Pages

Subscribe

Monday 26 May 2008

ကြားဖြတ်သတင်း

ကြားဖြတ်သတင်း

ကိုမျိုးချစ်

ကျနော့်အဖွဲ့တချို့ သမီးလှကျွန်း နဲ့ ဟိုင်းကြီးကျွန်းဘက်ကို သွားဖို့ ကြိုးစားကြပါတယ်၊ အဓိက ကတော့ သမီးလှကျွန်းမှာ မိကျောင်းမွေမြူရေးစခန်းနဲ့ ဒီရေတောထိန်းသိန်းရေးစိုက်ခင်းတွေထဲက အပျက်အစီးတွေရှိနေတယ်ဆိုတာကိုသွားကြည့်ရင်းသတင်းယူဘို့ပါ။
သမီးလှကျွန်းပေါ်က မိကျောင်းမွေးမြူရေးစခန်း မိကျောင်းကန်က မိကျောင်းတွေအကုန်လွတ်သွားတယ်၊ အခုမှ အထက်(ဘိုကလေးဘက်က)မျောပါလာတဲ့လူသေအလောင်းတွေဟာ သမီးလှကျွန်းသောင်စပ်တွေမှာ လာတင်နေတယ်လို့ ပြောပါတယ်၊ တချို့တွေဆို ဆံပင်တောင်မရှိတော့ပါဘူး ဗိုက်ကြီးသည် အမျိုးသမီးအလောင်းတစ်လောင်းလဲ ပါတာတွေ့ရပါတယ်၊ သမီးလှကျွန်းပတ်ဝန်းကျင်ကို ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေ ကျနော့်ဆီကိုရောက်နေပါပြီ၊ ကျနော် အခြေအနေကြည့်ပြီးဆက်ပို့ပေးပါမယ်။
ဘာတွေတွေ့ခဲ့ကြားခဲ့ရသလဲဆိုတော့ ဟိုင်းကြီးကျွန်းဘက်ကို မဟာနိတ်တပ်ဖွဲ့တွေကမ်းတက်တိုက်ခိုက်လာနိုင်တယ်ဆိုတာ ကြိုတင်တွက်ဆထားတာရှိလို့အဲဒီမှာရှိတဲ့ လေဘေးကယ်ဆယ်ရေးစခန်းတွေနေရာရွှေ့ပြောင်းပစ်ပြီး အရင် တပ်မ ၆၆ အပြင် တပ်မ ၅၅ ကိုပါ ကမ်းတက်ဝင်ရောက်လာတာရှိရင်ချေမှုန်းဘို့ ခံစစ်ကြောင်းပြင်ခိုင်းထားတာ လို့ သိရပါတယ်။
အခုလောလောဆယ် မော်တင်စွန်းဘုရားဟာလဲ နာဂစ်နဲ့ အတူ ပျောက်ကွယ်သွားတယ် (ပျက်စီးသွားတာလဲ ဖြစ်နိုင်ပါတယ်) လို့သိရပြီး ဟိုင်းကြီးကျွန်းတောင်ဘက်နဲ့ အရှေ့ဘက် လေဘေးသင့်ရွာတွေမှာ တပ်တွေ နေရာချဘို့ ပြင်ဆင်နေပါတယ်။ လေဘေးသင့်ဒေသတွေမှာ ကတ္တရာလမ်းမတွေပျက်စီးကုန်တာကိုလဲ အမြန်ဆုံးပြီးအောင်ပြန်ပြင်နေကြပြီလို့ သိရပါတယ်။

မျိုးချစ်မိတ်ဆွေတစ်ဦး

ကိုမျိုးချစ် မှကူးယူတင်ပြသည်။

BBC Monday Evening News

Monday Evening
Burma
Referendum was held despite the country was severely hit by a cyclone

Burma says new constitution overwhelmingly approved

The Burmese state media announced that the constitution, which was drafted by Burmese government, was approved by 92.5 percent of voters in a referendum carried out in two phases - first on May 10 and then May 24 in the cyclone-hit areas of the Irrawaddy delta and Rangoon.

The ruling generals said that by the end of a referendum process on Saturday, more than nine voters in ten had backed a controversial new constitution.

They say the constitution will pave the way for a general election in 2010.

However, a spokesperson of the opposition NLD party, U Thein Nyunt, rejected the announcement as a 'mere joke'.


UN hopeful on Burma relief access

Only a quarter of the 2.4m affected have received help, the UN says
Only a quarter of the 2.4m affected have received help, the UN says

The United Nations says there are encouraging signs of better co-operation from Burma on cyclone relief.

Kathleen Cravero, who heads the UN's Development Programme (UNDP), said foreign aid workers were finding it easier to gain access.

