Pages

Subscribe

Wednesday 12 May 2010

မော်လမြိုင်မြို့ လုံခြုံရေး တင်းကျပ်လွန်း၍ ကျီးလန့်စာစား အခြေအနေဖြစ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၂၊ ၂၀၁၀  ကျိုက်မရောသို့ သွားသည့် လမ်း (ဓာတ်ပုံ - မိုးမခ)

လက်နက်ကိုင် ငြိမ်း အဖွဲ့များ အားလုံး ဧပြီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်များအဖြစ် အသွင် ပြောင်းကြရန် နအဖ အစိုးရက ရာဇသံ ပေးပြီးနောက် မော်လမြိုင်မြို့တွင် လုံခြုံရေး အခြေအနေ တင်းကြပ်နေသောကြောင့် မြို့နေလူထုမှာ ကျီးလန့်စာစား ဖြစ်နေသည်ဟု မော်လမြိုင်မှ လာသော သတင်းများအရသိရသည်။

အပြည့်အစုံသို့ ...
Maung Swan Yi - Enforcing the Law
User Rating: / 3
ပင်တိုင်ကဏ္ဍ - Maung Swan Yi

တရားဥပဒေ စိုးမိုးရေး

မောင်စွမ်းရည်

မေ ၁၂၊ ၂၀၁၀
ကျနော်တို့ ဗမာပြည်မှာနေတုန်းက တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားကို မကြာခဏကြားရပါတယ်။ တရားဥပဒေဖောက်ဖျက်ပြီး အာဏာသိမ်းထားတဲ့ဗိုလ်ချုပ်တွေဟာ နှစ်ပေါင်း နှစ်ဆယ်လောက်ကြာအောင် ဗမာပြည်ကို တရားဥပဒေမဲ့ အုပ်စိုးနေကြပါတယ်။ အဲသလို တရားမဲ့သူတွေက ပြောတဲ့စကားပါ။
“စည်းကမ်းရှိတဲ့ ဒီမိုကရေစီ”လို့ တဖွဖွပြောနေကြတဲ့ ဗမာစစ်ဗိုလ်ချုပ်တွေက အငြိမ်းစား (ပင်စင်) ယူရမယ့် အချိန်မှာ မယူဘဲ စည်းကမ်းမဲ့ အုပ်ချုပ်နေကြပါတယ်။ ဒီကြားထဲက ဗိုလ်ရွှေမန်းက “ဥပဒေအထက်က ဘာမှမရှိဘူး”လို့ ကယောင်ကတန်း ထအော်ပြန်ပါသေးတယ်။ ဒါကလည်း ဥပဒေအထက်မှာ ဘယ်သူမှမရှိမှ သူတို့စစ်ဗိုလ်ချုပ်တွေချည်း ကင်းကင်းရှင်းရှင်း တက်ထိုင်ဖို့ပြောဒါ နေမှာပါပဲလို့ ကောက်ချက်ချပြီး နေရပါတော့တယ်။
အပြည့်အစုံသို့ ...
Yan Win Taung Ta Gar - Trailer Jeep - Burmese Favourate Transports
User Rating: / 2
လူမှုရှုခင်း - ခရီးသွားဆောင်းပါး
ထောလားကျီး သို့မဟုတ် မြန်မာပြည်က လူထုယာဉ်
ရန်ဝင်း (တောင်တံခါး)
မေ ၁၂၊ ၂၀၁၀
‘ထောလားကျီး’ ဆိုတာ မြန်မာပြည်မှာ ‘ထော်လာဂျီ’ လို့ခေါ်တဲ့ ယာဉ်တမျိုးပါ။ နာမည် ခေါ်ရတာ ခပ်ဆန်းဆန်းဆိုတော့ ကြားဖူးခါစတုန်းက ဘာကိုခေါ်တာပါလိမ့်လို့ တွေးရခက်တယ်။ အခုအချိန်မှာတော့ မြန်မာပြည်မှာ ကလေးကအစသိတဲ့ စကားလုံးဖြစ်နေပြီပေါ့။
အပြည့်အစုံသို့ ...
