Pages

Subscribe

Wednesday 14 July 2010

ကိုဇာဂနာ ၏ ဖခင် စာရေးဆရာ နန်းညွှန့် ဆွေ ကွယ်လွန်

ယခင်သီတင်းပတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ခေါင်းဆောင် များ လာရောက် တွေ့ ဆုံဂါရပြုခြင်း ခံရသည့် စာရေးဆရာ နန်းညွှန့် ဆွေPhoto : Freedom News Group

၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းဒဏ် ခံရသည့် ဒေသများ မှာ အတိဒုက္ခ ရောက်နေ သူများ ကို သွားရောက်ကူညီမှု ဖြင့် ထောင်ဒဏ်ချမှတ်ထား ခြင်းခံရသည့် လူရွှင်တော် ဇာဂနာ ဇာဂနာ ခေါ် ကိုသူရ၏ ဖခင် စာရေးဆရာ နန်းညွန့်ဆွေသည် အသက် ၈၇ နှစ် အရွယ်တွင် ရန်ကုန်တိုင်း ရန်ကင်း မြို့ နယ် နေအိမ်တွင် ယနေ့ ကွယ်လွန်သွားပြီ ဟု သတင်းရရှိသည်။

စာရေးဆရာ နှင့် ယဉ်ကျေးမှု သုတေသီ တစ်ဦးဖြစ် သည့် ဦးအောင်သိန်း ခေါ် စာရေးဆရာ နန်းညွှန့် ဆွေ သည် ယနေ့ ညနေ ၅ နာရီခန့် တွင် နေအိမ်ဉ် ရုတ်တစ်ရက် ဆုံးပါးသွားခြင်း ဖြစ်သည် ဟု မိသားစု ၀င်တစ်
ဦးက Freedom News Group သို့ ပြောသည်။

စာရေးဆရာ နန်းညွှန့် ဆွေ ကို ပဲခူးတိုင်း ပြည်မြို့ တွင် ၁၉၂၃ ခုနှစ်ဉ် မွေးဖွားခဲ့သည်။ဇနီးဖြစ်သူ သခင်မကြီး သခင် ဒေါ်လှကြည် ( စာရေးဆရာမ ကြည်ဦး) မှာ လည်း ၂၀၀၉ ခုနှစ် မတ်လ က အသက် ၈၃ နှစ် အရွယ်
တွင် ကွယ်လွန် ခဲ့သည်။

ကိုသူရ ခေါ် လူရွှင်တော် ဇာဂနာ မှာ ကချင်ပြည်နယ် မြစ်ကြီး နားထောင်တွင် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။ ဖခင် ဆုံးသွား သည့် သတင်း အား သားဖြစ် သူ သိရှိ နိုင်ရန် မြစ်ကြီးနား ထောင်သို့ 
ဆက်သွယ် သော် လည်းယခု သတင်း ရေးနေ ချိန် ညနေ ခြောက်နာရီ ခွဲ ထိ သတင်းမရှိ သေးဟု သိရသည်။

စာရေး ဆရာ နန်းညွှန့် ဆွေ ၏ ရုပ်ကလာဘ် အား နံနက်၁၁း၀၀နာရီမှာရေဝေးသုဿန်ဉ် သဂြိုလ်ရန် စီစဉ်ထားရှိသည် ဟု သိရသည်။

စာရေး ဆရာ နန်းညွှန့် ဆွေအား ယခင် သီတင်းပတ်က အမျိုးသား ဒီမိုကရေ စီအဖွဲ့ ချုပ်မှ ခေါင်းဆောင်များ
ဖြစ်သည့် သူရ ဦးတင်ဦး နှင့် ဦးဝင်းတင် တို့ က လာရောက် တွေ့ ဆုံ ဂါရ၀ ပြုခဲ့ကြသည်။

စာရေး ဆရာ နန်းညွှန့် ဆွေ ကွယ်လွန် အနိစ္စ ရောက် ခြင်း နှင့် ပတ်သက် ၍ ရုပ်ရှင် သရုပ်ဆောင် နှင့် နာရေး
ကူညီမှု အသင်း တည် ထောင် သူ ကို ကျော်သူက သူ၏ ပြန်လည် အသုံးပြု၍ ရပြီ ဖြစ်သည့် လူမှု ကွန်ယက် အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် Face Book တွင်

ယနေ့  ၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ )ညနေ
(၅း၀၀)နာရီမှာ.. ကျွန်တော်တို့ ရဲ့ ရဲဖော်ရဲဖက်၊သူငယ်ချင်း ဇာဂနာ ရဲ
့ဖခင်ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇
နှစ်)ကွယ်လွန်သွားရှာပြီဗျာ …….။

လေးစားဦးညွတ်လျက်….ကျော်သူ

ဟု ဂုဏ်ပြုရေးသား ထားသည်။

စာရေး ဆရာ နန်းညွှန့် ဆွေ ၏ ဘ၀မှတ်တမ်း (ခောတ်ပြိုင် အင်တာနက် စာမျက်နှာမှ)

ဆရာကြီးနန်းညွန့်ဆွေ၏ အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်ပြီး ၁၉၂၃ ခုနှစ်တွင် ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာရွာ၌ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့သည်။

ဆရာကြီးသည် ဆင်မြီးဆွဲမြို့ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း ပုတီးကုန်းမြို့ အထက်တန်းကျောင်းတို့တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်သို့ ဆင်းလာပြီး ဂျပန်ကျောင်းတက်ရင်း တရားရေးဝန်ကြီးဌာနတွင် စာရေးလုပ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေး ဖြစ်သောအခါ ဆင်မြီးဆွဲသို့ပြန်၍ အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

၁၉၄၈-၅၃ ခုနှစ်များအတွင်း ပထမပြန်ကြားရေးဌာန၊ ဒုတိယ ရုပ်ရှင်နှင့် ပြဇာတ်ဌာနခွဲတို့တွင် ပြဇာတ်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိ၊ ၁၉၅၃ ခုနှစ်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်တွင် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် မေတ္တာ တေးသံကဗျာများ၊ ၁၉၇၈ ခုနှစ်တွင် စာဆိုမာန် ကဗျာများ စာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းကြီး၊ ဦးကုလား ရာဇဝင်၊ ဆုံးမစာ ပေါင်းချုပ်ကြီး၊ မုဒုလက္ခဏာပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒီသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ် ထုတ်ဝေခဲ့သည်။

ဂီတဝါသနာရှင်တဦးဖြစ်၍ ခေတ်ဟောင်း၊ ခေတ်သစ်ဂီတ ဆောင်းပါးများ၊ အတ္ထုပ္ပတ္တိ စာအုပ်များကိုလည်း ရေးသား ပြုစုခဲ့သည်။ နိုင်ငံရေး သီချင်းများစာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်တမ်း၊ မြန်မာ့ယဉ်ကျေးမှု စာတမ်းများကို ရေးသားဖတ်ကြားခဲ့သည်။

မဟာဂီတသီချင်းအဖွင့် (ပထမပိုင်းနှင့် ဒုတိယပိုင်း) ကို ရေးသားခဲ့သည်။ မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်းကို ရေးခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း အမှုဆောင်နှင့် ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

မြန်မာစစ်တပ်မှ ရွာသားများကိုပေါ်တာဖမ်း

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်တွင် လှုပ်ရှားနေသော ခမရ((၄ဝ၉)တပ်ရင်း လှုပ်ရှားစစ် ကြောင်း(၂)မှ ဇူလိုင်လ (၁၂) ရက်နေ့တွင် ဒေသခံရွာသား (၆) ဦးအား ပေါ်တာအဖြစ် ဖမ်းဆီးသွားသည်ဟု ဒေသခံများမှ ပြောပါသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာအခြေချ စစ်ဗျူဟာရုံးသို့အသွားတွင် ဂျော်ပလုရွာသား (၃) ဦး ချောင်းဆုံရွာသား (၃)ဦး နှင့် တဒိန်ရွာသားနှစ်ဦးအား ဖမ်းဆီးသွားသည့်ဖြစ်စဉ်ကို ဒေသခံရွာသားတစ်ဦးမှ ယခုလိုပြောပါသည်။

“မြန်မာစစ်တပ်က အင်အား(၅ဝ) လောက်ပေါ့နော်။ သုံးဆူကနေအဆင်းမှာ ခြံထဲမှာ အလုပ်လုပ်နေတဲ့ ဂျော်ပလု ရွာသား (၃) ယောက်၊ ချောင်းဆုံရွာသား(၁)ယောက် တဒိန်ရွာသားနှစ်ယောက်ကို ဖမ်းခေါ်သွားတယ်” ဟုဒေသခံမှပြောပါသည်။

အဆိုပါဖမ်းဆီးထားသော ပေါ်တာ(၆)ဦးအနက်မှ ကျောက်ကွဲချောင်းဖျားအရောက်တွင် ပေါ်တာနှစ်ဦး ထွက်ပြေးလာခဲ့သည်။ အဆိုပါထွက်ပြေးသော ပေါ်တာအထမ်းသမား၏ဖြစ်စဉ်ကို တဒိန်ရွာသားတစ်ဦးမှ ယခုလိုပြောပါသည်။

“တဒိန်ရွာသား နှစ်ဦးကိုတော့ရှေ့ပွိုင့်သွားခိုင်းတယ်။ သဘောကတော့ တောထဲမှာကရင်စစ်သားတွေ တွေ့ရင်သူတို့ကိုအကြောင်းကြားပို့ပေါ့။ ကျန်တဲ့ပေါ်တာ(၄) ယောက်ကိုတော့ စစ်ပစ္စည်းတွေ ထမ်းခိုင်းတယ်။ တောထဲမှာ(၂)ညအိပ်ပြီး ကျောက်ကွဲချောင်းဖျားအနောက်မှာ ပေါ်တာနှစ်ဦးထွက်ပြေးလာတယ်။ ကျန်တဲ့(၄) ယောက်ကတော့ အခုထိစစ်ကြောင်းထဲမှာ ပါနေတုံးဘဲ။”

မြန်မာစစ်အစိုးရအနေနှင့် စစ်ကြောင်းထွက်ရာတွင်၎င်း၊ စစ်တပ်စခမ်းဆောက်လုပ်ရာတွင်၎င်း၊ ဒေသခံ ပြည်သူများကို အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုပြုနေဆဲဖြစ်သည်ဟု လူအခွင့်အရေးလေ့လာသူများမှ ဆိုပါ သည်။ မြန်မာစစ်အစိုးရနှင့် ILO ခေါ် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်မှ ဒေသခံပြည်သူများအပေါ် အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုများ ရှိပါက အရေးယူသွားရန် ဂတိခံဝန်ချုပ်လက်မှတ် ရေးထိုးထားသော်လည်း ယနေ့ အချိန်အထိကျူးလွန်နေဆဲဖြစ်သည်ဟု လူ့အခွင့်အရေးလေ့လာသူများမှပြောပါသည်။

ကောင်းဝါသတင်းထောက် ကိုသိုက် ရေးသားသည်။

ဝန်ကြီး စည်းရုံးရေးခရီးစဉ်တွင် ဂျာနယ်ဖတ်ရန် တိုက်တွန်းခဲ့

ပညာရေး ဒုဝန်ကြီး၏ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွင် The Voice ဂျာနယ်ဖတ်ရန် တိုက်တွန်းသွားပြီး အခြားစည်းရုံးမည့်ပါတီများကို မယုံကြရန် ပြောဆိုခဲ့ကြောင်း ကျောင်းသားတဦးက ပြောသည်။

ယခုလ (၈) ရက်နေ့က မိတ္ထီလာ စီပွားရေးတက္ကသိုလ်သို့ ပညာရေး ဒုဝန်ကြီး အောင်မျိုးမင်းရောက်ရှိကာ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးသင့်သည်ကို ပြောဆိုသွားခြင်း ဖြစ်သည်။

“ဝန်ကြီးက The Voice ဂျာနယ်ကိုဖတ်ကြပါလို့ တိုက်တွန်းတယ်၊ သူပြောတာက အခုလို တိုက်တွန်းပေမဲ့ သူထုတ်ဝေတဲ့ ဂျာနယ်မဟုတ်ဘူးပေါ့၊ ဂျာနယ်ကို လက်က ကိုင်ပြီး ထောင်ပြတယ်၊ မကြာခင်ဆိုရင် မြို့ရွာတွေမှာ ပါတီတွေလာပြီးတော့ စည်းရုံးရေး ဆင်းတော့မယ်၊ အဲဒါ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုရင် ပြောတိုင်း မယုံနဲ့၊ ပါတီတွေက ဆုံးဖြတ်ခွင့်ရှိမှာ မဟုတ်ဘူး၊ လွှတ်တော်ကဘဲ ဆုံးဖြတ်သွားမှာလို့ ပြောသွားတယ်” ဟု ကျောင်းသားတဦးက ပြောသည်။