The UN Secretary-General, Ban Ki-moon, earlier spoke of a more flexible attitude.


Five killed in Sri Lanka explosion

The injured were rushed to local hospitals for treatment
The injured were rushed to local hospitals for treatment

Military officials in Sri Lanka say at least seven people have been killed and more than sixty injured in an explosion on a train near the capital, Colombo.

They said the blast occurred in one of the compartments of the evening rush-hour commuter train at a suburban station.

Officials blamed the Tamil Tiger rebels for the blast.

There has been no comment from the Tigers yet.

Fighting has intensified in Sri Lanka since the breakdown of a ceasefire earlier this year.


Also in the news:

Burmese embessy in Bangkok
Fire blazed the Burmese embassy in Bangkok

-A fire broke out at the Burmese embassy building in Bangkok early on Monday but there have been no reports of death or injury.

- After five years under house arrest, legal experts said time is now due to release Burmese pro-democracy leader Daw Aung San Suu Kyi.

- More reports about vote rigging during the referendum, witnesses told the BBC Burmese Service.

- Relief for cyclone victims is under way but huge number of refugees said they have not got anything

သံဃာ့အစွမ်းကမ္ဘာလွှမ်းငြိမ်းအေးကြပါစေ


www.dhammadownload.info မှကူးယူတင်ပြသည်။

၂၅.၀၅.၀၈ နေ့ညချမ်းကာလ ၈း၀၀နာရီအချိန်မှစတင်၍စင်ကာပူနိုင်ငံဓမ္မဝိဟာရ(Eunos)ကျောင်းတွင် သီတဂူ ဆရာတော် ဦးညာဏိဿရ က နာဂစ်မုန်တိုင်း နှစ်ပတ်သတ်၍ကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည် တည် ဆောာက်ရေးလုပ်ငန်းများကို အကြောင်းပြု၍ တရား ရေအေး တိုက်ကျွေးခဲ့ပါသည်။ တရားနာ ပရိတ်ဿတ် ထောင်နဲ့ချီ၍တရားနာကြွရောက်လာခဲ့ကြပါသည်။

ဆရာတော်ဘုရားကြီးဟောကြားဆုံးမတော်မူခဲ့သည့်အကြောင်းအရာအချို့ကိုကောက်နုတ်တင်ပြလိုက်ပါသည်။

(၁)ရင်ဝမှာမျှားဒဏ်ရာနဲ့သူကိုအရင်ကယ်ပါ။
(၂)ခေါင်းမီးလောင်နေသည်ကိုအရင်ငြီမ်းသတ်ပါ။
(၃)လင်းတမျှော်နေသလိုဖြစ်နေ။


(၁) ရင်ဝမှာမျှားဒဏ်ရာနဲ့ သူကိုအရင်ကယ်ပါ အကြောင်းအရာနှင့်ပတ်သပ်၍ ရင်ဝမှာစူးနေသူကိုမျှားကို အရင် နှတ် ၍် ဆေးထည့်ပေးမှသာ အသက်ရှင်သန်နိုင်ပါမည်။ မျှားကိုမည်သူပစ်သည်၊ မည်သည့် အရပ်ကလာသည်၊ မျှားဤထိပ်ဖျားကို ပေရွက်ဖြင့် ပြူလုပ်သလား၊ ဝါးရွက်ဖြစ်ပြုလုပ်သလား၊ မျှားအမြီးကကော ငှက်တောင်ဖြစ်ပြုလုပ်သည်လားစူးစမ်းစစ်ဆေးနေရမည့် အချိန် မဟုတ် ကြောင်း အရင်လုပ်သင့်သည်ကို ဦးစွာလုပ်ရမည်ဖြစ်ကြောင်းဟောကြားဆုံးမခဲ့ပါသည်။

(၂) ခေါင်းမီးလောင်နေသည် ကို အရင်ငြီမ်းသတ်ပါ အကြောင်းအရာနှင့် ပတ်သင်၍လည်း အဖေကိုခေါ် အမေ ကိုခေါ် ဆွေမျိုးများခေါ် မီးသတ်ကိုခေါ်နေရမည့်အချိန် မဟုတ်ကြောင်းရေဖြင့်မီးကိုအရင်ငြိမ်းသတ်ရန် လိုအပ်ကြောင်း၊ သို့မှသာမီးလောင်ခံရသူ အသက်ချမ်းသာရာရမည် ဖြစ် ကြောင်း ကို လည်း ဟောကြားဆုံးမခဲ့ပါသည်။