Artist Than Myint Aung passed away suffering heat stroke
User Rating: / 0
ရွာဆော်ကြီးပြက္ခဒိန် - နာရေး
ပန်ချီ သန်းမြင့်အောင် ကွယ်လွန်
မိုးမခ ၀မ်းနည်းမှတ်တမ်း
မေ ၁၂၊ ၂၀၁၀
ရန်ကုန်မြို့၏ ပြင်းထန်သော အပူဒဏ်ကြောင့် ပန်းချီအနုပညာရှင် ကိုသန်းမြင့်အောင် ကွယ်လွန်သွားကြောင်း နာရေးကူညီမှုအသင်း၏ ဦးဆောင်သူ၊ အနုပညာရှင် ကိုကျော်သူ၏ အကြောင်းကြားချက်အရ ကြားသိရသဖြင့် မိုးမခက ၀မ်းနည်းမှတ်တမ်းပြုလိုက်ပါသည်။
မေလ ၁၁ ရက် ညနေ ၃ နာရီ ခွဲက ကွယ်လွန်ခဲ့ကြောင်း၊ မေလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ သယ်ဆောင် သဂြိုင်္ဟ်မည် ဖြစ်ကြောင်း သိရှိရသည်။
အနုပညာရှင် အသိုင်းအ၀ိုင်းတွင် စာနယ်ဇင်း ပန်းချီဆရာတဦး အဖြစ် လူသိများသော ပန်းချီဆရာ သန်းမြင့်အောင် ဖြစ်သည်။ အနုပညာသည် ပန်းချီဆရာများ၊ ကဗျာဆရာများ စုဝေး၍ နာဂစ်အတွက် အနုပညာအလှူဒါန လှုပ်ရှားမှု ဆောင်ရွက်ခဲ့စဉ်က ပန်းချီ သန်းမြင့်အောင်သည်လည်း စီစဉ်သူတဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ (ပန်းချီသန်းမြင့်အောင်သည် နာရေးကူညီမှုအသင်းမှ စာရေးဆရာမ သန်းမြင့်အောင် မဟုတ်ပါ)
ဓာတ်ပုံမှာ ထိုစဉ်က အခမ်းအနားတွင် တွေ့ရသော ပုံ ဖြစ်သည်။ ထိုစဉ်က မိုးမခတင်ဆက်ခဲ့သော ဓာတ်ပုံသတင်းကို သည်နေရာမှာ ပြန်ကြည့်နိုင်သည်။
မြန်မာရွှေ့ ပြောင်းအလုပ်သမားများ  နိုင်ငံသားစိစစ်ရေးပြုမှု ၂၀၁၂ တွင် ပြီးဆုံးမည်

မြန်မာရွှေ့ ပြောင်းအလုပ်သမားများ နိုင်ငံသားစိစစ်ရေးပြုမှု ၂၀၁၂ တွင် ပြီးဆုံးမည်

ထိုင်းအစိုးရဟာ ပွဲစားတွေကို သက်ရောက်မှုရှိရှိ ထိန်းချုပ်နိုင်မှု မရှိသေးပါဘူး။ ဆိုလိုတာက ပွဲစားတွေဟာ ဒီရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်အတွက် အလွန်ဈေးကြီးတဲ့နှုန်းထားနဲ့ အလုပ်သမားတွေအပေါ်ကို ခေါင်းပုံဖြတ်နေပါတယ်။ အခုကျနော်တို့ မြင်တွေ့နေရတာကတော့ အတော်မြင့်မားတဲ့

မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အမေရိကန် ဥပဒေပြု အမတ်တိုက်တွန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အမေရိကန် ကွန်ဂရက်အမတ် ဂျိုးခရော်လီ (Joe Crowley) က မြန်မာနိုင်ငံ စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူ ...