ယင်းအစည်းအဝေးပွဲတွင် ကျောင်းသားများက လှောင်ပြောင်ရယ်မောခဲ့သည့်အတွက် ဝန်ကြီးက ပါမောက္ခချုပ်ကို အပြစ်တင်ပြောဆိုခဲ့ကြောင်း ၎င်းကျောင်းသားက ဆက်ပြောသည်။

“ပြောသွားတာ အရှည်ကြီးဘဲ၊ အဲဒီမှာ ကျောင်းသားတွေက အောင်မျိုးမင်း ပြောနေတုန်း တယောက်တပေါက် နောက်ပြောင်နေကြတာ၊ အစည်းအဝေးပြီးခါနီးမှာ အားလုံးလိုလို ဝိုင်းရယ်ကြတော့ ဝန်ကြီးလည်း တော်တော်စိတ်ဆိုးသွားတယ်၊ ပြီးတော့ ပါချုပ်ကို ငေါက်ငမ်းပြီး ထွက်သွားတယ်” ဟု ပြောသည်။

အဆိုပါ အစည်းအဝေးတက်ရောက်ရန်အတွက် မိတ္ထီလာ စီပွားရေးတက္ကသိုလ်မှ ကျောင်းသား/သူ၊ ဆရာ/မ (၃၀၀) ကို မဖြစ်မနေ တက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“တခန်းကို ကျောင်းသား (၁၀) ယောက် မတက်မနေရခေါ်တယ်၊ ဆရာ/မ၊ ကျောင်းသား/သူ အားလုံး ၃၀၀ လောက်တက်ရတာ၊ ကျောင်းသားကတော့ (၂၀၀) လောက်ရှိတယ်” ဟု ဆက်ပြောသည်။

ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ စစ်အစိုးရ ဝန်ကြီးများသည် သက်ဆိုင်ရာ၊ နေရာဒေသအလိုက် စည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်နေလျှက်ရှိပြီး သစ်တောဝန်ကြီး ဦးသိန်းအောင်သည်လည်း ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း ဝင်ရောက်ရွေးချယ်ခံရန် အစွမ်းကုန် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိသည်။

စစ်အစိုးရအား တရားစွဲခြင်းသည် တွေ့ဆုံဆွေးနွေးမှုကို လမ်းပိတ်ခြင်းမဟုတ်ဟု ဒေါ်စုပြောကြား

မြန်မာစစ်အစိုးရအား တရားစွဲဆိုနိုင်ရန် ဆက်လက်လုပ်ဆောင်ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမှ သွေဖည်သွားစေရန် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေးအတွက် အန်အယ်လ်ဒီက လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“နအဖကို တရားစွဲနိုင်ဖို့ တရားရုံးဆီ နောက်တကြိမ် အခုလို စာတင်ဖို့ ပြင်ဆင်နေတာဟာ နအဖနဲ့ အန်အယ်လ်ဒီအကြား ရင်ကြားစေ့ရေးအတွက် ဒိုင်ယာလော့ ပိတ်ပင်လိုက်တာ မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တခါးဖွင့်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာ ဖြစ်ပါတယ်” ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ၎င်း၏ရှေ့နေ ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားအတိုင်း ကျေပွန်စွာ ထမ်းဆောင်ခြင်းမရှိသည့် မြန်မာစစ်အစိုးရကို တရားစွဲဆိုနိုင်ရန် နောက်ထပ် ပြင်ဆင်နေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မှတ်ပုံတင်ပြီးသား ပါတီတခုအနေဖြင့် ဆက်လက်ရပ်တည်ခွင့်နှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တရားဥပဒေအရ ဆက်လက်ရပ်တည်ခွင့်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တရားရုံးချုပ်သို့ ပြီးခဲ့သည့် ဧပြီ (၂၉) ရက်တွင် တရားစွဲဆို လျှောက်တင်ခဲ့သည်။ ယင်းသို့ တရားစွဲဆိုမှု (၂) မှုစလုံးကို လုပ်ထုံးလုပ်နည်းများနှင့် မှန်ကန်မှုမရှိသည့်အတွက် လက်မခံကြောင်း တရားရုံးချုပ်က မေ (၅) ရက်တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပယ်ချခဲ့မှုကို တရားဥပဒေနှင့်မညီသည့်အတွက် ဆက်လက် တရားစွဲဆိုသွားရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “သွားတွေ့ရင် အမှုကိစ္စကလွဲပြီး ဘာမှ မပြောရဘူးလို့ နအဖက ကန့်သတ်လာတဲ့အပေါ် ကန့်ကွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က နို့တစ်စာကြမ်း ရေးခိုင်းထားတယ်။ အဲဒီစာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတည်ပြုချက် ရပြီးရင် အမြန်ဆုံး တင်သွားမှာပါ။ ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက နအဖကို တရားစွဲထားတဲ့ကိစ္စကို တရားရုံးက ပယ်ချတာဟာ တရားဥပဒေအရ လုပ်ခွင့်မရှိတဲ့အကြောင်း နောက်တကြိမ် တရားစွဲနိုင်ဖို့ နည်းစနစ်ကျကျ လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အခြားအကြောင်းအရာများ မဆွေးနွေးရန် ပိုမိုတင်းကျပ်သော ကန့်သတ်မှုများကို ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်တွင် စစ်အစိုးရ အာဏာပိုင်တို့က စတင်သတိပေးလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအကြား တွေ့ခွင့်ရရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။

“ပထမအကြိမ် တရားစွဲဆိုတုန်းက တရားရုံးက ငြင်းခွင့်မရှိဘူး။ ဒါနဲ့ပတ်သက်ပြီး အကြောင်းပြန်တာ မရှိသေးတော့ အခုတခါ နေပြည်တော်ဆီ စာရေးပြီး ဒီအမှုတွေကို ကြားနားပေးဖို့ တင်ပြတာ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အထူးအယူခံ လျှောက်လွှာ တင်နိုင်ရေးအတွက်လည်း ၎င်း၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က လွန်ခဲ့သော ဇူလိုင် (၁၃) ရက် နေ့လယ်ပိုင်း၌ (၂) နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အန်အယ်လ်ဒီသည် တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ကြောင်း ပြောကြားမှုအပေါ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များက တရားဥပဒေအရ တရားဆိုစွဲနိုင်ရန် ပြင်ဆင်နေကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

စာရေးဆရာကြီးနန်းညွန့်ဆွေ ကွယ်လွန်

စာရေးဆရာကြီးနန်းညွန့်ဆွေ (၈၇) နှစ်သည် ယနေ့ ညနေ (၅) နာရီတွင် ရန်ကင်းရှိ တိုက် (၂၁၆) အခန်း (၆) နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး မနက်ဖြန် (၁၁) နာရီတွင် အသုဘချမည်ဖြစ်ကြောင်း သိရသည်။

အိမ်နီးနားချင်းဖြစ်သည့် ဖုန်းဖြေကြားသူ မသုန်သုန်က “မနေ့ကဆို လမ်းတွေ ဘာတွေ လျှောက်သေးတယ်။ မနေ့ညက နည်းနည်းဖျားနေတော့ မနက်မှာ စကားသိပ်မပြောနိုင်ဘူး။ နောက်သူ့ဆရာဝန်ကိုပြတော့ ဆရာကြည့်သွားပြီ ညနေပိုင်းမှာ အိပ်နေတာ။ တခါနိုးလာပြီး ထမင်းမစားချင်ဘူး အိပ်ပဲအိပ်ချင်တယ်ပြောပြီး နောက် ညနေ (၅) နာရီကျတော့ ဆုံးသွားတာ” ဟု ပြောသည်။

ဆရာကြီးဆုံးပါးချိန်တွင် အနား၌ သားဖြစ်သူ ဦးတေဇရှိနေကြောင်း၊ ယခုဖုန်းဆက်ချိန်တွင် ဦးတေက မနက်ဖြန် နာရေးကိစ္စအတွက် စီစဉ်ဆောင်ရွက်ရန် လုပ်ဆောင်နေသည့်အတွက် နေအိမ်တွင်မရှိကြောင်း မသုန်သုန်က ပြောသည်။

ဆရာကြီးနန်းညွန့်ဆွေ၏ ဇနီးမှာ သခင်မ ဒေါ်လှကြည် (စာရေးဆရာမ ကြည်ဦး -ကွယ်လွန်) ဖြစ်ပြီး သားမောင်ဝဏ္ဏ၊ မောင်တေဇနှင့် မောင်သူရ (လူရွှင်တော် ဇာဂနာ) တို့ သုံးယောက်ရှိသည်။

မြစ်ကြီးနားထောင်တွင် ထိန်းသိမ်းခံနေရသည့် သားဖြစ်သူ ကိုဇာဂနာအား ဖခင်ဖြစ်သူ ဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်ကြောင်း အကြောင်းကြားရန် ဖုန်းအဆက်အသွယ်လုပ်နေကြောင်း ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။

၎င်းက “အခုထိတော့ ကျမ မြစ်ကြီးနားထောင်ကို အဆက်သွယ်လုပ်နေတာတော့ လုံးဝဖုန်းလိုင်းမကောင်းသေးဘူး။ မရသေးဘူး။ ကျမ မြစ်ကြီးနား သတင်းတပ်ဖွဲ့ကိုတော့ အကြောင်းကြားပြီးပါပြီ” ဟု ပြောသည်။

ဆရာကြီးနန်းညွန့်ဆွေ၏ အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်ပြီး ၁၉၂၃ ခုနှစ်တွင် ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာရွာ၌ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့သည်။

ဆရာကြီးသည် ဆင်မြီးဆွဲမြို့ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း ပုတီးကုန်းမြို့ အထက်တန်းကျောင်းတို့တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်သို့ ဆင်းလာပြီး ဂျပန်ကျောင်းတက်ရင်း တရားရေးဝန်ကြီးဌာနတွင် စာရေးလုပ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေး ဖြစ်သောအခါ ဆင်မြီးဆွဲသို့ပြန်၍ အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

၁၉၄၈-၅၃ ခုနှစ်များအတွင်း ပထမပြန်ကြားရေးဌာန၊ ဒုတိယ ရုပ်ရှင်နှင့် ပြဇာတ်ဌာနခွဲတို့တွင် ပြဇာတ်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိ၊ ၁၉၅၃ ခုနှစ်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်တွင် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် မေတ္တာ တေးသံကဗျာများ၊ ၁၉၇၈ ခုနှစ်တွင် စာဆိုမာန် ကဗျာများ စာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းကြီး၊ ဦးကုလား ရာဇဝင်၊ ဆုံးမစာ ပေါင်းချုပ်ကြီး၊ မုဒုလက္ခဏာပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒီသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ် ထုတ်ဝေခဲ့သည်။

ဂီတဝါသနာရှင်တဦးဖြစ်၍ ခေတ်ဟောင်း၊ ခေတ်သစ်ဂီတ ဆောင်းပါးများ၊ အတ္ထုပ္ပတ္တိ စာအုပ်များကိုလည်း ရေးသား ပြုစုခဲ့သည်။ နိုင်ငံရေး သီချင်းများစာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်တမ်း၊ မြန်မာ့ယဉ်ကျေးမှု စာတမ်းများကို ရေးသားဖတ်ကြားခဲ့သည်။

မဟာဂီတသီချင်းအဖွင့် (ပထမပိုင်းနှင့် ဒုတိယပိုင်း) ကို ရေးသားခဲ့သည်။ မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်းကို ရေးခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း အမှုဆောင်နှင့် ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ကြံ့ဖွံ့ပါတီသို့ အတင်းအဓမ္မ၀င်ခိုင်း

အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်းကို ကြံ့ဖွံ့ပါတီ ၀င်ခိုင်းနေပြီး ပါတီဝင်ရန် တဦးလျှင် ၀င်ကြေး (၁,၀၀၀) ကျပ်ပါ ပေးသွင်းရကြောင်း ရန်ကုန်မြို့ သတင်းရပ်ကွက်များမှ သိရသည်။

“ကျနော်တို့ တောင်ဥက္ကလာပ မြို့နယ်မှာတော့ တယောက်ကို (၁) ထောင်စီပေးရတယ်။ ပါတီဝင်ကြေးပေါ့။ ကျနော်က မ၀င်ချင်ဘူး၊ ဒါပေမယ့် ကျနော့်အဒေါ် ယောက်ျားက ကြံ့ခိုင်ရေးက မြို့နယ်စည်းရုံးရေးမှူးဆိုတော့ အဖေကလည်း ၀င်ခိုင်းတာနဲ့ ၀င်ရတာ။ ကျနော်စိတ်မ၀င်စားဘူး” ဟု ဒဂုံတက္ကသိုလ်မှ ပထမနှစ်ကျောင်းသားတဦးက ပြောသည်။

ထိုသို့ ပါတီဝင်ကြေးငွေ ပေးသွင်းရသော်လည်း ပါတီဝင်ကတ်ကို နောက်လတွင်မှ ထုတ်ပေးမည်ဟု ပြောဆိုကြောင်း ၎င်းက ပြောသည်။