(၃) လင်းတမျှော်နေသလိုဖြစ်နေ ဆိုသောအကြောင်းအရာနဲ့ပတ်သပ်၍လည်း ဆရာတော်မိန့် ကြားသည်မှာ လင်းတ များသည် အသိုက်တွင် အကောင်ပေါက်ပြီးလျှင်ကောင်းကင်သို့ပျံသွား၍လည်းကောင်း အသိုက် သို့မပြန်တော့၊ ရင်သွေးများ ကိုလည်း အစာမကျွေး၊ ရင်သွေးများမှာ လည်းမိခင်၊ ဖခင်အစာရှာပြန်အလာကို မျှော်ရင်းနဲ့ပဲ မိုးလင်းရပါတယ်။ထိုနည်းတူစွာပင်ဒုက္ခ သည်များနားခိုရာစခန်းများ အပေါ် မှပျံသန်းသွားသောရဟတ်ယာဉ်များပေါ်မှစားစရာ၊ဝတ်စ ရာာပစ္စည်းများ ချပေးလေမလားထင်မှားပြီး တ မျှော်နဲ့မိုးလင်းခဲ့ရတယ်လို.လင်းတနှင့်ရဟတ်ယာဉ်ကို ဥပမာပေးဟောကြားခဲ့ပါသည်၊

ထို့အပြင်ဆရာတော်ကြီးဦးဆောင်သောအဖွဲ့သည်ဘိုကလေးမြို့နယ်၊ကွမ်းသီးကုန်းကျေးရွာ၊ သီရဂူ ဆန်လှူအသင်းရုံးခန်းကို ယာယီစခန်း ဖွင့်၍ ကယ်ဆယ်ရေးလုပ်ငန်းများကိုလေးနေရာခွဲ ပြုလုပ်ကြောင်း၊ စစ်ကိုင်း သီရဂူဆေးရုံမှ ဆရာဝန်ကြီးများ၊ အာရှတော်ဝင်မှ ဆရာဝန်ကြီးများ၊ သူနာပြု များဖြင့် ထိုလေးနေရာတွင်ကုသကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေကြောင်းရှင်း လင်းဟောကြားခဲ့ပါသည်၊

ပြန်လည်နေရာချထရေးအတွက် သွတ်အချပ်ပေါင်းတစ်သိန်း၊အိုးခွက်ပန်းကန်အစုံ တစ်သိန်းကို စက်ရုံသို့ မှာထားကြောင်း ရှင်းလင်း ဟောကြားခဲ့ပါသည်၊

လပွတ္တာမြို့နယ်တွင် ဆရာတော်အရှင်ဆေကိန္န ဦးဆောင်သောအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင် နေကြောင်း ထည့်သွင်း မိန့်ကြားခဲ့ပါသည်၊

ဧရာဝတီတိုင်းနာဂစ်မုန်တိုင်းခံဒေသအတွင်းကယ်ဆယ်၊ကုသရေးလုပ်ငန်းများလုပ်ကိုင်နေ ကြသော သံဃာ တော်အရှင်သူမြတ်များနှင့် စေတနာရှင်များလုပ်ကိုင်နေသည်များကို ၀ိုင်းဝန်း ကူညီကြပါ လို့ တိုက်တွန်းနိုး ဆော် လိုက်ပါသည်၊

မြန်မာမျိုး
ကျေးဇူးပါ ပေးပို့ သူခင်ဗျာ။ ဗုဒ္ဓသရဏံ စီရံတိဌတုပါ။ ပြည်သူ့ လက်နဲ့ ပြည့်သူ့ အသက်ဆက်ရူံမှ လွဲတခြားမရှိတော့ပါ

အာဇာနည်ဘလော့မှကူးယူဖော်ပြသည်

ဗန်းမော်ထောင် အကျဉ်းသားများ ထွက်ပြေးနေ

မျိုးကြီး
တနင်္လာနေ့၊ မေလ 26 2008 20:42 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ကချင်ပြည်နယ် ဗန်းမော်ထောင်၌ နှစ်ရှည်ပြစ်ဒဏ်ကျ အကျဉ်းသား ၁၁ ဦးသည် ယခုလ ၂၄ ရက်နေ့က ထောင်စိုက်ပျိုးရေး အလုပ်စခန်းမှ ထွက်ပြေးရာ ၃ ဦးသည် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ယမန်နေ့ညပိုင်းက ရောက်လာသည်။

