀၀၇ တွင် စတင် တည်ထောင်ခဲ့ပြီး သြဇာ တိက္ကမ ရှိသော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ ပါဝင်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တားနား ကလည်း ကြေညာချက်တစောင်ထုတ်ပြန်၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ကုလသမဂ္ဂမှ လွတ်လပ်သော လူ့အခွင့်အရေး အဖွဲ့အနေဖြင့် မြန်မာ အစိုးရကို တိုက်တွန်းလိုကြောင်း၊ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရန် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးစေလိုကြောင်း ကင်တားနား၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကင်တားနား၏ တိုက်တွန်းချက်ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ခြွင်းချက် မရှိ လွှတ်ပေးရန် ထပ်မံ တိုက်တွန်းထားသည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူမှုကွန်ရက် Face Book စာမျက်နှာ (http://www.facebook.com/fcoburma) တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရအတွက် စကားလက်ဆောင် လာရောက် ရေးသားကြပါရန်လည်း ဖိတ်ခေါ်ထား သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မွေးနေ့ပွဲ ဆိုင်ရာ အခမ်း အနားကို ပြည်ပအခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ၁၀ စုတို့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဘောလုံးပွဲ မကြည့်ရလို့ ဝါသနာရှင်များ စိတ်ပျက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြဝတီရုပ်မြင်သံကြားဌာနက တိုက်ရိုက်ထုတ်လွှင့်ပြသနေသော ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ နှစ်ရက်ကြာ ပြတ်တောက်မှုဖြစ်ပြီးနောက် ဘောလုံးဝါသနာရှင်များ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။

တောင်အာဖရိကနိုင်ငံတွင် ယခုလ ၁၁ ရက်နေ့မှ စတင်ကျင်းပသော ဘောလုံးပွဲများကို မြဝတီ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရုပ်မြင်သံကြားတို့မှ နေ့စဉ် ၂ ပွဲနှင့် ၁ ပွဲ အသီးသီး တိုက်ရိုက် ထုတ်လွင့်ခဲ့သော်လည်း ဇွန် ၁၆ ရက်နေ့ကတည်းက မြဝတီရုပ်မြင်သံကြားက ထုတ်လွှင့်မှုမပြုနိုင်ဘဲ ဖြစ်သွားသည်။

“အစကတည်းက မလွှင့်နိုင်ရင် မလွှင့်နိုင်ဘူးပေါ့။ လေကြီးလေကျယ်တွေလျှောက်ပြီး ၆၄ ပွဲလုံး တိုက်ရိုက် လွှင့်မယ်လေး ဘာလေးနဲ့ သူတို့တွေ အမြဲတမ်း ပြောတမျိုး လုပ်တစ်မျိုးချည်းပဲ” ဟု ရန်ကုန်မြို့ခံ ပရိသတ်တဦးက မဇ္ဈိမကို ပြောသည်။

စက်ချို့ယွင်းမှုကြောင့် ပြသမှုရပ်ဆိုင်းရခြင်းဖြစ်သည်ဟု တနိုင်ငံလုံးအတွက် မြဝတီနှင့် မြန်မာ့ရုပ်သံတို့မှ ကမ္ဘာ့ဖလား ပွဲစဉ်များကို ပြသခွင့် ကန်ထရိုက်ယူထားသော မိုးဆန်းပန်း မီဒီယာကုမ္ပဏီက ပြောသည်။

မိုးဆန်းပန်းမီဒီယာမှာ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ဥက္ကဌ နအဖ ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၏သား ဦးဇော်မင်းအေး ပိုင်ဆိုင်သည်။

“FIFA ဘက်က လွှင့်တဲ့စက်နဲ့ ကျနော်တို့ဆီမှာ တပ်ထားတဲ့ လက်ခံတဲ့စက် အကြားမှာ Technical Problem (နည်း ပညာပိုင်း ပြဿနာ) ဖြစ်လာတယ်။ အဲဒါကို အင်ဂျင်နီယာ ၁၁ ယောက်လောက်က ဝိုင်းဝန်းဖြေရှင်းနေကြတယ်” ဟု မိုးဆန်းပန်းမှ အဆင့်မြင့်ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ဇွန် ၁၆ ရက်နေ့က နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားနှင့် စစ်တပ်ပိုင် မြဝတီရုပ်သံတို့တွင် ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု ရပ်သွားသော်လည်း နောက်ရက်များတွင် မြန်မာ့ရုပ်သံတွင် တနေ့လျှင် တပွဲစီ ပြသသည်။