လူမှုရေးအသင်းအဖြစ် သိထားကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ယခု ပါတီအသွင်ပြောင်းလိုက်သည့်အတွက် ပြည်သူများက ကြံ့ဖွံ့ကို ယခုအခါ အသင်းလား၊ ပါတီလားဟူ၍ မကွဲပြားကြဘဲ အယုံအကြည်မရှိကြကြောင်း၊ သို့သော် ကြံ့ဖွံ့သည် လက်ရှိအစိုးရ၏ အဖွဲ့ခွဲတခုဖြစ်သည်ကိုမူ အားလုံးက လက်ခံ ထားကြကြောင်း သိရသည်။

ရန်ကုန်မြို့ခံ ကုန်သည်တဦးက “ကျနော်တို့ကတော့ ကြံ့ဖွံ့ဘာလုပ်လုပ် နအဖပဲလေ။ အဲဒါက ကျနော်မှမဟုတ်ဘူး၊ လူတိုင်းသိတာပဲ။ ကြံ့ဖွံ့က ရွေးကောက်ပွဲမှာ ပါတီအနေနဲ့သာ ပါမယ်ပြောတာ၊ အခုထိလည်း ပါတီပါလို့ တရားဝင် မကြေညာဘူး။ နှစ်ပေါက်တပေါက် ရိုက်နေတာ” ဟု ပြောသည်။

ယခုတည်ထောင်လိုက်သည့် ကြံ့ဖွံ့ပါတီက ယခင်အသင်းသားများကိုပါ ပါတီဝင်အဖြစ် စည်းရုံးကာ အသင်းဝင်ကတ်အပြင် ပါတီဝင်ကတ်ပြောင်းပေးရန်လည်း စီစဉ်နေကြောင်း ရန်ကုန်တိုင်း ကြံ့ခိုင်ရေးအသင်းဝင်တဦးက ပြောသည်။

“ဒီလကုန်ရင်တော့ ပါတီကတ်တွေပေးတော့မယ်တဲ့၊ အခုတော့ ကျနော်တို့က အသင်းဝင်ကတ်ပဲ ရှိသေးတယ်။ ပါတီဝင်ကတ် ပြောင်းရမှာတဲ့ ပါတီဝင်ဖြစ်သွားလို့” ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင်ရှိသော မြို့နယ် (၄၅) မြို့နယ်လုံးတွင် ကြံ့ခိုင်ရေးက တပတ်လျှင် တကြိမ်စီ စည်းရုံးရေးဆင်းပြီး ပါတီဝင်များ ဖြစ်လာရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ကြံ့ခိုင်ရေးမှ အလုပ်အမှုဆောင်တဦးက ပြောသည်။

၎င်းက “စည်းရုံးရေးကတော့ အပတ်တိုင်းရှိတယ်။ မြို့နယ်တွေမှာကျတော့ ရပ်ကွက်လူကြီးတွေကိုပဲ ပါတီဝင်တွေ ရဖို့ကို မြို့တော်ဝန်ကပြောတယ်၊ ဖိအားပေးတယ် ဆိုပါတော့။ အဲဒီတော့ မြို့နယ်က ရယက၊ မယက စတာတွေလည်း အမုန်းခံပြီး စည်းရုံးကြတာပေါ့။ တကယ်တော့ စေတနာနဲ့ အသင်းဝင်တာ ပါတီဝင်တာတွေကတော့ ကြံ့ခိုင်ရေးဘ၀မှာ မရှိပါဘူး” ဟု ပြောသည်။

ကြံ့ခိုင်ရေးအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်ရှိ ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်များကို ဖြုတ်ချခဲ့သည်။ မကြာမီတွင် ပါတီ ရုံးခန်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

ရွေးကောက်ပွဲကြောင့် တက္ကသိုလ်တွင် တက်သုတ်ရိုက် စာသင်နေရ

ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်မည် ဖြစ်သောကြောင့် တက္ကသိုလ် စာမေးပွဲများ စောစစ်နိုင်ရန် သင်ခန်းစာများကို တက်သုတ်ရိုက် သင်ကြားနေရကြောင်း ဒဂုံတက္ကသိုလ်မှ သမိုင်းဘာသာရပ် နည်းပြဆရာမတဦးက ပြောသည်။

၎င်းက “ကျမတို့ အထက်ညွှန်ကြားချက်အရ သင်ခန်းစာတွေကို သြဂုတ်လဆန်းပိုင်း အပြီးသင်ရမယ်လို့ ဆိုတယ်။ ပုံမှန်အားဖြင့် စက်တင်ဘာလဆန်းအထိ သင်ပြီး စက်တင်ဘာလလယ်ဆို စာမေးပွဲတွေ စစ်တယ်။ ဘယ်တော့ စာမေးပွဲစစ်မယ်ဆိုတာ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ မရှိသေးပေမယ့် အကယ်၍ စာမေးပွဲ စောစစ်ခဲ့ရင် အဆင်သင့်ဖြစ်နေဖို့ သင်ခန်းစာတွေ အမြန်ပြီးစီးအောင် သင်နေရတယ်၊ ကလေးတွေကတော့ စာ သိပ်မလိုက်နိုင်ကြဘူးပေါ့” ဟု ပြောသည်။

အဆိုပါ တက္ကသိုလ်တွင် ရူပဗေဒဘာသာ အဓိကဖြင့် ဒုတိယနှစ် တက်နေသူ ကျောင်းသားတဦးကလည်း သင်ခန်းစာများကို အမြန်သင်နေကြောင်း၊ ဆရာများကိုယ်တိုင်က အတိအကျ မဟုတ်သော်လည်း ရွေးကောက်ပွဲကြောင့် စာမေးပွဲ စောစစ်နိုင်သည်ဟု သတင်းထွက်နေကြောင်း ပြောသည်။

မြန်မာနိုင်ငံတက္ကသိုလ် ပညာရေးစနစ်တွင် ဂျီတီစီဟုခေါ်သည့် နည်းပညာကောလိပ် တက္ကသိုလ်တို့သည် ပုံမှန်အားဖြင့် စက်တင်ဘာလဆန်းခန့်၌ အတန်းဆုံး စာမေးပွဲဖြေကြရသည်။

ဝိဇ္ဇာသိပ္ပံ ဘာသာတွဲ တက္ကသိုလ်တက်နေသည့် ကျောင်းသူကျောင်းသားများမှာ ပုံမှန်အားဖြင့် စက်တင်ဘာလလယ်နှင့် တတိယပတ်ခန့်တွင် အတန်းဆုံး စာမေးပွဲ ဖြေကြရပြီး အောက်တိုဘာ ပထမပတ်တွင် သိပ္ပံဘာသာတွဲနှင့် အဝေးသင် တက်ရောက်နေသည့် ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေဆိုကြရသည်။

နိုဝင်ဘာ နောက်ဆုံးပတ်တွင် ဝိဇ္ဇာဘာသာတွဲ အထူးပြု အဝေးသင်တက္ကသိုလ် ကျောင်းသားများ စာမေးပွဲ ဖြေကြရပြီး သမိုင်းအပါအဝင် အချို့ဘာသာရပ် ဖြေဆိုသူများမှာ ဒီဇင်ဘာ၌ စာမေးပွဲ ဖြေကြရသည်။

ပြီးခဲ့သည့် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားစဉ်က နေ့ကျောင်းများကို စာမေးပွဲ စောစစ်ခဲ့ပြီး အဝေးသင်တက္ကသိုလ်များကိုမူ နောက်ကျမှ စစ်ဆေးခဲ့ကာ အချို့ အဝေးသင်တက္ကသိုလ် စာမေးပွဲများကို ၂ဝဝ၈ ဇန်နဝါရီလကျမှ စစ်ဆေးနိုင်ခဲ့သည်။

တက္ကသိုလ်တို့တွင် သင်ခန်းစာပြီးဆုံးစေရန် စာတွန်းသင်နေသည့်အတွက် ရန်ကုန်မြို့မှ အငြိမ်းစား သမိုင်းနည်းပြ ဆရာတဦးက “မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဟာ သင်ရိုးက မြင့်နေပြီး ဆရာတွေရဲ့ သင်ကြားမှုနဲ့ ကျောင်းသားတွေရဲ့ တတ်မြောက်မှုက အလွန်နိမ့်နေတယ်။ နိုင်ငံတကာအဆင့်အတန်းနဲ့ နှိုင်းယှဉ်လို့ မရဘူး။ ဒီကြားထဲ ခုလို အာဏာပိုင်တွေက အကြောင်းတခုခု ပေါ်လာတိုင်း စာတွေ တွန်းသင်၊ ကျောင်းတွေ စောပိတ် လုပ်တာမျိုးကြောင့် ပညာသင်ကြားရေးကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေတယ်” ဟု ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပါတီများကို ဧပြီ (၂၈) ရက်နေ့က စတင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး အစောဆုံး မှတ်ပုံတင်ထားသည့်ပါတီ ဆိုလျှင် (၃) လနီးပါး ရောက်ပြီဖြစ်သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို ယနေ့တိုင် မကြေညာသေးပေ။

ရွေးကောက်ပွဲကော်မရှင်က ယင်းသို့ တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က မြန်မာစစ်အစိုးရသည် လာမည့်အောက်တိုဘာ (၁၀) ရက်တွင် ရွေးကောက်ပွဲ ကျင်းပပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြီးခဲ့သည့်ဇွန်လအတွင်း ၀ါရှင်တန်ဒီစီရှိ အထက်လွှတ်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အာရှအဖွဲ့ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် မျိုးဝင်းဇော် ရေးသားသည်။

ဧည့်နိုင်ငံသားနှင့် နိုင်ငံသား (ပြု) ကတ်များ တရုတ်လူမျိုးများကို ထုတ်ပေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ တရုတ်လူမျိုးများအား ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲထည့်နိုင်ခွင့်ရရှိရန် ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရကတ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲဆွယ်သည့်အနေဖြင့် ပြုလုပ်ပေးနေသည်။

ကြံ့ဖွံ့ဗဟိုခေါင်းဆောင်တဦးလည်းဖြစ်သူ ပြည်ထဲရေး ဒု-ဝန်ကြီး ဦးဘုန်းဆွေ၏ ဆွေးမျိုးတော်စပ်သူ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ နေအိမ်တခုတွင် တရုတ်လူမျိုးများအား ယမန်နေ့မှစ၍ ပြုလုပ်ပေးနေကြောင်း မိုးကောင်းမြို့ခံတဦးက ပြောသည်။

၎င်းက “FRC (Foreigner Registration Certificate) ကိုင်ထားတဲ့ မြန်မာပြည်ပေါက် တရုတ်တွေကို လုပ်ပေးတာ။ အခုက ဒုတိယအကြိမ်လုပ်တာပေါ့။ လာမယ့်သောကြာနေ့အထိ လုပ်မယ်လို့ ပြောတယ်။ ပထမ တကြိမ်တုန်းက ဖောင်ဖြည့်ပြီးတဲ့ သူတွေက ဧည့်နိုင်ငံသားကတ်တို့၊ နိုင်ငံသား (ပြု) ကတ်တွေရပြီ။ တရုတ်တွေက အများကြီးရှိတာ။ အသက် (၁၈) နှစ်ပြည့်ပြီး မဲထည့်နိုင်တဲ့ တရုတ်တွေ ရာချီ၊ ထောင်ချီရှိတယ်။ အဲဒီ မဲတွေ ကြံ့ဖွံ့ ရနိုင်တာပေါ့” ဟု ပြောသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ အဆိုပါနေအိမ်တွင် တရုတ်လူမျိုးများအား ဧည့်နိုင်ငံသားကတ်နှင့် နိုင်ငံသားပြုခွင့်ရကတ်များ ထုတ်ပေးရန်အတွက် ကိုယ်ရေးအချက်အလက်အပါအဝင် မိသားစု၊ ဆွေမျိုးသားချင်းတို့၏ အချက်အလက်ဖောင်များ ကောက်ယူခဲ့ပြီးဖြစ်သည်။ ထိုအချိန်က ဖောင်များ ကုန်သွားသဖြင့် မလုပ်လိုက်ရဘဲ ကျန်နေသည့်သူများအား ယခု ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း မိုးကောင်းမြို့ခံတဦးက ပြောသည်။

မြန်မာပြည်ပေါက် တရုတ်များသည် FRC လက်မှတ်များ ကိုင်ဆောင်ခွင့်ရပြီး နိုင်ငံတော်သို့ နှစ်စဉ် အခွန်ဆောင်နေရသည်။ ၎င်းတို့သည် မဆလခေတ် မဲဆန္ဒပေးပွဲများနှင့် ၁၉၉ဝ ရွေးကောက်ပွဲတို့တွင် မဲပေးပိုင်ခွင့်မရှိခဲ့ဘဲ ယခု ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် အခွင့်အရေး ရရှိလာခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ တရုတ်အမျိုးသားတဦးက ပြောသည်။

