Pages

Subscribe

Thursday 10 September 2009

ကျောင်းအဆက် ဒေါင်းအသက်

ကျောင်းအဆက် ဒေါင်းအသက်

ကျောင်းသားများစွာ
ခေတ်အဆက်ဆက်
လက်ဆင့်ကမ်းကာ
ကိုင်ဆောင်ခဲ့တဲ့
ဒေါင်းအလံကို
ငါ့ခေတ်ကျမှ
အောက်ကျမခံ
မားမားရပ်ကာ
ကိုင်ဆောင်ထားပြီး
ငါသေသွားလဲ
ငါ့နောက်မျိုးဆက်
သတ္တိခဲကို
ထပ်ဆင့်ကမ်းကာ
ကိုင်ဆောင်ခြင်းကို
စစ်အစိုးရ
မြင်ရုံမျှဖြင့်
ဖိန့်ဖိန့်တုန်အောင်
ကြောက်နေရမည်။


ကဗျာရေးသားပေးပို့သူ - လူသစ်