၉ မိုင်ခန့် ကွာဝေးသည့် ဗန်းမော်နှင့် မိုးမောက်မြို့ကြားရှိ မန်မုံကျေးရွာရှိ ထောင်စိုက်ပျိုးရေး အလုပ်စခန်းမှ ၂၄ ရက်နေ့ အလုပ်သိမ်းချိန်တွင် ထွက်ပြေးလာသည့် ၁၁ ဦးအနက် ရာဇဝတ် အကျဉ်းသား ဗန်းမော်မြို့သား ကိုသက်ပိုင်၊ ကိုအီးကျော်နှင့် ရွှေကူနယ်သား တဦးတို့သည် စခန်းနှင့် မိုင် ၈ဝ ဝန်းကျင်ခန့် အလှမ်းကွာသည့် လိုင်ဇာမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“မန်မုံ စိုက်ပျိုးရေး အလုပ်စခန်းကနေ ထွက်ပြေးလာတာ။ သူတို့အုပ်စုက ၁၁ ယောက် ပြေးကြတယ်။ အဲဒီအချိန်တုန်းက သံခြေကျင်းတွေ၊ ထောင်ဝတ်စုံတွေနဲ့ ပြေးကြတာပဲ။ အခု ဒီရောက်တော့ အရပ်ဝတ်တွေနဲ့ပါ။ ကြီးကြပ်တဲ့ တာဝန်ခံတွေကလည်း တယောက်ပဲ ထားတယ်။ သေနတ် မကိုင်ဘူးတဲ့။ လောက်စာလုံးနဲ့ ဂွပဲ ကိုင်တာလို့ သူတို့က ပြောပြတာပေါ့” ဟု အကျိုးအကြောင်း မေးမြန်းခွင့်ရခဲ့သူ လိုင်ဇာဒေသခံက မဇ္ဈိမကို ပြောသည်။

အခြား ၈ ဦးသည် သီးခြား လမ်းကြောင်းများအတိုင်း အုပ်စုခွဲ ထွက်ပြေးကာ အလုပ်စခန်းရှိ အကျဉ်းသား ကြီးကြပ်သူများက လိုက်လံ ဖမ်းဆီးခြင်းမပြုဘဲ မသိကျိုးကျွန် ပြုနေသောကြောင့် လွယ်ကူစွာ လွတ်မြောက်သွားခြင်း ဖြစ်သည်။

“စိုက်ပျိုးရေး စခန်းမှာထားတဲ့ အကျဉ်းသားတွေကျတော့ တရားလိုမရှိတဲ့ အကျဉ်းသားတွေကို ထားတယ်လို့ ပြောတယ်။ ဘိန်းမှုတို့၊ သစ်ခိုးမှုတို့လိုဟာမျိုးတွေ၊ နှစ်ရှည်အကျဉ်းသားတွေ။ အဲလိုဟာတွေ ထားတယ်။ သူတို့ရှေ့မှာလည်း အသုတ်လိုက် ထွက်ပြေးကြတယ်။ အဲဒီစခန်းကနေ ပြေးတဲ့သူ အားလုံးဆို အယောက် ၇ဝ ကျော်ပြီလို့ ပြောပြတယ်” ဟု သူက ပြောသည်။

ထွက်ပြေးသူ အကျဉ်းသား ၇ဝ အရေအတွက်နှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

ဗန်းမော်အကျဉ်းသား နှစ်ဦးသည် သစ်မှုနှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ကျခံနေရကာ ရွှေကူနယ်သားကမူ ဘိန်းဖြူမှုဖြင့် ပြစ်ဒဏ် ၇ နှစ် ကျခံနေရသူများ ဖြစ်သည်ဟု ထွက်ပြေးလာသူများနှင့် ယမန်နေ့ညက စကားပြောခွင့်ရခဲ့သူ လိုင်ဇာဒေသခံ ကိုမောင်မဲ ကလည်း ပြောသည်။

“၇ နှစ်သမားကတော့ လွတ်ဖို့ ၃ နှစ် လိုသေးတယ်။ ၁ဝ နှစ်သမား နှစ်ယောက်ကတော့ ထောင်ကျတာ ၁ နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

မကြာခဏ ဆိုသလို ဗန်းမော် အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်နေသည့်အပေါ် ထောင်အာဏာပိုင်များက တမင်လွှတ်ပေးသည့် သဘောမျိုး ဖြစ်နေသည်ဟု လိုင်ဇာ ဒေသခံများက သုံးသပ် ပြောဆိုကြသည်။

အကျဉ်းသားများ ထွက်ပြေးနေသည့် ကိစ္စကို အသေးစိတ် သိရန် ဗန်းမော်ထောင်သို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်မည့်သူမရှိ ဖြစ်နေသည်။

လေဘေးဒုက္ခသည်များကို ကူညီတဲ့ ကား ၇ဝ ကျော် ဖမ်းဆီးခံရ

ဖနိဒါ
တနင်္လာနေ့၊ မေလ 26 2008 19:24 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဧရာဝတီတိုင်းအတွင်း လေဘေး ဒုက္ခသည်များကို ကူညီပြီး ပြန်လာသည့် အလှူရှင်များ၏ ကားစီးရေ ၇ဝ ကျော်ကို ယမန်နေ့က ရန်ကုန်သို့ ပြန်အဝင်တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။