နအဖ၏ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်များရှိလျှင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။

ပြည်တွင်းတွင် ဗိုင်းရပ်စ်ဖျက် စီဒီချပ်များ အရောင်းသွက်

ကွန်ပျူတာတွင်းရှိ အချက်အလက်များ ပျက်စီးဆုံးရှုံးသည်အထိ တိုက်ခိုက်နေသည့် ဗိုင်းရပ်စ်အသစ်များ ယခုရက်ပိုင်းတွင် ဆက်တိုက် ပေါ်ထွက်လာသောကြောင့် အင်တာနက် သုံးစွဲနိုင်မှု ကန့်သတ်ထားသည့် ပြည်တွင်း၌ အဆိုပါဗိုင်းရပ်စ် ဖျက်ပေးသည့် Anti-Virus Software စီဒီများ ရောင်းအားသွက်လျက်ရှိကြောင်း သိရသည်။

“အခုတလော ဗိုင်းရပ်စ်တွေ သောင်းကျန်းနေတော့ ဒီဗိုင်းရပ်စ်တွေကို ဖျက်ဖို့ Software တွေ အတော်ရောင်းကောင်းတယ်။ အင်တာနက်ဆိုင်တိုင်းမှာ ဒီ Software တွေကို ကျပ် (၅၀၀)၊ (၆၀၀) အဲဒီလို ရောင်းတာ။ ဒီလဆန်းပိုင်းကစပြီး ကျနော်တို့ဆိုင်မှာ စီဒီအချပ်ပေါင်း (၂၀၀) ကျော် ရောင်းခဲ့ရတယ်။ တခါမှ ဒီလို မဖြစ်ခဲ့ဖူးဘူး” ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင် ဝန်ထမ်းတဦးက ပြောသည်။

ဇူလိုင် (၁) ရက်မှ စ၍ ကွန်ပျူတာ Data များကို ပျက်စီးစေသည့် Worn အမျိုးအစား ဗိုင်းရပ်စ်များသည် ပြည်တွင်း၌ လျင်မြန်စွာ ပျံ့နှံ့နေသဖြင့် လုပ်ငန်းလည်ပတ်မှု နှောင့်နှေးစေကာ အင်တာနက်ဆိုင်အချို့လည်း ဆုံးရှုံးမှုအနည်းငယ် ရှိနေကြောင်း သိရသည်။

ကွန်ပျူတာ ဝန်ဆောင်မှုပေးနေသူ ရန်ကုန်မြို့မှ ကိုသိန်းဝင်းဇော်က “ကျနော်တို့ပြည်တွင်းမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တခုခုဖြစ်ရင် အင်တာနက်ကို အားကိုးလို့မရတော့ စီဒီအခွေတွေက အရေးပါနေတာပေါ့။ အခု ပျံ့နေတဲ့ ဗိုင်းရပ်စ်တွေက အီးမေးလ်၊ ချက်တင်၊ ဖိုရမ်တွေကနေ ဝင်လာတာ။ နောက်ပြီး USB Drive ကနေလည်း ဝင်တယ်။ အင်တာနက်ပေါ်ကနေ Zip ဖိုင်၊ Rar ဖိုင်တွေနဲ့ နာမည်ကြီး မင်းသမီးတွေရဲ့ ဗွီဒီယိုဖိုင်တွေ ဆိုပြီး လူငယ်တွေကို ပစ်မှတ်ထားပြီး ဖြန့်နေတာဖြစ်တယ်” ဟု ရှင်းပြသည်။

မြန်မာ့ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် မကွေးအက်ဖ်စီ ဘောလုံးအသင်း၏ အမည်ကို အသုံးပြု၍ ရေးဆွဲထားသော မကွေးအက်ဖ်စီ ဗိုင်းရပ်စ်သည် ပြည်တွင်း ဟက်ကာများက ရည်ရွယ်ချက်ရှိရှိ ရေးဆွဲထားသော ဗိုင်းရပ်စ် ဖြစ်သည်ဟု ယူဆရပြီး အဆိုပါ ဗိုင်းရပ်စ်သည် ကွန်ပျူတာတခုလုံးကို ထိန်းချုပ်ထားနိုင်ကြောင်း ကိုသိန်းဝင်းဇော်က ပြောသည်။

၎င်းက “မကွေးအက်ဖ်စီ ဗိုင်းရပ်စ်ထိတဲ့ ကွန်ပျူတာဟာ လေးသွားတယ်။ သူဝင်မှန်း သိသာတာက Start Menu မှာ မကွေးအက်ဖ်စီ ဘောလုံးအသင်းရဲ့ Logo တံဆိပ်က နေရာယူလိုက်တယ်။ သူက exe ဖိုင် ဖြစ်နေတော့ vbs script တွေ အလုပ်မလုပ်တော့ဘူး။ ပိုဆိုးတာက Folder ထဲက ဖိုင်တွေကို သူ ဖျောက်လိုက်ပြီး exe ဖိုင်အနေနဲ့ အစားဝင်လာတယ်။ Program တွေ Run လို့မရဘူး။ သူ့ကို ဖျက်ပြီးသွားရင်လည်း ကွန်ပျူတာကို ပုံမှန်ပြန်ရဖို့ အများကြီး လုပ်ရသေးတယ်။ တော်တော်ဆိုးပါတယ်” ဟု ရှင်းပြသည်။

အင်တာနက် အခက်အခဲကြောင့် ယခင်ကတည်းက ရောင်းအားကောင်းနေသည့် Anti ဗိုင်းရပ်စ်ပရိုဂရမ်များအတွက် Update လုပ်ပေးသည့် စီဒီအချပ်များလည်း ယခုအခါ ရောင်းအားတက်လာကြောင်း မော်လမြိုင်ရှိ ကွန်ပျူတာ Software ရောင်းချသူတဦးက ပြောသည်။

၎င်းက “ဒီမော်လမြိုင်ဘက်မှာလည်း မကွေးအက်ဖ်စီ ဗိုင်းရပ်စ် ထိတာ များတယ်။ ဆိုင်ကိုပဲ လာပို့ကြတယ်။ ဗိုင်းရပ်စ် စီဒီတွေအပြင် Anti ဗိုင်းရပ်စ် Update စီဒီတွေ ရောင်းအား အရမ်းကောင်းလာတယ်။ အရင်က အဲဒီ စီဒီတစ်ချပ်ကို ကျပ် (၅၀၀)၊ အခု (၇၀၀) နဲ့ ရောင်းတယ်” ဟု ပြောသည်။

မကွေးအက်ဖ်စီ ဗိုင်းရပ်စ်ကို ဖယ်ရှားရန် MGY Virus Removal Tools စာသားဖြင့် အွန်လိုင်းမှတဆင့် ရှာဖွေရန် လွယ်ကူသော်လည်း လူသုံးများသည့် Facebook, Ning စသည့် ဆိုရှယ်ဝက်ဘ်ဆိုက် အသုံးပြုသူများအနေဖြင့် အချင်းချင်း မျှဝေသည့် ဖိုင်များအား Download ပြုလုပ်ရာတွင် သတိပြုရန် လိုအပ်ကြောင်းလည်း ကိုသိန်းဝင်းဇော်က ဆိုသည်။

ယင်းဗိုင်းရပ်စ်များ ပျံ့နှံ့ခဲ့မှုကြောင့် ပြည်တွင်း၌ ကွန်ပျူတာရှိ သတင်းအချက်အလက်များ ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာပို့စ် သတင်းဂျာနယ်က ဇူလိုင် (၁၃) ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ယခု ထွက်ပေါ်လာသည့် ဗိုင်းရပ်စ်များသည် ယခင်က ပေါ်ခဲ့ဖူးသည့် လွိုင်ကော်၊ သရက် ဗိုင်းရပ်စ်များနှင့် ဖျက်ပုံ ဆင်တူကြောင်း ပြည်တွင်းအိုင်တီလောကသားတို့က ခန့်မှန်းကြသည်။

မကွေးဗိုင်းရပ်စ်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းချက်ကို http://www.myanmaritmen.com/antivirus/mgy-virus (သို့မဟုတ်) http://slip-meepyatite.blogspot.com/2010/07/most-popular-virus-in-myanmar-family.html တို့တွင် လေ့လာနိုင်သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

စစ်အစိုးရကို NLD ထပ်မံ တရားစွဲမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နအဖ စစ်အစိုးရ အပေါ် တရားစွဲဆိုမှုကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပါတီ ပြောခွင့်ရ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ကျနော်တို့ မနေ့ နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီလောက် တွေ့ခွင့်ရတယ် ၊ ပါတီရဲ့ တရားဝင်ရပ်တည်ခွင့်အတွက် တရားရေးဆိုင်ရာကိစ္စရပ်တွေကို ဆက်လုပ်သွားဖို့ ၊ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအတွက်လည်း ဆွေးနွေးကြ တယ်"ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရန်ကုန်မြို့မှ NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)

ယမန်နေ့ မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ခြံဝင်း အတွင်း တွေ့ခွင့်ရစဉ် အဆိုပါ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD သည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံ မတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ တွင် ဆုံးဖြတ်ချက် ချခဲ့သည်။

ထို့နောက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်က NLD ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်း အပေါ်NLDပါတီက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဧပြီ ၂၉ ရက်တွင် တရားစွဲဆိုရာ ရန်ကုန်တိုင်းတရားရုံးက မေ ၅ ရက် နေ့တွင် ပယ်ချ ထားခဲ့သည်။

“သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ နဲ့ ၅၄ အရ နအဖကို ဆက်လက်တရားစွဲဖို့ လုပ်သွားမှာပါ။ ကျနော်တို့ နအဖကိုလည်း ဇွန်လ ၂၁ ရက်နေ့က နို့တစ်စာ ပေးထားပါတယ် ၊ နို့တစ်ပေးပြီး ရက်ပေါင်း ၆၀ ပြည့်ရင် သူတို့ဘက်က တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန် သည်ဖြစ်စေ တရားစွဲဆိုခွင့်ရှိပါတယ်။ ဒါ ဥပဒေအရ ၊ လိုအပ်ချက်အရ နို့တစ်ပေးတာပါ"ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

နအဖထံ ပေးပို့ခဲ့သည့် နို့တစ်စာတွင် NLD အနေဖြင့် ယခုကဲ့သို့ တရားစွဲဆိုမှုသည် အမျိုးသားရင်ကြားစေ့ရေးကို ပိတ်ဆို့လိုက်ခြင်း မဟုတ်ကြောင်း ၊ NLD သည် အမျိုးသားရင်ကြားစေ့ရေးအတွက် အမြဲအဆင့်သင့်ရှိနေကြောင်းကိုလည်း ထည့်သွင်းဖော်ပြ ခဲ့ကြောင်း သိရသည်။

ဧပြီ ၂၉ ရက် တရက်တည်းတွင်ပင် နအဖကို တရားစွဲသည့် အခြားအမှုတခုမှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက ၄င်းတို့ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည်ခွင့်ရှိကြောင်း အက်ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုခြင်းဖြစ်ပြီး ယင်းအမှုကိုလည်း တရားရုံးဝန်ထမ်းများက လက်ခံရန် ငြင်းဆန်ထားသည်။

အဆိုပါအမှုနှင့်စပ်လျဉ်း၍လည်း ဦးဉာဏ်ဝင်းက"အဲဒီအမှုအတွက်လည်း ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ဥပဒေ အကြောင်းအရ ပိုပြီးနည်းစနစ်ကျအောင် လုပ်နေပါတယ် ၊ ဥပဒေ အတိုင်းဆိုရင်တော့ ဒီအမှုတွေကို ကြားနာရမှာပါ"ဟု ပြော သည်။

ယမန်နေ့ က တွေ့ဆုံမှုတွင် ပါတီတရားဝင်ရပ်တည်ခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တရားဝင်မှုကိစ္စရပ်များအပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှုအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ရေကူး ၀င်ရောက်ခဲ့ပြီးနောက် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ထို့နောက် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ခဲ့ရာ ဒေါ်အောင်ဆန်း စုကြည် ၏ ရှေ့နေများက ပြစ်ဒဏ်ပြင်ဆင်ချက် တင်သွင်းခဲ့သော်လည်း ဗဟိုတရားရုံးချုပ်က ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပယ်ချ ခဲ့သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အတွက် အထူးအယူခံ အမှုကို မေ ၁၀ ရက်တွင် ဗဟိုတရားရုံးချုပ်သို့ ထပ်မံတင်သွင်းခဲ့သော်လည်း ယခုအထိ ရုံးချိန်းမရသေးကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။

မင်းသမီး ပန်းဖြူ ရည်းစားဟောင်းကို တရားစွဲ

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် ရန်ကုန်တိုင်း တရားရုံးတွင် တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။

