Pages

Subscribe

Tuesday 27 April 2010

ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နိုင်ဖွယ်ရှိ

မိကျလွန်းထော စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့်သတင်းကြောင့် နေအိမ်စွန့်ခွာပြီး...

ဘုရားသုံဆူမြို့တွင် သောက်သုံးရေရှားပါး ပြတ်လတ်မှုဖြစ်ပေါ်နေ

မင်းတော်လဝီရာသီဥတုပူပြင်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင်...

ပြည်တွင်းစစ်သစ်နှင့် တိုင်းရင်းသားပြည်သူများ၏ ဒုက္ခ

"ကျန်တော်တို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းချင်လို့...

စာပေစိစစ်ရေး ဗိုလ်မှူးတင့်ဆွေ ရာထူးတိုး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ စာပေစိစစ်ရေးဌာန အကြီးအကဲ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေကို ရာထူးတိုးမြှင့် ...

ပြည်ပတင်နိုင်သော သီးနှံများ စိုက်ပျိုးရန် လိုအပ်ဟု ဝ' ပါတီ ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဘိန်းအစားထိုးသီးနှံစီမံကိန်း အောင်မြင်မှု မရသော ဝ' နယ်မြေတွင် ပြည်ပဈေးကွက်ကို အားထားသော သီးနှံများစိုက်ပျိုးရန် လို ...

ဥရောပသမဂ္ဂ ပိတ်ဆို့အရေးယူမှု ဦးဝင်းတင်ကြိုဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ပိတ်ဆို့အရေးယူဒဏ်ခတ်မှုကို တနှစ်ထပ်တိုးလိုက်ခြင်းအား ကြိုဆို သော်လည်း အားမရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ...

ပခုက္ကူလေပြင်း အိမ်များ ပျက်စီး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ပခုက္ကူမြို့တွင် ယမန်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိခဲ့သလို လူအသေအပျောက်ရှိခဲ့သည်ဟု ဒေသခံများက ...

လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး

နှောင်းလှိုင်/ ၂၇ ဧပြီ ၂၀၁၀။
ကရင်နီပြည် လွိုင်ကော်မြို့ (သီရိဒေါ) နာရီစင်အောက်မှ ရဲစခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်၌ ဗုံးတလုံး ပေါက်ကွဲ၍ လူတဦး သေဆုံးသွားခဲ့သည်ဟု မြို့ခံတဦးက ပြောသည်။

တောင်ဈေးထဲ၌ ဗုံးထောင်ရန် ကြိုးစားနေသူ လူ ၂ ဦးကို ရဲများက ရိပ်မိသွား၍ ဖမ်းဆီးရမိကာ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး၊ ဖမ်းမိသော ထိုလူနှစ်ဦးအနက် တဦးမှာ ၎င်းနှင့်အတူ ဗုံးတလုံး ပါလာသေးသောကြောင့် ရဲစခန်း၌ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“လွိုင်ကော်မှာ တခါမှ မဖြစ်ဖူးဘူး။ စောစောက နေ့လည် ၁၀း၃၀ လောက်မှာ လူနှစ်ယောက်ကို တောင်ဈေးထဲမှာ မိုင်းထောင်ဖို့ လုပ်နေ တော့ ရဲတွေက မိသွားတယ်။ အဲဒါ အဲဒီလူကို ရဲစခန်းခေါ်သွားတော့ သူ့ဆီမှာ ဗုံးတလုံး ပါသေးတော့ ရဲစခန်းမှာ ကွဲသွားတယ်တဲ့။ ဘယ်နှစ်ယောက် သေလဲတော့ မသိဘူး” ဟု လွိုင်ကော်မြို့ခံက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ၎င်းနှင့်အတူ ပါလာသော ဗုံးပိုင်ရှင်တဦးမှာ သေဆုံးသွားသော်လည်း သူ့အဖော်တဦးက ပြန်လည်ထွက်ပြေး လွတ်မြောက်ကြောင်း၊ အခြားသူများ မည်မျှ ထိခိုက်ဒဏ်ရာ ရရှိသည်ကို အတိအကျ မသိရှိရသေးကြောင်း ဆိုသည်။

လွိုင်ကော်မြို့ခံတဦးက “တစ်ယောက်က သေသွားတယ်။ တစ်ယောက်က လွတ်သွားတယ်လို့ ပြောတယ်။ အခုထိ သွားတာက ရဲတွေပဲ။ ရဲစခန်းမှာဆိုတော့ ဘယ်နှစ်ယောက်လဲ မသိသေးဘူး” ဟု ပြောပါသည်။

ဗုံးပေါက်ကွဲပြီးနောက် အခင်း ဖြစ်ပွားသည့် လွိုင်ကော်မြို့ ရဲစခန်းသည် ယခုလောလောဆယ်တွင် ယာယီပိတ်ထားကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၉ ပါးသီလ စောင့်ထိန်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၉ ပါးသီလ စောင့်ထိန်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ၉ ပါးသီလကိုခံယူ ဆောက်တည်ခြင်းသည် အဓိကအားဖြင့် ယတြာ ချေခြင်း ဖြစ်ကြောင်း  သံဃာတော်များက ဆိုသည်။
ဝန်ကြီးချုပ် သိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ နိုင်ငံရေးပါတီ ထောင်ပြီ

ဝန်ကြီးချုပ် သိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ နိုင်ငံရေးပါတီ ထောင်ပြီ

စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့)ကို လာမည့်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့် သောကြာနေ့က နိုင်ငံရေးပါတီ အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့လုပ်ငန်း ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းရန် ERI တောင်းဆို

ရတနာ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေးတွင် မြန်မာစစ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နေသော နိုင်ငံခြား ကုမ္ပဏီ များ၏ ငွေပေးချေမှု ဘဏ္ဍာရေးဆိုင်ရာများကို လူသိရှင်ကြား ထုတ်ဖော်ကြေညာပေးရန် Earth Right International(ERI)အဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။

သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံးကွဲ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ယနေ့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားရာ အနည်းဆုံး ၄ ဦးခန့် ဒဏ်ရာရကြောင်း သိရသည်။

ဥရောပက စစ်အစိုးရကို ပိတ်ဆို့မှု တနှစ်ထပ်တိုး

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကို လာမည့်နှစ် ဧပြီလအထိ သက်တမ်းတနှစ် ထပ်မံတိုးလိုက်ကြောင်း ဥရောပသမဂ္ဂက  တနင်္လာနေ့တွင် ကြေညာလိုက်သည်။

ရခိုင်ပြည်နယ်မှ ကျွဲနွားများ ဘင်္ဂလားဒေ့ရှ်သို့ ခိုးထုတ်နေ

ရခိုင်ပြည်နယ်အတွင်းမှ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ နွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တရားမ၀င် တင်ပို့ရောင်းချမှု မြင့်မား နေသောကြောင့် ထိုဒေသတွင် ကျွဲ၊ နွားရှားပါးနေကြောင်း သိရသည်။

ဗုံး ဒဏ်ရာရ စစ်ဒေသမှူး စင်္ကာပူတွင် ဆေးကု

ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2Oမဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သည့် အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုသည်   စင်္ကာပူနိုင်ငံ သို့ သွားရောက်ဆေးကုသ နေရကြောင်းသိရသည်။