ရန်ကုန်သို့ ပြန်ဝင်လာသည့် ကားများကို ရဲမှူးကြီး လူလူဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာမြို့ ပန်းလှိုင် တံတားအနီးတွင် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ တညလုံး ဖမ်းဆီးနေခဲ့ခြင်း ဖြစ်သည်။

“တံတား ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အစီး ၅ဝ လောက် တန်းထားတယ်။ နောက် အင်းစိန် ဂျီတီအိုင် ဝင်းထဲမှာ ၂၂ စီး။ မနေ့ည ၈ နာရီကမှ ဖမ်းတာ။ အခု လောလောဆယ် ပြန်မပေးသေးဘူး၊ အခုထိပါပဲ။ ကားပိုင်ရှင်တွေကို ဒီနေ့ ခေါ်တယ်။ ကား ပြန်မပေးသေးဘူး” ဟု အန်အယ်ဒီ လူငယ်အဖွဲ့ (ဗဟို) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဖမ်းဆီးရခြင်းသည် ဥပဒေ ချိုးဖောက်ခြင်းကြောင့်ဟု ရဲများက ပြောဆိုသည့်အပြင် လှူဒါန်းလိုများသည် ရန်ကုန်တိုင်း ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒေးဒရဲမြို့ရှိ မြို့နယ် မယက အာဏာပိုင်များကို အကူအညီ တောင်းပြီးနောက် လှူဒါန်းရန်နှင့် လမ်းပေါ်သို့ ပစ်ချပေးခြင်းသည် အကျင့်စာရိတ္တ ပျက်ပြားစေသော စိတ်ဓာတ်များ ပေါ်ပေါက်ရန် နှိုးဆော်ပေးသည့်အတွက် ထိုကဲ့သို့ မလှူဒါန်းရန် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ကြေညာချက် ထုတ်ခဲ့သည်ဟု ဆိုသည်။

အနုပညာရှင် ကိုဇာဂနာက “ဒီလို လှူဒါန်းတာက ပြဿနာမရှိဘူး။ ဒါပေမဲ့ လမ်းလယ်ခေါင်မှာ ဟိုပစ်ပေး ဒီပစ်ပေး၊ နောက်ပြီး ပြဿနာတွေလည်း ဖြစ်တယ်ပေါ့လေ။ အဲလိုမျိုးကျတော့ လှူဒါန်းတာတွေက လှူရာမရောက်ဘူး။ နောက်တော့ နိုင်ငံတော်က စနစ်တကျ လုပ်တာကို အနှောင့်အယှက် ဖြစ်တယ်ပေါ့။ ဒုက္ခသည်တွေက စခန်းသွားဖို့ လုပ်တာကို သူတို့က စခန်းမသွားဘဲနဲ့ လမ်းပေါ်မှာပဲ လုပ်တာပေါ့လေ။ တချို့က အဲလိုရှိတယ်” ဟု ဖမ်းဆီးရာ၌ အကြောင်းပြပုံကို ပြန်ပြောပြသည်။

ကားများကို အင်းစိန် ရွာမရှိ ဂျီတီအိုင် ကျောင်းထဲတွင် ထားရှိကာ ကားပိုင်ရှင်များကို ယနေ့တွင် ထပ်မံခေါ်ထားကြောင်းနှင့် ယခု ဖမ်းဆီး နေသူများသည် ကျိုက္ကဆံ စစ်ကြောရေး စခန်းမှ စစ်တပ်နှင့် ရဲများဖြစ်ကြောင်း ကြားသိရသည်ဟု နာရေး ကူညီမှုအသင်းမှ ရုပ်ရှင်မင်းသား (ဦး) ကျော်သူက ပြောသည်။

“အများ ပြောနေတာက ကျိုက္ကဆံ စစ်ကြောရေးက ခေါ်သွားတယ်လို့ ပြောတယ်။ ရဲရော၊ စစ်တပ်ရော ပါမယ်ထင်တယ်။ ညဘက် ကားအစီး ၁ဝဝ လောက်ရှိမယ်။ မနေ့က ကား တော်တော်များတယ်၊ ကျနော်တို့ ကားတော့ အဖမ်းမခံရဘူး။ ဒီနားက သူတို့က အသင်းအဖွဲ့တော့ မဟုတ်ဘူးပေါ့နော်။ ဆန်တို့သွားလှူတာ ဟိုင်းလပ်စ် နှစ်စီးလည်း ကားရော လူရော အဖမ်းခံရတယ်။ လူကိုတော့ ညမိုးချုပ်မှ ပြန်လွှတ်လိုက်တယ်” ဟု ဦးကျော်သူက ပြောသည်။