ပန်းဖြူက “တရားစွဲတယ်ဆိုတာက သူနဲ့ ပန်းဖြူ လက်ထပ်ဖို့ ရည်ရွယ်ပြီးတော့မှ အတူ နေခဲ့ကြတယ်။ ပြီးတော့ သူက လက် ထပ် ဖို့ ပျက်ကွက်ပြီး လမ်းခွဲသွားပြီးနောက် သူက တော်တော်ကို မိုက်မိုက်ရိုင်းရိုင်းကို ပြောတယ်ပေါ့နော်။ အဲဒါကြောင့်လည်း တရားစွဲဖြစ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူ

ဦးဇော်ဝင်းရှိန်ကို ပုဒ်မ ၄၁၇ ဖြင့် ၂၀၀၉ ခုနှစ်က စတင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းအမှုကို ပယ်ချခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။

ဥပဒေ ပုဒ်မ ၄၁၇ သည် ငွေကြေး လိမ်လည်မှု၊ ပစ္စည်း လိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည် မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ရန်ကုန်တိုင်း တရားရုံးသို့ အမှုကို တင်ထားပြီး ကြာသပတေးနေ့တွင် အကြောင်းပြန်မည်ဖြစ်ကြောင်း၊ အကယ်၍ တိုင်းတရားရုံး က ပလပ်ခဲ့ပါက ဗဟိုတရားရုံးသို့ ဆက်လက် တက်ရောက်မည် ဖြစ်ကြောင်း ပန်းဖြူက ဆက်လက် ပြောဆိုသည်။

ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘ၀သို့ ရောက်ရှိ ခဲ့ကြောင်း၊ ယင်းအချိန်က ၂ ဦးစလုံးသည် လက်ရှိအခြေအနေကဲ့သို့ အောင်မြင်မှုကို မရရှိသေးသည့်အတွက် လက်ထပ်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်သည် ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း ၂၀၀၉ ခု နှစ် တွင် တာဝန်ယူခဲ့ဖူးသည်။ သို့သော် မြန်မာ နေရှင်နယ် လိဂ် မစမီ ၂၀၀၉ တွင်ပင် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သည်။

“ဒီအမှုကို ပြီးဆုံးအောင်လုပ်မှလည်း ကျခဲ့ရတဲ့ သိက္ခာတွေက အနည်းငယ် ပြန်တက်လာမှာပါ။ ဒီလိုမျိုး ဒီအတိုင်း ရပ်လိုက်ရင် သူတို့ပြောသလို ထင်သလိုကြီးက ဟုတ်တယ်ဆိုတာကြီး ဖြစ်သွားမှာ။ အဲဒီတော့ ပြီးဆုံးအောင် ဆက်လုပ်မှာပါ”ဟုလည်း ပန်းဖြူက ပြောသည်။

ယခုရက်ပိုင်းအတွင်း၌ အင်တာနက် အီးမေးလ်များမှတဆင့် ရုပ်ရှင် သရုပ်ဆောင် ပန်းဖြူ၊ ဦးဇော်ဝင်းရှိန် တို့နှင့် ပတ်သက် သော သတင်းများ ပျံ့နှံ့လျက် ရှိသည်။

အီးမေးလ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ တချို့သော အချက်အလက်များ မှန်ကန်မှုရှိသော်လည်း တချို့သော အချက်အလက်များမှာ မှားယွင်းနေကြောင်း ပန်းဖြူက ဆိုသည်။

“လျော်ကြေးပေးလည်း ယူမှာ မဟုတ်ပါဘူး။ သူ့ဘက်ကလည်း အဲဒါမျိုးတွေနဲ့ ညှိတာ ဘာညာလည်း မလုပ်ပါဘူး”ဟု ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်ကို ဤကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။

“တရား စစွဲတုန်းကလည်း မဖြစ်မနေမို့သာ စွဲလိုက်ရတာ။ အခုကျတော့ အဲသလိုမျိုး သတင်းတွေ အရမ်းပြန့်သွားတာ စိတ်ထဲ မှာ မကောင်းဘူးဖြစ်ရတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကိုယ့်ဘာသာ ကိုယ်မသိတော့ဘူး”ဟုလည်း ပန်းဖြူ က ပြောသည်။

၁၉၉၇ ခုနှစ်တွင် “အရိပ်” ရုပ်ရှင် ဇာတ်ကားဖြင့် ပန်းဖြူသည် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့ သည်။

ဧရာဝတီသတင်းထောက် ကိုထွေး ရေးသားသည်။

ဘက်ပြောင်း DKBA တပ်ဖွဲ့ဝင် မိသားစုများ နှိပ်စက်ခံရ

ကရင်အမျိုးသား အစည်းအရုံး (KNU) ထံသို့ ပူးပေါင်းသွားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ တပ်ဖွဲ့ဝင်များ လက်နက် ပြန်အပ်နှံရန် ဖိအားပေးသည့် အနေဖြင့် ကျန်ရစ်သော မိသားစုဝင်များကို DKBA က နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်ကြောင်း သတင်းရရှိသည်။

စစ်ရေးပြပွဲတခုတွင် တွေ့ရသည့် DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

လက်နက်များ ပြန်လည် မအပ်နှံပါက ထွက်ပြေး သွားသော တပ်ဖွဲ့ဝင် များ၏ မိသားစုများကို ပြင်းပြင်း ထန်ထန် အရေးယူ မည်ဟု DKBA က ခြိမ်းခြောက် နေကြောင်း ကရင် လူငယ် အစည်းအရုံး (KYO) မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ ဘက်ကို ထွက်ပြေး လာကြတဲ့ ဒုဗိုလ် မျိုးမျိုးနဲ့ သူ့တပ်ဖွဲ့ဝင် တွေရဲ့ မိသားစုတွေ နှိပ်စက်ခံ နေရတယ်။ ၂ နှစ် ၃ နှစ်အရွယ် ကလေး ငယ်က စပြီး ဇနီး မယားတွေ မိအို ဘအိုတွေ အားလုံးကို လက်ထိပ် ခတ်ပြီး စစ်ဆေး မေးမြန်း ရိုက်နှက် တာတွေ လုပ်နေတယ်။ လက်နက် တွေကို ပြန်မအပ်ရင် ဒီထက်ပိုပြီး ပြင်းပြင်း ထန်ထန် အရေး ယူတာကို ခံရမယ်လို့ ကြိမ်းမောင်း နေတယ်” ဟု KYO မှ ကိုစောမိုရှေးက ဧရာဝတီသို့ ပြောသည်။

ဘက်ပြောင်းလာသူ တပ်ကြပ်ကြီး အောင်သိန်းက “ကျနော်တို့ KNU ဘက်ကို ရောက်သွားတယ်လို့ သိတာနဲ့ တပြိုင် နက် ကျနော့်မိန်းမနဲ့ ကလေး ၂ ယောက်ကို အချုပ်ခန်းထဲတည့်ပြီး ခြိမ်းခြောက်တာတွေ နှိပ်စက်တာတွေ လုပ်နေ တယ်”ဟု ဆိုသည်။

တပ်ကြပ်ကြီး အောင်သိန်း၏ ကလေးများမှာ အသက် ၂ နှစ်နှင့် ၅ နှစ်အရွယ် ရှိကြသည်ဟု သိရသည်။ ဖမ်းဆီးနှိပ်စက် ခံနေရသူများမှာ အနည်းဆုံး ၁၅ ဦးနှင့် အထက်ရှိမည်ဟု ၎င်းက ပြောသည်။

၎င်းတို့၏ မိသားစုဝင်များမှ ကလေးများကိုပါ လက်ထိပ်ခတ်ကာ စစ်ဆေးမေးမြန်းနေသည်ဟု DKBA နှင့် နီးစပ်သူများ ကလည်း ပြောသည်။

ဘက်ပြောင်းလာကြသော DKBA တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စခန်းတခုတွင် တာဝန် ထမ်းဆောင်နေကြသော (၉၉၉) တပ်မှ ဖြစ်သည်။

ဒုဗိုလ် မျိုးမျိုး၊ တပ်ကြပ်ကြီး အောင်သိန်း၊ တပ်ကြပ် စောဝင်းနေ၊ တပ်သား မိုးခူး၊ တပ်သား စိုးလယ်ဖိုး၊ တပ်သား အောင်စိန် နှင့် တပ်သား စိုးထိုက် တို့သည် ဇူလိုင်လ ၁၂ ရက်နေ့က KNU/ KLA တပ်မဟာ (၇) သို့ လာရောက် လက်နက်ချ ပူးပေါင်းခဲ့ကြသည်။

၎င်းတို့ နှင့်အတူ AK 47 သေနတ် ၃ လက်၊ M.16 သေနတ် ၂ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ 9 mm ပစ္စတို ၁ လက်နှင့် ကျည်ဆန်များ ပါလာခဲ့သည်။ M-79 လောင်ချာ တလက်မှာမူ လမ်းခရီးတွင် ရေထဲသို့ ပြုတ်ကျ ကျန်ရစ်ခဲ့ သည်ဟု သိရသည်။
KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက “မလုပ်သင့်ဘူးလို့ ပြောချင်တယ်။ ပြီးတော့ သူတို့တွေက ကရင်အချင်းချင်း မတိုက်တာ့ပါဘူး၊ မသတ်ဖြတ်တော့ပါဘူးဆိုပြီး ငြိမ်းချမ်းရေးစကားတွေလည်း ပြောတယ်။ သူတို့ ဆီ မှာ မနေချင်တော့လို့  ဘက်ပြောင်းလာတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို နှိပ်စက် ညှဉ်းပန်းတာကတော့ အင်မတန် ဆိုးရွားတဲ့ လုပ်ရပ်လို့ ကျနော် ပြောချင်တယ်” ဟု ဆိုသည်။

ယခင်ကလည်း DKBA မှ ဘက်ပြောင်းသွားသူများတွင် လက်နက်ခဲယမ်းများ ပါလာပါက ကျန်ရစ်သည့် မိဘ၊ မိသားစု ဝင် များထံ၌ ကျပ်ငွေ သိန်း ၂၀၊ ၃၀ စသည့်ဖြင့် DKBA က အလျော်တောင်းခြင်းမျိုး ရှိခဲ့ကြောင်း၊ ဤသို့ ပြုလုပ်ခြင်း သည် နအဖ နည်းကို အတုခိုးခြင်းဖြစ်ကြောင်း၊ နအဖ စစ်တပ်မှ တပ်ပြေးများ ပြန်မိလျှင် ထောင်ချခြင်း၊ လက်နက် ပါသွားပါက လိုက်လံ သတ်ဖြတ်ခြင်းအထိ ရှိကြောင်း ဗိုလ်မှူး စောလှငွေက ဆက်လက်ပြောသည်။

DKBA တပ်ဖွဲ့ဝင်များအတွင်း နယ်ခြားစောင့်တပ်ကိစ္စ သဘောကွဲလွဲမှုများ၊ အထက်အရာရှိများက ပြေလည်နေကြ သော်လည်း လက်အောက်ငယ်သားများက ရိက္ခာပင် မလုံလောက်သဖြင့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် KNU ဘက်သို့  မကြာခဏ ထွက်ပြေးနေခြင်း ဖြစ်သည်ဟု သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ဧရာဝတီသတင်းထောက် ဘစောတင် ရေးသားသည်။

New Zero ပန်းချီပြခန်း၏ တတိယအကြိမ် ပန်းချီသင်တန်းဆင်းပွဲကျင်းပ

New Zero ပန်းချီပြခန်းမှ တတိယအကြိမ်မြောက် ပန်းချီ သင်တန်းဆင်းပွဲကို ယခုလ ၅ ရက်နေ့က ကျင်းပခဲ့ပြီး အပတ်စဉ် ၄ သင်တန်းကို အောက်တိုဘာလတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

new_zero

တတိယအကြိမ် New Zero သင်တန်းဆင်းပွဲတွင် သင်တန်းသား၊ သင်တန်းသူများနှင့် ၎င်းတို့၏ ပန်းချီကားများကို မြင်ရစဉ်

၂၀၀၈ ခုနှစ်မှစတင်၍ အဆိုပါ ပန်းချီပြခန်းမှ ပန်းချီဆရာများ ဦးစီးကာ ၁၅ နှစ်အထက် ပန်းချီဝါသနာရှင် များအတွက် အခမဲ့ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။

ယခုအပတ်စဉ် ၃ သင်တန်းဆင်းပွဲတွင် သင်တန်းသား ၂၉ ဦး၏ လက်ရာ ပန်းချီကား ၈၀ ကျော်ကို ဇူလိုင် ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခင်းကျင်းပြသ ရောင်းချထားသည်။