မြဝတီမှ အခမဲ့ထုတ်လွှင့်မှု ရပ်ဆိုင်းသွားသည့်အတွက် ရန်ကုန်မြို့နေ ဘောလုံးပရိသတ်များမှာ ဂြိုလ်တုစလောင်းရှိသည့် ဘီယာ၊ အရက်နှင့် လက်ဖက်ရည်ဆိုင်များသို့ စုပြုံရောက်ရှိကုန်သည်။

ဂြိုလ်တုစလောင်း အလှမ်းဝေးသော ကျေးလက်နေ ဘောလုံးဝါသနာရှင်များအတွက် နေမထိထိုင်မသာ ဖြစ်ကုန်တော့သည်။

“အရင်ရက်တွေကဆို ညနေ ၅ နာရီခွဲလောက်ကတည်းက ဘုန်းကြီးကျောင်းကို အကုန်ရောက်နေတာ။ အခု ညနေ ၆ နာရီထိုးဆို ရေနွေးကြမ်းပဲ သောက်ရမလိုလို၊ တခြားအိမ်ပဲ သွားလည်ရမလိုလိုနဲ့ နေရတာ အစဉ်မပြေပါဘူးကွာ” ဟု မကွေးတိုင်း နတ်မောက်မြို့နယ် နှောကန်ရွာခံတဦးက မဇ္ဈိမကိုပြောသည်။

လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်မီးသွယ်တန်းပေးထားခြင်းမရှိဘဲ အိမ်ခြေ ၁ဝဝ ကျော်ရှိသော ထိုရွာမှ ရွာဦးဘုန်းကြီးကျောင်းတွင် ရုပ်မြင်သံကြားစက်တလုံးသာရှိသည်။

လျှပ်စစ်မီး ပုံမှန်မရရှိသဖြင့် ကမ္ဘာ့ဖလားပွဲ မတိုင်ခင်ကပင် သူငယ်ချင်းများစု၍ မီးစက်တလုံး ကြိုဝယ်ထားခဲ့သော်လည်း ယခုကဲ့သို့ ရုပ်သံလိုင်းများ ပြတ်တောက်သဖြင့် အစိုးရကို အမျက်ဒေါသ ထွက်နေသူများထဲ၌ ပဲခူးမြို့ခံတဦးလည်း ပါဝင်သည်။

ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်ခွင့်ကို Yangon Entertainment ကုမ္ပဏီထံမှ မိုးဆန်းပန်း မီဒီယာကုမ္ပဏီက လွှဲပြောင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မည်သည့်ဈေးဖြင့် ကန်ထရိုက်ရယူခဲ့သည်ကိုမူ မိုးဆန်းပန်းက ပြောဆိုရန် ငြင်းဆိုသည်။

ပြည်ပရောက် မဲထည့်လိုသူ စာရင်း ကောက်ခံ

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ စာရင်းများကို မြန်မာသံရုံးများက စုဆောင်း ကောက်ခံလျက်ရှိသည်။

အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးက ”၂ဝ၁ဝ ပြည့်နှစ်အတွင်း ကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲများ အတွက် ဆန္ဒမဲပေးနိုင်ရေးကိစ္စ’' ဟု ခေါင်းစဉ်တပ်ထားသော အကြောင်းကြားစာကို သံရုံးက တရားဝင် အသိအမှတ်ပြုထားသော မြန်မာနိုင်ငံသားများထံ လွန်ခဲ့သည့်လ ၂၆ ရက်ကတည်းက ပေးပို့ထားသည်။

မဲထည့်ခွင့်ရှိကာ မဲပေးလိုသူသည် အမည်၊ အသက်အရွယ်၊ ကျားမ၊ မှတ်ပုံတင်အမှတ်၊ သန်းခေါင်းစာရင်းပါ မြန်မာပြည်လိပ်စာတို့ကို ထဲ့သွင်းဖော်ပြ၍ သံရုံးသို့ အကြောင်းကြားရန် စာထဲတွင် ပါရှိသည်။ သို့သော်လည်း မည်သည့်နေ့ရက်တွင် နောက်ဆုံးထား ပေးပို့ရမည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