သူက ဆက်ပြီး “နိုင်ငံတကာ လူကြီးတွေလည်း ရောက်နေတာကို အဲလို လုပ်နေတယ်ဆိုတော့ မကောင်းပါဘူး။ အကုန်လုံးက မြန်မာလူမျိုး မိသားစုတွေ။ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးကြတာကို အဲလိုကြီး ဖမ်းဆီးတာကတော့ မကောင်းပါဘူး။ ဒီနေ့ ကျနော်တို့ကို လာပြီး သတိပေးတာရှိတယ်။ ကားတွေကို အပြစ်ရှာတယ်ပေါ့လေ။ မီးလင်းလား၊ မီးမလင်းရင် ယာဉ်စည်းကမ်းနဲ့ ဖမ်းမယ်လို့ ပြောတယ်” ဟု ပြောသည်။

ထို့အပြင် ယနေ့တွင်လည်း ရန်ကုန်မှ ဝင်လာမည့် လေးဘေးကူညီရေး အလှူရှင်များ၏ ကားများကို ဒေးဒရဲ၊ မအူပင် ဂိတ်များတွင် အာဏာပိုင်များက တားဆီးထားသဖြင့် အလှူရှင်များက ကားနှင့် အစောင့် ထားခဲ့ကာ ပြန်လှည့်ရကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဒေါ်မြင့်မြင့်မူက ပြောသည်။

ယနေ့တွင် လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်တံတား အနီးတွင် လုံထိန်းများလည်း ချထားသည်။

ရန်ကုန် အလှူရှင်များ ကွန်ဖရင့်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 26 2008 19:03 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များ ကယ်ဆယ်ရေး အတွက် နိုင်ငံတကာ အလှူရှင်များ ကွန်ဖရင့်တရပ်ကို ရန်ကုန်မြို့တွင် တနင်္ဂနွေနေ့က ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၅ဝ ခန့်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ဤကွန်ဖရင့်သည် ကောလဟလများ၊ နိုင်ငံ ခြေပုန်းခုတ်မှုများ၏ နောက်ကွယ်တွင် ကျင်းပသွားခဲ့ခြင်း ဖြစ်သည်။

လူပေါင်း အနည်းဆုံး ၁၃၅ဝဝဝ သေဆုံး၍ လူပေါင်း ၂ သန်းကျော် အကူအညီများ လိုအပ် နေစေသည့် မေ ၂ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုံး မုန်တိုင်းအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေး မပါစေရန် လူသားချင်း ကယ်ဆယ် စောင့်ရှောက်သည့် အဖွဲ့အစည်းများ၊ မြန်မာအစိုးရနှင့် အခြားသူ အများအပြားက လူသိရှင်ကြား ပန်ကြား မေတ္တာရပ်ခံထားခဲ့သော်လည်း၊ ပဋိပက္ခများနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံအတွက် နိုင်ငံရေးမှာ အဓိက အကြောင်းအရာတရပ် ဖြစ်မြဲ ဖြစ်နေသည်။

အဓိက နိုင်ငံရေး ဖဲချပ်မှာ မေလ ၂၄ ရက်နေ့တွင် ထိန်းသိမ်းမှု သက်တမ်း ၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည့် ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်နေသည်။ တည်ဆဲ မြန်မာနိုင်ငံ၏ ဥပဒေအရ နိုင်ငံတော် လုံခြုံရေးအတွက်အန္တရာယ်ရှိသည် ဟူသော စွပ်စွဲချက်ဖြင့် နောက်ထပ် ဆက်လက် ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ပါ။

မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက်ကြည့်ရှုရန် သူမကို လွှတ်ပေးလိုက်ပြီ ဟု အတိုက်အခံ နိုင်ငံရေးသမားများနှင့် နီးစပ်သော သတင်းရပ်ကွက်တွင် ကောလဟာလများ ပျံ့နှံ့နေခဲ့သည်။ ဤသတင်းမှာ သတင်းမှားသာ ဖြစ်ကြောင်း နောက်ပိုင်းတွင် သိလာရသည်။ သို့သော် သူမထံသို့ အာဏာပိုင်များ စနေနေ့က သွားရောက်ခဲ့ကြောင်း၊ မည်သည့် အကြောင်းအရာများ ပြောဆို ဆွေးနွေးခဲ့သည်ကိုမူ မသိရသေးကြောင်းလည်း ဒေသခံ အတိုက်အခံ နိုင်ငံရေးပါတီနှင့် နီးစပ်သော သတင်းရပ်ကွက်က ယနေ့ ထုတ်ဖေါ် ပြောဆိုပါသည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲမှာ အနိုင်ရရှိသွားခဲ့ပြီး ဖြစ်သည်ဟု စစ်အစိုးရက ကြေညာသွားခဲ့ပြီ ဖြစ်ပြီး ယင်းကို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားရုံးတွင် ရင်ဆိုင်ခုခံ သွားမည်ဟု ဆိုထားပါသည်။ ဆန္ဒခံယူပွဲတွင် ဤသို့ အနိုင်ရရှိခဲ့ပုံရခြင်းကြောင့်သာ ဒေါ်ဆောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရ၏ ဆိုင်ကလုံး ကယ်ဆယ်ရေးမဟာ ဗျူဟာ အမှားအယွင်းများ ရှိခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံတကာ ဖိအားကြောင့် မဟုတ်ပါ။ ဤကိစ္စမှာ ပြည်တွင်း နိုင်ငံရေး ရှုခင်းမြင်ကွင်း အပြောင်းအလဲ သက်သက်ကြောင့် ပေါ်ထွက်လာခဲ့သည့် အရာသာ ဖြစ်ပါသည်။ ဆန္ဒခံယူပွဲသာ မပြီးသေးဟု ဆိုလျှင် အတိုက်အခံများ၏ ဥပဒေဘောင်အတွင်း နိုင်ငံရေးလုပ်ကွက် မှန်သမျှကို စစ်အစိုးရက တားဆီး ကန့်သတ်မှုများ လုပ်နေမည်သာ ဖြစ်သည်။ အကျိုးဆက် အဖြစ် မြန်မာ့ နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍမှာ ခိုင်မြဲသထက် ခိုင်မြဲလာမည်သာ ဖြစ်သည်။

ယနေ့ ကျင်းပသည့် နိုင်ငံတကာ ကယ်ဆယ်ရေး ကွန်ဖရင့်ကို တုံ့ပြန်သည့် အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က “ယေဘူယျကျသော ဒီမိုကရေစီ အပြောင်းအလဲများကို စစ်အစိုးရက မလုပ်သ၍ ထိရောက်သော နိုင်ငံတကာ အကူအညီများ ဖြစ်ပေါ်မလာနိုင်ပါ” ဟု ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။ ဤတရားဝင် ရပ်တည်ချက် သဘောထားသည် ဤသို့ တမျိုးသားလုံး အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် တကမ္ဘာစီ ခြားနေသော ဘက် ၂ ဘက်ကို နီးကပ်လာအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ ကုသသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကမူ အသက်ပေါင်းများစွာ ကယ်ဆယ်ရေးကိုသာ အာရုံထား လုပ်ဆောင်ကြရန်၊ ဤပြဿနာအပေါ် နိုင်ငံရေး မလုပ်ကြရန် သူ၏ အဖွင့်မိန့်ခွန်းတွင် မေတ္တာ ရပ်ခံသွားခဲ့သည်။

“ကျနော်တို့ အားလုံး အသက်ပေါင်းများစွာ ကယ်တင်ရေးနဲ့ မြန်မာနိုင်ငံကို ပြန်လည် တည်ဆောက်ရေးအတွက်သာ အခုအချိန်မှာ အာရုံ စိုက်သင့်ပါတယ်။ နိုင်ငံရေး ကိစ္စတွေကို မပြောကြပါနဲ့” ဟု မစ္စတာဘန်က ပြောကြားသွားခဲ့သည်။

“ကျနော် နိုင်ငံတကာ အသိုင်းအဝိုင်းကိုရော၊ မကြာခင်က တွ့ဆုံခဲ့တဲ့ မြန်မာ အာဏာပိုင်တွေကိုရော အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ကျနော်တို့ လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဟာ လူသားများကို ကယ်ဆယ် စောင့်ရှောက်ရေး ကိစ္စကြီးပါ” ဟု မစ္စတာဘန်က ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ဤအတောအတွင်း စစ်အစိုးရ၏ အုပ်စိုးမှုကို ရှည်ကြာစွာ ခုခံ ဆန့်ကျင်ခဲ့သူတို့ကလည်း ဤသဘာဝ ကပ်ဘေးကြီးအပြီး စစ်အစိုးရထံမှ ပိုမို အလျော့ပေး လိုက်လျောမှုများ ရရှိရန်သာ ကြိုးပန်း လုပ်ဆောင်နေခဲ့ကြသည်။ အသံအကျယ်ဆုံးမှာ အမေရိကန် ဖြစ်သည်။ အမေရိကန်သည် မိမိ၏ ရေတပ်ဖွဲ့ကို အခြားသော ရေတပ်ဖွဲ့များ ဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ် ရေတပ်ဖွဲ့များနှင့်အတူ ဆိုင်ကလုံး ကူညီရေးအတွက်ဟုဆိုကာ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် ရပ်နား စောင့်ဆိုင်းနေစေပြီး မုန်တိုင်းဒဏ်ခံ ဒေသများသို့ ခြွင်းချက်မရှိ ဝင်ရောက်ခွင့်ပေးရေး တောင်းဆိုလျက် ရှိသည်။ သို့သော် အနောက် နိုင်ငံတပ်များ မြန်မာ့မြေပေါ်တွင် တပ်စွဲချထားခွင့်ရရေး၊ တနည်းအားဖြင့် ကျူးကျော် ဝင်ရောက်ခွင့်ရရေးမှာ လက်ရှိအချိန်တွင် စိတ်ကူးယဉ်မျှသာ ဖြစ်ပေလိမ့်မည်။