New Zero ပန်းချီသင်တန်း အပတ်စဉ် ၁ တွင် သင်တန်းသား ၁၈ဦး၊ ၂ တွင် ၂၂ ဦး သင်တန်း ဆင်းခဲ့ပြီး သင်တန်းသား အဟောင်းများအတွက် မွမ်းမံ သင်တန်းများလည်း ဖွင့်ထားကြောင်း၊ Installation၊ Performance အပါအဝင် ပြပွဲများအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးကြောင်းနှင့် သင်တန်းတွင် လိုအပ်သည့် ဆေးနှင့် ကင်းဗတ်စများ အခမဲ့ ပေးကြောင်း New Zero ၏ ပန်းချီဆရာတဦး ဖြစ်သူ ပန်းချီအေးကိုက ပြောသည်။

“ဒီမှာ အဓိကသင်တာက ရေဆေးရယ်၊ Acrylic ရယ်ပေါ့။ အပတ်စဉ် တခုမှာ သင်တန်းသား ၅၀ အထိ သတ်မှတ်ထားပါတယ်” ဟု သူက ဆိုသည်။

ဧရာဝတီသတင်းထောက် သျှင်ဒီစံ ရေးသားသည်။

ရန်ကုန်တွင် ရာဇဝတ်မှုများ တိုးပွား

ရန်ကုန်မြို့တွင် တပတ်လျှင် ရာဇ၀တ်မှုပေါင်း ၄၀၀ ကျော် ဖြစ်ပွားလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တရားဝင် ထုတ်ပြန်ချက် အရ သိရသည်။

ရာဇ၀တ်မှု များသည် အမှန် ဖြစ်ပွားသည့် နှုန်းအတိုင်း အထက်သို့ တိတိကျကျ စာရင်း မတက်ရောက်ခြင်းများလည်း ရှိနေသေးကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းများဌာနမှ အရာရှိတဦးက ပြောသည်။

“အထက်က စီမံချက်တွေချပြီး သေသေချာချာ စိစစ်ခိုင်းတာတွေ၊ အမှုဖြစ်ပွားမှုနှုန်းတွေကို မြို့နယ်အလိုက် တင်ပြခိုင်းတာတွေကို အခု ၃၊ ၄ လ အတွင်း လုပ်လာတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

သင်္ကြန်တွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ကွမ်းခြံကုန်းတွင် ဓားပြတိုက်၊ လူသတ်မှုများ ဖြစ်ပွားပြီးနောက် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ရန်ကုန်မြို့တွင်း ရာဇ၀တ်မှုများကို ယခုကဲ့သို့ စိစစ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တပတ်အတွင်း ကောက်ယူထားသော စာရင်းများကို ထုတ်ပြန်ချက်အရ မှောင်ရိပ်ခိုမှုနှင့် မူးယစ်ရမ်းကားမှု ၂၀၀ ကျော်၊ ခိုးမှု၊ မသင်္ကာမှု ၄၀ ကျော်၊ လက်နက်မှု ၂၀ ကျော်၊ ယစ်မျိုးနှင့် မူးယစ်ဆေးဝါးမှု ၁၀ မှု၊ ပြည့်တန်ဆာမှု ၅၀၊ လောင်းကစားမှု ၂၀ ကျော်တို့ ပါဝင်ကြောင်းသိရသည်။

“တလအတွင်း အမှုဘယ်လောက် ဖော်ထုတ်ရမယ်ဆိုတဲ့ စီမံချက်တွေကို မြို့နယ်တွေအလိုက် တင်ခိုင်းတာရှိတယ်။ ဒီလို လုပ်တာ ဘာပြဿနာတက်လဲဆိုတော့ အမှုပြည့်အောင်ဆိုပြီး အကုန်ဆွဲထည့်ကုန်တာရှိတယ်။ ဥပမာ မသင်္ကာမှုလိုမျိုးပေါ့။ အဲဒီလို အမှုတွေက များလာတယ်” ဟု ပန်းဆိုးတန်းမြို့နယ်ရှိ ဒုရဲအုပ်တဦးကပြောသည်။

“ကွမ်းခြံကုန်း ဓားပြတိုက်၊ လူသတ်မှု ဖြစ်ပြီးတဲ့နောက်မှာ ရာဇ၀တ်မှု အသေးတွေကစပြီး ဖော်ထုတ်ဖို့၊ သူတို့ ဖြစ်စေချင်တာက မြို့နယ်အလိုက် တက်လာတဲ့ အမှုစာရင်းတွေ စုစည်းတင်ပြပြီး အခု နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ကနေ ထိထိရောက်ရောက် ကိုင်တွယ်နေတယ်ဆိုတာကို ပြချင်တာလည်းပါတယ်” ဟု အဆိုပါ ဒုရဲအုပ်က ဆက်လက်ပြောသည်။

မြို့နယ်အတွင်းရှိ လောင်းကစားနှင့် ပြည့်တန်ဆာလုပ်ငန်းများက ရဲဌာနအသီးသီးကို လိုင်းကြေးပေး၍ လုပ်ကိုင်နေသော်လည်း အထက်မှ စီမံချက်ချမှတ်သည့် အခါမျိုးတွင်မူ ဖမ်းဆီးမှုများ ပြုလုပ်ရကြောင်းလည်း ၎င်းက ရှင်းပြသည်။

“တချို့ အမှုတွေက ရဲစခန်းမှာတင် ပျောက်သွားတာရှိတယ်။ သက်ဆိုင်ရာရဲအရာရှိနဲ့ ပေါင်းပြီး တရားခံနဲ့ တရားလို ကျေအေးလိုက်တဲ့ အမှုမျိုးတွေရှိတယ်။ အဓိကကတော့ မြန်မာပြည်မှာ အထက်ကို အဆင့်ဆင့်တက်လေ အချိန်ကုန်၊ ငွေကုန်လေဆိုတော့ ဒီနည်းနဲ့ ဖြေရှင်းကြတာများတယ်။ ဒီတော့ မှုခင်းစာရင်းထဲ မသွင်းဘဲ အောက်ခြေမှာတင် ပျောက်နေတဲ့ အမှုသေးတွေ ထောင်နဲ့ ချီရှိနေတယ်” ဟု ဥပဒေအရာရှိတဦးက ပြောသည်။

ယခုကဲ့သို့ မှုခင်းများဖြစ်ပွားနှုန်း မြင့်တက်လာခြင်းကို တရားဝင် သတင်းထုတ်ပြန်ခြင်းသည် ရဲဌာနချုပ်အနေနှင့် မှုခင်းဖော်ထုတ်မှုများ တိုးတက်လုပ်ဆောင်နေကြောင်း ပြသမှု ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ် ၉ ရပ်ဖြင့် မှုခင်းလျော့နည်းစေရန် လုပ်ဆောင်နေကြောင်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ဇွန်လ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

အပစ်ရပ် SSA ‘တပ်အမည်’နှင့် ‘လုပ်ဆောင်ချက်’ မကိုက်ညီဟု မိုင်းလားခေါင်းဆောင်ဝေဖန်

နအဖ စစ်အုပ်စု၏ အသွင်ပြောင်းရေးအစီအစဉ် လက်ခံခဲ့သည့် အပစ်ရပ် သျှမ်းပြည်တပ်မတော်အား ‘သျှမ်းပြည် တပ်မတော်’ဆိုသည့်နာမည်နှင့်မလိုက်ဖက်ဟု မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် စ၀်စိုင်းလင်းကဝေဖန်ကြောင်း စုံစမ်း သိရှိရပါသည်။

မိုင်းလားခေါင်းဆောင် စ၀်စိုင်းလင်း

“သျှမ်းပြည်တပ်မတော်ဆိုတဲ့ နာမည်က (သျှမ်းပြည်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးကို အ ကာအကွယ်ပေးဖို့) တပြည်လုံးကို ကိုယ်စားပြုထားတာ။ တခြားတပ်ဖွဲ့တွေနဲ့မတူဘူး၊ ဥပမာ ၀ တို့ မိုင်းလား တပ်ဖွဲ့တို့ဆိုတာက ကိုယ်နဲ့ဆိုင်တဲ့နယ်မြေကိုယ်ဘဲကိုယ်စားပြုတာ။ အခုပြည်သူ့စစ်အသွင်ပြောင်းဖို့လက်ခံတဲ့ ကိစ္စ သျှမ်းပြည်တခုလုံးအတွက်မကြည့်ဘဲ ကိုယ်နဲ့ဆိုင်တဲ့ဆိုင်ကျောဝ့် (စိန်ဂျော့) ဒေသအတွက်ဘဲလုပ်သွားပုံပေါ် တယ် ”
- ဟု စ၀်စိုင်းလင်းကပြောကြောင်း သတင်းပို့သူကဆိုသည်။

နအဖ စစ်အုပ်စုဖိအားပေးမှုကြောင့် ပြည်သူ့စစ်အသွင်ရေးလက်ခံထားသော ဦးလွယ်မောဝ်းခေါင်းဆောင် မြောက်ပိုင်း အပစ်ရပ် SSA - ဌာနချုပ်တပ်ဖွဲ့၊ တပ်မဟာ ၃ ၊ တပ်မဟာ ၇ တို့အား မိုင်းလားခေါင်းဆောင် စ၀်စိုင်းလင်းက အားမလို အားမရဖြင့် ဝေဖန်လိုက်ခြင်းဖြစ်ပြီး အသွင်ပြောင်းရေး လုံးဝငြင်းဆန်သည့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် တပ်မဟာ ၁ တပ်ဖွဲ့ကိုမူ ထောက်ခံအားပေးကြောင်း ပြောပါသည်။

ပြည်သူ့စစ်အသွင်ရေးလက်ခံထားသည့် အပစ်ရပ် SSA တပ်မှူးတဦးက - “အပစ်ရပ် သျှမ်းပြည်တပ်မတော်နဲ့ မိုင်းလားတပ်ဖွဲ့တို့၊ ၀ တပ်ဖွဲ့ တို့ နဲ့ အခြေအနေမတူဘူး၊ သူတို့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရင် တပ် ရင်းတခု ဗမာအရာရှိ အယောက် ၃၀ ပါဝင်မယ်၊ ကျနော်တို့ ပြည်သူ့စစ်တပ်ဖွဲ့ကျတော့ နာမည်အားဖြင့်သာ ပြည်သူ့စစ်ဖြစ်တာ၊ တပ်ဖွဲ့အနေအထားကတော့ နဂိုအတိုင်းဘဲ ဆက်ဖြစ်နေမယ်၊ ဗမာတပ်အရာရှိလဲ ပါဝင်မှာ မဟုတ်ဘူး။ နောက်တခုက ဒေသခံလူထု ဒုက္ခမရောက်အောင်၊ စစ်ဘေးစစ်ဒဏ်ကနေကင်းဝေးအောင်သာ လက်ခံလိုက်ရခြင်းဖြစ်တယ်”- ဟု ပြော၏။

အများလေးစားသည့် သျှမ်းလူကြီးတဦးကလည်း“သျှမ်းပြည်တပ်မတော်သည် အစဉ်အလာရှိသည့်တပ်မတော်၊ ဦးလွယ် မောဝ်းခေတ်ကျမှ စိန်ဂျော့ဌာနေပြည်သူ့စစ်ဖြစ်သွားခြင်းသည် လက်ရှိတာဝန်ထမ်းဆောင်နေသူများအဖို့ သမိုင်းတာဝန် မကျေပွန်ရာရောက်ကြောင်း၊ သျှမ်းပြည်တပ်မတော် ဆက်လက်တည်ရှိရေးသည် ဗိုလ်ချုပ်ပန်ဖှ ပေါ်မူတည်လာကြောင်း” ပြော၏။

သျှမ်းပြည်တပ်မတော် SSA သည် ညောင်ရွှေစော်ဘွား မဟာဒေ၀ီ စ၀်နန်းဟိန်းခမ်းက တန်းတူအခွင့်အရေး အတွက် တိုက်ပွဲဝင်ရန် ၁၉၆၄ တွင် တည်ထောင်ခဲ့သည့် သမိုင်းဝင်တပ်မတော် ဖြစ်သည်။

ခိုးမှုကျူးလွန်သည့် တပ်ကြပ်ကြီးအား ရဲက ဖမ်းပြီးပြန်လွတ်

ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့မရပ်ကွက်တွင် ဇူလိုင်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်က မြန်မာစစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦးဆိုင်ကယ်ခိုးယူနေစဉ် ဖမ်းမိပြီး ရဲစခန်းအပ်နှံခဲ့သော်လည်း ရဲက အရေးယူခြင်းမရှိပဲ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူသည် ဗန်းမော်အခြေဆိုက် ခလရ ၂၃၆ မှ တပ်ကြပ်ကြီး ထွန်းထွန်းဝင်း ဆိုသူဖြစ်ပြီး ၎င်းည က မြို့မရပ်ကွက်အတွင်းရှိ ဆန်းဒေးလက်ဖက်ရည်ဆိုင် အတွင်းထားရှိသည့် ဆိုင်ကယ်တစ်စီးအား ခိုးယူ၍ လမ်း၌ တွန်းသွားနေစဉ် ဖမ်းမိကာ ရဲလက်အပ်လိုက်ခြင်းဖြစ်သည်။