ရေအတွက် Lotus Foundation အလှူငွေ ကောက်ခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
မြန်မာပြည် ဒေသအချို့တွင် မကြုံစဖူး ဆိုးရွားစွာ သောက်သုံးရေ ပြတ်လပ်နေသဖြင့် ရေလှူဒါန်းရန်အတွက် ပြည်တွင်းပြည်ပ မြန်မာများ ...

အပူချိန်မြင့်တက်မှုကြောင့် ငါးများသေဆုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အပူချိန်ပြင်းထန်သဖြင့် မြန်မာနိုင်ငံအနှံ့ရှိ ငါမွေးမြူရေးကန်များတွင် ငါးသေဆုံးမှုများ ရှိနေသည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ ...

ဝေဖန်မှုကြောင့် ကြန့်ကြာမှုဖြစ်ရကြောင်း ဦးဥာဏ်ဝင်းက ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
မြန်မာအာဏာပိုင်များနှင့် အမေရိကန်ကိုယ်စားလှယ်များ တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းမှုများ ကြံ့ကြာမှုရှိနေသည်မှာ စစ်အစိုးရ၏ လုပ်ရပ်များကို ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်သောကြောင့် ...

အကြိုဗိုလ်လုပွဲတက်ရန် ရတနာပုံ အခြေအနေကောင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရတနာပုံအသင်းသည် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပြိုင်ပွဲ၌ ဘူတန်နိုင်ငံမှ ဒရက်စတား Druk Ster အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့သဖြင့် ...

စောင်စက်လုပ်သားများနှင့် အလုပ်ရှင် ပြေလည်မှု ရရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်ရှိ ထာဝရ စောင်စက်ရုံရှိ အလုပ်သမား ၁၄ ဦးက အလုပ်ရှင်သည် အလုပ်သမားများအပေါ် ခွဲခြားဆက်ဆံသည်ဟုဆိုသော ...

ဘင်္ဂလာဒေခ်ျ့ သံအမတ် ရခိုင် လုပ်ငန်းရှင်များနှင့် စစ်တွေတွင် တွေ့ဆုံ

Bangladesh-consellorမြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ် Major-General Anup Kumar Chakma သည် မေလ ၁၀ ရက်နေ့က စစ်တွေသို့ ရောက်ရှိလာပြီး ရခိုင် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသွားခဲ့သည်။

စစ်တွေမှ လုပ်ငန်းရှင် တဦးက“ သူနဲ့အတူ နောက်ထပ် အရာရှိ သုံးဦးပါတယ်။ စစ်တွေက ကုန်သွယ် လယ်ယာရုံးမှာ အစည်းအဝေး ပြုလုပ်ပီး ရခိုင်က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံသွားခဲ့ပါတယ်။ အဓိကတော့ နယ်စပ် ကုန်သွယ်ရေး လုပ်နေတဲ့ ကုမ္ပဏီတွေက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နယ်စပ် ကုန်သွယ်ရေး ကိစ္စတွေကို ဆွေးနွေးသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စစ်တွေ နယ်စပ်ကုန်သွယ်ရေး နကသ မှ တာဝန်ရှိသူများ ၊ T သုံးလုံး ကုမ္ပဏီနှင့် မင်းထက်မင်း ကုမ္ပဏီမှ လုပ်ငန်းရှင်များ အပါအ၀င် ကုမ္ပဏီများမှ လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့သည်။

“ကျွန်တော်တို့ဘက်ကတော့ ကုန်သွယ်လယ်ယာ ပြည်နယ် မန်နေဂျာ ဦးစိုးပိုင် ဦးဆောင် တက်ရောက်ပီး အဓိကတော့ ရခိုင်က ဆားတွေ ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို တင်ပို့နိုင်ရေးနဲ့ စစ်တကောင်းဆိပ်ကမ်းထိ ကုန်သွယ်ရေး တိုးမြှင့် နိုင်မယ့် ကိစ္စရပ် တွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ သူတို့ဘက်ကတော့ ဒါတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ် ဆိုပြီး ပြောသွားခဲ့ပါတယ်” ဟု သူက ပြောသည်။