ဆိုင်ကလုံး မုန်တိုင်းဒုက္ခသည်များ ကူညီရေးအတွက် သူတို့ နိုင်ငံအနေနှင့် အမေရိကန်ဒေါ်လာ သန်း ၂ဝ ပေးအပ်ရန် ကတိပြုပြီး ဖြစ်သည်ဟု အမေရိကန်က ကြွားလုံးထုတ်ခဲ့သည်။ သို့သော် ဤကွန်ဖရင့်တွင် ပေးအပ်ရန် ကတိပြုကြသော အကူအညီ ပမာဏ ကိန်းဂဏန်းမှာ ရှင်းရှင်းလင်းလင်း မရှိလှသေးပါ။ ယခုအထိ အမေရိကန်ဒေါ်လာ ၇၂.၅ သန်း ပေးအပ်ပြီး ဖြစ်သော ဥရောပသမဂ္ဂက နောက်ထပ် ၂၆.၈ သန်း ပေးအပ်ရန် ကတိပြုခဲ့သည်။ တရုတ်က စုစုပေါင်း ၁၁ သန်း၊ သြစတြေးလျားနှင့် ဖိလိပိုင်က ၂၄ သန်းနှင့် သန်း ၂ဝ အသီးသီးစီ၊ တောင်ကိုးရီးယားက ကနဦး ကတိပြုချက်ကို တိုးမြှင့်ကာ စုစုပေါင်း ၂.၅ သန်းပေးမည်ဟု အသီးသီး ကတိပြု သွားခဲ့ကြသည်။

မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသသို့ အကူအညီပေးရေး လုပ်သားများအားလုံး ဝင်ခွင့်ပေးမည်ဟု စစ်အစိုးရက ကြေညာခဲ့ခြင်းကို အစကတဲက မယုံသင်္ကာ ဖြစ်နေခဲ့သော နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ပထမဆုံး အတားအဆီးနှင့် ကြုံနေရပြီ ဖြစ်သည်။ အကူအညီပေးရေး လုပ်သားအားလုံး မိမိတို့ မည်သည့် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်မည်၊ မည်သည့်ပုံစံ လုပ်ထုံးလုပ်နည်းများနှင့် လုပ်မည်ကို သေချာစွာ ရှင်းလင်းဖေါ်ပြ၍ ဘန်ကောက်သံရုံးတွင် ပထမဆုံး ဗီဇာလျှောက်ထားရန် လိုသည်ဟု စစ်အစိုးရက သတ်မှတ်လိုက်သည်။

အပေါ်ယံအနေဖြင့် ကြည့်လျှင် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ကွန်ဖရင့်တွင် လုံခြုံရေး အစီအမံများကို လိုအပ်သလောက် တိုးမြှင့် ချထားသည်မှ လွဲ၍ ရန်ကုန်တွင် ထူးထူးခြားခြား လုံခြုံရေးအရ အသင့် တပ်လှန့်ထားခြင်းမျိုး မတွေ့ရပါ။ မကြာသေးခင်က ပြီးဆုံးသွားသည့် အရေးပါလှသော ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲနှင့် ယခု ကျင်းပသည့် နိုင်ငံတကာ အကူအညီပေးရေး ကွန်ဖရင့်တို့ ရှိနေခဲ့သော်လည်း ရန်ကုန်၏ အခြေအနေမှာ အေးအေးဆေးဆေးပင် ဖြစ်သည်။ သို့သော် မမြင်ရသော အောက်ခြေတွင်မူ ကယ်ဆယ်ရေး လုပ်ငန်းများ ၊ တိုင်းပြည်၏ နိုင်ငံရေး အလားလာတို့နှင့် ပတ်သက်၍ မကျေနပ်မှုများမှာ ကျယ်ကျယ်လောင်လောင်ပင် ကြားနေရဆဲ ဖြစ်သည်။

Storm Irrawaddy Song by Burmese Artists




မိုးမခသတင်းမှကူးယူဖော်ပြသည်။