ရဲစခန်းတွင် ဆိုင်ကယ်ခိုးသူမှာ ခလရ ၂၃၆ မှ တပ်ကြပ်ကြီး တစ်ဦးဖြစ်ကြောင်း သိရပြီးနောက် ဆိုင်ကယ်ပိုင် ရှင် ဦးအောင် ကိုကိုက အမှုကျေအေးလိုက်ကာ ဆိုင်ကယ်ခိုးသူအား ခလရ ၂၃၆ မှ တပ်ရေး ဗိုလ်ကြီးဆန်း ထွန်းအောင်က ရဲစခန်းမှ ပြန်လည်ခေါ်ထုတ်သွားကြောင်း သိရသည်။

“ဆိုင်ကယ်ကို လက်ဖက်ရည်ဆိုင် ထဲထည့်ထားတာ ပိုင်ရှင်က ဦးအောင်ကိုကို ခိုးပြီးတွန်းခဲ့တဲ့အချိန် လမ်း မှာ ဖမ်းမိတော့ ရဲစခန်းခေါ်သွားတာ ပိုင်ရှင်က ပစ္စည်းလည်းပြန်ရပြီဆိုတော့ ဘာမှအရေးမယူတော့ဘူး ဆိုပြီး ကျေအေးလိုက်တာပေါ့ စစ်တပ်က တပ်ရေးဗိုလ်ကြီးဆန်းထွန်းအောင်က လာပြီးခေါ်ထုတ်သွားတယ်” ဟု ဆိုင်ကယ်ပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် တည်ဆဲဥပဒေအရ ရာဇ၀တ်မှုကျူးလွန်သည့် စစ်တပ်အဖွဲ့အစည်းအပေါ် အရေးယူရန် ခက်ခဲပြီး လက် ရှိတွင် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများအပေါ် ဥပဒေနှင့်မညီပဲ မတရား ပြစ်ဒဏ်များ ချမှတ်ထားသည်ဟု ဥပဒေအသိုင်းအ၀ိုင်း ကထောက်ပြသည်။

“လက်ရှိ နအဖတရားရုံးတွေမှာ သာမန်အရပ်သားတွေ နိုင်ငံရေးသမားတွေဆိုရင် ကျေအေးချင်တိုင်း ကျေအေးလို့မရဘူး အရပ်သားက ငွေပေးမှ ကျေအေး လို့ရတာ လင်မယား နှစ်ဦး စလုံးက တရားရုံးမှာ ကွာရှင်းဖို့ သဘောတူတာတောင်မှ ငွေ မပေး ရင်ကွဲခွင့်မရှိဘူး ” ဟု မူစယ် တရားရုံးရှေ့နေနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ခိုးမှုကျူးလွန်သူသည် ပြစ်မှုဆိုင်ရာဥပဒေအရ ထောင်ဒဏ် ၆ လ မှ ၃ နှစ်အထိ ချမှတ်နိုင် ကြောင်း သိရသည်။

ဒေါ်စုနှင့် ရှေ့နေများတွေ့ဆုံမှု ကန့်သတ်ချက်တိုး

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေအိမ်အချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီဝင် ရှေ့နေများ တွေ့ဆုံခွင့်ရရေး ကြန့်ကြာသွားမှာဖြစ်သော ကန့်သတ်မှုတခုကို စစ်အစိုးရက ထပ်မံ တိုးမြှင့်လိုက်ရာတွင် ရဲ၏ ခွင့်ပြုချက်သာမက ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီချက်လည်း လိုသည်ဟု ပြဌာန်းလိုက်ခြင်း ဖြစ်သည်။

ယခင်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ ဗဟန်းမြို့နယ် တာဝန်ခံ အက်စ်ဘီ ခေါ် သတင်းရဲတပ်ဖွဲ့ထံ တွေ့ဆုံခွင့် လျှောက်လွာတင်၍ ခွင့်ပြုချက်တောင်းခံရန်သာ လိုအပ်သော်လည်း ဇူလိုင် ၁ဝ ရက်နေ့မှစပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံရန် သဘောတူကြောင်း ရေးသားထားသောစာကို တင်ပြရန် လိုသည်ဟု ရဲက ညွှန်ကြားလိုက်သည်။

ညွန်ကြားချက် အသစ်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် တွေ့ဆုံခွင့်ရရန် ယခင်က ၂-၃ ရက်ကြာ စောင့်ဆိုင်းရခြင်းမှ ရက်သတ္တပတ် တပတ်ခန့် ဖြစ်သွားနိုင်သည်ဟု ပါတီ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သော ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွင် လက်ရှိ အမှုကိစ္စ သုံးခုရှိနေရာ သူမကို အပြစ်ဒဏ်ချထားခြင်း အပေါ် ပြန်သုံးသပ်ရန် တရားရုံးသို့ အထူးအယူခံတင်ခြင်းနှင့် စစ်အစိုးရကို တရားစွဲဆိုခြင်း နှစ်ခုတို့ ဖြစ်သည်။

“ဒေါ်စု သဘောတူ လက်မှတ်ထိုးမဲ့စာကို ကျနော် ရိုက်ပါတယ်။ ဒီလို တွေ့ဆုံမှု တောင်းထားတာကို သဘောတူပါတယ်လို့ပဲ ရေးတာ။ အဲဒါကို ရဲတပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ပို့ပြီးတော့ ဒေါ်စု သဘောတူပါတယ်ဆိုတဲ့ လက်မှတ်ထိုးပေးလိုက်တဲ့စာကို ကျနော်က လက်မှတ်ထိုးပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ တွေ့ဆုံရာတွင် အမှုကိစ္စမှအပ အခြား အကြောင်းအရာများကို ပြောဆိုခြင်း မပြုရန် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က သတင်းရဲတပ်ဖွဲ့က နှုတ်ဖြင့် ညွန်ကြားထားသည်ဟု ရှေ့နေများက ပြောသည်။

ရဲ၏ ကန့်သတ်မှုကို မကျေနပ်၍ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ရန် ပြင်ဆင်လျှက်ရှိသည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့ ယမန်နေ့က ၂ နာရီခန့် တွေ့ဆုံစဉ် သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အတွက် အထူးအယူခံ လျှောက်လဲရန် ဆွေးနွေးခဲ့သည်။

အင်လျားကန်အတွင်း ရေကူး၍ နေအိမ်သို့ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ဧည့်ခံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၁၈ လကို နေအိမ်တွင် နေရမှာဖြစ်ပြီး ကျန် ၁၈ လကို ဆိုင်းငံ့အဖြစ် ချမှတ်ထားသည်။

ရန်ကုန်ရှိ တရားသူကြီး ၃ ဦးထိုင် ဗဟိုတရားရုံးချုပ်တွင် အထူးအယူခံခွင့်ရရန် ဒေါ်အောင်ဆန်းစုကြည်ဘက်က လျှောက်လဲထားပြီး ခွင့်ပြုချက်ရလျှင် နေပြည်တော်ရှိ တရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားရမှာ ဖြစ်သည်။

တိုင်းပြည်နှင့် လူမျိုးအတွက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် မဆောင်ရွက်သဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော စစ်အစိုးရတဖွဲ့လုံးကို ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီက တရားစွဲဆိုနိုင်ရေး ပြင်ဆင်လျှက်ရှိသည်။

နိုင်ငံဝန်ထမ်းသည် ဥပဒေ ပြဌာန်းချက်အရ လုပ်ရမည့်တာဝန်များကို မလုပ်ဆောင်၍ တရားရုံးတော်က ဆောင်ရွက်ရန် အမိန့်ချမှတ်နိုင်ရေး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ နစ်နာသူ ဘက်က လျှောက်ထားသော သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၅ နှင့် ၅၄ တို့အရ တရားစွဲဆိုရန် ကြိုးစားခြင်းဖြစ်သည်ဟု သိရသည်။

ဧပြီလက တရားစွဲခဲ့သော်လည်း တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သဖြင့် နောက်တကြိမ် တရားထပ်စွဲရန် ပြင်ဆင်ခြင်း ဖြစ်သည်။

စစ်အစိုးရကို တရားစွဲဆိုမှု နောက်တခုမှာ အန်အယ်ဒီပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များသည် တရားဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်ရှိကြောင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများက အလိုအလျောက်ပျက်ပြယ်အောင် ပြုလိုက်ခြင်းအတွက် မကျေနပ်သော အန်အယ်ဒီအမတ် ၂၆ ဦးက ပုဒ်မ ၄၂ နှင့်စွဲဆိုခြင်း ဖြစ်သည်။

မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

ရွှေဈေး ပြန်လည်ကျဆင်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ သမိုင်းတလျှောက် စံချိန်တင် မြင့်တက်ခဲ့သော မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းခြင်းနှင့် နယ်ရွှေများ ရန်ကုန်ဈေးကွက်အတွင်း ဝင်ရောက်မှုကြောင့် လွန်ခဲ့သည့် ၁ဝ ရက်အတွင်း ကျပ် ၁ သောင်း ၄ ထောင်ခန့် ကျဆင်းခဲ့သည်။

ယခုလ ပထမပတ်အတွင်းက စံချိန်တင်အဖြစ် ရွှေ ၁ ကျပ်သားလျှင် အမြင့်ဆုံးဈေးနှုန်း ၆ သိန်း ၆ သောင်း ၂ ထောင်သို့ ရောက်ရှိခဲ့ပြီးနောက် ၁ဝ ရက်အတွင်း ၆ သိန်း ၄ သောင်း ၈ ထောင်ဈေးနှုန်းသို့ ကျဆင်းသွားခြင်း ဖြစ်သည်။

“ကမ္ဘာ့ရွှေဈေး ပြန်ကျလာတယ်၊ နောက်ပြီး နယ်ရွှေတွေ ပြန်ဝင်လာတယ်။ မော်လမြိုင်နဲ့ မန္တလေးက ရွှေတွေပါ။ မော်လမြိုင်က ဝင်တာ ပိုများတယ်။ ဒါကြောင့် ဈေးကျတာပါ” ဟု မြန်မာနိုင်ငံ၏ ရွှေဈေးကွက် တည်ရှိရာ ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းမှ ရွှေကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စလျှင် ကန်ဒေါ်လာ ၁၂၁၃ ပေါက်ဈေးရှိသည်။

မော်လမြိုင်မြို့တွင် ရွှေတကျပ်သားလျှင် ၆ သိန်း ၄ သောင်း ၅ ထောင်ကျပ် ပေါက်ဈေးရှိပြီး မန္တလေးမြို့တွင် ၆ သိန်း ၄ သောင်း ၇ ထောင်ကျပ် ပေါက်ဈေး ရှိသည်။

နယ်မြို့များ၏ ရွှေဈေးနှုန်းသည် ရန်ကုန်ဈေးးထက် မြင့်မားလေ့ရှိခဲ့ရာမှ ယခုအခါ နယ်ဈေးနှုန်းသည် ရန်ကုန်ဈေးးထက် နိမ့်ကျနေသဖြင့် မော်လမြိုင်နှင့် မန္တလေးမြို့မှ ရွှေများက ရန်ကုန်ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။

ရန်ကုန်ဈေးနှုန်းနှင့် နယ်ဈေးနှုန်း ကွာခြားရသည့် အကြောင်းရင်းနှင့် ရွှေဈေးနှုန်း ဆက်လက် ကျဆင်းနိုင်ဖွယ် ရှိမရှိ မခန့်မှန်းနိုင်ကြောင်း ၂၉ လမ်းမှ ရွှေကုန်သည်က ပြောသည်။်

ဝင်ရောက်လာသည့် နယ်ရွှေများကို ရန်ကုန်ရှိ ရွှေကုန်သည်များက ပြန်လည် ဝယ်ယူနေသည့်အတွက် ယခုအပတ်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း ရွှေဘုံသာလမ်းမှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

“ဒီရက်ပိုင်းတော့ အလုပ်ဖြစ်တယ်။ အဝယ်ရော၊ အရောင်းရောပေါ့။ ၁ဝ သား အတုံးလိုက်တွေ အရောင်းအဝယ်ဖြစ်တာ များတယ်။ အဓိကက ရန်ကုန်ဈေးကွက်ကလူတွေပါ။ နယ်ဝယ်လက်တော့ နည်းပါတယ်” ဟု သူက ပြောသည်။

ရန်ကုန်ဈေးကွက်တွင် ရွှေအရောင်းသွက်နေသော်လည်း မော်လမြိုင်နှင့် မန္တလေးမြို့များတွင် အရောင်းထိုင်းနေကြောင်း အဆိုပါမြို့များရှိ ရွှေဆိုင်များက ပြောသည်။