ယခု စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးဂိတ် မင်းဂံမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်ဆိပ်ကမ်း အထိသာ ကုန်များ တင်ပို့ခွင့်ရပြီး ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းရှိရာ စစ်တကောင်းသို့ တင်ပို့ခွင့် မရကြောင်း သိရသည်။

၎င်းပြင်သူက “ ကျွန်တော်တို့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်က ဘိလပ်မြေတွေကိုသာမက အိမ်ဆောက်တဲ့ နေရာမှာ အသုံးပြုတဲ့ သံချောင်းတွေကိုလည်း တင်သွင်းခွင့်ရရေး အတွက် ဆွေးနွေးခဲ့ပါတယ်။ သူတို့က သက်ဆိုင်ရာ အရာရှိတွေနဲ့ ညှိုင်းနိုင်း ပေးသွားမယ်လို့ ပြောဆိုသွားပါတယ်” ဟု ဆက်ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေးမှ တဆင့် ကုန်သွယ်ရာတွင် မြန်မာဘက် နနွင်း၊ ဇီးတော်ဖီ မျိုးစုံ၊ ဇီးသီးခြောက်၊ မကျည်းသီ်းခြောက်၊ အရက်၊ ပုဇွန်နှင့် ငါးခြောက်မျိုးစုံတို့ကို တင်ပို့နေပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ ကျောက်တိုင် တံဆိပ် ဘိလပ်မြေနှင့် ကွမ်းယာများတွင် ထည့်အသုံးပြုသည့် ဂမုန်းများကို တင်သွင်းနေကြသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်က တရားမ၀င် ကုန်ပစ္စည်းများလည်း တင်ပို့နေရာ ထိုအထဲတွင် ကျွန်းသစ်နှင် ဆန်လည်း ပါဝင်သည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကုန်သွယ်မူ ပမာဏကို မြန်မာဘက်က တရားဝင် ကျေညာခြင်း မရှိသော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်မှ ထုတ်ပြန်ချက်အရ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ သန်းကျော်ဖိုး မြန်မာနှင့် ကုန်သွယ်ရာမှ အကောက်ခွန် ဌာန အနေဖြင့် အမြတ်တော် ရရှိသည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ သံအမတ်သည် စစ်တွေရှိ ဘင်္ဂလာဒေခ်ျ့ ကောင်စစ်ဝန်ရုံးသို့လည်း သွားရောက်လည်ပတ်ခဲ့သည်ဟု သတင်းရရှိသည်။

စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နေကြပြီ

မိကျလွန်းထော

ထိုင်း-မြန်မာနယ်စပ် ခလောက်ခနီဒုက္ခသည်စခန်းနှင့် ဖလဲ့ဒွန်းဖိုက်ကျေးရွာသို့ ထွက်ပြေးသိမ်းရှောင်လာကြသည့် မွန်ဒုက္ခသည်များ နေရပ်သို့ တရွေ့ရွေ့ ပြန်နေကြပြီဖြစ်သည်။
စစ်အစိုးရ၏ ပြည်သူ့စစ်ပုံစံပြောင်းလဲရန် လက်မခံကြောင်း မွန်ပြည်သစ်ပါတီမှ အကြောင်းပြန်ပြီး၊ ဧပြီလ ၂၈ ရက်နေ့နောက်ပိုင်း မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား ပဋိပက္ခ ဖြစ်ပွားနိုင်သည့်အခြေအနေမှ လက်ရှိငြိမ်သက်နေသည့်အတွက် စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ယခုလို ပြန်သွားကြသည်။

လက်ရှိ စစ်ရိပ်စစ်ငွေ့များ အေးချမ်းနေခြင်နှင့် နေရပ်ရှိ အိမ်ခြံတွေကို စိုးရိမ်နေသည့်အတွက် ဒုက္ခသည် ၆၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော် တစ်ရွေ့ရွေ့ ပြန်သွားကြသည်ဟု ခလောက်ခနီဒုက္ခသည်စခန်းရှိ မွန်ကယ်ဆယ်ရေးအဖွဲ့မှ ကော်မတီဝင်တစ်ဦးက ပြောသည်။