“အားလုံး တပြိုင်ထဲ ပို့တာမျိုး မဟုတ်ဘဲ သူတို့နိုင်သလောက် တရက်ပြီးတရက် ပို့နေတာ ဖြစ်နိုင်တယ်။ ကျနော်တို့က အခွန်ဆောင်စရာရှိတာ ဆောင်တယ်။ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှု မရှိဘူး။ ရှင်းရှင်းလေးပါပဲ တရားမဝင်တဲ့ အစိုးရကို တရားဝင်အောင် လုပ်နေတာပဲ” ဟု အမေရိကန်နိုင်ငံ ဝါရှန်တန်ဒီစီတွင် ၅ နှစ်ကြာ အလုပ်သမားပါမစ်ဖြင့် အလုပ်လုပ်ကိုင်သူ မြန်မာတဦးက မဇ္ဈိမကို ပြောသည်။

အကြောင်းကြားစာကို ဝါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များရှိ မြန်မာအချို့ထံ ရောက်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင်မူ ပြီးခဲ့သည့်လ ၁၇ ရက်နေ့မှ စတင်ကာ ပညာတော်သင်များ၊ တရားဝင် အလုပ်သမားများထံ အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး၊ ယခုလ ၃ ရက်နေ့ထက် နောက်မကျစေဘဲ ပြန်ကြားရမည်ဟု ဆိုထားသည်။ စာကို သံမတ်အကြီးကိုယ်စား သံရုံး ပထမအတွင်းဝန် ဦးဝေဇင်ထွန်းက လက်မှတ်ထိုးကာ စာတိုက်မှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ဝန်ထမ်းများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နေထိုင်နေသူများထံမှ ဆန္ဒမဲ ရောက်ယူရမှာဖြစ်ပြီး သံရုံးများမှတဆင့် မဲပေးရမည်ဖြစ်သည်။

မလေးရှား၊ စင်္ကာပူနှင့် ဂျပန် စသည့် နိုင်ငံများတွင်လည်း ထိုကဲ့သို့ မဲပေးနိုင်သူ စာရင်းကောက်ခံနေကြောင်း သိရသည်။

ပြည်ပရောက်နေသူ မြန်မာနိုင်ငံသား သန်းနှင့်ချီ၍ ရှိနေပြီး ထိုင်းတနိုင်ငံထဲတွင်ပင် ရွှေ့ပြောင်းလုပ်သား အနည်းဆုံး ၂ သန်းခန့် ရှိနေသည့်အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် မြန်မာဒုက္ခသည် ၁ သိန်းခွဲခန့်ရှိသည်။ အခြားသော အိမ်နီးချင်းနိုင်ငံအချို့ဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ၊ တရုတ်၊ မလေးရှားနှင့် စင်္ကာပူတို့တွင်လည်း အများအပြားရှိနေသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်း မြန်မာ ၅ သောင်း တရားမဝင် ရွှေ့ပြောင်းလုပ်ကိုင်နေကြပြီး မလေးရှားတွင် ၁ သိန်းခွဲကျော် တရားဝင် လုပ်ကိုင်နေကြပြီး တရားမဝင်က ပိုမိုများပြားမည်ဟု ခန့်မှန်းရသည်။

အဝေးရောက် မြန်မာများအနက် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားခြင်းမရှိသူ အချိုးအစားက ပိုမိုလျက်ရှိရာ မြန်မာသံရုံးများက ထိရောက်စွာ လုပ်ကိုင်ပေးနိုင်မည် မဟုတ်ဟု ဝေဖန်သူများက ပြောသည်။

ထို့အပြင် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲအတွေ့အကြုံကဲ့သို့ပင် မဲလိမ်မှုများ ရှိနိုင်သည်ဟုလည်း သံသယရှိကြသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့တာဝန်ခံ ကိုသံဒုတ်က “သူတို့ဘက်အပိုင်း မဲလိမ်နိုင်အောင်လို့ အချက်အလက် စုဆောင်းတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြည်တွင်းပြည်ပ ကြိုတင်မဲများ အပါအဝင် ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းဖြင့် စစ်အစိုးရက အတည်ပြုကြောင်း ကြေညာခဲ့သည်။

ငြိမ်းချမ်းရေးရဲ့ ပြယုဂ် (သို့ မဟုတ်) အမေ ဒေါ်အောင်ဆန်းစုကြည်