“မိုးရာသီလည်း ဖြစ်တာရယ်၊ နောက် ရွှေဈေးကလည်း မြောက်နေတော့ ရောင်းမကောင်းဘူး” ဟု မော်လမြိုင်မြို့ မြိုင်ရတနာ လေးထပ်ဈေးမှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ရွှေဈေးကျချိန်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လေ့ရှိသည့်အတိုင်း ငွေလဲနှုန်းသည် ယခင်လက ၉၈၂ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် ၉၉၁ ကျပ်သို့ အနည်းငယ် မြင့်တက်လာခဲ့သည်။

ယနေ့ လဲလှယ်နှုန်းမှာ ကန်တဒေါ်လာလျှင် ရောင်းချဈေးနှုန်း ၉၉၁ ကျပ်ဖြစ်ပြီး ဝယ်ယူဈေးနှုန်းမှာ ၉၈၅ ကျပ် ဖြစ်သည်။

FEC ဈေးနှုန်းမှာ ယခင်လက ၉၅ဝ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၉၃၅ ကျပ်သို့ ကျဆင်းခဲ့သည်။ ယနေ့ FEC လဲလှယ်နှုန်းမှာ ရောင်းချဈေးနှုန်း ၉၃၅ ကျပ်နှင့် ဝယ်ယူဈေးနှုန်း ၉၃ဝ ကျပ် ဖြစ်သည်။

မြန်မာနိုင်ငံ ရွှေဈေးကွက်သည် ရန်ကုန်မြို့ ၂၉ လမ်းတွင်အဓိက တည်ရှိပြီး တနေ့တာ ရောင်းဝယ် ဖောက်ကားကြမည့် အခေါက်ရွှေဈေးနှုန်းကို ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ သတ်မှတ်ပေးခြင်း ဖြစ်သည်။

ရွှေလုပ်ငန်းရှင်များ အသင်းကို ၂ဝဝ၂ ခုနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ရွှေဆိုင်ပိုင်ရှင်များသည် အသင်းရုံးသို့ သွားရန် မလိုသော်လည်း အသင်းက သတ်မှတ်ပေးသည့် ဈေးနှုန်းအတိုင်းသာ ရောင်းချရသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

သင်္ဘောမီးလောင် ဒဏ်ရာရသူကို စင်္ကာပူဆေးရုံပြောင်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ တောင်တရုတ်ပင်လယ်အတွင်း သင်္ဘောမီးလောင်၍ ဒဏ်ရရသဖြင့် မလေးရှား ဆေးရုံတွင် ကုသမှုခံယူနေရသော မြန်မာနိုင်ငံသား သင်္ဘောသားတဦးမှာ စင်္ကာပူဆေးရုံသို့ ယမန်နေ့က အရေးပေါ် ပြောင်းရွှေ့ကုသမှု ခံယူရသည်။

ဗီယက်နမ်နိုင်ငံမှ မလေးရှားနိုင်ငံ ပါဟမ်း Pahang ပြည်နယ်ရှိ ကွန်တန် Kuantan ဆိပ်ကမ်းသို့ ခုတ်မောင်းလာသည့် ပနားမားမှတ်ပုံတင် တန်ချိန် ၈ ထောင်ရှိ Eastern Honesty သင်္ဘောတွင် မီးလောင်မှု ဖြစ်ပွားသဖြင့် ကိုထွန်းထွန်းဝင်း (အသက် ၃၉ နှစ်) နှင့် ကိုဝဏ္ဏထွန်း ( အသက် ၃ဝ နှစ် )တို့ ဒဏ်ရာပြင်းထန်စွာရပြီး ကိုဝေဖြိုးစံ (အသက် ၂၂ နှစ် )မှာ ပျောက်ဆုံးလျှက်ရှိသည်။

မလေးရှားရှိ Tengku Ampuan Afzan ဆေးရုံတွင် တရက်ခန့်အကြာ ဆေးကုသခံယူနေစဉ် ကိုထွန်းထွန်းဝင်းမှာ အခြေအနေ ဆိုးရွားလာသဖြင့် စင်္ကာပူ ပြည်သူ့ဆေးရုံကြီးသို့ အင်္ဂါနေ့ညနေက ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

“မလေးဆေးရုံက မီးဒဏ်နဲ့ ပတ်သက်ရင် လိုအပ်နေတယ်။ အခြေအနေက ဆိုးရွားနေလို့ပါ။ နောက်တယောက်ကိုလည်း အခြေအနေ စောင့်ကြည့်နေတယ်။ ဆိုးလာရင်တော့ သူလည်း ဒီဘက်ကို ပြောင်းဖို့ အစီအစဉ်ရှိတယ်” ဟု မီးလောင်ခံခဲ့ရသည့် သင်္ဘောကို ပိုင်ဆိုင်သည့် စင်္ကာပူနိုင်ငံရှိ Unix Line Pte Ltd မှ ညွှန်ကြားရေးမှူး ကပ္ပတိန် Amit Jain က မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရသူ ၂ ဦးမှာ လက်၊ ခြေထောက်နှင့် ကိုယ်လုံး တဝက်ခန့် မီးဒဏ်ရာရခဲ့ကြောင်း ကွန်တန်မြို့ရှိ Tengku Ampuan Afzan ဆေးရုံတာဝန်ကျ သူနာပြု ဆရာမ Aadah Yaakob က မဇ္ဈိမကို ပြောသည်။

ပျောက်ဆုံးနေသူအတွက်လည်း မလေးရှားရေတပ်က လိုက်လံရှာဖွေဆဲ ဖြစ်သည်။

“ဒီနေ့ထိ ရှာဖွေပေမယ့် မတွေ့သေးဘူး။ ဒီနေ့ကို ရှာဖွေရေး ရပ်နားနိုင်တယ်။ ရပ်နားရင်လည်း ပျောက်နေတဲ့ သင်္ဘောသားအတွက် ဘာတွေလုပ်ပေးမလဲဆိုတာ မလေးရှားအရာရှိတွေနဲ့ ဆွေးနွေးမယ်။ သူ့အတွက် လိုအပ်တာကို စီစဉ်ပေးမယ်။ ကျနော်တို့က လိုအပ်တာကို အကုန်တာဝန်ယူမယ်။ ပျောက်ဆုံးသူရဲ့ မိသားစုကို ဖြေသိမ့်တဲ့အနေနဲ့ ငွေကြေးထောက်ပံရေး လုပ်မယ်” ဟု ကပ္ဗတိန် Amit Jain က မဇ္ဈိမကို ပြောသည်။

Eastern Honesty သင်္ဘောတွင် မြန်မာသင်္ဘောသား ၂၂ ဦးလုပ်ကိုင်လျှက်ရှိပြီး မလေးရှား၊ စင်္ကာပူ၊ အင်းဒိုနီးရှား၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ စသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ပြေးဆွဲနေသည့် သင်္ဘောဖြစ်သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)

လေဘေးဒုက္ခသည်စခန်း တယက တားမြစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၌ လေဆင်နှာမောင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သော လေဘေး ဒုက္ခသည်များက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးရန် အာဏာပိုင်များကို တင်ပြသော်လည်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) လက်မခံဘဲ ပယ်ချလိုက်သည်။

ဇူလိုင်လ ၈ ရက်နေ့ ညနေ ၆ နာရီခွဲတွင် တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် သမင်ခြံ အပါအဝင် သရက်တော၊ တာတိုက်၊ ထန်းတပင်ရွာတို့တွင် အိမ်ခြေ ၆ဝ ကျော် ပျက်စီးခဲ့ရကာ လူ ၂၃ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လေဘေးသင့်သူအချို့မှာ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများ နေအိမ်တွင် နေကြရကာ မြို့နယ်အာဏာပိုင်များကလည်း ကယ်ဆယ်ရေးစခန်း ဖွင့်သင့်သည်ဟု ယူဆကြသည်။

‘’ကျနော်တို့က ကယ်ဆယ်ရေး လုပ်ချင်တာပေါ့။ အခုက ကယ်ဆယ်ရေး မလုပ်နဲ့ဆိုတော့ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေကို လာလှူကြပါလို့ ဘယ်လိုပြောရမလ ။ အမှန်ကိုပြောရရင်တော့ ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ပြင်မှာနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ သူတွေအတွက် ကယ်ဆယ်ရေးစခန်း ဖွင့်ပြီး အလှူခံသင့်တယ်’’ ဟု ကော့မှူးမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က မိသားတစုလျှင် စောင်၊ သောက်ရေသန့်၊ ဆေးနှင့် အသုံးအဆောင် ပစ္စည်းအချို့ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ရပ်ရွာရှိ ရပ်မိရပ်ဖများမှတဆင့် ဘုန်းတော်ကြီးကျောင်းသို့ ဆင့်ခေါ်ကာ ဝေမျှမှုသာ လေဘေးဒုက္ခသည်များ ရရှိသော အကူညီ ဖြစ်သည်။

လေဆင်နှာမောင်းကြောင့် နေအိမ်ပြိုကျသွားခဲ့သော အိမ်ပိုင်ရှင်တဦးက ’’ကိုယ့်အားကိုယ်ကိုးပြီးတော့ပဲ ပြင်ရမှာပဲ’’ ဟု ပြောသည်။

ကော့မှူးမြို့နယ် သမင်ခြံကျေးရွာမှာ အပျက်စီးဆုံးဖြစ်ကာ နေအိမ် ၄ဝ ကျော် ပျက်စီးခဲ့ရာ ယင်းတို့အနက် လုံးဝပြိုကျသွားသော အိမ်များ၊ ယိုင်နဲ့သွားသော အိမ်များ၊ အမိုးလန်သွားသော အိမ်များ ဖြစ်သွားသည်။

ကြွက်များက စိုက်ခင်းများကို ဖျက်ဆီး

နယူးဒေလီ (မဇ္ဈိမ) ။ ။ စိုက်ခင်းများကို ကြွက်များ ဖျက်ဆီး စားသောက်ခြင်းကြောင့် ယခုလဆန်းပိုင်းတွင် ဧရာဝတီတိုင်း မြန်အောင်နှင့် ကြံခင်းမြို့နယ်များတွင် စိုက်ခင်းဧက ၄၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုလဆန်းက ရခိုင်ရိုးမဘက်မှ ဆင်းလာသည့် ကြွက်အုပ်များ သောင်းကျန်းမှုကြောင့် ငှက်ပျောခင်းများ၊ စပါးပျိုးခင်းများ၊ မြေပဲခင်းများနှင့် ပြောင်းဖူးစိုက်ခင်းများ ပျက်စီးသွားခြင်း ဖြစ်သည်။

“တောင်ပေါ်က ဆင်းလာတဲ့ ကြွက်အုပ်တွေ ကိုက်သွားတာ။ ကြွက်နှိမ်နှင်းရေးအဖွဲ့တွေ ဖွဲ့ပြီး လုပ်လိုက်တာ တပတ်အတွင်းမှာ ပျောက်သွားပါပြီ” ဟု ကြံခင်းမြို့နယ် စိုက်ပျိုးရေးရုံးမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ကြံခင်းမြို့နယ်တွင် စိုက်ပျိုးဧက ၄ သိန်း ၆ သောင်းကျော် ရှိသည့်အနက် တောအုပ်နှင့် နီးကပ်သည့် စိုက်ပျိုးဧက ၄၀ ခန့် ပျက်စီးခဲ့သော်လည်း ယခုအခါ အစားထိုးသီးနှံများ ပြန်လည် စိုက်ပျိုးလျက် ရှိသည်။

ကြွက်နှိမ်နှင်းရေးနှင့် ပတ်သက်၍ ကြံခင်းမြို့နယ်ရုံးကို မယက ရုံးကို ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ကျ ရုံးဝန်ထမ်းက ယခုလဆန်းပိုင်းတွင် ကြွက်များ သောင်းကျန်းခဲ့သည်ဟု ဆိုသော်လည်း အသေးစိတ်ကို ပြောဆိုရန် ငြင်းဆိုသည်။

ကြံခင်းဒေသခံ အမျိုးသမီးတဦးက “မြို့ပေါ်မှာတော့ မရှိပါဘူး။ တောဘက်တွေမှာပဲ ဖြစ်တာပါ” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဧရာဝတီတိုင်း ပြင်စလူမြို့နယ်တွင်လည်း ကြွက်များက လယ်ဧက ၁၀၀၀ ခန့်ကို ကိုက်ဖြတ်စားသောက်မှု ဖြစ်ပေါ်ခဲ့သေးသည်။

ပဲခူးတိုင်း အရှေ့ခြမ်းရှိ မြို့နယ်အချို့တွင်လည်း ပြီးခဲ့သည့်လ နှောင်းပိုင်းတွင် ကြွက်ဝမ်းဖြူများ အုပ်စုလိုက် သောင်းကျန်းသဖြင့် စိုက်ခင်းများ ပျက်စီးရာ ဒေသခံများက တုတ်၊ လေးခွများ အသုံးပြု၍ သတ်ဖြတ် နှိမ်နှင်းခဲ့ကြောင်း ယခုလ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

မဇ္ဈိမသတင်းထောက် ခိုင်စု ရေးသားသည်။