“တစ်ရက်ဆို အိမ်ထောင်စု ၂ စု၊ ၃ စု လောက်က ပြန်နေကြတယ်၊ အခုဆို ခလောက်ခနီစခန်းမှာ အမျိုးသမီးနဲ့ ခလေး စုစုပေါင်း ၂၁၄ ဦး၊ ဖလဲ့ဒွန်းဖိုက်ရွာမှာတော့ အယောက် ၂၀၀ နီးပါးတော့ ကျန်နေသေးတယ်၊ ပြန်တဲ့သူတွေကတော့ သူတို့ ရွာမှာကျန်ခဲ့တဲ့ အိမ်ခြံတွေကို စိတ်ပူလို့ပြန်သွားတာ” ဟု ၄င်းက ဆက်ပြောသည်။

ယခုကျန်ရှိနေသည့် ဒုက္ခသည်များမှာ နေရပ်သို့ ပြန်သွားပြီးမှ စစ်သံကြားရမည်ကို စိုးရိမ်နေသောကြောင့် ခလောက်ခနီဒုက္ခသည်စခန်းမှာသာ အခြေအနေကိုစောင့်ကြည့်ရန် တောင်တင်နေကြသည်။

“ပြန်သွားပြီးမှ သေနတ်သံတွေ ကြားနေရမှာဆိုးလို့ ဒီမှာခဏ စောင့်ဆိုင်းနေတာပါ၊ အကုန်းလုံးအေးချမ်းသွားမှ ပြန်မယ်” ဟု ခလောက်ခနီ စာသင်ကျောင်းတွင် ခေတ္တနားခိုနေသည့် အဖွားအို တစ်ဦးက ပြောသည်။

၎င်းဒုက္ခသည်များ စားသောက်ရန်အတွက် ဆန်ကို ကူညီထောက်ပံ့ပေးနေသည့် TBBC အဖွဲ့တို့ကလည်း ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီဟု မွန်ကယ်ဆယ်ရေးအဖွဲ့မှ ကော်မတီဝင်က ပြောသည်။

“TBBC က တစ်နေ့ကို ဆန် ၅ အိတ်လှူပေးတယ်၊ ဒါပေမယ့် ဒီလ ၆ ရက်နေ့က သူတို့ရဲ့ ထောက်ပံ့မှုကို ရပ်လိုက်ပြီးလို့ ကျမတို့ကို ပြောတယ်၊ ကျမတို့ အနေနဲ့ ပြန်တောင်းခံထားတာ အခု ဒီလ ၈၊ ၉၊ ၁၀ ရက်အတွက်ကို ပြန်ပေးထားတယ်၊ လူလည်းနည်းသွားပြီးဆိုတော့ စားသောက်ဖို့က အဆင်ပြေသွားမှာပါ၊ ဘာကြောင့် သူတို့ထောက်ပံ့မှုတွေ ရပ်လိုက်တာတော့ မသိဘူး” ဟု ၄င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီမှ ပြည်သူစစ်အသွင်ပြောင်းရန် လက်မခံကြောင်းကို စစ်အစိုးရအာ အကြောင်းပြန်ထားပြီးဖြစ်သည်။ ပါတီက စစ်အစိုးရ၏ကမ်းလှမ်းချက်ကို လက်မခံပါက ၁၉၉၅ ခုနှစ်နောက်ပိုင်း အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ဟု ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ဧပြ႘လ ၇ ရက်နေ့မှာ ပြောကြားထားသော်လည်း ယခုအချိန်အထိ ထူးခြားမှုမရှိသေးပါ။ ထို့ကြောင့် ဒုက္ခသည်များ မိမိနေရပ်သို့ လှည့်ပြန်နေကြခြင်းဖြစ်သည်။